ေဖဖေ . . . ေျဖပါ

 

(Unicode)

ဖေဖေ…ဖြေပါ

““ဖေဖေ… တိုင်းရင်းသားဆိုတာ ဘာလဲ””

ရုံးကအပြန် အိမ်ရောက်ပြီး ညစာအတွက် ဟင်းချက်နေတုန်း မီးဖိုချောင်ထဲ ရောက်လာပြီး မေးလာသော သားတော်မောင်၏ မေး­­ခွန်းကြောင့်ခေါင်းနားပန်းကြီး သွားမိသည်။ သားတော်မောင်က ယခုနှစ်မှသူငယ်တန်း ( KG) စတက်သည့် အသက် ၅နှစ်ကျော် အရွယ်ဖြစ်သည်။ ကျောင်းတွင် သင်ပေးလိုက်သည့် သင်ခန်းစာ၊ လေ့လာ စရာများအနက် သူထပ်မံသိလိုသည့် အကြောင်းအရာတွေ၊ အပြင်အပတွင် စူးစမ်းလေ့လာရင်း သူထပ်မံနားလည် လိုသည့် အကြောင်းအရာတွေရှိပါက  ယခုလိုပင် ကျွန်တော့်ကို အမြဲမေးခွန်း ထုတ်လေ့ရှိသည်။ တစ်ခါတလေ မေး ခွန်းများကလွယ်သော်လည်း ဖြေရသူအတွက်က ဖြေရခက် ခေါင်းခဲရသည့် ကိစ်္စများလည်း မနည်းပေ။ ယခုလည်း ဘယ်ကဘယ်လို ကြားသိလာသည်မသိ … အမေးတော်ရှိလာခဲ့လေပြီ။ ယခုလို မေးခွန်းမျိုးက အဖြေမတတ်လျှင် ကလေးစိတ်ထဲ အယူစွဲနှင့် အသိအမှားမျိုး ဝင်သွားနိုင်သည်မို့ ဘယ်လိုအဖြေမျိုးပေးရမလဲဟု အတော့်ကို စဉ်းစား ရသည်။

““ဖေဖေ… တိုင်းရင်းသားဆိုတာ ဘာလဲ၊ ပြောပြပါ။””

သူ့ကိုအဖြေမပေးတော့ စိတ်မရှည် ဟန်ဖြင့် သားတော်မောင်က ထပ်မေးလာသည်။

““တိုင်းရင်းသားဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းပေါ့ သားရဲ့။””

ကျွန်တော့်အဖြေကြားတော့ သားတော်မောင် နည်းနည်းစဉ်းစားသွားဟန်ရှိသည်။ ယခင်ဆိုဆက်တိုက် ချက်ချင်း နောက်ဆက်တွဲမေးခွန်းတွေ တရစပ်မေးတတ်သော်လည်း ယခုတစ်ခါတော့ အနည်းငယ် တုံ့ဆိုင်းသွား သည်။ ကျွန်တော်လည်း မသိသလိုဟန်ဆောင်ရင်း ချက်လက်စဟင်းကို ဆက်ချက်နေမိသည်။ သို့သော် သား တော်မောင် ခေတ္တတုံ့ဆိုင်းသွားမှုက မုန်တိုင်းမလာမီ လေငြိမ်နေခြင်းမျိုးဆိုတာ ကို မတွေးခဲ့မိခြင်းက ကျွန်တော့် အမှားပင်။

““ဖေဖေ.. သားသားတို့ကဘာလဲ။ ဘာတိုင်းရင်းသားလဲ””

““ဖေဖေတို့က ဗမာတိုင်းရင်းသားပေါ့ … သားရဲ့။ ဗမာဆိုတာကလည်း တိုင်း ရင်းသားတစ်မျိုးပဲလေ””

““ရှင်ကလည်း ကလေးကို မဟုတ်တာ တွေလျှောက်ပြောနေပြန်ပြီ။””

ကျွန်တော်တို့နှစ်ယောက် အမေးအဖြေကို နားထောင်နေသည့်အိမ်သူက သားတော်မောင်ကို ကျွန်တော် ပေးလိုက်သည့် အဖြေကို မကျေနပ်ဟန်ဖြင့် ဝင် ပြောလာသည်။

““ကလေးကို အမှန်အတိုင်းပဲ ပြောရမယ်လေ။ ဒါမှ သူမှန်မှန်ကန်ကန် နားလည်မှာပေါ့။ ဒါက လက်လွတ် စ ပယ်ဖြေလို့မရဘူးလေ။””

အိမ်သူနားလည်အောင် ကျွန်တော်ရှင်းပြရသည်။ ဒီအရွယ်ကတည်းက ကျွန်တော်တို့ မျိုးဆက်ကို ကျွန် တော်တို့အမှန် သိစိတ်ကို မျိုးစေ့ချပေးရန် လိုအပ်သည်ဟု ကျွန်တော်ကယူဆထားသည်။

““ဗမာနိုင်ငံဆိုတာကရော ဖေဖေ။””

သားတော်မောင်က ထပ်မေးလာသည်။ သားတော်မောင်က သူသိချင်တာကို မနားတမ်းမေးတတ်သည်။ တစ်ခါတလေ တော်တော်လေးရှင်းပြရခက်သည်။ ဥပမာ- ““ခခွေးကို မြန်မာလို ဘယ်လိုခေါ်လဲ ဖေဖေ”” ဆိုတာမျိုးဖြစ်သည်။ နားလည်အောင် မနည်းရှင်းပြရသည်။ ခုလည်း ဗမာနိုင်ငံဆိုတာ ဘာလဲ မေးလာပြန်သည်။

““ဗမာနိုင်ငံဆိုတာဖေဖေတို့ ခုနေတဲ့ နိုင်ငံကိုခေါ်တာပေါ့ သားရဲ့။””

““ဗမာလား၊ မြန်မာလားဖေဖေ။””

““အတူတူပဲလေသား၊ သားသားကြိုက် သလိုခေါ်ပေါ့။””

““မတူပါဘူး။ ဗမာက B နဲ့ပေါင်းတာ လေ။ ဟိုဟာက M နဲ့ပေါင်းတာ၊ မတူပါဘူး။””

““ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်မှန်အောင် ပစ်တယ်””ဆိုသည့် ပုဂ်္ဂိုလ်ကြီး အစပြုခဲ့သည့် ပြဿ နာက ယခုကိုယ့် အိမ်ထဲကကိုယ့်သားတော်မောင်ထိပါ ရောက်လာနေခဲ့ပြီဖြစ်သည်။  ကမ်္ဘာကျော် ကဗျာဆရာ တစ်ဦး၏ စကားတစ်ခုမှတ်သား ခဲ့ဖူးသည်။ နှင်းဆီကို မည်သို့နာမည်ပေးပေး နှင်းဆီသည် နှင်းဆီဟု ဆိုသည်။  မူလရှိ ရင်းစွဲအဓိပ်္ပာယ်ကို စကားလုံးတွေ ပြောင်း လဲလိုက်ရုံဖြင့် ပြောင်းလဲသွားမည်ဟု ယူဆထင်မြင်ကြသူတို့၏ အကျိုးဆက်က ယခုကိုယ့်အိမ်ထဲထိ ရောက်လာပြီး ကိုယ့်မျိုးဆက်ထိ ရောက်လာနေခဲ့ပြီဖြစ်သည်။ သား တော် မောင် ယခုလိုမေးတော့ မထင်မှတ်ဘဲ လွှတ်တော်ထဲက စစ်ဘေးရှောင်ဟုမခေါ်ဘဲ တိုက်ပွဲရှောင်ဟုခေါ်ရန် အသိ ပေးချက်ကို ဖျတ်ခနဲသတိရရင်း ပြုံးမိသေးသည်။ ကိုယ့်မျိုးဆက်၏ အတွေးထဲကို ကျွန်တော်တို့ မလိုအပ်တာတွေ မထည့်မှ ဖြစ်မည်။

““ဖေဖေ …မေးနေတယ်၊ B နဲ့ M နဲ့မတူဘူးမို့လား။””

မေးတာကိုဖြေရန် ကြန့်ကြာနေသဖြင့်  စိတ်မရှည်သလို သားတော်မောင်က မေးလာသည်။

““စာလုံးပေါင်းပဲမတူတာသားရဲ့၊ အဓိပ္ပာယ်ကအတူတူပဲလေ။ မေမေကို မေမေလို့ခေါ်သလို မာမီလို့လည်း ခေါ် သလို ပေါ့သားရဲ့။””

““ဒါဆို… ရခိုင် (R သံဖြင့်အသံထွက်ရင်းပြော)လည်း ရခိုင် (ရကောက်သံဖြင့် အသံထွက်ရင်း)နဲ့ အတူတူပဲလား။””

““အေးပေါ့… အတူတူပဲပေါ့ သားရဲ့။””

““ဖေဖေ… သားသားတို့က ဘာလို့တိုင်းရင်းသားလဲ၊ တခြားသူတွေကရော ဘာလို့ တိုင်းရင်းသားလဲ။””

““ဗုဒေ်္ဓါ””ဟုသာ ဘုရားတမိတော့သည်။ သားတော်မောင်ကို တခြားနာမည်ပေးခဲ့မိ၍သာ တော်တော့၏။ မောင်လူအေးဟုသာ နာမည်ပေးမိလျှင် (ဆရာ)သိပ္ပံမောင်၀ကို ရောက်ရာအရပ်က ပြန်ခေါ်နိုင်ရန် ဟိုမြစ်ထဲခေါင်း လောင်းရှာသည့် အဖွဲ့ကို အကူအညီတောင်းခံရမည့်ပုံပင် ဖြစ်သည်။

““ဘာလို့လဲဆိုတော့ ဖေဖေတို့အားလုံးက သူငယ်ချင်းတွေမို့လို့ပေါ့သားရဲ့။ သားသားလည်း တိုင်းရင်းသား၊ သားသား သူငယ်ချင်း တွေလည်းတိုင်းရင်းသား။ အားလုံးက သူငယ်ချင်းတွေပေါ့ သားရဲ့။””

““တိုင်းရင်းသားတွေက ဘယ်မှာနေတာလဲ ဖေဖေ။””

သားတော်မောင်သည် တိုင်းရင်းသား ဆိုသည်ကို သူသိထားသည့် National geo graphic ထဲက အ ကောင်တွေ သူ့နေရာနှင့်သူကျင်လည် ကျက်စားနေထိုင်မှုမျိုးရှိသည်ဟု ထင်မှတ်ထားပုံရသည်။ ခက် သည်က အိမ်မှာလည်း  မြန်မာပြည်မြေပုံ ဝယ်ယူချိတ်ဆွဲထားခြင်းမရှိသည်မို့ တိုင်းရင်းသားတွေ မည်သို့ မည်ပုံမည်သည့် နေရာတွင် နေထိုင်ကြောင်းကို ရှင်းပြဖို့ ခက်နေခဲ့သည်။ ဟင်းကလည်းချက်ရင်းတန်း လန်းမို့ ဘယ်လိုရှင်းပြရမလဲ ကြံရာမရဖြစ်နေတုန်း အတွေးပေါ်လာသည်နှင့် ဂူဂဲလ်ကနေမြန်မာပြည် မြေပုံဒေါင်းလုတ်ဆွဲပြီး တိုင်းရင်းသားတွေ နေထိုင်ရာဒေသနှင့် သူတို့အမှီပြုရာအရပ်တွေကို ပုံနှင့်တကွပြရင်း ရှင်းပြလိုက်တော့ သားတော်မောင် တော်တော် လေးကျေနပ်သွားသည်။ သို့သော် သားတော် မောင်ကို တစ်သမတ်တည်း အယူစွဲဖြစ်မသွားစေလိုတာကြောင့်  ထပ်မံရှင်းပြမိသည်။

““ဒါတွေက တိုင်းရင်းသားတွေ သူတို့မူလနေတဲ့ နေရာတွေပေါ့သားရဲ့။ ဒါပေမယ့် ဖေဖေတို့အားလုံးက တိုင်းရင်းသားတွေလေ။ ဖေဖေတို့နိုင်ငံထဲမှာ နေချင်တဲ့နေရာကို သွားလာနေထိုင်လို့ ရတာပေါ့ သားရဲ့။””

ကျွန်တော့်အဖြေကိုကြားတော့ သားတော်မောင်က နည်းနည်းစဉ်းစားသွားသည်။ ပြီးတော့ မေးခွန်းတစ် ခုထပ်မေးသည်။ သားတော်မောင် ထပ်မေးသည့် မေးခွန်းကြားတော့ အံ့သြမှင်တက်သွားမိသည်။ ထို့အတူ နှစ် ပေါင်းများစွာ ဝါဒမှိုင်းတွေအောက် နစ်မြုပ်ရင်း အမုန်းတရားများဖြင့် ကြီးပြင်းရှင်သန်လာကြသည့် မျိုးဆက်များ၏ အတ္တအတွေးများအောက်မှ သားတော်မောင်တို့ မျိုးဆက်၊ သူက တစ်ဆင့် ဆင်းသက်လာမည့် နောက်မျိုးဆက်၊ မျိုးဆက်တို့ ကင်းလွတ်ပယ်ကွာပြီး လွတ်လပ်မှန်ကန် မျှတသော အယူအစွဲမျိုး ကိန်းအောင်းရန် ကျွန်တော်တို့၏ အဖြေက အရေးကြီးပါလားဟု တွေးမိသွားသည်။

ထိုသို့မဟုတ်ဘဲ ကျွန်တော်တို့က တစ်ဆင့် ထပ်မံလက်ဆင့်ကမ်း အမွေပေးလိုက်မည့် အယူအဆ အတွေး သည် နောင်မျိုးဆက်မျိုးဆက်များထိ ကူးလူးဆင့်ကမ်းသွားရင်း ပန်းတိုင်ကို ကျောပေးအပြေးခိုင်းသလို ဖြစ်နေ လျှင် တကယ့်ကို စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

ကျွန်တော်ကတော့ သားတော်မောင်ကိုသူ့အသက်အရွယ်ဖြင့် သုံးသပ်ဆင်ခြင်နိုင်ဖွယ်ရှိသည့် ကတိလေး ပါးကင်းသော အဖြေမျိုးပေးခဲ့မိသည်။

အဘယ်ကြောင့်ဆိုသော် သားတော်မောင်မေးသည့် မေးခွန်းကိုကြည့်ပြီး ကျွန်တော်တို့က တစ်ဆင့် ကျွန် တော်တို့ မျိုးဆက်ကို လက်ဆင့်ကမ်းပေးမည့် အယူအဆ၊ အတွေးအခေါ်၊ ရှင်သန်ကြီးရင့်ရပ် တည်မှုသည် အမုန်း တရားကဖယ်ခွားပြီး မှန်မှန်ကန်ကန်ဆင်ခြင်နိုင်သည့် နားလည် နိုင်စွမ်းမျိုးဖြစ်မှသာ သူတို့မျိုးဆက်များအတွက် ကျည်ဆန်တွေအစား ပန်းများပွင့်လာစေမည်မှာ အသေအချာဟု ယူဆမိသောကြောင့်ဖြစ်သည်။ သားတော် မောင်၏ မေးခွန်းက ရိုးရိုးလေးပင်ဖြစ်သည်။

““ဖေဖေ … ဗမာနိုင်ငံဆိုပြီးရှိတယ်လေ။ ဘာလို့ ရှမ်းနိုင်ငံ၊ ရခိုင်နိုင်ငံဆိုပြီး မရှိတာလဲ။ မွန်လည်းမရှိဘူးလေ။ တခြားဟာတွေလည်း တစ်ခုမှမရှိဘူး။ ဘာလို့လဲ။ သူတို့က ဘယ်နေရာမှာ ဘယ်လိုနေရမှာလဲ။ ဖေဖေ … ဖြေပါ။””

 

ဘုန်းပြည့်ဉာဏ်လင်း

 

(Zawgyi )

““ေဖေဖ… တိုင္းရင္းသားဆိုတာ ဘာလဲ””

႐ုံးကအျပန္ အိမ္ေရာက္ၿပီး ညစာ အတြက္ ဟင္းခ်က္ေနတုန္း မီးဖိုေခ်ာင္ထဲ ေရာက္လာၿပီး ေမးလာေသာ သားေတာ္ ေမာင္၏ ေမးခြန္းေၾကာင့္ ေခါင္းနားပန္းႀကီး သြားမိသည္။ သားေတာ္ေမာင္က ယခုႏွစ္မွ သူငယ္တန္း ( ဳြ) စတက္သည့္ အသက္ ၅ႏွစ္ေက်ာ္ အရြယ္ျဖစ္သည္။ ေက်ာင္းတြင္ သင္ေပးလိုက္သည့္ သင္ခန္းစာ၊ ေလ့လာ စရာမ်ားအနက္ သူထပ္မံသိလိုသည့္ အေၾကာင္းအရာေတြ၊ အျပင္အပတြင္ စူး စမ္းေလ့လာရင္း သူထပ္မံနားလည္လိုသည့္ အေၾကာင္းအရာေတြရွိပါက  ယခုလိုပင္ ကၽြန္ေတာ့္ကို အၿမဲေမးခြန္း ထုတ္ေလ့ရွိ သည္။ တစ္ခါတေလ ေမးခြန္းမ်ားက လြယ္ေသာ္လည္း ေျဖရသူအတြက္က ေျဖရ ခက္ ေခါင္းခဲရသည့္ ကိစ္ၥမ်ားလည္း မနည္း ေပ။ ယခုလည္း ဘယ္က ဘယ္လို ၾကား သိလာသည္မသိ … အေမးေတာ္ရွိလာခဲ့ ေလၿပီ။ ယခုလို ေမးခြန္းမ်ဳိးက အေျဖ မတတ္လွ်င္ ကေလးစိတ္ထဲ အယူစြဲႏွင့္ အသိအမွားမ်ဳိး ၀င္သြားႏုိင္သည္မို႔ ဘယ္ လိုအေျဖမ်ဳိးေပးရမလဲဟု အေတာ့္ကို စဥ္းစားရသည္။

““ေဖေဖ… တိုင္းရင္းသားဆိုတာ ဘာလဲ၊ ေျပာျပပါ။””

သူ႔ကိုအေျဖမေပးေတာ့ စိတ္မရွည္ ဟန္ျဖင့္ သားေတာ္ေမာင္က ထပ္ေမးလာ သည္။

““တိုင္းရင္းသားဆိုတာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္းေပါ့ သားရဲ႕။””

ကၽြန္ေတာ့္အေျဖၾကားေတာ့ သား ေတာ္ေမာင္ နည္းနည္းစဥ္းစားသြားဟန္ ရွိသည္။ ယခင္ဆိုဆက္တိုက္ ခ်က္ခ်င္း ေနာက္ဆက္တြဲ ေမးခြန္းေတြ တရစပ္ ေမး တတ္ေသာ္လည္း ယခုတစ္ခါေတာ့ အနည္း ငယ္ တုံ႔ဆိုင္းသြားသည္။ ကၽြန္ေတာ္လည္း မသိသလိုဟန္ေဆာင္ရင္း ခ်က္လက္စ ဟင္းကို ဆက္ခ်က္ေနမိသည္။ သို႔ေသာ္ သားေတာ္ေမာင္ ေခတ္ၱတုံ႔ဆိုင္းသြားမႈက မုန္တိုင္းမလာမီ ေလၿငိမ္ေနျခင္းမ်ဳိးဆိုတာ ကို မေတြးခဲ့မိျခင္းက ကၽြန္ေတာ့္ အမွားပင္။

““ေဖေဖ.. သားသားတုိ႔ကဘာလဲ။ ဘာတိုင္းရင္းသားလဲ””

““ေဖေဖတို႔က ဗမာတိုင္းရင္းသား ေပါ့ … သားရဲ႕။ ဗမာဆိုတာကလည္း တုိင္း ရင္းသားတစ္မ်ဳိးပဲေလ””

““ရွင္ကလည္း ကေလးကို မဟုတ္တာ ေတြေလွ်ာက္ေျပာေနျပန္ၿပီ။””

ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အေမး အေျဖကို နားေထာင္ေနသည့္ အိမ္သူက သားေတာ္ေမာင္ကို ကၽြန္ေတာ္ေပးလိုက္ သည့္ အေျဖကို မေက်နပ္ဟန္ျဖင့္ ၀င္ ေျပာလာသည္။

““ကေလးကို အမွန္အတုိင္းပဲ ေျပာရ မယ္ေလ။ ဒါမွ သူမွန္မွန္ကန္ကန္ နားလည္ မွာေပါ့။ ဒါက လက္လြတ္ စပယ္ေျဖလို႔ မရဘူးေလ။””

အိမ္သူနားလည္ေအာင္ ကၽြန္ေတာ္ ရွင္းျပရသည္။ ဒီအရြယ္ကတည္းက ကၽြန္ ေတာ္တို႔ မ်ဳိးဆက္ကို ကၽြန္ေတာ္တို႔အမွန္ သိစိတ္ကို မ်ဳိးေစ့ခ်ေပးရန္ လိုအပ္သည္ဟု ကၽြန္ေတာ္ကယူဆထားသည္။

““ဗမာႏိုင္ငံဆိုတာကေရာ ေဖေဖ။””

သားေတာ္ေမာင္က ထပ္ေမးလာ သည္။ သားေတာ္ေမာင္က သူသိခ်င္တာကို မနားတမ္းေမးတတ္သည္။ တစ္ခါတေလ ေတာ္ေတာ္ ေလးရွင္းျပရခက္သည္။ ဥပမာ- ““ခေခြးကို ျမန္မာလို ဘယ္လိုေခၚလဲ ေဖေဖ”” ဆိုတာမ်ဳိးျဖစ္သည္။ နားလည္ေအာင္ မနည္းရွင္းျပရသည္။ ခုလည္း ဗမာႏုိင္ငံ ဆိုတာ ဘာလဲ ေမးလာျပန္သည္။

““ဗမာႏိုင္ငံဆိုတာေဖေဖတို႔ ခုေနတဲ့ ႏိုင္ငံကိုေခၚတာေပါ့ သားရဲ႕။””

““ဗမာလား၊ ျမန္မာလားေဖေဖ။””

““အတူတူပဲေလသား၊ သားသားႀကိဳက္ သလိုေခၚေပါ့။””

““မတူပါဘူး။ ဗမာက B နဲ႔ေပါင္းတာ ေလ။ ဟိုဟာက M နဲ႔ေပါင္းတာ၊ မတူ ပါဘူး။””

““ပစ္ရင္မိုးေပၚေထာင္မပစ္ဘူး။ တည့္ တည့္မွန္ေအာင္ ပစ္တယ္””ဆိုသည့္ ပုဂ္ၢိဳလ္ ႀကီး အစျပဳခဲ့သည့္ ျပႆနာက ယခုကိုယ့္ အိမ္ထဲက ကိုယ့္သားေတာ္ေမာင္ထိပါ ေရာက္လာေနခဲ့ၿပီျဖစ္သည္။  ကမ္ၻာေက်ာ္ ကဗ်ာ ဆရာတစ္ဦး၏ စကားတစ္ခုမွတ္သား ခဲ့ဖူးသည္။ ႏွင္းဆီကို မည္သို႔နာမည္ေပးေပး ႏွင္းဆီသည္ ႏွင္းဆီဟု ဆိုသည္။  မူလရွိ ရင္းစြဲအဓိပ္ၸာယ္ကို စကားလုံးေတြ ေျပာင္း လဲလိုက္႐ုံျဖင့္ ေျပာင္းလဲသြားမည္ဟု ယူဆ ထင္ျမင္ၾကသူတို႔၏ အက်ဳိးဆက္က ယခု ကိုယ့္အိမ္ထဲထိ ေရာက္လာၿပီး ကိုယ့္မ်ဳိး ဆက္ထိ ေရာက္လာေနခဲ့ၿပီျဖစ္သည္။ သား ေတာ္ေမာင္ ယခုလိုေမးေတာ့ မထင္ မွတ္ဘဲ လႊတ္ေတာ္ထဲက စစ္ေဘးေရွာင္ဟု မေခၚဘဲ တုိက္ပဲြေရွာင္ဟုေခၚရန္ အသိ ေပးခ်က္ကို ဖ်တ္ခနဲသတိရရင္း ၿပံဳးမိေသး သည္။ ကိုယ့္မ်ဳိးဆက္၏ အေတြးထဲကို ကၽြန္ေတာ္တို႔ မလိုအပ္တာေတြ မထည့္မွ ျဖစ္မည္။

““ေဖေဖ …ေမးေနတယ္၊ B နဲ႔ M နဲ႔မတူဘူးမို႔လား။””

ေမးတာကိုေျဖရန္ ၾကန္႔ၾကာေနသျဖင့္  စိတ္မရွည္သလုိ သားေတာ္ေမာင္က ေမးလာသည္။

““စာလုံးေပါင္းပဲမတူတာသားရဲ႕၊  အဓိပ္ၸာယ္ကအတူတူပဲေလ။ ေမေမကို ေမ ေမလို႔ ေခၚသလို မာမီလို႔လည္း ေခၚသလို ေပါ့သားရဲ႕။””

““ဒါဆို… ရခုိင္ (R သံျဖင့္အသံထြက္ ရင္းေျပာ)လည္း ရခိုင္ (ရေကာက္သံျဖင့္ အသံထြက္ရင္း)နဲ႔ အတူတူပဲလား။””

““ေအးေပါ့… အတူတူပဲေပါ့ သားရဲ႕။””

““ေဖေဖ… သားသားတို႔က ဘာလု႔ိ တိုင္းရင္းသားလဲ၊ တျခားသူေတြကေရာ ဘာလုိ႔ တုိင္းရင္းသားလဲ။””

““ဗုေဒ္ၶါ””ဟုသာ ဘုရားတမိေတာ့သည္။ သားေတာ္ေမာင္ကို တျခားနာမည္ေပးခဲ့ မိ၍သာ ေတာ္ေတာ့၏။ ေမာင္လူေအးဟု သာ နာမည္ေပးမိလွ်င္ (ဆရာ)သိပ္ၸံေမာင္၀ ကို ေရာက္ရာအရပ္က ျပန္ေခၚႏုိင္ရန္ ဟိုျမစ္ထဲေခါင္းေလာင္းရွာသည့္ အဖဲြ႔ကို အကူအညီေတာင္းခံရမည့္ပုံပင္ ျဖစ္သည္။

““ဘာလို႔လဲဆိုေတာ့ ေဖေဖတို႔အားလုံး က သူငယ္ခ်င္းေတြမို႔လို႔ေပါ့သားရဲ႕။ သားသားလည္း တုိင္းရင္းသား၊ သားသား သူငယ္ခ်င္း ေတြလည္းတုိင္းရင္းသား။ အားလုံးက သူငယ္ခ်င္းေတြေပါ့ သားရဲ႕။””

““တုိင္းရင္းသားေတြက ဘယ္မွာေနတာ လဲ ေဖေဖ။””

သားေတာ္ေမာင္သည္ တုိင္းရင္းသား ဆိုသည္ကို သူသိထားသည့္ ၿေအငသညေူ ါနသ ါမေစ့ငခ ထဲက အေကာင္ေတြ သူ႔ေနရာႏွင့္ သူက်င္လည္ က်က္စားေနထုိင္မႈမ်ဳိးရွိသည္ ဟု ထင္မွတ္ထားပုံရသည္။ ခက္သည္က အိမ္မွာလည္း  ျမန္မာျပည္ေျမပုံ ၀ယ္ယူ ခ်ိတ္ဆဲြထားျခင္းမရွိသည္မို႔ တုိင္းရင္းသား ေတြ မည္သို႔မည္ပုံ မည္သည့္ေနရာတြင္ ေနထိုင္ေၾကာင္းကို ရွင္းျပဖို႔ ခက္ေနခဲ့သည္။ ဟင္းကလည္းခ်က္ရင္းတန္းလန္းမို႔ ဘယ္ လုိရွင္းျပရမလဲ ႀကံရာမရ ျဖစ္ေနတုန္း အေတြးေပၚလာသည္ႏွင့္ ဂူဂဲလ္ကေနျမန္မာျပည္ေျမပုံေဒါင္းလုတ္ဆြဲၿပီး တိုင္းရင္းသား ေတြ ေနထိုင္ရာေဒသႏွင့္ သူတို႔အမွီျပဳရာ အရပ္ေတြကို ပုံႏွင့္တကြျပရင္း ရွင္းျပလိုက္ ေတာ့ သားေတာ္ေမာင္ ေတာ္ေတာ္ေလး ေက်နပ္သြားသည္။ သို႔ေသာ္ သားေတာ္ ေမာင္ကို တစ္သမတ္တည္း အယူစြဲ ျဖစ္မ သြားေစလိုတာေၾကာင့္  ထပ္မံရွင္းျပမိသည္။

““ဒါေတြက တုိင္းရင္းသားေတြ သူတို႔ မူလေနတဲ့ ေနရာေတြေပါ့ သားရဲ႕။ ဒါေပမယ့္ ေဖေဖတို႔အားလုံးက တိုင္းရင္း သားေတြေလ။ ေဖေဖတို႔ႏုိင္ငံထဲမွာ ေနခ်င္တဲ့ေနရာကို သြားလာေနထိုင္လို႔ ရတာေပါ့ သားရဲ႕။””

ကၽြန္ေတာ့္အေျဖကို ၾကားေတာ့ သားေတာ္ေမာင္က နည္းနည္းစဥ္းစားသြား သည္။ ၿပီးေတာ့ ေမးခြန္းတစ္ခုထပ္ေမး သည္။ သားေတာ္ေမာင္ ထပ္ေမးသည့္ ေမးခြန္းၾကားေတာ့ အံ့ၾသမွင္တက္သြားမိ သည္။ ထို႔အတူ ႏွစ္ေပါင္းမ်ားစြာ ၀ါဒ မႈိင္းေတြေအာက္ နစ္ျမဳပ္ရင္း အမုန္းတရား မ်ားျဖင့္ ႀကီးျပင္းရွင္သန္လာၾကသည့္ မ်ဳိးဆက္မ်ား၏  အတ္ၱအေတြးမ်ားေအာက္မွ သားေတာ္ေမာင္တို႔ မ်ဳိးဆက္၊ သူက တစ္ဆင့္ ဆင္းသက္လာမည့္ ေနာက္မ်ဳိး ဆက္၊ မ်ဳိးဆက္တို႔ ကင္းလြတ္ပယ္ကြာၿပီး လြတ္လပ္မွန္ကန္ မွ်တေသာ အယူအစြဲမ်ဳိး ကိန္းေအာင္းရန္ ကၽြန္ေတာ္တုိ႔၏ အေျဖက အေရးႀကီးပါလားဟု ေတြးမိသြားသည္။

ထုိသုိ႔မဟုတ္ဘဲ ကၽြန္ေတာ္တို႔က တစ္ ဆင့္ ထပ္မံလက္ဆင့္ကမ္း အေမြေပးလိုက္ မည့္ အယူအဆ အေတြးသည္ ေနာင္မ်ဳိး ဆက္မ်ဳိးဆက္မ်ားထိ ကူးလူးဆင့္ကမ္းသြား ရင္း ပန္းတုိင္ကို ေက်ာေပး အေျပးခိုင္းသလို ျဖစ္ေနလွ်င္ တကယ့္ကို စိုးရိမ္ဖြယ္ရာပင္ ျဖစ္သည္။

ကၽြန္ေတာ္ကေတာ့ သားေတာ္ေမာင္ကို သူ႔အသက္အရြယ္ျဖင့္ သုံးသပ္ဆင္ျခင္ႏိုင္ ဖြယ္ရွိသည့္ ကတိေလးပါးကင္းေသာ အေျဖမ်ဳိးေပးခဲ့မိသည္။

အဘယ္ေၾကာင့္ဆိုေသာ္ သားေတာ္ ေမာင္ေမးသည့္ ေမးခြန္းကို ၾကည့္ၿပီး ကၽြန္ေတာ္တို႔က တစ္ဆင့္ ကၽြန္ေတာ္တို႔ မ်ဳိးဆက္ကို လက္ဆင့္ကမ္းေပးမည့္ အယူ အဆ၊ အေတြးအေခၚ၊ ရွင္သန္ႀကီးရင့္ရပ္ တည္မႈသည္ အမုန္းတရားကဖယ္ခြားၿပီး မွန္မွန္ကန္ကန္ဆင္ျခင္ႏိုင္သည့္ နားလည္ ႏုိင္စြမ္းမ်ဳိးျဖစ္မွသာ သူတို႔မ်ဳိးဆက္မ်ား အတြက္ က်ည္ဆန္ေတြအစား ပန္းမ်ားပြင့္ လာေစမည္မွာ အေသအခ်ာဟု ယူဆမိ ေသာေၾကာင့္ျဖစ္သည္။ သားေတာ္ေမာင္၏ ေမးခြန္းက ႐ိုး႐ိုးေလးပင္ျဖစ္သည္။

““ေဖေဖ … ဗမာႏုိင္ငံဆုိၿပီးရွိတယ္ ေလ။ ဘာလို႔ ရွမ္းႏိုင္ငံ၊ ရခိုင္ႏိုင္ငံဆိုၿပီး မရွိတာလဲ။ မြန္လည္းမရွိဘူးေလ။ တျခား ဟာေတြလည္း တစ္ခုမွမရွိဘူး။ ဘာလို႔လဲ။ သူတို႔က ဘယ္ေနရာမွာ ဘယ္လိုေနရမွာလဲ။ ေဖေဖ … ေျဖပါ။””

 

ဘုန္းျပည့္ၪာဏ္လင္း