ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားကို ကိန္းျပန္လာနိုင္ၿပီလား

photo: cab.db.com

Unicode Font

ကိန်းဆိုသူကတော့ အင်မတန်ထင်ရှားသည့် ဘောဂဗေဒပညာရှင် John Maynard Kyenes ဖြစ်ပါသည်။ Keynesian ကိန်းဝါဒအကြောင်းကိုတော့ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုငြိမ်းဇာနည်နိုင် (ကလောင်အမည် ငြိမ်းစေ) ကသူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် မကြာခဏ ရေးသားနေသည်ကို ဖတ်ရှုရပါသည်။ ၂၀ရာစု ကမ္ဘာ့စီးပွားရေး သမိုင်းမှာ ကိန်းနှင့်အပြိုင်ထင်ရှားသူကတော့ Friedrich Hayek ဆိုသူဖြစ်ပါသည်။ သူတို့ နှစ်ဦး၏ စီးပွားရေး ဆိုင်ရာ အယူဝါဒများကတော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါသည်။ ကိန်းက နိုင်ငံတော်၏အခန်းကဏ္ဍကို ရှေ့တန်း တင်သူဖြစ်ပါသည်။ ဟေးယက်ခ်ကတော့ လွတ်လပ်သည့်ဈေးကွက်စီးပွားရေးစနစ်ဆိုသည့် free market အယူဝါဒနှင့် အစိုးရ၏အခန်းကဏ္ဍကို တတ်နိုင်သမျှ လျှော့ချလိုသည့် ဘောဂဗေဒပညာရှင်ဖြစ်ပါသည်။ သူတို့၂ဦး၏ ဝါဒရေးရာ ပြိုင်ဆိုင်မှုများကို မှတ်တမ်းရုပ်ရှင်အဖြင် ရိုက်ကူးထားသလို စာအုပ်အနေဖြင့်လည်းထုတ် ဝေသည့် “Commanding Heights” သည်ဖတ်ရှုသူ၊ ကြည့်ရှုသူများအတွက် အင်မတန် စိတ်ဝင်စားစရာကောင်းပါသည်။

ကိန်းဝါဒကတော့ ပထမကမ္ဘာစစ်အပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကြား စပိန်တုတ်ကွေးလို့ခေါ်သည့် ၁၉၁၈-၂၀ ခု နှစ်ကဖြစ်ပွားခဲ့သည့် ကပ်ဘေးများအပြီးမှာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၃၀ စီးပွားပျက်ကပ်ဖြစ်ပွားခဲ့ပြီး အလုပ်လက်မဲ့များ အလွန်အမင်း များပြားနေချိန်မှာ စီးပွားရေးကျဆင်းနေမှု အထူးသဖြင့် ဝယ်လိုအား အလွန်အ မင်းကျဆင်းနေချိန်၌ အစိုးရများ၏ ဘဏ္ဍာငွေအရအသုံးမူဝါဒ (fiscal policy) ကိုအဓိကအသုံးချ၍ ဝယ်လိုအား ကိုမြှင့်တင်ရန်၊ စီးပွားရေးကျဆင်းမှုကို ကုစားရန်ဖြစ်သည်။ အထူးသဖြင့် အစိုးရများ၏ အခန်းကဏ္ဍကြီးထွားလာ ပြီး နိုင်ငံတော်မှဦးဆောင်၍ အများပြည်သူအကျိုးရှိမည့် စီမံကိန်းများ၊ အစီအစဉ်များအား အကောင်အထည် ဖေါ်ဆောင်ခြင်းဖြစ်သည်။

စီးပွားပျက်ကပ် (depression) သို့တည်းမဟုတ် စီးပွားကျဆင်းခြင်း (recession) ဖြစ်ပြီဆိုလျှင် ကုန်ထုတ်လုပ်မှု များကျဆင်းသွားခြင်း၊ စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီများ ဒေဝါလီခံခြင်းနှင့်အတူ အလုပ်လက်မဲ့များ အလွန်အ မင်းများပြားလာခြင်းတို့ကြောင့် အများပြည်သူ ဝယ်လိုအားလည်းကျဆင်းသွားသည်။ ထိုအခါ အကျိုးဆက်အား ဖြင့် စီးပွားရေးလုပ်ငန်းများမှာလည်း ကုန်ပစ္စည်းများထုတ်လုပ်ရန် တွက်ချေမကိုက်တော့ခြင်း၊ စက်ပစ္စည်းကဲ့သို့ ကုန်ထုတ်လုပ်ငန်းတွင်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို မပြုလုပ်တော့ဘဲ ရှိရင်းစွဲအလုပ်များကိုပင် လျှော့ချ ခြင်းတို့ကို ပြုလုပ်သည့်အတွက် ထပ်မံပြီးဝယ်လိုအားကျဆင်းသွားလေသည်။ တနည်းအားဖြင့်ဆိုလျှင် ပုဂ္ဂလိက ကဏ္ဍနှင့် သာမန်ပြည်သူများ၏ သုံးစွဲနိုင်မှုအား အလွန်အမင်းကျဆင်းသွားခြင်းဟုခေါ်ဆိုနိုင်ပြီး လုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ ဝင်ငွေကျဆင်းသွားမှုကြောင့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်လည်း ကြွေး ဆုံးများတိုးပွားလာခြင်းနှင့်အတူ ဘဏ္ဍာငွေကြေးဈေးကွက်ပါ ပြိုလဲနိုင်သည့် အခြေအနေသို့ရောက်ရှိသွားတော့ သည်။ ထို့နေရာတွင် သုံးစွဲနိုင်မှုနှင့် ဝယ်လိုအားကို အစားထိုးနိုင်သူမှာ အစိုးရသာဖြစ်သည်ဟုသော ယူဆချက် ဖြစ်သည်။

အစိုးရက ဝင်ငွေကျဆင်းနေသော်လည်း ဘတ်ဂျက်လိုငွေပြခံပြီး ငွေကိုများများသုံးစွဲမှသာ အစိုးရ၏လမ်းတံတား ကဲ့သို့ အခြေခံအဆောက်အအုံစီမံကိန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် ပုဂ္ဂလိကအဖွဲ့အစည်းများလည်း ကွန်ထရက်ရရှိခြင်း တင်ဒါအောင်ခြင်းတို့မှတဆင့် အလုပ်အကိုင်များဖန်တီးပေးနိုင်သဖြင့် အလုပ်လက်မဲ့ဦးရေ ကျဆင်းသွားသလို ဝယ်လိုအားလည်းပြန်လည်မြှင့်တက်လာပြီး ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲမှုများပြားလာသ ဖြင့် ကုန်ထုတ်လုပ်ငန်းများလည်း ပိုမိုလည်ပတ်လာရပြီး အလုပ်အကိုင်များထပ်မံဖန်တီးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု များတိုးချဲ့နိုင်ခြင်းတို့ဖြင့် စီးပွားရေးသည်ပြန်လည်နလထနိုင်လာခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ၁၉၃၀ စီးပွားပျက်ကပ်နှင့် ဒုတိယကမ္ဘာစစ်လှိုင်း နှစ်ခုသည် အစိုးရ၏အခန်းကဏ္ဍ ကို ပြောင်းလဲသွားစေပြီး သမ္မတ ဖရန်ကလင်ဒီလာနိုရုစဘက်၏ စီးပွားပျက်ကပ်ကိုတုန့်ပြန်မှု New Deal အစီ အစဉ်အောက်မှာ အစိုးရအသုံးစရိတ်များသည် ဂျီဒီပီအချိုးအစားဖြင့်နှိုင်းယှဉ်လျှင် ၃ ဆမြင့်တက်သွားခဲ့ပြီး ဒု တိယကမ္ဘာစစ်ကြောင့် ထပ်မံပြီးအသုံးစရိတ်များကို မြင့်တက်သွားစေသည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွား ရေး (economy) တွင် အစိုးရ၏အခန်းကဏ္ဍသည် အထူးအရေးပါခဲ့သည်။ ထိုအစီအစဉ်များအောက်တွင် ပြည် နယ်တစ်ခုနှင့်တစ်ခု ချိတ်ဆက်သည့် အမြန်လမ်းများလည်းတည်ဆောက်ခဲ့သည်။ အခြေခံအဆောက်အအုံ စီမံ ကိန်းများသာမကဘဲ ပြည်ထောင်စုအစိုးရသည် နိုင်ငံသားများ၏ ကျန်းမာရေး၊ပညာရေး၊လူမှုဖူလုံရေးတို့ကို ပံ့ပိုး ကူညီသည့် အစီအစဉ်များ (welfare programs)၊ သုတေသနအစီအစဉ်များစွာကိုလည်း အကောင်အထည်ဖေါ် ဆောင်ခဲ့သည်ဟုသိရသည်။ ထို့ကြောင့်လည်း အမေရိကန်ပြည်ထောင်စုသည် အရာရာတွင် ထိပ်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး လူလတ်တန်းစားများ၏ လုပ်ခလစာများတိုးမြင့်လာခဲ့သလို၊ တန်းတူညီမျှမှုလည်းရှိခဲ့သည်ဟု ပညာရှင်များကရေးသားကြသည်။ တနည်းအားဖြင့် အမေရိကန်ပြည်ထောင်စုသည်လည်း အနောက်ဥရောပနိုင် ငံများလိုပင် Welfare State ဖြစ်ခဲ့သည်ဟု ပညာရှင်အချို့ကရေးသားကြသည်။

ကားလ်ပိုလာညီနှင့် အယူဝါဒတူဟန်ရှိ

ကိန်းနှင့်ဟေးယက်ခ်တို့လိုပင် ၂၀ရာစုတွင်ထင်ရှားသည့် ဘောဂဗေဒ ပညာရှင်နောက်တစ်ဦးကတော့ ကားလ်ပို လာညီ (Karl Polanyi) ဖြစ်သည်။ ပိုလာညီ၏ The Great Transformation စာအုပ်သည် အထူးကျော်ကြား သည့် ဘောဂဗေဒသမိုင်းစာအုပ်ဟုဆိုနိုင်သည်။ နိုင်ငံရေးနှင့် စီးပွားရေးတို့၏ အပြန်အလှန် အကျိုးပြုနေပုံကို သမိုင်း အထောက်အထားများဖြင့် ရေးသားတင်ပြထားမှုသည် အင်မတန် စိတ်ဝင်စားစရာကောင်းလှသည်။

ပိုလာညီက လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ် (free market) ဆိုတာမရှိ၊ မိမိဘာသာထိန်းကျောင်း မောင်းနှင်နိုင် သည့် ဈေးကွက်စီးပွားရေးစနစ်ဆိုသည်မှာမရှိ။ ဈေးကွက်စီးပွားရေးစနစ်ဆိုသည်မှာ လူ့အဖွဲ့အစည်း တွင်းမှာ တည်ရှိနေသည့်အရာဖြစ်သည်။ အစိုးရ၏ထိန်းကျောင်းမောင်းနှင်မှု (regulations)ကြောင့်သာ ဈေးကွက် စီးပွားရေးပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးကို လူ့အဖွဲ့အစည်းပြင်ပခွဲထုတ်၍ ရောင်းလိုအား၊ ဝယ်လို အားနှင့်ဈေးကွက်ပေါက်ဈေးနှုန်း (supply, demand and market price) ကသာအဆုံးအဖြတ်ပြုလိမ့် မည်ဟု ယူဆ၍မရ။ ဈေးကွက်ဖြစ်ပေါ်လာအောင် အစိုးရမှထိန်းကျောင်းမောင်းနင်ပေးရသလို၊ ပံ့ပိုးကူညီမှုများ လည်းပြုလုပ်ပေးခဲ့၍သာ ဈေးကွက်စီးပွားရေးပေါ်ထွန်းလာရခြင်းဖြင့်သည်ဟု ပိုလာညီကရေးသားထားခဲ့သည်။ ထို့အတွက် ကြောင့် လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာအောင် ဈေးကွက်ကလုပ်၍မရသလို၊ လူ့အဖွဲ့အစည်း အင်အားတောင့် တင်းမှသာ ဈေးကွက်စီးပွားရေးလည်း အင်အားတောင့်တင်းနိုင်မည်ဖြစ်သည်။

ပိုလာညီ၏ အယူဝါဒသည်လည်း ကိန်းလိုပင် အစိုးရ၏အခန်းကဏ္ဍ အရေးပါမှု၊ အစိုးရ၏ လူ့အဖွဲ့အစည်းနှင့်ပြည် သူအများစု၏ အကျိုးစီးပွား ဆောင်ကျဉ်ပေးရန်လိုအပ်မှုတို့ကို ယုံကြည်သက်ဝင်သည်။ ယခုကိုဗစ်-၁၉ကပ်ဘေး ဆိုက်ရောက်လာသည့်အခါ ကိန်းတို့ပိုလာညီတို့ပြောသကဲ့သို့ပင် အစိုးရကသာ အများပြည်သူ အကျိုးစီးပွားကို ဖြည့်ဆည်းပေးနိုင်သူ ဖြစ်လာခဲ့တော့သည်။ ၁၉၃၀ မှ ၁၉၇၀ ခုနှစ်များထိ အမေရိကန်ပြည်ထောင်စုနှင့် အနောက် အုပ်စုဝင်နိုင်ငံများ၏ အစိုးရများကျင့်သုံးခဲ့သည့် ကိန်းအယူဝါဒနှင့်လမ်းစဉ်သည် neoliberalism ခေတ်သစ်လစ် ဘရယ်ဝါဒသမားများအောက်မှာ မှေးမှိန်သွားခဲ့သည်။ အင်္ဂလန်မှာ မာဂရက်သက်ချာ၊ အမေရိကန်တွင် ရော်နယ် ရီဂင်တို့အာဏာရလာချိန်မှစပြီး government is not the solution; government is the problem: ဟုကြွေး ကြော်၍ နိုင်ငံ၏ လူမှုစီးပွားရေးဘဝ၌ အစိုးရ၏အရေးပါမှု၊ အစိုးရ၏အခန်းကဏ္ဍကို လျှော့ချခဲ့သည်။ တချိန်က နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၊အခြေခံအဆောက်အအုံ ဝန်ဆောင်မှုများ (အမြတ်ရရှိနေသည့် လုပ်ငန်း များအပါအဝင်)ကိုပုဂ္ဂလိကပိုင်ပြုလုပ်သလို၊ အစိုးရ၏ ဈေးကွက်စီးပွားရေးစနစ်ကို ထိန်းကျောင်းမောင်းနင်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ပယ်ဖျက်ပစ်ခဲ့သည်။ အခွန်နှုန်းထားများကိုလည်း လျှော့ချခဲ့သည်။ ယင်းတို့၏ ထိုမူဝါဒများကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းသည် အင်အားကောင်းလာခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင် အခွင့်အလမ်း သန်းရာချီကိုဖန်တီးပေးနိုင်ခဲ့သော်လည်း မညီမျှမှုများ၊ ဘဏ္ဍာငွေကြေးအကျပ်အတည်းများနှင့် နိုင်ငံရေး၊စီးပွားရေး မတည်ငြိမ်မှုများနှင့်အတူ လူမှုပဋိပက္ခများစွာဖြစ်ပေါ်စေခဲ့သည်။

ထိုကဲ့သို့ တဘက်စောင်းနင်း ခေတ်သစ်အရင်းရှင်စနစ် (ယခင်ဆောင်းပါးတွင်ဖေါ်ပြပြီး) နှင့် ဂလိုဘယ်လိုက်ဇေး ရှင်း၏ ဆိုးကျိုးများကို အထူးသဖြင့် ၂၀၀၈ခုနှစ် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာငွေကြေးအကျပ်အတည်းကစ ၍ အရင်းရှင်နိုင်ငံကြီးများမှ ပြည်သူများလည်း သိနားလည်လာပြီး ဆန့်ကျင်မှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နောက်ဆုံး သမ္မတထရန့်အာဏာရလာသည်ထိဖြစ်ခဲ့ရသည်။ ယခုကိုဗစ်-၁၉ကပ်ဘေးဆိုက်ရောက်ချိန်မှာတော့ ၁၉၃၀ စီးပွားပျက်ကပ်လိုပင် အမေရိကန်ပြည်ထောင်စုအပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများအားလုံးသည် အစိုးရကိုသာ မှီခိုအားထားရတော့သည်။ ပုဂ္ဂလိကဘဏ်များ၊ ပုဂ္ဂလိကကုမ္ပဏီများအားလုံးသည် ကိုဗစ်-၁၉ကပ်ဘေးကြောင့် အလုပ်အကိုင်များ ရပ်ဆိုင်းလိုက်ရခြင်း၊ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အသွားအလာများကို ကန့်သတ် လိုက်ရခြင်းတို့ကြောင့် အစိုးရမှတစ်ပါးအခြားမရှိပြီဖြစ်သွားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူအားလုံးကို အစိုးရကသာ ဖေးမကူညီရတော့မည် အခြေအနေ ယခုအခါ ဆိုက်ရောက် သွားပြီဖြစ်သည်။ ထို့ကြောင့်လည်း အမေရိကန်ပြည်ထောင်စုအစိုးရသည် ကျဆင်းသွားသည့် စီးပွားရေးကို ကု စားရန် ဒေါ်လာထွီလီယံချီသုံးစွဲနေပြီဖြစ်သည်။ ဘတ်ဂျက်လိုငွေ ၂၀ ရာခိုင်နှုန်းထိသုံးစွဲမည်ဟုသိရသည်။ ကျော် လျှင်တောင်ကျော်နိုင်သေးသည်။ အမေရိကန်ပြည်ထောင်စုလောက် လိုငွေပြမသုံးနိုင်သော်လည်း ဂျပန်က ၈.၅၊ ဥရောပသမဂ္ဂက ၉.၅ နှင့် ဗြိတိန်က ၁၁.၅ ရာခိုင်နှုန်းခန့် လိုငွေပြသုံးစွဲမည်ဟုကြားသိရသည်။ တရုတ်နိုင်ငံသည် လည်း ယခုအခါတွင်တော့ ၂၀၀၈ခုနှစ်ကလိုမဟုတ်ဘဲ အမေရိကန်လောက်မသုံးနိုင်တော့။ လိုငွေ ၁၂.၃ ရာခိုင် နှုန်းခန့်သာ သုံးစွဲလိမ့်မည်ဟု Morgan Stanley အဖွဲ့ကခန့်မှန်းထားသည်။ မည်သို့ပင်ဆိုစေကာမူ ဖွံ့ဖြိုးပြီးနိုင်ငံ တွင် ကိန်းဝါဒကို ပြန်လည်ကျင့်သုံးပြီဟုဆိုနိုင်ပြီဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို ကိန်းလာနိုင်မည်လား

ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း ကိုဗစ်-၁၉ကပ်ဘေးကြောင့် စီးပွားရေးကျဆင်းနေပြီဖြစ်၍ အမေရိကန်နိုင်ငံလိုပင် ကိန်းဝါဒအခြေပြု၍ အစိုးရမှ ဂျီဒီပီ၏ ၁၅-၂၀% ထိလိုငွေပြသုံးစွဲသင့်ပါသည်။ သို့သော် အမေရိကန်၊ဥရောပသ မဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဗြိတိန်၊ဂျပန်တို့လို သုံးစွဲနိုင်သည့်အင်အား ယင်းတို့တွင်မရှိဖြစ်နေသည်။ အမေရိကန်ပြည် ထောင်စုနှင့်အခြားချမ်းသာသည့်နိုင်ငံများကတော့ ယင်းတို့၏ဗဟိုဘဏ်မှ ငွေစက္ကူရိုက်ထုတ်သုံးစွဲခြင်း၊ ကြွေးမြီ များအများအပြားတင်နေသော်လည်း အတိုးနှုန်းနည်းပါးနေခြင်းကြောင့် နိုင်ငံတကာငွေကြေးဈေးကွက်မှ ချေးယူ လျှင်လည်း ပြသနာမရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ (အလယ်အလတ်နှင့် ဝင်ငွေနည်း) မှာတော့ ငွေစက္ကူရိုက် ထုတ်လျှင် ယင်းတို့၏ငွေတန်ဖိုးထိုးဆင်းသွားနိုင်ပြီး ငွေကြေးဖေါင်းပွမှု ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ ကြုံနိုင်သလို ကြွေးပိနေသောကြောင့် (အထူးသဖြင့် ဝင်ငွေအလယ်အလတ်နိုင်ငံများ) rating agencies ဟုခေါ်သည့် ချေးငွေ ထုတ်ပေးရန်သင့်မသင့်၊ ရင်းနှီးမြှုပ်နှံရန်သင့်မသင့် အဆင့်သတ်မှတ်သည့် အဖွဲ့အစည်းများ၏ ယင်းနိုင်ငံများအ ပေါ်သတ်မှတ်ထားသည့်အဆင့်ကို အလျင်အမြန် နိမ့်ချလိုက်လျှင် ထပ်ငွေချေးရန်မဖြစ်နိုင်သလို၊ တင်နေသည့် ကြွေးများအတွက် ကြွေးရှင်များက အတိုးအရင်းပေါင်းတောင်းဆိုတော့မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများက လည်းမလာတော့ဘဲ ရှိပြီးသားများပင်ထွက်ခွာသွားနိုင်သည်။ မြွေပူရာကင်းမှောက်ဆိုသလိုဖြစ်သည်။

ဆင်းရဲသည့်နိုင်ငံများ၏ ပြင်ပကြွေးမြီသည် အမေရိကန်ဒေါ်လာ၁၁ထွီလီယံရှိနေပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာပင် တိုးရင်းပေါင်း ပြန်ဆပ်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၉ ထွီလီယံရှိနေသည်ဟု Brookings Institute ကထုတ်ပြန်ထားသည့်အတွက် အလယ်အလတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို မှန်းဆကြည့်နိုင် သည်။ ထို့အတွက်ကြောင့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ခေါင်းဆောင်များနှင့်ပညာရှင်များက ကိုဗစ်-၁၉ကပ်ဘေးအား ထိရောက်စွာ တုန့်ပြန်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ယင်းနိုင်ငံများ၏အကြွေးများကို ရှော်ပစ်ရန် သို့မဟုတ် ပြန်လည်ညှိနှိုင်း၍ ကြွေးမြီကုစားရေး (debt relief) ကိုအလျင်အမြန်ဆောင်ရွက်ရန် ကြွေးရှင်နိုင်ငံများ၊ ပုဂ္ဂလိကကြွေးရှင်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှုဘဏ်များ ကို တိုက်တွန်းလျက်ရှိသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီများကို ဆိုင်းငံ့ထားရန် ကမ္ဘာ့ဘဏ်လိုနိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့် အစိုးရ များက သဘောတူသော်လည်း ပုဂ္ဂလိကကြွေးရှင်များကတော့ ယခုအချိန်ထိ သဘောမတူ။ ထိုသို့ပုဂ္ဂလိကကြွေး ရှင်များက သဘောမတူလျှင် ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်၊နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်) တို့လို နိုင်ငံတကာအစိုးရအဖွဲ့အစည်းများက ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ထုတ်ချေးလိုက်သည့် ချေးငွေများသည် ထိုနိုင်ငံများတွင် အထူးလိုအပ်နေသည့် ကိုဗစ်-၁၉ကပ်ဘေး ကုစားမှုအစီအစဉ်များအတွက် သုံးစွဲရမည်မဟုတ် ဘဲ ယခင်ကြွေးရှင်များ၏ ကြွေးများကိုတိုးရင်းပေါင်းပြန်ဆပ်နေရခြင်းဖြင့် ကုန်ဆုံးသွားမည်ဖြစ်သည်။

ပုဂ္ဂလိကကြွေးရှင်များဖြင့် ဖွဲ့စည်းထားသည့် Institute of International Finance (IIF) မှမေလ ၁ ရက် နေ့စွဲ ဖြင့်ထုတ်ပြန်သည့် ထုတ်ပြန်ချက်ကလည်း အခြေအနေမကောင်းလှ။ အိုင်အိုင်ဖက်ဖ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ညှိနှိုင်း ရန်ကလည်း ရှုပ်ထွေးလှသည်။ ၂၀၂၀ ကုန်လျှင်တောင်ပြီးမည်လားဟု အချို့ကသုံးသပ်ကြသည်။ ညှိနှိုင်းသည် ဟုဆိုရာတွင်လည်း ပုဂ္ဂလိကကြွေးရှင်များအားလုံးက တညီတညွှတ်တည်း ဆိုင်းငံ့ပါမည် (သို့တည်းမဟုတ်) ချေး ငွေစာချုပ်များ ပြန်လည်ပြင်ဆင်ချုပ်ဆိုရေးကို အားလုံးသဘောတူပါသည်ဟု လက်မှတ်ရေးထိုးမှဖြစ်မည်။ မဟုတ်လျှင် သဘောတူသူ မယူသည့် ပြန်ဆပ်ငွေကို သဘောမတူသူက ရယူသွားမည်ဖြစ်သောကြောင့်ဖြစ် သည်။ တစ်ဦးအနစ်နာခံခြင်းက အခြားသူတစ်ဦး အမြတ်ထွက်သကဲ့သို့ဖြစ်နေသည့် free rider ပြသနာရှိနေ သောကြောင့်ဖြစ်သည်။

ထို့အတွက်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိန်းပြန်လာရန် ခက်ခဲနေသည်။ နိုင်ငံတကာအစိုးရများ ဝိုင်းဝန်းကူညီ ဖြေရှင်းရန်အထူးလိုအပ်နေသည်။ ပုဂ္ဂလိကကြွေးရှင်များအနေဖြင့်လည်း လက်မခံပါက အမြင်တိုလွန်းသည်ဟု ဆိုရမည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ (အထူးသဖြင့် အာဂျင်တီးနားလို ဝင်ငွေအလယ်အလတ်နိုင်ငံများ)၏ ကြွေးမြီများကို ပြန်လည်ပြင်ဆင်ခြင်း၊ နဂိုအတိုးနှုန်းများထက်လျှော့၍ယူခြင်း၊ လတ်တလော ဆိုင်းငံ့ထားခြင်းဖြင့် ယင်းနိုင်ငံများ သည် ကိုဗစ်-၁၉ကပ်ဘေးကို ကျော်လွှားနိုင်ပြီး စီးပွားရေးလည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့၏ချေးငွေအများစုကိုအတိုးနှင့်တကွ ပြန်လည်ရရှိမည်ဖြစ်သလို နောင်လည်းဆက်လက် ပူးပေါင်းဆောင် ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အတင်းအကျပ် ကြွေးတောင်းနေလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ ကိုဗစ်-၁၉ကပ် ဘေးကို ထိရောက်စွာ မထိန်းချုပ်နိုင်ဘဲ ရောဂါကူးစက်မှုပြန့်ပွားလာပါက ချမ်းသာသည့်ကြွေးရှင်နိုင်ငံများလည်း ရတက်အေးရမည်မဟုတ်။ ကိုဗစ်-၁၉ တစ်ကျော့ပြန်လာလျှင် ယင်းတို့စီးပွားရေးလည်း ထပ်ထိုးကျပြီး တကမ္ဘာ လုံး စီးပွားရေးကျဆင်းမှု၏ဒဏ်ကို နှစ်ပေါင်းများစွာခံရမည်ဖြစ်သည်။ နိုင်ငံရေး၊လူမှုရေး မတည်ငြိမ်မှုများနှင့်အ တူ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ စစ်ပွဲများပင်ဖြစ်လာနိုင်သည်။ ယခုပင် တရုတ်နှင့်အိန္ဒိယတပ်များ နယ် စပ်တွင် တိုက်ပွဲများဖြစ်နေသည်ဟုကြားသိရသည်။

ဝယ်လိုအားကျဆင်းသွားခြင်းကို ကိန်းနှင့်သာဖြေရှင်းရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အစိုးရများလိုငွေပြမှုကို စိုးရိမ်၍ (သို့) ချေးငွေရယူရန် အထက်တွင်ဖေါ်ပြသကဲ့သို့ အခက်အခဲဖြစ်နေခြင်းကြောင့် ချေးငွေများနိုင်ငံတကာ မှရယူ၍ မသုံးစွဲနိုင်လျှင် အခွန်မှရရှိသည့်ဝင်ငွေလည်း ထပ်မံကျဆင်းသွားမည်ဖြစ်သောကြောင့် လိုငွေပြမှုသည် သက်သာသွားမည်မဟုတ်ဘဲ ထပ်ဆိုးသွားမည်သာဖြစ်သည်။ အိန္ဒိယအစိုးရသည် လိုငွေပြမှုကိုစိုးရိမ်၍ ကိုဗစ်- ၁၉မဖြစ်ခင်ကတည်းက အသုံးစရိတ်များဖြတ်တောက်ခဲ့၍ လိုငွေပြမှုမသက်သာဘဲ စီးပွားရေးသာပိုဆိုးခဲ့သည် ဟု အိန္ဒိယ စီးပွားရေးပညာရှင် Jayati Gosh ကသူမ၏ဆောင်းပါး “Modi’s Fiscal Follies” တွင်ထောက်ပြထား ခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉ကပ်ဘေးဒဏ်ခံစားနေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရများသည် ကိန်းဝါဒကို လက်ကိုင်ထား၍ တတ်နိုင်သမျှ အသုံးစရိတ်များကို ထိရောက်စွာသုံးစွဲရန်လိုအပ်သလို ဖွံ့ဖြိုးပြီးချမ်းသာသည့် နိုင်ငံအစိုးရများနှင့်နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီပေးအပ်နေသည့်အဖွဲ့အစည်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြသနာကို ဝိုင်းဝန်းဖြေရှင်းပေးရန် တိုက်တွန်းလိုက်ရပါသည်။

မြန်မာနိုင်ငံအနေဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း ကြွေးပိမနေ၍ ကံကောင်းသည်ဟုဆိုရမည်။ ယနေ့နံ နက် နိုင်ငံတော်အတိုင်ပင်ခံနှင့် ဝန်ကြီးများ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အကြောင်း ဆွေးနွေးပွဲတွင် လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံ ချေးငွေပေးအပ်ရန် သဘောတူထားပြီ ဖြစ်ကြောင်းနှင့် အစိုးရဘတ်ဂျက်မှလည်း သုံးစွဲနေသည်ဟုကြားရ၍ ဝမ်းသာမိပါသည်။ ဂျီဒီပီအချိုးနှင့်တွက်လျှင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် သုံးစွဲမှုသည် နည်းပါးသည်ဟုယူဆနိုင်သော်လည်း နောင်လာမည့်နှစ် ဘဏ္ဍာငွေအရအသုံးတွင် ကိန်း၏အစီအစဉ်များအတွက် တတ်နိုင်သမျှ တိုးမြှင့်သုံးစွဲသွားခြင်းဖြင့် ကိုဗစ်-၁၉ကို ထိရောက်စွာ တုန့်ပြန်နိုင်သလို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုရင်း မည်သူ့ကိုမှ နောက်ချန်မထားခဲ့သည့် လူမှုသဟဇာတရှိသည့် နိုင်ငံတော်ကိုတည်ဆောက်နိုင်မည်ဟု ယုံကြည်မိ ပါသည်။

ခိုင်ဝင်း

Zawgyi Font

ကိန္းဆိုသူကေတာ့ အင္မတန္ထင္ရွားသည့္ ေဘာဂေဗဒပညာရွင္ John Maynard Kyenes ျဖစ္ပါသည္။ Keynesian ကိန္းဝါဒအေၾကာင္းကိုေတာ့ မိတ္ေဆြတစ္ဦးျဖစ္သူ ကိုၿငိမ္းဇာနည္နိုင္ (ကေလာင္အမည္ ၿငိမ္းေစ) ကသူ၏ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ မၾကာခဏ ေရးသားေနသည္ကို ဖတ္ရႈရပါသည္။ ၂၀ရာစု ကမာၻ႔စီးပြားေရး သမိုင္းမွာ ကိန္းႏွင့္အၿပိဳင္ထင္ရွားသူကေတာ့ Friedrich Hayek ဆိုသူျဖစ္ပါသည္။ သူတို႔ ႏွစ္ဦး၏ စီးပြားေရး ဆိုင္ရာ အယူဝါဒမ်ားကေတာ့ ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္ေနပါသည္။ ကိန္းက နိုင္ငံေတာ္၏အခန္းက႑ကို ေရွ႕တန္း တင္သူျဖစ္ပါသည္။ ေဟးယက္ခ္ကေတာ့ လြတ္လပ္သည့္ေဈးကြက္စီးပြားေရးစနစ္ဆိုသည့္ free market အယူဝါဒႏွင့္ အစိုးရ၏အခန္းက႑ကို တတ္နိုင္သမွ် ေလွ်ာ့ခ်လိဳသည့္ ေဘာဂေဗဒပညာရွင္ျဖစ္ပါသည္။ သူတို႔၂ဦး၏ ဝါဒေရးရာ ၿပိဳင္ဆိုင္မႈမ်ားကို မွတ္တမ္း႐ုပ္ရွင္အျဖင္ ရိုက္ကူးထားသလို စာအုပ္အေနျဖင့္လည္းထုတ္ ေဝသည့္ “Commanding Heights” သည္ဖတ္ရႈသူ၊ ၾကည့္ရႈသူမ်ားအတြက္ အင္မတန္ စိတ္ဝင္စားစရာေကာင္းပါသည္။

ကိန္းဝါဒကေတာ့ ပထမကမာၻစစ္အၿပီး ဒုတိယကမာၻစစ္မျဖစ္ခင္ၾကား စပိန္တုတ္ေကြးလို႔ေခၚသည့္ ၁၉၁၈-၂၀ ခု ႏွစ္ကျဖစ္ပြားခဲ့သည့္ ကပ္ေဘးမ်ားအၿပီးမွာ အေမရိကန္ျပည္ေထာင္စုမွာ ၁၉၃၀ စီးပြားပ်က္ကပ္ျဖစ္ပြားခဲ့ၿပီး အလုပ္လက္မဲ့မ်ား အလြန္အမင္း မ်ားျပားေနခ်ိန္မွာ စီးပြားေရးက်ဆင္းေနမႈ အထူးသျဖင့္ ဝယ္လိုအား အလြန္အ မင္းက်ဆင္းေနခ်ိန္၌ အစိုးရမ်ား၏ ဘ႑ာေငြအရအသုံးမူဝါဒ (fiscal policy) ကိုအဓိကအသုံးခ်၍ ဝယ္လိုအား ကိုျမႇင့္တင္ရန္၊ စီးပြားေရးက်ဆင္းမႈကို ကုစားရန္ျဖစ္သည္။ အထူးသျဖင့္ အစိုးရမ်ား၏ အခန္းက႑ႀကီးထြားလာ ၿပီး နိုင္ငံေတာ္မွဦးေဆာင္၍ အမ်ားျပည္သူအက်ိဳးရွိမည့္ စီမံကိန္းမ်ား၊ အစီအစဥ္မ်ားအား အေကာင္အထည္ ေဖၚေဆာင္ျခင္းျဖစ္သည္။

စီးပြားပ်က္ကပ္ (depression) သို႔တည္းမဟုတ္ စီးပြားက်ဆင္းျခင္း (recession) ျဖစ္ၿပီဆိုလွ်င္ ကုန္ထုတ္လုပ္မႈ မ်ားက်ဆင္းသြားျခင္း၊ စီးပြားေရးလုပ္ငန္းမ်ား ကုမၸဏီမ်ား ေဒဝါလီခံျခင္းႏွင့္အတူ အလုပ္လက္မဲ့မ်ား အလြန္အ မင္းမ်ားျပားလာျခင္းတို႔ေၾကာင့္ အမ်ားျပည္သူ ဝယ္လိုအားလည္းက်ဆင္းသြားသည္။ ထိုအခါ အက်ိဳးဆက္အား ျဖင့္ စီးပြားေရးလုပ္ငန္းမ်ားမွာလည္း ကုန္ပစၥည္းမ်ားထုတ္လုပ္ရန္ တြက္ေခ်မကိုက္ေတာ့ျခင္း၊ စက္ပစၥည္းကဲ့သို႔ ကုန္ထုတ္လုပ္ငန္းတြင္လိုအပ္သည့္ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားကို မျပဳလုပ္ေတာ့ဘဲ ရွိရင္းစြဲအလုပ္မ်ားကိုပင္ ေလွ်ာ့ခ် ျခင္းတို႔ကို ျပဳလုပ္သည့္အတြက္ ထပ္မံၿပီးဝယ္လိုအားက်ဆင္းသြားေလသည္။ တနည္းအားျဖင့္ဆိုလွ်င္ ပုဂၢလိက က႑ႏွင့္ သာမန္ျပည္သူမ်ား၏ သုံးစြဲနိုင္မႈအား အလြန္အမင္းက်ဆင္းသြားျခင္းဟုေခၚဆိုနိုင္ၿပီး လုပ္ငန္းမ်ားႏွင့္ အိမ္ေထာင္စုမ်ား၏ ဝင္ေငြက်ဆင္းသြားမႈေၾကာင့္ ဘဏ္ႏွင့္ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားတြင္လည္း ေႂကြး ဆုံးမ်ားတိုးပြားလာျခင္းႏွင့္အတူ ဘ႑ာေငြေၾကးေဈးကြက္ပါ ၿပိဳလဲနိုင္သည့္ အေျခအေနသို႔ေရာက္ရွိသြားေတာ့ သည္။ ထို႔ေနရာတြင္ သုံးစြဲနိုင္မႈႏွင့္ ဝယ္လိုအားကို အစားထိုးနိုင္သူမွာ အစိုးရသာျဖစ္သည္ဟုေသာ ယူဆခ်က္ ျဖစ္သည္။

အစိုးရက ဝင္ေငြက်ဆင္းေနေသာ္လည္း ဘတ္ဂ်က္လိုေငြျပခံၿပီး ေငြကိုမ်ားမ်ားသုံးစြဲမွသာ အစိုးရ၏လမ္းတံတား ကဲ့သို႔ အေျခခံအေဆာက္အအုံစီမံကိန္းမ်ား၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားမွတဆင့္ ပုဂၢလိကအဖြဲ႕အစည္းမ်ားလည္း ကြန္ထရက္ရရွိျခင္း တင္ဒါေအာင္ျခင္းတို႔မွတဆင့္ အလုပ္အကိုင္မ်ားဖန္တီးေပးနိုင္သျဖင့္ အလုပ္လက္မဲ့ဦးေရ က်ဆင္းသြားသလို ဝယ္လိုအားလည္းျပန္လည္ျမႇင့္တက္လာၿပီး ကုန္ပစၥည္းမ်ား ဝယ္ယူသုံးစြဲမႈမ်ားျပားလာသ ျဖင့္ ကုန္ထုတ္လုပ္ငန္းမ်ားလည္း ပိုမိုလည္ပတ္လာရၿပီး အလုပ္အကိုင္မ်ားထပ္မံဖန္တီးနိုင္ျခင္း၊ ရင္းႏွီးျမႇုပ္ႏွံမႈ မ်ားတိုးခ်ဲ့နိုင္ျခင္းတို႔ျဖင့္ စီးပြားေရးသည္ျပန္လည္နလထနိုင္လာခဲ့သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ၁၉၃၀ စီးပြားပ်က္ကပ္ႏွင့္ ဒုတိယကမာၻစစ္လွိုင္း ႏွစ္ခုသည္ အစိုးရ၏အခန္းက႑ ကို ေျပာင္းလဲသြားေစၿပီး သမၼတ ဖရန္ကလင္ဒီလာနို႐ုစဘက္၏ စီးပြားပ်က္ကပ္ကိုတုန႔္ျပန္မႈ New Deal အစီ အစဥ္ေအာက္မွာ အစိုးရအသုံးစရိတ္မ်ားသည္ ဂ်ီဒီပီအခ်ိဳးအစားျဖင့္ႏွိုင္းယွဥ္လွ်င္ ၃ ဆျမင့္တက္သြားခဲ့ၿပီး ဒု တိယကမာၻစစ္ေၾကာင့္ ထပ္မံၿပီးအသုံးစရိတ္မ်ားကို ျမင့္တက္သြားေစသည္။ အေမရိကန္ျပည္ေထာင္စု၏ စီးပြား ေရး (economy) တြင္ အစိုးရ၏အခန္းက႑သည္ အထူးအေရးပါခဲ့သည္။ ထိုအစီအစဥ္မ်ားေအာက္တြင္ ျပည္ နယ္တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္သည့္ အျမန္လမ္းမ်ားလည္းတည္ေဆာက္ခဲ့သည္။ အေျခခံအေဆာက္အအုံ စီမံ ကိန္းမ်ားသာမကဘဲ ျပည္ေထာင္စုအစိုးရသည္ နိုင္ငံသားမ်ား၏ က်န္းမာေရး၊ပညာေရး၊လူမႈဖူလုံေရးတို႔ကို ပံ့ပိုး ကူညီသည့္ အစီအစဥ္မ်ား (welfare programs)၊ သုေတသနအစီအစဥ္မ်ားစြာကိုလည္း အေကာင္အထည္ေဖၚ ေဆာင္ခဲ့သည္ဟုသိရသည္။ ထို႔ေၾကာင့္လည္း အေမရိကန္ျပည္ေထာင္စုသည္ အရာရာတြင္ ထိပ္ဆုံးအဆင့္ကို ေရာက္ရွိခဲ့ၿပီး လူလတ္တန္းစားမ်ား၏ လုပ္ခလစာမ်ားတိုးျမင့္လာခဲ့သလို၊ တန္းတူညီမွ်မႈလည္းရွိခဲ့သည္ဟု ပညာရွင္မ်ားကေရးသားၾကသည္။ တနည္းအားျဖင့္ အေမရိကန္ျပည္ေထာင္စုသည္လည္း အေနာက္ဥေရာပနိုင္ ငံမ်ားလိုပင္ Welfare State ျဖစ္ခဲ့သည္ဟု ပညာရွင္အခ်ိဳ႕ကေရးသားၾကသည္။

ကားလ္ပိုလာညီႏွင့္ အယူဝါဒတူဟန္ရွိ

ကိန္းႏွင့္ေဟးယက္ခ္တို႔လိုပင္ ၂၀ရာစုတြင္ထင္ရွားသည့္ ေဘာဂေဗဒ ပညာရွင္ေနာက္တစ္ဦးကေတာ့ ကားလ္ပို လာညီ (Karl Polanyi) ျဖစ္သည္။ ပိုလာညီ၏ The Great Transformation စာအုပ္သည္ အထူးေက်ာ္ၾကား သည့္ ေဘာဂေဗဒသမိုင္းစာအုပ္ဟုဆိုနိုင္သည္။ နိုင္ငံေရးႏွင့္ စီးပြားေရးတို႔၏ အျပန္အလွန္ အက်ိဳးျပဳေနပုံကို သမိုင္း အေထာက္အထားမ်ားျဖင့္ ေရးသားတင္ျပထားမႈသည္ အင္မတန္ စိတ္ဝင္စားစရာေကာင္းလွသည္။

ပိုလာညီက လြတ္လပ္သည့္ ေဈးကြက္စီးပြားေရးစနစ္ (free market) ဆိုတာမရွိ၊ မိမိဘာသာထိန္းေက်ာင္း ေမာင္းႏွင္နိုင္ သည့္ ေဈးကြက္စီးပြားေရးစနစ္ဆိုသည္မွာမရွိ။ ေဈးကြက္စီးပြားေရးစနစ္ဆိုသည္မွာ လူ႕အဖြဲ႕အစည္း တြင္းမွာ တည္ရွိေနသည့္အရာျဖစ္သည္။ အစိုးရ၏ထိန္းေက်ာင္းေမာင္းႏွင္မႈ (regulations)ေၾကာင့္သာ ေဈးကြက္ စီးပြားေရးေပၚေပါက္လာရျခင္းျဖစ္သည္။ ေဈးကြက္စီးပြားေရးကို လူ႕အဖြဲ႕အစည္းျပင္ပခြဲထုတ္၍ ေရာင္းလိုအား၊ ဝယ္လို အားႏွင့္ေဈးကြက္ေပါက္ေဈးႏႈန္း (supply, demand and market price) ကသာအဆုံးအျဖတ္ျပဳလိမ့္ မည္ဟု ယူဆ၍မရ။ ေဈးကြက္ျဖစ္ေပၚလာေအာင္ အစိုးရမွထိန္းေက်ာင္းေမာင္းနင္ေပးရသလို၊ ပံ့ပိုးကူညီမႈမ်ား လည္းျပဳလုပ္ေပးခဲ့၍သာ ေဈးကြက္စီးပြားေရးေပၚထြန္းလာရျခင္းျဖင့္သည္ဟု ပိုလာညီကေရးသားထားခဲ့သည္။ ထို႔အတြက္ ေၾကာင့္ လူ႕အဖြဲ႕အစည္းကို ထိခိုက္နစ္နာေအာင္ ေဈးကြက္ကလုပ္၍မရသလို၊ လူ႕အဖြဲ႕အစည္း အင္အားေတာင့္ တင္းမွသာ ေဈးကြက္စီးပြားေရးလည္း အင္အားေတာင့္တင္းနိုင္မည္ျဖစ္သည္။

ပိုလာညီ၏ အယူဝါဒသည္လည္း ကိန္းလိုပင္ အစိုးရ၏အခန္းက႑ အေရးပါမႈ၊ အစိုးရ၏ လူ႕အဖြဲ႕အစည္းႏွင့္ျပည္ သူအမ်ားစု၏ အက်ိဳးစီးပြား ေဆာင္က်ဥ္ေပးရန္လိုအပ္မႈတို႔ကို ယုံၾကည္သက္ဝင္သည္။ ယခုကိုဗစ္-၁၉ကပ္ေဘး ဆိုက္ေရာက္လာသည့္အခါ ကိန္းတို႔ပိုလာညီတို႔ေျပာသကဲ့သို႔ပင္ အစိုးရကသာ အမ်ားျပည္သူ အက်ိဳးစီးပြားကို ျဖည့္ဆည္းေပးနိုင္သူ ျဖစ္လာခဲ့ေတာ့သည္။ ၁၉၃၀ မွ ၁၉၇၀ ခုႏွစ္မ်ားထိ အေမရိကန္ျပည္ေထာင္စုႏွင့္ အေနာက္ အုပ္စုဝင္နိုင္ငံမ်ား၏ အစိုးရမ်ားက်င့္သုံးခဲ့သည့္ ကိန္းအယူဝါဒႏွင့္လမ္းစဥ္သည္ neoliberalism ေခတ္သစ္လစ္ ဘရယ္ဝါဒသမားမ်ားေအာက္မွာ ေမွးမွိန္သြားခဲ့သည္။ အဂၤလန္မွာ မာဂရက္သက္ခ်ာ၊ အေမရိကန္တြင္ ေရာ္နယ္ ရီဂင္တို႔အာဏာရလာခ်ိန္မွစၿပီး government is not the solution; government is the problem: ဟုေႂကြး ေၾကာ္၍ နိုင္ငံ၏ လူမႈစီးပြားေရးဘဝ၌ အစိုးရ၏အေရးပါမႈ၊ အစိုးရ၏အခန္းက႑ကို ေလွ်ာ့ခ်ခဲ့သည္။ တခ်ိန္က နိုင္ငံေတာ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား၊အေျခခံအေဆာက္အအုံ ဝန္ေဆာင္မႈမ်ား (အျမတ္ရရွိေနသည့္ လုပ္ငန္း မ်ားအပါအဝင္)ကိုပုဂၢလိကပိုင္ျပဳလုပ္သလို၊ အစိုးရ၏ ေဈးကြက္စီးပြားေရးစနစ္ကို ထိန္းေက်ာင္းေမာင္းနင္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကိုလည္း ပယ္ဖ်က္ပစ္ခဲ့သည္။ အခြန္ႏႈန္းထားမ်ားကိုလည္း ေလွ်ာ့ခ်ခဲ့သည္။ ယင္းတို႔၏ ထိုမူဝါဒမ်ားေၾကာင့္ ဂလိုဘယ္လိုက္ေဇးရွင္းသည္ အင္အားေကာင္းလာခဲ့ၿပီး ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားတြင္ အလုပ္အကိုင္ အခြင့္အလမ္း သန္းရာခ်ီကိုဖန္တီးေပးနိုင္ခဲ့ေသာ္လည္း မညီမွ်မႈမ်ား၊ ဘ႑ာေငြေၾကးအက်ပ္အတည္းမ်ားႏွင့္ နိုင္ငံေရး၊စီးပြားေရး မတည္ၿငိမ္မႈမ်ားႏွင့္အတူ လူမႈပဋိပကၡမ်ားစြာျဖစ္ေပၚေစခဲ့သည္။

ထိုကဲ့သို႔ တဘက္ေစာင္းနင္း ေခတ္သစ္အရင္းရွင္စနစ္ (ယခင္ေဆာင္းပါးတြင္ေဖၚျပၿပီး) ႏွင့္ ဂလိုဘယ္လိုက္ေဇး ရွင္း၏ ဆိုးက်ိဳးမ်ားကို အထူးသျဖင့္ ၂၀၀၈ခုႏွစ္ အေမရိကန္ျပည္ေထာင္စု ဘ႑ာေငြေၾကးအက်ပ္အတည္းကစ ၍ အရင္းရွင္နိုင္ငံႀကီးမ်ားမွ ျပည္သူမ်ားလည္း သိနားလည္လာၿပီး ဆန႔္က်င္မႈမ်ား၊ နိုင္ငံေရးမတည္ၿငိမ္မႈမ်ားႏွင့္ ေနာက္ဆုံး သမၼတထရန႔္အာဏာရလာသည္ထိျဖစ္ခဲ့ရသည္။ ယခုကိုဗစ္-၁၉ကပ္ေဘးဆိုက္ေရာက္ခ်ိန္မွာေတာ့ ၁၉၃၀ စီးပြားပ်က္ကပ္လိုပင္ အေမရိကန္ျပည္ေထာင္စုအပါအဝင္ ဖြံ႕ၿဖိဳးၿပီးနိုင္ငံမ်ားအားလုံးသည္ အစိုးရကိုသာ မွီခိုအားထားရေတာ့သည္။ ပုဂၢလိကဘဏ္မ်ား၊ ပုဂၢလိကကုမၸဏီမ်ားအားလုံးသည္ ကိုဗစ္-၁၉ကပ္ေဘးေၾကာင့္ အလုပ္အကိုင္မ်ား ရပ္ဆိုင္းလိုက္ရျခင္း၊ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္နိုင္ရန္ အသြားအလာမ်ားကို ကန႔္သတ္ လိုက္ရျခင္းတို႔ေၾကာင့္ အစိုးရမွတစ္ပါးအျခားမရွိၿပီျဖစ္သြားခဲ့သည္။

ပုဂၢလိကက႑ႏွင့္ ျပည္သူအားလုံးကို အစိုးရကသာ ေဖးမကူညီရေတာ့မည္ အေျခအေန ယခုအခါ ဆိုက္ေရာက္ သြားၿပီျဖစ္သည္။ ထို႔ေၾကာင့္လည္း အေမရိကန္ျပည္ေထာင္စုအစိုးရသည္ က်ဆင္းသြားသည့္ စီးပြားေရးကို ကု စားရန္ ေဒၚလာထြီလီယံခ်ီသုံးစြဲေနၿပီျဖစ္သည္။ ဘတ္ဂ်က္လိုေငြ ၂၀ ရာခိုင္ႏႈန္းထိသုံးစြဲမည္ဟုသိရသည္။ ေက်ာ္ လွ်င္ေတာင္ေက်ာ္နိုင္ေသးသည္။ အေမရိကန္ျပည္ေထာင္စုေလာက္ လိုေငြျပမသုံးနိုင္ေသာ္လည္း ဂ်ပန္က ၈.၅၊ ဥေရာပသမဂၢက ၉.၅ ႏွင့္ ၿဗိတိန္က ၁၁.၅ ရာခိုင္ႏႈန္းခန႔္ လိုေငြျပသုံးစြဲမည္ဟုၾကားသိရသည္။ တ႐ုတ္နိုင္ငံသည္ လည္း ယခုအခါတြင္ေတာ့ ၂၀၀၈ခုႏွစ္ကလိုမဟုတ္ဘဲ အေမရိကန္ေလာက္မသုံးနိုင္ေတာ့။ လိုေငြ ၁၂.၃ ရာခိုင္ ႏႈန္းခန႔္သာ သုံးစြဲလိမ့္မည္ဟု Morgan Stanley အဖြဲ႕ကခန႔္မွန္းထားသည္။ မည္သို႔ပင္ဆိုေစကာမူ ဖြံ႕ၿဖိဳးၿပီးနိုင္ငံ တြင္ ကိန္းဝါဒကို ျပန္လည္က်င့္သုံးၿပီဟုဆိုနိုင္ၿပီျဖစ္သည္။

ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားကို ကိန္းလာနိုင္မည္လား

ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားသည္လည္း ကိုဗစ္-၁၉ကပ္ေဘးေၾကာင့္ စီးပြားေရးက်ဆင္းေနၿပီျဖစ္၍ အေမရိကန္နိုင္ငံလိုပင္ ကိန္းဝါဒအေျချပဳ၍ အစိုးရမွ ဂ်ီဒီပီ၏ ၁၅-၂၀% ထိလိုေငြျပသုံးစြဲသင့္ပါသည္။ သို႔ေသာ္ အေမရိကန္၊ဥေရာပသ မဂၢအဖြဲ႕ဝင္နိုင္ငံမ်ားႏွင့္ ၿဗိတိန္၊ဂ်ပန္တို႔လို သုံးစြဲနိုင္သည့္အင္အား ယင္းတို႔တြင္မရွိျဖစ္ေနသည္။ အေမရိကန္ျပည္ ေထာင္စုႏွင့္အျခားခ်မ္းသာသည့္နိုင္ငံမ်ားကေတာ့ ယင္းတို႔၏ဗဟိုဘဏ္မွ ေငြစကၠဴရိုက္ထုတ္သုံးစြဲျခင္း၊ ေႂကြးၿမီ မ်ားအမ်ားအျပားတင္ေနေသာ္လည္း အတိုးႏႈန္းနည္းပါးေနျခင္းေၾကာင့္ နိုင္ငံတကာေငြေၾကးေဈးကြက္မွ ေခ်းယူ လွ်င္လည္း ျပသနာမရွိေသာ္လည္း ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား (အလယ္အလတ္ႏွင့္ ဝင္ေငြနည္း) မွာေတာ့ ေငြစကၠဴရိုက္ ထုတ္လွ်င္ ယင္းတို႔၏ေငြတန္ဖိုးထိုးဆင္းသြားနိုင္ၿပီး ေငြေၾကးေဖါင္းပြမႈ ကုန္ေဈးႏႈန္းႀကီးျမင့္မႈတို႔ ႀကဳံနိုင္သလို ေႂကြးပိေနေသာေၾကာင့္ (အထူးသျဖင့္ ဝင္ေငြအလယ္အလတ္နိုင္ငံမ်ား) rating agencies ဟုေခၚသည့္ ေခ်းေငြ ထုတ္ေပးရန္သင့္မသင့္၊ ရင္းႏွီးျမႇုပ္ႏွံရန္သင့္မသင့္ အဆင့္သတ္မွတ္သည့္ အဖြဲ႕အစည္းမ်ား၏ ယင္းနိုင္ငံမ်ားအ ေပၚသတ္မွတ္ထားသည့္အဆင့္ကို အလ်င္အျမန္ နိမ့္ခ်လိဳက္လွ်င္ ထပ္ေငြေခ်းရန္မျဖစ္နိုင္သလို၊ တင္ေနသည့္ ေႂကြးမ်ားအတြက္ ေႂကြးရွင္မ်ားက အတိုးအရင္းေပါင္းေတာင္းဆိုေတာ့မည္ျဖစ္သည္။ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားက လည္းမလာေတာ့ဘဲ ရွိၿပီးသားမ်ားပင္ထြက္ခြာသြားနိုင္သည္။ ေႁမြပူရာကင္းေမွာက္ဆိုသလိုျဖစ္သည္။

ဆင္းရဲသည့္နိုင္ငံမ်ား၏ ျပင္ပေႂကြးၿမီသည္ အေမရိကန္ေဒၚလာ၁၁ထြီလီယံရွိေနၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္မွာပင္ တိုးရင္းေပါင္း ျပန္ဆပ္ရမည့္ ပမာဏမွာ အေမရိကန္ေဒၚလာ ၃.၉ ထြီလီယံရွိေနသည္ဟု Brookings Institute ကထုတ္ျပန္ထားသည့္အတြက္ အလယ္အလတ္ႏွင့္ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား၏ ေႂကြးၿမီျပသနာကို မွန္းဆၾကည့္နိုင္ သည္။ ထို႔အတြက္ေၾကာင့္ ကမာၻ႔ဘဏ္၊ နိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕အပါအဝင္ နိုင္ငံတကာအဖြဲ႕ အစည္းမ်ား၊ ေခါင္းေဆာင္မ်ားႏွင့္ပညာရွင္မ်ားက ကိုဗစ္-၁၉ကပ္ေဘးအား ထိေရာက္စြာ တုန႔္ျပန္ရန္ႏွင့္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ယင္းနိုင္ငံမ်ား၏အေႂကြးမ်ားကို ေရွာ္ပစ္ရန္ သို႔မဟုတ္ ျပန္လည္ညွိႏွိုင္း၍ ေႂကြးၿမီကုစားေရး (debt relief) ကိုအလ်င္အျမန္ေဆာင္႐ြက္ရန္ ေႂကြးရွင္နိုင္ငံမ်ား၊ ပုဂၢလိကေႂကြးရွင္မ်ား၊ နိုင္ငံတကာဖြံ႕ၿဖိဳးမႈဘဏ္မ်ား ကို တိုက္တြန္းလ်က္ရွိသည္။

ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား၏ ေႂကြးၿမီမ်ားကို ဆိုင္းငံ့ထားရန္ ကမာၻ႔ဘဏ္လိုနိုင္ငံတကာအစိုးရအဖြဲ႕အစည္းမ်ားႏွင့္ အစိုးရ မ်ားက သေဘာတူေသာ္လည္း ပုဂၢလိကေႂကြးရွင္မ်ားကေတာ့ ယခုအခ်ိန္ထိ သေဘာမတူ။ ထိုသို႔ပုဂၢလိကေႂကြး ရွင္မ်ားက သေဘာမတူလွ်င္ ကမာၻ႔ဘဏ္၊အာရွဖြံ႕ၿဖိဳးေရးဘဏ္၊နိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (အိုင္အမ္ အက္ဖ္) တို႔လို နိုင္ငံတကာအစိုးရအဖြဲ႕အစည္းမ်ားက ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားသို႔ ထုတ္ေခ်းလိုက္သည့္ ေခ်းေငြမ်ားသည္ ထိုနိုင္ငံမ်ားတြင္ အထူးလိုအပ္ေနသည့္ ကိုဗစ္-၁၉ကပ္ေဘး ကုစားမႈအစီအစဥ္မ်ားအတြက္ သုံးစြဲရမည္မဟုတ္ ဘဲ ယခင္ေႂကြးရွင္မ်ား၏ ေႂကြးမ်ားကိုတိုးရင္းေပါင္းျပန္ဆပ္ေနရျခင္းျဖင့္ ကုန္ဆုံးသြားမည္ျဖစ္သည္။

ပုဂၢလိကေႂကြးရွင္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ Institute of International Finance (IIF) မွေမလ ၁ ရက္ ေန႕စြဲ ျဖင့္ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္ကလည္း အေျခအေနမေကာင္းလွ။ အိုင္အိုင္ဖက္ဖ္ႏွင့္ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား ညွိႏွိုင္း ရန္ကလည္း ရႈပ္ေထြးလွသည္။ ၂၀၂၀ ကုန္လွ်င္ေတာင္ၿပီးမည္လားဟု အခ်ိဳ႕ကသုံးသပ္ၾကသည္။ ညွိႏွိုင္းသည္ ဟုဆိုရာတြင္လည္း ပုဂၢလိကေႂကြးရွင္မ်ားအားလုံးက တညီတၫႊတ္တည္း ဆိုင္းငံ့ပါမည္ (သို႔တည္းမဟုတ္) ေခ်း ေငြစာခ်ဳပ္မ်ား ျပန္လည္ျပင္ဆင္ခ်ဳပ္ဆိုေရးကို အားလုံးသေဘာတူပါသည္ဟု လက္မွတ္ေရးထိုးမွျဖစ္မည္။ မဟုတ္လွ်င္ သေဘာတူသူ မယူသည့္ ျပန္ဆပ္ေငြကို သေဘာမတူသူက ရယူသြားမည္ျဖစ္ေသာေၾကာင့္ျဖစ္ သည္။ တစ္ဦးအနစ္နာခံျခင္းက အျခားသူတစ္ဦး အျမတ္ထြက္သကဲ့သို႔ျဖစ္ေနသည့္ free rider ျပသနာရွိေန ေသာေၾကာင့္ျဖစ္သည္။

ထို႔အတြက္ေၾကာင့္ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားသို႔ ကိန္းျပန္လာရန္ ခက္ခဲေနသည္။ နိုင္ငံတကာအစိုးရမ်ား ဝိုင္းဝန္းကူညီ ေျဖရွင္းရန္အထူးလိုအပ္ေနသည္။ ပုဂၢလိကေႂကြးရွင္မ်ားအေနျဖင့္လည္း လက္မခံပါက အျမင္တိုလြန္းသည္ဟု ဆိုရမည္။ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား (အထူးသျဖင့္ အာဂ်င္တီးနားလို ဝင္ေငြအလယ္အလတ္နိုင္ငံမ်ား)၏ ေႂကြးၿမီမ်ားကို ျပန္လည္ျပင္ဆင္ျခင္း၊ နဂိုအတိုးႏႈန္းမ်ားထက္ေလွ်ာ့၍ယူျခင္း၊ လတ္တေလာ ဆိုင္းငံ့ထားျခင္းျဖင့္ ယင္းနိုင္ငံမ်ား သည္ ကိုဗစ္-၁၉ကပ္ေဘးကို ေက်ာ္လႊားနိုင္ၿပီး စီးပြားေရးလည္း ျပန္လည္ေကာင္းမြန္လာမည္ျဖစ္သည္။ ထိုအခါ ၎တို႔၏ေခ်းေငြအမ်ားစုကိုအတိုးႏွင့္တကြ ျပန္လည္ရရွိမည္ျဖစ္သလို ေနာင္လည္းဆက္လက္ ပူးေပါင္းေဆာင္ ႐ြက္နိုင္မည္ျဖစ္သည္။ ထိုသို႔မဟုတ္ဘဲ အတင္းအက်ပ္ ေႂကြးေတာင္းေနလွ်င္ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား ကိုဗစ္-၁၉ကပ္ ေဘးကို ထိေရာက္စြာ မထိန္းခ်ဳပ္နိုင္ဘဲ ေရာဂါကူးစက္မႈျပန႔္ပြားလာပါက ခ်မ္းသာသည့္ေႂကြးရွင္နိုင္ငံမ်ားလည္း ရတက္ေအးရမည္မဟုတ္။ ကိုဗစ္-၁၉ တစ္ေက်ာ့ျပန္လာလွ်င္ ယင္းတို႔စီးပြားေရးလည္း ထပ္ထိုးက်ၿပီး တကမာၻ လုံး စီးပြားေရးက်ဆင္းမႈ၏ဒဏ္ကို ႏွစ္ေပါင္းမ်ားစြာခံရမည္ျဖစ္သည္။ နိုင္ငံေရး၊လူမႈေရး မတည္ၿငိမ္မႈမ်ားႏွင့္အ တူ ပထဝီနိုင္ငံေရးမတည္ၿငိမ္မႈႏွင့္အတူ စစ္ပြဲမ်ားပင္ျဖစ္လာနိုင္သည္။ ယခုပင္ တ႐ုတ္ႏွင့္အိႏၵိယတပ္မ်ား နယ္ စပ္တြင္ တိုက္ပြဲမ်ားျဖစ္ေနသည္ဟုၾကားသိရသည္။

ဝယ္လိုအားက်ဆင္းသြားျခင္းကို ကိန္းႏွင့္သာေျဖရွင္းရမည္ျဖစ္သည္။ ထိုသို႔မဟုတ္ဘဲ အစိုးရမ်ားလိုေငြျပမႈကို စိုးရိမ္၍ (သို႔) ေခ်းေငြရယူရန္ အထက္တြင္ေဖၚျပသကဲ့သို႔ အခက္အခဲျဖစ္ေနျခင္းေၾကာင့္ ေခ်းေငြမ်ားနိုင္ငံတကာ မွရယူ၍ မသုံးစြဲနိုင္လွ်င္ အခြန္မွရရွိသည့္ဝင္ေငြလည္း ထပ္မံက်ဆင္းသြားမည္ျဖစ္ေသာေၾကာင့္ လိုေငြျပမႈသည္ သက္သာသြားမည္မဟုတ္ဘဲ ထပ္ဆိုးသြားမည္သာျဖစ္သည္။ အိႏၵိယအစိုးရသည္ လိုေငြျပမႈကိုစိုးရိမ္၍ ကိုဗစ္- ၁၉မျဖစ္ခင္ကတည္းက အသုံးစရိတ္မ်ားျဖတ္ေတာက္ခဲ့၍ လိုေငြျပမႈမသက္သာဘဲ စီးပြားေရးသာပိုဆိုးခဲ့သည္ ဟု အိႏၵိယ စီးပြားေရးပညာရွင္ Jayati Gosh ကသူမ၏ေဆာင္းပါး “Modi’s Fiscal Follies” တြင္ေထာက္ျပထား ခဲ့သည္။ ထို႔ေၾကာင့္ ကိုဗစ္-၁၉ကပ္ေဘးဒဏ္ခံစားေနရသည့္ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား၏ အစိုးရမ်ားသည္ ကိန္းဝါဒကို လက္ကိုင္ထား၍ တတ္နိုင္သမွ် အသုံးစရိတ္မ်ားကို ထိေရာက္စြာသုံးစြဲရန္လိုအပ္သလို ဖြံ႕ၿဖိဳးၿပီးခ်မ္းသာသည့္ နိုင္ငံအစိုးရမ်ားႏွင့္နိုင္ငံတကာဖြံ႕ၿဖိဳးေရးအကူအညီေပးအပ္ေနသည့္အဖြဲ႕အစည္းမ်ားသည္ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ား၏ ေႂကြးၿမီျပသနာကို ဝိုင္းဝန္းေျဖရွင္းေပးရန္ တိုက္တြန္းလိုက္ရပါသည္။

ျမန္မာနိုင္ငံအေနျဖင့္ေတာ့ ဖြံ႕ၿဖိဳးဆဲနိုင္ငံျဖစ္ေသာ္လည္း ေႂကြးပိမေန၍ ကံေကာင္းသည္ဟုဆိုရမည္။ ယေန႕နံ နက္ နိုင္ငံေတာ္အတိုင္ပင္ခံႏွင့္ ဝန္ႀကီးမ်ား၏ ကိုဗစ္-၁၉ စီးပြားေရးကုစားမႈအစီအစဥ္အေၾကာင္း ေဆြးေႏြးပြဲတြင္ လည္း နိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ အေမရိကန္ေဒၚလာ ၁.၂၅ ဘီလီယံ ေခ်းေငြေပးအပ္ရန္ သေဘာတူထားၿပီ ျဖစ္ေၾကာင္းႏွင့္ အစိုးရဘတ္ဂ်က္မွလည္း သုံးစြဲေနသည္ဟုၾကားရ၍ ဝမ္းသာမိပါသည္။ ဂ်ီဒီပီအခ်ိဳးႏွင့္တြက္လွ်င္ ကိုဗစ္-၁၉ စီးပြားေရးကုစားမႈအစီအစဥ္ သုံးစြဲမႈသည္ နည္းပါးသည္ဟုယူဆနိုင္ေသာ္လည္း ေနာင္လာမည့္ႏွစ္ ဘ႑ာေငြအရအသုံးတြင္ ကိန္း၏အစီအစဥ္မ်ားအတြက္ တတ္နိုင္သမွ် တိုးျမႇင့္သုံးစြဲသြားျခင္းျဖင့္ ကိုဗစ္-၁၉ကို ထိေရာက္စြာ တုန႔္ျပန္နိုင္သလို ျမန္မာနိုင္ငံ၏ ေရရွည္တည္တံ့မည့္ ဖြံ႕ၿဖိဳးမႈကိုလည္း အေထာက္အကူျပဳရင္း မည္သူ႕ကိုမွ ေနာက္ခ်န္မထားခဲ့သည့္ လူမႈသဟဇာတရွိသည့္ နိုင္ငံေတာ္ကိုတည္ေဆာက္နိုင္မည္ဟု ယုံၾကည္မိ ပါသည္။

ခိုင္၀င္း