ဒီမိုကရေစီခေါင်းစည်းအောက်က အာဏာရှင်အကျင့်စရိုက်များ

မောင်ထွန်း
ယနေ့ခေတ် မဂ္ဂဇင်း ၊ ဇွန်လ ၊ ၂၀၁၇ ထုတ်မှ

ဒီမိုကရေစီသဘောတရား၊ အနှစ်သာရကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့်လည်း ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုမူ အဓိကအားဖြင့် အခြေခံအချက်လေးချက်ကို

အခြေခံပြီး ဒီမို ကရေစီစနစ် ခိုင်မာခြင်း မခိုင်မာခြင်းကို သတ်မှတ်ဖော်ပြလေ့ရှိကြပါသည်။ ထိုအခြေခံ အချက်လေးချက်မှာ (၁) လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပခြင်း အားဖြင့် အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ခွင့်၊ အစားထိုးနိုင်ခွင့်ရှိသည့် နိုင်ငံရေးစနစ်ရှိခြင်း၊ (၂) နိုင်ငံသားများ၏ နိုင်ငံရေး၊ ပြည်သူ့ရေးရာလူမှုကိစ္စများတွင် တက်ြွကစွာ ပါဝင်ဆောင် ရွက်နိုင်ခြင်း၊ (၃) နိုင်ငံသားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များကို အကာအကွယ်ပေး နိုင်ခြင်း (သို့) မြှင့်တင်ပေးခြင်းနှင့် (၄) တရားဥပဒေစိုးမိုးမှုရှိခြင်းစသည့် အချက်လေးချက် ကို အဓိကကြင်အင်အဖြစ် ရေးသားဖော်ပြကြပါသည်။ ထိုအချက်များရှိပါမှသာ ဒီမိုကရေ စီစနစ် ခိုင်မာစွာတည်ရှိနေသည်ဟု မှတ်ယူကြပါ သည်။
အကယ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်မှုမရှိလျှင်၊ နိုင်ငံသားများ၏ ပြည်သူ့ ရေးရာကိစ္စများတွင် ပူးပေါင်းပါဝင်နိုင်မှုမရှိလျှင်၊ နိုင်ငံသားများ၏ အခွင့်အရေးများရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်မှုကင်းမဲ့နေလျှင် (သို့) တရား ဥပဒေစိုးမိုးမှု မရှိလျှင် ထိုသို့သောအခြေအနေမျိုးကို ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်နေပြီဟု ပြောဆိုနိုင်မည် မဟုတ်ပေ။ ထိုသို့ ဒီမိုကရေစီစနစ်တည်ထောင်ရေး အတွက် လုပ်ဆောင်ကြရာတွင် ဦးဆောင်သည့် နိုင်ငံ ရေးခေါင်းဆောင်များသည် ဒီမိုကရေစီတန်ဖိုးများကို လေးစားလိုက်နာဖို့ လိုအပ်သလို အုပ်ချုပ်သည့်စနစ် သည်လည်း ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုစနစ်ဖြစ်ဖို့ အထူးပင်လိုအပ်ပါသည်။ လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် အသွင်ကူးပြောင်းနေချိန် ဟုအများမှပြောဆိုနေကြသော်လည်း လက်ရှိအစိုးရ အဖွဲ့အစည်းများ၏ အဖွဲ့တွင်းစီမံအုပ်ချုပ်သည့် ဓလေ့ (အဖွဲ့တွင်းယဉ်ကျေးမှု)ကို သုံးသပ်ကြည့်သည့်အခါ တွင် အာဏာရှင်ဓလေ့စရိုက်များ အမြစ်တွယ်နေဆဲပဲဆိုသည်ကို တွေ့မြင်နေကြရပါသည်။ ထိုဓလေ့စရိုက်များသည် မနေ့တစ်နေ့ကပေါက်ဖွားလာသည့် ဓလေ့စရိုက်များတော့ မဟုတ် ပေ။ ဒီမိုကရေစီရေခံမြေခံ မကောင်းခဲ့သည့်နိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကတည်းက အရိုးစွဲလာသည့်ဓလေ့များ၊ တန်ဖိုးများကိုအခြေခံလာသည်ဖြစ်သောကြောင့် အလွယ်တကူ ပြုပြင်ပြောင်းရာတွင် စိန်ခေါ်မှုများစွာရှိနေနိုင်ပါသည်။
မြန်မာလူမျိုးအများစု ကိုးကွယ်ယုံကြည်ရာဘာသာတရားဖြစ်သည့် ဗုဒ္ဒဘာသာ၏ အလိုအရ ရန်သူမျိုးငါးပါးတွင် မင်း (တစ်နည်း) အစိုးရသည်လည်း တစ်ပါး အပါအဝင် ဖြစ်သည်။ သက်ရှိရန်သူထဲတွင် ထိပ်ဆုံးမှလည်းဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သူများ၏ စိတ်တွင် အစိုးရဝန်ထမ်းများ၊ အစိုးရဌာနဆိုင်ရာများသည် မင်းအစေအပါး၊ မင်းနှင့် အနေ နီးကပ်သည့်သူများဖြစ်သည့်အတွက် လူထု၏ရန်သူစာရင်းတွင် အမြဲပါနေပြီး တတ်နိုင်သမျှ ခပ်ခွာခွာ ခပ်ကင်းကင်း နေထိုင်လိုကြပါသည်။ အခြားတစ်ဖက်တွင်လည်း မင်းအစေအပါး၊ မင်းမှုထမ်းဖြစ်လိုသည့် စိတ်အခံ၊ မင်းနှင့်ပေါင်းလျှင်ရလာမည့် ရှင်ဘုရင်တို့တွင်ရှိသည့် အာဏာ၊ ဂုဏ်အရှိန်အဝါကိုလည်း လိုချင်တပ်မက်ကြပါသည်။ မင်းမှုထမ်းဖြစ်လာသည့်အခါ ဆိုင်ရာဆိုင်ရာနေရာများတွင် ရှင်ဘုရင်လို နေထိုင်ပြုမူတတ်ကြသည်မှာ၊ ရုံးတစ်ရုံး ဓား တစ်စင်းဖြင့် အုပ်ချုပ်လုပ်ကိုင်တတ်ကြသည်မှာ ထိုစိတ်အခံကြောင့်ပင်ဖြစ်၏၊၊ ထို့ကြောင့် မြန်မာလူထုသည် မင်းအစိုးရ၊ မင်းမှုထမ်း၊ အစိုးရဝန်ထမ်းများနှင့် ပတ်သက်ပြီး အစွန်း နှစ်ဖက်၊ စိတ်အခြေအနေ နှစ်မျိုးတွင် ရှိနေတတ်ပြီး မင်းအစိုးရ၊ အစိုးရဝန်ထမ်းများသည် သက်ရှိရန်သူစာရင်းတွင် ထိပ်ဆုံးမှ ပါနေတတ်သည်၊၊ ထိုယုံကြည်ယူဆချက် မှန်ကန် ကြောင်းလည်း ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့သည့် အာဏာရှင်နိုင်ငံရေးစနစ်များ ကလည်း ထပ်လောင်းအတည်ပြုခဲ့သည်၊၊ ရလဒ်အနေနှင့်ကား နိုင်ငံတော်ကို ကိုယ်စားပြု သည့် အစိုးရဌာနများ၊ ဝန်ထမ်းများနှင့် ပြည်သူလူထုကြားဆက်ဆံရေး တစ်နညှ်းအအေနှသခငနအပျွနူအေငသည အားနည်းယုတ်လျော့ခဲ့ရသည်၊၊
ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သည့် မင်းမှုထမ်းများ (အစိုးရဝန် ထမ်း များ)၏ စိတ်တွင်လည်း သက်ဆိုင်ရာ အုပ်ချုပ်သူ လူတန်းစားအကျိုးသာအဓိက ထမ်းရွက်ရန် တာဝန်ရှိပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်မှုမရှိသ လောက်ပင်၊၊ ထို့အတူ လူထုသည်လည်း မင်းမှုထမ်းဆိုသည်မှာ မင်းအမှု၊ မင်းအုပ်စိုး သူအရေးသာ ဆောင်ရွက်သူများ အဖြစ်သာ ယုံကြည်လက်ခံလာကြသည်မှာ နှစ်ပေါင်း ၉ဝဝ ပင် ကျော်လာခဲ့ပြီဖြစ်သည်၊၊ နိုင်ငံတကာတွင်ကျင့်သုံးခဲ့သည့်အစိုးရနှင့် ပြည် သူကြားသဘောတူညီမှုဖြင့် နိုင်ငံတော်ကို တည်ဆောက်ရေးမူ၊ လူမှုပဋိဉာဉ် (Social Contract) ဆိုသည့် အယူအဆဆိုသည်မှာ လည်း မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် မည် သည့်အခါမှ မရှိခဲ့ပါ၊၊ ထိုအစား ဘုရင်၊ အစိုးရဆိုသည်မှာ ဘုန်းရှင်ကံ့ရှင် ပါရမီ့ရှင် ဆိုသည့် အတွေးအခေါ်၊ ဘုရားဆုပန်ဖြစ် သည့်အတွက် မင်း-ရှင်ဘုရင် လုပ်သမျှ မှန် သည်ဆိုသည့် အတွေးအခေါ်ကို ဘာသာ တရား အကူအညီနှင့် ထိန်းချုပ် လွှမ်းမိုးလာ သည်သာများသည်၊၊ ထိုအတွေးအခေါ် အယူအဆကို အုပ်ချုပ်ခံပြည်သူလူထု အနေဖြင့် စိတ်ထဲစွဲမြဲကာ လက်ခံယုံကြည် လာပြီး လူထု၏ အတွေးအခေါ်အကြံ အစည်နှင့် ပြုမူဆောင်ရွက်ပုံအားလုံးကို ထိန်းချုပ်နိုင်ရန်အတွက် အုပ်ချုပ်သူလူ တန်းစားများ (မင်းအစိုးရများ)သည် ဘာ သာရေးခေါင်းဆောင်များ အကူအညီကိုရ ယူကာ နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ ပါသည်။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်း တွင် အာဏာရှင်ဓလေ့စရိုက်များ၊ အငွေ့အ သက်များနှင့် အမူအကျင့်များစိမ့်ဝင်ပျံ့နှံ့ လျက်ရှိပါသည်။
ထို့ကြောင့် ခေတ်အဆက်ဆက် အုပ် ချုပ်လာခဲ့သည့် မင်းနှင့် မင်းအစေအပါး တစ်နည်း မင်းမှုထမ်းတို့သည် ပြည်သူ့အကျိုး အတွက် တာဝန်ခံ၊ တာဝန်ယူဖို့လို သည်ဟူ သည့် အယူအဆပေါ်ထွန်းလာခြင်းမရှိဘဲ ဘုန်းသမ္ဘာကြီးမားသောရှင်ဘုရင်၏ စေတ နာကြောင့်သာ ပြည်သူလူထုအနေနှင့် ပြည် သူ့ဝန်ဆောင်မှုအချို့ကို ရရှိခံစားနေရခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆလာကြသည်၊၊ ရှင်ဘုရင် အဆက်ဆက် တည်ဆောက်ခဲ့ သည့် ဆည်မြောင်းကန်ချောင်းများသည် ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေ ဖို့ထက် မိမိတို့အုပ်ချုပ်မှု အာဏာတည် တံ့ခိုင်မြဲရေး၊ အဆင့်ဆင့်အုပ်ချုပ်မှုစနစ် များ ခိုင်မာအားကောင်းရေး ရည်ရွယ်ချက် ဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူ လူထုသည်လည်း မိမိတို့၏ လိုလားချက်များ ကိုတောင်းဆိုနိုင်သည့် အခွင့်အာဏာမရှိ၊ အုပ်စိုးသူလူတန်းစား၏ စိတ်စေတနာရှိသလောက်သာခံစားခွင့်ရှိမည်၊ ကျန်တာကို မိမိဘာသာ ကိုယ်ထူကိုယ်ထဆောင်ရွက်ရ မည် စသည့် အယူအဆများကို ပြည်သူလူ ထုအတွင်းပျံ့နှံ့စေရန်လည်း နည်းလမ်းမျိုး စုံဖြင့် ပြုလုပ်ခဲ့ကြသည်။
ပြည်သူလူထုအနေဖြင့် မင်းနှင့် မင်းမှု ထမ်းများ၏ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက် များနှင့် ပတ်သက်ပြီး မေးမြန်းခြင်း၊ သိခွင့် ရရန် တောင်းဆိုခြင်းသည် မသင့်တော်သော အပြုအမူ၊ မလုပ်သင့် မလုပ်ထိုက်သည့် ရာဇဝတ်မှုကြီးတစ်ခုလည်း ဖြစ်နေပြန် သည်၊၊ အုပ်ချုပ်ရေးကိစ္စ၊ မင်းရေးမင်းရာကိစ္စ များသည် ရှုပ်ထွေးပြီး သာမန်ပြည်သူများ နားမလည်နိုင်သည့် အလုပ်ဖြစ်သည်ဟု ပြောဆိုကြပြီး သိရှိနားလည်အောင်လည်း မည်သည့်အခါမှ မကြိုးစားပေးခဲ့ကြပါ၊၊ နောက်ဆုံးတွင် ပြည်သူလူထုသည်လည်း မိမိတို့သည် အစိုးရများထံမှ မိမိတို့၏ ဘဝ သာယာဝပြောရေးအတွက် လိုအပ်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုများအတွက် တောင်းဆိုရမည်၊ တောင်းဆိုခွင့်ရှိသည် ဟူသည့် အခြေခံရပိုင်ခွင့်များကို တောင်းဆို တတ်သည့်၊ တောင်းဆိုရဲသည့် အလေ့အထ များအားနည်းလာခဲ့ကြရသည်၊၊ ထိုထိုသော စိတ်အခံ၊ အလေ့အထများကြောင့် အစိုးရ ၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေပြီး ယနေ့အချိန် အထိ မြန်မာနိုင်ငံတွင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများသည် အရည်အသွေးညံ့ မလုံလောက်ရခြင်း၊ ထိရောက်မှု ရှိမနေခြင်း၊ လေလွင့်ပျက်စီးမှုများ၊ အကျင့်ပျက်ခြစား မှုများစွာ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်၊၊ ထို့ အပြင် လူထုကို တာဝန်ခံစရာမလိုသော၊ လူထုလိုအပ်ချက်နှင့် တောင်းဆိုချက်ကို မျက်နှာမူစရာမလိုသော အစိုးရဝန်ထမ်းများ (တစ်နည်း) မင်းမှုထမ်းများအနေဖြင့်လည်း ယခင်ပုံစံဟောင်းကို ဆေးအမျိုးမျိုးသုတ် ကာ ယခု အစိုးရသစ်လက်ထက်တိုင်အောင် အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ၊ လိုဆဲပင်ဖြစ် နေပါသည်။
သို့သော် တိုင်းပြည်၏ နိုင်ငံရေးစနစ် အကူးအပြောင်း၊ ဒီမိုကရေစီအကူး အပြောင်းကာလလတွင် ထိုသို့သောစိတ် အခံရှိသူ နိုင်ငံရေးသမားများနှင့် အစိုးရဝန် ထမ်းများအတွက် အဆင်မပြေတော့၊၊ ယခင် အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ် အောက်၊ ဒီမိုကရေစီတန်ဖိုးများကင်းမဲ့နေသည့် စီမံအုပ်ချုပ်မှုစနစ်အောက် နှစ်ပေါင်း များစွာ နေသားကျလာသူများသည် ယခင် စနစ်ဟောင်း၏ ပြုမူဆောင်ရွက်ပုံများသာ အမှန်ဟု ထင်မြင်ယူဆနေကြမြဲဖြစ်သည်၊၊ အမှားကြာလာတော့ အမှန်ဖြစ်ဟု ထင်နေ ကြသည်၊၊ ပြည်သူလူထု၏ နိုင်ငံရေး အသိ ရေချိန်သည် နိုင်ငံရေးပါတီများ၊ မီဒီယာ များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကြိုးစားအားထုတ်မှုကြောင့် မြင့်တက်လာ ကြသည်ကို ထည့်မစဉ်းစားနိုင်ကြ။ ယနေ့ ခေတ်တွင် အင်တာနက်ချိတ်ဆက်မှု အား ကောင်း လာသည်နှင့်အမျှ သတင်းအချက် အလက်ရရှိမှု လျင်မြန်လာခြင်းနှင့်အတူ လူထု၏ နိုင်ငံရေး အသိအမြင်နိုးကြားမှုသည် အတန်အသင့်မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ပြည်သူလူထု၏ နိုင်ငံသားရပိုင်ခွင့် ဆိုင်ရာ တင်ပြတောင်းဆိုမှုများ၊ အစိုးရ၏ ပြည်သူ့ရေးရာ ဝန်ဆောင်မှုအပေါ် ဝေဖန် စောကြော မေးမြန်းမှုများ၊ ဝေဖန်ထောက်ပြ မှုများသည် ယခင်ပုံစံဟောင်းတွင် နေသား ကျနေသည့် အစိုးရဝန်ထမ်းများ၊ အရာရှိကြီး များ၊ နိုင်ငံရေးသမားများအတွက်ကတော့ နားမခံချင်စရာ၊ လက်မခံချင်စရာကိစ္စများ ဖြစ်နေသည်။ နိုင်ငံရေးစနစ်အကူးအပြောင်း အတွက် အုပ်ချုပ်မှုစနစ်က အဆင်သင့်ဖြစ် မနေသေးသည့် သဘောပင်။ ထိုသို့ လူထုမှ မိမိတို့၏ ရပိုင်ခွင့်၊ ဆန္ဒနှင့် လိုလားချက် များကို တင်ပြတောင်းဆိုတတ်လာခြင်း၊ တောင်းဆိုရဲလာခြင်း(တစ်နည်း)အကြောက် တရားများမှ ကင်းဝေးလာခြင်းကို ဒီမို ကရေစီအစိုးရသစ်အနေဖြင့် လက်ကမ်း ကြိုဆိုဖို့ လိုပါသည်။ လက်ကမ်း ကြိုဆိုရဲဖို့ လိုပါသည်။ ထိုသို့လက်ကမ်းကြိုဆိုခြင်းမရှိ ဘဲ ဖိနှိပ်ပိတ်ပင်နေမည်ဆိုပါက ပေါက်ကာ စ ဒီမိုကရေစီအပင်ကို သင်းသတ်လိုက် သလို ဖြစ်သွားမည်ကို သတိထားဖို့လိုပါ သည်။
ဒီမိုကရေစီအကူးအပြောင်းကာလတွင် ပြည်သူလူထု၏ လိုလားချက်များ၊ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်အတွက် လက်ရှိအစိုးရ၏ အုပ်ချုပ်ရေးယန္တရားများသည် အဆင်သင့်ဖြစ်နေဖို့လိုပါ သည်။ ထိုသို့ဖြစ်မနေပါက ဒီမိုကရေစီနိုင်ငံရေးစနစ်အပေါ် လူထု၏ထောက်ခံမှု ကျဆင်းလာပြီး အပြောင်းအလဲလုပ်ငန်းများ နှောင့်နှေးသွားတတ်သည်။ ဥပမာအနေဖြင့် လစ်ဗျားနိုင်ငံတွင် ကဒါဖီ လက်ထက်က နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို ဗဟိုချုပ်ကိုင်မှုလွန်ကဲပြီး ပုဂ္ဂိုလ်ရေးအာဏာ လွှမ်းမိုးမှု အများဆုံးပုံစံဖြင့် တည်ဆောက်ထားခဲ့သည်။ ထိုသို့ personal bureaucracy mechanism
ဖြင့် တည်ဆောက်ထားသော အုပ်ချုပ်မှုယန္တရားများသည် ဒီမိုကရေစီ အကူးအပြောင်းကာလတွင် စိန်ခေါ်မှု တစ်ခု ဖြစ်လာပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလတွင် စနစ်ကျပြီးထိရောက်သည့် အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကိုမဆောင်ရွက်နိုင်ခဲ့သည့်အတွက် အလွန်ကြီး မားသည့် စိန်ခေါ်မှုတစ်ခုဖြစ်လာဖူးပါသည်။
ထိုသို့ ဗဟိုချုပ်ကိုင်မှုလွန်ကဲပြီး နိုင်ငံ ရေး၊ နိုင်ငံသားလွတ်လပ်ခွင့်ကို မြှင့်တင် မည်ဆိုသည့် နိုင်ငံရေးအခြေအနေတွင် တာဝန်ထမ်းဆောင်သည့် အစိုးရဝန်ထမ်း များအနေဖြင့်လည်း အခက်အခဲများရှိနိုင် ပါသည်။ လူထုတောင်းဆိုတင်ပြသည့် လိုလားချက်များကို ချက်ချင်းတုံ့ပြန်ဆောင် ရွက်ရန် လုပ်ပိုင်ခွင့်အာဏာကိုစနစ်တကျလွဲပြောင်းပေးထားမှု အားနည်းခြင်း၊ လူ၊ နည်းပညာငွေကြေးမလုံလောက်ခြင်း ကြောင့် နှောင့်နှေးတတ်ကြသည်လည်း ရှိ သည်၊၊ သို့မဟုတ် ပွင့်လင်းမြင်သာမှုအား နည်းသည့်အတွက် ရလာသည့် အကျိုး အမြတ်ကြောင့် မပြောင်းလဲချင်ကြတာ လည်း ဖြစ်နိင်သည်၊၊ ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ တာဝန်ယူ တာဝန်ခံမှုအား နည်းသည့် အုပ်ချုပ်မှုစနစ်အောက်တွင် ကောင်းမွန်ပြီးထိရောက်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများကိုမည်သို့မျှ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေး အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတွက် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်များ၊ မူဘောင်များကိုအလေးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုပါသည်။
မည်သို့ပင် ဆိုစေကာမူ ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာရေး၊ ထွန်းကားလာရေးအတွက် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခင် ဓလေ့ဟောင်းများ၊ အကျင့်ဆိုးများကို ပယ်ခွာချဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။ အလေ့အကျင့်ဟောင်းများ ပြောင်းလဲရာတွင် စိန်ခေါ်မှုများစွာရှိနေနိုင်သော်လည်း လက်ရှိအစိုးရအနေနှင့် ဒီမို ကရေစီနည်းကျ စီမံအုပ်ချုပ်မှုစနစ်များဖြစ် ပေါ်လာရေးအတွက် လိုအပ်သည့် စွမ်း ဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ၊ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ် နည်းများကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ပြဋ္ဌာန်းမှုများ ထိထိရောက်ရောက် လုပ် ဆောင်ဖို့ လိုအပ်ပါသည်။ သို့မှသာ ဒီမို ကရေစီ ခေါင်းစည်းနှင့် ဒီမိုကရေစီဓလေ့ စရိုက်များ ကိုက်ညီနေမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ဒီမိုကရေစီခေါင်းစည်းအောက်က အာဏာရှင်ဓလေ့စရိုက်များ ဖြင့်သာ ရှေ့ဆက်သွားနေပြီး အမည်ခံ ဒီမိုကရေစီဘဝနှင့်သာ အဆုံးသတ်သွား မည်ဖြစ်ကြောင်း။

မောင်ထွန်း
ကိုးကား ။ ။
1.Burmese Political Values
by Maung MaungGyi, 1983.
2.Democratization briefing paper, G.Bingham Powell, University of Rochester & Eleaner N.Powell, Harvard University
3.Local Governance, UNDP, 2010