ကျဆုံးနေတဲ့ နိုင်ငံကိုသုံးသပ်ခြင်း

မြတ်လှိုင်း
ကျွန်တော် နိုင်ငံစစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုအသွင်သဏ္ဌာန်ကူးပြောင်းနိုင်ဖို့ ကြိုးစားလာခဲ့တာ နှစ်နှစ်ကျော်ခဲ့ပါပြီ။ နှစ်နှစ်ကျော်ဆိုတဲ့ အချိန်ကာလဟာ မများဘူးဆိုရင်တောင်မှ မနည်းတဲ့အချိန်ကာလတစ်ခုပါ။ ဒီမိုကရေစီ အသွင်သဏ္ဌာန်ကူးပြောင်းနိုင်ဖို့ ပြောင်းလဲရမည်ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဦးဆောင်နိုင်ဖို့အတွက်လည်း ပြည်သူလူထုကဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီကို မဲပေးရွေး ချယ်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာကတည်းက ပြည်သူတွေရဲ့စိတ်မှာ မရှင်းလင်းခဲ့တာတွေကို မျက်စိမှိတ်ပြီးမဲ ပေးရွေးချယ်ခဲ့ရ တာပါ။ ပြည်သူတွေအနေနဲ့ အသည်းကြားက မဲတစ်ပြားကို သူတို့စိတ်တိုင်းကျရွေးချယ်နိုင်ဖို့ကိုလည်း အချိန်အကြာကြီး စောင့်ခဲ့ရတာပါ။ ဒီစောင့်ခဲ့ရတဲ့ကာလတွေမှာ အေးအေးဆေးဆေးသက် သောင့်သက်သာနေထိုင်ပြီး စောင့်နေခဲ့ရတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်အောက်မှာ အဖိအနှိပ်ခံပြီး နင်းပြားဘဝတွေကို ကြံ့ကြံ့ခံပြီး စောင့်ဆိုင်းခဲ့ရတာပါ။ ဒီလို စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေက လွတ်မြောက်နိုင်ဖို့ ၁၉၉ဝ ခုနှစ်မှာတစ်ကြိမ် မဲပေးရွေးချယ်ခွင့်ကိုရခဲ့ပါတယ်။ ဒီ ၉ဝခုနှစ်က မဲပေးရွေးချယ်မှုမှာလည်း ပြည်သူတွေစစ်အာဏာရှင်တွေရဲ့ လိမ်လည်ခြင်းကိုခံလိုက်ရတာအားလုံးအသိပါပဲ။ ဒီလိမ်လည်ခံခဲ့ ရတဲ့အကြောင်းကို ခဏခဏပြန်ပြောခဲ့ရ တော့အခုဆိုမပြောချင်တော့ပါဘူး။ ဒီလိမ်လည်မှုနောက်မှာ ပြည်သူတွေအတွက် ပိုပြီး ဖိနှိပ်ခံခဲ့ရပြီး သည်းခံစောင့်နေခဲ့ရတာ နှစ်အစိတ်ကြာခဲ့ပါတယ်။ ၉ဝခုနှစ်ကနေ ၂ဝ၁၅ခုနှစ်ရောက်မှ ပြည်သူတွေ စိတ် ကြိုက်မဲပေးရွေးချယ်ခွင့်ရခဲ့တာပါ။ ပြည်သူတွေရဲ့စိတ်ထဲမှာသူတို့ရဲ့ဆင်းရဲကျပ်တည်းလွန်းနေတဲ့ဘဝတွေကနေ၊ စစ်အာဏာ ရှင်အောက်ကနေလွတ်မြောက်ချင်နေကြတာပါပဲ။ ဒီလိုဘဝတွေက လွတ်မြောက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီစနစ်ကို ဆက်တည်ဆောက်နိုင်ဖို့အတွက် အသည်း ကြားက မဲတစ်ပြားကို ရွေးချယ်ခဲ့ကြတာပါ။ ဒီရွေးချယ်မှုမှာ ပြည်သူတွေကိုယ်စား ဦးဆောင်နိုင်မယ့် လူတွေကိုစိတ်ရှင်းရှင်းနဲ့ လွတ်လပ်ပျော်ရွှင်စွာ ရွေးချယ်ခွင့်ရခဲ့ချင် ကြပါတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက် စိတ်ဆန္ဒမပြည့်ဝခဲ့ရပါဘူး။ ပြည်သူတွေမဲပေးရွေးချယ်မယ့် ခေတ်ပြောင်းလဲရေးကို ဦးဆောင်မယ့် လူတွေကိုကြည့်လိုက် တော့ သူသူငါငါလိုမထူးခြားတဲ့ လူတွေကိုတွေ့လိုက်ရတယ်။ ပြည်သူတွေကိုဦးဆောင်မယ့် လူတွေကိုစိတ်ကြိုက်မတွေ့ပေမဲ့ တစ်ဖက်ကိုပြန်ကြည့်ရင်လည်းစစ်အာဏာရှင်လက်ကျန်ပါတီဖြစ်နေပါတယ်။ ပြည်သူတွေတော်တော်များများဟာ စိတ်ပျက် နေကြရပါတယ်။ ဒါကိုသိလိုက်တဲ့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကိုစကားတစ်ခွန်းပြောပြီး မေတ္တာရပ်ခံလိုက်ပါတယ်။ ပြောင်းလဲရမည်ဆိုတဲ့ဆောင်ပုဒ်အတိုင်း ခေတ်ပြောင်းတစ်ခုကိုအောင်မြင်စွာ ပြောင်းလဲနိုင်ဖို့ အတွက် ‘လူကိုမကြည့်ဘဲ မူကိုကြည့်ပါ’လို့ပြောခဲ့တဲ့အတွက် ပြည်သူတွေလိုက်နာခဲ့တာပါ။ တကယ်တမ်း ပြန်စဉ်းစားကြည့် ရင် ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းရဲ့စကားကို လိုက်နာခဲ့တာပါပဲ။ ဒါဟာလူတစ်ဦးတစ် ယောက်ရဲ့ စကားကိုနာခံခဲ့တာဟာ၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ကိုးကွယ်မှုအတိအလင်းပြခဲ့တာပါပဲ။
ဒါကလည်း ကမ္ဘာ့အရှေ့နိုင်ငံတွေရဲ့ စွဲမြဲနေတဲ့ အကျင့်စရိုက်တစ်ခုပါပဲ။အရှေ့ နိုင်ငံတွေမှာ သက်ဦးဆံပိုင် ပဒေ သရာဇ်စနစ်ကိုကျင့်သုံးခဲ့ခြင်းရဲ့ အမွေပါပဲ။ ဒီပုဂ္ဂိုလ်ကိုးကွယ်အမွေက လက်ရှိအချိန်ကာလအထိပျောက်ကွယ်မသွားသေး ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း အမျိုးသားခေါင်းဆောင်ကြီးဦးအောင်ဆန်းကို အလေးထားကိုးကွယ်ခဲ့ကြပါတယ်။ ဒီပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်အထိဆက်ပါနေပါတယ်။
ဒါကြောင့် ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဒေါ်အောင်ဆန်းစုကြည်ဆက်ပြီးခံယူနေရတာပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် ဒီပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွဲအလမ်းဟာ သူများတိုင်းပြည်တွေထက်ပိုပါလိမ့်မယ်။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားတစ်ခွန်းဆို ခြွင်းချက်မရှိယုံလိုက်ကြပါတော့တယ်။ ဒီ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲ အနိုင်ရဖို့ ‘လူကိုမကြည့်ဘဲ မူကိုကြည့်ပါ’ဆိုတဲ့ စကားတစ်ခွန်းဟာ ခေတ်တစ်ခုကို အောင်မြင်စွာပြောင်းလဲ လိုက်နိုင်တယ်ဆို တာတော့ ငြင်းလို့မရပါဘူး။ ခေတ်တစ်ခေတ်ကို ပြောင်းလဲလိုက်နိုင်ခဲ့ပေမဲ့၊ ခေတ်အသစ်တစ်ခုကို တည်ဆောက်ဖို့ အတွက် ဆိုရင်တော့ ပုဂ္ဂိုလ်ကိုးကွယ်မှုဟာ လိုအပ်ချက်တွေနဲ့ မှားယွင်းမှုများစွာရှိနေပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံမှာ အသစ်ပြန် တည်ဆောက်မယ့်စနစ်က ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ရမှာပါ။ ဒီမိုကရေစီစနစ်ဆိုတာ ‘တိုင်းပြည်အာဏာဟာ ပြည်သူ တွေထံကနေ ဆင်းသက်လာပြီး ပြည်သူတွေထံပြန် ရောက်တဲ့အာဏာပါ’။ ပြည်သူတွေကို အဓိကထားတဲ့စနစ်ပါ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့တော့ လုံးဝဆန့်ကျင်နေပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာပုဂ္ဂိုလ်ရေးကိုးကွယ်မှုက ချက်ချင်းကြီးဖျောက်ကွယ်ထားလို့မရနိုင်တာကိုသိဖို့အရေး ကြီးပါတယ်။ ဒီချက်ချင်းဖျောက်ကွယ်လို့ မရနိုင်တာကိုသိနေရင် ပုဂ္ဂိုလ်ကိုးကွယ်မှုကိုအလွန်အကျွံမဖြစ်အောင် ထိန်းသိမ်း နိုင်ရမှာပါ။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ယုံကြည်မှုတွေကို ပုံမထားသင့်ပါဘူး။ အကယ်၍ ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ပြည်သူတွေရဲ့ယုံကြည်မှု ပုံအပ်ထားလိုက်မယ်ဆိုရင်၊ ဒီမိုကရေစီစနစ်ကိုတည်ဆောက်နိုင်ဖို့ အတွက် အင်မတန်မှ အန္တရာယ် များပါတယ်။ ပြည်သူတွေယုံကြည်မှုကို ပုံအပ်ခံထားရတဲ့သူဟာ အလွန်အင်မတန်ထက်မြက်မှုတွေနဲ့ ပြည့်စုံနေပြီး သူ့ဆုံးဖြတ် ချက်တိုင်းဟာ ထူးခြားနေမယ်၊ အောင်မြင်မှုတွေကိုရနေမယ်ဆိုရင် သူ့ကိုယုံကြည်စွာအပ်နှင်းထားတဲ့ ပြည်သူတွေအတွက် အလွန်ကောင်းပါလိမ့်မယ်။ ဒီအောင်မြင်မှုအသီးအပွင့်တွေကို ပြည်သူတွေပြန်ခံစားကြရမှာပါပဲ။ ပြောမယ်ဆိုရင် တိုင်းပြည် ဟာ နေ့ချင်းညချင်းဆိုသလို တိုးတက်ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒီလို ချက်ချင်းတိုးတက်ပြောင်းလဲသွားတဲ့ နိုင်ငံဆိုတာ လည်းရှားပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ယုံကြည်မှုပုံထားပြီး ဒီပုဂ္ဂိုလ်ရဲ့ ဆုံးဖြတ်ချက်တွေကို ပုံဖော်နိုင်မယ့်၊ ဝန်းရံပေးမယ့်သူတွေအရည်အချင်းရှိဖို့လည်း လိုအပ်နေပါသေးတယ်။ ဒီလိုအခြေအနေတွေရှိနေမှ နေ့ချင်းညချင်း တရိပ်ရိပ် တိုးတက်မနေရင်တောင် တဖြည်းဖြည်းတိုးတက်နေမှာပါ။ တိုင်းပြည်ရဲ့တိုးတက်ပြောင်းလဲမှုအရွေ့ဟာ ပြည်သူတွေကို စိတ် ချမ်းသာမှုကိုပေးပါတယ်။
တိုင်းပြည်တိုင်းမှာ ပြည်သူတွေယုံကြည်အားထားကိုးကွယ်မှုကိုရတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ပေါ်ပေါက် လာတတ်ပါတယ်။ ဒီအမျိုးသားခေါင်းဆောင်ဖြစ်ပေါ်လာဖို့အတွက်လည်း အမျိုးသားနိုင်ငံရေးအင်အားစုက ဝိုင်းတင်ပေးလိုက် ကြတာတွေကိုလည်းတွေ့ရပါလိမ့်မယ်။ နောက်အမျိုးသားခေါင်းဆောင်ဆက်လျှောက်မယ့်လမ်းမှာ အမျိုးသားနိုင်ငံရေး အင် အားစုတွေဝန်းရံပြီး လျှောက်လှမ်းမှ အောင်မြင်မှုခရီးကို လျင်မြန်စွာရောက်မှာပါ။ ဒီလိုအနေအထားမှာ အပြန်အလှန် ယုံကြည်အားထားမှုတွေ ရှိနေပါတယ်။ ခေါင်းဆောင်ကလည်း ပြည်သူတွေအကျိုးကိုအဓိကထားလုပ်ဆောင်သလို သူ့ကိုယ် ကျိုးကို အစွမ်းကုန်စွန့်ထားသူဖြစ်နေပါတယ်။ အဲဒီလိုပဲ ဝန်းရံသူတွေအနေနဲ့လည်း ခေါင်းဆောင်ကျင့်ကြံသလို ကျင့်ကြံနေရ ပါလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားကိုပြန်ကြည့်လိုက်ရင် ပြည်သူတွေအနေနဲ့လည်း သူတို့ယုံကြည်တဲ့ ခေါင်းဆောင် တစ်ယောက်အပေါ်ကို ယုံကြည်မှုတွေပုံအပ်ထားကြပါတယ်။ ပြောမယ်ဆိုရင် တခြားနိုင်ငံတွေထက် ကျွန်တော်တို့နိုင်ငံမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု လွန်ကဲနေတာတွေ့ ရပါတယ်။ ဒီလိုပုဂ္ဂိုလ်ရေးယုံကြည်မှုလွန်ကဲသူတွေများနေတာကိုကြည့်ရင် ပြည်သူ တွေရဲ့ အသိဒဏ်အဆင့်အတန်းနိမ့်ကျ နေတာကိုတွေ့နိုင်ပါတယ်။ ဘာကြောင့် ပြည်သူတွေအသိÓဏ် အဆင့်အတန်းနိမ့်ကျ နေရသလဲဆိုတာ ပြောမယ်ဆိုရင်တော့ အကြောင်းအရာတွေအများကြီးပါပဲ။ အဓိကကျတဲ့အချက်ကို ပြောရမယ်ဆိုရင် စစ် အာဏာရှင်စနစ် လက်အောက်မှာ ပြည်သူတွေရဲ့ အသိဒဏ်ကို အဆင့်အတန်းမမီ အောင်ဖျက်ဆီးခဲ့တာကို ပြောရပါလိမ့် မယ်။ ပြည်သူတွေတင်မကပါဘူး။ ဒီမိုကရေစီစနစ်အသစ်ကို ပြန်လည်တည်ဆောက်ဖို့ ပြည်သူတွေ မဲပေးရွေးချယ်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း အသိဒဏ်နိမ့်ကျနေသူတွေများစွာ ပါဝင်လာတာတွေ့နေရပါတယ်။ ခေတ် အပြောင်းအလဲမှာ အချောင်သမားတွေ အတွက်နေရာဦးဖို့အတွက် အခွင့်ကောင်းတွေရတတ်ပါတယ်။ အောက်ခြေပြည်သူ့ ကိုယ်စားလှယ်တွေဖြစ်လာခဲ့တာလည်း ပြည်သူတွေအနေနဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကိုမကြည့်ဘဲ မူကို ကြည့်ပြီး မဲပေးကြပါဆိုတဲ့ မေတ္တာရပ်ခံလိုက်တဲ့ စကားတစ်ခွန်းအပေါ်မှာ မူတည်ပြီး ရွေးချယ်ပေးရမယ့် လူတွေကိုစိတ်ပျက် စွာနဲ့ပဲ မဲပေးရွေးချယ်လိုက်ရတာပါပဲ။ အောက်ခြေ ပြည်သူ့ကိုယ်စားလှယ်တွေမပြောနဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက် မယ့်လမ်းမှာ ဝန်းရံပေးမယ့်သူတွေကိုယ်တိုင်လည်း အသိဒဏ်အဆင့်အတန်းနိမ့်ကျသူတွေပါဝင်နေတာကို တွေ့ရမှာပါ။ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေရဲ့ ပြောခဲ့တဲ့စကားတွေဟာ အသိဒဏ်အဆင့်အတန်းကိုပြနေပါတယ်။ ပြည်သူတွေကဲ့ရဲ့ စရာ ဖြစ်အောင်ပြောခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့စကားတွေ ထောက်ပြမယ်ဆိုရင်များလာပါပြီ။ နောက် ပိုပြီးဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကြီးတစ်ဦးရဲ့ အဆင်အခြင် မဲ့စွာပြောထွက်ခဲ့တဲ့ စကားတွေ၊ လုပ်ရပ်တွေကိုကြည့်မယ်ဆိုရင်လည်း အသိဒဏ်အဆင့်အတန်းကို သိနိုင်နေပါပြီ။ မိမိတို့ ကိုရွေးချယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်ကို မိမိတို့ကိုယ်တိုင်ပြန်နာမည် ဖျက်နေကြသလိုပါပဲ။
ဒီလိုလူတွေကို ဘယ်သူတွေရွေးချယ်ပြီး အဆင့်မြင့်တာဝန်တွေပေးခဲ့သလဲဆိုပြီး ပြန်ကြည့်ပြန်ရင်လည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကိုတွေ့ရမှာပါ။ ပုဂ္ဂိုလ်ကိုးကွယ်မှုဟာကိုးကွယ်ခံရတဲ့ပုဂ္ဂိုလ်ကို ပြန်သတ်တတ်ပါတယ်။ ပြောရမယ်ဆိုရင် ရွေး ကောက်ပွဲမှာအနိုင်ရပြီး ပြည်သူ့လွှတ်တော်စတင်ခေါ်ယူခဲ့စဉ်ကတည်းက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲနေတာကို စတင်မြင် ခဲ့ရတာပါ။ ပြည်သူ့လွှတ်တော်တွေမှာ ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ခဲ့တာကိုပြန်ကြည့်ရင် ကိုယ်စားလှယ်တွေဟာ မိမိတို့ကိုး ကွယ်တဲ့ ပုဂ္ဂိုလ်ကရွေးချယ်ပေးလိုက်တာကိုကိုယ်စားလှယ်တွေက မဲပေးအတည်ပြုပေးလိုက်ရုံပါပဲ။ မဆလတစ်ပါတီအာဏာ ရှင်စနစ်က လွှတ်တော်ကျင်းပတာကို ကြည့်နေရသလိုဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေကတော့စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီမိုက ရေစီစနစ်ရဲ့လွတ်လပ်ပွင့်လင်းစွာ ရွေးချယ်မှုကိုမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်သူ့ကိုရွေးမလဲဆိုတာ ကိုပိုပြီးစိတ်ဝင်စားတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလွန်ကဲတဲ့အခါ ဒီမိုကရေစီစနစ်ဆိုတာ ပျောက်ကွယ် သွားခဲ့ရပါတော့တယ်။
ကျွန်တော်တို့နိုင်ငံမှာ ပုဂ္ဂိုလ်ကိုးကွယ်မှုနဲ့ ဒီမိုကရေစီစနစ်ကိုတည်ဆောက်မယ်လို့ကြွေးကြော်ခဲ့တာ အခုဆိုရင် နှစ်နှစ်ကျော်လာခဲ့ပါပြီ။ ဒီလိုသာဆက်သွားနေမယ်ဆိုရင် နောင်နှစ်ပေါင်းများစွာ ဒီမိုကရေစီစနစ်ကို မရနိုင်သေးပါဘူး။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ပြန်ပြီးလျှော့ချနိုင်ဖို့လိုအပ်နေပါပြီ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အဓိကထားမယ်ဆိုရင် မိမိတို့ကိုးကွယ် ယုံကြည်နေတဲ့ပုဂ္ဂိုလ်ဟာ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်မှုတွေ အစဉ်အမြဲမှန်ကန်နေမှ၊ မှန်ကန်တဲ့ဦးဆောင်နိုင်မှုကိုပေးနိုင် ပါလိမ့်မယ်။ အစဉ်အမြဲ မှန်ကန်နေခဲ့တယ်ဆိုစေဦးတော့ အမှားကြီးတစ်ခုကြောင့် မှန်ခဲ့တဲ့အမှန်တွေအားလုံး ပျောက်ဆုံး သွားတတ်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေစိတ်ကျေနပ်မှုရအောင်တိုးတက်နေခဲ့သလား၊ တိုးတက်မှုရပ်တန့် နေခဲ့ သလား၊ ဒါမှမဟုတ် ပြည်သူတွေစိတ်ပျက်စွာညည်းညူနေခဲ့ရသလား၊ ညည်းညူနေတုန်းပဲလားဆိုတာတွေ့မြင်နေကြ မှာပါ။ မကြာခင်မှာ နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်နှစ်ကိုပြောင်းတော့မှာပါ။ ပြောင်းလဲရမည်ဆိုတဲ့အတိုင်း အကောင်းဘက်ကို ပြောင်းလဲလာ နိုင်သလားဆိုတာကို ပုဂ္ဂိုလ်ကိုးကွယ်မှုကိုလျှော့ချပြီး ဒီမိုကရေစီစနစ်တည်ဆောက်ရေးမူနဲ့ ကြည့်စေချင်ပါ တယ်။
မြတ်လှိုင်း