ျမစ္ႀကီးနား စီပြားေရးဇုန္အား ခ်ဥ္းကပ္ျခင္း

 

Unicode Font

“ကချင်ပြည်နယ်အစိုးသည် မြေဧက ၄၇၀၀အား နှစ် ၅၀ ငှါးရမ်းမည်ဖြစ်သည်။ မြေငှါးရမ်းခမှ ရရှိသောအခွန်များအား ထိုကုမ္မဏီ၌ ရှယ်ယာအဖြစ်ပြန်လည်ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။ ကချင်ပြည်သူဒေသခံများသည် မြေယာသိမ်းမှုများ ရင်ဆိုင်လာ နိုင်သည်ကို  ကြောက်ရွံ့စိုးရိမ်နေကြသည်။ ပြည်သူများ၏ မြေယာများ နစ်နာကြေးတစုံတရာမရရှိဘဲ ဆုံးရှုံးသွားမည်ကို စိုးရိမ် နေကြသည်။ ဥပဒေဖြစ်ကာကွယ်ပေးမှု နည်းပါးနေပါသည်။”

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ နမ်ကျင်ကျေးရွာတွင်တည်ဆောက်မည့် စီးပွားရေးဇုန်သည် ကချင်ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ၏ ယူနန် ထိန်ချုံးဟန်ရန်း ရင်းနှီးမြုပ်နှံမှုကုမ္မဏီ Yunnan Tengchong Heng Yong Inverstment Company -YTHIC တို့နှစ်ဦးအကျိုးသဘောတူတည်ဆောက်မည့်စီမံကိန်းဖြစ်သည်။ ကချင်ပြည်သူလူထုအတွက် စိုရိမ်းစရာကောင်းသည်မှာ အစိုးရနှင့် ကုမ္မဏီကြား လက်မှတ်ရေးထိုးကြသည့်  MOU စာချုပ်မှာ လူထုထံသို့ချပြခြင်း မရှိခြင်း ပွင့်လင်းမြင်သာမှုမရှိခြင်းတို့မှာ စီမံကိန်းအကောင်အထည်ဖော်မှုအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကင်းမဲ့နေသည်။ အထူးသဖြင့် ဒေသခံတို့၏ အကျိုးစီးပွား ထိခိုက်လာမည်ကို စိုးရိမ်ရလေသည်။ ယခုလ ဇွန်၉ရက် တွင်ထုတ်ပြန်သည့်Sandhi Governance Insitute ၏ Myitkyina Economic Development Zone -MEDZ အစီရင်ခံစာတွင် အစိုးရနှင့် ပြည်သူလူထု ၌ ဆုံးရှုးံ နစ်နာ လာနိုင်သည့် အချက်ငါးချက် အား တိုက်တွန်းဖော်ပြထားလေသည်။

 

၁။ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေး

 

၂။ လုပ်ငန်းလည်ပတ်ရေး

 

၃။ ဘဏ္ဍာရေးနှင့်စီးပွားရေး

 

၄။ ဥပဒေရေးရာ /စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်

 

၅။ နိုင်ငံရေးတို့ဖြစ်ပါသည်။

 

YTHIC သည် Yunnan Baoshan Hengyi အဖွဲ့ ထိန်ချုံး နယ်စပ် စီးပွားရေး ပူးပေါင်းဆောက်ရွက်မှု ဇုန်တို့မှပိုင်ဆိုင်လေသည်။ ယခု MEDZ ဆောက်လုပ်မည့် ကုမ္မဏီသည် နှစ်စဉ်အစီရင်ခံစာများ ငွေစာရင်းရှင်းတမ်းများ စီမံကိန်းအတွက် ငွေကြေးသုံးစွဲပုံနှင့် ဆောက်ရွက်ခဲ့သော စီမံကိန်းများ၏ မှတ်တမ်းများ လေ့လာသည့်အခါ မှတ်တမ်းများမတွေရချေ။ ထိုကြောင့် YTHIC သည် ဖွံ့ဖြိုးတက်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ အခြေအနေများ အန္တရာယ်ရှိသည့် အနေအထားဖြစ်နေသည်။

 

စီးပွားရေးဇုန်တည်ဆောက်မှုနဲ့အတူ နယ်စပ်မှ တရားမဝင် အလုပ်သမားများ ကုန်စည်များ ပြည်တွင်းသို့ဝင်ရောက်လာနိုင်ပြီး ကချင်ပြည်နယ်မှလည်း တရားမဝင် တောရိုင်းတိရိစ္ဆာန်များ သယံဇာတများ တရုတ်နိုင်ငံထဲသို့ဝင်ရောက်သွားနိုင်သည်ကို သိပြုသင့် သည်။ ကချင်ပြည်နယ်အစိုးရမှ အခွန်ငွေတွေလည်း ဆုံးရှုံးလာနိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး ကာကွယ်မှုပြုလုပ်ရပါမည်။ “ကချင်ပြည်နယ်အစိုးသည် မြေဧက ၄၇၀၀အား နှစ် ၅၀ ငှါးရမ်းမည်ဖြစ်သည်။ မြေငှါးရမ်းခမှ ရရှိသောအခွန်များအား ထိုကုမ္မဏီ၌ ရှယ်ယာအဖြစ်ပြန်လည်ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။ ကချင်ပြည်သူဒေသခံများသည် မြေယာသိမ်းမှုများ ရင်ဆိုင်လာ နိုင်သည်ကို  ကြောက်ရွံ့စိုးရိမ်နေကြသည်။ ပြည်သူများ၏ မြေယာများ နစ်နာကြေးတစုံတရာမရရှိဘဲ ဆုံးရှုံးသွားမည်ကို စိုးရိမ် နေကြသည်။ ဥပဒေဖြစ်ကာကွယ်ပေးမှု နည်းပါးနေပါသည်။”

 

စီမံကိန်း၏ ငွေကြေးနှင့် စီးပွားရေးအလားအလာပို မသိရခြင်း ကချင်ပြည်နယ်အစိုးရနှင့် အခွန်ထမ်းသူများ၏ တာဝန်ယူမှု တာဝန်ခံ မှု အားရှင်းလင်းချပြထားမှု မရှိခြင်းတို့ပါဝင်နေသည်။ ၎င်းစီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်ကို အများပြည်သူသိရှိနိုင်သော်လည်း ပြည်သူများမှ ပြန်လည်ရရှိနိုင်သော အကျိုးအမြတ်များနှင့် တတိယအဖွဲ့အစည်း၏ အရည်အသွေးနှင့် ကုန်ကျစရိတ်အပေါ် သုံးသပ် မှုမသိရခြင်းပါဝင်နေလေသည်။ ၎င်းစီပွားရေးဇုန်တည်ဆောက်မည့်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ၄၀၀မီလီယမ်ခန့် ကုန်ကျ မည်ဖြစ်သည်။

 

Yunnan Tengchong Heng Yong Inverstment Company -YTHIC တည်ဆောက် မည့်MEDZအား ကချင်ပြည်နယ် လွှတ်တော်မှ လည်း ထိန်းကျောင်းသင့်သည်။ သို့မဟုတ်ပါက လာဒ်စားမှုများနှင့် အခြားဆုံးရှုးံနစ်နာလာနိုင်စရာများ ဖြစ်ပေါ်လာနိုင်သည်။ ကချင်ပြည်နယ် အစိုးရမှလည်း လွှတ်တော်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသင့်သည်။ MOU စာချုပ်တွင် လွှတ်တော်၏ အခန်း ကဏ္ဍမှာ ပြင်ပရောက်နေခဲ့လေသည်။ လွှတ်တော်အနေဖြင့် အစိုးရနှင့် YTHIC နှင့်ချုပ်ဆိုမည့် လုပ်ငန်းစဉ်တိုင်း ပါဝင်ဆောင်ရွက် သင့်သည်။

 

နိုင်ငံခြား ကုမ္မဏီများအနေဖြင့် မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှုကော်မရှင်၏ မူဝါဒနှင့်ရည်ရွယ်ချက်နှင့်အညီလုပ်ဆောင်သင့်သည်။ ရင်းနှီးမြုပ်နှံသူများအား ပြည်ထောင်စု လွှတ်တော်မှပြဌာန်းထားသော ရင်းနှီးမြုပ်နှံမှု ဥပဒေဖြင့် အအာကာအကွယ်ပေးရန်၊ သဘာဝပတ်ဝန်းကျင် အားထိန်းသိမ်းစောင့်ရှောက်ရန် ၊ လူမှုပတ်ဝန်းကျင်ထိခက်မှုများအား အလေးအနက်ထားရန်၊ နိုင်ငံတကာ သတ်မှတ်ချက်များနှင့်ချက်များနှင့်ချက်များနှင့်က်များနှင့်များနှင့်ားနှင့်းနှင့်င့့် အညီပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော ဘဏ္ဍာရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်စစ်ဆေးမှု အလေ့အကျင့် များဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးနိုင်စေရန်၊ လက်ရှိ အလုပ်သမားဥပဒေများလိုက်နာဆောက်ရွက်စေရန်၊ လူမှုအကျိုးစီးပွားတာဝန်ယူမှုများကို ထောက်ပံပေးရန်၊ နည်းပညာများ လွှဲပြောင်းရယူရန်တို့ပါဝင်သည်။

 

YTHIC သည် MEDZစီးပွားရေးဇုန်အား ၁၅နှစ်ကြာ တည်ဆောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြုပ်နှံသော စီမံကိန်းများထက်အရွယ်အစားပိုမိုကြီးမားကြောင်းသိရသည်။ MOUအား ၂၀၁၈ခုနှစ် မတ်လ ယူနန်ပြည်နယ် ကူမင်းမြို့၌ YTHIC နှင့် ကချင်ပြည်နယ် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ကချင်ပြည်နယ် အစိုးရအနေဖြင့် MEDZတည်ဆောက်မှုနှင့်စပ်လျှဉ်းပြီး ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှု ရှိသင့်သည်။ ယခုအချိန်ခါတွင် မည်သည့်အဆင့်တွင်ရှိနေပြီး ဆိုသည့်အကြောင်း ပြည်သူ လူထုမှ မသိရသည်မှာ အလွန်စိုရိမ်းစရာကောင်းလှပါသည်။ ကချင်ပြည်သူများအနေဖြင့်ဂျင်းမိမည့်အရေး သတိထားသင့်သည်။ ၎င်းMEDZသည် BRIစီမံကိန်းထဲတွင်ပါဝက်မှုမရှိချေ။ ကန်ပိုင်တည်စီပွားရေးဇုန်မှာမူ BRIစီမံကိန်းထဲတွင်တစိတ်တစ်ဒေသ ပါဝင် လေသည်။

 

၎င်း မြေဧရိယာသည် ကေအိုင်အေ၏ ထိန်းချုပ်မှုအောက်တွင်ရှိသောရပ်ဝန်းဖြစ်သည်။ ကေအိုင်အေရင်း(၁၁)နှင့် အလွန်နီးကပ်သည့် အနေအထားတွင်ရှိသည်။ အစိုးရမှ ၂၀၁၈ခုနှစ် က ထိုဧရိယာအားထိန်းချုပ်နိုင်မှု ပြုနိုင်ရန် ကေအိုင်အေနှင့်တပ်မတော် စစ်ပွဲပြင်း ထန်ခဲ့လေသည်။ ယခုအချိန်တွင် ရင်း၁၁အားတပ်မတော်မှ ထိန်းချုပ်ထားပြီးဖြစ်သည်။ ထိုစစ်ပွဲ ၌ ပြည်သူ၅၀ ၀၀ကျော် စစ်ပြေး ဒုက္ခသည်ဖြစ်ခဲ့ရလေသည်။ ပြည်သူများအသက်ဆုံးရှုးံမှု များစွာဖြစ်ပေါ်ခဲ့ရလေသည်။ကဆုန့်ဒေသခံ ပြည်သူများ၏ ဘဏ္ဍာ များစွာဆုံးရှုးံခဲ့ရလေသည်။ တပ်မတော်နှင့်ကေအိုင်အေ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ရလေသည်။ လူမျိုးရေး ပဠိပက္ခများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်းသတိပြုသင့်သည်။ MEDZ တည်ဆောက်မှုသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိ အောင်လည်း ကြိုတင်ကာကွယ် ဆောင်ရွက်ထားသင့်သည်။

 

ကချင်ပြည်နယ် အစိုးရအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားအား ထိခိုက်ခြင်းမရှိဘဲ ပိုမိုကောင်းမွန်သော စီးပွားရေးဇုန်အဖြစ် တည်ဆောက်ရန် လိုအပ်ပေသည်။ ပြည်သူလူထု၏ အကျိုးစီးပွားအား ရှေးရှုပြီး အဓိကထား ရှေ့ဆက်လုပ်ဆောင်သင့်လေသည်။ ရှေ့ဆက်လုပ်ငန်းစဉ်များအား ပြည်သူလူထုအား ချပြသင့်သည် ပွင့်လင်းမြင်သာမှုရှိသင့်သည်။

ဆိုင်းဗျူ

 

 

Zawgyi Font

 

“ကခ်င္ျပည္နယ္အစိုးသည္ ေျမဧက ၄၇၀၀အား ႏွစ္ ၅၀ ငွါးရမ္းမည္ျဖစ္သည္။ ေျမငွါးရမ္းခမွ ရရွိေသာအခြန္မ်ားအား ထိုကုမၼဏီ၌ ရွယ္ယာအျဖစ္ျပန္လည္ရင္းႏွီးျမဳပ္ႏွံမည္ျဖစ္သည္။ ကခ်င္ျပည္သူေဒသခံမ်ားသည္ ေျမယာသိမ္းမႈမ်ား ရင္ဆိုင္လာ နိုင္သည္ကို ေၾကာက္႐ြံ႕စိုးရိမ္ေနၾကသည္။ ျပည္သူမ်ား၏ ေျမယာမ်ား နစ္နာေၾကးတစုံတရာမရရွိဘဲ ဆုံးရႈံးသြားမည္ကို စိုးရိမ္ ေနၾကသည္။ ဥပေဒျဖစ္ကာကြယ္ေပးမႈ နည္းပါးေနပါသည္။”

 

ကခ်င္​ျပည္​နယ္​ ျမစ္​ႀကီးနားၿမိဳ႕ ႐ွိ နမ္​က်င္​​ေက်းရြာတြင္​တည္​​ေဆာက္​မည္​့ စီးပြား​ေရးဇုန္​သည္​ ကခ်င္​ျပည္​နယ္​အစိုးရႏွင္​့ တ႐ုတ္​ႏိုင္​ငံ၏ ယူနန္​ ထိန္​ခ်ံဳးဟန္​ရန္​း ရင္​းႏွီးျမဳပ္​ႏွံမႈ​ကုမၼဏီ Yunnan Tengchong Heng Yong Inverstment Company -YTHIC တို႔ႏွစ္​ဦးအက်ိဳးသ​ေဘာတူတည္​​ေဆာက္​မည္​့စီမံကိန္​းျဖစ္​သည္​။ ကခ်င္​ျပည္​သူလူထုအတြက္​ စိုရိမ္းစရာ​ေကာင္​းသည္​မွာ အစိုးရ ႏွင္​့ ကုမၼဏီၾကား လက္​မွတ္​​ေရးထိုးၾကသည္​့  MOU စာခ်ဳပ္​မွာ လူထုထံသို႔ခ်ျပျခင္​း မ႐ွိျခင္​း ပြင္​့လင္​းျမင္​သာမႈမ႐ွိျခင္​းတို႔မွာ စီမံကိန္​းအ​ေကာင္​အထည္​​​ေဖာ္​မႈအ​ေပၚ ျပည္​သူလူထု၏ ယံုၾကည္​မႈကင္​းမဲ့​ေနသည္​။ အထူးသျဖင္​့ ​ေဒသခံတို႔၏ အက်ိဳးစီးပြား ထိခိုက္​လာမည္​ကို စိုးရိမ္​ရ​ေလသည္​။ ယခုလ ဇြန္၉ရက္ တြင္​​​ထုတ္​္​ျပန္​သည္​့Sandhi Governance Insitute ၏ Myitkyina Economic Development Zone -MEDZ အစီရင္​ခံစာတြင္​ အစိုးရႏွင္​့ ႃပည္​သူလူထု ၌ ဆံုး႐ႈးံ နစ္​နာ လာနိုင္သည့္ ​​အခ်က္​ငါးခ်က္​ အား တိုက္တြန္း​​​​ေဖာ္​ျပထား​ေလသည္​။

 

၁။ဖြံ႔ၿဖိဳး​ေရးႏွင္​့ ​ေဆာက္​လုပ္​​ေရး

 

၂။ လုပ္​ငန္​းလည္​ပတ္​​ေရး

 

၃။ ဘ႑ာ​ေရးႏွင္​့စီးပြား​ေရး

 

၄။ ဥပ​ေဒ​ေရးရာ /စည္​းမ်ဥ္​းမ်ားႏွင္​့ သဘာဝပတ္​ဝန္​းက်င္​

 

၅။ ႏိုင္​ငံ​ေရးတို႔ျဖစ္​ပါသည္​။

 

YTHIC သည္​ Yunnan Baoshan Hengyi အဖြဲ႔ ထိန္​ခ်ံဳး နယ္​စပ္​ စီးပြား​ေရး ပူး​ေပါင္​း​ေဆာက္​ရြက္​မႈ ဇုန္​တို႔မွပိုင္​ဆိုင္​​ေလသည္​။ ယခု MEDZ ​ေဆာက္​လုပ္​မည္​့ ကုမၼဏီသည္​ ႏွစ္​စဥ္​အစီရင္​ခံစာမ်ား ​ေငြစာရင္​း႐ွင္​းတမ္​းမ်ား စီမံကိန္​းအတြက္​ ​ေငြ​ေၾကးသံုးစြဲပံု ႏွင္​့ ​ေဆာက္​ရြက္​ခဲ့​ေသာ စီမံကိန္​းမ်ား၏ မွတ္​တမ္​းမ်ား ​ေလ့လာသည္​့အခါ မွတ္​တမ္​းမ်ားမ​ေတြရ​ေခ်။ ထို​ေၾကာင္​့ YTHIC သည္​ ဖြံ႔ၿဖိဳးတက္​​ေရးႏွင္​့ ​ေဆာက္​လုပ္​​ေရးဆိုင္​ရာ အ​ေျခအ​ေနမ်ား အႏၱရာယ္​႐ွိသည္​့ အ​ေနအထားျဖစ္​​ေနသည္​။

 

စီးပြား​ေရးဇုန္​တည္​​ေဆာက္​မႈနဲ႔အတူ နယ္​စပ္​မွ တရားမဝင္​ အလုပ္​သမားမ်ား ကုန္​စည္​မ်ား ျပည္​တြင္​းသို႔ဝင္​​ေရာက္​လာႏိုင္​ၿပီး ကခ်င္​ျပည္​နယ္​မွလည္​း တရားမဝင္​ ​ေတာ႐ိုင္​းတိရိစာၦန္​မ်ား သယံဇာတမ်ား တ႐ုတ္​ႏိုင္​ငံထဲသို႔ဝင္​​ေရာက္​သြားႏိုင္​သည္​ကိုသိျပဳ သင္​့သည္​။ ကခ်င္​ျပည္​နယ္​အစိုးရမွ အခြန္​​ေငြ​ေတြလည္​း ဆံုး႐ႈးံလာႏိုင္​သည္​ကို ထည္​့သြင္​းစဥ္​းစားၿပီး ကာကြယ္​မႈျပလုပ္​ရပါမည္​။ ကခ်င္​ျပည္​နယ္​ အစိုးရမွ ​ေျမဧက ၄၇၀၀အား ႏွစ္​၅၀ ငွါးရမ္​းမည္​ျဖစ္​သည္​။ ေျမငွါးရမ္​းခမွ ရ ႐ွိ​ေသာ အခြန္​မ်ားအား ထိုကုမၼဏီ၌ ႐ွယ္​ယာအျဖစ္​ျပန္​လည္​ရင္​းႏွီးျမဳပ္​ႏွံမည္​ျဖစ္​သည္​။ ​ကခ်င္​ျပည္​သူ​ေဒသခံမ်ားမွ ​ေျမယာ သိမ္​းမႈမ်ား ရင္​ဆိုင္​လာႏိုင္​သည္​ကို  ​ေၾကာက္​ရြံ႕စိုးရိမ္​​ေနၾကသည္​။ ျပည္​သူမ်ား၏ ​ေျမယာမ်ား နစ္​နာ​ေၾကးတစံုတရာ မရ ႐ွိဘဲ ဆံုး႐ႈးံသြားႏိုင္​မည္​စိုးရိမ္​​ေနၾကသည္​။ ဥပ​ေဒျဖစ္​ကာကြယ္​ ​ေပးမႈ နည္​းပါး​ေနပါသည္​။ ​

 

စီမံကိန္​း၏ ​ေငြ​ေၾကးႏွင္​့ စီးပြား​ေရးအလားအလာပို မသိရျခင္း ကခ်င္​ျပည္​နယ္​အစိုးရႏွင္​့ အခြန္​ထမ္​းသူမ်ား၏ တာဝန္​ယူမႈတာဝန္​ခံမႈ အား႐ွင္​းလင္​းခ်ျပထားမႈ မ႐ွိျခင္​းတို႔ပါဝင္​​ေနသည္​။ ၎စီမံကိန္​း၏ စုစု​ေပါင္​း ကုန္​က်စရိတ္​ကုိ အမ်ားျပည္​သူသိ႐ွိႏိုင္​​ေသာ္​လည္​း ျပည္​သူမ်ားမွ ျပန္​လည္​ရ ႐ွိႏိုင္​​ေသာ အက်ိဳးအျမတ္​မ်ားႏွင္​့ တတိယအဖြဲ႔အစည္​း၏ အရည္​အ​ေသြးႏွင္​့ ကုန္​က်စရိတ္​အ​ေပၚသံုးသပ္​မႈမသိရျခင္​းပါဝင္​​ေန​ေလသည္​။ ၎စီပြား​ေရးဇုန္​တည္​​ေဆာက္​မည္​့ကုန္​က်စရိတ္​မွာ အ​ေမရိကန္​​ေဒၚလာ၄၀၀ မီလီယမ္​ခန္​႔ ကုန္​က်မည္​ျဖစ္​သည္​။

 

Yunnan Tengchong Heng Yong Inverstment Company -YTHIC တည္​​ေဆာက္​ မည္​့MEDZအား ကခ်င္​ျပည္​နယ္​ လႊတ္​​ေတာ္​မွလည္​း ထိန္​း​ေက်ာင္​းသင္​့သည္​။ သို႔မဟုတ္​ပါက လာဒ္​စားမႈမ်ား ႏွင္​့ အျခားဆံုး႐ႈးံနစ္​နာလာႏိုင္​စရာမ်ား ျဖစ္​​ေပၚလာႏိုင္​သည္​။ ကခ်င္​ျပည္​နယ္​ အစိုးရမွလည္​း လႊတ္​​ေတာ္​၏ ထိန္​းခ်ဳပ္​မႈ ​ေအာက္​တြင္​ ႐ွိ​ေနသင္​့သည္​။ MOU စာခ်ဳပ္​တြင္​ လႊတ္​​ေတာ္​၏ အခန္​းက႑မွာ ​ျပင္​ပ​ေရာက္​​ေနခဲ့​ေလသည္​။ လႊတ္​​ေတာ္​အ​ေနျဖင္​့ အစိုးရႏွင္​့ YTHIC ႏွင္​့ခ်ဳပ္​ဆိုမည္​့ လုပ္​ငန္​းစဥ္​တိုင္​း ပါဝင္​​ေဆာင္​ရြက္​သင္​့သည္​။

 

ႏိုင္​ငံျခား ကုမၼဏီမ်ားအ​ေနျဖင္​့ ျမန္​မာႏိုင္​ငံရင္​းႏွီး ႃမဳပ္​ႏွံမႈ​ေကာ္​မ႐ွင္​၏ မူဝါဒႏွင္​့ရည္ရြယ္ခ်က္နွင့္အညီ​​​​​လုပ္​​ေဆာင္​သင္​့သည္​။ ရင္​း ႏွီးျမဳပ္​ႏွံသူမ်ားအား ျပည္​​ေထာင္​စု လႊတ္​​ေတာ္​မွျပဌာန္​းထား​ေသာ ရင္​းႏွီးျမဳပ္​ႏွံမႈ ဥပ​ေဒျဖင္​့ အအာကာအကြယ္​​ေပးရန္​၊ သဘာဝ ပတ္​ဝန္​းက်င္​ အားထိန္​းသိမ္​း​ေစာင္​့​ေ႐ွာက္​ရန္​ ၊ လူမႈပတ္​ဝန္​းက်င္​ထိခက္​မႈမ်ားအား အ​ေလးအနက္​ထားရန္​၊ ႏိုင္​ငံတကာသတ္​မွတ္​ခ်က္​မ်ားႏွင္​့​ခ်က္​မ်ားႏွင္​့ခ်က္​မ်ားႏွင္​့က္​မ်ားႏွင္​့​မ်ားႏွင္​့ားႏွင္​့းႏွင္​့င္​့​့့ အညီပြင့္လင္​းျမင္​သာ၍ တာဝန္​ယူမႈ ႐ွိ​ေသာ ဘ႑ာ​ေရး ဆိုင္​ရာ သတ္​မွတ္​ခ်က္​မ်ားႏွင္​့စစ္​​ေဆးမႈ အ​ေလ့အက်င္​့ မ်ားျဖစ္​​ေစရန္​ ၊အလုပ္​အကိုင္​အခြင္​့အလမ္​းမ်ားဖန္​တီးႏိုင္​​ေစရန္​၊လက္​႐ွိ အလုပ္​သမားဥပ​ေဒမ်ားလိုက္​နာ​ေဆာက္​ရြက္​​ေစရန္​၊ လူမႈအက်ိဳးစီးပြားတာဝန္​ယူမႈမ်ားကို ​ေထာက္​ပံ​ေပးရန္​၊ နည္​းပညာမ်ား လႊဲ​ေျပာင္​းရယူရန္​တို႔ပါဝင္​သည္​။

 

YTHIC သည္​ MEDZစီးပြား​ေရးဇုန္​အား ၁၅ႏွစ္​ၾကာ တည္​​ေဆာက္​မည္​ျဖစ္​သည္​။ျမန္​မာႏိုင္​ငံတြင္​လာ​ေရာက္​ရင္​းႏွီးျမဳပ္​ႏွံ​ေသာ စီမံကိန္​းမ်ားထက္​အရြယ္​အစားပိုမိုႀကီးမား​ေၾကာင္​းသိရသည္​။ MOUအား ၂၀၁၈ခုႏွစ္​ မတ္​လ ယူနန္​ျပည္​နယ္​ ကူမင္​းၿမိဳ႕၌ YTHICႏွင္​့ ကခ်င္​ျပည္​နယ္​ အစိုးရတို႔ လက္​မွတ္​​ေရးထိုးခဲ့ၾကသည္​။ ကခ်င္​ျပည္​နယ္​ အစိုးရအ​ေနျဖင္​့ MEDZတည္​​ေဆာက္​မႈႏွင္​့ စပ္​လ်ွဥ္​းၿပီး ျပည္​သူလူထုအ​ေပၚ ပြင္​့လင္​းျမင္​သာမႈ ႐ွိသင္​့သည္​။ ယခုအခ်ိန္​ခါတြင္​ မည္​သည္​့အဆင္​့တြင္​႐ွိ​ေနၿပီး ဆိုသည္​့အ​ေၾကာင္​း ျပည္​သူလူထုမွ မသိရ​သည္​မွာ အလြန္​စိုရိမ္​းစရာ​ေကာင္​းလွပါသည္​။ ကခ်င္​ျပည္​သူမ်ားအ​ေနျဖင္​့ဂ်င္​းမိမည္​့အ​ေရး သတိထားသင္​့သည္​။ ၎MEDZသည္​ BRIစီမံကိန္​းထဲတြင္​ပါဝက္​မႈမ႐ွိ​ေခ်။ ကန္​ပိုင္​တည္​စီပြား​ေရးဇုန္​မွာမူ BRIစီမံကိန္​းထဲတြင္​တစိတ္​တစ္​​ေဒသ ပါဝင္​​ေလသည္​။

 

၎ ​ေျမဧရိယာသည္​ ​ေကအိုင္​​ေအ၏ ထိန္​းခ်ဳပ္​မႈ​ေအာက္​တြင္ရွိ​​ေ​သာရပ္​ဝန္​းျဖစ္​သည္​။ ​ေကအိုင္​​ေအရင္​း(၁၁)ႏွင္​့အလြန္​နီးကပ္​သည္​့အ​ေနအထားတြင္​႐ွိသည္​။ အစိုးရမွ ၂၀၁၈ခုႏွစ္​ က ထိုဧရိယာအားထိန္​းခ်ဳပ္​ႏိုင္​မႈ ျပဳႏိုင္​ရန္​ ​ေကအိုင္​​ေအႏွင္​့တပ္​မ​ေတာ္​ စစ္​ပြဲျပင္​းထန္​ခဲ့​ေလသည္​။ ယခုအခ်ိန္တြင္​ ရင္​း၁၁အားတပ္​မ​ေတာ္​မွ ထိန္​းခ်ဳပ္​ထားၿပီးျဖစ္​သည္​။ ထိုစစ္​ပြဲ ၌ ျပည္​သူ၅၀ ၀၀​ေက်ာ္​ စစ္​​ေျပးဒုကၡသည္​ျဖစ္​ခဲ့ရ​ေလသည္​။ ျပည္​သူမ်ားအသက္​ဆံုး႐ႈးံမႈ မ်ားစြာျဖစ္​​ေပၚခဲ့ရ​ေလသည္​။ကဆုန္​႔​ေဒသခံ ျပည္​သူမ်ား၏ ဘ႑ာမ်ားစြာဆံုး႐ႈးံခဲ့ရ​ေလသည္​။ တပ္​မ​ေတာ္​ႏွင္​့​ေကအိုင္​​ေအ တိုက္​ပြဲမ်ား ျပန္​လည္​ျဖစ္​ပြားလာမည္​ကို စိုးရိမ္​ရ​ေလသည္​။ လူမ်ိဳး​ေရးပဠိပကၡမ်ား ျဖစ္​​ေပၚလာနိုင္​သည္​ကိုလည္​းသတိျပဳသင္​့သည္​။ MEDZ တည္​​ေဆာက္​မႈသည္​ သဘာဝပတ္​ဝန္​းက်င္​ ထိခိုက္​မႈ မ႐ွိ​ေအာင္​လည္​း ႀကိဳတင္​ကာကြယ္​ ​ေဆာင္​ရြက္​ထားသင္​့သည္​။

 

ကခ်င္​ျပည္​နယ္​ အစိုးရအ​ေနျဖင္​့ ျပည္​သူလူထု၏ အက်ိဳးစီးပြားအား ထိခိုက္​ျခင္​းမ႐ွိဘဲ ပိုမို​ေကာင္​းမြန္​​ေသာ စီးပြား​ေရးဇုန္​အျဖစ္​ တည္​​ေဆာက္​ရန္​ လိုအပ္​​ေပသည္​။ ျပည္​သူလူထု၏ အက်ိဳးစီးပြားအား ​ေ႐ွး႐ႈၿပီး အဓိကထား ​ေ႐ွ႕ဆက္​ လုပ္​​ေဆာင္​သင္​့​ေလသည္​။ ​ေ႐ွ႕ဆက္​လုပ္​ငန္​းစဥ္​မ်ားအား ျပည္​သူလူထုအား ခ်ျပသင္​့သည္​ ပြင္​့လင္​းျမင္​သာမႈ႐ွိသင္​့သည္​။

 

ဆိုင္​းဗ်ဴ