ဉီးအောင်မျိုးမင်း (ညီမျှခြင်းမြန်မာဒါရိုက်တာ)နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြု လူနာ-၃၂၉၉ ဦး၊ သေဆုံးလူနာ ၃၂ဦးအထိ ရှိလာနေပြီဖြစ်သည်။ ကိုဗစ် ၁၉ကူးစက်ခံရ သည့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရန်ကုန်တိုင်းသည် ကူးစက်ခံရမှုအများဆုံး ဖြစ်နိုင်ရန်အတွက် ရန်ကုန်တိုင်း အတွင်း ရှိမြို့နယ် ၂၈မြို့နယ်ကို မလိုအပ်ပါက အပြင်မထွက်ရ အမိန့်ထုတ်ပြန်ကာ စည်း ကမ်းသတ်မှတ်ချက်များဖြင့် နေထိုင်ရန် အစိုးရက ဆော်သြထားသည်။
ရောဂါပိုးကူးစက်မှုမြင့်တတ်လာသည်နှင့်အတူ ပြည်သူများအကြားတွင် အကြောက်တရားများ ဖိစီးလာခဲ့သည်။ သို့ရာတွင် ရောဂါမကူးစက်ရန် ကာကွယ်နေထိုင်ရမည့် စည်းကမ်းများကိုလိုက်နာရန်ထက် မိမိတို့ အနီးအနားတွင် ရောဂါကူးစက်ခံရသူတွေ့ရှိ ပါက အစိုးရိမ်လွန်ကဲခြင်း၊ ထိုသူ၏ နေထိုင်သွားလာမှုကို အဆိုးမြင်စိတ်ဖြင့်တုံ့ပြန်ခြင်း၊ ရန်သူသဖွယ်ဆက်ဆံခြင်းများကိုတွေ့ မြင်လာရသည်။

ထို့အပြင် ကျန်းမာရေးအဖွဲ့အစည်းများ ကချမှတ်ထားသည့် ကာကွယ်ရေးစည်း မျည်းများကို လိုက်နာရေးထက် နေအိမ်၊ လမ်း၊ ရပ်ရွာများကို အတင်းအကျပ်ပိတ်ဆို့ တားဆီးခြင်း၊ အပြန်အလှန်အပြစ်ဖို့ခြင်းများဖြင့် လူ့အဖွဲ့အစည်းအတွင်း ပဋိပက်္ခများ ပေါ်ပေါက်လာခဲ့သည်။ အဆိုပါအခြေအနေ များနှင့်ပတ်သက်၍ Equality Myanmar မှ Director ဦးအောင်မျိုးမင်းအား ယနေ့ ခေတ်မှ ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြထားပါသည်။

မေး။ ။ ကွာရင်တင်းဝင်ရမယ့်သူတွေကို အနီးပတ်ဝန်းကျင်ကလူတွေက စိုးရိမ်စိတ်ကြောက်စိတ်တွေနဲ့သတိထား ဆက်ဆံတာတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ပြီး ဆိုရှယ်မီဒီယာအပေါ်ဖြန့် ဝေနေတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးလိုပါသလဲ။
ဖြေ။ ။ ပထမဦးဆုံးကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေက ဘယ်ကနေဘယ်လို ကူးမှန်းမသိတဲ့အတွက် အကြောက်တရား အရမ်းကြီးလာတယ်။ အကြောက်တရား အရမ်းကြီးတဲ့အခါမှာ သူကူးမလား၊ ကိုယ်ကူးမလားဆိုတဲ့ စိတ်တွေနဲ့ သံသယတွေကြီးလာတယ်။ အဲ့လိုမျိုးအခြေနေမှာ ကိုဗစ်ရှိလားမရှိလား Positive ဖြစ်လား၊ မဖြစ်လား မသိဘဲနဲ့ Contact လောက်ကိုပဲ လိုက်ပြီးတော့ သယ်ဆောင်တဲ့အခါမှာ တစ်ချို့လူတွေတွေက ဒီအပေါ်မှာ စိုးရိမ်စိတ်ကြီး ပြီးတော့ ကြောက်ရွှံတဲ့စိတ်တွေ ဖြစ်ပေါ်လာတယ်။ အဲ့ဒီရဲ့ နောက်ပိုင်းရိုက်ခတ်မှုက ဘာလဲဆိုတော့ သူတို့ကို ကျွန်တော်တို့က လက်မခံချင်တဲ့ကိစ်္စတွေ ဒါတွေဖြစ်လာခြင်းက အမှန်တော့ မဖြစ်သင့်တဲ့ကိစ်္စတစ်ခုပါ။ အမှန်တော့ ကူးစက်နိုင်တဲ့သူကို ဖြစ်လာလို့ ရှိရင် မကူးစက်အောင်လုပ်ပြီးတော့ သူ့ကိုအားပေးဖို့ ဖြစ်ရမယ့် ကာလမှာ အခုလိုမျိုး အကြောက်တရားနဲ့ ဝိုင်းပြီးတော့ကန့် သတ်တဲ့ဟာတွေ ဖြစ်လာခြင်းက လုံး၀ မဖြစ်သင့်ဘူး။ နောက်တစ်ခုက အခုဘာ ဖြစ်လာလဲဆိုတော့ လူနာရဲ့ Privacy လို့ခေါ်တဲ့ ပုဂ်္ဂလိကအပိုင်းကိုပါ ထိခိုက်လာတယ်။ ဒီလူတစ်ယောက်က ပိုးရှိ လားမရှိ လားမသိခင် လာရောက်ခေါ်ဆောင် ကတည်းက ဆိုရှယ်မီဒီယာမှာတင်ကြတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကို ပြစ်ဒဏ်ပေးတဲ့ ဟာမျိုး သူ့ကိုဝိုင်းပြီးတော့ နှိမ်ချပြီးတော့ ရန်လိုတဲ့ကိစ်္စမျိုး လုပ်တဲ့အချိန်မှာ ဒါက ပြောရမယ်ဆိုရင် သူ့ရဲ့ပုဂ်္ဂလိကအကြောင်း အရာကိုလည်းထိခိုက်စေတယ်။ နောက်ပြီးတော့ သူ့အပေါ်မှာမလိုလားအပ်သော မုန်းတီးမှုကိုလည်း ဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မို့လို့ ဒါမျိုးလုပ်ဆောင်မှုတွေကို မလုပ်သင့်ဘူးလို့ ပြောချင်တယ်။

မေး။ ။ လတ်တလောဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကာကွယ်ရေးအတွက် lockdown ချထားတဲ့နေရာတွေမှာ စိုးရိမ် စိတ်လွန်ကဲပြီး လမ်းပိတ်လူစိမ်းအဝင်မခံတာတွေနဲ့ပတ်သက်ပြီး ကောင်ကျိုးဆိုးပြစ်ကိုပြောပြပေးပါ။ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ ။ ကောင်းတာတစ်ခုကတော့ကိုဗစ်နဲ့ပတ်သက်ပြီးလူတွေက အသိတရားရှိလာတယ်။ ကြောက်လန့်လာတဲ့ အတွက် လိုအပ်သလို အကာကွယ်ယူကြတဲ့စိတ်ကိုတော့ ချီးကျူးပါတယ်။ ဒါပေမယ့်ဒီလိုမျိုးလုပ်ဆောင်တဲ့အချိန်မှာ အနားတခြား ဆေး တခြားဖြစ်မှာမျိုး စိုးရိမ်မိတယ်။ လမ်းတွေ ပိတ်ခြင်းက ကိုဗစ်ကိုအမှန်တကယ် ကာ ကွယ်နိုင်မှာမဟုတ်ဘူး။ ကိုဗစ်ကိုကာကွယ် နိုင်တဲ့တစ်ခုက အပြင်သွားလို့ရှိရင်Mask တပ်တာရယ်။ ကိုယ့်ကိုယ် သန့်ရှင်းအောင် လုပ်တာရယ်၊ ကျန်းမာရေးကောင်းအောင်နေထိုင်ပြီးတော့တွန်းလှန်ဖို့ လုပ်တာမျိုးပေါ့။ ဒါပေမယ့် အကြောက်တရားကြောင့် မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘဲ လမ်းတွေပိတ်ခြင်းက ကျွန်တော်တို့ ကိုဗစ်ကြောင့် မသေဘဲ လူတွေမှာ ငတ်ပြတ်ပြီးတော့ သေနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ စိုးရိမ် စိတ်ကြီးပြီးတော့ အမှန်တိုင်း မကာကွယ် နိုင်ဘဲနဲ့ တခြားနည်းတွေနဲ့ ကျော်လွှားထွက်တဲ့ကိစ်္စတွေဖြစ်နေတယ်။ ဒါမျိုးကိစ်္စမျိုးက အမှန်တော့ ပိုပြီးတော့ကူးစက်နိုင်တဲ့လမ်း ကြောင်းကို တစ်နည်းတစ်ဖုံနဲ့ ပြန်ပို့ဆောင်နေတဲ့သဘောမျိုးဖြစ်ပါတယ်။ အကြောက်လည်း မလွန်ဖို့လိုအပ်သလို မကြောက်ဘဲလည်း နေလို့မရဘူး။ ဒါကြောင့်မို့ တားဆီးမယ်ဆိုရင်လည်း အမှန်တကယ်တားဆီးနိုင် မယ့်နည်းလမ်းတွေကို ရှာဖွေပြီးတော့ စနစ်တကျတားဆီးတဲ့ ပုံစံမျိုးနဲ့ဖြစ်သင့်တယ်။ အကုန်လုံးထွက်ပေါက်တွေ၊ ဝင်ပေါက်တွေ အကုန်ပိတ်ခြင်းက လူထုအတွက်တခြားသောဆိုးကျိုးကိုဖြစ်စေပြီး ကိုဗစ်ကိုအမှန် တကယ်ကာကွယ်နိုင်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။

မေး။ ။ အခုလိုအချိန်မှာ ခွဲခြားဆက်ဆံတယ်လို့ မခံစားရအောင် ဘယ်လိုစီမံခန့်ခွဲသင့်ပါသလဲ။ ဒါမှမဟုတ် လူတွေရဲ့အမူအကျင့်ကိုပဲ ပြောင်းလဲရမလား။
ဖြေ။ ။ တကယ်ကိုရင်ဆိုင်ဖို့အတွက်ကတော့ နှစ်ခုအရေးကြီးပါတယ်။ တစ်ခုကတော့ အစိုးရကိုယ်တိုင်က မှန်ကန်တဲ့ နည်းလမ်းတွေနဲ့စနစ်တကျ စီမံဆောင်ရွက်ပြီးတော့ အသိပေးတာမျိုးဖြစ်ပါလိမ့်မယ်။ အခုဟာက ကျွန်တော်တို့မှာ မလိုလားအပ်ဘဲ Lockdown တွေလုပ်ဆောင်နေတဲ့ကိစ်္စတွေ၊ နောက်တစ်ခါ ဘာမှမဟုတ်သေးဘဲနဲ့ အကုန်လုံး Quarantine စင်တာကိုခေါ်ပြီး Quarantine ဝင်ခိုင်းတဲ့ကိစ်္စတွေက လူတွေကို ပိုပြီးတော့ စိုးရိမ်စိတ် ကြီးစေပါတယ်။ လိုအပ်မှသာ Quarantine ကိုခေါ်ပြီးတော့ Lockdown လုပ်တဲ့ကိစ်္စမျိုးဖြစ်ဖို့ အစိုးရ ကိုယ်တိုင်က တိတိကျကျပြဌာန်းထားပေးဖို့ လိုအပ်ပါတယ်။ ဒီအမိန့်ကို တာဝန်ရှိတဲ့ အုပ်ချုပ်ရေးတွေကော၊ ကျန်းမာရေးကရော၊ ပြည်သူလူထုကလည်း သိရှိမှလိုက်နာနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက လူတွေကိုယ်တိုင်က ဒီဟာကို အကြောက်လွန်ပြီးတော့ သူတလူ၊ ငါတစ်မင်းကြိုက်တဲ့အမိန့်တွေ ထုတ်ပြန်တာလည်း မဖြစ်သင့်ပါဘူး။ လိုအပ်လို့ တားဆီးတယ် ပိတ်ပင်တယ်ဆိုတာ လိုအပ်သလိုပဲ ဖြစ်သင့်တယ်။ စိတ်ထင်တိုင်းလုပ်ဆောင်တဲ့ သူ့တစ်လမ်းတစ်မျိုး၊ ဒီဘက်တစ်လမ်း တစ်မျိုးပုံစံသူတလူ၊ ငါတစ်မင်း မဖြစ်ဖို့အတွက် ဒါကိုလည်း ပြည်သူလူထုက အသိတရားရှိဖို့ လိုအပ်ပါတယ်။ နှစ်ခုလုံး အစိုးရဘက်က ရှင်းလင်းဖို့ လိုအပ်သလို ပြည်သူလူထုကလည်း ဒါကို လိုအပ်တာထက် ပိုပြီး အမိန့်တွေ မထုတ်ပြန်ဖို့ လိုအပ်တာ ထက်ပိုပြီးတော့ ဥပဒေတွေ၊ ကိုယ့်ရဲ့လမ်းစည်းကမ်းတွေကို မလုပ်ဆောင်မိဖို့ နှစ်ဖက်စလုံးက အရေးကြီးတယ်လို့ ယူဆပါတယ်။

မေး။ ။ ရောဂါကာကွယ်ရေးအတွက် ဒီအချိန်မှာ အရေးတကြီး လုပ်ဆောင်သင့်တဲ့ အရာတွေကဘာတွေဖြစ်ပါမလဲ။
ဖြေ။ ။ ပထမဦးဆုံးတော့ ဒီလိုမျိုးကိစ်္စပတ်သက်တဲ့အကြောင်းအရာ အားလုံးကတော့ ဘာကြောင့်ကူးစက်သလဲဆိုတာ သိထားပြီးသားပါ။ ဒါကို ကိုယ့်ဆီကထပ်ပြီး မကူးဖို့အတွက် တာဝန်သိလာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ အထူးသဖြင့် ဒီလိုမျိုးသံသယရှိတဲ့လူတွေကိုယ်တိုင်က သွားတော့သတင်းပေးပို့ပြီးတော့ Q Centre ဝင်ရမှာမဟုတ်ပဲ အိမ်မှာ အသိတရားနဲ့ နေထိုင်တာမျိုးဖြစ်ဖို့အတွက် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အခုဟာက ဘာလဲဆိုတော့ ကျွန်တော်တို့ဘက်က Qurantine ဝင်ခိုင်းတဲ့အခါမှာ တရားခံဖမ်းသလို၊ နောက်တစ်ခါ ထောင်ချသလို ပုံစံမျိုးနဲ့ လုပ် ဆောင်တဲ့အတွက် လူတွေက အကြောက်တရားကြီးကြတယ်။ Qurantine ဝင်တယ်ဆိုတာ ထောင်ချတာမဟုတ်ဘူး။ အပြစ်ဒဏ် ပေးတာမဟုတ်ဘူး၊ တစ်ကယ်လို့ အိမ်မှာနေပြီးတော့ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ သဘောတရားမျိုးဖြစ်အောင် ကျွန်တော်တို့ ကရှင်းရှင်းလင်းလင်း၊ မှန်မှန်ကန်ကန် အသိပေးဖို့ လိုအပ်ပါတယ်။ နောက်ထပ် တစ်ခုကတော့ ကျွန်တောတို့ ဖြစ်နိုင်တဲ့ ကိစ်္စတွေရှိပါတယ်၊ ဒီလိုမျိုးဖြစ်နိုင်တဲ့ ကိစ်္စတစ်ခုကို မှန်ကန်တဲ့ အသိပညာပေးပြီးတော့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ၊ နောက်တစ်ခါ သာမိုမီတာတိုင်းရုံနဲ့ ကိုဗစ်ကို မကာ ကွယ်နိုင်ဘူး။ အဲ့ဒါကြောင့် ကိုယ်အပူချိန်တိုင်းပြီးတော့ ကိုဗစ်ကိုကာကွယ်မယ်ဆိုတော့ ကိုဗစ်ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေကို အစိုးရကိုယ်တိုင်ကလည်း ခွင့်မပြုဖို့၊ ဒါတွေလည်း မလုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ နောက်တစ်ခါ ရွေးကောက်ပွဲကာလ ဖြစ်လာပြီ။ ကျွန်တော်တို့က အောင်နိုင်ရေးဆိုတဲ့ ပုံစံမျိုးနဲ့ လူတွေစုတဲ့ ကိစ်္စမျိုးကလည်း ကိုဗစ်ကို အလိုလိုနေရင်း ပြန့်ပွားအောင် လုပ်ဆောင်နိုင်တာဖြစ်တဲ့အတွက် ကိုယ့်ပါတီအောင်နိုင်ရေး တစ်ခုတည်း ကြည့်ပြီး လုပ်ဆောင်တာမဟုတ်ပဲနဲ့ ပြည်သူ့ကျန်းမာရေးကိုလည်း သတိထားနိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပါတီတွေကိုရော ပါတီထောက်ခံသူတွေကော၊ နောက်တစ်ခါ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေသူတွေရော သိရှိပြီး လိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့တာဖြစ်အောင် ဥပဒေထုတ်ရုံမကပဲ ဥပဒေရဲ့ စည်းနှောင်မှုအားနဲ့ ဥပဒေလည်ပတ်မှုကိစ်္စဖြစ်အောင် အားလုံး လုပ်ဆောင်ပေးဖို့အတွက် တိုက်တွန်းလို ပါတယ်။

မေး။ ။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်ခုနက ပြောခဲ့သလိုပါပဲ။ ကိုဗစ်ဆိုတာ ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တဲ့အတွက် ကြောက်လန့်ဖို့ လိုအပ်ပါတယ်။ သတိထားဖို့ လိုအပ်ပါတယ်။ မကြောက်ပဲ နေလို့မရသလို မကြောက်လို့ အားလုံးကို ငါဘာငါ ဖြစ်ချင်ရာဖြစ်ဆိုပြီး Maskတွေ မတပ်ပဲသွားတဲ့ ကိစ်္စမျိုးမဖြစ်ဖို့ လိုအပ်သလို၊ ကြောက်လန့်လွန်းအားကြီးလို့ အကုန်လုံးကို ဖြစ်နိုင်တဲ့သူတွေရော၊ မဖြစ်နိုင်တဲ့ လူတွေရော အကုန်လုံးကြောက်လန့်တဲ့အရာမဖြစ်ဖို့ လိုအပ်ပါတယ်။ အကြောက် ကြီးတဲ့အတွက် ဥပဒေကြောင့် ဥပါဒါန် မဖြစ်ဖို့အတွက် ဒါကိုလည်း ပြောချင်ပါတယ်။ နောက်တစ်ခုက ကိုဗစ်ကာလနဲ့ပတ် သက်ပြီးတော့ ကျွန်တော်တို့ အမုန်းတရားတွေ အရမ်းကို တိုက်ခိုက်နေတာတွေ ရှိလာပါတယ်။ ပထမဦးဆုံးကတော့ ပြည်ပပြန်တွေ တိုက်ခိုက်တယ်။ ရခိုင်တွေကိုတိုက်ခိုက်တယ်။ ဘာသာရေးအဖွဲ့တွေ တိုက်ခိုက်တယ်။ နိုင်ငံရေးပါတီတွေကို စပြီး တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ကိုဗစ်ကို တွန်းလှန်ဖို့အတွက် ဝိုင်းဝန်းညီညွတ်ကြပါ။ အမုန်းတရားနဲ့ ထပ်ပြီးတော့ တိုက်ခိုက်တဲ့သဘော မျိုးမဖြစ်ဖို့အတွက် သတိပေးချင်ပါတယ်။

အက်(စ်)အမ်အေ