စိုင်းကျော်ညွန့်နှင့်တွေ့ဆုံမေးမြန်းခြင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ်အပြီးတွင် ပြည်ထောင်စု သ ဘောတူစာချုပ် အစိတ်အပိုင်းအဖြစ်အချက် ၁၄ချက်ကို သဘောတူညီချက်ရယူနိုင်ခဲ့သည်။ အဆိုပါ ညီ လာခံနှင့်ပတ်သက်သည့် အခွင့်အလမ်းများ၊

စိန်ခေါ်မှုများနှင့် ရေရှည်အလားအလာများကို UPDJC အ တွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်သည့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအ တွင်းရေးမှူး စိုင်းကျော်ညွန့်ကို ယနေ့ခေတ်မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ ကျွန်တော်တို့ အခုလောလောဆယ်မှာ တတိယအကြိမ် ၂၁ရာစုပင်လုံ အစည်းအဝေးက ပြီးသွားပြီပေါ့။ ဘယ်လိုအချက်တွေ သဘောတူနိုင်ခဲ့ပြီး ဘာတွေအခက်အခဲဖြစ်ခဲ့ပါသလဲ။

ဖြေ။ ။ ပထမပိုင်းတော့ ဆွေးနွေးကြဖို့တင်ထားတဲ့ ခေါင်းစဉ်တွေက လူ့အခွင့်အရေးတို့ ဒီလို ဆွေးနွေးဖို့ နိုင်ငံသားအခွင့်အရေးလည်း ပါတယ်ပေါ့။  ခေါင်းစဉ်တွေအစက ညှိနှိုင်းကြတယ်ပေါ့။ ညှိနှိုင်း ရင်းနဲ့ ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်းကော်မတီအထိ တိုင်းရင်းသားလူနည်းစုအခွင့်အရေးဆိုပြီးပါတယ်။ ဒါ ပေမဲ့ နောက်ဆုံးကျတော့ UPDJC ကို တစ်ဆင့်ပြန်တင်ရတော့ ကျန်တဲ့ခေါင်းစဉ်တွေပြုတ်သွားပြီး ကျား-မ ဆိုင်ရာတန်းတူရေး ခေါင်းစဉ်တစ်ခုတည်းကိုပဲဆွေးနွေးတယ်။ အားလုံးသိတဲ့အတိုင်းနိုင်ငံ သားပြဿ နာတက်နေတာဆိုတော့ ဒါကိုမဆွေးနွေးရဲကြဘူးပေါ့။ တိုင်းရင်းသား လူနည်းစုအခွင့်အရေးဆိုပြီး ပြောပြန် တော့လည်း ကျွန်တော်တို့အတွက်တော့ ကိစ္စမရှိပါဘူး။ တချို့အတွက်တော့ ကိစ္စရှိကောင်းရှိတယ်။ လူ နည်းစုဆိုတဲ့ တိုင်းရင်းသားလူနည်းစုပေါ့။ ပြီးတော့ သူတို့မသဲကွဲတာရှိတယ်။ တိုင်းရင်းသားလူနည်းစုနဲ့ လူနည်းစုဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ တကယ်တမ်းဆွေးနွေးမှာက လူနည်းစုဖြစ်တယ်။ ဒါပေမဲ့ ဒီနိုင်ငံ မှာက တိုင်းရင်းသားပဲဖြစ်တယ်ဆိုတဲ့ တိုင်းရင်းသားလူနည်းစုကိစ္စကိုပဲ ဆွေးနွေးမှာပေါ့။ ဒါပေမဲ့ တပ်မ တော်အပါအဝင် အစိုးရဘက်က လူနည်းစုကိစ္စဆိုတာနဲ့အနောက် တံခါးဖြစ်တဲ့ ဘင်္ဂါလီ (သို့) ရိုဟင်ဂျာ ကိစ္စတွေကိုပဲ သွားသွားမြင်နေကြတယ်ပေါ့ဗျာ။ အဲဒီကိစ္စလည်း အဆင်မပြေဘူး။ မဆွေးနွေးဘူးပေါ့ဗျာ။ အခြေခံလူ့အခွင့် အရေးဆိုပြန်တော့လည်း ထိုနည်းလည်းကောင်းပဲ။ လူ့အခွင့်အရေးဆိုတာနဲ့ကို ဘယ်လို ခေါ်မလဲ ကျွန်တော်တို့ ထမင်းလုံးတစ္ဆေအခြောက်ခံရသလိုပေါ့။ အဲဒီကိစ္စတွေကိုလည်း မဆွေးနွေးရဲဘူး။ ဒါကြောင့်ဈေးဆစ်ရင်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ကျား-မဆိုင်ရာ တန်းတူရေး တစ်ခုပဲကျန်တော့တယ်။ နိုင်ငံ ရေးကာလမှာ ကျား-မဆိုင်ရာ တန်းတူညီမျှရေးကို ဆွေးနွေးတာတောင်မှပဲအတော်ကို ခက် ခက်ခဲခဲ ဆွေးနွေးရတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ကျား-မဆိုင်ရာ တန်းတူညီမျှ ရေးကို ဆွေးနွေးတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ဘက်ကတော့ Minority Rights လူနည်းစုကိစ္စတွေကိုလည်း ဆွေး နွေးတဲ့အထဲမှာမပါပေမဲ့ ကျွန်တော်တို့အထဲမှာ ဒီစကားလုံးတွေကလည်း အတော့်ကို တစ္ဆေခြောက်သလို ဖြစ်နေတယ်။ အမျိုးသမီးကိုခွဲခြားဆက်ဆံမှုမရှိရ၊ တန်းတူညီမျှမှုရှိရမည်။ တန်းတူဆိုတာပါတာနဲ့ကို Alergic ပြောရမလား နည်းနည်းလေးပုံစံ တစ်မျိုးဖြစ်နေတယ်။ ဒီဟာက ဆွေးနွေးရ တာနည်းနည်းခက် တယ်။ နောက်ပြီး ကျား-မဆိုင်ရာတန်း တူညီမျှမှုဒီအမျိုးသမီးတွေကိစ္စတွေ Gender ကိစ္စကျား-မဆိုင်ရာ ကိစ္စတွေပြောရင် ကျွန်တော်တို့နိုင်ငံကမယဉ်ပါးဘူးဖြစ်နေတယ်။ တော်တော်လေးဝေးနေတာ တွေ့ရ တယ်။ ဒီလိုဖြစ်တာလည်း ကျွန်တော်တို့နိုင်ငံက ပုရိဿဝါသဝါဒပေါ့လေ။ ယောက်ျားလွှမ်းမိုးမှုခံရတဲ့ ခေတ်နဲ့ပဲကြီးပြင်းလာခဲ့တယ်ဆိုတော့ အစုအဖွဲ့အရပဲပြောပြော၊ လူပုဂ္ဂိုလ်အရပဲပြောပြော ဒီတော်တော် များများကတော့အမျိုးသားလွှမ်းမိုးခဲ့တဲ့ပုံစံကိုပဲ စိတ်ကစွဲနေတာဆိုတော့ ခက်ခက်ခဲခဲဆွေးနွေးကြရပါ တယ်။ ဒါကို အမျိုးသမီးတွေက အရည်အချင်းရှိရင်ပါလာမယ်ပေါ့။ ဘာညာ ဒီလိုတွေပြော ကြတာတွေရှိပါ တယ်။ ဒါကတော့ နိုင်ငံရေး ပိုင်းဆိုင်ရာပေါ့။

ဒီစီးပွားရေးပိုင်းဆိုင်ရာမှာလည်း တင်သွင်းခဲ့တဲ့ အဆိုပြုချက်တွေကလည်းအများကြီးပဲ ဒီအမျိုးသား အဆင့်က တက်လာတာတွေ၊ ပြီးခဲ့တဲ့ ဒုတိယအစည်းအဝေး က ၂၁ ရာစုပင်လုံအစည်းအဝေးမှာ ကျန် နေသေးတဲ့ဟာတွေ၊ မွန်အမျိုးသားဘက်က တက်လာတာတွေ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့က တင်သွင်းတဲ့ဟာတွေ၊ ကျွန်တော်တို့ နိုင်ငံရေးအစုအဖွဲ့ဘက်ကတင်သွင်းတဲ့ စာတမ်းတွေအများကြီး ရှိတယ်။ အချက်အလက်ပေါင်း တော်တော်များများရှိ နေတဲ့အထဲမှာ လုပ်ငန်းကော်မတီဆွေးနွေး တဲ့အ ချိန်မှာ အစကတော့အချက် ၁၁ ချက်ရတယ်။ ဒါကို UPDJC မှာ ဆက်လက်ညှိနှိုင်းတဲ့အခါ တစ်ချက်ပဲ ကျန်တယ်။ UPDJC မှာ ဒီ ၁ဝချက်ကပြုတ်သွားတယ်ပေါ့။ ပြီးတော့အံသြဖို့ကောင်းတယ်။ အဲဒီ တင်သွင်း လာတဲ့ စီးပွားရေးပိုင်းမှာဆိုရင် တပ်မတော်ကပဲ သီးခြားဖြစ်နေတယ်။ ကျန် တဲ့အဖွဲ့အစည်းက အချက် ရှစ်ချက်လောက်က အစိုးရလွှတ်တော်ဘက်က သဘောတူတယ်။ နိုင်ငံရေးပါတီဘက်က သဘောတူ တယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကလည်း သဘောတူတယ်။ လေးဖွဲ့သဘောတူပြီးတော့ တပ်မ တော်ဘက်ကပဲ သဘောမတူတာပါ။ အဲ့ဒါကလည်းပြုတ်ကျကျန်ခဲ့တယ်။ အဲဒါတော့ စီးပွားရေးမှာ တစ် ချက်ပဲကျန်တယ်။ လူမှုရေးကတော့ ဝိဝါဒကွဲစရာမရှိတော့ဘူး။ အချက်အလက်အများကြီးထဲမှ သူတို့စု စည်းလိုက်တာ ကိုးချက်ရတယ်။ ကိုးချက်မှာ ခုနစ်ချက်က ဒီညီလာခံအဆင့်ထိ ရောက်လာတယ်။ ဒီမြေ ယာမှာဆိုလည်း စုစည်းလိုက်တဲ့အချိန်မှာ ငါးချက်ရတယ်။ ငါးချက်ရပေမဲ့ တကယ်တမ်းကျတော့ ပြန်ဆွေး နွေးရင်းနဲ့ နှစ်ချက်ပဲတင်တယ်။ အဲဒီတော့ ခြုံပြီးပြောရရင်ဘာဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ အခုလက် ရှိဆွေးနွေးတဲ့ ဆွေးနွေးမှုတွေကရသင့်သလောက် အချက်တွေမရရှိတာကို တွေ့နေရတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့တချို့အချက်အလက်တွေက EAO တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သဘောမတူ တာတွေရှိတယ်။ တချို့ကတော့ ဒီဘက်နိုင်ငံရေး ပါတီက သဘောမတူလို့ ဒါပေမဲ့အများအားဖြင့်ကတော့ ဒီတပ်မတော်ဘက်ကသဘောမတူလို့ ကျန်ခဲ့တဲ့ အချက်တွေကပိုများနေတယ်။ အဲဒီတော့ ဒါကဘယ် လိုဖြစ်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာမူဘောင်တွေ၊ နောက်ပြီးတော့ လုပ်ငန်းလမ်းညွှန်တွေ လည်းရှိပါတယ်။ လုပ်ငန်းကော်မတီဆို ဘယ်လိုလုပ်ရမလဲ။ UPDJC မှာ ဘယ်လို ဆုံးဖြတ်ရမလဲ။ ဒါတွေ အားလုံးကိုခြုံကြည့် လိုက်မယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းလမ်း ညွှန်တွေ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူ ဘောင်တွေမှာအားနည်းချက်ရှိနေတယ် ဆိုတဲ့သဘောကိုသွားတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမူ ဘောင်မှာဆိုရင် ဒီညီလာခံအဆင့်ဆိုရင် အစုအဖွဲ့အားလုံးသဘောတူမှ ပြည်ထောင်စုသဘောတူ စာချုပ် ဖြစ်လာမှာပါ။ အစုအဖွဲ့ဆိုတဲ့နေရာမှာလည်း ညီလာခံအဆင့်ဆိုရင် ဒီနေရာမှာ ငါးပွင့်ဆိုင်ပုံစံမျိုးဖြစ်နေ တယ်။ အစိုးရကတစ်ခု၊ လွှတ်တော်ကတစ်ခု၊ တပ်မတော်အစုအဖွဲ့တစ်ခု၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တစ်ခု၊ နိုင်ငံရေး ပါတီအစုအဖွဲ့များကတစ်ခုဆိုရင် ငါးခုပေါ့။ အဲဒီတော့ အစုဖွဲ့တစ်ခုချင်းဆီက ဗီတို တစ်ခုချင်းဆီကိုင်သလို ဖြစ်နေတယ်။ ဒါပေမဲ့နိုင်ငံရေးပါတီ ၂၃ ပါတီရှိတယ်ဆိုတော့ မတူကွဲပြားမှု တွေကလည်းရှိနေတယ်။ EAOs တိုင်းရင်းသားလက်နက်ကိုင်က လည်း လက်မှတ်ထိုးထားတာ ၁ဝဖွဲ့ဆို တော့ သူကလည်းတစ်ခါတလေကွဲပါတယ်။ အဲဒီတော့ ကျန်တဲ့အစိုးရလွှတ်တော်၊ တပ်မတော်က ဗီတို အစစ်ပါ။ တပ်မတော် ဆိုတော့ ၅ဝ ရာခိုင်နှုန်းလည်း မရှိဘူး၊ ၁ဝဝ ရာခိုင်နှုန်းလည်းမရှိဘူး၊ ဘယ်လို ရာခိုင်နှုန်းမှမရှိဘူး။ သူသဘောတူရင်တူ မတူရင်မတူဘူး တစ်ချက်လွှတ်အမိန့် အာဏာမျိုးနဲ့ ဖွဲ့စည်း ထားတာပါ။ အစိုးရကကျတော့လည်း အင်န်အယ်လ်ဒီသဘောပါ။ လွှတ်တော်လည်း အန်အယ်လ်ဒီလွှမ်း မိုးတဲ့ လွှတ်တော်ပါ။ ဒီညီလာခံကို လွှတ်လိုက်တဲ့ လွှတ်တော်ကိုယ် စားလှယ်တွေကကိုယ်စား ပြုပေါ့လေ။ လွှတ်တော်ကိုယ်စားပြု ကိုယ် စားလှယ်တွေကလည်း အများအားဖြင့် အင်န်အယ်လ်ဒီပါပဲ။ ဒီဟာက ဗီတိုလို့ပဲ ပြောရမှာပေါ့။ ဗီတိုကြီးကြီးသုံးခုနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကတော့ အတတ်နိုင်ဆုံးသူတို့ ညှိနှိုင်းကြတယ်။ ဒါပေမဲ့ ကွဲတာတော့ကွဲကြတယ်။ ထုံးစံအတိုင်းလက်နက်ကိုင်တွေကလည်း မတူကြဘူး။ ကွဲကြတယ်။ ဒီတိုင်းပဲဆက်သွား မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတော့ ဒီအဖွဲ့ အစည်း၊ အစုအဖွဲ့တစ်ခု က သဘောမတူ ရင် ကျွန်တော်တို့က သဘောတူစာချုပ်လုပ်လို့ မရပါဘူး။ အခုပွဲ မှာ ၂၁ ရာစုအစည်း အဝေး တတိယအစည်းအဝေးပွဲမှာ အကြောင်းအရာတွေက ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်တဲ့နေရာမှာ အရေး ကြီးတယ်ဆိုပေမဲ့ တကယ့် အရေးအကြီးဆုံး ကိစ္စတွေမပါခဲ့ပါဘူး။ အဲဒီဟာတွေဆွေးနွေးတဲ့ အချိန်ကျရင်တော့ ဒီလိုအစုအဖွဲ့တစ်ခု က သဘောမတူတာနဲ့ ကျန်ခဲ့မယ်ပြုခဲ့မယ် ဆိုရင် ကျွန်တော်တို့ ဘယ်အချိန်ကျမှပဲ ကျွန်တော်တို့တကယ်လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ရောက်မလဲ ပေါ့။ ဖက်ဒရယ်ရဲ့ သဘောတရားတွေက အမှန်အတိုင်းပြောရရင် ဒီမှာက ဖက်ဒရယ် ဖက်ဒရယ်လို့သာ ပြောနေကြပေမဲ့ ဖက်ဒရယ်ကို တကယ်လှိုက် လှိုက်လှဲလှဲ နားလည်တဲ့သူကရှားပါတယ်။ နောက်ပြီး တော့ ဒီဖက်ဒရယ်ပေါ်မှာလည်း ရှုမြင်ပုံခြင်းကလည်း မတူပါဘူး။ နောက်ပြီးတော့ စေတနာအရင်းခံချင်းလည်း မတူပါဘူး။ စေတနာအရင်းခံဆိုတာ တချို့ကကျွန်တော် တို့ ဒီဘက်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကဖြစ်စေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီကဖြစ်စေ ဖက်ဒရယ်ကတော့ တစ်ကယ်ကိုလိုချင်တဲ့ ပုံစံမျိုးဖြစ်တယ်။ နောက်ပြီးတော့ သူတို့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ပုံစံတွေ၊ အင်မတန်မှ ပြည် ထောင်စုနဲ့ ပြည်နယ်အဆင့်မှာ တကယ်ကို လွတ်လပ်ပြီးတော့ တည့်တည့်မတ်မတ် စည်းခြားတဲ့ ပုံစံမျိုးတွေကို ကျွန်တော်တို့လိုချင်တယ်။  ဒါပေမဲ့ အကြမ်းဖျင်းအားဖြင့် ကြည့်တဲ့အခါ တပ်မတော်ဘက်ကတော့ ကျွန် တော်တို့လိုချင်နေတဲ့ Coming together  လိုဟာမျိုးပေါ့။ ဒါက ပြည်နယ်ကနေမှ ပြည်ထောင်စုဖြစ်တယ် ဆိုတဲ့ ပုံစံထက် ဟိုဘက်ကတော့ ဖက်ဒရယ်ထဲကပုံစံတစ်ခု ပဲဖြစ်တဲ့  Decentralization ပေါ့။ ဗဟိုကနေ အာဏာအများကြီးကိုင်ရတဲ့ တချို့အာဏာလေးတွေကို ပြည်နယ်ပို့ပေးလိုက်မယ်ဆိုတဲ့ ဒီစင်ထရယ်လိုက် ဆိုတဲ့သဘောလောက်ပဲ မြင်ရတယ်ပေါ့။ နောက်တစ်ခါ ဒီဖက်ဒရယ်ကို နားလည်ပုံချင်းကမတူဘူး။ အဲဒီတော့ တကယ်လို့များ ဖက်ဒရယ်ရဲ့ တကယ့်အနှစ်သာရပိုင်းကျပြီး အနှစ်သာရရှိတဲ့ တကယ့်ကို အဓိကကျတဲ့အကြောင်းအရာ ဆွေးနွေးလာပြီဆိုရင် ဝိဝါဒတွေကွဲ စရာအများကြီးရှိမှာပါ။ ရှိပြီဆိုတဲ့အချိန် မှာ သူကဗီတိုကိုင်ထားတဲ့ အစိုးရလွှတ်တော်တပ်မတော်က သူတို့ သဘောမတူဘူးဆိုရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒီတော့ အစိုးရလွှတ်တော်က ဒီမိုကရေစီ အစိုးရလိုပဲ ပြောပြောပေါ့။ ဒါပြည် သူကရွေး ကောက်တင်မြှောက်ထားတဲ့အစိုးရပါ။ သူတို့ကိုယ်တိုင်က ဘယ်လောက်ဖက်ဒရယ် နားလည် သလဲဆိုတာ အစိုးရလွှတ်တော်ကို မေးခွန်းထုတ်စရာဖြစ်နေတယ်။ တပ်မတော်ပိုင်းမှာတော့ အထူးပြော စရာမရှိပါဘူး။ သူတို့နားလည်တယ်ဆိုရင် သူတို့ဖြစ်ချင်တဲ့ ဖက်ဒရယ်ဆိုတာလောက်ကိုပဲ ဖက်ဒရယ် ဆိုတာ Decen- tralize နောက် ဘုံအာဏာလျော့ကျတဲ့ ပုံစံလောက်ပဲဖြစ်လာနိုင်ခြေရှိတယ်။ အဲဒီ အချိန်မှာလည်း သေချာတယ်။ ကျွန်တော်တို့လိုချင်တဲ့ပုံစံ မျိုးရဖို့မလွယ်ဘူး။ ဒီအစည်းအဝေးအခင်း အကျင်း၊ ဒီညီလာခံအခင်းအကျင်း ဒီနိုင်ငံရေးဆိုင်ရာမူဘောင်ဆိုတဲ့ အခုလက်ရှိ အခင်းအကျင်းအတိုင်း တော့ ကျွန်တော်တို့ သိပ်မျှော်လင့်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဗီတိုကိုင်ထားတာကိုး။ ပြီးတော့ အဲဒါကြောင့် ဒါဘယ်လိုသဘောသက် ရောက်သွားသလဲဆိုတော့ တပ်မတော်က သဘောမတူရင် ဘာ မှလုပ်လို့မရဘူးဆိုတဲ့ ပုံစံသဘောမျိုး အခုလက်ရှိအထိ ရှိနေပါတယ်။

မေး။ ။ အဓိကက ဒီအစည်းအဝေး ပင်လုံ ၂၁ရာစုပင်လုံရဲ့ အဓိကရည်ရွယ်ချက် ကတော့ ငြိမ်းချမ်း ရေးပေါ့။ ငြိမ်းချမ်းရေး မှတစ်ဆင့် ဖက်ဒရယ် ပြည်ထောင်စုသွားမယ်ပေါ့။ အဲဒီတော့ အခုရရှိပြီးတဲ့ သ ဘောတူညီထားတဲ့ အချက်တွေဟာ ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အထောက်အကူပြုနေလဲ ထပ်ပြီး ဘယ်လောက်အထိ လိုအပ်နေသေးလဲဆို တာလေးကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ်အစိတ် အပိုင်းတစ်အဖြစ်ချုပ်ဆို ထားတဲ့ ၃၇ ချက် ရှိပါတယ်။ အခု တတိယအစည်းအ ဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းနှစ်ဖြစ်မှာပေါ့။ ဒါ ၁၄ချက်ဆိုတော့ ပေါင်း ၅၁ ချက်ဖြစ်မှာပေါ့။ အဲဒီ ၅၁ ချက်ကိုပြန်ပြီးတော့ ကြည့်မယ်ဆိုရင် အရမ်းကြီးကိုလွှမ်းခြုံနိုင်ပြီး ကျွန်တော် တို့သွားရမယ့် လာရားကိုသိပ်ပြီးညွှန် ပြနိုင်အားမကောင်းဘူး။ ပြီးခဲ့တဲ့ ၃၇ချက်ထဲမှာတော့ သူကနိုင်ငံ တော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုပြီးတော့ ပြော ထားတာတော့ရှိတယ်။ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံပြီးတော့ သွားမယ်ပေါ့။ အဲဒီအချက်ကတော့ ကျွန်တော်တို့သွားမယ်ဆိုတဲ့ပုံစံရဲ့ ယေဘု ယျသဘောကိုတွေ့ရပါ တယ်။ ဒါပေမဲ့ ကျန်တဲ့အချက်အလက် တော်တော်များများကတော့ သူက ၂ဝဝ၈ မှာလည်း အချက် အလက်တော်တော်များများပါတယ်။ အခုတတိယအစည်းအဝေးမှာ ဖြစ်လာမယ့် ပြည်ထောင်စုသဘော တူစာချုပ်အစိတ် အပိုင်းနှစ်ထဲမှာလည်း နိုင်ငံရေးအပိုင်းမှာလည်း ထွေထွေထူးထူးတော့မရှိဘူး။ ကျား/မ ဆိုင်ရာတန်းတူညီမျှမှုတော့ ရှိတယ်။ ဒါတွေအားလုံးကိုခြုံပြီးတော့ ပြောရရင် ဒီ ၅၁ချက်လုံးဟာ ကျန်တဲ့ စီးပွားရေးကဏ္ဍတို့ ဘာတို့မှာအတူတူပဲပေါ့။ ဖက်ဒရယ်ရဲ့ သဘောတရားတွေကိုထည့်ပြီး စဉ်းစားထား တဲ့အချက်တွေတော့ရှိတယ်။ လွှမ်းခြုံပြီးအားလုံးကိုပြောရရင် ကျွန်တော်တို့ရဲ့ ဖက်ဒရယ်တည်ဆောက် ရေးမှာ တကယ်လိုအပ်တဲ့ အချက်အလက်တွေ မရှိသေးဘူးလို့ပဲ ပြောရမှာဖြစ်တယ်။

မေး။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစု ကြည်ကလည်း မကြာခင်ကပြောထားတဲ့ ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ၂ဝ၂ဝ မှာအပြီးလုပ်မယ် အောင်မြင်ရမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ စကားမျိုးပြောခဲ့ တယ်ဆိုတော့ အခုလက်ရှိ ရှိနေတဲ့အချိန်အတိုင်းဆိုရင်တော့ ဖက်ဒရယ်အတွက်ရော၊ ငြိမ်းချမ်း ရေးအ တွက်ရော လက်ရှိရှိထားတဲ့ သဘောတူညီချက်တွေက ယေဘုယျပြောရရင်စော စောကပြောသလို အထောက်အကူမဖြစ်သေးဘူး အားမရသေးဘူးဆိုတော့ငြိမ်းချမ်းရေးက ၂ဝ၂ဝ အထိရောဖြစ်လာနိုင် ခြေရှိမလား။

ဖြေ။ ။ အခုတတိယအစည်းအဝေးရဲ့ ညီလာခံထုတ်ပြန်ချက်ထဲမှာလည်းပါတယ်။ ၂ဝ၁၈ မှာတစ် ကြိမ်လုပ်မယ်။ ၂ဝ၁၉မှာ နှစ်ကြိမ်လုပ်မယ်။ အဲဒီ သုံးကြိမ်ပေါင်းမှ ဖက်ဒရယ်ရဲ့ အခြေခံမူလ ကိုကျ ချင်တယ်ပြီးချင်တယ်ပေါ့။ ဒါပေမဲ့ လိုအပ်ရင်လည်း ၂ဝ၂ဝမှာလည်း အနည်းဆုံးတစ်ကြိမ်ဆက်လုပ်သွား မယ်ဆိုပြီး ညီလာခံထုတ်ပြန်ချက်ထဲမှာပါတယ်။  ဒါကိုပြန်ပြီးတော့ သုံးသပ်ရမယ်ဆိုရင် အဓိကအရေး အကြီးဆုံးက ဘာလဲဆိုတော့ Political Will ပေါ့။ နိုင်ငံရေးစိတ်ဆန္ဒပေါ့။ အဲဒါအရေးကြီးပါတယ်။ နိုင်ငံ ရေးစိတ်ဆန္ဒက အရေးကြီးတယ်ဆိုပေမဲ့လည်း ကျွန်တော်တို့ဆွေးနွေးနေကြတာ ခေါင်းစဉ် အရဆိုရင် ကဏ္ဍကြီးမှာ ငါးခုရှိတယ်။ ကဏ္ဍတစ်ခုချင်းဆီမှာ ခေါင်းစဉ် နှစ်ခု နှစ်ခုဆိုရင် ခေါင်းစဉ်ဆယ်ခုရှိတယ်။ ဒါပေမဲ့ ဖက်ဒရယ်ကို တစ်ကယ်သွားချင်တယ်ဆိုရင် ကျွန်တော်ထင်တာဆွေးနွေးရင် အများကြီး ဆွေးနွေး စရာမလိုဘူးပေါ့။ ကျွန်တော်တို့ ပင်လုံစာချုပ်ဆိုရင်လည်း အချက်ကိုးချက်ပဲရှိတယ်။ အဲဒီအချက်ကိုး ချက်ကို တကယ်ဖော်ဆောင်ရင် နောက်ဆက်တွဲအခြေခံမူဝါဒတွေ အများကြီးလုပ်လို့ရတယ်။ ဒီလိုပဲကျွန် တော်တို့က ခေါင်းစဉ်တွေအများကြီးသတ်မှတ်မယ်။ ပြီးရင် ဒီခေါင်းစဉ်တစ်ခုအောက်မှာပြောရရင် ဒီနေရာ မှာ အားနည်းချက်ကဘာလဲဆိုရင် ခေါင်းစဉ်တစ်ခုအောက်မှာ ခေါင်းစဉ်ကွဲတွေကို Scope လုပ်မထားနိုင် ဘူး။ သတ်သတ်မှတ်မှတ် ဘယ်အဆင့်အထိပဲ သွားမယ်ဆိုပြီးတော့ သတ်မှတ်ထားတာမရှိတဲ့အခါ ဆွေး နွေးတိုင်းမှာဘာဖြစ်သလဲဆိုတော့ သက်ဆိုင်ရာအစုအဖွဲ့တွေတင်လာတာ တော်တော်လေးကိုဝေးတဲ့ဟာ တွေရော တချို့ကအခြေခံမူဖြစ်တယ်။ တချို့က မူဝါဒနည်းတယ်ဖြစ်တယ်။ တချို့က တကယ့်ကို လုပ်ထုံး လုပ်နည်းအတိုင်း အကောင်အထည်ဖော်ရတဲ့အထိ ဖြစ်လာမယ်ဆိုရင် အင်မတန်ကို ကျယ်ပြန့်သွားတယ်။ မစုစည်းနိုင်ဘူးဖြစ်သွားတယ်။ အဲဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ပြီးဖို့ မလွယ်ဘူး။ တကယ့်ကိုအသေးစိတ်ကအစ သွားပြီးတော့ဆွေးနွေးနေကြတာ။ အဲဒီတော့ ကျွန်တော့်အနေနဲ့အကြံပြု လိုတာက တကယ့်ကို နိုင်ငံတည်ဆောက်ရေးအတွက် ကျွန်တော်တို့က ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုပဲခေါ်ခါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပဲခေါ်ခေါ် သွားမယ်ဆိုရင် အဓိကအချက်အလက် တွေကအချက် ၂ဝ၊ ၃ဝ မပိုဘူးထင်တယ်။ ဥပမာပြောရရင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွတ် လပ်စွာရေးဆွဲပြဋ္ဌာန်းခွင့်ရှိတယ်။ အဲဒီနောက်မှာ လုပ်ရမှာတွေ တစ်ပုံ တစ်ပင်ကြီးပဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ ရမယ် ဆိုရင်လဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘာလဲဆိုတာကို ဟိုဘက်ဒီဘက်နားလည်းအောင် ဆွေးနွေးရမယ်။ အဲဒီလိုအချက်အလက်တွေပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့သဘာဝ သယံဇာတအကြောင်းပြောရင် သဘာဝ သယံဇာတနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တို့များကြီးမလိုဘူးထင်တယ်။ စာကြောင်း ကို ငါး ကြောင်းထပ် ပိုအောင်ရေးစရာမလိုပါဘူး။ အဲဒီစာကြောင်းငါးကြောင်းကနေ စာကြောင်းတစ်ကြောင်းချင်း ဆီက တကယ့်ကိုပေါ်လစီဖြစ်အောင် ကျွန်တော်တို့ စဉ်းစားထားနိုင်မယ်ဆိုရင် ကျွန်တော်ထင်တာ ကျွန် တော်တို့ အခုလိုက်နေတဲ့သွားနေတဲ့ လမ်းကြောင်းက ပိုဝေးနေတယ်။ အသေးစိတ်ကိုဆွေးနွေးနေတော့ တကယ့် Scope ကို ကျဉ်းလိုက်နိုင်တယ်။ ပြီးရင် တကယ်အရေးကြီးပြီးတော့ အနှစ်ကျတဲ့ ဝါကျတည် ဆောက်မှုနဲ့တည်ဆောက်လိုက်မယ်ဆိုရင် ခေါင်းစဉ်တစ်ခုမှာ လွန်ရောကျွံရောတစ်ပိုဒ် နှစ်ပိုဒ်လောက် ရေးရင် ပြည့်စုံတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီလိုဖက်ကနေချဉ်း ကပ်မယ်ဆိုရင် ခုနကပြောတဲ့ ၂ဝ၁၉ မှာပြီး နိုင်မလားဆိုတော့ ပြီးနိုင်ပါတယ်။ တကယ့်ကို ဒါကလဲ ဘယ်သူတွေကသဘောတူရမလဲ ဆို High level တကယ့်ကိုထိပ်သီး State Holder တွေ ကျွန်တော်တို့နိုင်ငံရဲ့ တကယ့် အရေးအကြီးဆုံးလူ တွေ ဥပမာအားဖြင့်အစိုးရဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ တပ်မတော်ဘက်မှာ ကာချုပ်ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှာ ဘယ်သူရှိမလဲ၊ နိုင်ငံရေးပါတီမှာဘယ်သူရှိမလဲ။ ဒါက ပြောသာမ ပြောကြတာအားလုံးသိပါတယ်။ ဒီနိုင်ငံရဲ့ State Holder တွေ၊ တကယ့်မရှိမဖြစ် အရေးကြီးတဲ့ ထိပ်သီး ခေါင်းဆောင်တွေ ဘယ်သူလဲဆို တာ ၁၅ယောက်မပိုပါဘူး။ ဒီလူ ၁၅ ယောက်ဟာ ဒီနိုင်ငံရဲ့အိပ်မက်ကို တကယ့် ကိုထုဆစ်ပြီး ကျွန်တော်တို့ဒီလိုသွားမယ် သွားရမှာဒီနိုင်ငံ။ အခုအကြမ်းဖျင်းတော့ ပြောရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတာပဲဆိုတာ ငါးရာခိုင်နှုန်း အခြေခံရင်ရောရရဲ့လား၊ ၉ဝ ရာခိုင်နှုန်း အခြေခံချင်တာလား၊ ဒါက အခုလက်ရှိကျထားတဲ့ သဘောတူထားတဲ့အတိုင်းဆိုရင် သူက အခြေခံတယ်လို့ပဲပြောထားတယ်။ ဒါဆိုလည်းဟုတ်ပြီ ကျွန်တော်က ဖက်ဒရယ်ကို တကယ်ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်မယ်ဆိုရင် ဒါက ကျွန်တော်တို့သွားချင်တဲ့ပုံစံပေါ့။ ဒီဖက်ဒရယ် ကတော့ ဒီအချက်အလက်တွေပါဆိုပြီးတော့ အချက် ၂ဝထပ်မပိုဘူးထင်ပါတယ်။ အဲဒါကို တကယ့်ကို စဉ်းစားပြီး တကယ့်ကိုစေ့စပ်ညှိနှိုင်းမယ်၊ သဘောတူနိုင်မယ်ဆိုရင်၊ သဘောတူဖို့ကို ထိပ်သီးခေါင်းဆောင် တွေကသဘောတူနိုင်ရင် အဲဒီသဘောတူတဲ့အချက်ကို နောက်တစ် Level ကိုချပေးလိုက်၊ နောက်ဒုတိယ ခေါင်းဆောင်တွေကို အဲဒီအဆင့်ကိုချပေးလိုက်ပြီးတော့ သူတို့ကပေါ်လစီလို့ပြောတဲ့ မူဝါဒအဆင့်ကိုကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရင် အဲဒီဟာနဲ့ တစ်ပြိုင်တည်းမှာပဲ ဟိုပြည်သူလူထုကိုလဲ ဒီခေါင်းဆောင်တွေ သဘောတူထားတဲ့ အချက်အလက်ကို ပြည်သူတွေနားလည် အောင်တစ်ပြိုင်တည်း ရှင်းလင်းပွဲတွေကိုပါ တစ်ပြိုင်တည်းလုပ်လိုက်မယ်ဆိုရင် မြန် ဆန်သွားမယ်လို့ ကျွန်တော်မြင်မိပါတယ်။ Policy Level ကို မူဝါဒအဆင့်ထိဆွဲတဲ့ လူတွေကဆွေးနွေးညှိနှိုင်းကြတယ်။ အဓိက,ကတော့ ခုနကျွန်တော်ပြောခဲ့တဲ့ အချက် ၂ဝလောက်ကို တကယ့် Principal  တကယ့်အခြေခံမူတွေကိုပဲ ထိပ်သီးခေါင်း ဆောင်များက ဆွေးနွေးပြီးတော့ သဘောတူလိုက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဖြစ်စဉ်က ဒီထပ်ပိုမြန်သွားဖို့ရှိပါတယ်။ အဲဒါ ကြောင့်မို့ ဒါက၂ဝ၂ဝမတိုင်ခင် ၂ဝ၂ဝ ဆိုတာကလည်း ၂ဝ၁၉နဲ့ ၂ဝ၂ဝအစမှာပြီးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ပြီးတဲ့ အချိန်မှာ ဒါတွေကိုဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ လွှတ်တော်မှာတင်သွင်း ပြီးတော့မှသဘောတူရမယ့်ဟာတွေလည်း ရှိနေပါတယ်။ ပြီးရင်သဘောတူပြီးတော့ သဘော တူတဲ့အချိန် မှာ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ process  တွေ၊ လုပ်ငန်းစဉ်တွေ လဲရှိတဲ့အတွက် ဖြစ်နိုင်ရင်တော့ ၂ဝ၁၉ လောက်ပြီးမယ်ဆိုရင် တစ်ကယ်ကောင်းပါ တယ်။ ဒါပေမဲ့ ပြီးခြင်းမပြီးခြင်းက ခုနက ကျွန်တော်ပြောခဲ့တာက process လုပ်ငန်းစဉ်တွေဖြစ်ပြီး ပြီးခြင်း မပြီးခြင်းက ကျွန်တော်တို့ နိုင်ငံရဲ့ Stateholder ဖြစ်တဲ့ တပ်မတော်က တကယ်ရော ၂ဝ၁၉ မတိုင်ခင်မှာ ပြီးချင်သလား၊ အစိုးရကတော့သေချာတယ် သူကပြီးချင်တယ်။ အခုကဘာဖြစ်လာလဲဆိုရင် အပြိုင်လိုဖြစ် နေကြတယ်။ အစိုးရကပြီးအောင်လုပ်မယ်၊ တချို့မပြီးစေချင်သေးတဲ့ သူကဒါကိုနှောင့်နှေးကြန့် ကြာ အောင်လုပ်မယ်။ ဘာကြောင့်နှောင့်နှေးကြန့်ကြာအောင်လုပ်သလဲဆိုတော့ ဒီအစိုးရလက်ထက်မှာ ငြိမ်း ချမ်းရေးကြီးအောင်မြင်သွားတယ်ဆိုရင် သေချာတယ် ၂ဝ၂ဝ ကျရင် ဒါကိုအကျိုးအမြတ်အနေနဲ့ ပြီး မြောက်အောင်လုပ်နိုင်တဲ့ အဖွဲ့အစည်းက အစိုးရအဖြစ်ဆက်လက်ပြီးတည်ရှိနိုင်မယ်ပေါ့။ အဲဒီလို ဖြစ်လာ တော့ ၂ဝ၂ဝလည်း နီးလာရော ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက ဘာဖြစ်လာလဲဆိုတော့ ရွေးကောက်ပွဲအတွက် Campaign တစ်ခုလိုဖြစ်လာတယ်။ သြော် ဒါကိုငါပြီးအောင်လုပ်နိုင်မလား။ သြော် နောက်အစိုးရဖြစ်နိုင်မလား။ ဟာမဖြစ်ချင်သေးဘူး။ နောက်တစ်ခါ လက်ရှိအစိုးရမဖြစ်အောင် ငါတို့အရင် အစိုးရဖြစ်ဖူးတဲ့သူက အစိုးရဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပုံသဏ္ဌာန်တွေရောလားတဲ့ အချိန်မှာ၊ ဒါကြောင့် ကျွန်တော်ပြောတာ Political will နိုင်ငံရေးစိတ်ဆန္ဒပေါ့။ တကယ် ဒီတိုင်းပြည်အတွက်ကို တကယ် လုပ်ချင်သလားပေါ့။ ဒီ ၂ဝ၁၉မှာအပြီးပေါ့။ လုပ်ချင်စိတ်ရှိရင် ပြီးအောင်လုပ်လို့ရတယ်။ ပြီးရင် ဆွေးနွေး ညှိနှိုင်းတဲ့နေရာမှာလည်း အကန့်အသတ်တွေပေါ့လေ။ အကန့် အသတ်တွေဆိုတဲ့နေရာမှာ NCA လက် မှတ်ထိုးမှာလား။ NCA မထိုးသေးရင်မရသေးဘူးပေါ့။ ဒီအခင်းအကျင်းထဲဝင်လာလို့မရဘူးဆိုတဲ့ ဒီကန့် သတ်မှုတွေကိုရော ဘယ်လိုဖြည်မလဲ။ ဒါမှမဟုတ်ရင် တကယ့်ကို ဒီလိုပုံစံသွားမယ်။ ဒီလိုလမ်းကြောင်း အတိုင်းသွားပါ့မယ်။ ဒါတွေဆွေးနွေးပါမယ် ဆိုပြီးတော့ တကယ့်ကိုညှိနှိုင်းလိုက်နိုင်မယ် ဆိုရင်ဖြင့် NCA မထိုးသေးတဲ့ လူတွေက လည်းကြည့်ပြီး ဒါဖြစ်နိုင်ခြေအင်မတန် ကောင်းမွန်တယ်။ ဒါဖြစ်နိုင်ခြေရှိတယ်။ ငါတို့အတွက်လည်းအာမခံချက်ရှိတယ်လို့ ယုံကြည်တယ်ဆိုရင် သူတို့လည်း ဒီအခင်း အကျင်းတစ်ခုထဲမှာ ဝိုင်းပြီးလာစုမယ်ဆိုတဲ့ သဘောရှိပါတယ်။ အခုဘာဖြစ်လာသလဲ ဆိုတော့ ဒီအခင်းအကျင်းထဲကိုလာဖို့ အတွက်ကြည့်နေတယ်။ အရင်သွားတဲ့ သူကဘယ်လိုလဲပေါ့။ အရင်သွားတဲ့သူကို ချောင်ပိတ်ပြီးတော့ရိုက် နေတာဆိုတော့ ငါတို့လည်းသွား အရိုက်ခံနေရမယ့်သဘော ရှိနေတယ်။ ဒါမှ မဟုတ်မဖြစ်ဘူး ဒီမျှတတဲ့ အခင်းအကျင်းတစ်ခုဖြစ်အောင် ငါတို့ဘယ်လိုဖန်တီးမလဲ။ ဒါလွန်ဆွဲမှုတွေလဲဖြစ်မှာပါ။ လွန်ဆွဲမှုတွေ ဖြစ် တယ်ဆိုရင် သူတို့က လည်း စောင့်ကြည့်မှာပါ။ NCA ဆိုတာကတော့ ရှင်းရှင်းပြောရရင် နှစ်ပိုင်းစဉ်းစားရ မှာဖြစ်တယ်။ တစ်ပိုင်းက Single Text  ပေါ့။ NCA ထဲမှာလည်းရေးထားတဲ့ စားသားက တစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက NCA အပေါ် အခြေခံပြီး အကောင်အထည် ဖော်နေတဲ့ ညီလာခံလုပ်ငန်းတွေ၊ တွေ့ဆုံ ဆွေးနွေးပွဲတွေ၊ ပြီးတော့ ဒီ NCA အပေါ် အခြေခံတဲ့ နိုင်ငံရေးမူဘောင်တွေ ရေးဆွဲထားတာတွေ အဲဒီ တော့ ဒီနိုင်ငံရေးမူဘောင်ကစပြီး ပြန်လည်သုံးသပ်ဖို့လိုတယ်ပေါ့။ အဲဒီအပိုင်းကိုလည်း အစိုးရဘက်က သဘောတူထားတာရှိပါတယ်။ ဒီညီလာခံ ပြီးပြီ။ ကျွန်တော်တို့ စက်တင်ဘာလလောက် မှာတွေ့ပြီးတော့ အဖွဲ့စုံပေါင်းပြီးတော့ သုံးသပ်မယ်ပေါ့။ ဒီကြားထဲမှာ သက်ဆိုင်ရာအစုအဖွဲ့နဲ့ ကြိုပြီးတော့ သုံးသပ်ထား ကြပေါ့။ ဒီညီလာခံ အခင်းအကျင်းရော၊ ဒီနိုင်ငံရေးဆိုင်ရာ မူဘောင်ရောပေါ့။ အဲဒီတော့ ဒီအခင်းအကျင်း တစ်ခုလုံးကို ကျွန်တော်တို့တကယ် ဒီထက်ကောင်းအောင် ပြင်သွားနိုင်မယ်ဆိုရင်။ အခုက နည်းနည်းရှုပ် ထွေးနေတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ အဆင့်တွေကအရမ်းများပြီးတော့ အတော် ကိုရှုပ်ထွေးနေတယ်။ ဒီထဲမှာ နှိုက်နှိုက်ချွတ်ချွတ်မရှိနေတဲ့သူက ငြိမ်းချမ်းရေးကို တကယ်လေ့လာတဲ့ အချိန်မှာ မျက်စေ့လည်သွားတယ်။ နောက်တစ်ခါ ဒီဟာကို ပိုပြီး ရိုးရှင်းအောင်လုပ်မယ်။ လုံးဝထိ ရောက် တဲ့ပုံစံဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့ သုံးသပ်ဖို့လည်းရှိပါတယ်။ အဲဒီလိုသာ တကယ် သုံးသပ်လို့ ဒီအတိုင်းသွားပါ့မယ်ဆိုရင် ပြောနိုင်မယ် ဆိုရင်တော့ဖြင့် လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းနဲ့ မျှတတဲ့ ကစားကွင်းတစ်ခုကို၊ ဒါအခင်းအကျင်းတစ်ခုကို စီစဉ်ဆောင်ရွက် နိုင်မယ်ဆိုရင်ဖြင့် ကျန်တဲ့အ ဖွဲ့အစည်းတေ၊ွ လက်ရှိ NCA မထိုးတဲ့ အခြားအခြားသော အဖွဲ့အစည်းတွေကလည်း ဒီပေါ်မှာကြည့် ပြီး မဆိုးဘူးဆိုရင် ဒါဖြစ်လာနိုင်ခြေရှိပြီး အရှေ့ကို တိုးသွားနိုင်ခြေရှိလာနိုင်ပါတယ်။

မေး။ ။ စောစောကပြောသလိုပေါ့ မူဝါဒရှင်းရှင်းလင်းလင်းရှိတဲ့ မူဝါဒအတိုင်း သွားမယ်ဆိုရင် အခု လောလောဆယ်ရှိနေ တဲ့ NCA မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေလည်း ဒီ NCA မူ ဘောင်ထဲကိုဝင်လာနိုင်တဲ့ အခြေအနေရှိတယ်ပေါ့။ လောလောဆယ်ပြောနေကြတာကလည်း အခုလော လောဆယ် လုပ်ကိုင်နေသလိုမျိုးပဲ အကြိမ်ကြိမ်တွေ့ဆုံနေပြီး အကြိမ်ကြိမ်စကားတွေပြော၊ အကြိမ်ကြိမ ညှိနှိုင်းရင်းနဲ့လည်း ဖြစ်နိုင်တယ်ဆိုတဲ့ဟာကရော စောစောကပြောတဲ့ မူဝါဒနဲ့သွားမှဖြစ်မယ်။ နီးစပ်နိုင် မယ်၊ လွယ်ကူမယ်၊ ရှင်းလင်းမယ်။ ဆိုတာနဲ့ဘယ်လိုမျိုးကွာ ခြားချက်များ ရှိနိုင်မလဲ။

ဖြေ။ ။ အဲဒီတော့ ဒီအပိုင်းကိုပြောရ မယ်ဆိုတော့တွေ့ကြမယ်၊ ဆုံကြမယ် informal ပေါ့။ အလုပ်သ ဘောတွေတွေ့ကြတယ်။ အလုပ်သဘောကတော့ များများ တွေ့လေကောင်းလေပါပဲ။ အလွတ်သဘော မဟုတ်ဘဲနဲ့  Formal ပေါ့။ တရားဝင်အစည်း အဝေးတွေကျရင် ဘာဖြစ်လာလဲဆိုတော့ အားလုံးကွ Recording လုပ်ထားတယ်။ ပြောတဲ့ စကားလုံးတိုင်း တစ်ခုတိုင်း တစ်ခုတိုင်းက ကိုယ့်အဖွဲ့အစည်းရဲ့ အာဘော်ဖြစ်တယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ဒါပေမဲ့ informal အလွတ် သဘောဆွေးနွေး ပွဲ တိုင်းမှာ သူကတစ်ခါတလေကျတော့လည်း စီစဉ်တဲ့လူတွေပေါ်မူတည်ပြီး အလွတ်သဘောတွေ့ကြတယ်၊ စားကြ သောက်ကြပြောကြတယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာရှိတာကို ကျွန်တော်ကဒီလိုဒီလိုရှိတယ်။ ကျွန်တော်က ခင်ဗျားတို့မယုံတာ ဒီလိုဆိုပြီး တကယ့်ပွင့်ပွင့်လင်းလင်းစကားတွေကို ပြောလို့ရတယ်။ ခင် ဗျားတို့က ဒီလို ဒီလိုလုပ်လို့ ကျွန်တော်တို့က ဒီလိုမကျေနပ်ဖူးတို့ဘာတို့ပေါ့။ အားလုံးကို ပြောလို့ရတယ်။ ဒါပေမဲ့ ဒီအင်ဖော်မယ်တွေက တကယ်တမ်း ခဏခဏတွေ့ရင် အင်မတန်ကောင်းပါတယ်။ ဒါဟိုဘက်ဒီ ဘက် စိုးရိမ်ချက်တွေကိုသိရတယ်။ သူကပြဿနာကိုလည်းသိရမယ်။ အခု formal တွေ formal တွေ ချည်းပဲလုပ်တယ်ဆိုရင် သူကသေချာတယ် သက်ဆိုင်ရာအဖွဲ့အစည်းက သူ့ရဲ့ အနောက်က လူကြီးပေါ့။ လူကြီးတွေရဲ့မှာ ကြားချက်ကို ဒါမှမဟုတ် ပါးလာတဲ့ သတင်းစကားတို့၊ ယူလာတဲ့သဘောထား တွေ လောက်ကိုကျော်ပြီး တစ်ခုမှမပြောရဲဘူး။ ပြောပြီးပြန်သွားရင်လည်း ဒါသူမှားတာပဲ။ ဒါပေမဲ့ informal မှာ ကျတော့ သူက ဒါကိုပြောတယ်ဆိုပေမဲ့ ဖြစ်နိုင်ခြေကို နည်းနည်းပိုရှာလို့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ မဟုတ်ဘူး ခင်ဗျားတို့ ပြောနေတာဒီလိုဒီလိုပေါ့လေ။ ဟိုဘက်ဒီ ဘက်စေ့စပ်ညှိနှိုင်းမှုက ပိုပြီးတော့လွယ်ကူတယ်။ ဒါဆိုဖြစ်နိုင်ခြေကိုရှာပြီးတော့ ဒါလေးတော့မဆိုးဘူး။ ခင်ဗျားတို့ဘက် လည်း လက်ခံနိုင်ခြေရှိတယ်။ ကျွန်တော်တို့ဘက်လည်း လက်ခံနိုင်ခြေရှိတယ်ဆိုရင် လူကြီးတွေကို ပြန်တင်ပြ မယ်ပေါ့။ အခုက formal  အစည်းအဝေးမှာက ဘယ်သူမှ ဘယ်သူ့ကိုမလျှော့ကြဘူး။ ဘယ်လိုခေါ် မလဲ ဆွေးနွေးတာက ဆွေးနွေးတာမဟုတ် ဘဲနဲ့ကိုယ့် Position  ကိုရပ်တည်ချက်ကို လာပြီးတော့ ဖော်ပြတဲ့ ပုံစံလောက်ပဲရှိနေ တယ်ဆိုရင် အဆင်မပြေပါဘူး။ အဲဒီတော့ အလွတ်သဘောတွေ့ဆုံမှုတွေအများကြီး လုပ်ဖို့လိုတယ်။ ပြီးရင်ပြဿနာကို ပြဿနာလို့လက်ခံနိုင်ဖို့လိုတယ်။ တချို့က ပြဿနာမရှိဘူးပဲလုပ်ချင် တယ်။ မဟုတ်ဘူး။ နှစ်ပေါင်း ၇ဝလောက်က ပြဿနာလည်း နက်နက်ရှိုင်းရှိုင်းရှိတယ်။ အဲဒါကိုလည်း ပြောရမယ်။ ဒါကိုပြော၊ ချရေး။ ဒါကို ပြဿနာကို ပြဿနာလို့လက်ခံ။ အဲဒါကျမှပဲ ပြဿနာဖြစ်မှာပဲ သူက အနာ ရှိရင်ဆေးရှိမှာပေါ့။ ဟုတ်ပြီး ဒါက အနာ ဖြစ်တယ်။ ဒါဆိုရင် ကုသတဲ့ နည်းလမ်းရှာရ အောင်ဆိုတဲ့ ပုံစံနဲ့ချဉ်းကပ်တယ်ဆိုတဲ့ ပုံစံနဲ့ဆိုရင်လွယ်ကူတယ်။ အဲဒါကြောင့်မို့ ခဏခဏတွေ့ရမယ်ဆိုတာလည်း မှန်တယ်။ နောက်ပြီးတော့ ဒီလက်ရှိစီစဉ်ထားတဲ့ အတိုင်းသွားရင်လည်းရလားဆိုတဲ့ တကယ်လို့ ဟိုဘက် ဒီဘက်ယုံကြည်မှုရှိလာရင် မူတွေဘောင်တွေတောင်မလိုဘူး။ ဒီလိုဒီ လိုချရေးလိုက်တယ်။ ဒါကိုအားလုံး သဘောတူတယ်။ သဘောတူတယ်ဆိုတဲ့ consensus ကိုရနိုင်တယ်ဆိုတဲ့ အဲဒီလို ဟိုဘက်ဒီဘက် ယုံကြည်မှုမရှိရင် ဘာဖြစ်လာလဲဆိုတော့ မူဘောင်ရေးတဲ့အခါမှာ ကျွန်တော်ပြောခဲ့ တဲ့ Mandate  ကိုင်ထားတဲ့ Veto ကိုင်ထား တယ်ပေါ့လေ။ ဟာ သဘောမတူတဲ့ဟာ တစ်ချက်တက်လာတယ်။ ဟာ ဒါမရဘူး။ No သွား။ ဟိုဘက်ကလည်းမရဘူး။ ဒီဘက်ကလည်းမရဘူး။ ဒါကပိုဝေးတယ်။ အဲဒီတော့ နီးနီးကပ်ကပ်ရှိဖို့တော့ လိုတယ်။ ယုံကြည်မှုရှိဖို့လိုတယ်။ ဟိုဘက်ဒီဘက် နားလည်လာဖို့လိုတယ်။ ပြီးရင် ဒီတိုင်းပြည် ကိုတကယ်တည်ဆောက်ချင်တဲ့ နိုင်ငံရေး စိတ်ဆန္ဒရှိဖို့လိုတယ်။

မေး။ ။ စောစောကပြောတဲ့စကားထဲ မှာဆိုရင် အောက်ခြေအဆင့်ဆင့်အထိ တကယ့် နိုင်ငံရေး ခေါင်းဆောင်တွေမဟုတ်ဘဲ အောက်ခြေမှာရှိတဲ့ အဖွဲ့အစည်းတွေအချင်းချင်းတွေ့ဆုံတဲ့ အလွတ်သ ဘော informal ပဲဖြစ်ဖြစ် formal ပဲဖြစ်ဖြစ် တွေ့လိုက်ရတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောနိုင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း formal တွေ့တဲ့အချိန်ကျရင် အဆင်မပြေ ဘူးပေါ့။ အဲဒီလိုတွေရှိတယ်။ ဒါပေမဲ့ တစ်ခုက အဲဒီလိုမျိုးအောက်ခြေမှာ informal တွေ့သလိုမျိုး တကယ့်ထိပ် သီးတွေကရော အဲဒီလိုမျိုး တွေ့မယ်ဆိုရင်ရော ဖြစ်နိုင်ခြေရှိမလား။ အောက်ခြေကလို မျိုးပေါ့။ ခဏခဏ ထိပ်သီးတွေအချင်းချင်း informal ပဲဖြစ်ဖြစ် တွေ့ဆုံပြီးတော့ စကားပြောရင်ရော ပိုလွယ်နိုင်မလား။ အဲဒီကိစ္စ ဘယ်လိုယူဆပါ သလဲ။

ဖြေ။ ။ ထိပ်သီးတွေအချင်းချင်းက တော့ informal တွေ့သင်ပါတယ်။ တွေ့ သင့်တယ်ဆိုပေမဲ့ ဒီ informal အကြာကြီးတော့မရဘူး။ သူက informal တွေ့ လိုက်တယ်။ တစ်ကြိမ်တွေ့တယ်။ နှစ်ကြိမ် တွေ့တယ်။ ဒါမှမဟုတ်ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ကို အရင်ယူတယ်။ ပြီးဟိုဘက်ဒီ ဘက်နား လည်မှုတွေ တည်ဆောက်ကြတယ်။ ဒါအမြဲ တမ်းပဲဖြစ်နေလို့မရဘူး။ နောက်ဆုံး နှစ်ကြိမ်သုံးကြိမ်လောက်တွေ့ ပြီးပြီဆိုရင် အရေးကြီးတာကို လုပ်ဖို့လိုတယ်။ ခုနက ကျွန်တော်ပြောသလို ဒီနိုင်ငံမှာဒီလို တည် ဆောက် ကြမယ်။ သဘောတူလား။ သဘောတူတယ်ဆိုရင်ဟုတ်ပြီ။ ကျွန်တော် တို့ပြောနေတဲ့ ဒီမိုကရေစီဖက်ဒ ရယ်ပြောတာပြောနေကြတယ်။ တကယ်လုပ်ကြမလားပေါ့။ ဒီစကားလုံး တစ်လုံးလောက်ပဲ တကယ်ကျ အောင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလုပ်မယ်။ သဘောတူညီမှုရ မယ်။ နောက်တစ်ဆင့်သွားမယ်။ ဒါဆိုရင် ကျွန်တော်တို့ပြောတဲ့နေရာမှာ ဘယ်လို ပုံသဏ္ဌာန်အထိသွားမယ်ဆိုတဲ့ ဟာကို ကျွန်တော်ပြောခဲ့ တဲ့ အချက် ၂ဝ လောက်ကို ပြုစုထားဖို့လိုတယ်။ ဒီတစ်နိုင်ငံလုံးလွှမ်းခြုံ အောင်ဘယ်လိုလုပ်မလဲပေါ့။ အဲဒီဟာကိုပြု စုပြီး ဆွေးနွေးကြမယ်။ ဒါဆိုရင် ဆွေးနွေးပွဲ က ၁ဝကြိမ်မကျော်ခင်ပြီးသွားနိုင်ခြေရှိ တယ်။ ခဏခဏတွေ့မယ်ဆိုရင်ပြီးတယ်။ လုပ်ချင်ရင် ခြောက်လလောက်နဲ့လည်းပြီးတယ်။ တစ်နှစ်အတွင်း လည်းပြီးတယ်။ ဒီနိုင်ငံရေး စိတ်ဆန္ဒတာရှိကြမယ်ဆိုရင် ဒီတိုင်းပြည်ရဲ့ တကယ့်တိုင်း ပြည်ဘယ်လို တည်ဆောက်မလဲဆိုတဲ့စိတ်ဆန္ဒပေါ့။ စိတ်ဆန္ဒအပြင် နောက်တစ်ခုက ကျွန်တော်တို့ ဒီခေါင်းဆောင်ကြီး တွေ အပါအဝင်၊ အဖွဲ့အစည်းတွေအားလုံးမှာ ပျောက်နေတာ တစ်ခုရှိတယ်။ ဒီနိုင်ငံကို ဘယ်လိုမြင် ချင်သလဲဆိုတဲ့ဟာ အခုက ပဋိပက္ခဘာလို့ဖြစ်နေလဲဆိုရင် လက်ရှိအပေါ်မှာသွားပြီးတော့ အခြေစိုက်မိနေ တာကို စဉ်းစားချက်တွေက လက်ရှိအထိကို အခြေခံစဉ်းစားနေတယ်။ ခံခဲ့ရတဲ့သူကလည်း သူတို့ခံခဲ့ရတဲ့ အကြောင်းကိုပြောနေတယ်။ ဒီကလူကလည်း သူအုပ်ချုပ်မင်းလုပ်နေတော့ ဒီကိစ္စကိုလက် လွှတ်မ ခံ ချင်လို့ပြောနေတယ်။ ကျွန်တော်က လက်ရှိကို လာဆွေးနွေးသလိုဖြစ်နေတယ်။ လက်ရှိရဲ့ ပြဿနာတွေ ဖြေရှင်းဖို့ဖြစ်နေတယ်။ တကယ်တမ်းတော့မဟုတ်ဘူး။ ကျွန်တော် တို့ အတိတ်က အကြောင်းအရာတွေ၊ အရင်းခံပြဿနာတွေ၊ ပြီးရင် ဒီထပ်ပိုပြီး တော့ကောင်းတာက ကျွန်တော်တို့ ၂ဝ၃ဝ လား၊ ၂ဝ၄ဝလား၊ ၂ဝ၅ဝလား၊ နောက်အကြမ်းဖျဉ်းကတော့ ဒီနိုင်ငံကို ဘယ်လိုမျိုးနိုင်ငံမြင် ချင်သလဲ။ ကျွန်တော်တို့ကို ဒီကမ္ဘာကဘယ်လိုမျိုးမြင်စေချင်သလဲ။ အဲဒီတော့ ကျွန်တော်ပြောနေကျ ဒီပြည်ထောင်စုအိပ်မက်ကို ရှိမှသာလျှင် ဒီပြည်ထောင်စုအိပ်မက်ကို ငါတို့ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့သွားရင် ဒီပြဿနာတွေက အရေးမပါတော့ဘူး။ ရေတိုကိုမစဉ်းစားခိုင်း တာမဟုတ်ဘူး။ ရေတိုကတော့စဉ်းစားရ မယ်ဆိုပေမဲ့ ရေရှည်မှာသွားရမယ့် ပြည်ထောင်စုငြိမ်း ချမ်းရေးတည်ဆောက်ရေး Nation Building, State Building ပေါ့လေ။ တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံ တည်ဆောက်ရေးအားလုံးကို ပေါင်း စဉ်းစားပြီးတော့ ငါတို့နိုင်ငံကတော့ ဒီပုံစံ ဖြစ်ကိုဖြစ်ရမယ်။ ဒီအဆင့်အထိရောက် အောင် ကမ္ဘာကငါတို့ကို ဒီလိုမြင်ရမယ်ပေါ့။ အဲဒီလိုပုံစံရည်မှန်းချက်နဲ့သာ သွားပြီးတော့ ရည်မှန်းချက်ဘယ်လို အကောင်အထည် ဖော်မလဲ အပိုင်းလိုက်အဆင့်လိုက်ဆက်ပြီးချလိုက်မယ်ဆိုရင် အခုလိုအချင်းချင်းစကား များစရာသိပ်မရှိ ဘူး။ အခုဟာက အချင်းချင်းမရဘူးဆိုတာ ရေတိုမှာငါက မင်းကိုနိုင်ချင်တယ်။ မင်းက ငါ့ကိုနိုင်ချင်တယ် ဆိုတဲ့ ကိစ္စရှိတဲ့အတွက်ကြောင့်မို့ ပဋိပက္ခဖြစ်တာပါ။ အဲဒါကိုကျော်လွှားနိုင်ဖို့ ကျော်လွှားဖို့လိုတယ်။ အဲဒီ ဟာတွေကို ကျော်လွှားနိုင်ဖို့ကလည်း တကယ့်ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ ထိပ်သီးခေါင်းဆောင်တွေကျမှပဲ အဲဒီ ကိစ္စကိုဆုံးဖြတ်နိုင်မယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။

မေး။ ။အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွတ်ပြောစရာများရှိပါသလဲဆရာ။

အဲဒီတော့ ကျွန်တော်တို့ဒီငြိမ်းချမ်းရေးကိုတည်ဆောက်နေတယ်ပေါ့။ ဒီဘက်နိုင်ငံ ရေးစကားပြောနေ တယ်ဆိုတဲ့အချိန်မှာ တစ်ခုမကောင်းတာဘာလဲဆိုတော့ တိုက်ပွဲတွေဖော်ဆောင်နေတာပါပဲ။ ဒီမှာ ငြိမ်းချမ်းရေးစကားပြောနေတဲ့အချိန်မှာ တကယ် ပြည်သူတွေ စစ်ဘေးတွေပြေးနေရတယ်။ စစ်ဘေးတွေ ရှောင်နေရတယ်။ IDP တွေ ဖြစ်နေတယ်။ Refugee တွေဖြစ်နေတယ်။ ဒုက္ခသည်စခန်းမှာရှိနေတယ်။ အဲဒီလိုတွေမဖြစ်အောင် ကျွန်တော်တို့ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့အချိန်မှာ  တိုက်ပွဲတွေ အား လုံးကိုရပ်တန့်ပေးပါ။ တားဆီးပေးဖို့ အင်မတန်အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ (ကျေးဇူးတင်ပါတယ်ခင်ဗျား)

 

အယ်ဒီတာ