လူငယ်ဖြစ်တဲ့အတွက်ကြောင့် မတူညီတဲ့အမြင်ရူထောင့်တွေ ဆန်းသစ်တဲ့ အတွေးအခေါ်တွေရှိတယ်။ ဒီဟာတွေ ကတိုင်းပြည်အတွက် အသုံးချသင့်တယ်။

မေး ။ လက်ရှိအစိုးရလက်ထက်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိလဲ။

ဖြေ။ ဒီဘက်ခေတ် အစိုးရသက်တမ်း အနေနဲ့ပြောရရင် ၂ဝ၁၅ နောက်ပိုင်းမှာ

လူငယ်တွေနိုင်ငံရေးမှာ ပါ လာကြတာတွေ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ၂ဝ၁၅ ရွေးကောက်ပွဲပေါ့။ မဲဆွယ်တဲ့ကာလမှာ လူ ငယ်တွေပိုပြီး တက်တက်ကြွကြွပါလာတာတွေ့ရတယ်။ ဒေသအနှံ့ရွေးကောက်ပွဲအောင်နိုင်ရေးတွေမှာ လူငယ် တွေပါလာတာတွေ့ရတယ်။  နိုင်ငံရေးမှာ လူငယ်တွေ ထိထိရောက်ရောက်ပါလာတာကို စတွေ့တာပေါ့။ တခြား သော အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပတ်သက်တာကတော့ ကျွန်မတို့ ၂ဝဝ၇၊ ၂ဝဝ၈ နောက်ပိုင်းကာ လတွေနဲ့ ယှဉ်ရင်ပိုပြီးများပြားလာတယ်။ စိတ်ပါဝင်စားမှုပိုရှိလာတယ်။ နောက်တစ်ခုအရေးကြီးတာက ဦးသိန်းစိန်အစိုးရ လက်ထက်မှာ  ရန်ကုန်တက္ကသိုလ်တို့ မန္တလေးတက္ကသိုလ်တို့ ပြန်ဖွင့်ပြီး အဲ့ဒီတက္ကသိုလ်တွေမှာ  Political Science လိုမျိုး International Relationship(IR) လိုမျိုး ဒီလိုနိုင်ငံရေးဘာသာရပ်တွေကို တက္ကသိုလ်တစ်ချို့ မှာ သင်ကြားခွင့်ရလာတဲ့အခါကျတော့ အဲ့ဒီနိုင်ငံရေးဘာသာရပ်တွေကို စပြီးတော့ ထဲထဲဝင်ဝင်သင်ကြားတဲ့ လူ ငယ်တွေလည်းများလာတယ်။ နောက်ပြီးတော့ အရပ်ဘက်အဖွဲ့ အစည်းတွေကဖွင့်တဲ့ Yangon Potical School လို  ကျောင်းမျိုးလည်းရှိလာတယ်။ နိုင်ငံရေးကို တက်ကြွလှုပ်ရှားသူအနေနဲ့  စိတ်ပါဝင်စားတဲ့လူ ငယ်တွေရှိလာ သလိုပဲ တကယ့် Professional ကျကျ ထဲထဲဝင်ဝင်လေ့လာရမယ်ဆိုပြီး တက်ရောက်လာတဲ့ လူငယ်တွေလည်း ရှိလာတယ်။ အခုနောက်ပိုင်း ငြိမ်းချမ်းရေး ညီလာခံကိစ္စတွေမှာဆိုလည်း  လူငယ်တွေရဲ့ အမြင်တွေ သဘော ထားတွေက ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ကြားလာရတာတွေလည်းရှိတယ်။ ဒါကလည်း လက်ရှိတိုင်း ပြည်ရဲ့အခြေအနေပေါ်မှာ လူငယ်တွေ မျက်ခြည်မပြတ်တာ၊ စိတ်ဝင်စားမှု ရှိလာတာတွေ ကိုတိုးတက်လာတဲ့ အနေထားမှာမြင်ရတယ်။

 

မေး ။ လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာတကယ်ပဲ ထဲထဲဝင်ဝင် ပါဝင်သင့်တယ်လို့ထင်လား။ ဘာကြောင့်ပါဝင် သင့်တယ်လို့ ထင်လဲ။

ကျွန်မကတော့ကျောင်းသားသမဂ္ဂနဲ့ နိုင်ငံရေးဘဝစတင်ခဲ့တာဆိုတော့ တစ် သက်လုံးယုံကြည်လာတာ ကတော့ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင်စားရမယ်။ ပါကိုပါဝင်ရမယ်ပေါ့။ ဒါကတော့ အမြဲတမ်းကျွန် မမြင်တဲ့ အမြင်ပေါ့။ စိတ်ဝင်စားရမယ်ဆို တာတောင် ဒီမိုကရေစီရှည်ကြာတဲ့ တိုင်းပြည်တွေမှာ ကလေးဘဝကတည်းက ဒီမိုကရေစီအလေ့အကျင့်တွေ သင်ကြားပေးတယ်။ ဥပမာဆိုရင်  အမေရိကားမှာဆိုရင် ကလေးတွေက ရွေး ကောက်ပွဲနီးရင် ဘယ်သမ္မတလောင်းက ပိုကောင်းတယ်ဆိုတာမျိုးပေါ့။ ဒေါ်နယ်ထရန့်ကိစ္စမျိုးမှာဆိုရင် သူ တို့မ ကြိုက်ကြတဲ့ကလေးတွေရှိလာတယ်ပေါ့။ လူမျိုးရေးခွဲခြားတယ်ဆိုပြီး။ ကလေးတွေတောင်မှ တိုင်းရေးပြည်ရေး ကို စိတ်ဝင်စားအောင် သူတို့တိုင်းပြည်တွေမှာ သင်ကြားပေးတယ်ပေါ့။ အဲ့အချိန်မှာတော့ ကလေးဖြစ်နေတဲ့အ တွက်ကြောင့် ဒီပါဝင်မှုကကြီးမားချင်မှ ကြီးမားမယ်။ ဒါပေမဲ့ တိုင်းရေးပြည်ရေးကိစ္စတွေမှာ သူတို့သိရမယ်။ အမြဲ တမ်းသတင်းတွေနားထောင်ရမယ်။ သတင်းချက်လက်တွေကို သူတို့ရဲ့အတွေးအမြင်နဲ့ လေ့လာဆန်းစစ်မှုတွေ လုပ်ရမယ်ဆိုတာမျိုး သူတို့မှာ အလေ့အကျင့်တွေပေးထားတာပေါ့။ ဆိုတော့ နိုင်ငံရေးကသိသင့်တယ်။ လူတိုင်း လူတိုင်းသိသင့်တယ်။ ကလေးအရွယ်ကစပြီး စိတ်ဝင်စားသင့်တယ်။ လူငယ်တွေကတော့ ပိုပြီးတော့တောင် တိုင်းရေးပြည်ရေးကိစ္စမှာ ထဲထဲဝင်ဝင်ပါဝင်ဖို့ လိုအပ်လာတယ်။ ဒါကလည်း ကျွန်မတို့တစ်ချိန်လုံးပြောနေတဲ့ နိုင်ငံရေးမျိုးဆက်ပြတ်မှုပေါ့။ အသက်အရွယ်ကြီးလာတဲ့အခါ နိုင်ငံရဲ့တာဝန်တွေကို ဘယ်လိုနေရာကပဲ ဖြစ်ဖြစ် လွှဲပြောင်းယူတဲ့အခါမှာ အဆင်သင့် ဖြစ်လာမယ်လို့ မြင်တယ်။

 

မေး ။  လက်ရှိလူငယ်တွေအနေနဲ့ကော နိုင်ငံရေးမှာပါဝင်မှုအခြေအနေက ဘယ်လိုအနေအထားမှာရှိလဲ။

ဖြေ။ လက်ရှိအနေအထားမှာတော့နိုင်ငံရေးဆိုတာထက် ကဏ္ဍအသီးသီးမှာ ခြုံပြီးပြောရင် လက်ရှိလူငယ်တွေ က အခွင့်အလမ်းအများကြီးရှိလာတယ်။ ဒီနောက်ပိုင်းမှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်လာတယ်။ အင်တာနက် လို လွယ်လွယ်ကူကူနဲ့ သတင်းအချက်အလက်တွေရှာလို့ရလာတယ်။ သူတို့လေ့လာချင်လို့ရှိရင် အလွယ်တကူ လေ့လာနိုင်တဲ့အခွင့်အလမ်းတွေ အရင်ကထက်စာရင် ပိုရှိလာတယ်။ တစ်ဖက်ကလည်း ကျွန်မတို့တိုင်းပြည်ရဲ့ ပညာရေးစနစ်က  ကျွန်မတို့ရဲ့အနာဂတ်အိပ်မက်တွေကို မက်ဖို့အားမပေးခဲ့ဘူး။ နိုင်ငံတကာမှာ ဆိုရင် ၁၆၊ ၁၇ အရွယ်တွေက သူတို့ကိုယ်သူတို့ဘာလုပ်ရမှန်းမသိဘူး။ မသိရတဲ့အကြောင်းရင်းက အိပ်မက်မရှိလို့မဟုတ်ဘူး။ သူတို့မှာတော့အိပ်မက်ရှိတယ်။ သူတို့မှာရွေးချယ်မှုနေရာမှာ ဝေဝါးတာပဲရှိတယ်။ ကျွန်မတို့တိုင်းပြည်က လူငယ် တွေကျတော့ အိပ်မက်ကိုမမက်တတ်ဘူးပြောရမှာပေါ့။ ရည်မှန်းချက်ပျောက်နေတယ်။ တကယ်ကို ဘယ်ကို သွားချင်တာလဲ ဘာဖြစ်ချင်တာလဲဆိုတဲ့ ရည်မှန်းချက်ပျောက်ပြီး အဆင်ပြေသလိုမျိုး ဘဝကိုဖြတ်သန်းလာတဲ့ လူငယ်တွေများလာတယ်။ အဲ့လိုများနေတဲ့အချိန်မှာ တစ်ဖက်ကနေကြည့်ရင် အကြောင်းအရာပေါင်းစုံကို အ လွယ်တကူရှာဖွေနိုင်တဲ့ အခါကျတော့ အဲ့နေရာမှာ တကယ်ကိုကိုယ့်အတွက်တန်ဖိုးရှိမယ့် အရာတွေကို ရှာဖွေ တဲ့လူငယ်တွေရှိတော့ရှိတယ်။ ဒါပေမဲ့ နည်းပါးလာပြီးတော့ လူငယ်ထုအားလုံးကို ခြုံကြည့်ရင်တော့ သာမန်ပျော် ပွဲရွှင်ပွဲလိုကိစ္စမျိုး ဘဝတိုးတက်ရေးအတွက်မဟုတ်ဘဲ အချိန်ဖြုန်းတဲ့လေ့လာမှုတွေမှာ အချိန်ပေးနေတဲ့လူငယ် တွေလည်းအများကြီးတွေ့တယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ရာခိုင်နှုန်းအရဆိုရင်တော့ ကျွန်မတို့ခေတ်က နဲ့ယှဉ်ရင်လူငယ်တွေကပိုပြီးတော့ နိုင်ငံရေးအခြေနေကြောင့်လဲပါမှာပေါ့။ အရင်ကထက်စာရင်နိုင်ငံရေးလိုမျိုး၊ လူမှုရေးလိုမျိုးမှာ လူငယ်တွေပါဝင်မှုက ပိုများလာတယ်။ ဒါပေမယ့် သူတို့ရဲ့ ရည်မှန်းချက်က ကိုယ်ဘာဖြစ်ချင် တာလဲဆိုတဲ့ အချက်ကဝေဝါးနေဆဲပဲ။

 

မေး ။ လက်ရှိအစိုးရလက်ထက်နဲ့ ယခင်အစိုးရလက်ထက် လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုက ဘယ်လို မျိုးကွာခြားလာလဲ။

ဖြေ။ အခုနောက်ပိုင်းမှာ အရပ်ဘက်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့တွေပဲဖြစ်ဖြစ် ကြည့်လိုက်ရင် လူငယ်တွေတော့ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလူငယ်တွေက ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့နေရာတွေမှာမ တွေ့ရဘူး။ အရင်အစိုးရလက်ထက်ကလည်း မတွေ့ရဘူး။ အခုအစိုးရလက်ထက်မှာလည်း သိသိသာ သာမတွေ့ ရဘူး။ ဒါကြောင့် လူငယ်တွေကို တကယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ နေရာပေးဖို့ လက်တွဲခေါ်ဖို့ဆိုတာ တောက်လျှောက်ပြောနေတယ်ပေါ့။ ဒါမှသာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးရာရောက်မယ်ပေါ့။ လူငယ်တွေ ခေါင်းဆောင်တဲ့နေ ရာမရှိဘူးလားဆိုတော့ရှိတော့ရှိတယ်။ ဒါပေမယ့် လူငယ်တွေပဲဖွဲ့ထားတဲ့အဖွဲ့တွေမှာပဲ လူ ငယ်ခေါင်းဆောင်တွေရှိတယ်။ အဖွဲ့အစည်းကြီးတော်တော်များများမှာတော့ လူငယ်တွေခေါင်းဆောင်မှုနေရာကို မရောက်သေးပါဘူး။ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်ပေါ့။

မေး ။ လူငယ်တွေအနေနဲ့အခုလို ခေါင်းဆောင်နေရာမှာမရှိတာက ဘာကြောင့်လို့ထင်လဲ။ ခေါင်းဆောင်နေရာ မှာရှိအောင် ဘယ်လိုလုပ်သင့်တယ်ထင်လဲ။

ဖြေ ။ ကျွန်မတို့ အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အမြဲတမ်းဆွေးနွေးဖြစ်တယ်။ လူငယ်တွေ ဘာကြောင့်မရတာ လဲဆိုတော့ ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့ အရိုးစွဲနေတဲ့ အမြင်တချို့ကြောင့်လည်းပါတာပေါ့။ နောက်တစ်ခုက ၂ဝဝ၈ ဖွဲ့စည်းပုံမှာ သမ္မတရဲ့ အသက်ကန့်သတ်ချက်ကိုကြည့်ရင် အသက်အရွယ်ငယ်တဲ့ လူငယ်တွေတင်မ ဟုတ်ဘူးအတော်ကြီးမှအဆင်ပြေမယ့်ပုံစံမျိုး အသက်ကန့်သတ်ချက်တွေရေးထားတယ်။ ရပ်ကျေးဥပဒေတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အသက်ကန့်သတ်ချက်တွေကအစ လူငယ်တွေပါဝင်နိုင်မှု နည်းပါးတာတွေ့ရတယ်။ ကျွန်မတို့စဉ်းစားလေ့ရှိတာက ဥပဒေတွေမူဝါဒတွေနဲ့ လူငယ်တွေကို နေရာပေးဖို့အတွက် ရာခိုင်နှုန်းခု သတ် မှတ်ထားဖို့လိုတယ်။ တကယ်လည်းမဖြစ်နိုင်တာကိုတောင်းဆိုနေတာမဟုတ်ဘူး။ အရည်အချင်းရှိတဲ့ လူငယ် တွေကိုနေရာပေးတာလဲဖြစ်ရမယ်။ မျိုးဆက်တစ်ခုကို မွေးထုတ်တဲ့နေရာမှာလည်း စနစ်တကျပျိုးထောင် မှုနဲ့ ဖြစ်ရမယ်။ တစ်ဖက်ကလည်း ဥပဒေလိုမျိုးကန့်သတ်မှုတွေထားပေးရမယ်။ လူငယ်တွေကို နေရာပေးတဲ့နေရာ မှာမူဝါဒနဲ့ မွေးထုတ်ပေးတာမျိုးလိုသလိုလူကြီးတွေ၊ တကယ်အာဏာရှိတဲ့သူတွေ၊ တာဝန်ရှိတဲ့သူတွေရဲ့ အ တွေးအမြင်တွေကိုလည်း ပြောင်းလဲပေးရမယ်။ လူပေါ်မှာလည်းအရေးကြီးသလို၊ မူဝါဒပေါ်မှာလည်း အရေးကြီး ပါတယ်။ ဘာကြောင့်မို့ဖြစ်ရလဲဆိုတော့ ဒီဥပဒေတွေမရှိလို့၊ မူဝါဒတွေမရှိလို့ပေါ့။ မသိတာကြောင့်လဲဖြစ်ကောင်း ဖြစ်မယ်။ မပေးချင်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့။ လူကြီးတွေကလည်း အရေးကြီးတာပေါ့။ လူငယ်တွေက သူတို့ထက် အတွေ့ အကြုံနုနယ်တယ်။ ပညာအားဖြင့်လည်း လူကြီးတွေလောက်မရှိပဲ အားနည်းလိမ့်မယ်လို့ ယူဆတာကြောင့်လဲဖြစ်မယ်။ အသက်ပိုကြီးရင်ပိုပြီးတော့ နားလည်လိမ့်မယ်လို့ ယူဆနေတာလဲ ဖြစ်ကောင်းဖြစ် မယ်။ ဒါပေမဲ့ တကယ်တမ်း အမှန်တရားကတော့မဟုတ်ဘူး။ အသက်ကြီးတာရော၊ အသက်ငယ်တာရော နှစ် ဖက်စလုံးမှာ အားသာချက်၊ အားနည်းချက်ရှိနေတာကို သတိမမူကြလို့ ဖြစ်ပါလိမ့်မယ်။

 

မေး ။ လူငယ်တွေအနေနဲ့ အခုလို ခေါင်းဆောင်နေရာမှာတာဝန်ယူဖို့ကော အသင့်အနေအထားမှာရှိရဲ့လား။

ဖြေ ။ ရှိပါတယ်။ လူငယ်အဖွဲ့အ စည်းတွေကို ခေါင်းဆောင်နေကြတဲ့ လူငယ်အများစုကိုကြည့်ရင် သူတို့အချိန် ကာလတွေကိုအများကြီးပေးဆပ်ပြီး ဖြတ်သန်းခဲ့ရတာပေါ့။ အရပ်ဘက်အဖွဲ့အစည်းဆိုရင်လည်း အရပ်ဘက်အ ဖွဲ့အစည်းလောကပေါ့။ တက်ကြွလှုပ်ရှားသူဆိုရင်လည်း တက်ကြွလှုပ်ရှားသူလောကပေါ့။ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေမှာလည်း ခေါင်းဆောင်နေရာတွေမှာဦးဆောင်ပြီးတော့၊ တာဝန်ယူပြီးတော့လုပ်ဆောင်နေကြ တာ သက်သေအားဖြင့်တွေ့နေရပါတယ်။ သူတို့မှာ လုပ်ကိုင်နိုင်စွမ်းတွေရှိတယ်။ အတွေးအခေါ်တွေရှိတယ်။ ထင်မြင်ယူဆချက်တွေရှိတယ်။ လူငယ်တွေဖြစ်တဲ့အတွက် ပိုပြီးတော့ဖန်တီးနိုင်စွမ်းတွေရှိကြတယ်။ လူကြီးတွေ လောက်အတွေ့အကြုံများချင်မှများလိမ့်မယ်။ ဒါပေမဲ့လူငယ်ဖြစ်တဲ့အတွက်ကြောင့် မတူညီတဲ့ အမြင်ရှုထောင့် တွေဆန်းသစ်တဲ့အတွေးအခေါ်တွေရှိတယ်။ ဒီဟာတွေက တိုင်းပြည်အတွက်အသုံးချကိုချသင့်တယ်။ ဒါမှလည်း ကျွန်မတို့မှာ ခေါင်းဆောင်မျိုးဆက်ပြတ်တာဖြစ်လေ့ရှိတာကိုး။ ဆိုတော့ ကျွန်မတို့တိုင်းပြည်ရဲ့ဝန်ကြီးတွေ ၊ဝန် ကြီးချုပ်တွေကအသက်အရွယ်အားဖြင့်ဆိုရင် အများစုကအသက်တအားကြီးနေကြပြီ။ တိုင်းရေးပြည်ရေးဆိုတာ အင်မတန်မှအလုပ်များတယ်။ ပင်ပန်းတယ် နယ်ပယ်ပေါင်းစုံအသီးသီးကို လုပ်ရတယ်ဆိုတော့  အလုပ်လုပ်နိုင် စွမ်းတွေမှာလည်း အသက်အရွယ်ကြောင့် အားနည်းသွားတာလည်း ရှိနိုင်တယ်။ဒါမျိုးတွေကို ပြန်ပြီးတော့ စဉ်း စားရလိမ့်မယ်လို့ ထင်ပါတယ်။

 

မေး ။ နိုင်ငံရေးမှာကော လူငယ်တွေ ပါဝင်ဖို့ ဘာကြောင့်လိုအပ်တာလဲ။

ဖြေ ။ လူငယ်တွေရဲ့အတွေးအမြင်အသစ်တွေ သူတို့ရဲ့လုပ်နိုင်စွမ်းတွေ အလုပ်အရမ်းများတဲ့ လုပ်ငန်းဆောင် တာတွေကို တကယ်အကွက်ကျကျစီမံခန့်ခွဲတဲ့အခါ တကယ်အပင်ပန်းခံပြီးလုပ်တာကလူငယ်တွေ ပိုလုပ်နိုင်စွမ်း ရှိတဲ့အခါကျတော့ ကျွန်မတို့က ဒါကိုအမြဲသတိထားရမယ့်အခြေနေရှိတယ်။ အခုလက်ရှိမှာ ဆိုရင်လည်း လွှတ် တော်အမတ်တွေကြားထဲမှာတောင်အများသောအားဖြင့် လူလတ်ပိုင်းတွေအများကြီးရှိတယ်။ ဒါပေမဲ့ တကယ် တမ်းအာဏာရှိတဲ့ အပိုင်းကိုသွားရင်တော့ အုပ်ချုပ်မှုအပိုင်းမှာတော့ အသက်ကြီးတဲ့သူတွေက ပိုရောက်ရောက် သွားလေ့ရှိတယ်။ နိုင်ငံရေးမှာလည်း ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်နိုင်စွမ်းရှိတဲ့လူငယ်တွေကို ဘာကြောင့်မသုံးရ မှာလဲပေါ့။ သူတို့မှာအရည်အချင်းရှိတယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ အသက်အရွယ်ကြောင့် နောက်ပို့ ခံရတယ်လို့ ကျွန်မတို့ဘက်ကသံသယရှိလာတယ်။ နိုင်ငံရေးပါတီတွေမှာလည်း လူငယ်ဖြစ်နေလို့ ဘေးဖယ်ခံ ထားရတာတွေရှိတယ်။ လူငယ်ဖြစ်နေခြင်းအားဖြင့် ကျွန်မတို့တွေ နေရာတွေမရကြတာလား။ နေရာတွေမပေး ကြတာလားဆိုတဲ့ အခြေအနေမျိုးဖြစ်လာတယ်။ တကယ်တမ်း အကြောင်းပြချက်က လည်းအဲ့ဒါပါပဲ။

 

မေး ။ လူငယ်တွေကို နေရာပေးရင်အတွေ့အကြုံမရှိတဲ့အတွက် အမှားတွေများနိုင်တယ်ဆိုတဲ့ ထင်မြင်ချက် အပေါ် ဘာပြောချင်တယ်။

ဖြေ။ ။ လူငယ်တွေကို နေရာပေးခြင်း အားဖြင့် အမှားတွေတော့ ဖြစ်ကောင်းဖြစ်နိုင် တယ်။ ဒါပေမဲ့ ဝိုင်းဝန်းကူညီ ကြဖို့တော့လိုတာပေါ့။ ဒါပေမဲ့အဲ့ဒီလူငယ်တွေကပိုပြီးတော့ ထိရောက်တဲ့နည်းလမ်းတွေနဲ့ ဦးဆောင်သွားနိုင် လိမ့်မယ်လို့မြင်တယ်။ ပိုပြီး တော့ကောင်းတဲ့အခြေအနေတွေကို ရရှိနိုင်လိမ့်မယ်လို့ မြင်တယ်။

 

မေး ။ ကဏ္ဍအသီးသီးမှာ လူငယ်တွေခေါင်းဆောင်နေရာက ဦးဆောင်ပါဝင်နိုင်ဖို့ ဘာတွေလုပ်ဆောင်သင့် တယ်လို့ထင်လဲ။

ဖြေ ။ ဒါနဲ့ပတ်သက်ပြီး ကျွန်မရှေ့ကပြောခဲ့တဲ့အပိုင်းမှာ တချို့တစ်ဝက်တော့ပါသွားပြီပေါ့နော်။ ကျွန်မတို့မှာ အရိုးစွဲနေတဲ့ အတွေးအမြင်တွေရှိတာကိုး။ အသက်ကြီးရင်အတွေးအခေါ်ပိုပြီးတော့ရှိမယ်။ ပိုပြီး တော့အတွေ့အ ကြုံရှိမယ်။ ပိုပြီးတော့ပညာ ဥာဏ်များမယ်လို့ယူဆကြတာကိုး။ အဲ့ဒီအတွေးအခေါ်တွေကို ပြောင်းပစ်ရမှာပေါ့။ အရေးကြီးဆုံးကလူရဲ့အတွေးအခေါ်တွေပြောင်းလဲပစ်ရမယ်။ နောက်တစ်ခုက တကယ်လည်းပြောင်းလဲဖို့ ကြိုး စားလာပြီဆိုရင် ဥပဒေတွေနဲ့မူဝါဒတွေနဲ့ နေရာပေးဖို့လုပ်ရလိမ့်မယ်။ လူငယ်တွေကိုနေရာပေးရမှန်းသိတဲ့ ခေါင်း ဆောင်လက်ထဲကိုရောက်တော့ လူငယ်တွေကိုနေရာပေးလိုက်တယ်။ နောက်ပြီးတော့ အဲ့ဒီလူကမရှိတော့ဘူး ဆို ရင် အဲ့ဒီလူငယ်တွေကိုနေရာပေးမှုက ပြန်ပေါ်ပေါက်လာမှာမဟုတ်တော့ဘူး။ အဲ့တော့ လူငယ်တွေကို နေရာ ပေးဖို့ မူဝါဒတွေ တိတိကျကျသတ်မှတ်ထားဖို့ လိုအပ်တယ်။

 

မေး ။ လက်ရှိ ဆွေးနွေးခဲ့တဲ့အချက် တွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြော ကြားချင်ပါလဲ။

ဖြေ။ ကျွန်မတို့လူငယ်တွေမှာ အဆင်သင့်ဖြစ်တဲ့လူငယ်တွေရှိတယ်။ တစ်ခါတလေကျရင် တချို့ပြန်ကြားရတာ တွေရှိတယ်။ ဘာဖြစ်လို့ခေါင်းဆောင်ပိုင်းနေရာမရောက်လာတာကိုပဲ စဉ်းစားနေရတာလဲပေါ့။ အစိုးရခေါင်း ဆောင်ပိုင်း၊ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းမဟုတ်ပေမဲ့ အောက်ခြေမှာ ကိုယ်လုပ်နိုင်တာရှိတဲ့ အခြေအနေ တွေကို လူငယ်တွေလုပ်နေကြပါလားဆိုပြီး မှတ်ချက်တွေကြားရတယ်။ ဆိုတော့ လူငယ်တွေက အခုလက်ရှိမှာ လည်းသူတို့လုပ်နိုင်တာကို လုပ်နေကြတယ်။ ဘယ်အပိုင်းကဏ္ဍကပဲဖြစ်ဖြစ်ပေါ့။ ဥပမာ ငြိမ်းချမ်းရေး ကဏ္ဍက ပဲဖြစ်ဖြစ်၊ တက်ကြွလှုပ်ရှားတဲ့သူတွေကလည်း တက်ကြွလှုပ်ရှားတဲ့အခန်းကဏ္ဍတွေမှာ လုပ်ကြတယ်။ အရပ် ဘက်တွေကလည်း အရပ်ဘက်အခန်းကဏ္ဍတွေမှာလုပ်ကြတယ်။ ကျောင်းသားသမဂ္ဂတွေကလည်း သမဂ္ဂတွေ ရဲ့အရေးကိစ္စတွေ ကျောင်းသားအရေးကိစ္စတွေအပြင် ပညာရေးကိစ္စတွေကအစ တတ်နိုင်တဲ့ဘက်က သူတို့ လုပ်နိုင်တာတွေကိုလုပ်နေကြတယ်။ တဖက်ကလည်း တကယ်ကို အကျိုးရှိတဲ့နေရာတွေကို အဲ့ဒီလူငယ်တွေ ရောက်သွားဖို့အတွက်လည်း တိုက်တွန်းနေဖို့လိုအပ်တယ်။ မတွန်းသေးသရွေ့တော့ရွေ့မှာမဟုတ်ဘူး။ အရွေ့ ဖြစ်ပေါ်လာဖို့အတွက် ကျွန်မတို့ဘက်ကအသံတွေထွက်နေရတာပါ။ တွန်းနေရတာပါလို့ပြောချင်ပါတယ်။ ကျွန်မ တို့လူငယ်မူဝါဒဆိုပြီးစပြီးတော့ထွက်လာတာလဲရှိတယ်။ လူငယ်မူဝါဒအပေါ်မှာလည်း အပြည့်အဝအောင်မြင်မှု မရသေးဘူးလို့ ပြောနေတာလည်းရှိတာပေါ့။ ကျွန်မတို့အမြင်ကတော့ ဒီလိုမျိုးတွန်းတိုက်မှုတွေ၊ တောင်းဆိုမှု တွေရှိမှပဲ အရွေ့ကပေါ်ပေါက်လာမှာဆိုတော့ တစ်ချိန်လုံးတော့ ပြောနေရမှာပါပဲ။