ပုန်​ကန်​မှုနဲ့ သက်​ငယ်​မုဒိမ်း

 

တချို့ကအသုံးအဖြုန်းကြီးပြီဆိုရင်​ သူများနဲ့မတူဘူး။ ကုန်း​ကောက်စရာမရှိ​အောင်ကို ​သုံးပစ်​ကြတယ်​။ ​​​​​ကပ်​​စေးနှဲပြီဆိုရင်​လည်း ကိုယ့်​ဗိုက်​​တောင်​ကိုယ်​သဒ္ဒါတာမဟုတ်​။ အခု​ခေတ်​ကပ်​​စေးနှဲကြပုံများ အဆန်းပဲ မ​ကောင်းတဲ့ လူယုတ်​မာ​တွေကို ဥပ​ဒေအရ​သေဒဏ်​​ပေးဖို့ကို​တောင်​ ကပ်​​စေးနှဲနေကြသ လားလို့ ပြည်​သူအချို့က​မေးခွန်းထုတ်​ချင်​ကြပါတယ်​။

 

ထုတ်​ပြန်​ပြီး ဥပ​ဒေ​တွေအရ ​အချို့ရာဇဝတ်မှုတွေက ​သေဒဏ်​​ပေးလို့ရပါတယ်​။ အချို့အမှုတွေက ​သေဒဏ်​​ပေးလို့မရပါဘူး။ ပြည်​သူအချို့ကထင်​ကြတယ်​။ ဘယ်​ရာဇဝတ်​မှူမဆို​ပေါ့ တရားသူကြီးက ပြစ်​ဒဏ်​အမိန့်​စီရင်​တဲ့အချိန်​မှာ အမှုရဲ့ အသွားအလာ​ပေါ်ကြည့်​ပြီး ​ငွေဒဏ်​က​နေ ​ထောင်​ဒဏ်​​၊ သေဒဏ်​အထိကြိုက်သလို​ချမှတ်​နိုင်​တယ်​လို့ ထင်​ကြပါတယ်​။ အဲဒီလိုထင်​​နေကြလို့လည်း အမှုတစ်​ခုဖြစ်​ပြီဆိုတာနဲ့ သူတို့စိတ်​ခံစားမှုအ​ပေါ်မူတည်​ပြီး​သေဒဏ်​ချလိုက်​ပါလား။ သတ်​ပစ်​လိုက်​ အဲဒီလို လူမျိုးအရှင်​မထားနဲ့ စသဖြင့်​ ​ပြောဆို​ဝေဖန်​ တွန်းအား​ပေး​လေ့ရှိပါတယ်​။ ရာဇဝတ်​မှုတစ်​ခုကို သက်​ဆိုင်​ရာဥပ​ဒေပါ သတ်​မှတ်​ပြစ်​ဒဏ်​အကန့့်​အသတ်​ထဲမှာပဲ အ​ရေးယူအပြစ်​​ပေးလို့ရတယ်​ဆိုတာကို ဗဟုသုတရှိပြီး စာဖတ်​အား​လေ့လာအား​ကောင်းတဲ့ ပြည်​သူ​တွေက​​တော့ သိကြပါတယ်​။

 

လတ်​တ​လောပြည်​သူအများစု သေဒဏ်​အပြစ်​​ပေး​စေချင်​တဲ့ရာဇဝတ်​မှုက သက်ငယ်​​မုဒိမ်းမှု​တွေဖြစ်​ပါတယ်​။ ဘာလို့လဲဆို​တော့ အရွယ်မ​​ရောက်​​​သေးတဲ့ က​လေးသူငယ်​​တွေအ​ပေါ် ကျူးလွန်​တဲ့ မုဒိမ်း မှုကစလို့ အသက်​  ၆၀​ ကျော်​​အရွယ်​တောင်​မချန်​ မုဒိမ်းကျင့်​ဖို့ အားထုတ်​လာကြတာ​တွေ မကြာခဏ ဆိုသလို သတင်း​တွေတက်​လာတာမို့ ပြည်​သူ​တွေရင်​ထဲ အင်​မတန်​ရတက်​မ​အေးဖြစ်​ကြရတယ်​လို့ ပြည်​သူအများစုက မှတ်​ချက်​ပြုကြပါတယ်​။ အဆိုးဆုံးက​တော့ က​လေးသူငယ်​ သက်​ငယ်​မုဒိမ်းမှု​တွေနဲ့ပတ်​သက်​လာရင်​ မိဘ​တွေအတွက်​ စိုးရိမ်​စိတ်​​တွေကို ပိုကြီးထွားလာ​စေသလို​ ဒေါသစိတ်​​တွေ ကိုလည်းပိုပြီး နိုးကြားထကြွလာ​စေပါတယ်​။

 

မိဘ​တွေအတွက်​ စိုးရိမ်​စိတ်​​နဲ့ ဒေါသစိတ်​​တွေကိုပိုပြီး နိုးကြားထကြွလာ​စေတယ်​ဆိုလို့ ကိုယ်​​တွေ့ တိုက်​ဆိုင်​တာ​လေး​တွေ​ ပြောပြချင်​ပါတယ်​။ လွန်​ခဲ့တဲ့ရက်​ပိုင်း​လောက်​ကပဲ စာ​ရေးသူရဲ့ ရှစ်နှစ်အရွယ်​​​သားအတွက်​ နာရီဝယ်​​ပေးဖို့ဆိုပြီး ဇနီးဖြစ်​သူနဲ့ ​ယောက္ခမက တွန်းတွန်းတိုက်​တိုက်​ အ​လေး​ပေး​ပြော ကြားလာပါတယ်​။ ကိုယ်​က​တော့ ဘာလုပ်​မှာလဲ​ပေါ့ အခုလည်း က​လေးမှာပတ်​စရာနာရီရှိ​နေတာပဲ ကိုလို့​ပြောမိပါတယ်​။ ဇနီးကပြန်​​ပြောပါတယ်​။ အခုဝယ်ခိုင်းတာက ရိုးရိုးနာရီမဟုတ်ဘူးတဲ့။ ဒါနဲ့ ကိုယ်က ပြန်​​မေးလိုက်တယ် ဘယ်လိုနာရီမို့လို့တုန်းေ​ပါ့။ စမတ်နာရီတဲ့။ အခု​ခေတ်​က ကေ​လးသူငယ်​လိင်အကြမ်းဖက်မှုတွေ​ပေါက​​ပေါနဲ့ က​လေးလုံခြုံ​ရေးအတွက်​ စိတ်​ချရ​အောင်​ အဲဒီနာရီဝယ်​​ပေးမှရ​တော့မယ်​လို့ ဇနီးက​ပြောလာပါတယ်​။

 

အဲဒီနာရီ​တွေက အ​တော်​တော့​ခေတ်​မီအသုံးတည့်​ပါတယ်​။ အဲဒီနာရီကို က​လေးကိုပတ်​​ပေးထားရင်​ ကိုယ့်​က​လေးဘယ်​​နေရာ​ရောက်​​နေလဲဆိုတာ အတိအကျ မဟုတ်​​တောင်​ သူ​ရောက်​​နေတဲ့အနီးဝန်းကျင်​ကို ဂျီပီအက်​စ်​ကပြပါတယ်​။ နာရီထဲဖုန်း​ဆင်းမ်​ကတ်​ထည့်​ထားပြီး က​လေးနဲ့အပြန်​အလှန်​ ဖုန်း​ပြောလို့ရပါတယ်​။ က​လေးဖြစ်​​စေ တစ်​​ယောက်​​ယောက်​ကဖြစ်​​စေ နာရီကိုချွတ်​လိုက်​တာနဲ့ အဲဒီနာရီနဲ့ ချိတ်​ဆက်​ထားတဲ့ မိဘ​တွေရဲ့ဖုန်းမှာအချက်​လာ​ပေးမှာဖြစ်​ပါတယ်​။ ပြီး​တော့ပို​ကောင်းတာက နာရီ မျက်​နှာပြင်​ ကင်​မရာမြင်​ကွင်းဝင်​သ​လောက်​ကို မိဘက ဓာတ်​ပုံလှမ်းရိုက်​ကြည့်​ရှူနိုင်​ပြီး က​လေးရှိ​နေတဲ့ ပတ်​ဝန်းကျင်​က အသံ​တွေကိုလည်း အချိန်​မ​ရွေးလှမ်းနား​ထောင်​လို့ရပါတယ်​။ အဲဒီလိုဓာတ်​ပုံရိုက်​တာ၊ အသံလှမ်းနားထောင်​တာ​တွေကို က​လေးနဲ့ သူ့အနီးဝန်းကျင်ကသူ​​တွေ သတိထားမိမှာ မဟုတ်​သလို ရုပ်​အားဖြင့်​အသံအားဖြင့်​လည်း အ​နှောင့်​ အယှက်​ဖြစ်​​စေမှာမဟုတ်​ပါဘူး။ ဆိုလိုတာက ​ကျောင်းတက်​​နေချိန်​မျိုး သင်တန်းတက်​​နေချိန်​​တွေမျိုးမှာ နာရီကိုမိဘ​တွေက ဖုန်းလှမ်းမ​ခေါ်သ​ရွေ့ တခြားဘာအသံမှ ထွက်​မှာမဟုတ်​ပါဘူး။ က​လေးကအ​ရေး​ပေါ်ဖုန်း​ခေါ်ချင်​ရင်​ ခလုတ်​တစ်​ခုတည်းနှိပ်​တာနဲ့ မိဘေ​တွဆီကို ဖုန်းတန်းဝင်​​အောင်​ လုပ်​ထားတာလို့လည်းသိရပါတယ်​။ ဒါကဒီနာရီရဲ့အသုံးဝင်​မှုတွေပါ။ ဒါ​ကြောင့်​လည်းဇနီးဖြစ်​သူက သားဖြစ်​သူကို ဝယ်​​ပေးချင်​တာ​ပါလားလို့​ တွေးမိပါတယ်​။

 

ဒါနဲ့နာရီဝယ်​ဖို့ဆိုပြီး ဆိုင်​ကိုသွားပါတယ်​။ ဈေးနှူန်း​တွေက ​လေးငါး​သောင်းက​နေ ရှစ်​​သောင်းတစ်​သိန်း ဝန်းကျင်​အထိ အရည်​အ​သွေးအ​ပေါ်မူတည်​ပြီး ပစ္စည်းကို​​ရောင်းကြပါတယ်​။ ဆိုင်​မသွားခင်​ဖုန်းဆက်​​မေးလိုက်​တိုင်း အသုံးဝင်​တဲ့ နည်းပညာအစုံပါတဲ့ စမတ်​နာရီဆို ပစ္စည်းပြတ်​​နေတာများပါတယ်​။ အထူး သဖြင့်​ ဂျီပီအက်စ်စွဲအား​​ကောင်း​တဲ့ က​လေးပတ်​နာရီ​တွေ​ပေါ့။ နောက်​ဆုံးတာ​မွေထဲက အွန်​လိုင်းအ​ရောင်းဆိုင်​တစ်​ခုမှာ ပစ္စည်းရှိတယ်​ဆိုလို့ သွားကြည့်​ဖြစ်​ပါတယ်​။ က​လေးပတ်​စမတ်​နာရီ​တွေ အ​တော်​​ရောင်းရတယ်​လို့ ဆိုင်​ရှင်​က​ပြောပါတယ်​။ တချို့မိဘေ​တွဆို ချို့တဲ့​တဲ့ပုံ​​ပေါက်​ပေမယ့်​ မရှိရှိတာ​လေးစု​ဆောင်းပြီး က​လေးကိုအဲ့နာရီဝယ်​​ပေးတယ်​လို့​တောင်​သိရပါတယ်​။ က​​လေးတွေကို အဲဒီနာရီဝယ်​​​​ပေး ချင်​တဲ့မိဘတချို့ကဘာ​ပြောလဲဆို​တော့ ကိုယ့်​က​လေးလုံခြုံ​ရေးအတွက်​ သက်​ရှိ​တွေက လောက်​​လောက်​ လားလားအားကိုးမရ​​တော့ သက်​မဲ့ကိုအားကိုးရ​တော့မှာ​ပေါ့တဲ့။

 

က​လေးပတ်​ စမတ်​နာရီ သွားဝယ်​ပြီးချိန်​မှာ ပိုပြီးသ​ဘော​ပေါက်​သွားပါတယ်​။ သက်​ငယ်​လိင်​အကြမ်း ဖက်​ခံရမှုတွေအ​ပေါ် မိဘ​တွေရဲ့စိုးရိမ်​စိတ်​​ရေချိန်​ ဘယ်​​လောက်​မြင့်​​နေလဲဆိုတာကို​ပေါ့။ ဒါ​ကြောင့်​ လည်း သက်​ငယ်​မုဒိမ်းကျူးလွန်​သူ​တွေကို ​သေဒဏ်​​ပေး​စေချင်​ကြတာ​ပေါ့။ အဲဒီလို​သေဒဏ်​​ပေး​စေချင်​တဲ့သူ​တွေက နိုင်​ငံ​ရေးအရ သက်​သက်​ဖိအား​ပေးချင်​တာ​ဖြစ်​နိုင်​တယ်​ဆိုတဲ့​ဘက်​က​နေ​ တွေးကြည့်​ လို့မရဘူးလားလို့ ဘာရယ်​မဟုတ်​ အိမ်​က​မိန်းမကို​ပြောကြည့်​တာ သူကဘာပြန်​​ပြောတယ်​မှတ်​လဲ။ အဲဒီစကားကို ကျွန်​မကို​ပြောလို့ရှင်​သက်​သာသွားတယ်​မှတ်​ပါ။ တခြားက​လေးရှိတဲ့မိဘ​တွေကိုသွား​ပြောရင်​ ရှင့်​ကိုအ​ရေခွံဆုတ်​လိမ့်​မယ်​တဲ့။ အခု​လိုကျွန်မကိုဒီစကား​ပြောတာ​တောင်​ ရှင့်​ကို တစ်​ခုခုလုပ်​ချင်​​နေပြီသိလားတဲ့။ ဒါနဲ့မိန်းမကိုမနည်းပြန်​​တောင်းပန်​ရတယ်​။ အဲဒီလိုဆိုလိုတာမဟုတ်​ပါဘူး ဒီလိုပဲ တစ်​ဘက်​က​နေ လှည့်​ပတ်​စဉ်းစားကြည့်​တာပါလို့​ ပြောလိုက်​ရပါတယ်​။ မြန်မာနိုင်ငံမှာက​​တော့ ရာဇ သတ်ကြီး ဥပေ​ဒပုဒ်မ ၃၀၂ ​​​​(၁) (ဂ) အရ လူသတ်​မုဒိမ်းမှုမှသာ ​သေဒဏ်​​ပေးလို့ရပါတယ်​။ ရာဇသတ် ကြီး​ မပြင်ရ​သေးခင်ကေ​​တာ့ လူကြီးမုဒိမ်း​​ရော သက်ငယ်​​မုဒိမ်း​ပါ​ ထောင်​ဒဏ်​နှစ်​နှစ်​ဆယ်​ထိပဲ ချလို့ရ ပါတယ်​။ အခု​နောက်​ဆုံးပြင်​တဲ့ ဥပ​ဒေအရဆိုရင်​​တောင် လူကြီးမုဒိမ်းက နှစ်​နှစ်​ဆယ်​ထိပဲ​ထောင်​ချလို့ ရပြီး ၁၂ နှစ်​​အောက်​ မိန်း​က​လေးမုဒိမ်းမှသာ ​ထောင်​ဒဏ်​တစ်​သက်​ ချမှတ်​နိုင်ပါတယ်​။ ဒီပြင်​ဆင်​ချက်​အရ လိင်​ပိုင်းဆိုင်​ရာတလွဲအသုံးချခံရတဲ့ ၁၂နှစ်​အောက်​ မိန်းက​လေး​တွေအတွက်​သာ အ​ရေးယူနိုင်​ပြီး ၁၂ နှစ်​​အောက်​​ယောက်ျား​လေး​တွေ လိင်​ပိုင်းဆိုင်​ရာတလွဲအသုံးချခံရရင်​​ အခုချိန်​ထိ ​ထောင်​ဒဏ်​တစ်​သက်​အပြစ်​​ပေးလို့မရ​သေးပါဘူး။ ဘာလို့လဲဆို​တော့ ဓမ္မတာနဲ့ဆန့်​ကျင်​ပြီး လိင်​ဆက်​ဆံတဲ့သူ​တွေကို အ​ရေးယူတဲ့ဥပ​ဒေပုဒ်​မ ၃၇၇ ကိုထည့်​သွင်းမပြင်​ဆင်​ခဲ့လို့ဖြစ်​ပါတယ်​။

 

ဒီပြင်​ဆင်​ချက်​မတိုင်​မီ ၂၀၁၆ ခုနှစ်​တုန်းကလည်း ဥပ​ဒေအမှတ် ၆ နဲ့​ရာဇသတ်​ကြီးကို ပြင်​ဆင်​ခဲ့ပါ​သေးတယ်​။ အဲဒီတုန်းက ​ထောင်​ဒဏ်​တစ်​သက်​ချမှတ်​နိုင်​တဲ့ မုဒိမ်းမှုပုဒ်​မ ၃၇၆ နဲ့ ဓမ္မတာနဲ့ ဆန့်ကျင် ပြီး လိင်ဆက်ဆံတဲ့ ပုဒ်မ ၃၇၇​​​​​ အပါအဝင်​​​ ထောင်​ဒဏ်တစ်သက်ချမှတ်နိုင်တဲ့ အခြားပုဒ်မအ​​တော်များ များကို ​ထောင်​ဒဏ်​ နှစ်​နှစ်​ဆယ်​ဆိုပြီး ထည့်​သွင်းပြင်​ဆင်​ခဲ့ပါတယ်​။ ရာဇသတ်ကြီးကိုြ​ပင်​ဆင်​တဲ့ဥပ​ဒေကိုကြည့်​ရင်​ မိန်းက​​လေးသက်​ငယ်​မုဒိမ်းမှုတွေမှာ လူသတ်​မှုပါ ပူးတွဲမကျူးလွန်​ဘဲ သက်​ငယ်​မုဒိမ်း မှုသက်​သက်​ ကျူးလွန်​ရင်​ ​သေဒဏ်​မ​ပေးချင်​ဘဲ ​​ထောင်ဒဏ်​​တစ်သက်သာ အပြစ်​​ပေးလိုတယ်ဆိုတာ ​ယူဆ​လို့ရပါတယ်​။

၂၀၁၆ ခုနှစ်​တုန်း​ကသာ ရာဇသတ်​ကြီးပုဒ်​မ ၃၇၇ ကို ​ထောင်​ဒဏ်​တစ်​သက်​က​နေ နှစ်​နှစ်​ဆယ်​ကို မ​ပြောင်းလဲခဲ့ဘူးဆိုရင်​ အခုချိန်​မှာ ပြင်​ဖို့မလိုပါဘူး။ ဒါ​ပေမယ့်​ အဲဒီအချိန်​တုန်းက ၃၇၆​ ရော ၃၇၇ ကိုပါ​ ထောင်​ဒဏ်​ နှစ်​နှစ်​ဆယ်​​ပြောင်းခဲ့တာမို့ အခုချိန်​မှာ က​လေးသူငယ်​​တွေ လိင်​ပိုင်းဆိုင်​ရာ တလွဲအသုံး ချခံရတာ​​တွေအားလုံးကို ​ထောင်​ဒဏ်​တစ်​သက်​ထိ အပြစ်​​ပေးနိုင်​​စေချင်​တယ်​ဆိုရင်​​တော့ ပုဒ်​မ ၃၇၇ ကိုပါ ပြင်​ဆင်​ရမှာဖြစ်​ပါတယ်​။ သက်ငယ်လိင်အကြမ်းဖက်​မှုတွေ​ကို သေဒဏ်ပေးနိုင်တဲ့ပြစ်ဒဏ် ရှိသင့် တယ်လို့ တစ်သီးပုဂ္ဂလအမြင်အရ ယူဆပါတယ်။ အရွယ်ရောက်ပြီးသူကို မုဒိမ်းမှုကျူးလွန်ရင်တောင် ထောင်နှစ်နှစ်ဆယ်ထိ ချလို့ရအောင် ပြဋ္ဌာန်းထားပြီးသားပါ။ ကလေးသူငယ်ဆိုတော့ ရက်စက်ယုတ် မာရာရောက်လို့ သေဒဏ်ကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထားသင့်ပါတယ်။ ဥပမာ​​ပေးတဲ့အေ​နနဲ့ ဇာတ် လမ်းတစ်ခုကို နမူနာဖန်​တီးပြီး​ပြောပါမယ်​။ မောင်​ဘက သုံးနှစ်မပြည့်​​သေးတဲ့ မူကြိုတက်​​နေတဲ့ မိန်း​က​လေးငယ်​တစ်​​ယောက်​ကို မုဒိမ်းကျင့်တယ်ဆိုပါစို့။ က​လေးက မ​သေပါဘူး။ ဒါ​ပေမယ့်​ ဘဝပျက်​ပါပြီ။ က​လေးအ​ဖေဦးမြက ​ဒေါသကိုမထိန်းနိုင်​လို့ ​ကြိုတင်ကြံစည်ပြီး ​​မောင်​ဘကိုဓားနဲ့ထိုးသတ်​လိုက်​ပါ တယ်​။ ဒီဖြစ်​စဉ်​မှာ ​မောင်​ဘသာအသတ်မခံရရင် ​ပုဒ်​မ ၃၇၆ အရ ​ထောင်​ဒဏ်​တစ်​သက်​ပဲကျခံရနိုင်​​ပါတယ်။ ဦးမြရဲ့ကျူးလွန်မှုသာအထေ​မြာက်​ခဲ့ရင်​​​တော့ ပုဒ်​မ ၃၀၂ ​(၁)(ခ) အရ သေဒဏ်​ပဲချမှတ်​ခံရ​တော့မှာပါ။ တင်​ကူးကြံရွယ်​ချက်​နဲ့ လူသတ်​လို့ပါ။ အဲဒီကျူးလွန်​သူနှစ်​ဦးမှာ ဥပ​ဒေက ဘယ်​သူ့အတွက်​ပိုပြီးတရားမျှတတယ်​လို့ထင်​ပါသလဲ။ 

 

နောက်​တစ်​ခု​ပြောလိုတာက ဒီနိုင်​ငံမှာ နိုင်​ငံ​တော်​ကို သစ္စာ​ဖောက်​ဖျက်​ပုန်​ကန်​ရင်​ ပုဒ်မ ၁၂၂ အရ​သေဒဏ်​​ပေးလို့ရပါတယ်​။ က​လေးသူငယ်​​တွေကို လိင်​အကြမ်း ဖက်​ရင်​ မိန်းက​လေးဆို ​ထောင်​တစ်​သက်​၊​ ယောက်ျား​လေးဆို ​ထောင်​နှစ်​နှစ်​ဆယ်​။ နိုင်​ငံ​တော်​ပုန်​ကန်​ရင်​​ သေဒဏ်​ဆို​တော့ သက်​ငယ်​မုဒိမ်းကျူးလွန်​သူက နိုင်​ငံ​တော်​ပုန်​ကန်​သူ​တွေ​ လောက်​အပြစ်​မကြီး တာ​တွေ့ရပါတယ်​။ မြန်​မာနိုင်​ငံမှာ နိုင်​ငံ​တော်​ပုန်​ကန်​မှုနဲ့ တရားစွဲအ​ရေးယူခံခဲ့ရသူ​တွေထဲမှာ နိုင်​ငံ​ရေး သမား​တွေပါပါတယ်​။ တကယ်​​တော့ သက်​ငယ်​မုဒိမ်းကျူးလွန်​တာ​​ဟာ နိုင်​ငံ​တော်​သစ္စာ​​ဖောက်​ဖျက်​ပုန်​ကန်​မှုလိုပဲ အပြစ်​ကြီးပါတယ်​။ တစ်​ချိန်​မှာ နိုင်​ငံအတွက်​အနာဂတ်​ဖြစ်တဲ့ က​​လေးငယ်​တွေဘဝကိုရိုက်​ချိုးလိုက်​တာပါပဲ။ တချို့ကကပ်​သပ်​ပြီးငြင်းပါတယ်​။ အသက်​​သေတဲ့ သက်​ငယ်​မုဒိမ်းဆို​ သေဒဏ်​​ပေးလို့ရတာပဲတဲ့။ အဲဒီလို​ပြောမယ်​ဆိုရင်​​တော့ လူမဆန်​ရာ​ရောက်​ပါမယ်​။ ဘာလို့လဲဆို​တော့ မုဒိမ်းကျင့်​ခံရတဲ့ က​လေးတစ်​​ယောက်​ မ​သေရင်​​တောင်​ သူ့ဘဝက​သေတာထက်​ပိုဆိုးတဲ့ အ​ခြေအ​နေ​တွေနဲ့ တစ်​သက်​လုံးဖြတ်​သန်းရမှာပါ။ သူတင်​မကပါဘူး သူ့မိဘ​ဆွေမျိုးအသိုင်းအဝိုင်းက လူ​တွေပါပြန်​လည်​ဖြည့်​ဆည်း​ပေးလို့မရတဲ့ စိတ်​ဒဏ်​ရာ​တွေနဲ့ တစ်​သက်​လုံးရှင်​သန်​​နေထိုင်​သွားရမှာပါ။

 

ဒီနိုင်​ငံမှာ​သေဒဏ်​​ပေးလို့ရတဲ့ အခြားပြစ်​မှုကြီး​တွေ အများကြီးရှိပါ​သေးတယ်​။ ​​​​အဲဒီ​တော့ စဉ်းစားမိပါ တယ်​။ နိုင်ငံ​​တော်​သစ္စာ​​ဖောက်​ဖျက်ပုန်ကန်မှုအပါအဝင် ​အခြားရာဇဝတ်​မှုတွေကို​တောင်​ ​သေဒဏ်​​ပြစ်​ဒဏ်​​​ပေးဖို့ မတွန့့်​ဆုတ်​ရင် ​သက်​ငယ်​မုဒိမ်းမှုကျမှပဲ သေဒဏ်​​​ပေးဖို့ ဘာ​ကြောင့်​တွန့်​ဆုတ်​နေကြသလဲ ဆိုတာကို စဉ်းစားလို့ကို ဥာဏ်​မမီ​သေးပါဘူး။

သာဓက