တရုတ္ရဲ႕ခ်င္မင္းဆက္က ေပးတ့ဲ ညီညြတ္ေရး သင္ခန္းစာ

 

Unicode Font

“သမိုင်းအရကော လူ့ယဉ်ကျေးမှု အရပါ အစဉ်အလာကြီးခဲ့သည့် တရုတ်မှာ ၁၉ ရာစုအတွင်း ခေတ်သစ်နိုင်ငံတော်အဖြစ် တည်ထောင်နိုင်မှု မရှိဘဲ ပဒေသရာဇ် အဆင့်တွင် ကျန်ရစ်နေစဉ် တရုတ်နိုင်ငံမှာ ကမ္ဘာ့ အနောက်နှင့် အရှေ့ဘက်မှ နိုင်ငံပေါင်းစုံ၏ ဝိုင်းဝန်း စွက်ဖက်မှုကို ခံခဲ့ရကာ တပြည်နယ် နှင့် တပြည်နယ် ၊ တဒေသနှင့် တဒေသ အုပ်ချုပ်သည့် ကိုလိုနီအစိုးရ မတူသည့် အဆင့်အထိ ဖရဲသီးစိပ်လို အစိပ်စိပ် အမွှာမွှာ ဖြစ်ဖူးသည့် ခါးသီးသည့် သမိုင်းအတွေ့အကြုံ ရှိခဲ့ဖူးသည်။”

 

(က) ရီးရဲယ်လစ်ဇ် တရုတ် နဲ့ အမျိုးသား အကျိုးစီးပွား အဓိက ဝါဒ

နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ အစဉ်အလာ သီအိုရီကြီး ၃ ခု ရှိသည်ဟု ဆိုကြသည်။ ရီးရဲယ်လစ်ဇင် ၊ လစ်ဘရယ်လစ်ဇင် နှင့် အိုင်ဒီယာယ်လစ်ဇင်

ရီးရဲယ်လစ်ဇ်က နိုင်ငံများအကြား အာဏာခွဲဝေမှု အပြောင်းအလဲကို အဓိကထား Focus   ဦးတည်သည်။ ကျင့်ဝတ် တန်ဖိုးဆိုသည်ထက် အကျိုးစီးပွား အထူးသဖြင့် နိုင်ငံ့အကျိုးစီးပွား အဓိက ဝါဒဟု ဆိုနိုင်သည်။ လစ်ဘရယ် လစ်ဇင်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ၊ ဒီမိုကရေစီ တိုးတက်ရေးကို အဓိက ဦးတည်ကာ အိုင်ဒီယယ်လစ်ဇင်က နိုင်ငံတကာ တရားမျှတမှု ၊ နိုင်ငံများ၏ အချုပ်အခြာအာဏာ ၊ အခြေခံ ရပိုင်ခွင့်စသော စံနှုန်းများကို ဖြစ်ပေါ်ပြောင်းလဲနေမှုအပေါ် ဖြန့်ကျက်ရယူလေ့လာသည်။ အထူးသဖြင့် အကျိုးစီးပွား ၊ တန်ဖိုးတို့ထက် အိုင်ဒီယာ ရေစီးကို အခြေခံသည့် သီအိုရီ ဖြစ်သည်။

ထင်ရှားသည့် ရီးရဲယ်လစ်ဇ် သမားများမှာ ဂျာမန် အဓိပတိ ဗစ်စမတ် ၊ အမေရိကန် သံတမန်ဟောင်း ကစ်ဆင်းဂျား နိုင်ငံအနေဖြင့်မူ တရုတ် ဟူ၍ တွေ့နိုင်သည်။

၉/၁၁ အရေးအခင်းနောက်ပိုင်း ကမ္ဘာ့အခင်းအကျင်းတွင် အထက်ဖော်ပြပါ သီအိုရီ ၃ ခုနှင့် မလုံလောက်တော့ပဲ သီအိုရီအမျိုးမျိုးကို ပေါင်းစပ် ကျင့်သုံးမှုများ ရှိလာသည်။

သို့နှင့်တိုင် ယခုခေတ်ကာလအချိန်အထိ ရီးရဲယ်လ်စ်ဇ် ဟု ပြောလိုက်လျှင် တရုတ်နိုင်ငံကိုသာ ပြေးမြင်ကြမှာ ဖြစ်ပြီး လက်ရှိအချိန်အထိလည်း တရုတ်က ယင်း သီအိုရီကို ကျင့်သုံးနေပါသည်။

ဟန်းမော်ဂန်သာအဆိုအရ နိုင်ငံတကာဆက်ဆံရေးဆိုသည်မှာ မိမိအမျိုးသားရေးအကျိုးစီးပွားအပေါ် ဗဟိုပြု လှုပ်ရှားကြသော နိုင်ငံများအကြား ပါဝါပြိုင်ပွဲ ပင်ဖြစ်သည်ဟုဆိုသည်။ လက်တွေ့ဖြစ်ရပ်များအပေါ် အမြင်ရှင်းရှင်း ကြည့်မြင်နိုင်သည့် နိုင်ငံများအနေဖြင့် မိမိတို့အချင်းချင်းအကြား အပြန်အလှန်ချမှတ်ထားသော အန္တရာယ်များကို လျှော့ချနိုင်သည်နှင့်အမျှ  စစ်ပွဲများလျှော့ချနိုင်မည် လျော့ပါးသက်သာစေမည်ဟု ခံယူသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ ဥပဒေဆိုသည်ကို အားကိုး၍ မဖြစ်။ နိုင်ငံအစိုးရများသည်သာ အဓိက အယူအဆတွင် မိမိ၏ စစ်ပါဝါကို ညာလက်သီးအဖြစ် လည်းကောင်း၊ သံခင်းတမန်ခင်း ဒီပလိုမေစီကို ဘယ်လက်သီးဖြင့် လည်းကောင်း ဟန်ချက်ညီညီ အသုံးချကာ နိုင်ငံတကာ ပါဝါပြိုင်ပွဲတွင် ဝင်နွှဲရမည်ဟု ဟောသည်။ နိုင်ငံတကာဆက်ဆံရေးဗျူဟာမှာ အင်အားချိန်ခွာလျှာ ညီမျှရေး ဖြစ်သည်ဟု ဆိုသည်။

အမေရိကန် နိုင်ငံသည်ပင်လျှင် စစ်အေးခေတ်တလျှောက် ရီးရဲယ်လ်စ်ဇင်ကို အသုံးပြုခဲ့ပြီး နိုင်ငံတကာ ပါဝါပြိုင်ပွဲ အခင်းအကျင်းကို ကစားခဲ့သည်ဟု ဆိုနိုင်ပါသည်။

ရီးရဲယ်လစ်ဇင်မှာ စိန်ခေါ်ချက်များ အားနည်းချက်များ ရှိသည့်တိုင် တရုတ်နိုင်ငံမှာ စီးပွားရေး စူပါ ပါဝါဖြစ်အောင်တည်ဆောက်ရင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများထဲသို့ ဝင်ဆန့်နိုင်အောင် ကြိုးပမ်းသည်။ နောက်ပိုင်းကာလတွင် ဖွံ့ဖြိုးဆဲကာလများကဲ့သို့ ပြည်တွင်းတွင်သာ ကစားသည့် မူဝါဒမျိုးမဟုတ်ဘဲ အပြန်အလှန် အကျိုးစီးပွားမျှဝေရေး ခေါင်းစဉ်ဖြင့် နိုင်ငံတကာ တိုင်းပြည်များနှင့် BRIရပ်ဝန်းတခု လမ်းကြောင်းတကြောင်း စီမံကိန်းကို အကောင်ထည်ဖော်လာပြီး ကမ္ဘာ့အစီအစဉ် သစ်ကို အကောင်ထည်ဖော်ရန် ကြိုးပမ်းလာပါသည်။ တဘက်တွင်လည်း စစ်အင်အားကို ဖြည်းဖြည်းမှန်မှန် ခိုင်ခိုင်မာမာ တည် ဆောက်နေပြီး အမေရိကန်နှင့် ထိပ်တိုက်တွေ့မည် အန္တရယ်များကို သတိကြီးကြီး ရှောင်ရှားနိုင်ခဲ့သည်သာ။

နိုင်ငံတကာ အဖွဲ့အစည်းများအား ဦးဆောင်ပါဝင်မှုကြောင့် မူလသရုပ်မှန်ဝါဒမှာ အပြည့်အ၀ မထင်ဟပ်တော့သည့်တိုင် တရုတ်မှာ ယင်းအယူအဆကို ကိုင်စွဲနေဆဲဖြစ်ပါသည်။

 

(ခ) ချင်မင်းဆက်က ရခဲ့သည့် ခါးသီးသည့် အတွေ့အကြုံနှင့် သရုပ်မှန်ဝါဒ

အဓိက ဇာတ်ဆောင် မှာ နိုင်ငံတော် အစိုးရဖြစ်သည့် သရုပ်မှန် ဝါဒကို အခြေပြုခြင်းတွင် ကွန်မြူနစ်ပါတီက မိဘသဖွယ်ပင် ဖြစ်ပါသည်။

တရုတ်အနေဖြင့် ရီးရဲယ်လစ်ဇ်အယူအဆ ကျင့်သုံးအောင်မြင်နေမှုတွင် အဓိကကျသည့် အခြေခံ အကြောင်းအရာတရပ်မှာ ပြည်တွင်းတွင် နိုင်ငံတော် တည်ဆောက်ရေး အောင်မြင်မှုကြောင့်လည်း ဖြစ်ပါသည်။

လူမှုဘဝလုံခြုံရေး ၊ အချုပ်အခြာအာဏာ ၊ ပြည်သူအတွက် ဝန်ဆောင်မှုတို့ကို နိုင်ငံတော်က နိုင်ငံနယ်နိမိတ် နေရာအားလုံးတွင် ဝန်ဆောင်နေနိုင်မှုကလည်း အထောက်အပံ့ဖြစ်စေသလို ကွန်ဖြုးရှပ်ဝါဒ အခြေခံ လူမှုသဟဇာတ ဖြစ်ရေးမူဝါဒကို မတူညီတဲ့ လူမျိုးစုတွေအကြား ကျင့်သုံးစေတဲ့အတွက်လည်း ဝီဂါလိုဒေသမှအပ ကျန်ဒေသတွေမှာ လူမှု့အသိုင်းအဝိုင်းအဖွဲ့အစည်းအကြား သဟဇာတရှိရှိ အခင်းအကျင်းတရပ် ဖန်တီးပေးထားနိုင်ခြင်းဖြစ်သည်။ ချုပ်ပြောရမည်ဆိုရင် နိုင်ငံတွင်း နိုင်ငံတော် တည်ဆောက်မှုကို ကွန်မြူနစ်ပါတီ ဦးဆောင်မှုဖြင့် စုစုစည်းစည်း အလုပ်လုပ်နိုင်နေခြင်းပင်။ ကွန်ဖြူးရှပ်၏ အယူအဆဖြစ်သော တိုင်းပြည်ပေါ် ပြည်သူတွေ ယုံကြည်မှု ကင်းမဲ့သွားရင် ပျက်စီးပြိုကွဲသွားနိုင်တယ်ဆိုသည့် တိုင်းပြည် တည်ငြိမ်ရေးအတွက် အလိုအပ်ဆုံးအချက်ကို အမြဲသတိထားလေ့ရှိသည်ဟု ဆိုနိုင်သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင်မူ အမျိုးသား အကျိုးစီးပွား အခြေခံပြီး ဆက်ဆံမှု ၊ အထူးသဖြင့် အနောက်နိုင်ငံကြီးများနှင့် ပတ်သက်လျှင် သတိထားမှုများမှာ သူ့ သမိုင်းနှင့်သူဟု ဆိုရပေမည်။

သမိုင်းအရကော လူ့ယဉ်ကျေးမှု အရပါ အစဉ်အလာကြီးခဲ့သည့် တရုတ်မှာ ၁၉ ရာစုအတွင်း ခေတ်သစ်နိုင်ငံတော်အဖြစ် တည်ထောင်နိုင်မှု မရှိဘဲ ပဒေသရာဇ် အဆင့်တွင် ကျန်ရစ်နေစဉ် တရုတ်နိုင်ငံမှာ ကမ္ဘာ့ အနောက်နှင့် အရှေ့ဘက်မှ နိုင်ငံပေါင်းစုံ၏ ဝိုင်းဝန်း စွက်ဖက်မှုကို ခံခဲ့ရကာ တပြည်နယ် နှင့် တပြည်နယ် ၊ တဒေသနှင့် တဒေသ အုပ်ချုပ်သည့် ကိုလိုနီအစိုးရ မတူသည့် အဆင့်အထိ ဖရဲသီးစိပ်လို အစိပ်စိပ် အမွှာမွှာ ဖြစ်ဖူးသည့် ခါးသီးသည့် သမိုင်းအတွေ့အကြုံ ရှိခဲ့ဖူးသည်။

အမှန်စင်စစ် ရှေးခေတ်တရုတ်ပြည်မှာ ယဉ်ကျေးမှုအရကော တီထွင်ဖန်တီးနိုင်စွမ်းအရပ ခေါတ်ပြိုင်အခြား ကမ္ဘာအရပ်ရပ်မှ နိုင်ငံများထက် များစွာ စောခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဥပမာအားဖြင့် မှန် ၊ စက္ကူ ၊ ဖယောင်း ၊ အိမ်အမိုး အုတ်ကြွပ် ၊ ယမ်းအသုံးပြုခြင်း ၊ အုတ်များဖြင့် နေအိမ်တည်ဆောက်မှု ၊ ပိုးထည်အပါအဝင် အထည်လိပ်ကုန်သွယ်မှုလုပ်ငန်းတို့မှာ အခြား ရှေးခေတ်ဘုရင့်နိုင်ငံများ မဖွံ့ဖြိုးမှီ ကာလကတည်းက တရုတ်ပြည်တွင် ရှိနေခဲ့ပြီးဖြစ်သည်။ အက္ခရာစာပေ က အစ ၊ ရိုးရာ ဆေးကုသရေး နှင့် ယဉ်ကျေးမှု အဆုံးအမများ ၊ ကွန်ဖြူးရှပ် ဒဿန ၊ ဝန်ထမ်းအရာရှိများအား စာမေးပွဲစနစ်ဖြင့် ရွေးချယ်မှု  စသဖြင့်ပင်။ လိပ် အခွံတွင် စာစတင်ရေးသည့် အထောက်အထားမှတ်တမ်းများအရ တရုတ်စာမှာ နှစ် ၅၀၀၀ ခန့် သက်တမ်း ရှိပြီဟု ဆိုနိုင်သလို မီးသဘောၤမဟုတ်သည့် ကုန်သွယ်ရေကြောင်းနှင့် ရေတပ် အခြံအရံဖြင့် တခြားနိုင်ငံများသို့ သွားရောက်ကုန်သွယ်မှုမှာ ဥရောပနိုင်ငံများထက် များစွာစောခဲ့ပါသည်။  မာကိုပိုလို တရုတ်ရောက်ပြီး နှစ် ၂၀၀ ကာလတွင် ကမ္ဘာမှာ ကုန်သွယ်ရေကြောင်းသွားလာမှု အမြင့်ဆုံးနိုင်ငံမှာ တရုတ်ဖြစ်ခဲ့သည်။

သို့သော်မင် မင်းဆက် ၁၄ ရာစုနှောင်းပိုင်းမှစ၍ ကုန်သည်ရေကြောင်း လုပ်ငန်းစဉ်များ ရပ်နားလိုက်ပြီး ယင်းကဲ့သို့ နိုင်ငံတကာနှင့် ကုန်သွယ်မှုမှာ အုပ်ချုပ်သူများအတွက် ပြင်ပရန်စွယ် ခြိမ်းခြောက်မှုများ သယ်ဆောင်လာနိုင်သည် ဆိုသည့် အယူအဆကြောင့်ပင်။ သို့ကြောင့် အပြန်အလှန်ကုန်သွယ်မှုများ ရေကြောင်းကုန်သွယ်မှုနှင့် နယ်မြေရှာဖွေမှုများမှတဆင့် ခေတ်သစ်နိုင်ငံတော်များ တည်ဆောက်လာသည့် ဥရောပနိုင်ငံများ အရှိန်အဟုန်နှင့် တိုးတက်လာချိန်တွင် တရုတ်မှာ အစဉ်အလာ ပဒေသရာဇ် နိုင်ငံအဖြစ်သာ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။

ပဒေသရာဇ် စီးပွားရေးမျိုးဖြစ်သည့်အတွက် တိုင်းသူပြည်သားများမှာလည်း ဥစ္စာဓန ခွဲေ၀ ရယူနိုင်စွမ်း ၊ ရှာဖွေသိုမှီးနိုင်စွမ်း နှင့် အတတ်ပညာတို့မှာ လောက်လောက်လားလားမရှိလှပါ။

အမေရိကန် သဘောၤများ ဂျပန်ကမ်းခြေသို့ လာဆိုက်ချိန်တွင် အစဉ်အလာ ကံချွေးချ စနစ်ဖြင့် ရပ်တည်နေသည့် ဂျပန်မှာ လန့်နိုးခဲ့ပြီး မီဂျီ ပြုပြင်ပြောင်းလဲရေးကို စွမ်းဆောင်ရန် တွန်းအားဖြစ်စေခဲ့သော်လည်း တရုတ်နိုင်ငံမှာမူ ယင်းကဲ့သို့ မဖြစ်ခဲ့ပေ။

နိုင်ငံတကာ ဆက်ဆံရေးအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံမှု ဖြတ်တောက်ခဲ့ပြီး ရှိရင်းစွဲ အခြေအနေအပေါ် သာယာမှုများကြောင့် ကိုလိုနီ နယ်မြေသစ်ရှာသည့် အနောက်နိုင်ငံများ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာချိန်အထိ မန်ချူးမင်းဆက်မှာ မည်သို့မည်ပုံ အပြန်အလှန်ဆက်ဆံရမှန်း မသိခဲ့ချေ။

ထုတ်ကုန်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း မရှိသည့် တရုတ်မှာ နိုင်ငံကြီးများ သူ့တိုင်းပြည်အတွင်း ဝင်ရောက်လာသည့်အခါ အလူးအလဲ ခံနေရပေတော့သည်။ မန်ချူးမင်းဆက်မှာ အာဏာမြဲရေးအတွက် ဟိုလူ့မျက်နှာ ကြည့်ပေါင်း ဒီလူ့မျက်နှာကြည့်ပေါင်း အခြေအနေသာ ရှိနေပြီး တိကျသည့် မူဝါဒ ရေးရာချဉ်းကပ်မှုများဖြင့် တိုင်းပြည်အား ပုံဖော်နိုင်ခြင်း မရှိခဲ့ပေ။ သို့အတွက် အင်္ဂလိပ်နှင့် ဖြစ်ပွားသည့် ဘိန်းစစ်ပွဲအပြီး ဂျပန်နှင့် တိုက်ခိုက်သော စစ်ပွဲတွေ မနေ့တနေ့ကမှ ကံကျွေးချစနစ်မှ ခေတ်မှီရေး ခေါင်းစဉ်ဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်သည့် ဂျပန်အား မရှုမလှအရှုံးပေးရလေသည်။

ဘိန်းစစ်ပွဲတွင် ရှုံးနိမ့်ကတည်းက မန်ချူးဘုရင်၏ တရုတ်အင်ပါယာအပေါ် သြဇာလွှမ်းမိုးမှုမှာ မှေးမှိန်လာပြီး တိုင်းရေးပြည်ရာများကို စီမံခန့်ခွဲနိုင်စွမ်းအားနည်းလာခဲ့သည်။

ဂျပန်မှာ အနောက်တိုင်းအင်စတီကျူးရှင် အယူအဆများကို သွတ်သွင်းမွေးမြူလေ့ကျင့်ရင်း တိုးတက်လာခဲ့ခြင်းဖြစ်ရာ ယင်းအယူအဆတိုင်းပြောင်းလဲရန် ရက် ၁၀၀ ပြုပြင်ပြောင်းလဲရေးဆိုပြီး လုပ်သော်လည်း အခါနှောင်းနေပြီဖြစ်ပြီး တိုင်းပြည်ကို အနောက်နိုင်ငံများ ၊ အရှေ့တိုင်းမှ ဂျပန်တို့က အစိပ်စိပ်ခွဲယူထားပြီးဖြစ်သည့်အတွက် မအောင်မြင်ပါ။

တိုင်းသူပြည်သားများမှာလည်း အစိုးရအပေါ် ယုံကြည်မှု လျော့ပါးလာနေပြီး စားဝတ်နေရေး လူနေမှုအဆင့်အဆန်းနိမ့်ကျမှု ပြဿနာများလည်း ရင်ဆိုင်ရာလာက အနောက်တိုင်းသားများ ဆန့်ကျင်သည့် ဘောက်ဆာ ကဲ့သို့ သံတမန်ရပ်ကွက်များကို ဝင်ရောက်တိုက်ခိုက်သည့် လှုပ်ရှားမှုများလည်း ပေါ်ပေါက်ခဲ့သည်။

တဖန် ကျေးလက်ဒေသများတွင်မူ ငတ်မွတ်ခေါင်းပါးမှုများ ဆင်းရဲမွဲတေမှုများကြောင့် မငြိမ်မသက်မှုများ ပေါ်လာသလို မန်ချူးဘုရင်ကို ဆန့်ကျင်သည့် တိုင်ပင်း Taiping အရေးတော်ပုံ အုံကြွမှုလည်း ပေါ်ပေါက်လာသည်။

၁၈၄၀ ခုနစ်မှ ၁၈၉၀ ကာလအတွင်း ချင်မင်းဆက်မှာ ပြည်တွင်းပုန်ကန်မှုများ ၊ ပြည်ပနိုင်ငံများနှင့် စစ်ပွဲများကို တရုတ်မြေပေါ်တွင် ဆင်နွှဲခဲ့ရပြီး ပြေလည်အောင် ဖြေရှင်းနိုင်မှုလည်း မရှိခဲ့ပါ။

စနစ်တရပ် အောင်မြင်စွာ မတည်ဆောက်နိုင်မှုနှင့်အတူ အခက်အခဲကြုံလာချိန်တွင် အစိုးရ၏ ညံ့ဖျင်းမှုနှင့်အတူ  အစိုးရ အရာရှိများ၏ အကျင့်ပျက်ခြစားမှုများ ပြည်တွင်းသစ္စာဖောက်များ ၊ နိုင်ငံတကာစပိုင်များ သံတမန်များ ကစားပွဲအောက်တွင် မရှုမလှ ရှုံးနိမ့်ခဲ့ရလေသည်။

နောက်ဆုံးတပ်တွင်း ပုန်ကန်မှုများ ၊ လူထုအုံကြွလာမှုများနှင့်အတူ ချင်မင်းဆက်၏ တရုတ်အင်ပါယာ ပျက်သုဉ်းခဲ့ရပြီး ၁၉၁၂ ခုနှစ်တွင်မှ ဒေါက်တာဆွန်ယက်ဆင် သမ္မတအဖြစ် တာဝန်ယူသည့် တရုတ်နိုင်ငံ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဆွန်ယက်ဆင်နောက်ပိုင်းတွင်လည်း မတည်ငြိမ်မှုများ အမြောက်အမြားဆက်ကြုံခဲ့ရပြီး ကမ္ဘာစစ်အတွင်းနိုင်ငံကြီးများ၏ တရုတ်နိုင်ငံမြေပုံအစိတ်အပိုင်းများကို တခြားနိုင်ငံများသို့ ခွဲဝေပေးမှုများပါ ကြုံခဲ့ရသလို လူတန်းစားကွာဟမှု ဆင်းရဲမွဲတေမှုပြဿနာများမှ တဆင့် ကမ္ဘာ့စစ်ကို ဖြတ်သန်းခဲ့ရကာ နောက်ဆုံး ပြည်တွင်းစစ်ကိုပါ ဆင်နွှဲခဲ့ရပြီးမှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ကွန်မြူနစ်ပါတီဦးဆောင်မှုဖြင့် ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။

မျက်မှောက်ခေတ် တရုတ်ပြည်သူများအဆိုအရ မော်စီတုန်းက ပန်းကန်ပေးသည် တိန့်ရှောင်ဖိန်က ထမင်းနှင့် ဟင်းထည့်ပေးသည် ဟု ဆိုကြသော်လည်း ခေတ်မှီနိုင်ငံ တနိုင်ငံဖြစ်စေရေးအတွက် အမျိုးသားအကျိုးစီးပွား အခြေခံ မူဝါဒအောက်တွင် စနစ်တကျကြိုးပမ်းနိုင်သည့် တိန့်ရှောင်ဖိန် လက်ထက်တွင်သာ ပြုပြင်ပြောင်းလဲရေး အောင်မြင်ခဲ့ခြင်း ဖြစ်သည်ကိုလည်း သတိပြုကြရန် လိုအပ်လှပါသည်။

 

( ဂ ) မန်ချူးမင်းဆက်ဆီက သင်ခန်းစာယူနိုင်ခဲ့သူ နှင့် မြန်မာဘယ်လဲ

အမှန်စင်စစ် မန်ချုးမင်းဆက်မှာ တရုတ်အင်ပါယာများအနက် အားအနည်းဆုံး မင်းဆက်လည်း ဖြစ်ခဲ့သည်။ ဥပမာအားဖြင့် အစဉ်အလာ ပဏ္ဏာဆက်သဖွယ်ဖြစ်ခဲ့သည့် ဗမာဘုရင့်နိုင်ငံအား ဆင်ဖြူရှင်ဘုရင်လက်ထက်တွင် စစ်ခင်းခဲ့ရာ မအောင်မြင်ခဲ့ပေ။  စစ်လက်နက်နိုင်ငံအဖြစ် အားကောင်းသည့် ပဒေသရာဇ် မွန်ဂိုခေတ်တွင် ပုဂံဘုရင်မှာ ထီးနန်းကိုစွန့် ထွက်ပြေးခဲ့ရသည်။

ကွန်မြူနစ် တရုတ်နိုင်ငံ၏ အလှည့်အပြောင်းတရပ်မှာ ခါတော်မှီ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ခဲ့ခြင်းနှင့် နိုင်ငံတကာ ဆက်ဆံရေး တိုးမြှင့်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ကွန်မြူနစ်ပါတီ အာဏာရစက UN ကဲ့သို့ အဖွဲ့အစည်းများက ကူမင်တန် အစိုးရကိုသာ အသိအမှတ်ပြုထားခဲ့ခြင်းဖြစ်ရာ ၇ နှစ်ခန့်ပင် အဆက်ဖြတ်၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နေခဲ့ပါသည်။

သို့သော် ရေရှည်တွင် စနစ်၏မှားယွင်းမှုနှင့် စီမံခန့်ခွဲမှုအမှားများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်လာရချိန် တိန့်ရှောင်ဖိန် လက်ထက်တွင် အပြောင်းအလဲများစတင် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြန်ကြည့်ပါက ကွန်မြူနစ်ပါတီအာဏာရစတွင် တိုင်းပြည်စီးပွားရေးနိုင်ငံရေးမှာ အလွန်တင်းကျပ်ပြီး အရင်းအမြစ် ထုတ်ယူမှုများသည့် ဖိညှစ်ထုတ်သည့် စနစ်အပေါ်တွင် အခြေခံခဲ့ပါသည်။ စစ်အေးခေတ်ကြောင့်သော်လည်းကောင်း ၊ အတိတ်သမိုင်းက နိုင်ငံခြားတိုင်းပြည်များ၏ စွက်ဖက်မှု ခံရဖူးသည့် သင်ခန်းစာကြောင့်လည်းကောင်း နိုင်ငံတကာသို့ ခရီးသွားလာမှုများကိုပါ အလွန်အမင်းတင်းကြပ်ခဲ့သည်။

ဘုံလယ်ယာစနစ်များ ၊ ခုံပျံကျော်လွှားမူဝါဒ များမှာ ဈေးကွက် နည်းပညာ အားနည်းမှုကြော်င့ မအောင်မြင်ရသလို နိုင်ငံတကာနှင့် အဆက်ပြတ်နေသည့်အတွက် မှန်ကန်သင့်လျော်သည့် နည်းပညာများ အတွေးအခေါ်သစ်များ ရရန်လည်းမဖြစ်နိုင်ခဲ့ပေ။ မှားယွင်းသည့် မဟာခုန်ပျံကျော်လွှားကဲ့သို့ စီမံကိန်းများကြောင့် အငတ်ဘေး ပြဿနာများပါ ရင်ဆိုင်ခဲ့ရသလို လူမျိုးစုဒေသများ ၊ ကျေးလက်ဒေသများတွင်လည်း အတန်ငယ်မတည်မငြိမ်မှုများနှင့် ကြုံခဲ့ရပါသည်။

ပါတီတွင်း ပါဝါအားပြိုင်မှုများ ၊ ခေါင်းဆောင်ကြီးမော်၏ အာဏာတိမ်းညွှတ်မှုများကြောင့် ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်ခဲ့ရပြီး မိုဒရိတ်အတွေးအခေါ်ရှိပြီး ပြုပြင်ပြောင်းလဲလိုသူ တိန့်ရှောင်ဖိန်ကဲ့သို့ ခေါင်းဆောင်များပင် ထိန်းသိမ်းခံ ဘ၀ ရောက်ခဲ့ရသလို ၄ ဦးဂိုဏ်းကဲ့သို့ ပါတီတွင်း အာဏာပိုင် အုပ်စုများလည်း ပေါ်ပေါက်ခဲ့ရသည်။ ခေါင်းဆောင်မော်သည်ပင်လျှင် ပဒေသရာဇ်သဖွယ်ဖြစ်ခဲ့လေသည်။

ပါတီအပေါ် လူထုယုံကြည်မှုလည်း ကျဆင်းလာခဲ့သည်။

ခေါင်းဆောင်ကြီးမော် သေဆုံးမှု ၄ ဦး ဂိုဏ်းအား နှိမ်နင်းနိုင်ခဲ့မှုနှင့် လူမှန်နေရာမှန် ခေါင်းဆောင်မှုဖြစ်စေသည့် တိန့်ရှောင်ဖိန် တက်လာမှုတို့မှာ တရုတ်ပြည်၏ အလှည့်အပြောင်း ဖြစ်စေခဲ့ပြီး တချိန်တည်းတွင်လည်း ယင်းကာလမှာ စစ်အေးကုန်ခါနီးကာလ ဆိုရှယ်လစ် နှင့် အာဏာရှင် တိုင်းပြည်များမအောင်မြင်သည့် ကာလ ဖြစ်နေချိန် နိုင်ငံများ စနစ် ကူးပြောင်းမှုများ စတင်ပေါ်ထွန်းနေချိန်ဖြစ်သည်။

တိုင်းသူပြည်သားများ အကျိုးဖြစ်ထွန်း ပါဝင်နိုင်သည့် Inclusive Economic စနစ်အဖြစ် အသက်သွင်းပေးနိုင်မှု နှင့် ဈေးကွက်စီးပွားရေး ကျင့်သုံးမှု၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပြန်လည်စတင်ကာ ရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်နိုင်ခဲ့မှု ၊ တပြိုင်နက်တည်းအကျင့်ပျက်ခြစားမှုများ ကိုင်တွယ်မှုနှင့် ဗျူရိုကရေစီပြုပြာင်ပြောင်းလဲရေးဆောင်ရွက်မှု ၊ ဆင်ရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းများ အရှိန်မြှင့်တင်မှု ၊ လူမျိုးစုဒေသများတွင် ဒေသတည်ငြိမ်ရေးအတွက် ဘာသာစကားပေါ်လစီများနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုမိုသက်ဝင်အားကောင်းစေမှုများ ဆောင်ရွက်ခဲ့ပါသည်။

တနည်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ဝန်ဆောင်မှုများ ချဲ့ထွင်ခြင်းနှင့်အတူ အချုပ်အခြာပိုင်စိုးမှု အားကောင်းစေမှုကိုလည်း ပဋိပက္ခများ ကြီးကြီးမားမား မရှိဘဲ ဒေသအမြောက်အမြားတွင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံသားအမှတ်သရုပ်လက္ခဏာနှင့် နိုင်ငံအပေါ် သစ္စာခံမှုတို့မှာလည်း နိုင်ငံတော် တည်ဆောက်ရေးနှင့် ပြည်သူလူထုထံ အစိုးရဝန်ဆောင်မှုများ အားကောင်းလာမှုနှင့်အတူ အားကောင်းလာခဲ့သည်။

တရုတ်က စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြောင်းလဲမှုသာ လုပ်ခဲ့ပြီး တရုတ်ထက်နောက်ကျပြီး နိုင်ငံရေး ၊ စီးပွားရေး ပြောင်းလဲမှု လုပ်ခဲ့သည့် ဆိုဗီယက်မှာ မအောင်မြင်ခဲ့ပေ။

အထက်တွင် ဖော်ပြခဲ့သည့် ချင်မင်းဆက်မှာ ရက် ၁၀၀ ပြောင်းလဲရေး လုပ်ရန် ကြိုးပမ်းသော်လည်း အခါနှောင်းနေပြီဖြစ်၍ မအောင်မြင်ခဲ့ပါ။ နိုင်ငံတွင်း သူပုန်ထမှုများ စီးပွားရေး ၊ အုပ်ချုပ်ရေး ယိုယွင်းမှုများ ၊ TaiPing ၊ ပန်းသေးသူပုန်ထမှုများ ကလည်းအစောပိုင်းကတည်းက ပေါ်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံကို ပြန်ကြည့်လျှင်မူ စပ်ကြားစနစ်ဖြင့် အုပ်ချုပ်မှု ဒုတိယ သက်တမ်းတွင် အကျပ်အတည်းပေါင်းစုံ ဖိအားပေါင်းစုံ တိုးလာနေပါသည်။

ဗဟိုပါဝါ ကိုင်စိုးသူ ၂ စုအကြားတွင်ပင် တနိုင်ငံလုံး အကျိုးဖြစ်ထွန်းစေမည့် အမျိုးသားအကျိုးစီးပွားဆိုသည့် ဖွင့်ဆိုမှုထက် အခြား နိုင်ငံရေး အကျိုးစီးပွားများကို တိမ်းညွှတ်နေသလော မပြောတတ်။

Covid-19 လို ကာလမှာပင် ပြည်သူ့ထံ ဝန်ဆောင်မှု ပေးနိုင်ခြင်းဆိုင်ရာ ခရက်ဒစ် အပြန်အလှန် လုနေသည့် ပုံပေါ်နေသလို လွှတ်တော်ထဲတွင်လည်း လွှတ်တော်ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရေးအတွက် အပြန်အလှန် ပြစ်တင်ခုခံပြောဆို ဆွေးနွေးမှုများလုပ်နေကြပြီး ရန်ကုန် လွှတ်တော်တွင်လည်း တိုင်းဝန်ကြီးချုပ်အား အယုံအကြည်မရှိ စွပ်စွဲချက် ဆွေးနွေးရန် လုပ်နေကြသည်။ နိုင်ငံတကာနိုင်ငံများနှင့် အထူးသဖြင့် နိုင်ငံကြီးများနှင့်ဆက်ဆံရသည့် နိုင်ငံခြားရေး မူဝါဒတွင်ပင်လျှင် အစိုးရ နှင့် တပ်မတော် အကြား ကွာဟမှုရှိနေသည်။

တိုက်ပွဲ ပဋိပက္ခများကလည်း ဖြစ်နေဆဲဖြစ်သလို နဂိုကတည်းက ကျဆင်းနေသည့် စီးပွားရေးမှာ ကိုဗစ်-၁၉ နောက်ဆက်တွဲ ပြဿနာများကြောင့် ပိုမို အကျပ်ဆိုက်နိုင်သည့် အခြေအနေတရပ်နှင့် ရင်ဆိုင်နေရသည်။

ရခိုင်ကဲ့သို့ ဒေသများတွင် Statness နိုင်ငံတော် အခန်းကဏ္ဍပျက်သည့် လက္ခဏာများ မြင်နေရပြီး ယခင်ကတည်းက အချုပ်အခြာအာဏာ မရှိသလောက်ဖြစ်နေသည့် မိုင်းလား ၊ ၀ ဒေသများကိုပါ ထည့်တွက်ပါက လက်လွတ်ရသည့် ဒေသပိုများလာနေသည့် သဘောဆောင်နေပါသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကရေစီပြောင်းလဲရေး ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးယန္တရားပေါ်ပေါက်ရေး ၊ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ဆိုင်ရာ မြန်မာနှင့် ပတ်သက်သည့် နိုင်ငံတကာ ညွှန်းကိန်းများမှာ ကျဆင်းသွားသလို နိုင်ငံတကာ ဖိအားများမှာလည်း ဘက်ပေါင်းစုံမှ ရင်ဆိုင်နေရပါသည်။

ဒီမိုကရေစီပြောင်းလဲရေးကလည်း မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် စနစ်ကဲ့သို့ နိဂုံးချုပ်လေမလား ရင်တမမနှင့်ပင်။

စနစ်နှင့် ခေတ်ပြောင်းလဲစေရေးတွင် အရေးပါသည့် အင်စတီကျူးရှင်းဆိုင်ရာ စုဖွဲ့တည်ဆောက်မှုများကလည်း အားနည်းနေဆဲဖြစ်သလို ဒီမိုကရေစီအစိုးရ တံဆိပ်နှင့် မလျော်ညီစွာ ငွေကြေးခဝါချနိုင်ငံများ စာရင်းတွင် နိုင်ငံတကာမှ ထည့်သွင်းရန် စီစဉ်နေသည့် သတင်းများလည်း ဖတ်နေရပါသည်။ မပြေလည်နိုင်သေးသည့် လူမျိုးစု တိုင်းရင်းသားလက်နက် ကိုင်ပြဿနာများနှင့် လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင်များရဲ့ နောက်ခံနီးစပ်သည့် နိုင်ငံများ ၊ ကမ္ဘာ့အလယ် စွပ်စွဲခံနေရသည့် လူ့အခွင့်အရေးကိစ္စများမှ လူမှုစီးပွားပြဿနာရပ်များ၊ မကြုံစဖူး ကျရောက်နေသည့် နိုင်ငံတကာ ဖိအားများ ၊ စီးပွားရေးကျဆင်း မှုနှင့်အတူ ဆင်းရဲချမ်းသာကွာဟမှု ပိုမြင့်လာမလားစသဖြင့် စိုးရိမ်ပူပန်စရာအခြေအနေအမြောက်အမြားပင်။

စီးပွားရေးပညာရှင် စတစ်ဂလစ်အဆိုအရ ဆင်းရဲချမ်းသာကွာဟမှုများပြီး အလုပ်လက်မဲ့ပေါကာ အခွင့်အထူးခံပေါသည့်နိုင်ငံတွင် ဒီမိုကရေစီမှာ တည်တည်ငြိမ်ငြိမ်အောင်မြင်ဖြစ်ထွန်းရန်ခက်ခဲသည်ဟု မှတ်ချက်ပြုသည်။

ချင်မင်းဆက် အနေဖြင့် ကံကောင်းထောက်မသည်မှာ အတိတ်က ဇာတိပုညဂုဏ်မာန အပေါ် အခြေခံပြီး မခံချင်စိတ်ဖြင့် ကြိုးစားသည့် လူငယ်ပညာတတ်ခေါင်းဆောင်များ ၎င်းမင်းဆက်နောက်တွင် အစီအရီ ရှိနေပြီး ချင်မင်းဆက် ပျက်သည်နှင့် ဆွန်ယက်ဆင်မှာ သမ္မတအဖြစ် တက်နိုင်ခဲ့ခြင်းဖြစ်သည်။

တလောက ဖော်ပြခဲ့သော နီကေးအေရှင်ရီဗျူး၏ ဆောင်းပါး တပုဒ်တွင် အသက် ၇၅ နှစ် ပြည့်တော့မှာ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မရှိပါက အန်အယ်လ်ဒီ ပါတီ ပြိုသွားမလားဆိုသည့် အချက်မှာ စိုးရိမ်စရာအချက် ဖြစ်နေသည်ဟု ထောက်ပြထားသည်။

 

စိုင်းထွန်းအောင်လွင်

 

Zawgyi Font

 

“သမိုင္းအရေကာ လူ႕ယဥ္ေက်းမႈ အရပါ အစဥ္အလာႀကီးခဲ့သည့္ တ႐ုတ္မွာ ၁၉ ရာစုအတြင္း ေခတ္သစ္နိုင္ငံေတာ္အျဖစ္ တည္ေထာင္နိုင္မႈ မရွိဘဲ ပေဒသရာဇ္ အဆင့္တြင္ က်န္ရစ္ေနစဥ္ တ႐ုတ္နိုင္ငံမွာ ကမာၻ႔ အေနာက္ႏွင့္ အေရွ႕ဘက္မွ နိုင္ငံေပါင္းစုံ၏ ဝိုင္းဝန္း စြက္ဖက္မႈကို ခံခဲ့ရကာ တျပည္နယ္ ႏွင့္ တျပည္နယ္ ၊ တေဒသႏွင့္ တေဒသ အုပ္ခ်ဳပ္သည့္ ကိုလိုနီအစိုးရ မတူသည့္ အဆင့္အထိ ဖရဲသီးစိပ္လို အစိပ္စိပ္ အမႊာမႊာ ျဖစ္ဖူးသည့္ ခါးသီးသည့္ သမိုင္းအေတြ႕အႀကဳံ ရွိခဲ့ဖူးသည္။”

 

(က) ရီးရဲယ္လစ္ဇ္ တရုတ္ နဲ႔ အမ်ဳိးသား အက်ဳိးစီးပြား အဓိက ၀ါဒ

 

ႏိုင္ငံတကာ ဆက္ဆံေရးနယ္ပယ္မွာ အစဥ္အလာ သီအိုရီၾကီး ၃ ခု ရိွသည္ဟု ဆိုၾကသည္။ ရီးရဲယ္လစ္ဇင္ ၊ လစ္ဘရယ္လစ္ဇင္ ႏွင့္ အိုင္ဒီယာယ္လစ္ဇင္ ရီးရဲယ္လစ္ဇ္က ႏိုင္ငံမ်ားအၾကား အာဏာခြဲေ၀မႈု အေျပာင္းအလဲ ကို အဓိကထားFocus   ဦးတည္သည္။ က်င့္၀တ္ တန္ဖိုးဆိုသည္ထက္ အက်ဳိးစီးပြား အထူးသျဖင့္ ႏိုင္ငံ့အက်ဳိး စီးပြား အဓိက ၀ါဒဟု ဆိုႏိုင္သည္။ လစ္ဘရယ္ လစ္ဇင္က ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈမ်ား ၊ ဒီမိုကေရစီ တိုးတက္ေရးကို အဓိက ဦးတည္ကာ အိုင္ဒီယယ္လစ္ဇင္က ႏိုင္ငံတကာ တရားမ်ွတမႈ ၊ ႏိုင္ငံမ်ား၏ အခ်ဳပ္ အျခာအာဏာ ၊ အေျခခံ ရပိုင္ခြင့္စေသာ စံႏႈန္းမ်ားကို ျဖစ္ေပၚေျပာင္းလဲေနမႈအေပၚ ျဖန္႔က်က္ရယူေလ့လာ သည္။ အထူးသျဖင့္ အက်ဳိးစီးပြား ၊ တန္ဖိုးတို႔ထက္ အိုင္ဒီယာေရစီးကို အေျခခံသည့္ သီအိုရီျဖစ္သည္။ ထင္ရွားသည့္ ရီးရဲယ္လစ္ဇ္ သမားမ်ားမွာ ဂ်ာမန္ အဓိပတိ ဗစ္စမတ္ ၊ အေမရိကန္ သံတမန္ေဟာင္း ကစ္ဆင္းဂ်ား ႏိုင္ငံအေနျဖင့္မူ တရုတ္ ဟူ၍ ေတြ႔ႏိုင္သည္။

 

၉၊ ၁၁ အေရးအခင္းေနာက္ပိုင္း ကမၻာ့အခင္းအက်င္းတြင္ အထက္ေဖာ္ျပပါ သီအိုရီ ၃ ခုႏွင့္ မလံုေလာက္ေတာ့ ပဲ သီအိုရီအမ်ဳိးမ်ဳိးကို ေပါင္းစပ္ က်င့္သံုးမႈမ်ား ရိွလာသည္။ သို႔ႏွင့္တိုင္ ယခုေခတ္ကာလအခ်ိန္အထိ ရီးရဲယ္လ္စ္ဇ္ဟု ေျပာလိုက္လ်ွင္ တရုတ္ႏိုင္ငံကိုသာ ေျပးျမင္ၾကမွာ ျဖစ္ျပီး လက္ရိွအခ်ိန္အထိလည္း တရုတ္က ယင္း သီအိုရီကို က်င့္သံုးေနပါသည္။

ဟန္းေမာ္ဂန္သာအဆိုအရ ႏိုင္ငံတကာဆက္ဆံေရးဆိုသည္မွာ မိမိအမ်ဳိးသားေရးအက်ဳိးစီးပြားအေပၚ ဗဟိုျပဳ လႈပ္ရွားၾကေသာ ႏိုင္ငံမ်ားအၾကား ပါ၀ါျပိဳင္ပြဲ ပင္ျဖစ္သည္ဟုဆိုသည္။ လက္ေတြ႔ျဖစ္ရပ္မ်ားအေပၚ အျမင္ရွင္း ရွင္း ၾကည့္ျမင္ႏိုင္သည့္ ႏိုင္ငံမ်ားအေနျဖင့္ မိမိတုိ႔အခ်င္းခ်င္းအၾကား အျပန္အလွန္ခ်မွတ္ထားေသာ အႏၱရာယ္ မ်ားကို ေလ်ွာ့ခ်ႏိုင္သည္ႏွင့္အမ်ွ  စစ္ပြဲမ်ားေလ်ွာ့ခ်ႏိုင္မည္ ေလ်ာ့ပါးသက္သာေစမည္ဟု ခံယူသည္။ ႏိုင္ငံတ ကာ အဖြဲ႔အစည္းမ်ားႏွင့္ ႏိုင္ငံတကာ ဥပေဒဆိုသည္ကို အားကိုး၍ မျဖစ္။ ႏိုင္ငံအစိုးရမ်ားသည္သာ အဓိက အယူအဆတြင္ မိမိ၏ စစ္ပါ၀ါကို ညာလက္သီးအျဖစ္ လည္းေကာင္း၊ သံခင္းတမန္ခင္း ဒီပလိုေမစီကို ဘယ္လက္သီးျဖင့္ လည္းေကာင္း ဟန္ခ်က္ညီညီ အသံုးခ်ကာ ႏိုင္ငံတကာ ပါ၀ါျပိဳင္ပြဲတြင္ ၀င္ႏႊဲရမည္ဟု ေဟာသည္။ ႏိုင္ငံတကာဆက္ဆံေရးဗ်ဴဟာမွာ အင္အားခ်ိန္ခြာလ်ွာ ညီမ်ွေရး ျဖစ္သည္ဟု ဆိုသည္။

 

အေမရိကန္ ႏိုင္ငံသည္ပင္လ်ွင္ စစ္ေအးေခတ္တေလ်ွာက္ ရီးရဲယ္လ္စ္ဇင္ကို အသံုးျပဳခဲ့ျပီး ႏိုင္ငံတကာ ပါ၀ါျပိဳင္ပြဲ အခင္းအက်င္းကို ကစားခဲ့သည္ဟု ဆိုႏိုင္ပါသည္။

 

ရီးရဲယ္လစ္ဇင္မွာ စိန္ေခၚခ်က္မ်ား အားနည္းခ်က္မ်ား ရိွသည့္တိုင္ တရုတ္ႏိုင္ငံမွာ စီးပြားေရး စူပါ ပါ၀ါျဖစ္ ေအာင္တည္ေဆာက္ရင္း ကမၻာ့ကုန္သြယ္ေရးအဖြဲ႔ WTO ကဲ့သို႔ ႏိုင္ငံတကာ အဖြဲ႔အစည္းမ်ားထဲသို႔ ၀င္ဆန္႔ႏိုင္ ေအာင္ ၾကိဳးပမ္းသည္။ ေနာက္ပိုင္းကာလတြင္ ဖြံ႔ျဖိဳးဆဲကာလမ်ားကဲ့သို႔ ျပည္တြင္းတြင္သာ ကစားသည့္ မူ၀ါဒ မ်ဳိးမဟုတ္ဘဲ အျပန္အလွန္ အက်ဳိးစီးပြားမ်ွေ၀ေရး ေခါင္းစဥ္ျဖင့္ ႏိုင္ငံတကာ တိုင္းျပည္မ်ားႏွင့္ BRIရပ္၀န္းတခု လမ္းေၾကာင္းတေၾကာင္း စီမံကိန္းကို အေကာင္ထည္ေဖာ္လာျပီး ကမၻာ့အစီအစဥ္သစ္ကို အေကာင္ထည္ေဖာ္ ရန္ ၾကိဳးပမ္းလာပါသည္။ တဘက္တြင္လည္း စစ္အင္အားကို ျဖည္းျဖည္းမွန္မွန္ ခိုင္ခိုင္မာမာ တည္ေဆာက္ေန ျပီး အေမရိကန္ႏွင့္ ထိပ္တိုက္ေတြ႔မည္ အႏၱရယ္မ်ားကို သတိၾကီးၾကီး ေရွာင္ရွားႏိုင္ခဲ့သည္သာ။

 

ႏိုင္ငံတကာ အဖြဲ႔အစည္းမ်ားအား ဦးေဆာင္ပါ၀င္မႈေၾကာင့္ မူလ သရုပ္မွန္၀ါဒမွာ အျပည့္အ၀ မထင္ဟပ္ေတာ့သည့္တိုင္ တရုတ္မွာ ယင္းအယူအဆကို ကိုင္စြဲေနဆဲျဖစ္ပါသည္။

 

(ခ) ခ်င္မင္းဆက္က ရခဲ့သည့္ ခါးသီးသည့္ အေတြ႔အၾကံဳႏွင့္ သရုပ္မွန္၀ါဒ

 

အဓိက ဇာတ္ေဆာင္ မွာ ႏိုင္ငံေတာ္ အစိုးရျဖစ္သည့္ သရုပ္မွန္ ၀ါဒကို အေျချပဳျခင္းတြင္ ကြန္ျမဴနစ္ပါတီက မိဘသဖြယ္ပင္ ျဖစ္ပါသည္။ တရုတ္အေနျဖင့္ ရီးရဲယ္လစ္ဇ္အယူအဆ က်င့္သံုးေအာင္ျမင္ေနမႈတြင္ အဓိကက်သည့္ အေျခခံ အေၾကာင္း အရာတရပ္မွာ ျပည္တြင္းတြင္ ႏိုင္ငံေတာ္ တည္ေဆာက္ေရး ေအာင္ျမင္မႈေၾကာင့္လည္း ျဖစ္ပါသည္။

 

လူမႈဘ၀လံုျခံဳေရး ၊ အခ်ဳပ္အျခာအာဏာ ၊ ျပည္သူအတြက္ ၀န္ေဆာင္မႈတို႔ကို ႏိုင္ငံေတာ္က ႏိုင္ငံ နယ္နိမိတ္ ေနရာအားလံုးတြင္ ၀န္ေဆာင္ေနႏိုင္မႈကလည္း အေထာက္အပံ႔ျဖစ္ေစသလို ကြန္ျဖဳးရွပ္၀ါဒ အေျခခံ လူမႈသဟဇာတ ျဖစ္ေရးမူ၀ါဒကို မတူညီတဲ့ လူမ်ဳိးစုေတြအၾကား က်င့္သံုးေစတဲ့အတြက္လည္း ၀ီဂါလိုေဒသမွ အပ က်န္ေဒသေတြမွာ လူမႈ႔ အသိုင္းအ၀ိုင္းအဖြဲ႔အစည္း အၾကား သဟဇာတရိွရိွ အခင္းအက်င္းတရပ္ ဖန္တီးေပးထားႏိုင္ျခင္းျဖစ္သည္။ ခ်ဳပ္ေျပာရမည္ဆိုရင္ ႏိုင္ငံတြင္း ႏိုင္ငံေတာ္ တည္ေဆာက္မႈကို ကြန္ျမဴနစ္ပါတီ ဦးေဆာင္မႈျဖင့္ စုစုစည္းစည္း အလုပ္လုပ္ႏိုင္ေနျခင္းပင္။ ကြန္ျဖဴးရွပ္၏အယူအဆျဖစ္ေသာ တိုင္းျပည္ေပၚ ျပည္သူေတြ ယံုၾကည္မႈကင္းမဲ့သြားရင္ ပ်က္စီးျပိဳကြဲသြားႏိုင္တယ္ဆိုသည့္ တိုင္းျပည္ တည္ျငိမ္ေရးအတြက္ အလိုအပ္ဆံုးအခ်က္ကို အျမဲသတိထားေလ့ရိွသည္ဟု ဆိုႏိုင္သည္။ ႏိုင္ငံတကာ ဆက္ဆံေရးတြင္မူ အမ်ဳိးသား အက်ဳိးစီးပြား အေျခခံျပီး ဆက္ဆံမႈ ၊ အထူးသျဖင့္ အေနာက္ႏိုင္ငံၾကီးမ်ားႏွင့္ ပတ္သက္လ်ွင္ သတိထားမႈမ်ားမွာ သူ႔ သမိုင္းႏွင့္သူဟု ဆိုရေပမည္။

 

သမိုင္းအရေကာ လူ႔ယဥ္ေက်းမႈ အရပါ အစဥ္အလာၾကီးခဲ့သည့္ တရုတ္မွာ ၁၉ ရာစုအတြင္း ေခတ္သစ္ႏိုင္ငံေတာ္အျဖစ္ တည္ေထာင္ႏိုင္မႈ မရိွဘဲ ပေဒသရာဇ္ အဆင့္တြင္ က်န္ရစ္ေနစဥ္ တရုတ္ႏိုင္ငံမွာ ကမၻာ့ အေနာက္ႏွင့္ အေရွ႕ဘက္မွ ႏိုင္ငံ ေပါင္းစံု၏ ၀ိုင္း၀န္း စြက္ဖက္မႈကို ခံခဲ့ရကာ တျပည္နယ္ ႏွင့္ တျပည္နယ္ ၊ တေဒသႏွင့္ တေဒသ အုပ္ခ်ဳပ္သည့္ ကိုလိုနီအစိုးရ မတူသည့္ အဆင့္အထိ ဖရဲသီးစိပ္လို အစိပ္စိပ္ အမႊာမႊာ ျဖစ္ဖူးသည့္ ခါးသီးသည့္ သမိုင္းအေတြ႔အၾကံဳ ရိွခဲ့ဖူးသည္။

 

အမွန္စင္စစ္ ေရွးေခတ္တရုတ္ျပည္မွာ ယဥ္ေက်းမႈအရေကာ တီထြင္ဖန္တီးႏိုင္စြမ္းအရပ ေခါတ္ျပိဳင္အျခား ကမၻာအရပ္ရပ္မွ ႏိုင္ငံ မ်ားထက္ မ်ားစြာ ေစာခဲ့သည္ဟု ဆိုႏိုင္ပါသည္။ ဥပမာအားျဖင့္ မွန္ ၊ စကၠဴ ၊ ဖေယာင္း ၊ အိမ္အမိုး အုတ္ၾကြပ္ ၊ ယမ္းအသံုး ျပဳျခင္း၊ အုတ္မ်ားျဖင့္ ေနအိမ္တည္ေဆာက္မႈ ၊ ပိုးထည္အပါအ၀င္ အထည္လိပ္ကုန္သြယ္မႈလုပ္ငန္းတို႔မွာ အျခား ေရွးေခတ္ ဘုရင့္ႏိုင္ငံမ်ား မဖြံ႔ျဖိဳးမွီ ကာလကတည္းက တရုတ္ျပည္တြင္ ရိွေနခဲ့ျပီးျဖစ္သည္။ အကၡရာစာေပ က အစ၊ ရုိးရာ ေဆးကုသေရး ႏွင့္ ယဥ္ေက်းမႈ အဆံုးအမမ်ား ၊ ကြန္ျဖဴးရွပ္ ဒႆန ၊ ၀န္ထမ္းအရာရိွမ်ားအား စာေမးပြဲစနစ္ျဖင့္ ေရြးခ်ယ္မႈ  စသျဖင့္ပင္။ လိပ္ အခြံတြင္ စာစတင္ေရးသည့္ အေထာက္အထားမွတ္တမ္းမ်ားအရ တရုတ္စာမွာ ႏွစ္ ၅၀၀၀ ခန္႕ သက္တမ္း ရိွျပီဟု ဆိုႏိုင္သလို မီးသေဘာၤမဟုတ္သည့္ ကုန္သြယ္ေရေၾကာင္းႏွင့္ ေရတပ္ အျခံအရံျဖင့္ တျခားႏိုင္ငံမ်ားသို႔ သြားေရာက္ကုန္သြယ္မႈမွာ ဥေရာပႏိုင္ငံမ်ားထက္ မ်ားစြာေစာခဲ့ပါသည္။  မာကိုပိုလို တရုတ္ေရာက္ျပီး ႏွစ္ ၂၀၀ ကာလတြင္ ကမၻာမွာ ကုန္သြယ္ ေရေၾကာင္းသြားလာမႈ အျမင့္ဆံုးႏိုင္ငံမွာ တရုတ္ျဖစ္ခဲ့သည္။

 

သို႔ေသာ္မင္ မင္းဆက္ ၁၄ ရာစုေႏွာင္းပိုင္းမွစ၍ ကုန္သည္ေရေၾကာင္း လုပ္ငန္းစဥ္မ်ား ရပ္နားလိုက္ျပီး ယင္းကဲ့သို႔ ႏိုင္ငံတကာႏွင့္ ကုန္သြယ္မႈမွာ အုပ္ခ်ဳပ္သူမ်ားအတြက္ ျပင္ပရန္စြယ္ ျခိမ္းေျခာက္မႈမ်ား သယ္ေဆာင္လာႏိုင္သည္ ဆိုသည့္ အယူအဆေၾကာင့္ပင္။ သို႔ေၾကာင့္ အျပန္အလွန္ကုန္သြယ္မႈမ်ား ေရေၾကာင္းကုန္သြယ္မႈႏွင့္ နယ္ေျမရွာေဖြမႈမ်ားမွတဆင့္ ေခတ္သစ္ႏိုင္ငံေတာ္မ်ား တည္ေဆာက္လာသည့္ ဥေရာပႏိုင္ငံမ်ား အရိွန္အဟုန္ႏွင့္ တိုးတက္လာခ်ိန္တြင္ တရုတ္မွာ အစဥ္အလာ ပေဒသရာဇ္ ႏိုင္ငံအျဖစ္သာ က်န္ရစ္ေနခဲ့ျခင္းျဖစ္သည္။

 

ပေဒသရာဇ္ စီးပြားေရးမ်ဳိးျဖစ္သည့္အတြက္ တိုင္းသူျပည္သားမ်ားမွာလည္း ဥစၥာဓန ခြဲေ၀ ရယူႏိုင္စြမ္း ၊ ရွာေဖြသိုမွီးႏိုင္စြမ္း ႏွင့္ အတတ္ပညာတို႔မွာ ေလာက္ေလာက္လားလားမရိွလွပါ။

 

အေမရိကန္ သေဘာၤမ်ား ဂ်ပန္ကမ္းေျခသို႔ လာဆိုက္ခ်ိန္တြင္ အစဥ္အလာ ကံေခ်ြးခ် စနစ္ျဖင့္ ရပ္တည္ေနသည့္ ဂ်ပန္မွာ လန္႔ႏိုးခဲ့ျပီး မီဂ်ီ ျပဳျပင္ေျပာင္းလဲေရးကို စြမ္းေဆာင္ရန္ တြန္းအားျဖစ္ေစခဲ့ေသာ္လည္း တရုတ္ႏိုင္ငံမွာမူ ယင္းကဲ့သို႔ မျဖစ္ခဲ့ေပ။

ႏိုင္ငံတကာ ဆက္ဆံေရးအပါအ၀င္ ကမၻာ့ႏိုင္ငံမ်ားႏွင့္ ဆက္ဆံမႈ ျဖတ္ေတာက္ခဲ့ျပီး ရိွရင္းစြဲ အေျခအေနအေပၚ သာယာမႈ မ်ားေၾကာင့္ ကိုလိုနီ နယ္ေျမသစ္ရွာသည့္ အေနာက္ႏိုင္ငံမ်ား တရုတ္ႏိုင္ငံအတြင္းသို႔ ၀င္ေရာက္လာခ်ိန္အထိ မန္ခ်ဴးမင္းဆက္ မွာ မည္သို႔မည္ပံု အျပန္အလွန္ဆက္ဆံရမွန္း မသိခဲ့ေခ်။

 

ထုတ္ကုန္လည္း စီးပြားျဖစ္ထုတ္လုပ္ႏုိင္စြမ္း မရိွသည့္ တရုတ္မွာ ႏိုင္ငံၾကီးမ်ား သူ႔တိုင္းျပည္အတြင္း ၀င္ေရာက္လာသည့္အခါ အလူးအလဲ ခံေနရေပေတာ့သည္။ မန္ခ်ဴးမင္းဆက္မွာ အာဏာျမဲေရးအတြက္ ဟိုလူ႔မ်က္ႏွာ ၾကည့္ေပါင္း ဒီလူ႔မ်က္ႏွာၾကည့္ ေပါင္း အေျခအေနသာ ရိွေနျပီး တိက်သည့္ မူ၀ါဒ ေရးရာခ်ဥ္းကပ္မႈမ်ားျဖင့္ တိုင္းျပည္အား ပံုေဖာ္ႏိုင္ျခင္း မရိွခဲ့ေပ။ သို႔အတြက္ အဂၤလိပ္ႏွင့္ ျဖစ္ပြားသည့္ ဘိန္းစစ္ပြဲအျပီး ဂ်ပန္ႏွင့္ တိုက္ခိုက္ေသာ စစ္ပြဲေတြ မေန႔တေန႔ကမွ ကံေက်ြးခ်စနစ္မွ ေခတ္မွီေရး ေခါင္းစဥ္ျဖင့္ ျပဳျပင္ေျပာင္းလဲမႈလုပ္သည့္ ဂ်ပန္အား မရွဳမလွအရွံဳးေပးရေလသည္။

 

ဘိန္းစစ္ပြဲတြင္ ရွံဳးနိမ့္ကတည္းက မန္ခ်ဴးဘုရင္၏ တရုတ္အင္ပါယာအေပၚ ၾသဇာလႊမ္းမိုးမႈမွာ ေမွးမွိန္လာျပီး တိုင္းေရးျပည္ရာ မ်ားကို စီမံခန္႔ခြဲႏိုင္စြမ္းအားနည္းလာခဲ့သည္။

 

ဂ်ပန္မွာ အေနာက္တိုင္းအင္စတီက်ဴးရွင္ အယူအဆမ်ားကို သြတ္သြင္းေမြးျမဴေလ့က်င့္ရင္း တိုးတက္လာခဲ့ျခင္းျဖစ္ရာ ယင္းအယူ အဆ တိုင္းေျပာင္းလဲရန္ ရက္ ၁၀၀ ျပဳျပင္ေျပာင္းလဲေရးဆိုျပီး လုပ္ေသာ္လည္း အခါေႏွာင္းေနျပီျဖစ္ျပီး တိုင္းျပည္ကို အေနာက္ ႏိုင္ငံမ်ား ၊ အေရွ႕တိုင္းမွ ဂ်ပန္တို႔က အစိပ္စိပ္ခြဲယူထားျပီးျဖစ္သည့္အတြက္ မေအာင္ျမင္ပါ။

 

တိုင္းသူျပည္သားမ်ားမွာလည္း အစိုးရအေပၚ ယံုၾကည္မႈ ေလ်ာ့ပါးလာေနျပီး စား၀တ္ေနေရး လူေနမႈအဆင့္အဆန္းနိမ့္က်မႈ ျပႆနာမ်ားလည္း ရင္ဆိုင္ရာလာက အေနာက္တိုင္းသားမ်ား ဆန္႔က်င္သည့္ ေဘာက္ဆာ ကဲ့သို႔ သံတမန္ရပ္ကြက္မ်ားကို ၀င္ေရာက္တိုက္ခိုက္သည့္ လႈပ္ရွားမႈမ်ားလည္း ေပၚေပါက္ခဲ့သည္။

 

တဖန္ ေက်းလက္ေဒသမ်ားတြင္မူ ငတ္မြတ္ေခါင္းပါးမႈမ်ား ဆင္းရဲမြဲေတမႈမ်ားေၾကာင့္ မျငိမ္မသက္မႈမ်ား ေပၚလာသလို မန္ခ်ဴးဘုရင္ကို ဆန္႕က်င္သည့္ တိုင္ပင္း Taiping အေရးေတာ္ပံု အံုၾကြမႈလည္း ေပၚေပါက္လာသည္။

 

၁၈၄၀ ခုနစ္မွ ၁၈၉၀ ကာလအတြင္း ခ်င္မင္းဆက္မွာ ျပည္တြင္းပုန္ကန္မႈမ်ား ၊ ျပည္ပႏိုင္ငံမ်ားႏွင့္ စစ္ပြဲမ်ားကို တရုတ္ေျမေပၚတြင္ ဆင္ႏႊဲခဲ့ရျပီး ေျပလည္ေအာင္ ေျဖရွင္းႏိုင္မႈလည္း မရိွခဲ့ပါ။

စနစ္တရပ္ ေအာင္ျမင္စြာ မတည္ေဆာက္ႏိုင္မႈႏွင့္အတူ အခက္အခဲၾကံဳလာခ်ိန္တြင္ အစိုးရ၏ ညံ႔ဖ်င္းမႈႏွင့္အတူ  အစိုးရ အရာရိွမ်ား၏ အက်င့္ပ်က္ျခစားမႈမ်ား ျပည္တြင္းသစၥာေဖာက္မ်ား၊ ႏိုင္ငံတကာစပိုင္မ်ား သံတမန္မ်ား ကစားပြဲေအာက္တြင္ မရွုမလွ ရွံဳးနိမ့္ခဲ့ရေလသည္။

 

ေနာက္ဆံုးတပ္တြင္း ပုန္ကန္မႈမ်ား ၊ လူထုအံုၾကြလာမႈမ်ားႏွင့္အတူ ခ်င္မင္းဆက္၏ တရုတ္အင္ပါယာ ပ်က္သုဥ္းခဲ့ရျပီး ၁၉၁၂ ခုႏွစ္တြင္မွ ေဒါက္တာဆြန္ယက္ဆင္ သမၼတအျဖစ္ တာ၀န္ယူသည့္ တရုတ္ႏိုင္ငံ ေပၚထြက္လာခဲ့ျခင္းျဖစ္သည္။

 

ဆြန္ယက္ဆင္ေနာက္ပိုင္းတြင္လည္း မတည္ျငိမ္မႈမ်ား အေျမာက္အျမားဆက္ၾကံဳခဲ့ရျပီး ကမၻာစစ္အတြင္းႏိုင္ငံၾကီးမ်ား၏ တရုတ္ႏိုင္ငံေျမပံုအစိတ္အပိုင္းမ်ားကို တျခားႏိုင္ငံမ်ားသို႔ ခြဲေ၀ေပးမႈမ်ားပါ ၾကံဳခဲ့ရသလို လူတန္းစားကြာဟမႈ ဆင္းရဲမြဲေတမႈ ျပႆနာမ်ားမွ တဆင့္ ကမၻာ့စစ္ကို ျဖတ္သန္းခဲ့ရကာ ေနာက္ဆံုး ျပည္တြင္းစစ္ကိုပါ ဆင္ႏႊဲခဲ့ရျပီးမွ တရုတ္ျပည္သူ႔သမၼတ ႏိုင္ငံကို ကြန္ျမဴနစ္ပါတီဦးေဆာင္မႈျဖင့္ ထူေထာင္ႏိုင္ခဲ့ျခင္းျဖစ္သည္။

 

မ်က္ေမွာက္ေခတ္ တရုတ္ျပည္သူမ်ားအဆိုအရ ေမာ္စီတုန္းက ပန္းကန္ေပးသည္ တိန္႔ေရွာင္ဖိန္က ထမင္းႏွင့္ ဟင္းထည့္ေပး သည္ဟု ဆိုၾကေသာ္လည္း ေခတ္မွီႏိုင္ငံ တႏိုင္ငံျဖစ္ေစေရးအတြက္ အမ်ဳိးသားအက်ဳိးစီးပြား အေျခခံ မူ၀ါဒေအာက္တြင္ စနစ္တက်ၾကိဳးပမ္းႏိုင္သည့္ တိန္႔ေရွာင္ဖိန္ လက္ထက္တြင္သာ ျပဳျပင္ေျပာင္းလဲေရး ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္ကိုလည္း သတိျပဳၾကရန္ လိုအပ္လွပါသည္။

 

( ဂ ) မန္ခ်ဴးမင္းဆက္ဆီက သင္ခန္းစာယူႏိုင္ခဲ့သူ ႏွင့္ ျမန္မာဘယ္လဲ

 

အမွန္စင္စစ္ မန္ခ်ဳးမင္းဆက္မွာ တရုတ္အင္ပါယာမ်ားအနက္ အားအနည္းဆံုး မင္းဆက္လည္း ျဖစ္ခဲ့သည္။ ဥပမာအားျဖင့္ အစဥ္အလာ ပဏၰာဆက္သဖြယ္ျဖစ္ခဲ့သည့္ ဗမာဘုရင့္ႏိုင္ငံအား ဆင္ျဖဴရွင္ဘုရင္လက္ထက္တြင္ စစ္ခင္းခဲ့ရာ မေအာင္ျမင္ခဲ့ေပ။  စစ္လက္နက္ႏိုင္ငံအျဖစ္ အားေကာင္းသည့္ ပေဒသရာဇ္ မြန္ဂိုေခတ္တြင္ ပုဂံဘုရင္မွာ ထီးနန္းကိုစြန္႔ ထြက္ေျပးခဲ့ရသည္။

 

ကြန္ျမဴနစ္ တရုတ္ႏိုင္ငံ၏ အလွည့္အေျပာင္းတရပ္မွာ ခါေတာ္မွီ ျပဳျပင္ေျပာင္းလဲေရး လုပ္ႏိုင္ခဲ့ျခင္းႏွင့္ ႏိုင္ငံတကာ ဆက္ဆံေရး တိုးျမွင့္ႏိုင္ခဲ့ျခင္းပင္ျဖစ္သည္။ ကြန္ျမဴနစ္ပါတီ အာဏာရစက UN ကဲ႔သို႔ အဖြဲ႔အစည္းမ်ားက ကူမင္တန္ အစိုးရကိုသာ အသိအမွတ္ျပဳထားခဲ့ျခင္းျဖစ္ရာ ၇ ႏွစ္ခန္႔ပင္ အဆက္ျဖတ္၍ ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ ေနခဲ့ပါသည္။

 

သို႔ေသာ္ ေရရွည္တြင္ စနစ္၏မွားယြင္းမႈႏွင့္ စီမံခန္႔ခြဲမႈအမွားမ်ားေၾကာင့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္လာရခ်ိန္ တိန္႔ေရွာင္ဖိန္ လက္ထက္တြင္ အေျပာင္းအလဲမ်ားစတင္ ျပဳလုပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။

 

ျပန္ၾကည့္ပါက ကြန္ျမဴနစ္ပါတီအာဏာရစတြင္ တိုင္းျပည္စီးပြားေရးႏိုင္ငံေရးမွာ အလြန္တင္းက်ပ္ျပီး အရင္းအျမစ္ ထုတ္ယူမႈမ်ားသည့္ ဖိညွစ္ထုတ္သည့္ စနစ္အေပၚတြင္ အေျခခံခဲ့ပါသည္။ စစ္ေအးေခတ္ေၾကာင့္ေသာ္လည္းေကာင္း ၊ အတိတ္သမိုင္းက ႏိုင္ငံျခားတိုင္းျပည္မ်ား၏ စြက္ဖက္မႈ ခံရဖူးသည့္ သင္ခန္းစာေၾကာင့္လည္းေကာင္း ႏိုင္ငံတကာသို႔ ခရီးသြားလာမႈမ်ားကိုပါ အလြန္အမင္းတင္းၾကပ္ခဲ့သည္။

 

ဘံုလယ္ယာစနစ္မ်ား ၊ ခံုပ်ံေက်ာ္လႊားမူ၀ါဒ မ်ားမွာ ေစ်းကြက္ နည္းပညာ အားနည္းမႈေၾကာ္င့ မေအာင္ျမင္ရသလို ႏိုင္ငံတကာႏွင့္ အဆက္ျပတ္ေနသည့္အတြက္ မွန္ကန္သင့္ေလ်ာ္သည့္ နည္းပညာမ်ား အေတြးအေခၚသစ္မ်ား ရရန္လည္းမျဖစ္ႏုိင္ခဲ့ေပ။ မွားယြင္းသည့္ မဟာခုန္ပ်ံေက်ာ္လႊားကဲ့သို႔ စီမံကိန္းမ်ားေၾကာင့္ အငတ္ေဘး ျပႆနာမ်ားပါ ရင္ဆိုင္ခဲ့ရသလို လူမ်ဳိးစုေဒသမ်ား ၊ ေက်းလက္ေဒသမ်ားတြင္လည္း အတန္ငယ္မတည္မျငိမ္မႈမ်ားႏွင့္ ၾကံဳခဲ့ရပါသည္။

 

ပါတီတြင္း ပါ၀ါအားျပိဳင္မႈမ်ား ၊ ေခါင္းေဆာင္ၾကီးေမာ္၏ အာဏာတိမ္းညႊတ္မႈမ်ားေၾကာင့္ ယဥ္ေက်းမႈေတာ္လွန္ေရးေပၚေပါက္ခဲ့ရျပီး မိုဒရိတ္အေတြးအေခၚရိွျပီး ျပဳျပင္ေျပာင္းလဲလိုသူ တိန္႔ေရွာင္ဖိန္ကဲ့သို႔ ေခါင္းေဆာင္မ်ားပင္ ထိန္းသိမ္းခံ ဘ၀ ေရာက္ခဲ့ရသလို ၄ ဦးဂိုဏ္းကဲ့သို႔ ပါတီတြင္း အာဏာပိုင္ အုပ္စုမ်ားလည္း ေပၚေပါက္ခဲ့ရသည္။ ေခါင္းေဆာင္ေမာ္သည္ပင္လ်ွင္ ပေဒသရာဇ္သဖြယ္ျဖစ္ခဲ့ေလသည္။ပါတီအေပၚ လူထုယံုၾကည္မႈလည္း က်ဆင္းလာခဲ့သည္။

 

ေခါင္းေဆာင္ၾကီးေမာ္ ေသဆံုးမႈ ၄ ဦး ဂိုဏ္းအား ႏွိမ္နင္းႏိုင္ခဲ့မႈႏွင့္ လူမွန္ေနရာမွန္ ေခါင္းေဆာင္မႈျဖစ္ေစသည့္ တိန္႔ေရွာင္ဖိန္ တက္လာမႈတို႔မွာ တရုတ္ျပည္၏ အလွည့္အေျပာင္း ျဖစ္ေစခဲ့ျပီး တခ်ိန္တည္းတြင္လည္း ယင္းကာလမွာ စစ္ေအးကုန္ခါနီးကာလ ဆိုရွယ္လစ္ ႏွင့္ အာဏာရွင္ တိုင္းျပည္မ်ားမေအာင္ျမင္သည့္ ကာလ ျဖစ္ေနခ်ိန္ ႏိုင္ငံမ်ား စနစ္ ကူးေျပာင္းမႈမ်ား စတင္ေပၚထြန္းေနခ်ိန္ျဖစ္သည္။

 

တိုင္းသူျပည္သားမ်ား အက်ဳိးျဖစ္ထြန္း ပါ၀င္ႏိုင္သည့္ Inclusive Economic စနစ္အျဖစ္ အသက္သြင္းေပးႏိုင္မႈ ႏွင့္ ေစ်းကြက္စီးပြားေရး က်င့္သံုးမႈ၊ ႏိုင္ငံတကာႏွင့္ ဆက္ဆံေရး ျပန္လည္စတင္ကာ ရင္းႏွီးျမွပ္ႏွံမႈမ်ား ဖိတ္ေခၚႏိုင္ခဲ့မႈ ၊ တျပိဳင္နက္တည္းအက်င့္ပ်က္ျခစားမႈမ်ား ကိုင္တြယ္မႈႏွင့္ ဗ်ဴရိုကေရစီျပဳျပာင္ေျပာင္းလဲေရးေဆာင္ရြက္မႈ ၊ ဆင္ရဲမြဲေတမႈ ပေပ်ာက္ေရး စီမံကိန္းမ်ား အရိွန္ျမွင့္တင္မႈ ၊ လူမ်ဳိးစုေဒသမ်ားတြင္ ေဒသတည္ျငိမ္ေရးအတြက္ ဘာသာစကားေပၚလစီမ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ပိုမိုသက္၀င္အားေကာင္းေစမႈမ်ား ေဆာင္ရြက္ခဲ့ပါသည္။

 

တနည္းအားျဖင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္ ၀န္ေဆာင္မႈမ်ား ခ်ဲ႔ထြင္ျခင္းႏွင့္အတူ အခ်ဳပ္အျခာပိုင္စိုးမႈ အားေကာင္းေစမႈကိုလည္း ပဋိပကၡမ်ား ၾကီးၾကီးမားမား မရိွဘဲ ေဒသအေျမာက္အျမားတြင္ ေဆာင္ရြက္ႏိုင္ခဲ့သည္။ ႏိုင္ငံသားအမွတ္သရုပ္လကၡဏာႏွင့္ ႏုိင္ငံအေပၚ သစၥာခံမႈတို႔မွာလည္း ႏိုင္ငံေတာ္ တည္ေဆာက္ေရးႏွင့္ ျပည္သူလူထုထံ အစိုးရ၀န္ေဆာင္မႈမ်ား အားေကာင္းလာမႈႏွင့္အတူ အားေကာင္းလာခဲ့သည္။

 

တရုတ္က စီးပြားေရးႏွင့္ အုပ္ခ်ဳပ္ေရး ေျပာင္းလဲမႈသာ လုပ္ခဲ့ျပီး တရုတ္ထက္ေနာက္က်ျပီး ႏိုင္ငံေရး ၊ စီးပြားေရး ေျပာင္းလဲမႈ လုပ္ခဲ့သည့္ ဆိုဗီယက္မွာ မေအာင္ျမင္ခဲ့ေပ။

 

အထက္တြင္ ေဖာ္ျပခဲ့သည့္ ခ်င္မင္းဆက္မွာ ရက္ ၁၀၀ ေျပာင္းလဲေရး လုပ္ရန္ ၾကိဳးပမ္းေသာ္လည္း အခါေႏွာင္းေနျပီျဖစ္၍ မေအာင္ျမင္ခဲ့ပါ။ ႏိုင္ငံတြင္း သူပုန္ထမႈမ်ား စီးပြားေရး ၊ အုပ္ခ်ဳပ္ေရး ယိုယြင္းမႈမ်ား ၊ TaiPing ၊ ပန္းေသးသူပုန္ထမႈမ်ား ကလည္းအေစာပိုင္းကတည္းက ေပၚခဲ့ျပီးျဖစ္ပါသည္။

 

ျမန္မာႏိုင္ငံကို ျပန္ၾကည့္လ်ွင္မူ စပ္ၾကားစနစ္ျဖင့္ အုပ္ခ်ဳပ္မႈ ဒုတိယ သက္တမ္းတြင္ အက်ပ္အတည္းေပါင္းစံု ဖိအားေပါင္းစုံ တိုးလာေနပါသည္။

 

ဗဟိုပါ၀ါ ကိုင္စိုးသူ ၂ စုအၾကားတြင္ပင္ တႏိုင္ငံလံုး အက်ဳိးျဖစ္ထြန္းေစမည့္ အမ်ဳိးသားအက်ဳိးစီးပြားဆိုသည့္ ဖြင့္ဆိုမႈထက္ အျခား ႏိုင္ငံေရး အက်ဳိးစီးပြားမ်ားကို တိမ္းညႊတ္ေနသေလာ မေျပာတတ္။

 

Covid-19 လို ကာလမွာပင္ ျပည္သူ႔ထံ ၀န္ေဆာင္မႈ ေပးႏိုင္ျခင္းဆိုင္ရာ ခရက္ဒစ္ အျပန္အလွန္ လုေနသည့္ ပံုေပၚေနသလို လႊတ္ေတာ္ထဲတြင္လည္း လႊတ္ေတာ္ဥကၠဌအား တာ၀န္မွ ရုပ္သိမ္းေရးအတြက္ အျပန္အလွန္ ျပစ္တင္ခုခံေျပာဆို ေဆြးေႏြးမႈမ်ားလုပ္ေနၾကျပီး ရန္ကုန္ လႊတ္ေတာ္တြင္လည္း တိုင္း၀န္ၾကီးခ်ဳပ္အား အယံုအၾကည္မရိွ စြပ္စြဲခ်က္ ေဆြးေႏြးရန္ လုပ္ေနၾကသည္။ ႏိုင္ငံတကာႏိုင္ငံမ်ားႏွင့္ အထူးသျဖင့္ ႏိုင္ငံၾကီးမ်ားႏွင့္ဆက္ဆံရသည့္ ႏုိင္ငံျခားေရး မူ၀ါဒတြင္ပင္လ်ွင္ အစိုးရ ႏွင့္ တပ္မေတာ္ အၾကား ကြာဟမႈရိွေနသည္။

 

တိုက္ပြဲ ပဋိပကၡမ်ားကလည္း ျဖစ္ေနဆဲျဖစ္သလို နဂိုကတည္းက က်ဆင္းေနသည့္ စီးပြားေရးမွာ ကိုဗစ္-၁၉ ေနာက္ဆက္တြဲ ျပႆနာမ်ားေၾကာင့္ ပိုမို အက်ပ္ဆိုက္ႏိုင္သည့္ အေျခအေနတရပ္ႏွင့္ ရင္ဆိုင္ေနရသည္။ ရခိုင္ကဲ့သို႔ ေဒသမ်ားတြင္ Statness ႏိုင္ငံေတာ္ အခန္းက႑ပ်က္သည့္ လကၡဏာမ်ား ျမင္ေနရျပီး ယခင္ကတည္းက အခ်ဳပ္အျခာအာဏာ မရိွသေလာက္ျဖစ္ေန သည့္ မိုင္းလား ၊ ၀ ေဒသမ်ားကိုပါ ထည့္တြက္ပါက လက္လြတ္ရသည့္ ေဒသပိုမ်ားလာေနသည့္ သေဘာေဆာင္ေနပါသည္။

ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈႏွင့္ ဒီမိုကေရစီေျပာင္းလဲေရး ၊ ေကာင္းမြန္သည့္ အုပ္ခ်ဳပ္ေရးယႏၱရားေပၚေပါက္ေရး ၊ အက်င့္ပ်က္ ျခစားမႈတိုက္ဖ်က္ေရး ဆိုင္ရာ ျမန္မာႏွင့္ ပတ္သက္သည့္ ႏိုင္ငံတကာ ညႊန္းကိန္းမ်ားမွာ က်ဆင္းသြားသလို ႏိုင္ငံတကာ ဖိအားမ်ားမွာလည္း ဘက္ေပါင္းစံုမွ ရင္ဆိုင္ေနရပါသည္။

 

ဒီမိုကေရစီေျပာင္းလဲေရးကလည္း ျမန္မာ့နည္းျမန္မာ့ဟန္ ဆိုရွယ္လစ္ စနစ္ကဲ့သို႔ နိဂံုးခ်ဳပ္ေလမလား ရင္တမမႏွင့္ပင္။ စနစ္ႏွင့္ ေခတ္ေျပာင္းလဲေစေရးတြင္ အေရးပါသည့္ အင္စတီက်ဴးရွင္းဆိုင္ရာ စုဖြဲ႔တည္ေဆာက္မႈမ်ားကလည္း အားနည္းေနဆဲျဖစ္သလို ဒီမိုကေရစီအစိုးရ တံဆိပ္ႏွင့္ မေလ်ာ္ညီစြာ ေငြေၾကးခ၀ါခ်ႏိုင္ငံမ်ား စာရင္းတြင္ ႏိုင္ငံတကာမွ ထည့္သြင္းရန္ စီစဥ္ေနသည့္ သတင္းမ်ားလည္း ဖတ္ေနရပါသည္။ မေျပလည္ႏိုင္ေသးသည့္ လူမ်ဳိးစု တိုင္းရင္းသားလက္နက္ကိုင္ျပႆနာမ်ားႏွင့္ လူမ်ဳိးစု တိုင္းရင္းသားလက္နက္ကိုင္မ်ားရဲ႕ေနာက္ခံနီးစပ္သည့္ ႏိုင္ငံမ်ား ၊ ကမၻာ့အလယ္ စြပ္စြဲခံေနရသည့္ လူ႔အခြင့္အေရးကိစၥမ်ားမွ လူမႈစီးပြားျပႆနာရပ္မ်ား၊ မၾကံဳစဖူး က်ေရာက္ေနသည့္ ႏိုင္ငံတကာ ဖိအားမ်ား ၊ စီးပြားေရးက်ဆင္းမႈႏွင့္အတူ ဆင္းရဲခ်မ္းသာ ကြာဟမႈ ပိုျမင့္လာမလားစသျဖင့္ စိုးရိမ္ပူပန္စရာအေျခအေနအေျမာက္အျမားပင္။

 

စီးပြားေရးပညာရွင္ စတစ္ဂလစ္အဆိုအရ ဆင္းရဲခ်မ္းသာကြာဟမႈမ်ားျပီး အလုပ္လက္မဲ့ေပါကာ အခြင့္အထူးခံေပါသည့္ႏိုင္ငံတြင္ ဒီမိုကေရစီမွာ တည္တည္ျငိမ္ျငိမ္ေအာင္ျမင္ျဖစ္ထြန္းရန္ခက္ခဲသည္ဟု မွတ္ခ်က္ျပဳသည္။

 

ခ်င္မင္းဆက္ အေနျဖင့္ ကံေကာင္းေထာက္မသည္မွာ အတိတ္က ဇာတိပုညဂုဏ္မာန အေပၚ အေျခခံျပီး မခံခ်င္စိတ္ျဖင့္ ၾကိဳးစားသည့္ လူငယ္ပညာတတ္ေခါင္းေဆာင္မ်ား ၄င္းမင္းဆက္ေနာက္တြင္ အစီအရီ ရိွေနျပီး ခ်င္မင္းဆက္ ပ်က္သည္ႏွင့္ ဆြန္ယက္ဆင္မွာ သမၼတအျဖစ္ တက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

 

တေလာက ေဖာ္ျပခဲ့ေသာ နီေကးေအရွင္ရီဗ်ဴး၏ ေဆာင္းပါး တပုဒ္တြင္ အသက္ ၇၅ ႏွစ္ ျပည့္ေတာ့မွာ ျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္မရိွပါက အန္အယ္လ္ဒီ ပါတီ ျပိဳသြားမလားဆိုသည့္ အခ်က္မွာ စိုးရိမ္စရာအခ်က္ ျဖစ္ေနသည္ဟု ေထာက္ျပထားသည္။

 

 စိုင္းထြန္းေအာင္လြင္