သေသူများကို ရယ်မောကြသောတိုင်းပြည်

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးသော အာဖရိကတိုင်းပြည်တချို့မှ ဓလေ့ထုံးတမ်း တစ်ခုကို တွေးနေမိသည်။ ကလေးတွေ မွေးဖွားလာလျှင် မိသားစုများက ၀ိုင်းဝန်း ကာ ငိုကြသည်။ အကြောင်းပြချက်ကတော့ သူတို့ဖြတ်သန်းရမယ့် ဘ၀တစ်လျှောက်မှာ ကြုံတွေ့ရမယ့် ဘ၀အခက်အခဲများ၊ ဒုက်္ခ ဆင်းရဲများကို ကြိုတွေးပြီးတော့ငိုကြသည်ဟုဆိုသည်။ လူတွေသေဆုံးလျှင်တော့ လက်ခုပ်သြဘာပေးပြီး ကကြခုန်ကြသည် ဟု ဆိုပြန်သည်။ အကြောင်းပြချက်က တော့ ဘ၀တစ်လျှောက်လုံးကြုံတွေ့ခဲ့သည့် ဆင်းရဲဒုက်္ခအပေါင်းမှ လွတ်မြောက်သွားပြီ ဟု ယူဆကြသည်ဟုဆို၏။ သူ့အယူအဆနဲ့ သူတော့ဟုတ်နေကြသည်။ သို့သော် တိုး တက်လာသော ယဉ်ကျေးမှုစီးကြောင်းထဲ တွင် အဆိုပါ ဓလေ့ထုံးတမ်းများလည်း နေရာအတော်များများတွင် ရှိပုံမရပေ။ သို့ သော် လူသေရင်ပျော်ကြသော အလေ့အထ ကိုတော့ ကျွန်တော်တို့ဆီမှာ မကြာမကြာ မြင်တွေ့လာရသည်။ ဗုဒ်္ဓဘာသာဝင် အများစု နေထိုင်သောတို့တိုင်းပြည်။

ပရဟိတအရာတွင် ကမ်္ဘာမှာထိပ်တန်း ဖြစ်နေသောတိုင်းပြည်၊ ရိုးသားသောလယ် သမားများ၊ တောသူတောင်သားများ၏ ဆင်းရဲခြင်းနဲ့အတူ ပျက်စီးမသွားသော သဒ်္ဓါတရားများကြောင့် ကမ်္ဘာ့ခရီးသွားများ ကျေးလက်များကို တကူးတက လေ့လာရ သည့်နိုင်ငံ၊ အဆိုပါ နိုင်ငံတွင် တစ်နိုင်ငံ တည်းမှာ ရှိနေသော သူများအချင်းချင်း တိုက်လာသည့် စစ်ပွဲတာရှည်လာသည့် အလျောက်၊ လူမှုကွန်ရက်များတွင်လည်း သူ့အမြင် ကိုယ့်အမြင်ကို ဖွင့်အံလာကြသည့် အလျောက် အံ့သြစရာကောင်းလောက် အောင် လူသေလျှင် ၀မ်းသာအားရ သြဘာ ပေးနေကြသည်ကို မမြင်ချင်အဆုံး မြင်တွေ့ လာရသည်။

နေရာတစ်ခုမှာ၊ တိုက်ပွဲတစ်ခုမှာ လူ တစ်ယောက် သေသွားသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်ပေါ်သို့တက်လာ တိုင်း ““သေသင့်တာကြာလှပြီ၊ ခွေးမျိုးတွေ မျိုးတုံးမှအေးမယ်၊ သေသွားလည်း ကောင်း တာပဲ””စသည့် စသည့်စကားလုံးများဖြင့် မှတ်ချက်များပေးနေကြသည်ကို တွေ့မိ သည့်အခါ ဗုဒ်္ဓဘာသာကိုးကွယ်သည်ဟု လည်းဆိုသော၊ ယဉ်ကျေးမှုမြင့်မြတ်ပါသည် ဟုလည်းဆိုသော၊ မျိုးနွယ်သန့်ပါသည်ဟု မိမိကိုယ်ကိုယ်ယူဆကြသောသူများ စုပေါင်း နေထိုင်ကြသည့်တိုင်းပြည်တွင် ယခုလို စကားများက အတော်လေးကို ထူးဆန်း အံ့သြစရာလည်းဖြစ်သလို ရွံ့ရှာစက်ဆုပ် စရာလည်းဖြစ်သည်။

အများသိကြသည့်အတိုင်းပါပဲ။ နိုင်ငံတစ်နိုင်ငံလုံးမှာ လက်နက်ကိုင် အင် အားစုတွေကလည်း အင်္ဂလန်မှာ ဘောလုံးပွဲ အသင်းတွေများသလို များနေသည်။ ဒီတော့ သူ့ဖန်နှင့်သူဆိုသလို သူ့ပရိသတ်နှင့် သူရှိနေသည်။ တကယ်တမ်း သူတို့အချင်းချင်းတိုက်ခိုက်ကြသည်ဆိုသော်လည်း သူ့တို့ ၏ နောက်ကွယ်က အားပေးနေသည့်အုပ်စု များကတော့ ကိုယ့်ဘက်နာလျှင် ဒေါသဖြစ်ကြ, ပေါက်ကွဲကြ၊ သူ့ဘက်နာလျှင် ၀မ်းသာပြ ကြ, ရွှင်မြူးပြကြနှင့် သံသရာလည်နေကြ သည်။ သို့သော် သူတို့ ၀မ်းသာပြသည့်ကိစ်္စမှာ ဘောလုံးပွဲ ကိစ်္စမျိုး၊ ကြက်တောင်ရိုက်ပြိုင်ပွဲလိုကိစ်္စမျိုးမဟုတ်ပဲ လူအချင်းချင်းသတ်ဖြတ် သည့်ကိစ်္စရပ်များဖြစ်နေသည်။ ခုတလော ဖြစ်စဉ်တွေကို ကြည့်လိုက်လျှင် အဆိုပါ မှတ်ချက်များစွာကို စိတ်မကောင်းဖွယ်တွေ့ နေရသည်။ ၂၂-၉-၂၀၁၉က ကျောက်တော် တွင် ရဲတပ်ကြပ်ကြီးတစ်ဦး သူ့နေအိမ်မှ တာဝန်ကျ ရာဘုတ်ဆိပ်သို့အသွား အမည် မသိသူတစ်ဦးက ဓားဖြင့် ထိုးသွား၍သေဆုံး သည့် သတင်းတက်လာသည်။ မှတ်ချက် များထဲတွင် တစ်ခုသောဖေ့စ်ဘုတ်အကောင့် က very good ဟုရေးထားသည်ကို စိတ် မချမ်းမြေ့စွာ တွေ့ရသည်။ ပရိုဖိုင်အစစ် မသုံးကြသော်ငြား လူတစ်ဦးတစ်ယောက် သုံးသည်ကတော့ သေချာသည်။ သူ့စိတ် ထဲမှာ တကယ်ပဲ ကျေနပ်မှုဖြစ်သွားသလား။ တခြားအကောင့်များကလည်း အထက်ပါ မှတ်ချက်နှင့် အလားတူ မှတ်ချက်များကိုပေး နေကြသည်ကိုတွေ့ရသည်။ ယခုလိုမှတ် ချက်များသည် အဆိုပါဖြစ်စဉ်တစ်ခုတည်း မှာပဲ မဟုတ်ပေ။ လူသတ်မှု၊ လူသေမှု၊ တပ်စခန်းများကျ ဆုံးမှု၊ ဗုံးဖောက်ခံရမှု စသည့် စသည့်ဖြစ်ကပ်တိုင်းတွင် ဟိုဘက်က သေလျှင် ဒီဘက်ကဟု ယူဆရသောသူများ က ၀မ်းသာပြလိုက်၊ ဒီဘက်သေလျှင် ဟိုဘက် ကဟု ယူဆလိုသောသူများက ၀မ်းသာပြ လိုက်ဖြင့် မိမိတို့၏ ရပ်တည်မှုကို ဖော်ပြ နေကြသည်။ တကယ်တမ်းတွေးကြည့်လျှင် ဘာသာလည်းမခြားသော၊ တစ်နိုင်ငံတည်း မှာ နေထိုင်နေကြသူအချင်းချင်း တစ်ဦးသေ လျှင်တစ်ဦးက ၀မ်းသာနေကြသည့်ကိစ်္စ၊ တစ်ဖွဲ့သေလျှင် တစ်ဖွဲ့ဝမ်းသာပြနေသည့် ကိစ်္စမှာ အလွန်တရာမှ ၀မ်းနည်းဖွယ်လည်း ကောင်းသည်။

သို့သော် တကယ်တမ်းတာဝန်ရှိသူများ က ဒီဖြစ်ရပ်များအပေါ်မှာ သင်ခန်းစာယူနိုင် ကြပြီလား။ မမြင်ကြသေးဘူးလားဆိုသော မေးခွန်းကို ကိုယ့်ဘာသာ မေးမိသည်။ မြင်တော့မြင်ကြမှာပါပဲ။ သို့သော် နက်ရှိုင်း စွာမြင်တတ်ဖို့လည်းအရေးကြီးသေးသည်။ ကြားတော့ကြားသည်။ သို့သော် ရှင်းလင်း စွာကြားဖို့လည်း အရေးကြီးသည်။

မကြာသေးမီကလည်း AA က ရွှေနဒီ အမြန်ယာဉ်ပေါ်ရှိ အစိုးရ၀န်ထမ်းတချို့နှင် ခရီးသည်တချို့အား ဖမ်းဆီးခေါ်ဆောင် သွားစဉ် တပ်မတော်က ရဟတ်ယာဉ်ဖြင့် ကယ်တင်သည်ဆို၏။ သို့သော် တချို့အရာ ရှိများ အစပျောက်သွားသည်။ အရပ်သား များကတော့ ပြန်လွှတ်လာသော်လည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်စဉ်လူတချို့သေသွားသည့်ကိစ်္စကို တပ်မတော်က သူတို့ မပစ်ခတ်မီကတည်းက ဗဗ က ပစ်ခတ်ထား သည်များရှိသည်ဟုဆိုသည်။ တကယ်တမ်း သေသွားကြလျှင်လည်း ယောက်ျားစစ်စစ် များဖွဲ့ထားသော မည်သည့်တပ်ကမျှ ငါတို့ ကြောင့်ဆိုသော တာဝန်ခံမှုကိုလည်း မတွေ့ ရသေးသည်မှာလည်း ထုံးစံလိုဖြစ်နေသည်။ သို့သော် သေသည်ကြားလျှင်တော့ ဖေ့စ်ဘုတ် ပေါ်တွင် ဟိုဘက် ဒီဘက် အပျော်မန့်များက မမြင်ချင်အဆုံးမြင်နေရသည်။

ဒီတော့ကျွန်တော်တို့ဟာ တိုင်းပြည် တစ်ခုတည်းမှာနေထိုင်ရင်း သိမ်မွေ့မြင့် မြတ်လှသော ဘာသာတရား အရိပ်တစ်ခု အောက်မှာရောက်နေပါလျက် တောတွင်း အရိုင်းခေတ်က လူသားတွေ တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ခိုက်ပြီး အနိုင်ရလျှင် ပျော်နေ ကြသလိုပါလားဟု တွေးနေမိသည်။ ဒီလို စိတ်ဓာတ်ရိုင်းစိုင်းမှုကို ဖြစ်တည်အောင် လုပ်ပေးခဲ့သော အကြောင်းတရားများကို လည်း အဖြေရှာမိသည်။ လူဆိုသည်မှာ လည်း သတ်္တ၀ါထဲမှာ ဉဏ်အသာဆုံး၊ အလိမ်္မာ အပါးနပ်ဆုံးဖြစ်သည့်အတွက် ခွန်အားဗလရှိသောဆင်၊ ကျား၊ စသည့် တိရစ်္ဆာန်များကအစ ပြန်ကြောက်ရသည့်သတ်္တ၀ါမျိုးသာဖြစ်ရာအရေးကြုံလျှင် တိုက် ဆိုင်လာလျှင် အရိုင်းစိတ်ကတော့ရှိပေမည်။ သို့သော် လူ့ဘောင်တစ်လျှောက် ဖြတ်သန်း လာမှုထဲတွင် တောရိုင်းတိရစ်္ဆာန်စိတ်များ၊ ယုတ်မာရိုင်းစိုင်းမှုများကို ဥပဒေများ၊ စံနှုန်း များဖြင့် ဖယ်ခွာလာခဲ့ပြီး တချို့တိုးတက် သော နိုင်ငံများမှာ စစ်မဲ့ဇုန်ဖြစ်နေသည်မှာ ကြာခဲ့ပြီ။ စစ်တိုက်ခြင်းသည် လူသား မျိုးနွယ် ၏ တိုးတက်မှုကို နောက်ပြန်ဆုတ်စေသော အခြေခံအကြောင်းတရားဖြစ်သည် ဆိုသည့် ကိစ်္စကို သဘောပေါက်နား လည်လာကြ သည့်အလျောက် စစ်ဖြစ်နေသော နိုင်ငံများ ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ် မြောက်ဖို့ ရနပုံငွေထည့်ဝင်ကြသည်။ တစ်ဖက် တွင်လည်း သူတို့နိုင်ငံ၏ စီးပွားရေးအခွင့် အလမ်းကို မျှော်မှန်းပြီး ထည့်ဝင်ကြသည် လည်း ရှိသည်။ သို့သော် စစ်ပွဲမရှိသော ဒေသတွင်မှ ကောင်းရောင်းကောင်းဝယ် စီးပွားရေးကို လုပ်နိုင်သည်။ စစ်ပွဲဖြစ်နေ လျှင်ရော စီးပွားရေးမလုပ်နိုင်ဘူးလားဆို လျှင် စစ်ဖြစ်နေမှ စီးပွားဖြစ်မည့်သူများက တော့ အလုပ်ဖြစ်သည်။

လက်နက်စက်ရုံတည်ထောင်သူများ၊ လက်နက်ကုန်သည်များ၊ မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူများ စသည့်ပုဂ်္ဂိုလ်များကတော့ စစ်ပွဲမှ အမြတ်ထွက်နေသည်။ တချို့နိုင်ငံ များတွင် အစိုးရအကြီးအကဲများကိုယ်တိုင် စစ်ပွဲဖြစ်အောင်ဖန်တီးပြီး အဆိုပါဝိသမ လောဘသမားများအတွက် အခါတော်ပေး ကာ ၀င်ငွေမြိုးမြိုးမြက်မြက် ရနေသည်များ လည်းရှိသည်။ တစ်ခါတလေ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက်ဆိုသော ဆောင်ပုဒ် အောက်တွင် ဒေါမာန်ပါပါတိုက်နေသော စစ်ပွဲများမှာ ၀ိသမလောဘသားများအတွက် အလုပ်အကျွေးပြုပေးနေသည်ကို မသိရှာ ကြဘဲ ဘ၀ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများ စွာဖြစ်စေတော့သည်။ သို့သော် တကယ့် ကြိုးကိုင်သူများကတော့ နေသာသပ လေညာ က ဖြစ်နေဆဲပင်။ စစ်ပွဲကိုတိုက်သူက ဆောင်ပုဒ်ဖြင့်တိုက်သော်လည်း တိုက်ပွဲဖန် တီးသူများက လောဘဖြင့် ဖန်တီးနေသည် လည်း ရှိတတ်သည်။ ယင်းကြားထဲတွင် အဆင့်အတန်းမရှိသော ၀ိသမလောဘ သမား မီဒီယာများကလည်း မီးလောင်တုန်း လေပင့်သည့်အနေဖြင့် အမုန်းတရားများကို ပြောင်ပြောင်တင်းတင်း ဖြန့်ဖြူးရောင်းချကြ သည်။ အမုန်းတရားကိုယ်စီရှိထားကြသူများ အတွက် စစ်တိုက်သည့်အခါ၊ လူသတ်သည့် အခါ လုံလောက်သော ဒဿနများ၊ ခံယူ ချက်များအဖြစ် အဆင်သင့်ဖြစ်နေကြတော့ သည်။ သို့သော်သူတို့ သတ်လိုက်သူများ သည် မိမိတို့လို အခိုင်းခံအဆင့်မျှသာ၊ လောဘသားကောင်များ၏ နယ်ရုပ်များ အဖြစ်လောက်သာရှိသည်ဆိုခြင်းကို တွေးမိ လောက်အောင်လည်း လုံလောက်သော ပညာများကိုမဖြည့်ရခဲ့ရှာ။ ဆက်စပ်တွေး ရလျှင် မောင်ပိုင်စီးပညာရေးစနစ်၊ မျှတ မှုမရှိသော နိုင်ငံရေးစနစ်၊ တစ်ဖက်ပိတ် သမိုင်းသင်ရိုးများဖြင့် ကြီးပြင်းလာသော လူ့အဖွဲ့အစည်းတွင် မျှတသောအတွေးများ ကို တွေးတတ်အောင် သင်မပေးခဲ့သည် လည်းရှိသည်။ ယင်းကဲ့သို့ ဉဏ်ပညာတိမ် သူများရှိနေသမျှလည်း စစ်ပွဲနှင့် အလုပ်ဖြစ် နေသူများက ပန်းပန်လျက်ရှိနေကြခြင်း ဖြစ်သည်။

မိမိဘက်တော်သားများသေလျှင် ၀မ်းနည်းမဆုံးဖြစ်သော်လည်း  ရွာလုံးကျွတ် ထွက်ပြေးသည်ကို သူပုန်ဖြစ်လို့ထွက်ပြေး တာပါဟု မိမိအိမ်မှာ ပြဿနာ မဖြစ်တိုင်း အထင်ဖြင့် အမနာပရေးသားတတ်သော လော်ဘီတချို့ကိုလည်း စိတ်မချမ်းမြေ့တွေ့ ရသည်။ လူတစ်ဦးကို တခြားစီးပွားရေးပြိုင် ဘက်တစ်ဦးက မကျေမနပ်ဖြစ်နေသည့် အတွက် အကောင့်တုဖြင့် ဒီလူက အမျိုး သားသစ်္စာဖောက်ပါဆိုပြီး ပုဂ်္ဂိုလ်ရေးမုန်း တီးမှုဖြင့် တင်သည်ကို ဘုမသိဘမသိ သတ်ပစ်သင့်သည်၊ ရှင်းပစ်သင့်သည်ဟု မန့်ကြ၊ မျှဝေကြသော ပို့စ်များကိုလည်း ၀မ်းနည်းဖွယ်တွေ့ရသည်။ သို့သော် အောက်ခြေမှာ လက်နက်ချင်း တိုက်နေကြ သော်လည်း ၀ိုင်ခွက်ချင်းတိုက်သူများက တော့ အေးအေးလူလူနေထိုင်နိုင်ကြသည်။ ခေါင်းဆောင်များ ချမ်းသာသော စစ်ပွဲများ တွင် နိုင်ငံရေး အာမခံချက်ဆိုသည်မှာလည်း ဘယ်ပြည်သူမျှရစရာအကြောင်း မရှိပေ။

လူမျိုးနွယ်စု ၁၀၀ကျော်တွင် ၁၀၀ ကျော်နီးပါး မိမိတို့ သန်ရာသန်ရာအုပ်စု များနှင့် ပေါင်းကာ လက်နက်ကိုင်သော နိုင်ငံ၊ သေနတ်ကိုင်လျှင် စစ်တပ်မှပေါ်တာ ဆွဲတာလွတ်ပြီဟု ယူဆလာခဲ့သော သေ နတ်ကိုင်ခြင်းအရသာကို သိသွားသူများ လာသည့်နိုင်ငံ၊ လွတ်လပ်ရေးရပြီးကတည်း က နိုင်ငံရေးကတိကို အကောင်အထည်ဖော် ရန်ပျက်ကွက်သောနိုင်ငံတွင် သူ့အုပ်စု ကိုယ့်အုပ်စု အပြန်အလှန်တိုက်ခိုက်ရင်း မိမိတို့ကိုယ်ကိုယ်ကောင်းသည်ဟု ကင်းပွန်း တပ်၊ တစ်ဖက်သားကို မကောင်းသူဟုကင်း ပွန်းတပ်ခြင်း၏ အကျိုးဆက်က ဘယ်သူ သေသေ ၀မ်းနည်းသူတစ်ဖက်၊ ၀မ်းသာသူ တစ်ဖက် ရှိလာခြင်းပင်ဖြစ်သည်ဟု ယူဆရ သည်။ ဒီလိုအော့နှလုံး ယဉ်ကျေးမှုကတော့ အုပ်စိုးသူတို့ လိမ်္မာပါးနပ်မှုကြောင့်သာ လျော့နည်းဖွယ်ရှိသလို အမြစ်တွယ်အောင် လုပ်နိုင်သည်မှာလည်း တာဝန်ရှိသူများသာ ဖြစ်ပါကြောင်း။

 

ကျော်လင်း(ရောင်စုံ)