ဂျော့ဖရိုင်းမန်း Frontier လား ထိစပ်နယ်မြေ Border Line လားနဲ့ ဘူးသီးတောင် မောင်တောအရေး

ဆိုင်ဝမ်းဖှ
၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ်မှ

(၁) ဂျော့ဖရိုင်းမန်းရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ရှိတယ်။ The Next 100 Yearsတဲ့။ ၂၁ရာစုအတွင်းမှာ ပေါက် ကွဲ လျှံကျလာစရာရှိနိုင်တဲ့ ပထဝီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းတွေ (Geopolitical Fault Lines) တွေ

ကိုဖော်ပြထား ပြီး၊ ထိစပ်နယ်မြေတွေလို့ ဆိုနိုင်တဲ့ Borderlands အကြောင်းကိုလည်းသီးသန့် ဖော်ပြထားတယ်။

ထိစပ်နယ်မြေဆိုတာသာမန်နယ်စပ်  Frontierနဲ့မတူပါ။ အိမ်နီးချင်း နိုင်ငံတွေဖြစ်ပေမယ့် အချုပ်အခြာအာဏာ အကြိမ်ကြိမ် အပြောင်းအလဲဖြစ်ခဲ့တဲ့ နယ်မြေတွေကိုဆိုလိုတယ်။

အဲလိုဒေသတွေမှာ အမျိုးမျိုးသောယဉ်ကျေးမှု၊ ကွဲပြားခြားနားတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနိုင်သလို သစ္စာခံမှု အမျိုးမျိုးလည်း ရှိနေတတ်တယ်။ မတည်ငြိမ်မှုဖြစ်နိုင်တဲ့ အခြေအနေအမြဲရှိနေတတ်တဲ့ နေရာတွေလို့ ဆိုနိုင်တယ်။ အဲဒီလိုနယ်မြေတွေမှာသာမန် လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေ သည်ပင်လျှင် ဆိုးဆိုးဝါးဝါး အခြေနေတွေ ဆီသို့ ဦးတည်သွားနိုင်တယ်လို့ သူကသတိ ပေးထားတယ်။

(၂) ပြင်သစ်နဲ့ ဂျာမနီအကြားက အဲလဆက်နဲ့ လောရိန်းနယ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်အကြားက ကက်ရှ်မီးယား၊ ဆားဗီးယားနဲ့ အယ်လ်ဘေးနီးယားကြားက ကိုဆိုဗိုဒေသတွေဖြစ်ပြီး အမေရိကန်- မက္ကဆီကိုနယ် စပ်က နော့ဂေးအရီဇိုးနားဆိုနိုရာတို့လိုနယ်မြေတွေလည်း အဲလို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ နယ်မြေတွေ ဖြစ်တယ်။

(၃) မြန်မာပြည်မှာလည်း အဲလိုနယ် မြေတွေရှိနေတယ်။ တည့်တည့်ပြောရရင်တော့ နာဂ၊ ‘ဝ’ တို့လိုနယ်မြေ တွေနဲ့ အခု ဘူးသီးတောင် မောင်တောတို့လိုနယ်မြေတွေပဲဖြစ်တယ်။  နာဂလှုပ်ရှားမှုတွေဆိုကြည့် ရင်ရှင်းတယ်။ အိန္ဒိယနာဂလန်းမှာ ဖက်ဒရယ်ပြည်နယ်ရထားလည်း နှစ်ဖက်စလုံးက ဆွေမျိုးစုဆက်ဆံရေးရှိပြီး နယ်မြေသတ် မှတ်မှုဆိုင်ရာကိစ္စတွေနဲ့ အုပ်ချုပ်ခွင့်ဆိုင်ရာအငြင်းပွားမှုတွေကတစ်ဆင့် နာဂလက်နက်ကိုင်တွေပေါ်လာခဲ့တယ်။ သူတို့ရဲ့ ရပ်တည်ချက်က မြန်မာပြည်ကနာဂနဲ့ အိန္ဒိယနာဂ ဒေသပေါင်းနိုင်ရေးပဲ။

ရခိုင်ပြည်အနေနဲ့လည်း သူကိုယ်တိုင်က အချုပ်အခြာအာဏာ ခဏခဏပြောင်းဖူးခဲ့တဲ့ ဒေသပဲ၊ အင်္ဂလိပ် အသိမ်းမခံရခင် ကတည်းက ဗမာဘုရင်တွေရဲ့ အသိမ်းခံရတယ်။ အင်္ဂလိပ်အောက်ရောက်တော့လည်း သီးခြား အုပ်ချုပ်ရေးမရတဲ့ ဒေသဖြစ်တယ်။ (ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီက သီးခြားအုပ်ချုပ်မှု ဒေသန္တရအချုပ်အခြာ အာဏာ     အပြည့်အဝ မဟုတ်တောင် ပုံစံတစ်မျိုးနဲ့ ဆက်ရှိ) လွတ်လပ်ရေးရတာတောင်ချက်ခြင်း ပြည်နယ်မရ ဘဲ နောက်ပိုင်းမှရတဲ့ ကိစ္စဖြစ်တယ်။

(၄) စစ်အေးအလွန်အန္တရာယ်က အကြမ်းဖက်ဝါဒ  အန္တရာယ်လို့ ဆိုကြတယ်။ လစ်ဘရယ်လစ်ဇင်ရဲ့ စတင် အားနည်း တာလည်း ၉/၁၁ လိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့  သမ္မတဘုရှ်က စစ်ရေးပါဝါနဲ့ လစ်ဘရယ်အယူ အဆကို စပ်ကြားကျင့်သုံးမှု (နီယိုကွန် အယူအဆ)ကို နိုင်ငံတကာဆက်ဆံရေးမှာအားပြုလာခဲ့သလို အီရတ် စစ်ပွဲကာလလောက်မှာကတည်းက တချို့ တိုက်ခိုက်မှုတွေက ဥရောပနဲ့ တခြားဒေသတွေမှာ တန်ပြန်တိုက်ခိုက်မှု အချို့စဖြစ်လာတယ်။ အခုမောင်တော ပြဿနာက နှစ်ပေါင်း ဆယ်စုနှစ်များစွာက ပြဿနာကဖုံး မနိုင်ဖိမရ ပေါ်လာ၊ ရောဂါကသက်တမ်းကြာလာတော့ တခြားပိုးတွေလည်း ဝင်ချင်ဝင်လာ(သို့မဟုတ်) ဝင်ရောက်နေလောက် တာလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားမျိုးကိုတွေ့ရတယ်။ အကြမ်းဖက်ဝါဒကလည်း လူထုနဲ့ အစိုးရအ ကြား ယုံကြည်မှု အားမကောင်းတဲ့ နိုင်ငံတွေ၊ ဘရုတ်သုတ်ခတွေဖြစ်နေတဲ့ ဒေသတွေကိုပဲ ဦးတည်စည်း ရုံးလေ့ ရှိတယ်။

(၅) ပြောရရင် ခေတ်အဆက်ဆက် မရိုးသားမှုတွေကတစ်ဆင့် မြစ်ဖျားခံလာပြီးတဲ့ နောက်မှာတော့ ဖုံးမနိုင်ဖိ မရဖြစ်လာတဲ့ အခြေနေပါ။ အစိုးရသစ်အနေနဲ့လည်း ဒီကိစ္စကို တာဝန်ယူဖြေရှင်းဖို့ စမတ်ပေါ်လစီမရှိခဲ့ပါ။ အခု လတ်တလောကိစ္စက စစ်တပ်လည်းတိုးချထားတယ်၊ ကုလအတွင်းရေးမှူးချုပ်ဟောင်းကလည်း နိုင်ငံသား စစ် ဆေးမှုခံဖို့တိုက်တွန်းတယ်၊ (ဒါပေမယ့် တစ်ပြိုင်တည်းမှာလည်း အဲဒီဥပဒေကိုတော့ ရေရှည်မှာ လျှော့ပေါ့ပေး ဖို့ပြောထားတယ်)။ လွှတ်တော်ကလည်း အရမ်းကြီးမလုပ်ဖို့ ဝိုင်းပြီးတောင် ကန့်ကွက်မဲပေးလိုက်သေးတယ်။ အဲဒီလို အခြေအနေတွေကြားထဲက ကမ်းရိုးတန်းကမ်း မြောင်ဒေသတစ်ခုလုံးမှာ အကြမ်းဖက် သမားတွေက တစ်ညတည်းပြိုင်တူလှုပ်ရှား ပြလိုက်တာကတော့ ရှင်းရှင်းပြောရရင် ဖြဲပြလိုက်တာပဲ။တပ်ကိုရော၊ လွှတ်တော် ကိုရော၊ ရခိုင်ဆိုရင်ဝေလာဝေး)၊ ကျန်သူတွေရောကို အရာကိုမသွင်းဘူးဆိုတဲ့သဘောပဲ။ ယုံကြည်မှု လုံးဝမရှိ တော့တဲ့ အနေအထားမျိုးလည်းဆောင်နေတယ်။

စာရေးသူ သူငယ်ချင်း ရခိုင်မော်ဒရိတ်တစ်ဦးကတော့ ‘ခုလို နိုင်ငံရေးအခြေအနေမျိုးမှာ အချိန်ကိုက်လုပ်လိုက် တာကတော့ တစ်ခုခုအတွက် ဖောင်ဖျက်အနေအထားမျိုးလားလို့တောင် ထင်ရတယ်။ ထောက်လှမ်းရေးဆို တာရှိသေးရဲ့လားလို့ မေးရမယ်။ အဖြောင့်အတိုင်းဆိုရင် ကီလိုမီတာ ၇ဝ လောက်ရှိမယ့် ဒေသတစ်လျှောက်မှာ ဘာခေတ်မီလက်နက်ပစ္စည်း တွေမပါဘဲ တစ်ပြိုင်တည်းထကြွနိုင်တဲ့ အားကို ကြည့်မယ်ဆိုရင်ဖြင့် ဒါဟာသာမန် အုံကြွမှုတော့ မဟုတ်တာထင်းနေပါတယ်။ လုံခြုံရေးကျိုးပေါက်မှုကိုသေချာမတွက်ဘဲစိတ်ခံစားမှုနဲ့  အစွန်းရောက် မျိုးချစ်စိတ်နဲ့ပဲ တြုံ့ပန်နေလို့ကတော့ အဖြေမရနိုင်ဘူး။ အရှေ့ ပါကစ္စတန်၊ အနောက်ပါကစ္စတန် (ယခုဘင်္ဂလား ဒေ့ရှ်)ကနေ ယခုနောက် ထပ်(ဒေ့ရှ်)တစ်ခုဖော်မလာပါစေနဲ့လို့ပဲ မျှော်လင့်နိုင်ပါတော့တယ်။’လို့ သုံးသပ်ထားတာ သတိထားမိတယ်။

(၆) နိုင်ငံရဲ့ အနေအထားကတော့ ဒီမိုကရက်တိုက်ဇေးရှင်းသွားနေတာ ဆိုပေမယ့် ဒီရခိုင်လိုအရေးနဲ့ တိုင်းရင်း သားအရေး ပြည်တွင်းငြိမ်းချမ်းရေးတွေကို အောင်မြင်စွာမကိုင်တွယ်နိုင်ဘူးဆိုရင် ဒီမိုကရက်တိုက်ဇေးရှင်းအတွက် လမ်းချော်နိုင်တဲ့ အန္တရာယ်အဖြစ် ရှိနေရုံသာမက အစိုးရအတွက်ပါ အထိနာနိုင်တဲ့ ကိစ္စဖြစ်တယ်။

ရှုပ်ထွေးပွေလီလှတဲ့ ကမ္ဘာ့နိုင်ငံရေး ကျားကွက်တွေအကြောင်းလည်းသိဖို့ လိုသလို အမျိုးသားရေးသတိနဲ့ အတူ ဒီမိုကရေစီလူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာဖို့လိုတယ်။ ဗြိတိသျှက အယ်လဆတ်နဲ့ လောရိန်း နယ်ကို ဟစ်တလာကိုပေးဖို့ သဘောတူတဲ့ ကိစ္စမျိုးလို ဂရိတ်ပါဝါတွေအကြား ချော့မြူပြီး နယ်မြေပေးတဲ့ ကိစ္စ တွေက သတိထားရမယ့် ကိစ္စဖြစ်တယ်။ သူတို့ကို အသိအမှတ်ပြုသွားလာခွင့်နဲ့ အခြား ဒီမိုကရေစီဆိုင်ရာ သင့် တင့်လျောက်ပတ်တဲ့ အခွင့်အရေးတွေကလည်း နယ်မြေတည်ငြိမ်ရေးစွမ်းဆောင်မှုတွေနဲ့အတူ အရင်ကတည်းက လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။

သဘောက စံနှုန်းအခြေပြုမဟုတ်ရင် တောင်ပကတိကြုံတွေ့နေရတဲ့ အခြေအနေတွေထက် တိုးတက်မှုရှိနိုင် တဲ့ အနေအထား မျိုးဖန်တီးပေးထားဖို့ပါ။ ကက်ရှ်မီးယားကတော့ ပဋိပက္ခဖြေရှင်းရေး (Conflict sensi tive Resolution) သဘောအရ ကြည့်ရင် အိန္ဒိယဝန်ကြီးချုပ်နေရူးတစ်ချက်မှားခဲ့တာနဲ့ အခုထိအိန္ဒိယဖက်ဒရယ်မှာ အမြင့်ဆုံး အဆင့်ပေးထားတဲ့ ဒေသဖြစ်တာတောင် အခုထိရှင်းမရတော့တဲ့ အခြေအနေပါ။

နိုင်ငံတော်ဖြစ်စဉ် တည်ဆောက်မှုတွေမှာ အင်အားသုံးသိမ်းသွင်းမှု Coercive theory) နဲ့ မိမိဆန္ဒအလျောက် (Voluntary) ပူးပေါင်းမှု ကိစ္စတွေမှာ Coercive ကပိုအား ကောင်းတတ်တယ်။ အင်အားပြသိမ်းသွင်းတိုက်စရာမလိုတဲ့၊ Coercive

 နည်းလမ်းတွေကိုရှောင်တဲ့ နည်းလမ်းတွေရှိတတ်ပေမယ့် အထက်ဖော်ပြပါအချက်တွေထဲမှာလွဲချော် အား နည်းမှုတွေရှိခဲ့တဲ့ ပဋိပက္ခလွန် (သို့မဟုတ်) ပဋိပက္ခတစ်ပိုင်းတစ်စနဲ့ အသွင်ကူးပြောင်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေက မအောင်မြင်တတ်ပါ။ အောင်မြင်ခြေ နည်းလွန်းလှတယ်လို့ တီမိုသီဆစ့်က ထောက်ပြထားပါတယ်။