ဘာမှဝယ်မစားရဲတော့ဘူး

သာဓက

ခေတ်ကာလကသိပ်ကောင်းတာမဟုတ်ဘူး။ အပြင်ကဟာဆိုဘာမှကို ဝယ်မစားရဲတော့ဘူး။ အစားအစာတွေထဲ ကိုဟိုဟာရောဒီဟာရောနဲ့ အပုပ်အသိုးတမျှအန္တရာယ်ရှိတာတွေတောင် ရောင်းချနေတာတွေရှိတယ်ဆိုပြီး သတင်းတွေက အမျိုးမျိုးထွက်ပေါ်နေတာကိုး။

ဆိုးဆေးဆိုလည်းဆိုးဆေးမို့လို့။ ပိုးသတ်ဆေးဆိုလည်း ပိုးသတ်ဆေးမို့လို့။ ဓာတ်မြေသြဇာဆိုလည်း ဓာတ်မြေသြ ဇာမို့လို့။ အခုနောက်ပိုင်းအစားအစာတွေကြာကြာအထားခံအောင်လို့ ဓာတုဗေဒနဲ့ဆက်နွှယ်တဲ့ဆေးရည်တွေနဲ့ စိမ်တာဆို လည်းစိမ်တာမို့လို့။ အမျိုးမျိုးမရိုးအောင်ကို လူတွေစားမယ့်အစာထဲကို ဟိုရောဒီရောလုပ်တာတွေကော ဟိုဟာတွေဒီဟာ တွေကိုအလွန်အကျွံသုံးပြီး စိုက်ပျိုးထုတ်လုပ်တာတွေကောနဲ့ မသမာသူအချို့ကယုတ်မာမှုအပေါင်း သရဖူဆောင်း နေကြသလား အောက်မေ့ရပါတယ်။

ဒါကြောင့်လည်း ဖြစ်လိုက်တဲ့ရောဂါအဆန်းအပြားတွေ။ တိုးပွားလာလိုက်တဲ့ ကင်ဆာဝေဒနာသည်တွေ။ ငယ်ငယ် ရွယ်ရွယ်နဲ့ဖြစ်လိုက်တဲ့သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ။ ဒါတွေအကုန်လုံးကအစားအသောက်နဲ့ နေထိုင်မှု ပုံစံမမှန်တာတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ သက်ဆိုင်ရာပညာရှင်တွေကလည်း ဒီလိုပဲသုံးသပ်နေကြတာဖြစ်ပါတယ်။

စာရေးသူအမြင်ကတော့ လူတိုင်းလူတိုင်းနေ့စဉ်လှုပ်ရှားသွားလာမှုပုံစံမမှန်တာကြောင့် ကျန်းမာရေးထိခိုက်တယ် ဆိုတာကိုလည်းလက်ခံပါတယ်။ ဒါပေမဲ့ဒီနိုင်ငံမှာကအစား အစာတွေနဲ့ပတ်သက်လို့ ဘေးကင်းလုံခြုံမှုမရှိလို့ ကျန်းမာရေး ထိခိုက်တဲ့သူပိုများနေမယ်လို့ တထစ်ချယုံကြည်နေပါတယ်။

သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ ရောင်းချတဲ့ဆိုင်တွေလည်းရှိပါတယ်။ ဒါပေမဲ့ အ ချို့အစားအစာရောင်းချတဲ့ဆိုင်တွေက အစားအစာတွေကို အမြတ်များများကျန်ဖို့နဲ့ ရောင်းကောင်းရင်ပြီးရော အရသာရှိ အောင်အသား ငါးပုစွန်ရဲ့လတ်ဆတ်တဲ့အရသာ ပိုမထည့်ဘဲအချိုမှုန့်တွေ၊ အသားမှုန့်တွေ၊ဆားတွေ ငံပြာရည်တွေလို တာထက်အလွန် အကျွံထည့်တော့ ဆီးချို၊ သွေးတိုးတွေဖြစ်တာပေါ့။ ဆီဆိုလည်း ပဲဆီတို့ အသီးအနှံကရတဲ့ သဘာဝ အဆီစစ်စစ်ကိုသုံးဖို့မပြောနဲ့ စားအုန်းဆီ စစ်စစ်နဲ့ချက်ရင်တောင်ကံကောင်းလှပြီလို့ဆိုရမလိုပါပဲ။ ဘာလို့လဲဆိုတော့ အခုခေတ်ကအကြော်ခံဆီတို့ တိရစ္ဆာန်အဆီတို့နဲ့ဆီတိုင်ကီတွေမှာကပ်နေတဲ့ ဆီချေးတွေတောင်ပြန်သုံးတဲ့ ဆိုင်တွေရှိနေ တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေလို့ဖြစ်ပါတယ်။ အဲဒီလို မသန့်ရှင်းတဲ့အဆီတွေကြောင့်ငယ် ငယ်ရွယ်ရွယ်နဲ့ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုလာကြတာ၊ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာတွေဖြစ်လာရတာဖြစ်ပါတယ်။

ဒါ့ပြင် ဓာတ်မြေသြဇာတို့ ပိုးသတ်ဆေးတို့ကိုထိတွေ့တာများလာလို့လည်း သွေးဆိပ်ဖြစ်တာတို့၊ ခြင်ဆီပုံမှန်အလုပ် မလုပ်တော့လို့ သွေးမကြာမကြာသွင်းရတဲ့ သွေးနဲ့ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်လာပါတယ်။

ပဲပြားတွေတင်းရင်းပြီးလှအောင်ဆိုပြီး ဖော်မလင်ဆိုတဲ့ဆေးရည်တွေနဲ့စိမ်တာကရှိပါသေးတယ်။ ဟင်းသီးဟင်း ရွက်နဲ့ အသီးအနှံတွေလှအောင် လတ်ဆတ်တဲ့ပုံစံပေါက်အောင်အရောင်ချွတ်ဆေးအပါအဝင် အခြားဓာတုဗေဒဆေး ရည်တွေနဲ့ စိမ်ပြီးရောင်းတယ်ဆိုပြီးတော့လည်း အွန်လိုင်းမှာသတင်းမျိုးစုံတက်နေပါတယ်။

အသီးအနှံဟင်းသီးဟင်းရွက် အစားအစာတွေမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးလို အခြားဓာတုဗေဒပစ္စည်းတွေ ကို ပိုသုံးစွဲလာကြလို့ စားသုံးသူအများစုက သြဂဲနစ်အစားအစာတွေကို ပိုမိုစိတ်ဝင်စားလာကြ ပြီဖြစ်ပါတယ်။

တကယ်တော့ သြဂဲနစ် အစားအစာဆိုတာ စားသုံးသူကိုဘေးဥပဒ်မဖြစ်စေဘဲ အန္တရာယ်ကင်းအောင် စိုက်ပျိုး ထုတ်လုပ်ထားတဲ့ အစားအစာတွေကိုခေါ်တာဖြစ်ပါတယ်။ အဲဒီအစားအစာတွေ စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာ ဓာတ်မြေသြ ဇာ၊ ဓာတုဗေဒပိုးသတ်ဆေးနဲ့ အဲဒီပိုးသတ်ဆေး အကြွင်းအကျန်တွေ သုံးမထားတာကိုဆို လိုတာဖြစ်ပါတယ်။

အရောအနှောတွေပါလို့ သတ်မှတ်ထားတဲ့ဟာမဟုတ်တဲ့ အန္တရာယ်ရှိတဲ့ဆိုးဆေးတွေသုံးလို့ မသန့်ရှင်းလို့ အ သက်အန္တရာယ်ရှိနိုင်လို့ဆိုပြီး သက်ဆိုင်ရာက သတိပေးရကြေညာရတဲ့ ဟင်းခတ်မှုန့်တွေ၊ ငါးပိငံပြာရည်၊ လက်ဖက်နဲ့ ဆေး ဝါးအမျိုးမျိုး၊ အစားအသောက်အမျိုးမျိုးရဲ့ တံဆိပ်အမျိုးမျိုးကလည်း အလွယ်တကူမရေတွက်နိုင်လောက်အောင် အများအ ပြားပေါ်ထွက်ခဲ့ပါတယ်။ အဲဒါတွေကိုကြည့်ရင် ဒီနိုင်ငံမှာအစားအသောက်အတွက်အာမခံချက်နဲ့ လုံခြုံမှုဘယ်လောက်ရှိလဲ ဆိုတာစဉ်းစားနေ စရာမလိုအောင်ကို အဖြေကလွယ်ကူရှင်းလင်းပါတယ်။

ဒါကြောင့်မို့ အခုချိန်မှာအများစုက စားသုံးသူတွေရဲ့အခွင့်အရေးနဲ့ရပိုင်ခွင့်ကိုပိုပြီး စိတ်ဝင်စားလာကြပြီဖြစ်ပါ တယ်။ စားသုံးသူလို့ဆိုလိုက်ရင် တချို့ကတစ်ခုခုကိုဝယ်ပြီးစားတဲ့သူမှ စားသုံးသူလို့ထင်ကြပါတယ်။ တကယ်က စားသုံးသူ ဆိုတာကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုအတွက်မဟုတ်ဘဲ စားသောက်တဲ့သူ၊ သုံးစွဲတဲ့သူကို ဆို လိုတာဖြစ်ပါတယ်။

ကုန်စည်ဆိုတဲ့နေရာမှာ အများသူငှာအသုံးပြုနိုင်ဖို့နဲ့ စားသုံးဖို့အတွက်ထိတွေ့နိုင်တာရော အပြည့်အဝမထိတွေ့ နိုင်တာရောပါဝင်ပါတယ်။ အဲဒီလိုပဲ ရွှေ့ပြောင်းနိုင်တာရောမရွှေ့ပြောင်းနိုင်တာရော၊ စားသုံးနိုင်တာရော မစားသုံးနိုင်တာ ရော စသဖြင့် ကုန်သွယ်နိုင်တဲ့အရာကို ဆိုလိုပါတယ်။

ဆိုလိုတာက ပေါင်မုန့်၊ ကော်ဖီမစ်ထုပ်ကို ဝယ်စားဝယ်သောက်သူမှစားသုံးသူဖြစ်တာမဟုတ်ပါဘူး။ တီဗွီရုပ်သံ လိုင်းတွေဝယ်ယူကြည့်ရှုသူတွေ၊ မော်တော်ကား၊ တီဗွီ၊ ရေခဲသေတ္တာ၊ ကွန်ပျူတာအစရှိတဲ့ပစ္စည်းတွေ ဝယ်ယူသုံးစွဲသူတွေ ကလည်းစားသုံးသူတွေပဲဖြစ်ပါတယ်။ အဲဒီစားသုံးသူတွေအပေါ် လုပ်ငန်းရှင်တွေဘက်ကမရိုးမသားလုပ်တာ၊ လိမ်လည် တာ၊ နစ်နာစေတာတွေလုပ်ခဲ့မယ်ဆိုရင် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအရ အရေးယူလို့ရပါတယ်။

စားသုံးသူတွေကို အကာအကွယ်ပေး တယ်ဆိုတာကလည်း ကုန်စည်၊ ဝန်ဆောင်မှုနဲ့ပတ်သက်လို့ စားသုံးသူကို ဥပဒေဆိုင်ရာအကာအကွယ်ပေးတာ၊ ကျန်းမာရေးနဲ့ အန္တရာယ်ကင်းရှင်းရေးနဲ့ဆိုင်တဲ့အာမခံချက်ပေးတာကို ဆိုလိုတာဖြစ် ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်က အရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ စားသုံးသူကို ကမ်းလှမ်းထားတဲ့ ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်ကိုအစားထိုးရောင်းချပြီး လိမ်လည်လှည့်ဖြားတာမျိုးမလုပ်ရဘူးဆိုပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁ဝ(ဂ)မှာ ဆိုပါတယ်။

အဲဒါကိုချိုးဖောက်ရင် ပုဒ်မ၂၃အရ ထောင်ဒဏ်သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ကျပ်သိန်းငါးဆယ်ထက်မ ပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်ဖြစ် ချမှတ်ခံရနိုင်ပါတယ်။

ဒါ့ပြင် စီးပွားရေးလုပ်ငန်းရှင်ကစားသုံးသူရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ဖြစ်စေမယ့် နည်း လမ်းတစ်ခုခုနဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုကိုရောင်းချဖို့ကမ်းလှမ်းတာ ကြေညာတာတွေလုပ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် စား သုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၂၃အရ သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်ဖြစ်၊ ကျပ်သိန်း ငါးဆယ်ထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ် ဒဏ်နှစ် ရပ်လုံးဖြစ်ဖြစ် ချမှတ်တာခံရနိုင်ပါတယ်။

အလားတူပဲလုပ်ငန်းရှင်တွေဟာ ကုန်ပစ္စည်းတို့ဝန်ဆောင်မှုတို့နဲ့ပတ်သက်ပြီး အသုံးပြုသူကို ထင်ယောင်ထင်မှား ဖြစ်စေဖို့ရည်ရွယ်ပြီး ရောင်းချဖို့ကမ်းလှမ်းတာ၊ အရောင်းမြှင့်တင်တာ၊ ကြော်ငြာတာတွေ၊ စားသုံးသူတွေကို လိမ်လည် ကြော်ငြာတာတွေ၊ အာမခံပေးထားမှုအပေါ် လိမ်လည်တာတွေကိုလည်း ပုဒ်မ ၂၃အရ အရေးယူလို့ရပါတယ်။

ပုဒ်မ ၂၃ အရ ပြစ်ဒဏ်ကျခံရစေကာမူ စားသုံးသူက မိမိနစ်နာမှုအတွက် တရားမ ကြောင်းအရလည်း တရားစွဲဆို နိုင်ပါသေးတယ်။

တကယ်တော့ စားသုံးသူတွေကိုအကာအကွယ်ပေးဖို့ စားသုံးသူတွေရဲ့ အခွင့်အရေးတွေပဲသတ်မှတ်ထားတာမ ဟုတ်ပါဘူး။ တာဝန်ယူမှုတာဝန်ခံမှုတွေလည်းသူတို့မှာရှိပါတယ်။ အဲဒီလိုပဲကုန်စည်ကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်း ရှင်တွေအတွက် တာဝန်ယူမှုတာဝန်ခံမှုတွေပဲရှိ တာမဟုတ်ပါဘူး။ ရပိုင်ခွင့်အခွင့်အရေး တွေလည်းရှိပါတယ်။

အခွင့်အရေးနဲ့ တာဝန်ကြားထဲကမျှတတဲ့ရပိုင်ခွင့်တွေရှိနေတာမို့ စားသုံးသူနဲ့လုပ်ငန်းရှင်တွေကြား တစ်ဖက်နဲ့ တစ်ဖက် မဟုတ်တမ်းတရားတွေစွပ်စွဲပြီး သိက္ခာချလို့တော့မရပါဘူး။ စားသုံးသူနဲ့ လုပ်ငန်းရှင် (ဝန်ဆောင်မှုပေးသူ)အကြား အဆင်မပြေမှုတွေ မကျေနပ်ချက်တွေကို လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်မှာရေးတင်တာတွေ တွေ့ရလေ့ရှိပါတယ်။ မှန်တာရှိသလို မှားတာလည်းရှိနိုင်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ဖြစ်၊ စားသုံးသူဖြစ်ဖြစ် သူများကိုထိခိုက်နစ်နာစေရင်တော့ အရေးယူတာ တရားစွဲတာခံရနိုင်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် သတိ ထားရမယ့်အချက်တွေထဲမှာ တာဝန်တွေအပြင် သက်ဆိုင်ရာကတားမြစ်ထားတဲ့ အချက်တွေကိုလည်း သိရှိလိုက်နာရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်သတိထားရမှာက လုပ်ငန်းရှင်တွေဟာ ကုန်ပစ္စည်းတို့ ဝန်ဆောင်မှုတို့နဲ့ပတ်သက်ပြီး ကြော်ငြာတဲ့ နေရာမှာ အလွန်အကျွံမဖြစ်ဖို့လိုပါတယ်။ ဝယ်ယူသူ အသုံးပြုသူကို ထင်ယောင်ထင်မှားဖြစ်စေဖို့ ရည်ရွယ်ပြီးရောင်းချဖို့ ကမ်းလှမ်းတာ၊ အရောင်းမြှင့်တင်တာ၊ ကြော်ငြာတာတွေလည်းမပြုလုပ်သင့်ပါဘူး။

လုပ်ငန်းရှင်က ကုန်စည်ရဲ့ အရည်အသွေး၊ အရေအတွက်၊ ကုန်စည်မှာပါဝင်တဲ့ ပစ္စည်းကုန်စည် အသုံးပြုပုံ၊ ဈေး နှုန်း၊ ဝန်ဆောင်မှုနှုန်းထားနဲ့ ဝန်ဆောင်မှုကိုပေးနိုင်တဲ့အချိန်တွေနဲ့ပတ်သက်ပြီး စားသုံးသူတွေကိုလိမ်လည်ထားတဲ့ ကြော်ငြာတွေ ကြော်ငြာလို့မရပါဘူး။

ဒါ့ပြင် ကုန်စည်နဲ့ဝန်ဆောင်မှုရဲ့ အာမခံပေးထားမှုအပေါ် လိမ်လည်တဲ့ကြော်ငြာတွေ၊ မဟုတ်မမှန် သတင်းအ ချက်အလက်ပါဝင်တဲ့ကြော်ငြာတွေ၊ အသုံးပြုရင်အန္တရာယ်ရှိတာအသိပေးထားတာမရှိတဲ့ ကြော်ငြာတွေ၊ ဥပဒေပြဋ္ဌာန်းချက် တွေ၊ လူမှုကျင့်ဝတ်တွေကို ဖောက်ဖျက်တဲ့ကြော် ငြာတွေကိုလည်း ကြော်ငြာလို့မရပါဘူး။

ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်ဒါမှမဟုတ် ကြော်ငြာလုပ်ငန်းဆောင်ရွက်သူတွေဟာ မိမိတို့ကြော်ငြာရဲ့အ ကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၅ မှာ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

စားသုံးသူနဲ့ လုပ်ငန်းရှင်အကြားကွဲပြားတဲ့အခွင့်အရေးတွေအရ ဘယ်သူသာလဲမေးရင် Customer is always right (ဝယ်သူကအမြဲတမ်းမှန်တယ်) ဆိုတဲ့စကားနဲ့အညီ ဝယ်သူဖြစ်တဲ့စားသုံးသူတွေဘက်ကတော့ စားသုံးသူအကာအကွယ် ပေးရေးဥပဒေအရ အားသာနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စားသုံးသူတွေဘက်က နစ်နာတာနဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့သတင်းတွေက ပြည်သူအကြား ပိုမိုကြားနေရတာမို့လုပ်ငန်းရှင်တွေနဲ့ဝန်ဆောင်မှုပေးနေသူတွေက စားသုံးသူအကာအကွယ်ပေးရေးဥပဒေနဲ့အညီ အမြဲလို လို ဝန်ဆောင်မှုပေးနိုင်ကြပါရန် အပြုသဘောဆောင်အကြုံပြုအပ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ အခွင့်အရေး နဲ့တာဝန်တွေက စားသုံးသူရော လုပ်ငန်းရှင်ရောသိထားရမှာဖြစ်ပါတယ်။ ဒါမှ ဆောင်ရန် ရှောင်ရန်တွေကိုသိရှိပြီး မိမိတို့ ရပိုင်ခွင့် တွေကိုတောင်းဆိုနိုင်မှာဖြစ်ပါတယ်။

စားသုံးသူ၏အခွင့်အရေးများ

(၁) ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာအသုံးပြု နိုင်ခြင်း၊

(၂) ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကိုရွေးချယ်နိုင်ခြင်းနှင့် ဝန်ခံကတိပြုထား သောတန်ဖိုး၊ စည်းကမ်းချက်များ၊ အာမခံမှု       တို့နှင့်အညီ ရယူနိုင်ခြင်း၊

(၃) ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏အခြေအနေ၊ အာမခံချက်တို့နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြည့် စုံမှန်ကန်စွာ ရယူခွင့်ရှိခြင်း၊

(၄) စားသုံးသူ အသုံးပြုသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်အငြင်းပွားမှုအပေါ် ကြားနာဖြေရှင်းပေးရန် အရေးဆို တိုင်တန်းနိုင်ခြင်း၊ စားသုံးသူအကာအကွယ်ပေးမှုများရရှိနိုင်ခြင်းနှင့် မှန်ကန်သော ဖြေရှင်းမှုရရှိနိုင်ခြင်း၊

(၅) ခွဲခြားဆက်ဆံမှုမရှိသည့် မျှတသောဆက်ဆံမှုနှင့် ဝန်ဆောင်မှုရရှိခြင်း။

 

စားသုံးသူ၏တာဝန်အချို့

(၁) စီးပွားရေးလုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုပြုလုပ်ခြင်းတို့ကို ရှောင် ကြဉ်ခြင်း၊

(၂) စားသုံးသူအငြင်းပွားမှုကို သက်ဆိုင်ရာမှဖြေရှင်းနေစဉ် လူထုဆက်သွယ် ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်း လမ်းဖြင့်ဖြစ်စေသက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ပြောဆို ခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း။

 

စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးအချို့

(၁) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် မိမိ၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့်မဟုတ်ပါက နာမည်ကောင်းပြန် လည်ရရှိရေး ဆောင်ရွက်နိုင်ခြင်း၊

(၂) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် ¤င်းဝယ်ယူသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကြောင့်မဟုတ်ကြောင်း ဥပဒေ နှင့်အညီ သက်သေပြနိုင်ပါက နာမည်ကောင်းကို ပြန်လည်ရရှိနိုင်ခြင်း။

စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ

(၁) စီးပွားရေးလုပ်ငန်းကို စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီလုပ်ကိုင်ခြင်း၊

(၂) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ်ရှင်းလင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊

(၃) စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊

(၄) ရောင်းဝယ်သော သို့မဟုတ် ထုတ် လုပ်သောကုန်စည် သို့မဟုတ် ဝန်ဆောင် မှုကိုသတ်မှတ်ထားသော စံချိန်စံညွှန်း၊ အရည်အသွေးများအပေါ်အခြေခံ၍ အာမ ခံချက်ပေးခြင်း၊

(၅) အရည်အသွေးစမ်းသပ်ရန် လို အပ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူခြင်းမပြုမီ စားသုံးသူများအား စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊

(၆) အာမခံပေးထားသည့် ကာလအတွင်း ကုန်စည်ကို စားသုံးခြင်း သို့မဟုတ် ဝန်ဆောင်မှုကိုသုံးစွဲခြင်းတို့ကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အာမခံချက် ပေးအပ်ထားသည့်အတိုင်း တာဝန်ယူဆောင် ရွက်ပေးခြင်း၊

(၇) စားသုံးသူက လက်ခံရရှိထားသော သို့မဟုတ် အသုံးပြုထားသော ကုန်စည် သည် သဘောတူညီချက်နှင့် ကိုက်ညီမှု မရှိပါက သဘောတူညီထားသည့် စည်း ကမ်းအတိုင်း တာဝန်ယူဆောင်ရွက်ပေး ခြင်း၊

(၈) ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင် ရာတွင် သဘောတူညီထားသော သဘော တူညီချက် သို့မဟုတ် စာချုပ်ပါဝန်ခံကတိ အတိုင်း တိကျစွာလိုက်နာဆောင်ရွက် ခြင်း၊

(၉) စားသုံးသူအငြင်းပွားမှုကို သက်ဆိုင်ရာမှ ဖြေရှင်းနေစဉ် လူထုဆက်သွယ် ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်း လမ်းဖြင့်ဖြစ်စေ သက်ဆိုင်ရာစားသုံးသူ အပေါ်ထိခိုက်နစ်နာစေရန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ် ခြင်း။