ကျွန်တော်တွေးမိသော ဒုတိယအိပ်မက်

ကျွန်တော်တို့၏ ပထမအိပ်မက်

 

ကျွန်တော့်ရဲ့ ပထမအိပ်မက်ဆိုတာကတော့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကနေပေါက်ဖွား လာသော တစ်ပါတီအာဏာရှင်စနစ်ကြီးကို အဆုံးသတ်စေခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကနေ ဆောက်တည် ပေးလိုက်တဲ့ ‘ ဒီမိုကရေစီနိုင်ငံတော်’ အိပ်မက်ပဲဖြစ်ပါတယ်။ နိုင်ငံမှာ အာဏာနဲ့ထင်သလိုပြုမူ၊ မထင်ရင် မထင် သလိုဖိနှိပ်မှုတွေမရှိဘဲ လူထုကလိုလားကြည်ဖြူစွာရွေး ချယ်တင်မြှောက်ထားတဲ့ အစိုးရအောက်မှာ ဒီမိုကရေစီ အခွင့်အရေးတွေပြည့်ဝတဲ့ လူ့အခွင့်အရေးတွေနဲ့နေပျော်စရာနိုင်ငံတစ်ခု တည်ဆောက်ရေးကို မျှော်လင့်စိတ် ကူးခဲ့ကြခြင်းဖြစ်ပါတယ်။

ပြည်သူလူထုကတင်မြှောက်တဲ့အစိုးရ၊ ဒီမိုကရေစီအခွင့်အရေး၊ ပြည့်ဝတဲ့လူ့အခွင့်အရေးနဲ့ နေပျော်စရာ နိုင်ငံလို့ဆိုတဲ့နေရာမှာလည်း အကောင်းဆုံးရွေးချယ်စရာတွေနဲ့ တရားမျှတသောပါတီစုံယှဉ်ပြိုင်မှုကနေပေါ် ပေါက်လာပြီးနိုင်ငံကအားကိုးလောက်တဲ့ အရည်အချင်းပိုင်ဆိုင်မှုတွေနဲ့ ပြည့်ဝနေတဲ့ ဉာဏ်ပညာကြီးမားသော လွှတ်တော်၊ နိုင်ငံရဲ့ရှေ့တန်းမှာ တွန်းတွန်းတိုက်တိုက် ရှေ့ထွက်ကစားနေမယ့် ဂိုးသွင်းကောင်းတဲ့အားကောင်း မောင်းသန်အစိုးရ၊ စာဖတ်မပျင်း၊ အလုပ်မပျင်း၊ စည်းကမ်းလိုက်နာဖို့မပျင်း၊ လူကဲခတ်မညံ့သောပြည်သူလူထု၊ ဥပဒေအမိန့်ညွှန်ကြားချက်တွေနဲ့ ထိန်းကွပ်ထားဖို့မလိုတော့တဲ့ သာယာသောနိုင်ငံရေးရာသီဥတု၊ အဲဒီအခြေအ နေတွေအားလုံးကနေဖန်တီးပေးလာတဲ့ ချောင်လည်သောစားဝတ်နေရေးနဲ့ ကြိုးစားသလောက်တိုးပွားနိုင်သော စီးပွားရေးအခြေအနေတွေပဲဖြစ်ပါတယ်။ အဲဒီ ပထမအိပ်မက်ရဲ့နိဒန်းဟာ စစ်အာဏာရှင်အစိုးရပြုတ်ကျ သို့မ ဟုတ်ဖယ်ရှားခံရပြီး ပြည်သူကိုကိုယ်စားပြုတဲ့ အတိုက်အခံအင်အားစုအနိုင်ရရှိခြင်းဖြစ်ပြီး အဲဒီနောက်မှာတော့ ပထမအိပ်မက်ထဲက မျှော်လင့်ချက်တွေဟာ နောက်ပါအကျိုးဆက်တွေအဖြစ်ဆင့်ကဲဖြစ်ပေါ်လာမယ်လို့ သံသ ယကင်းရှင်းစွာယုံကြည်ထားရှိခြင်းဖြစ်ပါတယ်။

အခုဆိုရင် မဖယ်ရှားလိုက်ရပဲ အလိုအလျောက်ဆင်းသွားတဲ့ စစ်အစိုးရရဲ့အခင်းအကျင်းအပေါ်မှာ စစ် အာဏာရှင်စနစ်ကနေ ၂ဝဝ၈ အခြေခံဥပဒေကပေးတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကိုရရှိခဲ့ပြီး ပြည်သူလိုလားတဲ့ အတိုက်အခံအင်အားစုဟာ ရွေးကောက်ပွဲအနိုင်ရရှိလို့ လွှတ်တော်နဲ့အစိုးရအဖွဲ့ကိုဦးဆောင်နေတာနှစ်နှစ် ကျော်ကာလကိုတောင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်က ကျွန်တော် တို့မက်ခဲ့ကြတဲ့ ပထမအိပ်မက်ကြီးတကယ်ဖြစ်လာပြီလို့ယူဆမယ်ဆို ယူဆလို့ရနိုင်ပြီလို့ဆိုရမှာဖြစ်ပေမယ့် အ ရာရာဟာအိပ်မက်ထဲမှာ တွေးထင်ခဲ့သလိုမဟုတ်သေးဘူးဆိုတာလည်း မငြင်းနိုင်အောင်လက်တွေ့မြင်တွေ့၊ ကြုံတွေ့လာရပါတယ်။ ဒါဆိုအိပ်မက်ထဲကအတိုင်းဖြစ်မလာသေးပေမဲ့ တစ်နေ့ဖြစ်လာနိုင်မယ့် အကြောင်းရှိ လားဆိုတာကို ကျွန်တော်တစ်ချိန်လုံး လေ့လာတွက်ချက်စဉ်းစားတွေးခေါ်ပြီးနေခဲ့ပါတယ်။

ပထမဆုံး နိုင်ငံရေးအခြေအနေတွေကိုကြည့်မိပါတယ်။ အားလုံးသိရှိနားလည်ပြီးတဲ့အတိုင်း ၂ဝဝ၈ အ ခြေခံဥပဒေဟာ အခုရရှိထားတဲ့ အပြောင်းအလဲတွေကို လမ်းဖွင့်ပေးနိုင်ခဲ့တဲ့အားလုံးရဲ့ အခြေခံဘုံသဘောတူ ညီညွတ်မှုဖြစ်သဘောတရားဖြစ်သလို ဒီကနေ့ကြုံတွေ့နေရတဲ့ မပြီးဆုံးနိုင်သောနိုင်ငံရေးအကျိုးဆက် ပြဿနာ အရပ်ရပ်ဟာလည်း ၂ဝဝ၈ အခြေခံဥပဒေကြောင့်ပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်၂ဝဝ၈ အခြေခံဥပဒေနဲ့ အာ ဏာကိုဆက်ပြီးကိုင်ထားနိုင်မယ်လို့ထင်ခဲ့တဲ့ အရှင်ထွက်စစ်အစိုးရရဲ့ မျိုးဆက်နိုင်ငံရေးအင်အားစုရယ် အာဏာ ရရင်အခြေခံဥပဒေကိုပြင်နိုင်မယ်လို့ထင်ခဲ့တဲ့ ဒီမိုကရေစီအင်အားစုရယ်အားပြိုင်နေဆဲ အခြေအနေဖြစ်တာ ကြောင့်နိုင်ငံရေးဟာ တည်ဆောက်ရေးဘက်ကိုလုံးလုံးမလှည့်နိုင်ဘဲ တိုင်းပြည်ရဲ့မပြေလည်နိုင်သေးတဲ့ နိုင်ငံ ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြဿနာတွေနဲ့ပတ်သက်ပြီး ယခင်အာဏာရပါတီနဲ့ ယခုအာဏာရပါတီအကြား အပြန်အလှန်လက် ညှိုးထိုးပြီး အပြစ်ပုံချဖို့ ကြိုးစားနေကြတဲ့ အနေအထား ဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရရှိခြင်းနဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုဘဝကနေ အစိုးရဖြစ်လာတဲ့ NLD ပါတီရဲ့အနေအထားကို လေ့လာကြည့်မယ်ဆိုရင်လည်း ၂ဝ၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး ၂ဝဝ၈ အခြေခံဥပဒေရဲ့ လွှတ်တော်နိုင်ငံရေးကိုဝင်မြည်းကြည့်ရင်း လာမယ့်အထွေထွေရွေးကောက် ပွဲကြီးကိုယုံကြည် ပြီးဝင်ပြိုင်သင့်မပြိုင်သင့် အကဲခတ်နေတာ အချိန်လွန်သွားခဲ့တာကြောင့် တကယ်တမ်းဝင်ပြိုင်မယ်လို့ ဆုံးဖြတ် ပြီးချိန်မှာပြင်ဆင်ချိန်နည်းပါးခဲ့လို့ ကမန်းကတန်းလူစုပြီး လူတစ်ဦးချင်းစီရဲ့စွမ်းရည်ထက် ‘ ဒီမိုကရေစီခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီ ‘ဆိုတဲ့အားကို အဓိကရယူပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါကြောင့် လက်တွေ့အောင်ပွဲရပြီး နောက်ပိုင်းမှာ အဆင်ပြေသလိုစုစည်းထားတဲ့ အင်အားတွေအရည်အသွေးတွေနဲ့ NLD အစိုးရအနေနဲ့ရော NLD လွှတ်တော်အနေနဲ့ပါ အသင့်ရှိနေတဲ့စိန်ခေါ်မှုတွေကို အပြတ်အသတ်   ကိုင်တွယ် ကျော်လွှားနိုင်ခြင်းမရှိဘဲ ကြိုးစားရုန်းကန်နေရတဲ့အနေအထားမှာပဲရှိတာတွေ့ရပါတယ်။

အာဏာသက်တမ်း နှစ်နှစ်ကျော်ရှိပြီဖြစ်တဲ့လက်ရှိ NLD အစိုးရနဲ့ လွှတ်တော်ကိုခြုံငုံပြီး သုံးသပ်ကြည့် တဲ့အခါ အရည်အချင်းမြင့်မားသူတွေလုံလောက်စွာပါဝင်မှုမရှိသလို အတွေ့အကြုံနဲ့အရည်အချင်းရှိသူတွေနေ ရာမှန်မှာမရှိခြင်း၊ အရည်အချင်းနဲ့အတွေ့အကြုံပြဿနာကြောင့် တစ်ဦးချင်းကိုယ်စီတာဝန်ယူ ဆုံးဖြတ်လုပ်ကိုင် နိုင်မှုမရှိခြင်း၊ အားနည်းခြင်းကြောင့် ဗဟိုဦးစီးချုပ်ကိုင်မှုသဘောတရားကနေ မလွတ်မြောက်သလို လွတ် မြောက်နိုင်တဲ့လမ်းစမရှိသေးခြင်း၊ မအောင်မြင်သော NLD အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးမူကြောင့် မူလ ကတည်းကရှိနေခဲ့သော နိုင်ငံရေးအားပြိုင်မှုတွေကိုလျှော့ချနိုင်ခြင်းမရှိသလို အဘက်ဘက်မှာ မအောင်မြင်မှု တွေအကြား ရုန်းကန်နေရတာကြောင့် အားနည်းတဲ့အစိုးရတစ်ရပ်အဖြစ် အတိုက်အခံတွေဘက်က ရှုမြင်လာပြီး တစ်ဖက်ကအားပြိုင်မှုတွေ ပြန်လည်မြင့်တက်လာစေခြင်း၊ အဲဒီလိုမြင့်တက်လာတဲ့အားပြိုင်မှုတွေကို စိုးရိမ် ကြောင့်ကြပြီးအရင် အစိုးရတွေဖန်တီးထားခဲ့တဲ့ ဒီမိုကရေစီ အဆင့်အတန်း၊ ဒီမိုကရေစီသဘောတရားတွေနဲ့ ကိုက်ညီခြင်းမရှိသောဥပဒေတွေကို ပယ်ဖျက်ပြင်ဆင်ရမယ့်အစား ဆက်လက်တည်ရှိစေခြင်း၊ ပိုမိုအားကောင်း လာအောင်ပြင်ဆင်ခြင်း၊ ဒီမိုကရေစီအတိုက်အခံဘဝက အဓိကရည်မှန်းချက်အဖြစ် မူလကကြုံးဝါးခဲသော အခြေခံဥပဒေပြင်ဆင်ရေးဟာလည်း အချိန်တိုအတွင်းအောင်မြင်ပြီးမြောက်ဖို့ မဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ်မှာအခြေပြုထားခြင်းကြောင့် ၂ဝဝ၈ အခြေခံဥပဒေကပေးတဲ့ နိုင်ငံရေးရေခံမြေခံကနေ လွတ်မြောက်ဖို့ လတ်တလောမျှော်လင့်ချက်ကင်းမဲ့နေခြင်းဆိုတဲ့ အကျိုးအကြောင်းတရားတွေထဲမှာ ရစ်ဝဲနေတာကိုတွေ့ရပါ တယ်။

ဒီကနေ့ ပင်မနိုင်ငံရေးဖြစ်စဉ်အပြင်ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်လည်း မြောက်မြား စွာသော တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မြေပြင်တိုက်ပွဲတွေ တင်းမာမှုတွေ အားကောင်းနေဆဲဖြစ်သလို စား ပွဲဝိုင်းဆွေးနွေးပွဲတွေဟာလည်း ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမှာပဲရှိပါတယ်။ အမှန်တကယ် စားပွဲဝိုင်းဆွေးနွေးမှုတွေကသာသေချာပြီး ကျေနပ်လောက်တဲ့ရလဒ်တွေ ဖော်ထုတ်ပေးနိုင်ခဲ့မယ်ဆိုရင် မြေပြင် တိုက်ပွဲတွေကို လျော့ကျရပ်တန့်သွားအောင် အတိုင်းအတာတစ်ခုအထိလုပ်နိုင်မှာဖြစ်ပါတယ်။ နှစ်ပေါင်း ၇ဝ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်တစ်လျှောက်လုံး အခြေအနေပေးရင်ပေးသလို စေ့စပ်ဆွေးနွေးပြီးငြိမ်း ချမ်းရေး ဖော်ဆောင်နိုင်ရေးကို ကြိုးပမ်းခဲ့ကြရာမှာ အခုဆောင်ရွက်ဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ အမြင့်ဆုံး မျှော်လင့်ချက်တွေနဲ့ အကြာဆုံးလုပ်ငန်းစဉ်လည်းဖြစ်ပါတယ်။ သို့သော်လည်း တကယ်လက်တွေ့မှာတော့ တပ်မတော်ကတပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ အမှားအယွင်းမခံသလို မြောက်ပိုင်းဒေသတင်းမာမှုတွေမှာ လုံခြုံရေး အုပ်ချုပ်ရေးအပြင် နိုင်ငံရေးအကြောင်းပြချက်တွေကိုပါဆုပ်ကိုင်လာပါတယ်။ အဲဒီတင်းမာမှုရာ ဦးတည်ချက်က တော့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ်ကနေဖဲ့ထုတ်ထားရမယ့် အခြေအနေပဲဖြစ်ပါတယ်။ အဲဒီဦးတည်ချက်ကိုသာ နောက်ပြန်မလှည့်နိုင်ကြဘူးဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အဆုံးမဲ့ လုပ်ငန်း စဉ်တစ်ခုဖြစ်လာမှာဖြစ်သလို ငြိမ်းချမ်းရေးရရှိရင် လွှတ်တော်ထဲက ထွက်ပေးမယ်ဆိုတဲ့ တပ်မတော်ရဲ့ သဘော ထားဟာလည်း လက်တွေ့ဖြစ်လာဖို့မျှော်လင့်လို့ မဖြစ်နိုင်တော့တဲ့အခြေအနေပဲဖြစ်ပါတယ်။ နောက်တစ်ခါ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားနိုင်လို့ မြေပြင်မှာစစ်ရေးတင်းမာမှုတွေကိုရှောင်ရှားနိုင်ပြီး ပင်လုံငြိမ်း ချမ်းရေးညီလာခံမှာနိုင်ငံရေးဆွေးနွေးနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့သဘောထားကို လေ့လာကြည့်တဲ့အ ခါတိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ အပစ်အခတ်ရပ်စဲရေးစာချုပ်ထိုးထားသည်ဖြစ်စေ မထိုးထား သည် ဖြစ်စေ အင်အားအတော်အသင့်ရှိတဲ့အဖွဲ့တွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်မှာ တစ်နေ့လက်နက်စွန့်မယ်၊ နိုင်ငံရေး ပါတီအဖြစ်ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်တဲ့နည်းနဲ့ အနာဂတ်နိုင်ငံရေးကိုလျှောက်လှမ်းကြမယ်ဆိုတဲ့ ခံယူချက် ယုံကြည်ချက်မျိုးမတွေ့ရတာဟာ နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေးအတွက် စိုးရိမ် စရာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများဟာ အခုလက်ရှိအနေအထားအတိုင်းတရားဝင် ဆက်လက်ရပ်တည်နိုင်ရေး ကိုပိုပြီးလိုလားနေတဲ့သဘောရှိပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ပြည်သူလူထုရဲ့ဆုံးဖြတ် ရွေးချယ်မှုကို ကိုင်ထားတဲ့လက်နက်လောက်ယုံကြည်မှုမရှိကြတာတွေ့ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် ထဲကနိုင်ငံရေးဆွေးနွေးမှုတွေဟာလည်း အာမခံချက်တွေကတိကဝတ်တွေ တောင်းယူရှာဖွေတည် ဆောက်နေ တဲ့အပေါ်မှာ ငြင်းခုံနေကြရတာများနေပါတယ်။ ဒါကြောင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေပိုမိုကောင်းမွန်ပြီး ဒီမို ကရေစီ အဆင့်အတန်းမြင့်မားတဲ့ အခြေခံဥပဒေတစ်ရပ် ဖြစ်ထွန်းလာဖို့ဆိုတာ မပြောကောင်းမဆိုကောင်းတဲ့ မျှော်လင့်ချက်နည်းလမ်းလည်းပဲ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ လက်နက်ကိုင်အဖွဲ့တွေဒါဇင်နဲ့ချီရှိပြီး အိမ်နီးချင်းကရှိန် လောက်တဲ့ ခေတ်မီလက်နက်ကိုင်တပ်ကောင်းတစ်ခုမတည်ဆောက်နိုင်သေးတဲ့နိုင်ငံ၊ နိုင်ငံရေးပါတီတွေတစ်ရာ နီးပါးလောက်ရှိပြီး တိုင်းပြည်ကိုပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ဦးဆောင်နိုင်တဲ့ ပါတီတစ်ခုတောင် မရှိသေးတဲ့နိုင်ငံဖြစ်ပါ တယ်။ နိုင်ငံရေးပါတီတွေအချင်းချင်းအကြားမှာရော ၊ NLD အစိုးရနဲ့ တပ်မတော်အကြားမှာရော၊ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာရော အခုစုပေါင်းအင်အားတစ် ခုမတည်ဆောက်နိုင် တဲ့အကြောင်းကတော့ အားလုံးဟာတစ်ဖက်ရဲ့အရေးပါမှု၊ တည်ရှိမှုကိုတစ်ဘက်က အသိအမှတ်ပြုဖို့ တွန့်ဆုတ် ခက်ခဲကြသလို ပူးပေါင်းဆောင်ရွက်ဖို့ နေရာပေး၊ အခွင့်အရေးပေးရပြီဆိုရင်လည်းကိုယ် ကအလျှော့ပေးရတယ် အရှုံးပေးရတယ်လို့ တွက်ကြမြင်ကြ ယူဆကြတာဟာ စုပေါင်းအင်အားမထူထောင်နိုင်ခြင်းရဲ့ အဓိကအခြေခံ ပြဿနာ၊ မြန်မာနိုင်ငံသားတွေရဲ့ မူလဗီဇမှာပါတဲ့ အယူအဆစွဲပြဿနာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အစပိုင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကစုပေါင်း အင် အားနဲ့ တိုင်းပြည်ကိုစုစည်းထူထောင်ကြမယ်လို့ကြွေးကြော်ခဲ့ပါတယ်။ လက်တွေ့မှာတော့ အစိုးရအထဲမှာရော၊ လွှတ်တော်ထဲမှာရော၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာရော ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီတွေအကြား၊ အစိုးရနဲ့ တပ်မတော်အကြား၊ အစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းသားတွေအကြား၊ တပ်မတော်နဲ့ လက်နက် ကိုင်တိုင်းရင်း သားတွေအကြား အားပြိုင်မှုတွေလျှော့ချပြီး သဘောတူညီညွတ်မှုတွေရယူတည်ဆောက်နိုင်ခြင်းမရှိတဲ့ အပြင် တင်းမာမှုတွေ အားပြိုင်မှုတွေသာ အားကောင်းနေပါတယ်။

နေရာလုပ်ပိုင်ခွင့်အကြားမှာ အပြန်အလှန်ကန့်သတ်မှုတွေ အခွင့်အရေးရရင် ရသလိုလုပ်နေကြတာ တွေ့ရပါတယ်။ နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်အာဏာနဲ့နေရာကိုပေးလိုက်ရရင် ဒါဟာမိမိရဲ့ရှုံးနိမ့်မှုတစ်ရပ်လို့ခံယူ ထားပြီး အဲဒီအာဏာအခွင့်အရေးကိုပြန်လည်ရယူဖို့ နည်းမျိုးစုံနဲ့ကြိုးစားနေတတ်ကြသလို လုပ်ပိုင်ခွင့်အာဏာ တွေကိုရရှိထားသူအနေနဲ့ သင့်တော်သလိုကျင့်သုံးနိုင်ခြင်းမရှိအောင် နှောင့်ယှက်လိုတဲ့သဘော သဘာဝလည်း ရှိကြပါတယ်။ ဒါကြောင့် လက်တွေ့မှာမတူညီကွဲပြားတဲ့ အင်အားစုတွေကနေ စုပေါင်းအင်အားကို စုစည်းရ ယူနိုင်ခြင်းမရှိတာကြောင့်အနှစ်သာရရှိတဲ့ ဒီမိုကရေစီသဘောတရားတွေ၊ ဒီမိုကရေစီကောင်းကျိုး ချမ်းသာ တွေကို လက်တွေ့ရယူကျင့်သုံးနိုင် ခြင်း၊ အသုံးချနိုင်ခြင်းမရှိဘဲ မျက်မှောက်အခြေအနေဟာ ကျွန်တော်တို့ရဲ့ ပထမအိပ်မက်နဲ့ တက်တက်စင်အောင် လွဲနေရခြင်းဖြစ်တယ် ဆိုတာကိုတွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ ပထမအိပ်မက် သို့မဟုတ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး ပန်းတိုင်ကို တ ကယ်လက်တွေ့ဖြစ်မလာနိုင်တော့ဘူးလို့ ယုံကြည်လာရတဲ့ အချက်တွေဟာ သိသာထင်ရှားလာပြီဖြစ်ပါတယ်။ အဲဒါ တွေကတော့

(၁) အာဏာရပါတီအပါအဝင် ခိုင်လုံအင်အားရှိသော နိုင်ငံရေးအင်အားစုများဟာ တကယ်တမ်း စုပေါင်းအင် အားကိုမယုံကြည်ဘဲ တစ်ဖက်သားကို လက်အောက်ခံဆန်စေသော မိမိအသာစီးနဲ့ မဟာမိတ်မူဝါဒကိုသာ မရဲ တရဲဆန္ဒရှိကြခြင်း။

(၂) မတူညီကွဲပြားသော အင်အားစုများအကြား အပြန်အလှန်အသိအမှတ်ပြုမှု အားနည်းကြတာကြောင့် (ငြိမ်းချမ်းရေးလုပ်ငန်း ရခိုင်အရေးပြဿနာတွေကိုပမာထား၍) နိုင်ငံရေးမှာ သဟဇာတရှိရှိ ပူးပေါင်းဆောင် ရွက်နိုင်သောစိတ်ရင်းခံမရှိကြခြင်း၊ လိုအပ်တယ်လို့ယူဆရင် အပြင်းအထန်ဆန့်ကျင်ခြင်း သို့မဟုတ် အကြံအ စည်ပျက်စီးစေသည်အထိ အားထုတ်ကြခြင်း။

(၃) ဝေဖန်ထောက်ပြမှု အကြံပေးမှုများကိုဆန့်ကျင်မှု၊ ရှုတ်ချမှု၊ အသရေပျက်အောင်၊ အထင်အမြင်သေးအောင် ကြိုးပမ်းမှုလို့ခံစားရှုမြင်ပြီး တစ်ဖက်နဲ့တစ်ဖက်နားလည်မှုရရှိအောင် အပြန်အလှန်လိုလားချက်၊ မလိုလားချက်၊ အကျိုးစီးပွားဖြစ်ထွန်းခြင်း ဆုံးရှုံးခြင်းကိုနားထောင်သုံးသပ်ပြီး ဆွေးနွေးညှိနှိုင်းပေးလိုသော စိတ်သဘောထား နှင့် ဆန္ဒမရှိကြခြင်း။

(၄) နိုင်ငံရေးကို စဉ်းစားချင့်ချိန်ရာမှာ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းမှုအတွက် မိမိအကျိုးစီးပွား၊ မိမိတည်ရှိမှု လုံခြုံ မှုကိုစွန့်စားရမယ့်အခါ သို့မဟုတ် သင့်တင့်လျောက်ပတ်စွာပြောင်းလဲရပ်တည်ရမယ့်အခါ နိုင်ငံအကျိုးစီးပွားဖြစ် ထွန်းမှုကို ဦးစားပေးရှေ့တန်းတင်ပြီး မဆုံးဖြတ်နိုင်ခြင်း .., ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အချုပ်ဆိုရသော တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေးကံကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်ကြတဲ့ နိုင်ငံရေးအင်အားစုများဟာ နိုင်ငံရေးမှာ အလုံးစုံပိုင်ဆိုင်ရယူလိုခြင်း၊ ထာဝရတည်မြဲလိုခြင်းဆိုတဲ့ဆန္ဒနဲ့စေ့ဆော်မှုက လွှမ်းမိုးအားကောင်းနေတာကြောင့် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနိုင်ငံရေးသဘာဝကတောင်းဆိုတဲ့ အပြန်အလှန်လေးစားတန်ဖိုးထား နားလည်မှု၊ လွတ်လပ်စွာသဘောထားအမြင်ကွဲလွဲမှုကို အသိအမှတ်ပြုမှု၊ ထိုက်သင့်လျောက်ပတ်တဲ့လုပ်ပိုင်ခွင့်ခွဲဝေမှု၊ အမြင်မတူသောရှုထောင့်ပေါင်းစုံကနေ ထောက်ပြဝေဖန်မှုတွေနဲ့ ပြဿနာတွေရဲ့ အဖြေကိုရှာဖွေလက်ခံကြတဲ့ ကောင်းကျိုးတရားကိုရှေးရှု ငြင်းခုံခြင်းမှာ မွေ့လျော်ခြင်းမရှိမှုစတဲ့ ဒီမိုကရေစီသန္ဓေနည်းပါးကြတဲ့အတွက် ဒီမို ကရေစီစနစ်၊ ဒီမိုကရေစီယဉ်ကျေးမှုဟာ မြန်မာ့လူ့ဘောင်မှာအောင် မြင်ထွန်းကားလာဖို့ အကြောင်းမရှိဘူးလို့ ပြောရတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာစစ်မှန်တဲ့ ဒီမိုကရေစီအပြည့်အဝမထွန်းကားနိုင်တော့ဘူးဆိုတာကို သေချာစေတဲ့ နောက် ထပ်သာဓကတစ်ခုရှိပါတယ်။ အဲဒါကတော့ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ နိုင်ငံရေးကိုယ် နေဟန်ထားရုတ်တရက်အပြောင်းအလဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လအကုန်က တရုတ်နိုင်ငံကွန်ဂရက်မှာ တရုတ်သမ္မတဟာ ‘ရာထူးကိုနှစ်ကြိမ်ထက်ပိုပြီးထမ်းဆောင်ခြင်းမရှိစေရ’ဆိုတဲ့ ကန့်သတ်ချက်ကိုပယ်ဖျက် လိုက်ပြီး လက်ရှိသမ္မတရှီကျင်းပင်ရဲ့ ဦးဆောင်မှုကို ရေရှည်ဦးဆောင်မှုအဖြစ် အာမခံချက်ပေးလိုက်ပါတယ်။ အံ့သြဖွယ်ရာ ရုတ်တရက်ထွက်ပေါ်လာတဲ့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လေ့လာသုံးသပ်သူတွေက လက်ရှိ သမ္မတရှီကျင်းပင်ရဲ့ ထူးခြားတဲ့ အရည်အချင်းနဲ့လက်ရှိအခြေအနေမှာ လိုအပ်နေဆဲဖြစ်တဲ့ သူ့ရဲ့ဦးဆောင်မှုကို ဆက်လက်တည်တန့်နေစေခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို တည်ငြိမ်မှုရှိစေဖို့ ပါတီရဲ့ ကွန်ဂရက်က ဒီလိုမြော်မြင်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ ကျွန်တော့မှာ အာရှဒေသ တွင်းဒီမိုကရေစီစနစ်ထွန်းကားရေးအမြင်ရှုထောင့်ကနေ တရုတ်နိုင်ငံရေးလောကရဲ့အဲဒီလို အပြောင်းအလဲဖြစ် ပေါ်ခဲ့တဲ့အပေါ်မှာ နောက်ထပ်နားလည်သဘော ပေါက်မှုတစ်ခုရှိထားပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံကို ပတ်ချာလည်ဝိုင်းနေတဲ့ အာရှနိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ဟာ လက်တွေ့အောင်မြင်ဖြစ်ထွန်းမှုမရှိသလို ဖား တစ်ပိုင်းငါးတစ်ပိုင်းဒီမိုကရေစီစနစ်တွေ၊ ဒီမိုကရေစီမကြာခဏသားလျှောပျက်ကျ မှုတွေနဲ့ရုန်းကန်နေကြရတာ အသားကျသလိုဖြစ်နေပေမဲ့ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံပံ့ပိုးမှုအားတွေကြောင့်အခြားဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေကိုဖြတ်ကျော်ပြီး ဒီမိုကရေစီအလား အ လာကောင်းတဲ့နိုင်ငံတစ်ခုအဖြစ်ပြောင်းလဲဖြစ်ထွန်းလာနိုင်သလားဆိုတဲ့ တရုတ်နိုင်ငံရဲ့စိုးရိမ်ကြောင့်ကြခဲ့မှုနဲ့ သက်ဆိုင်ပါတယ်။

ဒီမိုကရေစီစနစ်စတင်ကျင့်သုံးမှု အချိန်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အခြားသောအာရှနဲ့ အရှေ့တောင်အာရှနိုင်ငံ တွေရဲ့ ဒီမိုကရေစီရေချိန်အတက်အကျဟာ တရုတ်နိုင်ငံအဖို့ အလွယ်တကူတိုင်းတာမှန်းဆနိုင်ခဲ့ပေမယ့် တွက်ဆထားလို့မရနိုင်တဲ့ အပြောင်းအလဲတွေရှိတတ်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအဖို့ အလွယ် တကူမှန်းဆနိုင်ခြင်းမရှိခဲ့တဲ့အနေအထားရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံတစ်ခုလည်းဖြစ်သလို အာရှဒေသရဲ့ နောက်ဆုံးဒီမိုကရေစီစစ်မျက်နှာဖြစ်တာကြောင့် မြန်မာ နိုင်ငံရဲ့ဒီမိုကရေစီဖြစ်ထွန်းမှုအတိုင်းအတာဟာ တရုတ်နိုင်ငံအတွက်သတိကြီးကြီးထားပြီးလေ့လာနေရတဲ့ သ ဘောရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်ဟောင်းတွေ သြဇာလျော့ကျလာတာနဲ့အမျှ မြန်မာ့နိုင်ငံ ရေးခွင်မှာ ထိုင်ဝမ်နဲ့ဟောင်ကောင်နိုင်ငံရေးလှုပ်ရှားမှုတွေက ဖြန့်ကြက်လှုပ်ရှားပြီး အားကောင်းလာနိုင်တဲ့ သ ဘောလည်းရှိပါတယ်။

ဒါကြောင့် ၂ဝ၁၅ မတိုင်မီကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်ကိုပါ တရုတ်နိုင်ငံအနေနဲ့ ချဉ်းကပ်ဆက်ဆံမှုတွေလုပ်ခဲ့ပြီး အပြန်အလှန်ဆက်ဆံရေးကိုခိုင်မာသထက်ခိုင်မာအောင် ထူထောင်ခဲ့တာ လည်းဖြစ်ပါတယ်။ အခုလို ၂ဝ၁၅ ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အာဏာ ရပြီးချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ စိုးရိမ်စိတ်ပူရလောက်အောင် တိုးတက် ပြောင်းလဲလာခြင်းမရှိရုံမက ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ တပ်မတော်နဲ့အတွင်းပြိုင်ဆိုင်မှုတွေကြောင့် ရုန်းကန်နေရတဲ့အပြင် ရခိုင်အရေးပဋိပက္ခကိုအကြောင်းပြုပြီး မူလဒီမိုကရေစီမဟာမိတ်အင်အားဖြစ်ခဲ့တဲ့ အ နောက်နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ အတိုက်အခံဆက်ဆံရေးအနေအထားကို ပြောင်း လာခဲ့တာကြောင့် တစ်ဖက်မှာတရုတ်နိုင်ငံရဲ့ အကူအညီကိုရယူလာရတဲ့အနေအထားကိုတောင် ရောက်ရှိ လာ ခဲ့ပါတယ်။

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ မြန်မာနိုင်ငံအစိုးရကို အရေးယူမှုဖိအားတွေကနေ အကာအကွယ် ပေးနေရသလို မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါ ပါဝင်ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံအဖို့ အခြေ အနေအရပ်ရပ်ကို လေ့လာရိပ်စားမိပြီး မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ ဟာ စိုးရိမ်စရာကောင်းလောက်အောင် အားကောင်းမောင်းသန်ဖြစ်လာဖို့ အကြောင်းမရှိဘူးဆိုတာ သဘောပေါက်သွားလောက်ပြီဖြစ်ပါတယ်။

ဒါကြောင့် အာရှရဲ့နောက်ဆုံးဒီမိုကရေစီစစ်မျက်နှာဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဖြစ်ပေါ် တိုးတက်မှု တွေကိုမှန်းဆလို့ရသွားခဲ့တဲ့နောက် တရုတ်နိုင်ငံအဖို့ ဒေသတွင်း ဒီမိုကရေစီအန္တရာယ်ချုပ်ငြိမ်းသွားပြီဖြစ်လို့ စိတ်အေးလက်အေးသူ့ရဲ့နိုင်ငံရေးစနစ်၊ နိုင်ငံရေးဦးဆောင်မှုပုံစံကို ပုံသေချထားလိုက်တာပဲဖြစ်တယ်လို့ ကျွန် တော့်အနေနဲ့သဘောပေါက်လိုက်ပါတယ်။ ဘယ်နိုင်ငံမှာမဆို ခေါင်းဆောင်တစ်ယောက်ကို ၁ဝ နှစ်ထက်ကြာပြီး တွေ့လာရရင် ပြည်သူတွေနိုင်ငံရေးအင်အားစုတွေရဲ့စိတ်မှာ တိုင်းပြည်ရဲ့အခက်အခဲတွေ မအောင်မြင်မှုတွေမှန် သမျှကို ခေါင်းဆောင်မှုအပြောင်းအလဲမရှိ ခြင်းအပေါ်ပုံချလာလေ့ရှိတာကြောင့် တရုတ်သမ္မတသက်တမ်းကို ငါးနှစ်နဲ့ နှစ်ကြိမ်ထက်ပိုပြီး ဆောင်ရွက်ခြင်းမရှိစေဖို့ကန့်သတ်ခဲ့ခြင်းဟာ တရုတ်နိုင်ငံက လူတွေရဲ့စိတ်မှာ ဒီမို ကရေစီအယူအဆအမြစ်တွယ်အားကောင်းလာမှာကို ကြိုတင်တားဆီးဖြေဖျောက်ဖို့ စီရင်ထားခဲ့တဲ့သဘောပဲဖြစ် ပါတယ်။ သို့သော်လည်းအခုအခါ တရုတ်နိုင် ငံရဲ့ပတ်ဝန်းကျင်မှာ ဒီမိုကရေစီ ခြိမ်းခြောက်မှုမရှိနိုင်တော့တာ သေချာသွားပြီဖြစ်လို ခေါင်းဆောင်အပြောင်းအလဲ၊ သမ္မတမျက်နှာအပြောင်းအလဲတွေ လုပ်ပြနေဖို့မလို့တော့ ဘူးဆိုတဲ့သဘောနဲ့ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တာပဲဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အကန့်အသတ်အောက်မှာပဲ ရှင်သန်ရတော့မယ်ဆိုတာ ဒေသ တွင်းနိုင်ငံရေးအနေအထား အပြောင်းအလဲတွေကလည်းပြဆိုနေကြောင်းကို စိတ်မကောင်းစွာထောက်ပြလိုပါ တယ်။

ကျွန်တော်တွေးမိသော ဒုတိယအိမ်မက်

ကျွန်တော်တို့တိုင်းပြည်မှာစစ်မှန်ပြီးပြည့်ဝတဲ့ ဒီမိုကရေစီမထွန်းနိုင်ပေမယ့် ဒေသတွင်းက အခြားဒီမိုက ရေစီနိုင်ငံတွေလိုပဲ ရောက်သလောက်ပေါက်သလောက် အမြင့်ဆုံး ဒီမိုကရေစီကိုတော့ ရည်ရွယ်လို့ရနိုင်သေး တယ်လို့ ကျွန်တော့အနေနဲ့ မြင်မိပါတယ်။ ဒါကလည်း သိပ်ပြီးခက်ခဲလှတဲ့ ကိစ္စတစ်ရပ်မဟူတ်ဖူးလို့မြင်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီထွန်းကားနေသ၍ အဲဒီနိုင်ငံတွေက ဒီမိုကရေစီစံချိန်စံညွှန်းတွေကို လက်ညှိုး ထိုးပြီး အဏာမရတဲ့ပါတီတွေက အာဏာရတဲ့ပါတီအပေါ်တစိုက်မတ်မတ်အရေးဆိုနေမှာဖြစ်လို့ပဲဖြစ်ပါတယ်။ ကျွန်တော်တွေးမိတဲ့ ဒုတိယဒီမိုကရေစီအိပ်မက်ဟာ ပထမအိပ်မက်မအောင်မြင်ခြင်းတွေထဲက ကျွန်တော် ဆင် ခြင်မိတဲ့ အကြောင်းအချက်တစ်ခုကိုအခြေခံပါတယ်။ အဲဒါကတော့ စစ်မှန်တဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အာသီသပြင်းပြသူ နိုင်ငံရေးခေါင်းဆောင်ဟာ အရပ်သားတွေထဲကပဲပေါ်ပေါက်နေတဲ့အတွက် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဟာ အခုလိုမအောင်မမြင်ဖြစ်နေရတာဖြစ်ပြီးအကယ်၍များ တပ်မတော်ထိပ်ဆုံးခေါင်း ဆောင်က သာဒီမိုကရေစီရူးသွပ်မှုရှိမယ်၊ ဒီမိုကရေစီဆောင်ကျဉ်းသူအဖြစ် ထင်ရှားကျန်ရစ်လိုတဲ့ဆန္ဒနဲ့ အိပ်မက်ရှိမယ် ဆိုရင်မြန်မာ့ဒီမိုကရေစီဟာ အောင်မြင်အထမြောက်ခဲ့တာကြာခဲ့ပြီလို့ ‘ တွေးတောဆင်ခြင်မိတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဆက်ပြီး တွေးဆမိတဲ့မေဆ်ာလင့်ချက်ကတော့ တပ်မတော်ကိုဒီမိုကရေစီကိုချစ်သော တပ် မတော်၊ ဒီမိုကရေစီမှာမွေ့လျော်တဲ့တပ်မတော်၊ ဒီမိုကရေစီကိုကာကွယ်ခြင်းဖြင့် ဂုဏ်ယူတတ်သော တပ်မ တော်အဖြစ်ပြောင်းလဲတည်ဆောက်နိုင်ရေးပဲဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေနဲ့ အညီတပ်မတော် ကိုပြောင်းလဲတည်ဆောက် ကျင့်သုံးနိင်မယ်ဆိုရင် တပ်မတော်ကိုလွှတ်တော်ထဲကလည်း ဖယ်ရှားစရာမလိုပဲ ပျော်သလောက်နေဖို့သဘောထားပေးနိုင်မှာလည်းဖြစ်ပါတယ်။ အဓိကကတော့ တပ်မတော်အနေနဲ့နိုင်ငံ ရေး မှာပါဝင်နေတာကို နိုင်ငံရေးအဆိပ်အတောက်မဖြစ်အောင်ပြုပြင်ရေးဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် တပ်မတော် ဟာနိုင်ငံရေးမှာ အကန့်အသတ်နဲ့ပါဝင်နေတာဟာ တိုင်းပြည်နိုင်ငံရေးမှာ လေးပင်နေမှာမဟုတ်တော့သလို အ ကူအညီတောင်ရယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်

(၁) တပ်မတော်ကို ဒီမိုကရေစီ အခြေခံသဘောတရား၊ တည်ဆဲအခြေခံဥပဒေပါ အခြေခံမူတွေနဲ့မဆန့်ကျင်ပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေးဆိုင်ရာမူဝါဒသဘောထားတွေကိုကြိုတင်ရေးဆွဲထုတ်ပြန်ပေးထားပြီး၊ တစ် ချိန်တည်းမှာပဲ တပ်မတော်ရေးရာတွေမှာ ပြည်သူတွေနားလည်သိရှိခွင့်ကို ပိုပြီးခွင့်ပြုပေးထားတဲ့ တရားဝင် နိုင်ငံရေးမှာပါဝင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်၎င်း။

(၂) တပ်မတော်ကိုကာကွယ်ရေးအပြင် နိုင်ငံရေးပါစိတ်ပါဝင်စားသူလူမျိုးမရွေး ဘာသာမရွေး နိုင်ငံတော်အပေါ် သစ္စာရှိသောနိုင်ငံသားတိုင်းဝင်ရောက်အမှုထမ်းခွင့်၊ စစ်ပညာတက်ရောက် လေ့လာခွင့်ပြုထားသော တပ်မ တော်အဖြစ်၎င်း။

(၃) တပ်မတော်ကို ပါတီနိုင်ငံရေးမှာ လုံးဝကြားနေရေး မူဝါဒကိုခိုင်မာစွာကျင့်သုံးစေပြီး တပ်မတော်အတွင်း လွတ်လပ်သော နိုင်ငံရေးသဘောထားအမြင်ထားရှိပိုင်ခွင့်  (မိမိကြိုက်နှစ်သက်ရာပါတီကိုကြောင့်ကျမှု ကင်း ကင်းထောက်ခံနိုင်သောအခွင့်အရေး)ပြုထားသော ပါတီစွဲကင်းရှင်းသည့်တပ်မတော်အဖြစ်၎င်း။

(၄) တပ်မတော်ကို ဒီမိုကရေစီအုပ်ချုပ်ရေးသဘောတရားများ ဒီမိုကရေစီတန်ဖိုးများကို လေးစားတန်ဖိုးထား သော၊ ဒီမိုကရေစီလူ့ဘောင်ကိုကာကွယ်တည်ဆောက်လိုသော ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့တပ်မတော်အဖြစ်၎င်း။

ပြောင်းလဲတည်ဆောက်နိုင်အောင်ရည်ရွယ်ချက်ရည်မှန်းချက်ထားရှိကြဖို့နဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေမှာ အဲဒီလို ဒီမိုကရေစီတပ်မတော်တစ်ရပ်အဖြစ်ပြောင်းလဲတည်ဆောက်ခြင်းဟာ နိုင်ငံနဲ့နိုင်ငံသားပြည်သူတွေအ ကြားမှာ နိုင်ငံရဲ့ရှေ့ရေးအပေါ် အကောင်းမြင်မှုတွေ၊ စိတ်အားတက်ကြွမှုတွေဖြစ်စေနိုင်တယ်လို့ ယုံကြည်ယူဆ ပါတယ်။ တပ်မတော်ဟာဒီမိုကရေစီကို ထိန်းချုပ်ကန့်သတ်လိုတဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်တော့ပဲ ဒီမိုကရေစီ စနစ်ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ သဟာဇာတဖြစ်တဲ့ တပ်မတော်တစ်ရပ်အဖြစ် ရပ်တည်နိုင်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးဟာအခုထက်ပိုပြီး ဖိအားတွေလျော့ကျပေါ့ ပါးသွားနိုင်မယ်လိုမြင်ပါတယ်။ ဒါကြောင့် ‘ဒီမိုကရေစီကို ကာကွယ်ရန် သင့်မှာတာဝန်ရှိသည် ‘ ‘အနာဂတ် ဒီမိုကရေစီ ကိုကာကွယ်ရန် တပ်မတော်သို့ဝင်ပါ ‘ ဟူသော အနာဂတ်တပ်မတော်ရဲ့ တပ်သားသစ်စုဆောင်းရေး ဆောင်ပုဒ်ကို ကျွန်တော့ရဲ့ ဒုတိယအိပ်မက် အဖြစ်တွေးတောဆင်ခြင်မိပါကြောင်း …။

 

သီဟသွေး