ရန်ကုန်မှာတိုက်ပွဲတွေဖြစ်ရင် ဘယ်လိုလုပ်မလဲ

ရန်ကုန်ကို သူပုန်တွေရောက်နေပြီလား။ သူပုန်တွေ ရန်ကုန်ထဲရောက်ချင်ရောက်နေမှာ။ ဘယ်သူက သူပုန်၊ ဘယ်သူက အရပ်သား ဆိုပြီး ခွဲခြားသိရတာလည်းမဟုတ်။ လိုင်းကားလေးစီးပြီး ရန်ကုန်ရောက်လို့ရတာပဲဟာ။ လက်နက်ကလည်း သိပ်ခက်တာမဟုတ်။ လမ်း ကြောင်းရှိရင် ဝယ်လို့ရတာပဲ။
ဒီတော့ ရန်ကုန်မှာလည်း စစ်မဖြစ်ဘူး မပြောနိုင်ဘူး။ ခေတ်အဆက်ဆက်ကလည်း ရန်ကုန်ဟာ စစ်တလင်းဖြစ်ခဲ့ဖူးတာပဲ။
ဦးနုခေတ်၊ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်၊ ဘိုးတော်ဦးဝိုင်းခေတ်၊ ဦးအောင်ဇေယျခေတ်၊ တောင်ငူခေတ်၊ မွန်ခေတ် ရန်ကုန်မှာ စစ်ပွဲ တွေဖြစ်ခဲ့တာချည်းပါပဲ။ ဒီတော့ ဒီခေတ်မှာ လည်း စစ်မဖြစ်ဘူးလို့ပြောမရ။ ဖြစ်လာရင် တော့ ရန်ကုန်သားတွေ စစ်ပွဲကို မျက်ဝါး ထင်ထင် မြင်တွေ့လို့ရပြီပေါ့။ ကိုယ့်သား သမီးတွေ ကိုလည်း ရန်ကုန်မှာစစ်ဖြစ်တုန်း က ဘယ်လိုကွဆိုပြီးြ<ွကားလို့လည်းရတာ ပေါ့။
စစ်ပွဲတွေကိုထောက်ခံခဲ့တဲ့ ရန်ကုန် သားတချို့၊ စစ်ပွဲတွေကို ဆန့်ကျင်တဲ့ ရန် ကုန်သားတချို့။ စစ်ပွဲနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မယ်ဆို ဘယ်လိုလုပ်မလဲ။ အ မြောက်တွေပစ်ပါ၊ အမြောက်တွေပစ် ဆိုပြီး လမ်းပေါ်ထွက်အော်မလား။ စစ်ပွဲတွေ ရပ် ပါ၊ စစ်ပွဲတွေရပ်ဆိုပြီး လမ်းပေါ်ထွက်ေ မလား။ ဘယ်သူသိနိုင်မလဲနော်။
စစ်ဖြစ်လာရင်တော့ မီးစင်ကြည့် ကရ မှာပဲလေ။ ကိုယ်က စစ်ပွဲတွေကြားထဲရောက် နေရင်ပိုဆိုးပေါ့။ ဘယ်သူက ကိုယ့်ကိုပစ် မယ့်လူလဲ။ ဘယ်က ကိုယ့်ကိုကာကွယ်မယ့် လူလဲ။ အဲ့တော့မှ သေချာသိမှာ။
အခုလောလောဆယ်တော့ အဝေးမှာ တိုက်နေတဲ့ပွဲကို ငြင်းနေကြမှာပဲ။ လူမျိုး ရေးတွေကလည်း ပါသကိုး။ ခွေးချင်းကိုက် ရင်တောင် ကိုယ့်ခွေးနိုင်စေချင်တာပဲ။ ပြီး တော့ ကိုယ့်ခွေးကို အမှန်လို့ထင်တာပဲ။ ဒီ တော့လည်း ကိုယ့်ခွေးဘက် ကိုယ်လိုက် မှာပေါ့။ တတ်နိုင်ရင် ကိုယ်ခွေးဘက်ကပါ ဝင်ကိုက်ချင်သေးတာမဟုတ်လား။
ဒီတော့ ရန်ကုန်မှာ စစ်ဖြစ်ရင်ရော. ..။ သူပုန်ကို ထောက်ခံသူတွေက သူပုန် ဘက်က ဝင်တိုက်မလား။ စစ်တပ်ကို ထောက်ခံသူတွေကရော စစ်တပ်ဘက်က ဝင်တိုက်မလား။ ဒါမှမဟုတ် ထုံးစံအတိုင်း အနှိမ်ခံ ပြည်သူပဲလုပ်မလား။ အဲ့လိုမဟုတ် ရင် အိမ်တွင်း ပုန်းနေမလား။ ရန်ကုန်ကို စွန့်ခွာမလား။ ဒါတွေလည်း စဉ်းစားရမှာပဲ။ တိုင်းပြည်က အခြေအနေ သိပ်ကောင်းတာ မဟုတ်။ တစ်တိုင်းပြည်လုံး စစ်မဖြစ်ဘူးလို့ လည်း ပြောလို့ရတာမဟုတ်။
တိုင်းရင်းသားလက်နက်ကိုင်၊ သူပုန်၊ သောင်းကျန်းသူ၊ ပြည်သူ့စစ်၊ တပ်မတော်၊ ပြည်နယ့်တပ်၊ နယ်ခြားစောင့်တပ် စသဖြင့် လက်နက်ကိုင်ပေါင်းများစွာရှိနေတာ။ စစ် တပ်ကို လက်နက်ကိုင် အကုန်လုံးက ဝိုင်း တိုက်ရင်ဘယ်လိုလုပ်မလဲ။ စစ်တပ် ရှုံးသွား ရင်ရော။
လက်နက်ကိုင်တွေက မြန်မာပြည်ကြီး ကို ဘယ်လို ခွဲဝေအုပ်ချုပ်မလဲ။ ရန်ကုန်မှာ ဘယ်သူပုန်က အစိုးရလုပ်လေမလဲ။ ရှမ်း မှာရော ဘယ်သူပုန်ကအစိုးရလုပ်မလဲ။ ရှမ်း မှာရော သူပုန်အချင်းချင်း ဆက်တိုက်ကြဦး မှာလား။ သူပုန်အဖွဲ့တစ်ခုစီကလည်း လူမျိုး တူတာမဟုတ်။ အဲ့တော့ တခြားလူမျိုးစု သူ ပုန်က အခြားတိုင်းရင်းသားပြည်သူကို နှိပ် စက်မှာလား။ သဘောကတော့ ဗမာတွေကို တခြားလူမျိုးစုတွေက လက်နက်ကိုင် အနိုင် ကျင့်မလား။ ရှမ်းတွေကို ပအိုးဝ်တွေက အ နိုင်ကျင့်မလား။ အမုန်းတရားတွေ ရှိနေ တော့ အနိုင်ကျင့်ချင်လည်း ကျင့်မှာပဲ။
ဘာစနစ်နဲ့ အုပ်ချုပ်မှာလဲ။ မြန်မာပြည် က ဒီအတိုင်းပဲရှိမှာလား။ ဒါမှမဟုတ် … ဗမာပြည်ဆိုတာရော ပျောက်သွားမလား။ ရခိုင်ပြည်ထဲကို ရခိုင်နဲ့ထိစပ်နဲ့ ဗမာနယ် တွေထည့်၊ ရခိုင်နိုင်ငံဖြစ်။ ကရင်နားက ဗမာနယ်တွေ ကရင်နိုင်ငံဖြစ်။ နိုင်ငံတွေ အများကြီးပေါ်လာ။ ဗမာနိုင်ငံပျောက်။ အဲဒါဆိုရင်ရော။ မဖြစ်ဘူး မပြောနိုင်ဘူး လေ။ အခုဆို ပြည်တွင်းစစ်ကလည်း လွတ် လပ်ရေးနဲ့အတူ… နှစ်ပေါင်းများစွာကြာ ခဲ့ပြီ။ ဘယ်သူပုန်ကိုမှလည်း စစ်တပ်က မရှင်းနိုင်ဘူး။ အစိုးရဆိုတာကလည်းခေတ် အဆက်ဆက် ပျော့ညံ့ညံ့။ ဒီတော့ မြန်မာ ပြည်ကြီး ပြိုကွဲသွားဖို့ဆိုတာလည်း တဲတဲ ကလေး။
ပြီးတော့ ပြည်သူအချို့ကလည်း စစ် တပ်ကို ခါးခါးသီးသီးမုန်းနေကြတုန်း။ အခု ဆို တချို့ပြည်သူတွေ၊ ဝန်ထမ်းတွေကိုယ်တိုင် စစ်တပ်ကိုဆန့်ကျင်ပြီး သူပုန်တွေကို အား ပေးကြ၊ ထောက်ခံကြ။ တချို့တွေဆို အကြမ်းဖက်မှုတိုင်းကို ဆန့်ကျင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ဘယ်သူပုန်ပဲအကြမ်း ဖက်ဖက်၊ ဘယ်သူပုန်က ပြည်သူတွေကို ဘယ်လိုပစ်ပစ် သူပုန်ကိုပဲထောက်ခံတယ်။ ပြည်သူကိုမထောက်ခံဘူး။ စစ်တပ်ကို မထောက်ခံဘူး။ သူပုန်ကိုပဲ ထောက်ခံ တယ်။ သူပုန်ကိုပဲ ဘောမတယ်။ အဲ့လို သူပုန်ဘောမတွေကတော့ သူပုန်တွေ အစိုးရဖြစ်ရင် ပျော်မှာပဲ။ စစ်တပ်ဘော မတွေကတော့ ငိုပွဲပေါ့။
အဲ့တော့…။ ရန်ကုန်မှာ စစ်ဖြစ်ရင် …တစ်တိုင်းပြည်လုံးကို သူပုန်တွေ စု ပေါင်းသိမ်းပိုက်လိုက်ရင်…ဘယ်လို လုပ်ကြမလဲ…။ ငိုကြမှာလား၊ ရယ်ကြမှာလား။

စိုပြေ