” အစိုးရဆီမှာသာ တကယ်တမ်း Political Will ပေါ့နိုင်ငံရေးအရ ငြိမ်းချမ်းရေးလုပ် ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုရင် လုပ်ဆောင်နိုင် တဲ့အခြေနေမျိုးမှာ ရှိနေသေးတယ် ”

တစ်ကျော့ပြန်ကချင်စစ်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်မှာ ၇ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ စစ်ပွဲများ ကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်ထိ ရှိနေသည်။

လက်ရှိအချိန်ထိလည်း စစ်ပွဲများ ရပ်တန့်နိုင်ခြင်းမရှိသေးသလို စစ်ဘေးရှောင်များအနေဖြင့်လည်း နေ ရပ်စွန့်ခွာထွက်ပြေး နေကြရဆဲဖြစ်သည်။ နှစ်ကာလကြာလာ သည်နှင့်အမျှ စစ်ဘေးရှောင်စခန်းများ ယိုယွင်း ပျက်စီးခြင်း များနှင့်အတူ ထောက်ပံ့ကူ ညီရေးအပိုင်းတွင်လည်း လိုအပ်ချက်များရှိ နေဆဲဖြစ်သည်။

ထို့ကြောင့် အဆိုပါဒေသအတွင်းရှိစစ် ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသည့် မြေပြင်အခြေနေများ နှင့် စစ်ဘေးရှောင်များ ဘေးကင်းလုံခြုံစွာနေရပြန်နိုင်ရေး အခြေနေများနှင့်ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့မှ ဒေါ်ခွန်ဂျာနှင့် ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက် တာဝန်ခံ ဒေါ်ခွန်ဂျာနှင့် တွေ့ဆုံခြင်း။

မေး ။  ။ လက်ရှိ စစ်ဘေးရှောင်တွေရဲ့ အနေအထားဘယ်လိုရှိလဲ သိချင်ပါတယ်။

ဖြေ။ ။ လက်ရှိ စစ်ဘေးရှောင်တွေရဲ့ အခြေအနေလို့ပြောရရင် သူကသုံးမျိုး၊ လေးမျိုးလောက်ရှိတာပေါ့ နော်။ တစ်မျိုးကတော့ Camp အဟောင်းတွေ ဥပမာဆိုရင်မြစ်ကြီး နားစီတာပူမှာ တွေ့ဖူးမယ်ထင်တယ်။ မိုင်း လားကမ့်လိုမျိုးပေါ့။ သူတို့တွေက ဟိုးနှစ်စကတည်းက ဖြစ်တည်လာခဲ့တာဆိုတော့ အဲ့မှာဆိုရင်တော့ Depression ကပိုများတယ်။ အထောက်အကူပြုတဲ့ ပံ့ပိုးမှုတွေက မရသလောက်ဖြစ်နေ တဲ့အခါကျတော့ ရှာရ ဖွေရ စားသောက်ရတာ အင်မတန် ခက်တယ်။ ကျောင်းသားတွေဆိုရင်လည်း ကမ့်ကိုရောက်တာ  ၇ နှစ်ပြည့် သွားတဲ့အခါ မှာ ဥပမာ သုံးတန်းအောင်ကတည်းက ရောက်တဲ့ကလေးဆို ဒီနှစ်မှာ ဆယ်တန်း ဖြေပြီး ဒါမှဟုတ် အောင်ပြီး ဖြစ်ရမှာပေါ့။ ဒါပေမယ့် အဲ့ဒါမျိုး အခြေနေတွေက မရှိ ဘူးပေါ့။ ပညာရေးကအစ၊ ဝမ်းစာကအစ ပြီးရင် ကိုယ့်ရဲ့နေရာထိုင်ခင်းကိုလည်း ပြည်သွားဖို့မျှော်လင့်ချက်က မရှိတဲ့အခါကျတော့ မျှော်လင့်ချက်မဲ့သလို ဖြစ်နေ တာပေါ့။ ဒါကပြဿနာတစ်ခုဖြစ်တယ်။ အခုလောလောလတ်လတ် ရောက်တဲ့သူတွေအတွက်ကျတော့အဲ့ပြဿ နာထက်ဆိုးတာက မိုးတွင်းမှာရောက်လာတဲ့အခါကျတော့ အစစ အရာရာ သွာရေးလာရေး၊ နေရာထိုင်ခင်းက အစ စာကျက်တတဲ့နေရာကအစ အင်မတန် ခက်နေတယ်။ ဥပမာဆိုရင် တစ်နေ့တုန်းက ပဲ ကျွန်မတို့အဖွဲ့တွေ တနိုင်းဘက်ကို သွားခိုင်းတဲ့အခါ ကလေးတွေက အကုန်လုံးဝမ်း လျားမှောက်ပြီးတော့စာကျက်နေတာ။ အဲ့ ဒီမှာ ဖယောင်းတိုင်နဲ့ ကျွန်မတို့ လုံခြုံရေးရှု ထောင့်ကကြည့်ရင် မီးဘေးကအစ အင်မတန်ခက်တယ်။ ဘယ်အချိန်မှ ပြန်နေရမလဲ ဆိုတာအာမခံချက်မရှိဘူး။ အခုသူတို့ဆီမှာကျတော့ ကမ့်တွေ Shelter တွေ အသစ်ဆောက် ဖို့အတွက်ကလည်း တရားဝင်ခွင့်ပြုချက်မရတဲ့ အခါကျတော့ တရားဝင်ကမ့်တွေ ခိုင်ခိုင်မာမာ ဆောက်ဖို့က မဖြစ်နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီတော့ ဘုရားကျောင်းတွေမှာပဲ မှီခိုပြီးနေရသလို ဖြစ်နေတာပေါ့။ လောလောဆယ် ဘုရားကျောင်းတွေက ကြည့်မယ်ဆိုပေမယ့် အဖက်ဖက်မှာ ဘယ်အချိန်မှာ ဘုရားကျောင်းတွေကို အပြီးပိတ် သိမ်းခိုင်းမလဲဆိုတဲ့ အန္တရာယ်ကလည်း ရှိနေတယ်။ ဥပမာဆိုရင် မနေ့တစ်နေ့တုန်း ကပဲ IDPS ကမ့်တွေကို KIO ထိန်းချုပ်နေရာ မှာသွားကူရင် ၁၇(၁) နဲ့ ဆွဲမယ်ဆိုပြီး သတိပေးထားတယ်။ ဒါဆိုအင်မတန်မှ ခက်ခဲ တယ်။ မည်သူ့ကိုမဆို ၁၇(၁)နဲ့ ခြိမ်းခြောက် လို့ရရင် မည်သူမဆို ဒီဒုက္ခသည်တွေနဲ့ယှဉ်လိုက်ရင် မိသားစုကိုပဲ တန်ဖိုးထားတဲ့အချိန်မှာ အခက်အခဲရှိနိုင်တယ်။ ဒါကျွန်မတစ်ယောက်တည်းရဲ့ အမြင်ပေါ့။ ဘယ်သူမဆို ကိုယ့် လုံခြုံရေးလည်း အရေးကြီးလာတာကိုး။ နောက်တစ်ခုက အရင်တုန်းကလည်းပဲ ဒီတနိုင်းလို နေရာမျိုးဆိုရင် ဖြတ်လေးဖြတ် ပုံစံမျိုးနဲ့ ဒါသူတို့ တောက်လျှောက်ကို အကူအညီ ပံ့ပိုးမှုတွေကို ဖြတ်ထားခံရတဲ့ နေရာဖြစ် တယ်။ ပြီးရင် ဆန်စပါးတွေတောင်သယ်လို့မရဘူး။ ဆီဆို အင်မတန်ဈေးကြီးတယ်။ အဲ့တော့ မြစ်ကြီးနား ဘက်မှာ ကျွန်မတို့ ဆန်တစ်အိတ်ကို သုံးသောင်းပတ်ချာလည်နဲ့ ဆန်အကောင်းစားနေရတဲ့အချိန်မှာ တနိုင်းမှာ ဆန်တစ်အိတ်ကို မနေ့တစ်နေ့တည်းကကို ၇သောင်း ၈သောင်းလောက်နဲ့ ဝယ်စားနေရတယ်။ သယ်ယူပို့ ဆောင်ခွင့်ကပိတ်ထားတယ်။ အောက်ခြေတပ်ကိုလည်း တော်တော်များများက လာဘ်ထိုးတဲ့ပုံစံမျိုးနဲ့ပဲ သူတို့က ဝယ်ယူစားသောက်ခဲ့ကြရတာဖြစ်တယ်။ အခုလောလောဆယ်မှာလည်း ဆန်ကုန်သည်တစ်ဦးက တစ်ခါတင် ရင်ဆန် အိတ် ၅အိတ်ပဲ သယ်ခွင့်ရှိတယ်လို့ ပြောတယ်ပေါ့။ ဆန်ကုန်သည်တွေဆိုတာလည်း များများစားစား မရှိဘူး။ ဒုက္ခသည် အရေအတွက်က အင်မတန်များနေပြီ။ အဲ့အခြေအနေမျိုးတွေမှာ ဒေသခံမြို့ထဲက ရွာသား တွေ နဲ့ပဲခွဲဝေယူကြရတယ်။ နည်းနည်းပဲရှိတဲ့ အရာကို သူတို့ခွဲဝေတဲ့အခါ ပြသနာတွေ ရေရှည်မှာ ဖြစ်လာနိုင် တယ်။ ဒါကလက်ရှိဖြစ် နေတဲ့နေရာတွေပေါ့။ ဘာစားဘာသောက်ရမယ်၊ ဘယ်မှာနေရ မယ်ဆိုတာမသေချာ ဘူး။ အနာဂတ်က မသေချာဘူးဖြစ်နေတယ်။ တစ်ဖက်ကလည်း သူတို့ လောလောလတ်လတ်ပြေးလာ ရတဲ့အ ခါမှာ ခုလိုအကြာကြီးရှိနေတဲ့ ဒုက္ခသည်တွေလိုတော့မဟုတ်ဘူးပေါ့။ သူတို့အနေနဲ့ မျှော်လင့်ချက် တွေရှိနေ သေးတယ်။ ဥပမာဆိုရင်သူတို့ အိမ်ပြန်ပြီး ဘာလေးသွားလုပ်လိုက်ရရင်၊ ဘာလေးသွားစားလိုက်ရရင်ဆိုတဲ့ စိတ်မျိုးရှိနေတယ်။ အဲ့တော့ ကောင်းတာက မျှော်လင့်ချက်လေးရှိသေးတယ်ပေါ့။ ဒါပေမယ့် ဘယ်အချိန် ဘယ် အခါမှပြန်လာရမလဲ မသိဘူးပေါ့။ တနိုင်းမှာဆိုရင် ကလေးတွေအတွက် ဗလာစာအုပ်တွေက ဇူလိုင်လလောက် အထိသုံးပြီးပြီဆိုရင် ကုန်သွားမယ့်သဘောရှိတယ်။ လောလောဆယ် သူတို့သုံးတဲ့နှုန်းနဲ့ Exercise Book တွေ ပေါ့နော်။ တစ်ခြားဆိုရင်တော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါ မြင်သာထင်သာရှိတဲ့ အရာတွေကိုပဲ စပြောတာ ပေါ့။ ဒါဟာအစိုးရ ထိန်းချုပ်နေတဲ့ နေရာမှာရှိတဲ့ ကမ့်တွေထဲကတစ်ခုပေါ့။ အခုလောလောဆယ် တိုက်ပွဲမဖြစ် တာ လနဲ့မချီသေဘူးပေါ့။ တချို့နေရာတွေဆို မနေ့တစ်နေ့ကအထိ ဖြစ်နေသေးတာကိုး။ အဲ့တော့ သူတို့အ တွက်ဆိုရင် လုံခြုံရေးကအစ ၊အသက်အိုးအိမ် စည်းစိမ်ကအစ စိုးရိမ်ရတယ်။ ဥပမာ ညဘက်မော်တာနဲ့ လှမ်း ပစ်တာမျိုး ပြီးရင်တော့ ဒုက္ခသည်စခန်းတွေကို လှမ်းပစ်တာမျိုး ဖြစ်တဲ့အခါကျရင် သူတို့ရဲ့ အသက်အန္တရာယ်ပါ ရှိလာတယ်။ မနှစ်တုန်းကဆိုရင် ခရစ္စမတ်ညမှာ လိုင်ဇာကို ပစ်တာမျိုး (လဂျာယန်) နားကငှက်ပျောခြံ မှာ အလုပ်သွားလုပ်တဲ့ လူတွေကို လှမ်းပစ်လိုက်ပြီးသေသွားတာမျိုးပေါ့။ ဒါတွေကအပျော်တမ်းလူသတ်သလို တောင်ဖြစ်နေတယ် လို့ပြောလို့ရတယ်။ ဒါက အရပ်သားမှန်းလည်း သိတယ်။ အလုပ်သမားမှန်းလည်းသိတယ်။ အဲ့တော့ ဘယ်အချိန်ထိဒီလိုဖြစ်နေမလဲဆို တာကျွန်မတို့ခန့်မှန်းလို့မရဘူး။ ဒါ ဟာ KIA ထိန်းချုပ်ဧရိယာမှာပေါ့။ သူတို့က ရိက္ခာလည်း ပြတ်တဲ့အခါကျတော့ Human trafficting လိုဟာမျိုးလည်း အများဆုံးဖြစ်နေတယ်။ ဒါ ကိုဘယ်လိုမျိုး ပြန်ဖြေရှင်းမလဲ ဆိုတဲ့နည်းလမ်းကမရှိဘူး။ ကျွန်မတို့လည်း အစည်းဝေးသာ လုပ်နေတာ အဖြေ ကဘယ်လိုမှရှာမရဘူး။ အဲ့တော့ သူများအမြင်က အစည်းဝေးချည်းလုပ်နေကြတာ လျှော့ကြပါအုံး၊ အလုပ်လုပ် ကြပါအုံးပြောပေမယ့် တကယ်ကကိုယ်တွေက ဘယ်ဟာကိုလျှော့ပြီး ဘယ်ဟာကို သွားလုပ်မလဲပေါ့။ လုပ်မယ့် လမ်းကြောင်းလဲမရှိတဲ့ပုံစံမျိုး ဖြစ်နေတယ် လောလောဆယ်မှာ။

မေး ။ ။ အစိုးရသစ်လက်ထက်မှာကော စစ်ဘေးရှောင်တွေရဲ့အခြေနေက အရင် အစိုးရလက်ထက်က အခြေနေတွေထက် ထူးခြားပြောင်းလဲလာတာ မရှိဘူးလား။

ဖြေ ။ ။ အခုထိတော့ ထူးခြားပြောင်းလဲလာတာ မရှိဘူး။ မရှိတဲ့အပြင် ပြဿနာ ကဘာလဲဆိုတော့ အရင်အစိုးရ တုန်းကမှ ကျွန်မတို့က advocacy လုပ်လို့ အဆင် ပြေတယ်ပေါ့။ အခုအစိုးရဆီမှာ advocacy လုပ်လို့ အဆင်မပြေဘူး။ အဆင်မပြေတာကနှစ်မျိုးရှိတယ်။ ဥပမာဆိုရင် အခမ်းအနားတွေပုံစံမျိုးနဲ့ လုပ်လို့မရ ဘူး။ နောက်သတင်း တွေဖြန့်ရင်လည်း ၁၇(၁)နဲ့ ဆွဲမယ်ဆိုတာ မျိုး။ မနန်ပူတို့လို မြစ်ကြီးနား အဖွဲ့တွေဆိုရင် လည်း တပ်မတော်သိက္ခာကျစေတဲ့ ဆွဲချက်တွေနဲ့ ဆွဲမယ်ဆိုရင် အမှန်တရားကိုတောင်မှ အမှန်တရားလို့ပြော လို့ မရဘူးဆိုတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါအင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ကျွန်မတို့လည်း တကယ်စိတ်မကောင်းဖြစ်ပါတယ်။ ကိုယ့်လူတွေက ကိုယ့်အစိုးရလို့ပြောပေမယ့် အမှန်တကယ်ကတော့ ကိုယ့် အစိုးရမဟုတ်ဘူးဆိုတာ သိသာသွားတာပေါ့။ အဲ့ဒါကြောင့် ကျွန်မကတော့ ဒါသူများတင်ပေးလို့ ဖြစ်လာတဲ့ အစိုးရလို့ပဲ သဘောထားတယ်။ USDP မရွေးပဲနဲ့ တမင်သက်သက် ပေးခိုင်းထားသလား ဆိုတဲ့ဟာမျိုး ဒီမေး ခွန်းတွေအများကြီး ထွက်လာတာပေါ့။ နောက်တစ်ခုက ရွေးကောက်ပွဲမတိုင်ခင် ကတိကဝတ်တွေကြောင့်များ အဟန့်အတားဖြစ်နေသလားပေါ့။ NLD အစိုးရရဲ့ လုပ်ဆောင်ချက် တွေကြည့်ရင် လောလောဆယ် တော်တော် အခက်ခဲရှိပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မတို့ကိုယ်တိုင် သတင်းမီဒီယာတွေကနေ အမှန်တိုင်းထုတ်ပြော နိုင်တာမျိုးအများကြီးရှိတယ်။ ဒေသခံတွေကို သတင်းမီဒီယာတွေနဲ့ ထိပ်တိုက်တွေ့ပေးပြီး ပြောကြားစေ တာမျိုး တွေရှိခဲ့တယ်။ အခုချိန်မှာတော့ အဲ့ဒါတွေလုပ်ဖို့ အင်မတန်ခက်တယ်။ သူတို့ကို လုပ်ခွင့်ပေးလိုက်ရင် သူတို့ ဆီမှာအန္တရာယ်ရှိသွားနိုင်တယ်။ အဲ့လို အန္တရာယ်ဖြစ်ရင် သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတဲ့ Maganisian ကရှိမထားဘူး။ ဒါကဘယ် လိုပုံစံနဲ့ ဖြေရှင်းရမလဲဆိုတဲ့အထိကို အခက်အခဲ ရှိတယ်။ အကုန်လုံးက အခုဆို ရင် Scilent ဖြစ်သွားတာပေါ့။

မေး ။ ။ ကချင်နဲ့ ရှမ်းမြောက်ဒေသမှာ လက်ရှိ စစ်ဘေးရှောင်အရေအတွက်က ဘယ်လောက်ရှိလဲ။

ဖြေ ။ ။ အခုလောလောဆယ်ပြောရမယ်ဆိုရင် ကမ့်အရေအတွက်က မတိုးသလောက်ဖြစ်နေတယ်။ ကမ့်တွေမှ မဆောက်ခိုင်းတာကိုး။ ဒါပေမယ့် လောလောဆယ် ငါးမြို့နယ်က IDP အသစ်ပြန်ထွက်တာပေါ့။ မနှစ်တုန်းက တော့ စစ်ဘေးရှောင် ၁၂ဝဝဝဝ ကျော်ရှိတယ်။ UNHCR က ထုတ်ပြန်ထား တာကတော့သူတို့နဲ့ ပူးပေါင်းဆောင်ရွက် အကူညီယူနေတဲ့ ကမ့်စာရင်းပဲ လုပ်ထားတဲ့အတွက် လက်ရှိအမှန်တကယ်ရှိတဲ့ အရေ အ တွက်ထက်အမြဲတမ်းနည်းပါတယ်။ တချို့ကျောင်းသားတွေဆိုရင် အသင်းတော်ကဖွင့်ထားတဲ့ ဘော်ဒါဆောင် တွေမှာနေပြီး ကျောင်းသွားတက်တာမျိုးတွေပါ ထည့်တွက်မယ်ဆိုရင်  အားလုံး တစ်သိန်းနှစ်သောင်း ကျော်ရှိပါ တယ်။ ကမ့်အသစ်ပြန်ထွက်လာတဲ့အခါ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်းမှာထွက်လာတာက  သုံးသောင်းပတ်ဝန်း ကျင်ရှိမယ်လို့ မျှော်လင့်တယ်။ ဒီဟာက ငါးမြို့နယ်မှာပေါ့။ ချီဖွေ၊ အင်ဂျန်းယန်၊ တနိုင်း၊ မိုး ကောင်း၊ ဖားကန့် မြို့နယ်တွေပါ။

မေး ။ ။ လက်ရှိမှာ KIO ထိန်းချုပ် ဧရိယာအတွင်းက စစ်ဘေးရှောင်စခန်းတွေကို သွားလာခွင့် ပိတ်ပင် ထားတဲ့အပေါ်ဘယ် လိုသုံးသပ်မိလဲ။

ဖြေ ။ ။ အခုချိန်ထိကတောာ့ ကန့်သတ်နယ်မြေလို့ ပြောရရင် တနိုင်းဧရိယာတစ်ခု ပဲရိက္ခာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားသလို ဖြစ်နေတယ်။ ကန့်သတ်မှုဆိုတာက ရိက္ခာသယ်ဆောင်မှုပေါ့။ ဥပမာဆိုရင်တော့ ဆန် ၊ဆီ ဆိုတဲ့ ဟာမျိုးတွေပေါ့။ အဲ့ဒါကိုကန့် သတ်ထားတာဖြစ်တယ်။

မေး ။ ။ အဲ့ဒီလိုကန့်သတ်မှုတွေလုပ်တဲ့ အပေါ်မှာ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ ကျွန်မအနေနဲ့ကတော့  International Humanatian Law ကို တိုက်ရိုက်ချိုးဖောက်နေတယ်လို့ မြင်တယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒအရဒုက္ခသည် ဖြစ်ကြတာလဲမဟုတ်ဘူး။ လူတစ် ယောက်ဖြစ်တဲ့အတွက်ကြောင့် လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်စားသောက်ခွင့်ကတော့ရှိရမှာဖြစ်တယ်။ လော လောဆယ်ကတော့ အငတ်ထားပြီးတော့ခြိမ်းခြောက်တာမျိုးလို ဖြစ်နေတယ်။ ဒီတစ်ခေါက် သူတို့တွေရဲ့ဇာတ် လမ်းကတော့ အရင် IDP တွေထက်ကို အခြေနေကွာတာပေါ့။ အရင် တုန်းကတော့ တိုက်ပွဲတွေ နီးစပ်လာတဲ့ အတွက်ထွက်ပြေးရတာ နံပတ်တစ်။ ဒုတိယတစ်ခုကတော့ တိုက်ပွဲတွေကြားထဲမှာ မိမိရပ်ရွာ ထိခိုက်သွားတဲ့ အတွက် ထွက်သွားရတာဖြစ်တယ်။ အရင် IDP တွေက အဲ့လိုမျိုး ရှိခဲ့တယ်။  ဒါပေမယ့် လောလောဆယ် IDP တွေက သူတို့ကို  ဓားစာခံအနေနဲ့ ထည့်သုံးတာမျိုး ဖြစ်နေတာ။ ဥပမာ (လွိုင်နောင်ပူး)ဆိုရင်လည်း ကျွန်မတို့ သိသိကြီးနဲ့ ဘယ်လိုမှကယ်လို့မရဘူး။ ပထမတစ်ခေါက်ဆိုရင် သူတို့လွှတ်ပေးလိုက်ပါပြီဆိုပြီး တ ရားဝင်ကြေ ညာထားလို့ ကျွန်မတို့လည်း အော်နေတဲ့သူတွေကို လွှတ်ပေးလိုက်ပါပြီဆိုပြီး ဂုဏ်သိက္ခာဆည်ပေးတဲ့အနေနဲ့ အော်လိုက်ကြသေးတယ်။ ဘယ်ဟုတ်မလဲ သူတို့တွေကို လှောင်ထားလိုက်သလိုမျိုး ဖြစ်သွားတာ။ ဒီဟာမျိုး တွေက ဂုဏ်သိက္ခာ နည်းနည်းမှမရှိဘူး။ အရမ်းကိုအောက်တန်း ကျတဲ့လုပ်ရပ်ပုံစံမျိုး ဖြစ်နေတယ်။

မေး ။ ။ IDPS ကမ့်တွေကို အပြီးပိတ် သိမ်းဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ ဘယ် လိုမြင်မိလဲ။

ဖြေ။ ။ IDPS စခန်းတွေကို ဖျက်သိမ်း လိုက်မယ်ဆိုတာ အစိုးရတင်မဟုတ်ပဲနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေပါ ပါတာကို တွေ့ရတယ်။ တနည်းအားဖြင့်ကမ့် တွေကို ပိတ်သိမ်းတယ်ဆိုတာ ကောင်းပါတယ်။ ဥပ မာဆိုရင် ဘယ်သူမဆို ဒီလိုကမ့်တွေမှာ ဆယ်ပေပတ်လည် ဆယ့်ငါးပေပတ် လည်အခန်းတွေထဲမှာ မနေ ချင်ကြဘူး။ ကျွန်မတို့လည်း နေချင်မှာမဟုတ်ဘူးလေ။ ကိုယ့်အိမ်ကိုယ့်ယာလို လုံလုံခြုံခြုံရှိနေမှ နေမှာပေါ့။ ဒီအ ခြေနေမျိုးမှာ ကမ့်တွေ ပိတ်သိမ်းမယ်ဆိုတဲ့အခါ အကုန်လုံးသဘောကျကြမှာပဲဖြစ်တယ်။ ပြဿနာက ဘယ်လိုပုံ စံမျိုးနဲ့ ဒီကမ့်တွေကို ပိတ်သိမ်းမလဲဆိုတာ ဖြစ်တယ်။ ကျွန်မအနေနဲ့က တော့ International Humanatian Law အရပဲ ဖြစ်သင့်တယ်။  သူတို့အနေနဲ့ Human Right Law , International Humanatian Law and Principle တွေကို လိုက်နာရမှာ ဖြစ်တယ်။ ဒုက္ခသည်တွေက သူတို့ဂုဏ် သိက္ခာနဲ့အညီ လုံခြုံစွာ မိမိ ဆန္ဒအလျောက် နေရပ်ပြန်ဖို့အတွက် ရွေးချယ်ပိုင်ခွင့်ရှိပါ တယ်။

မေး။ ။ လက်ရှိအချိန်မှာKIO နဲ့ အစိုးရ ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုမရှိသလောက် ဖြစ်နေတာဘာကြောင့် လို့ထင်လဲ။

ဖြေ။ ။ လောလောဆယ်တော့  KIA နဲ့တကယ်မတွေ့တာ မဟုတ်ဘူး။ သူတို့မ တွေ့တာက Nothem Alliance တစ်ခုလုံးနဲ့ မတွေ့တာ။ Nothem Alliance ထဲမှာ အခုတွေ့နေတာကတော့ ‘ဝ’ အဖွဲ့ကိုပဲ တွေ့နေတာ။ ဒါပေမယ့် ‘ဝ’ ဖက်ကို ကြည့်မယ်ဆိုလည်း နဂိုကတည်းက နကလ ရုံးက ‘ဝ’ မှာရှိပြီးသား ဖြစ်တာကိုး။ အဲ့အ နေနဲ့ ဆက်သွားတဲ့ ပုံစံမျိုးလည်းရှိတာပေါ့။ အဲ့တော့ဒါတွေကို အပြစ်တင်တယ်ဆိုတာထက် မြောက်ပိုင်းမဟာ မိတ်အဖွဲ့ထဲမှာ ရှိ တဲ့ အဖွဲ့စည်းတွေ အားလုံးမပါသရွေ့က တော့ ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းရေုးဆိုတဲ့ ဘက်ကို ရောက်မှာမဟုတ်ဘူးဆိုတာ လူတိုင်းရိပ်မိလောက်ပြီလို့ ယူဆပါတယ်။

မေး။ ။ အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးတည် ဆောက်နိုင်ဖို့ ဘယ်လို အကြံပြုချက်ပေးချင်လဲ။

ဖြေ။ ။ တစ်နိုင်ငံလုံးရဲ့ အခြေနေကို ကြည့်မယ်ဆိုရင် ကျွန်မတို့ဆီမှာ  Signatoian အချင်းချင်းတိုက်ခဲ့တာ လည်းရှိပြီးပြီ။ ဥပမာ ဆိုရင် PNLO,CRSS လည်း လွန်ခဲ့တဲ့ တစ်လကျော်တုန်းက ရှမ်းပြည်နယ်မှာ တိုက်ခဲ့ပြီ။ နောက်တစ်ခုက လက်မှတ်မထိုး သေးတဲ့အဖွဲ့နဲ့ ထိုးပြီးသားအဖွဲ့တွေလည်း တိုက်ခိုက်တာ ရှိတယ်။ ဥပမာဆိုရင် ပလောင်နဲ့ RCSS ရှမ်းအဖွဲ့တွေပေါ့။ သူတို့တွေနဲ့ တိုက်တာမှ အကြီးအကျယ်တိုက်တာပဲလေ။ ဒီလိုအခြေနေ မျိုးတွေကို ကြည့်မယ်ဆိုရင် သူတို့အနေနဲ့က NCA ဆိုတဲ့အရာ ဟာအားလုံးပါဝင်ရေးပေါ့။ ဒါ ကြောင့်တိုက် ခိုက် နေတဲ့အဖွဲ့စည်းတွေ အားလုံးမပါသရွေ့ကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းအစစ်အမှန်မဟုတ်ဘူးလို့ ပြောရမှာ ပေါ့။

မေး။ ။စစ်ဘေးရှောင်တွေအတွက် လတ်တလော လိုအပ်ချက်တွေနဲ့ အစိုးရ ဘက်က လုပ်ဆောင်ပေးသင့်တဲ့ အချက် တွေက ဘာတွေဖြစ်မလဲ။

ဖြေ ။  ။ IDP ဆိုတာလည်း မြန်မာနိုင်ငံ သားတွေဖြစ်တယ်။ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှု ဟာ မြန်မာနိုင်ငံရဲ့ ဆုံးရှုံးနစ်နာမှုပဲ ဖြစ်တယ်။ ဒါပေမယ့် လောလောဆယ် အစိုးရ အနေနဲ့ IDP လို့ပြောလိုက်ရင် တစိမ်း အ ကြောင်းကို ပြောလိုက်သလို ပုံစံမျိုးပဲအမြဲ တမ်းလုပ်နေတယ်။ ဥပမာ ရခိုင်ဒေသမှာ ဆိုရင် IDP လို့ ပြောလိုက် ရင် သူတို့အနေနဲ့ ကျတော့ IDP ဆိုတာ သူတို့ နိုင်ငံသာားမဟုတ်ဘူးလို့ အမြဲတမ်းပြောလေ့ရှိတယ်။ ဒါဆိုရင် ကချင်၊ ရှမ်း ၊ မွန် သူတို့တွေကတော့ ဘာဖြစ်လို့ ဒီလိုဖြစ်လဲပေါ့။ ဒါကျွန်မတို့ရဲ့ မေးခွန်းဖြစ်တယ်။ ဒါနိုင်ငံတော် တစ်ရပ် အနေနဲ့ မိမိကိုယ်တိုင်ဦးဆောင်ပြီး တာဝန်ယူဆောင်ရွက်ရမယ်။ အဲ့ဒါကိုလည်း အမြန်ဆုံး ဆောင်ရွက် သင့်တယ်။ IDP တွေရဲ့ လုံခြုံရေးကအစ အသက်မွေးဝမ်းကြောင်းက အစမိမိဒေသမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင် လုပ်ကိုင် စားသောက်နိုင်ခွင့်ကို ဖန်တီးပေးဖို့ အမြန်ဆုံးလိုအပ်နေတယ်။ ဒါနိုင်ငံ့ရဲ့စွမ်းအားတွေ။ ဥပမာလူတစ် ယောက်ဟာ သူရဲ့ စွမ်းဆောင်နိုင်မှုဟာ Production နဲ့ တွက် မယ်ဆိုရင် အသက် ၆ဝ အထိပဲ အလုပ် လုပ်အုံး။ Production ဘက်က ကြည့်ရင်အများကြီးဖြစ်တယ်။ လောလောဆယ် ဒီလူတွေကို အားကောင်းမောင်းသန် တွေကို ကမ့်မှာမထိုင်စား၊ ထိုင်စားနေအောင်၊ မဝရေစာနဲ့ စားနေအောင်ကို တမင်သက်သက် ဖန်တီးသလို ဖြစ်နေတယ်။ ဒါဟာနိုင်ငံတော်ရဲ့ ဆုံးရှုံးမှုလည်းဖြစ်တယ်။ အဲ့ဒါကို အမြန်ဆုံး  Awere ဖြစ်သင့်ပြီ။ ဒီဒုက္ခသည် ကလေးတွေဟာကြီးလာလို့ ပညာမတတ်ရင် နိုင်ငံတော်ရဲ့နစ်နာမှုပဲဖြစ်တယ်။ ဒါကြောင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက်ပဲ လိုအပ်နေတယ်။ ဒါကိုလုပ်ဖို့လည်း ကျွန်မတို့ အတုအ ယောင်ပုံစံမျိုးနဲ့တော့ အဆင်မပြေလောက်ဘူး။ လောလောဆယ် NCA ကနေဖြစ်လာတဲ့ ဒီနိုင်ငံရေးဆွေး နွေးပွဲတွေ၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ဟိုပြည်နယ် ဒီပြည်နယ်၊ ဟိုတိုင်းဒေသကြီး ဒီတိုင်းဒေသ ကြီးမှာရှိနေတဲ့ ဒေသခံများနဲ့တွေ့နေတဲ့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲဆိုတာ ဒါတွေက အာပလာပဲ ဖြစ်နေတယ်။

မေး ။ ။ နောက်ဆုံး ဘာများဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်မအနေနဲ့တော့ အစိုးရဆီမှာသာ တကယ်တမ်း Political Will ပေါ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုရင် လုပ်ဆောင်နိုင်တဲ့ အခြေနေမျိုးမှာ ရှိနေသေးတယ်လို့မြင်တယ်။ ဒီထက်ပို ဆိုးလာတဲ့ အခြေနေမျိုးမှာ ကိုယ့်လက်ထဲမှာဘာမှ Control မရှိဘူးဆိုတဲ့ အခြေနေမျိုးဆိုပိုဆိုးမယ်။ ဥပမာ ဆိုရင် ၂ဝ၂ဝ နောက်ပိုင်းဆိုတာက NLD က ထပ်နိုင်မလားမနိုင်ဘူးလားဆိုတာ ဘယ်သူမှ ကံသေ ကံမ ပြော လို့မရဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို အမြန်ဆုံး ရဲရဲဝံ့ဝံ့လုပ်ဖို့ အချိန် တန်ပြီလို့ ယူဆတယ်။ NLD အနေနဲ့ အခုလိုမျိုးမနေသင့်တော့ဘူးလို့ ယူဆတယ်။

 

အက်စ်အမ်အေ

=