ခွေးတိုက်ပွဲ

မနေ့က သူငယ်ချင်းတွေနဲ့ တိုင်ပင်ဖြစ်တယ်။ ခွေးတွေကိစ်္စပေါ့။ စိုပြေတို့က ခွေးချစ်ပါတယ်။  ဒါပေမယ့် ခွေးတွေကို သတ်စေ ချင်တဲ့အထဲပါတယ်။ အဆိပ်ချသတ်တာကိုသာ အားမပေးတာ။ လှံနဲ့ထိုးသတ်သတ်၊ ဓားနဲ့ ခုတ်သတ်သတ်၊ ကြိုက်သလိုသတ်၊ အားပေးတယ်။ ခွေးတွေကလည်း တော်တော်ရှုပ်တာကိုး။ လမ်းထဲကောင်တွေလည်း ရိုက်ထားလို့သာ ငြိမ်နေတာ။

လစ်ရင်ဆွဲချင်တုန်း။ စိုပြေကတော့ ခွေးမကြောက်တော့ ဟောင်တဲ့ကောင်ဆို ခဲနဲ့လိုက်ထုတာပဲ။ ခွေးရှင်ရှိရှိ, မရှိရှိ။ စိုပြေက ရုပ်ကြမ်းကိုယ်ကြမ်းဆိုတော့ ခွေးရှင်ကလည်း ဘာမှမပြောရဲဘူး။ ပြောရင်လည်း ခွေးရှင်ပါရိုက်မှာ။

စိုပြေ့ အပေါင်းအသင်းတော်တော်များ များကလည်း လူထွားထွားနဲ့ ရုပ်ကြမ်းကိုယ် ကြမ်းတွေများတယ်။ အဲ့တော့ “သူငယ်ချင်းတို့ရေ…။ ခွေးတွေကတော့ သောင်းကျန်းနေပြီ။ စည်ပင်ကလည်း မသတ်ဘူး။ ဖမ်းတာတောင် ခွေးချစ်သူတွေက လိုက်နှောင့်ယှက်နေကြတာ ဘယ်လိုလုပ်ကြမလဲ”ဆိုတော့ရ …။ အကြံဉာဏ်တွေ အများကြီးရတယ်။

စပိန်မှာ နွားရိုင်းသတ်ပွဲရှိတယ်။ ပျော်စရာကြီးတဲ့။ လာကြည့်တဲ့ ပရိသတ်တွေ ကမ္ဘာလှည့်ခရီးသည်တွေ အများကြီး ပဲတဲ့။ အဲ့တော့ …မြန်မာပြည်လည်း ခွေးတွေပေါနေတာ ခွေးသတ်ပွဲလုပ်ကြရင် ကောင်းမယ်ဆိုပဲ။ ခွေးတောင် ရိုးရိုးခွေးကို သတ်ရင် ပျင်းစရာကောင်းတယ်။ ခွေးရူးကို သတ်တာပိုမိုက်မယ်။ ရိုးရိုးခွေးက မကိုက်တတ်ရင် သတ်ရတာ အားနာနေရဦး မှာ။ ခွေးရူးဆိုတော့ လိုက်ကိုက်မှာပဲ။ အဲ့တော့ ခွေးရူးတစ်အုပ်နဲ့ လူတစ်အုပ်ကို ဘောလုံးကွင်းထဲထည့်။ ခွေးရူးက လိုက်ကိုက်၊ လူတွေက လှံတစ်ချောင်းနဲ့သတ်။ ပျော်စရာကြီး။ စွန့်စားချင်တဲ့လူတွေ၊ ဒေါသကြီးသူတွေ၊ ခွေးမုန်းသူတွေ အကြိုက်တွေ့မှာ အသေအချာပဲ။

အဲ့ ခွေးရူးနဲ့လူနဲ့ သတ်တဲ့ပွဲထဲမှာ ခွေးချစ်သူတွေကိုပါ ဒိုင်အဖြစ်ထားလိုက်ရင် ရှယ်ပဲပေါ့။ ပျော်စရာကြီးနေမှာ။ နောက်တစ်ယောက်တော့ အကြံပြုတယ်။ ခွေးသတ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ရင် ကောင်းမယ်တဲ့။ အခုက စည်ပင်ကလည်း ခွေးမသတ်။ ရပ်ကွက်ထဲလည်း ခွေးတွေကအများကြီး။ လူတွေကလည်း အကိုက်ခံရမှာစိုးရိမ်။ ကိုယ်တိုင်လည်း မရှင်းရဲ။ မသတ်ရဲဆိုရင် …။ ဆက်သွယ်လိုက်။

ခွေးတွေကို ကိုယ်တိုင်ကိုယ်ကျရှင်းပေးမယ်။ ကားနဲ့တင်သွားစေချင်သလား၊ ရတယ်တင်သွားပေးမယ်။ အဲ့ခွေးသေ တာကို ဇိမ်ခံကြည့်ချင်သလား ရတယ်။ ရပ်ကွက်ထဲတင်ပဲ ခွေးတွေ လိုက်သတ်ပေးမယ်။ ခွေးတစ်ကောင် ကျပ်တစ်သောင်း ကျမယ်။ ဒါပေမယ့် တိရစ္ဆာန်ညှဉ်းဆဲမှု ဥပဒေတွေဘာတွေနဲ့ ငြိနိုင်မလားတော့မသိဘူး။ ကြက်တွေဝက်တွေတောင် သတ်နေ သေးတာပဲလေ။ ခွေးသတ်တာပဲ ရမှာပါ။ ဥပဒေတော့ ပြန်တော့ကြည့်ရမှာပေါ့။

သတ်ပြီးသား ခွေးတွေကိုလည်း အရေခွံနွာ၊ အခြောက်လှန်းသင့်တာလှန်း။ စည်သွတ်ဘူးထဲ ထည့်သင့်တာထည့်။ ပြီးရင် နိုင်ငံခြားကို တင်ပို့။ ဒါဆို အမြတ်ကလည်းကျန်ဦးမယ်။ ခွေးသတ်ခကလည်း ရမယ်။ ဘယ်လောက်ကောင်းသလဲတဲ့ …။

လောလောဆယ်တော့ စပိန်လို ခွေးရူးသတ်ပွဲလုပ်လို့ မဖြစ်သေးဘူး။ ခွေးရူးတွေကို ဖမ်းရတာမလွယ်ဘူးလေ။ ခွေးရူးရောဂါပိုးတွေကို သေချာသိမ်းပြီးမှ ခွေးတွေကိုထိုးထည့်ပေးရမှာ။ အဲ့တော့ကြာဦးမယ်။

ဒါကြောင့် ခွေးသတ်ဝန်ဆောင်မှုတော့ လုပ်ပေးမယ်။ လမ်းထဲမှာ၊ ရပ်ကွက်ထဲမှာ ခွေးတွေ သောင်းကျန်းနေပြီ လား…။ စိုပြေနဲ့ သူငယ်ချင်းများကို သတိရလိုက်ပါ။

ခွေးတစ်ကောင်ကို မြန်မာငွေကျပ် တစ်သောင်းနဲ့ သတ်ပေးနေပါပြီ။ ဆီသွပ်ဘူးလုပ်ဖို့၊ နိုင်ငံခြားပို့ဖို့ကတော့ မလွယ်သေးတော့ အခြောက်လှန်းပြီး သူများတွေလိုပဲ ဆိတ်သားခြောက်ဆိုပြီး ရောင်းရမှာပေါ့လေ။

စိုပြေ