စစ်ပွဲတွေရဲ့နောက်ကွယ်

ခတ်ချိုစစ်ရှောင်စခန်း (Khat Cho IDPs Camp)

လပေးတဲ့အခါတုန်းကဆို ကျွန်မတို့ခွေးလိုဝက်လိုပြေးခဲ့ရတယ်။ ပစ္စည်းဆိုလို့ ဇွန်းတစ်ချောင်းတောင် ပါမ လာဘူး။ အဝတ်အစားဆို ဝတ်ထားတဲ့တစ်ထည်ပဲ။ လူလွတ်ရင်ရပြီဆိုတဲ့ ပုံစံနဲ့ပဲပြေးခဲ့ရတယ်။

တိုင်းရင်းသားအသံဝဲဝဲဖြင့် နာကြည်းစွာပြောနေတဲ့သူကတော့ အသက်အရွယ်လတ်ပိုင်း လွန်ခဲ့တဲ့ခုနစ် နှစ်ခန့်က စစ်ပွဲတွေဖြစ်လို့ နန်ဆန်ယမ်ကနေ စစ်ရှောင်လာခဲ့တဲ့ ပိန်ပိန်သွယ်သွယ်အမျိုးသမီးဖြစ်သူ တော်ဖန်အိမ်ပဲဖြစ်ပါတယ်။ သူမ စစ်ရှောင်လာခဲ့တဲ့နေ့က  ၂ဝ၁၁ ခုနှစ် ၆ လပိုင်း ၁၈ ရက်နေ့။

ခတ်ချို စစ်ဘေးရှောင်စခန်းဆိုတာ မြစ်ကြီးနားကနေ နာရီဝက်လောက်ဆက်သွားရပြီး ဝိုင်းမော်မြို့ထဲက ရွာလေး တစ်ရွာထဲမှာပါ။ ခတ်ချိုစခန်းဟာဖွင့်ထားတာ မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသတစ်ကျော့ပြန် ထိုးစစ်စတင်ချိန် လွန်ခဲ့တဲ့ ခုနစ်နှစ်ကပါ။

‘ခတ်ချိုဆိုတာ အရင်တုန်းက ကြားပဲကြားဖူးတာ။ အရင်တုန်းက တစ်ခါမှမရောက်ဖူးဘူး။ စရောက်တဲ့ အချိန်မှာ ရွာက ဒီရှမ်းရွာပေါ့နော့်။ ရှမ်းရွာဖြစ်တဲ့အခါကျတော့ ကျွန်မတို့ကသြော်.. နေစရာခိုစရာ မရှိတဲ့အခါကျတော့ ကျွန်မတို့ဇရပ် မှာပေါ့နော်’ ‘ဇရပ်မှာတည်းပါရစေဆိုပြီးတော့ပြောခဲ့ရတယ်။ ကျွန်မတို့ရောက်လာတဲ့အခါ မှာ ၇ နာရီခွဲ သွားပြီ။’

သူမ စစ်ရှောင်စခန်းကို စရောက်လာခဲ့ရတဲ့ပုံစံကို အခုလို ထပ်မံရင်ဖွင့်ပါတယ်။

‘ဇရပ်ဆိုတော့နော့ လူကြီးတွေကြည့်ပေးရှုပေးနေတဲ့ အဲ့ဇရပ်ကိုပိုင်တဲ့သူတွေ လူကြီးတွေရှိတဲ့အခါကျတော့ ကျွန်မတို့တစ်ယောက်ယောက်ကို ပြောပြီးတော့မှလည်း အဲ့မှာသွားတောင်း။ အဲ့ဇရပ်ကို တောင်းပေးတဲ့ အဘိုးလည်း အခု ဆုံးသွားပြီ။ အဲ့ဘိုးတော်ဆို အရမ်းကူညီခဲ့တယ် ကျွန်မတို့ကို။ အဲ့ ရှမ်းဘိုးတော်က။

‘အုပ်ချုပ်ရေးကို အကြောင်းကြား။ အုပ်ချုပ်ရေးက ကျွန်မတို့ကိုလာကြည့်ရှု။ လူဦးရေစာရင်းတွေ အ ကုန်လာ ကောက် ကောက်ပြီးတော့မှ ကျွန်မတို့ဇရပ်မှာတည်းခဲ့ရတယ် ဟုတ်တယ်။ အဲ့ဇရပ်မှာ သုံးလေးလ လောက်နေပြီးတော့မှ ဒီအဖွဲ့အစည်းတွေက NGO တွေရော အစိုးရဘက်က အဖွဲ့အစည်းတွေကောလာကြည့် ပေးတယ် ဟုတ်တယ်။ ‘

ဒါဟာ သူမတို့ စတင်ရောက်လာချိန်ပါ။ နောက်တော့ကော ဘာတွေဆက်ဖြစ်ကြသလဲ။

‘ဒီမှာဆို ကျွန်မတို့ ငရုတ်သီးတစ်တောင့်ကအစဝယ်စားနေရတယ်။ စာဝတ်နေရေးဆို အရမ်းကျပ်တည်းတယ်။ အ ရပ်ဘက်အဖွဲ့အစည်းတွေကလည်း ထောက်တော့ ထောက်ပံ့ပေးပါတယ်။’

ရောက်ရောက်ချင်းကတော့ တစ်အိမ်ထောင်ကို ၅ဝဝဝဝ နှုန်းထောက်ပံ့ပေးပေမဲ့ နောက်ပိုင်းဒုက္ခသည် တွေတိုး လာတဲ့အခါ တစ်အိမ်ထောင်ကို ၁၅ဝဝဝ နှုန်းပဲ ထောက်ပံ့နိုင်ပါတော့တယ်။’

စရောက်ရောက်ချင်းမှာ သူတို့အတွက် အလုပ်အကိုင်မရှိ၊ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ အရမ်းကိုခက်ခဲတဲ့ အ ကြောင်း ပြောပြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီအတိုင်းထိုင်မနေကြပါဘူး။ ခတ်ချိုကို စစ်ရှောင်လာ ပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ်ဒေသထွက်ဖြစ်တဲ့ ပယင်းကျောက်လုပ်ငန်းလေးတွေ တစ်နိုင်တစ်ပိုင်လုပ်ကြ၊ ကျောက်သယ်၊ မြေသယ်၊ ကတ္တရာပုံးထမ်း လမ်းခင်းတဲ့လုပ်ငန်းတွေလိုက်လုပ်၊ ကောက်စိုက်၊ ပျိုးနုတ်ဖြင့် တောင်သူအလုပ်တွေလိုက်လုပ်၊ ပြောင်း ချိန်ဆို ပြောင်းလေးတွေခူး၊ တရုတ်သူဌေးတွေဆီသွားပြီး ငှက်ပျောခြံစောင့်စတဲ့ အလုပ်ကြမ်း ကျပန်းအလုပ်လေးတွေကို လုပ်ကိုင်ရင်း သူတို့ရဲ့စားဝတ်နေရေးတွေကို ဖြေရှင်းခဲ့ကြရ ပါတယ်။

သူမတို့ရဲ့ စစ်ရှောင်စခန်းမှာနေနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးခက်ခဲကြောင်းကို အခုလိုပဲပြောပြပါတယ်။

‘ကျွန်မတို့ ကောက်စိုက်ချိန်ဆို ကျွန်မတို့ ကောက်စိုက်တာလေးတွေ သွားရတယ်။ စပါးရိတ်ချိန်ဆို ကျွန်မတို့ စပါး ရိတ်တာလေးတွေသွားရတယ်။ ကျောင်းသူကျောင်းသားတို့အတွက်ဆို ကျွန်မတို့ ဒီကျောင်းသား ကျောင်းသူရဲ့ ကုန်ကျစ ရိတ်ဆိုပိုပြီး တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်။ တစ်နှစ်ထက်တစ်နှစ်ဈေးလည်း အဆောင်ကြေးတွေ၊  ကျူရှင်ဈေး တွေနဲ့ အစစအရာရာ ကျွန်မတို့မှာ ပိုပြီးတော့မှများလာတယ်။ ဒါကြောင့် ကျောင်းသားဆို ပိုပြီးတော့မှခက်ခဲတယ်။’

ဒါ့အပြင် လက်ရှိတက်နေတဲ့ ကုန်ဈေးနှုန်းကလည်း သူတို့အတွက် များစွာထိခိုက်ခဲ့ကြောင်းကို အခုလိုပဲ ပြောပါတယ်။

‘ဒီကျောင်းသား အင်္ကျီလေးတွေဆို အရင်ကဈေးအဲ့လောက်မရှိဘူး။ အခုဆို လေးငါးခြောက်ထောင် ပေးဝယ်ရတယ်။ ပုဆိုးဆိုလို့ရှိရင်လည်း သုံးလေးထောင်လောက်ရှိတယ်။ နှစ်ထောင်သုံးထောင်ဆို အလယ် တန်းတို့ အထက်တန်းတို့ဆို ဝတ်လို့မရတော့ဘူး။ အဲ့ဒါတွေကြောင့်လည်း စားဝတ်နေရေးဆို ကျွန်မတို့အရမ်း ခက်ခဲ တယ်ပေါ့နော်။’

အရင်က နေထိုင်ခဲ့ရတဲ့ အိမ်ပိုင်ရာပိုင် ဘဝအကြောင်းကို အခုလိုပြောပါတယ်။

‘ကိုယ့်အိမ်ကိုယ့်ရာလို မဟုတ်တဲ့အခါကျတော့လေ ကိုယ့်အိမ်ကိုယ့်ရာဆိုတာ ကျွန်မတို့ တောင်သူလယ်သမား ပဲ။ စပါးပြီးရင် ပြောင်းလုပ်မယ်။ ကျွန်မတို့ စပါးစိုက်လိုက်ပြီဆိုရင် တစ်နှစ်ဆိုရင် စပါးပေါ်ပြီဆိုရင် တစ်နှစ်လုံးလုံးစားဖို့ ဘာမှမပူရတော့ဘူး။ ကျွန်မတို့ ဒီပြောင်းတွေလုပ်တယ်။ နော် ဒီဖရဲခင်းတွေလုပ်လိုက်တယ်။ ကျွန်မတို့ သစ်သီးဝလံတွေ စိုက်လို့်တယ်ဆိုရင် ကျွန်မတို့ရဲ့ စုဖို့လည်းရပြီ။ စားဖို့ရလည်းရပြီ။ ကျွန်မတို့ သက်သောင့်သက်သာပေါ့နော် ကျွန်မတို့ အိမ် မှာနေမယ်ဆိုလို့ရှိရင် အများကြီးကြီးပွားတိုးတက်နေပြီ။

‘အခုကျွန်မတို့ကလေ ပါလာတဲ့ပစ္စည်းလေးတွေဖြစ်တဲ့ နားကပ်လေးတွေတောင် ရောင်းစားပြီးနေရတယ်။ ပိုပြီး တော့ ကျောင်းသားလေးတွေ လိုလာပြီဆိုရင်တောင်မှ ကလေးတွေဆိုတော့ဘာမှမသိဘူး။ အမေကျောင်းက ခဏနေကျ ရင် စာအုပ်ဖိုး ခဏနေကျရင်ဘာဖိုး ညာဖိုးပေါ့နော်။ အားကစားဆိုရင် အင်္ကျီလိုလာမယ်။  အဲ့လိုနဲ့ပဲ။

အမျိုးသမီးဆိုလို့ရှိရင်တော့ စခန်းထဲမှာပဲနေနိုင်တယ်။ အမျိုးသားဆိုရင်တော့ ဟိုးအဝေးကြီးသွားအရမ်းဝေး အောင်သွားပြန်လည်း ကျွန်မတို့ကကြောက်တယ်။ ကျွန်မတို့ကကလေးတွေက လူပျိုတွေချည်းပဲ။ ကျွန်မမွေးထားတာ ဆို ရင်အခုဆို လူပျိုတွေချည်းပဲ။ အခုက ဆယ်တန်းတစ်ယောက်ပြီးသွားပြီ။ အခုတစ်ယောက်က စစ်ဖြစ်လို့ သုံးနှစ်ကျော် ကျော်မှပြန်တွေ့တယ်။ အဲ့အလတ်ကောင်။ အငယ်ဆုံးကတော့ အခုရှစ်တန်းပြန်တက်နေပြီ။

အဝေးကြီးကိုလွှတ်မယ်ဆို တချို့ တရုတ်ပြည်တို့ အခြားနိုင်ငံသွားမယ်ဆို လူကုန်ကူးခံရတာတို့နော်  ယောက်ျား လေးဆိုရင်လည်း ကဲအလုပ်သမားအရောင်းစားခံရတာတို့ အများကြီးပဲ။ အများကြီးကြားဖူးတယ်။ ကျွန်မတို့မှာ ဘယ်ဘက် သွားရမယ်ဆိုရင်လည်းကြောက်နေရတယ်နော်။ ဒီနားတစ်ဝိုက်ဆိုလို့ရှိရင်လည်းအဝေး ကြီးသွားတဲ့နယ်မြေဆိုရင်လည်း နော် ရွှေမှော်တို့ ဒီဖားကန့်ကျောက်မှော်တို့ဘာတို့ဆိုရင်လည်း ကလေးတွေက တကယ်စိုးရိမ်စရာပဲ။ လမ်းသွားရင် ဖားကန့် ဘက်ကလည်း အကုန်လုံးစစ်ဖြစ်နေတယ်ကွာ။ နေရာတကာ တနိုင်းဘက်လွှတ် မယ်ဆိုတနိုင်းကလည်း စစ်ဖြစ်နေတယ်။ အခု ကျောင်းမနေတာကတစ်ယောက်တည်းပဲ။ ကျန်တဲ့ဟာကကျောင်းနေပြီးပြီ။ အကြီးကောင်ဆိုလည်း ကျောင်းပြီးသွား ပြီ။ ကျောင်းပြီးသွားပြန်တော့လည်းကျောင်း ဆက်တက်ဖို့က ကျောင်းစားရိတ်တွေလိုဦးမယ်ကွာ။ ဒီမှာနေနေတာလေ တ အားအခက်အခဲရှိတယ်ကျွန်မတို့။ ငရုတ်သီးတစ်တောင့်လည်း ကျွန်မတို့ဝယ်စားရတယ်။ ကျွန်မတို့ ကိုယ်တိုင်စိုက်ချင် တယ်။ လုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်မတို့မြေလည်းမရှိဘူး။ မြေလွတ်လည်းမရှိဘူး။ ကျွန်မတို့လိုအပ်လာတဲ့ ဟင်းသီးဟင်း ရွက် တစ်ရွက်လေးကအစ ကန်စွန်းရွက်တစ်ရွက်ကအစ ကျွန်မတို့မှာ ဝယ်စားနေရတယ်။ ဒီမိသားစုတွေရဲ့ အခက်အခဲဆို တအား ကျွန်မတို့ အရမ်းအခက်အခဲကြုံရတယ်။

ဒါ့အပြင် ဒုက္ခရောက်နေသူကို ရေထပ်နှစ်ဆိုသလို ထပ်အလိမ်ခံရတဲ့အကြောင်းကိုလည်း အခုလိုပြောပါတယ်။

‘ကျွန်မတို့ အခု အလုပ်သမားသွားလုပ်တယ်။ ဒီငှက်ပျောခြံသွားလုပ်တယ်။ ငှက်ပျောခြံရဲ့အလိမ်လည်း ကျွန်မတို့ ခံရတယ်။ ကျွန်မတို့ အခုခြောက်ဦး။ လောပန်းတွေ လိမ်ခြင်းကြောင့် ကျွန်မတို့ ထွက်ခဲ့ရတယ်။  ဘယ်လိုလိမ်လဲဆို သဘာ ဝဘေးအန္တရာယ်တဲ့။ ငှက်ပျောကလည်းကုန်တယ်လေ။ ငှက်ပျောတွေက လေတို့်လို့လဲကုန် တဲ့အခါကျတော့ ကျွန်မတို့ အလုပ်သမားသွားလုပ်တယ်။ ခြံစောင့်သွားလုပ်တယ်။ သူတို့ရဲ့ ကိုယ်စားပေါ့နော်။ တစ်လကို ရိက္ခာဖိုးတစ်သိန်းပေးတယ်။ ဒီရိက္ခာပဲစားခိုင်းတယ်။ အဲ့ရိက္ခာဖိုးတွေ သဘာဝဘေးကြောင့်လေတိုက်ပစ်လိုက်ကော။ အကုန်လုံးလဲကုန်တယ်လေ။ အပင် ၇ဝဝဝ ကျော် ကျွန်မတို့ကယူထားတာ။ ၇ဝဝဝ ထဲကသုံးပုံမှာတစ်ပုံပဲကျန်တော့တယ်။ တစ်ပုံမှာ ငှက်ပျောရတဲ့ဟာ တွေကိုလည်း သူတို့အကုန်လုံးယူပစ်လိုက်တယ်။ ဒီလဲတဲ့ဟာတွေ ကျွန်မတို့ကို အရှုံးခံခိုင်းတယ်။ အခုကျွန်မတို့တွေထွက် လာခဲ့တယ်။ တစ်နှစ်လုံးလုံးလုပ်တာ။ ငါးပြားမှလည်းမကျန်ဘူး။ ခုတ်ရတဲ့ဟာတွေ အကုန်လုံးသူတို့ တရုတ်ပြည်ပို့လိုက် တာ သူတို့ကုမ္ပဏီနာမည်က ဆွတ်ဘွမ်။ လောပန်းနာမည်က ကျူးတဲ့ရှောက်။ အဲ့ဒါဆိုရင်လည်း ကျွန်မတို့ဘယ်လိုလုပ် ရမလဲ။ အခုအချိန်ထိ ကျွန်မတို့စိတ်ညစ်ပြီးမှလေ ဘာလုပ်စားရမလဲပေါ့။ ကျွန်မတို့တစ်တွေ တစ်ရက်လုပ်တစ်ရက်စားဆို လို့ရှိရင်လည်း ကျွန်မတို့ကအခုအလုပ်လုပ်တယ်ဆိုရင်လည်း ပုံမှန်မရှိဘူးလေနော့။ အဲ့ဒါကြောင့် ငှက်ပျောခြံဝင်လုပ်တယ်။ အလိမ်ခံရတယ်။’

ဒါဟာ တာလောကြီးဘက်က ရွာသစ်ရွာက ငှက်ပျောခြံ စိုက်ခင်းပဲဖြစ်ပါတယ်။

သူတို့ ခတ်ချိုစစ်ဘေးရှောင်ဒုက္ခသည်စခန်းကိုရောက်နေတာ ၂ဝ၁၁ ခုနှစ်ကတည်းကပါ။ ခုနစ်နှစ်ကျော်ပါပြီ။ လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်ကဒုက္ခသည်တွေကို အဆင်ပြေအောင်တောင် အစိုးရဘက်က မထားနိုင်သေးပါဘူး။ ဒါပေမဲ့ မြန်မာ့ တပ်မတော်ရဲ့ထိုးစစ်တွေ ပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာခဲ့ ကြပါတယ်။ စားဝတ်နေရေးကျပ်တည်းနေတဲ့ သူတို့ရဲ့ဒုက္ခတွေကို ဘယ်သူဖြေရှင်းပေးမှာလဲ။

ကိုယ်လုပ်သလောက်ကိုယ်စား အလိမ်ခံရခြင်းကင်းတဲ့ တစ်ချိန်က လယ်ပိုင်ယာပိုင်ဘဝကို ဘယ်သူတွေက ဖျက် ဆီးလိုက်ကြတာလဲ။ မေးခွန်းတွေများစွာနဲ့အတူ ဖြေသူမဲ့ဖြစ်နေပါတယ်။

ရှမ်းတိုင်းရင်းသူ တော်ဖန်အိမ်လိုမျိုး အခြားနေရာပေါင်းများစွာမှာ စစ်ဘေးရှောင်နေရသူတွေရဲ့ အမျိုး မျိုးသော အကျပ်အတည်းဒုက္ခတွေများစွာရှိနေပါသေးတယ်။ ၂၁ ရာစုရဲ့ ပင်လုံကို သူတို့မသိပါဘူး။ စစ်ပွဲတွေ ဖန်တီးခဲ့တာဟာ သူတို့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ပွဲတွေကြောင့် မိသားစုတွေကွဲကွာခဲ့ရတယ်။ အိမ်ပိုင်ရာပိုင်နဲ့ မိသားစုပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းဘဝရှိခဲ့ပေမဲ့ ယခုတော့ ကြားရုံသာကြားခဲ့ဖူးတဲ့ တစ်ခါမှမ ရောက်ဖူးတဲ့အရပ်ဒေသမှာ အိမ်စွန်ယာစွန့် ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေစွန့်လို့ စစ်ဘေးရှောင်ဒုက္ခသည် (IDPs) ဘဝကိုရောက်ခဲ့ရတယ်။ ၂၁ ရာစုရဲ့ ပင်လုံကိုသူ တို့မသိပါဘူး။ စစ်ပွဲတွေဖန်တီးခဲ့တာ သူတို့မဟုတ်ပါဘူး။

ဖြိုးဓန (Freelance Photographer)