“ဧရာဝတီကိုချစ်တယ် မဆုံးရှုံးချင်ဘူး”

Fishing boats, Irrawaddy (Ayeyarwady) River, Myanmar (Burma), Asia

အခုအခါ ဧရာဝတီဟာ Hot issue ဖြစ်နေတယ်။ ကမ္ဘာ့အရေးလည်း ဖြစ်နေတယ်။ ကမ္ဘာမှာ မြစ်တွေဟာအရေး ပါတယ်။ ဧရာဝတီဟာ မြန်မာအတွက်အရေးပါတဲ့ မြစ်တစ်စင်းဖြစ်တယ်။

ဧရာဝတီဟာ နုံးဖို့လို့ မြစ်ကြောင်းတွေ ကျဉ်းသွားတယ်။ တောတွေပြုန်းတဲ့အတွက် စက်ရုံတွေဆောက်တဲ့အတွက် မြစ်ကိုပျက်စီးစေတယ်။ ရွှေတူးတယ်၊ ငါးတွေ၊ လပိုင်တွေပြုန်း၊ ဟိုတယ်၊ ရေကာတာဆောက်မယ်ဆိုရင် အဖက်ဖက်ကစဉ်း စားရပါမယ်။ အစိုးရမှာ တာဝန်အများကြီးရှိပါတယ်။ တိုင်းပြည်မှာ ဘာစီမံကိန်းပဲလုပ်လုပ် ပညာရှင်တွေနဲ့ ပြည်သူတွေကို ဆွေးနွေးတိုင်ပင်ရပါမယ်။

ဧရာဝတီရဲ့တန်ဖိုးကို အလေးထားရပါမယ်။ ဧရာဝတီကို မဆုံးရှုံးချင်ဘူး။ မြန်မာတို့ရဲ့အမျိုးသားလက္ခဏာဖြစ်ပါ တယ်။ ဧရာဝတီဟာ တစ်နိုင်ငံလုံးကို ထမင်းရှာကျွေးနေပါတယ်။ ရေမြေတောတောင်တွေကို လူကစောင့်ရှောက်ရမယ်။ ဒါမှလည်း သူတို့က လူကိုအကျိုးပြုမယ်လေ။ ဧရာဝတီကို မြန်မာလူမျိုးတိုင်းချစ်ကြပါတယ်။ ဧရာဝတီမြစ်တစ်လျှောက် ပစ္စည်းအမျိုးမျိုးထွက်တယ်။ ဧရာဝတီဟာ မြန်မာတို့ကိုအများကြီး အကျိုးပြုတဲ့အတွက် မြစ်ကိုဖျက်ဆီးမယ့် စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် များစွာ ကြေကွဲဝမ်းနည်းမိမှာပါ။

ဆည်မြောင်းပညာရှင် တစ်ဦးရဲ့ ပြောပြချက်အရ ဆည်ဆောက်မယ်ဆိုရင် မြစ်ကြောင်းတွေ ပျောက်မယ်၊ သစ်ပင် တွေ၊ ငါးတွေပျောက်ကုန်မယ်လို့ ဆိုပါတယ်။ တမံပိတ်လိုက်ရင် မြစ်ရေစီနှုန်းပျောက်မယ်၊ မြစ်ထဲမှာ ရေ၊ သဲ၊ နုံးတွေရှိတယ်။ ပိတ်လိုက်ရင် အကုန်မြစ်ကိုမှီခိုနေထိုင်တဲ့ အခြေအနေ တွေပျက်စီးကုန်မယ်။ ဆည်ဆောက်ရင် ဒါမျိုးတွေဖြစ်မယ်တဲ့။ ဆောက်သင့်မသင့် ပညာရှင်တွေနဲ့တိုင်ပင်ရမယ်။ မြစ်ကြီးကို ပိတ်တဲ့အလုပ်ကိုတော့ ဘယ်တော့မှမလုပ်ပါနဲ့လို့ ဆိုတယ်။

မြန်မာနိုင်ငံဟာ လယ်သမားအများဆုံး မို့ ဧရာဝတီဟာလယ်သမားတွေအတွက် အရေးကြီးပါတယ်။ ကချင်လူမျိုး တွေရဲ့ ယဉ်ကျေးမှုတွေ ပျောက်ဆုံးသွားနိုင်တယ်။ ရာသီဥတုတွေ ပျက်မယ်၊ တိုင်းရင်းသားညီ ညွတ်ရေးကိုလည်း ထိခိုက်နိုင် ပါတယ်။ ပညာရှင်တွေ လေ့လာထားချက်အရ မြစ်ဝ ကျွန်းပေါ်ဒေသတဖြည်းဖြည်း နိမ့်ကျသွား နိုင်တယ်လို့ဆိုပါတယ်။

မေခနဲ့ မလိခဟာ ဧရာဝတီအတွက် အရေးကြီးဆုံးမြစ်ပါတယ်။ ဒီဒေသကြီး ပျောက်ဆုံးသွားမယ်ဆိုရင် အကျိုးဆက် တွေ အများကြီးရှိလို့ ရပ်သင့်ပါတယ်။ ပညာဆိုတာအတွေ့အကြုံကရတာပါ။ မှန်တာကိုလုပ်ရဲတာ သတ္တိ၊ မမှန်တာကို မမှန်ဘူးလို့ ပြောရဲတာလည်း သတ္တိပဲ။ ပညာဆိုတာ အမြဲလေ့လာနေရပါမယ်။ သူများအမှားကို ကိုယ်သင်ခန်းစာယူသင့်ပါ တယ်။ Dam တွေ ဆောက်တဲ့အတွက် တရုတ်၊ အိန္ဒိယတွေမှာ ဒုက္ခတွေရောက်နေပါတယ်။ Dam ရဲ့သင်ခန်းစာတွေအများ ကြီးပါ။ အမေရိကန်မှာတောင်ပေါက်လို့ ဒုက္ခတွေအများကြီးရောက်ပါတယ်။ တရုတ်မှာ three gorges dams ပြီးလုချိန်မှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်တိုင်က အန္တရာယ်ကိုဝန်ခံတယ်။ ဝန်ကြီးချုပ်နဲ့ သမ္မတဟူကျင်းတောင်တို့ မတက် ရောက်ဘူး။ သမိုင်းတရားခံဖြစ်မှာစိုးလို့၊ တရုတ်ကိုယ်တိုင်လည်း နောက်ထပ်ဆည်တွေဆောက်ဖို့ ပြန်လည်သုံးသပ်နေ ရပါတယ်။

တရုတ်တို့က တောင်သူတို့ဆီမှာ Dam ဆောက်ဖို့ ပြန်လည်စဉ်းစားသုံးသပ်နေချိန်မှာ ကျွန်မတို့ရဲ့ဧရာဝတီကို တရုတ်တို့လာဆောက်ခွင့် ဘာကြောင့်ပြုရမှာလဲ။ ပညာရှင်များကို အသုံးချပြီး စေ့စေ့စပ်စပ်လေ့လာပြီးမှ ဆိုးကျိုးလုံးဝ မပေးနိုင်ကြောင်း သေချာအောင်လုပ်ဖို့လိုပါသည်။ ပြင်မရနိုင်သော ဆိုးကျိုးများကို မဖြစ်ခင်၊ မလုပ်မိခင်မှာကြိုတင်တားဆီး ကာကွယ်သင့်ပါသည်။ ဧရာဝတီဟာ မြတ်နိုးမှုတန်ဖိုး sentimental value နဲ့ အမွေအနှစ်တန်းဖိုး heritage value တို့ရှိသည်ကို အလေးထားသင့်ပါသည်။

ငှက်ကြည့်ဥက္ကဋ္ဌဦးစိုးညွန့်ရဲ့ စိုးရိမ်တာ ကိုတင်ပြလိုပါတယ်။ တရုတ်တို့က Dam ဆောက်ဖြစ်ရင် တရုတ်လူမျိုးပညာရှင်နဲ့ အလုပ်သမားတွေပါလာမှာဖြစ်ပါတယ်။ အဲဒီအခါမှာ ဘာတွေဖြစ်ပေါ်လာမလည်းဆိုရင် မျက်စိကျဉ်းကျဉ်း၊ နှာပြာပြာမိဘမဲ့ တွေပေါ်လာမယ်။ တရုတ်ကို ကျွန်တော်တို့ ကမပြိုင်ပဲရှုံးနေပါတယ်လို့ ပြောပါတယ်။

မြစ်ဆုံကိစ္စဆိုတာ ပွင့်လင်းရပါမယ်။ ပတ်ဝန်းကျင်မထိခိုက်ဘူးဆိုတာမရှိပါဘူး။ ကမ္ဘာမှာ နိုင်းမြစ်ကြီးဟာ အရှည်ဆုံး ဖြစ်ပါတယ်။ အခုအခါမှာ ဒုက္ခရောက်နေပါတယ်။ ယန်စီမြစ်ကြီးပျောက်သွားတယ်။ ရေတွေအောက်ကိုရောက်သွားပါတယ်။ သူများအမှားက ကိုယ့်ရဲ့သင်ခန်းစာဖြစ်သင့်ပါတယ်။ ကချင်ပြည်နယ်အရှေ့မြောက်ဒေသဟာ ၁၅နှစ်အတွင်းသစ်တွေ သယံဇာတတွေ ကုန်သွားပါပြီ။

တခြားနိုင်ငံတွေမှာ ဆည်တွေဆောက်လို့ ဒုက္ခတွေရောက်ရတယ်။ ဆရာကြီး ဦးထွန်းလွင် (မိုးလေဝသ)ကပြော ပါတယ်။ ဧရာဝတီကိုထိပ်ကသာ ပိတ်လိုက်ရင် နောက်အနှစ်၅ဝမှာ သဲကန္တာရဖြစ်သွား လိမ့်မယ်တဲ့၊ မြန်မာပြည်မြောက်ပိုင်း မှာ ငလျင်လှုပ်လိမ့်မယ်လို့ဆိုပါတယ်။ ငလျင်လှုပ်ရင်မြစ်ကြီးနားတစ်ခုလုံး လူတွေ၊ တိရစ္ဆာန်တွေ အကုန်သေကုန်ကြမယ်တဲ့၊ ဒီသဘာဝဘေးဒဏ် တစ်ကယ်ရှိပါတယ်။ ကချင်ပြည်နယ်ဟာ ယခင်ကသဘာဝပေါက်ပင်များနဲ့ စိမ်းစိုလှပပြီး ရာသီဥတု အလွန်ကောင်းမွန်တဲ့ဒေသဖြစ်တယ်၊ အခုတော့ သစ်တောတွေပြုန်းတီးပြီး သယံဇာတတွေလည်း ကောကုန်လို့ ရေကောင်း ရေသန့်ရရှိ ဖို့တောင်ခက်ခဲလာတယ်လို့ ဆိုတယ်။

ဆည်နဲ့ပတ်သက်တဲ့ နမူနာတွေရှိနေပါတယ်။ တရုတ်ပြည်မှာကိုရှိနေပါတယ်။ ၁၉၇၅ ခုမှာ ရှီမန်တန်နဲ့ ဘန်ကွီယို ဆည်များကျိုးပေါက်ခဲ့တယ်။ လူ ၁၁သန်းအိမ်ခြေမဲ့ကုန်တယ်။ အဆောက်အအုံ ၆သန်းပျက်စီးတယ်။ သေဆုံးမှုက လူပေါင်း ၂၄ဝ,ဝဝဝ ကျော်ဖြစ်တယ်။ နောက်တစ်ခါ တရုတ်ပြည် မဲခေါင်မြစ်ဖျားမှာ ဆည်ကြီးတွေဆောက်လုပ်တဲ့အတွက် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှာ မြစ်ရေမလုံလောက်တဲ့အတွက် ကန့်ကွက်မှုတွေဖြစ်ပေါ်တယ်။ ဒီလိုဖြစ်စဉ်တွေကို ကြည့်ပြီး ဧရာဝတီမြစ်ဆုံ ဆည်ဆောက်မှုကို အလွန်တရာဂရုစိုက် အရေးယူပြီး မဆောက်သင့်ကြောင်း တင်ပြချင်ပါတယ်။

 

မအေးဆေး