မြန်မာ့နိုင်ငံရေး လူတန်းစားရပ်တည်မှုနဲ့ ယုံကြည်မှုပြဿနာ

မြန်မာ့ လွတ်လပ်ရေးသက်တမ်းနဲ့ ပြည်တွင်းစစ်သက်တမ်းဟာ အတူတူပဲလို့ ဆိုရပါတော့မယ်။ ၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ပါ။ ဒီကနေ့ဆိုရင် လွတ်လွပ်ရေးကြီးရခဲ့တာ  ၇၁နှစ် (၂၀၁၉-၁၉၄၈) ရှိပါပြီ။ ပြည်တွင်း စစ်က ၁၉၄၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှာစခဲ့ တော့ ပြည်တွင်းစစ်နဲ့ လွတ်လပ်ရေးက ၈၃ရက်ပဲကွာပါတယ်။ ““လွတ်လပ်ရေးဆို တာ ဘာမှန်းမသိခင်မှာ မြန်မာအမျိုးသား လူထုကြီးဟာ ပြည်တွင်းစစ်ဆိုတာကို တွေ့ ကြုံခဲ့ကြရတာဖြစ်ပါတယ်။ ပြည်တွင်းစစ် ကြီး လောင်မြိုက်နေခဲ့တာ နှစ် ၇၀ကျော်ပါ ပြီ။ ဒီကနေ့ဆိုရင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအကြောင်းကို ဘယ် သူကမှ ဘာမှမပြောကြတော့ပါဘူး။ စစ်ပွဲ ကလည်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အတွင်းလောက်မှာပဲ မပြောမဖြစ်တဲ့ ကိစ်္စ ဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ် သက်တဲ့ မပြောမဖြစ်တဲ့ အကြောင်းကိစ်္စများ ရှိမှသာ အစိုးရဘက်၊ သူပုန်ဘက်က တစ်ခု ခု ထွက်ပြောကြတာမျိုးလောက်ပဲ ရှိပါတော့ တယ်။ ထူးခြားချက်က ““သူပုန်ဘက်က ဗကပနဲ့ ဗကပရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ် ရှားမှုတွေ ထူးထူးခြားခြား လှုပ်ရှားနေတာ မျိုး မရှိသလောက်ပါပဲ။ ကချင်နဲ့ ရှမ်းပြည် နယ်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာတောင် ဗကပနဲ့ လူမျိုးစု A.S. လက်နက်ကိုင်တော် လှန်ရေးတွေရှိ,မရှိ အပြတ်ပြောဖို့ခက်ပါ တယ်။ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တစ်ခါတစ်ရံ ဗကပနဲ့ ရှမ်းလူမျိုးနွယ်စုတွေရဲ့ A.S. တွေ၊ လှုပ်ရှားမှုတွေ အခါအားလျော် စွာပေါ်တတ်လေ့ရှိပါတယ်။ ဗကပတွေ ကိုယ်စားပြုတဲ့ PDR/AS ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး A.S. ရှိ,မရှိဆိုတာ ဘယ်သူ ကမှ ကံသေကံမ မပြောနိုင်ပါ။ ပွဲပြီးမီးသေ မဟုတ်တာကတော့ သေချာပါတယ်။

တိုင်းရင်းသားမျိုးနွယ်စုများရဲ့ အမျိုး သားတန်းတူရေးစစ်ပွဲတွေဟာ ၁၉၄၈- ၄၉ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ကရင်၊ မွန်၊ ကယားမျိုးနွယ်စုကြီးဟာ ၁၉၄၈- ၄၉ ခုနှစ်ကတည်းက အမျိုးသားတန်းတူရေး စစ်ပွဲကို စခဲ့ကြတာပါ။

တကယ်က ၄၈ပြည်တွင်းစစ်မီးကို စတင်ရှို့မြိုက်ခဲ့သူဟာ ဖဆပလအဖွဲ့ချုပ်နဲ့ သူ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ သခင်နု၊ သခင်တင်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေနဲ့တပ်ချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းတို့ပါပဲ။ ဒီဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်စုဟာ ၄၈ပြည်တွင်း စစ် ပေါ်လစီကိုစတင်ခဲ့ကြသူတွေ ဖြစ်ပါ တယ်။ ဒီခေါင်းဆောင်စုတွေဟာ ခုအခါမှာ သက်ရှိထင်ရှား မရှိကြတော့ပါဘူး။

ဒီလိုပါပဲ ၁၉၄၈၊ မတ်လ ၂၈ရက်နေ့ မှာ သခင်နုဖဆပလအစိုးရရဲ့ အကြမ်းဖက် ဖိနှိပ်မှုကို ခုခံဆန့်ကျင်ခဲ့ကြတဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်နဲ့ကရင်၊ မွန်၊ကယား၊ ရှမ်းစတဲ့ တော်လှန်ရေးအင်အားစုများရဲ့ ရှေ့တန်းရောက်ထင်ရှားတဲ့ ခေါင်းဆောင် စုအများစုဟာ ခုအခါမှာ သက်ရှိထင်ရှား မရှိကြတော့ပါဘူး။ အလားတူပါပဲ၊ ၁၉၄၈- ၄၉ပြည်တွင်းစစ်ပေါ်လစီကို စတင်ခဲ့ကြတဲ့ ဖဆပလ၊ ပထစ၊ မဆလ စစ်တပ်အကြီးအကဲ အများစုဟာလည်း ခုအခါမှာ သက်ရှိထင် ရှား မရှိကြတော့ပါဘူး။ အလားတူပါပဲ၊ ဗမာပြည် ပြည်တွင်း စစ်အတွင်းမှာ အဓိက နေရာ ကပါခဲ့ကြတဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ ရဲဘော်၊ ကရင်၊ မွန်၊ ကယား၊ ရှမ်းမျိုးနွယ်စု ကြီးများရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်စုအများ စုဟာ ခုအခါမှာ သက်ရှိထင်ရှား မရှိရှာကြ တော့ပါဘူး။

ဗကပဟာ ပဲခူးရိုးမဌာနချုပ်အတွင်း တည်ဆောက်ရေးနဲ့ စစ်ရေး “လက်ဝဲသွေ ဖည်ရေးအမှားများ၊ “၀”နဲ့ ကိုးကန့်မျိုးနွယ် စုများရဲ့ ခွဲထွက်မှုတွေကြောင့် ၁၉၈၉နှစ် နှစ်ကုန်ပိုင်းအတွင်း “၀”နဲ့ ကိုးကန့်တွေခွဲ ထွက်သွားကြတာကြောင့် အရှေ့မြောက် “၀”နဲ့ ကိုးကန့်ဒေသ ဗကပ A.S. ပြိုကွဲသွား ခဲ့ရတယ်။ အဲဒီအခြေအနေကြောင့် ဗကပ ရဲ့ အရှေ့မြောက်စစ်ဒေသပါတီနဲ့ တော် လှန်ရေးဟာ ၁၉၈၉ နိုဝင်ဘာမှာ ပြိုကွဲသွား ခဲ့ရတယ်။ ဗကပဟာ UG ပါတီအဖြစ် ပုံပြောင်းရပ်တည်သွားခဲ့ရတယ်။ ၂၈-၃- ၄၈မှာစခဲ့တဲ့ ဗကပရဲ့ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး A.S. ဟာ ၁၉၈၉၊ နိုဝင်ဘာ ၃၀ရက်နေ့ကစပြီး UGP အဖြစ်ပုံပြောင်း သွားခဲ့ရပါတယ်။ ဗကပရဲ့ PDR ပုံပြောင်းမှု ဟာ ၄၈ မတ်လ၊ ၂၈ရက်နေ့မှာစခဲ့တဲ့။ ဗကပရဲ့ PDR/AS ပြိုကွဲသွားခဲ့ရပါတယ်။ ၁၉၈၉ နိုဝင်ဘာ ၃၀ရက်နေ့ကစပြီး ဗကပ ဟာ UGပါတီ (မြေအောက်ပါတီ)အဖြစ် ပုံပြောင်းရပ်တည်သွားပါတယ်။ ဗကပက ခေါင်းဆောင် ဆင်နွှဲခဲ့တဲ့ ၄၈ PDR/AS ဟာ ၁၉၈၉၊ နိုဝင်ဘာမှာ မြေအောက်ပါတီ၊ (UG ပါတီ)အဖြစ် ပုံသဏ္ဌာန်ပြောင်းသွား ပါတယ်။ ၄၈မှာ ဗကပစတင်ခဲ့တဲ့ PDR/ASဟာ UGလှုပ်ရှားမှုအဖြစ် ပုံသဏ္ဌာန် ပြောင်းသွားခဲ့ပါတယ်။

ဒုတိယကမ်္ဘာစစ်ကြီး ပြီးတဲ့အခါ လိပ်- ကန်- သစ်နယ်ချဲ့ ဂိုဏ်းဟာ အကြောင်း ပေါင်းစုံကြောင့် အင်အားချည့်နဲ့သွားပါ တယ်။ (၁)အရှေ့ဥရောပမှာ ရုရှားကိုမဏ္ဍိုင် ပြုထားတဲ့ အရှေ့ဥရောပဆိုရှယ်လစ်စနစ် ဂိုဏ်းကြီးစုဖွဲ့ပေါ်ထွက်လာခဲ့တယ်။ (၂)တိုက်ကြီး ၃တိုက် (အာရှ၊ အာဖရိက၊ လက် တင်အမေရိကတိုက်ကြီး)အတွင်း လွတ်လပ် စနိုင်ငံ အများအပြား လွတ်လပ်ရေးရလာခဲ့ ကြတယ်။ လွတ်လပ်စနိုင်ငံများဟာ ဒီမိုက ရေစီရေး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနယ် ချဲ့စနစ် ဆန့်ကျင်ရေးလမ်းကြောင်းပေါ် တက်လာကြတယ်။ တတိယကမ်္ဘာ့နိုင်ငံစု ကြီးအဖြစ် စုဖွဲ့မိလာတယ်။ ငြိမ်ချမ်းရေး၊ လွတ်လပ်ရေး၊ ဆိုရှယ်လစ်ရေး၊ ပြည်သူ့ ဒီမိုကရေစီရေးလမ်းကြောင်း (World Trend)ဟာ ကမ်္ဘာ့ရေစီကြောင်းဖြစ်လာ တယ်။ ဖဆပလသခင်နုအစိုးရက ရွေးလိုက် တဲ့ ““ပြည်တွင်းစစ်လမ်းကြောင်း””ကြောင့် ဗမာ ဗကပဟာ CP/China က လိုက်ခဲ့တဲ့ ဒီမိုကရေစီသစ် လမ်းကြောင်းအတိုင်း လျှောက်တဲ့ ““၄၈ ပြည်သူ့ဒီမိုကရေစီတော် လှန်ရေးလမ်းကြောင်းအတိုင်း လိုက်ပါခဲ့ တယ်။ ဗကပဟာ မိမိကိုယ်တိုင်လိုက်ခဲ့တဲ့ စစ်ရေး၊ ပါတီတည်ဆောက်ရေး၊ လက်ဝဲ သွေဖည်ရေး၊ ဂိုဏ်းခွဲရေးအမှားများကြောင့် ““၀””နဲ့ ကိုးကန့် မျိုးနွယ်စုများရဲ့ ဂိုဏ်းခွဲမှု ကြောင့် ၁၉၈၉၊ နိုဝင်ဘာ ၃၀ရက်နေ့ကစပြီး ဗကပဟာ မြေအောက်ပါတီ (UGပါတီ)အဖြစ် ပုံပြောင်းရပ်တည်သွားခဲ့ရပါတယ်။ ဘယ်လို လူမျိုးက ကျူးလွန်တဲ့ ဘယ်လို လက်ဝဲ, လက်ယာအမှားမျိုးကပဲဖြစ်ဖြစ် ပါတီနဲ့ တော်လှန်ရေးကို နည်းနည်းကလေးမှ ကောင်းကျိုးမပေးခဲ့ကြောင်း ဗကပရဲ့နှစ် ၅၀ (၁၉၃၉- ၁၉၈၉) အတွေ့အကြုံက ကောင်းကောင်းကြီး သက်သေပြခဲ့ပြီးပြီလို့ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

၁၉၆၄- ၁၉၇၅ ခုနှစ်အတွင်း ပဲခူးရိုးမ ဗကပ ဗဟိုဌာနချုပ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ၅၅လမ်းစဉ်နဲ့ ၆၄, ၆၇ခုနှစ်လမ်းစဉ်၊လမ်း စဉ်၂ရပ်အကြားက လမ်းစဉ်တိုက်ပွဲဟာ ကမ်္ဘာ့ မာ့က်စ်ဝါဒပါတီများ တစ်လျှောက်လုံး လက်ခံလိုက်နာ လိုက်ပါခဲ့တဲ့ အတိတ်က အမှားကို နောင်မမှားဖို့ သင်ခန်းစာယူ လမ်းစဉ်ပါ။

““လူနာကိုကယ်ဖို့ ရောဂါကိုကု”” ““လူ ပြဿနာ””ဆိုတဲ့ ကေဒါပြဿနာကို ဥက်္ကဋ္ဌ မော်က ၁၉၃၅ ခရီးရှည်ချီတက်ပွဲ ရင်ထန်း ရောက်တဲ့အချိန်မှာ ဒီသင်ခန်းစာကို ဖော် ထုတ် မိန့်ကြားခဲ့တယ်။

ရုရှားလူ့အဖွဲ့အစည်းနဲ့ အရှေ့ဥရောပ လူ့အဖွဲ့အစည်းများဟာ ကမ်္ဘာပေါ်မှာ မာ့က်စ်လီနင်ဝါဒနဲ့ ကမ်္ဘာ့ဆိုရှယ်လစ်စနစ် ကို စတင်မွေးထုတ် အခြေချပေးခဲ့ ပထ၀ီ ဒေသကြီးဖြစ်ပါတယ်။ မာ့က်စ်အိန်ဂျယ်၊ လီနင်နဲ့ စတာလင်တို့ဟာ သူတို့မွေးဇာတိ ဖြစ်တဲ့ အရှေ့ဥရောပ ပထ၀ီဒေသကြီးများ အတွင်းမှာ မာ့က်လီနင်ဝါဒနဲ့ ဆိုရှယ်လစ် စနစ်ကိုစတင်ဖော်ထုတ် အခြေချပေးခဲ့ကြ ရုံသာမက ကမ်္ဘာပေါ်မှာ မာ့က်စ်လီနင်ဝါဒ နဲ့ ဆိုရှယ်လစ်စနစ်ပျံ့နှံ့ရေး၊ လွှမ်းမိုးသြဇာ သက်ရေးကို ရည်ရွယ်ချက်ရှိရှိပြုမူလှုပ်ရှား ပေါ်ထွက်လာစေဖို့ ကြိုးပမ်းခဲ့ကြသူ သမိုင်း နဲ့ လူမှုဗေဒပညာရှင်များဖြစ်ကြပါတယ်။ ရုရှားနိုင်ငံသားကြီးများဖြစ်ကြတဲ့ ““လီနင်””နဲ့ ““စတာလင်””တို့ဟာ ဆိုရှယ်လစ်စနစ်ကို အရှေ့ဥရောပ ပထ၀ီဒေသကြီး အတွင်းမှာ သာမက ကမ်္ဘာအနှံ့ပြန့်နှံ့ဖို့ ကြိုးပမ်းပေးခဲ့ ကြသူများဖြစ်ပါတယ်။ ဒီမာ့က်စ်ဝါဒီကြီး ၂ဦးဟာ သူတို့တွေ့ကြုံရတဲ့ အတွေ့အကြုံ သစ်များကို စုပေါင်းပြီး ကမ်္ဘာကြီးအတွက် လီနင်ဝါဒဆိုတာကို ထပ်မံပေါင်း ချုပ်လမ်း ညွှန်ပေးခဲ့တယ်။ ကမ်္ဘာကြီးက မာ့က်စ်ဝါဒ၊ လီနင်ဝါဒဆိုတာကို ထပ်မံတိုးဖြည့်လက်ခံကျင့်သုံးခဲ့ကြတယ်။

၁၉၁၄- ၁၉၁၈ ပထမကမ်္ဘာစစ်အတွင်း မှာ လီနင်နဲ့ စတာလင်တို့ ခေါင်းဆောင်တဲ့ ရုရှားလူ့အဖွဲ့အစည်းကြီးဟာ ကမ်္ဘာ့ပထမ ဆိုရှယ်လစ်တော်လှန်ရေးကြီးကို လီနင်နဲ့ စတာလင်တို့ ခေါင်းဆောင်ဆင်နွှဲပြီး အောင်ပွဲရရှိခဲ့ကြတယ်။ မာ့က်စ်အိန်ဂျယ်၊ လီနင်နဲ့ စတာလင်တို့ရဲ့ သဘောတရားနဲ့ လက်တွေ့အရ ကြီးကြပ်ခေါင်းဆောင်မှု အရ ရုရှား လူ့အဖွဲ့အစည်းဟာ မဟာ အောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး ကြီး ဆင်နွှဲပြီး အောင်ပွဲကြီးရယူခဲ့ကြတယ်။ ရုရှားနိုင်ငံဟာ အဲဒီစဉ်က ကမ်္ဘာ့ပထမ ဆိုရှယ်လစ်စနစ် နိုင်ငံနဲ့ ကမ်္ဘာ့ပထမအလုပ် သမား လူတန်းစားပါတီရဲ့ ကမ်္ဘာ့ပထမ ဆိုရှယ်လစ်စနစ် ကိုယ်စားလှယ်ပါတီဖြစ် လာခဲ့ပါတယ်။ ရုရှားအလုပ်သမားလူတန်း စားပါတီ၊ ရုရှားဆိုရှယ်ဒီမိုကရက်တစ်လေဘာပါတီဟာ ကမ်္ဘာ့ပထမအာဏာရဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီဖြစ်လာပါ တယ်။ ဒီဖြစ်ရပ်က ရှိရှိသမျှ ကမ်္ဘာ့ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီများဟာ ““၁၉၁၇ လီနင်နဲ့ စတာလင်တို့ ကိုယ်စားပြု တဲ့ ရုရှားတော်လှန်ရေးအောင်မြင်မှုကို အကြီးအကျယ်အားရကြ၊ လေ့လာချီးကျူး ဂုဏ်ပြုကြပါတယ်။

ဥရောပတိုက်ရဲ့ ထူးခြားချက်က နိုင်ငံ တကာ လက်္ခဏာရှိတဲ့ တော်လှန်ရေးများ၊ အယူဝါဒများနဲ့ ဒီအယူဝါဒများကိုသိရှိဖော် ထုတ်တဲ့ သမိုင်းဝင် ထူးခြားထင်ရှားတဲ့ လူမှုဗေဒပညာရှင်များ Sociologist များ မွေးဖွားဖော်ထုတ်ရာ ပထ၀ီဒေသကြီး ဖြစ် ပါတယ်။ အထူးသဖြင့် ကမ်္ဘာ့လူမှုဗေဒနဲ့ သဘာဝသိပံ်္ပပညာရှင်များ ပေါ်ထွက်ရာ ပထ၀ီဒေသကြီးများလည်းဖြစ်ပါတယ်။ ဥရောပတိုက်ဟာ သဘာဝသိပ်္ပံနဲ့ ပညာရပ် များနဲ့ ဒီပညာရပ်များကို တွေ့သိကြတဲ့ လူမှုဗေဒပညာရှင်များ၊ ပညာရပ်များပေါ် ထွက်ရာ ပထ၀ီဒေသကြီး ဖြစ်တယ်လို့ ဆိုကြရမှာပါ။ ဥရောပဟာ ကမ်္ဘာ့ခေါင်း ဆောင် ပထ၀ီဒေသကြီးလို့ မှတ်ယူကြရမှာ ပါ။ ကမ်္ဘာစစ်ကြီးများ၊ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ်များကို သယ်ဆောင်လာ တာဟာ ဥရောပပါပဲ။ ဒီကနေ့ ၂၁ရာစု အတွင်းမှာလည်း ဥရောပဟာ ကမ်္ဘာ့ရှေ့ ဆောင် ပထ၀ီဒေသကြီးအဖြစ် နေရာယူ ထားဆဲပါပဲ။ စစ်ကြီးအပြီးမှာလည်း ဥရောပနဲ့ အာရှဟာ ကမ်္ဘာ့ခေါင်းဆောင်နေရာရဖို့ စစ်ကြီးအပြီးမှာ ပိုမိုအားပြိုင်နေကြရတာ ပါပဲ။ စစ်ကြီးခေတ်မှာ ဆိုရှယ်လစ် တရုတ် ပြည်ဟာ ကမ်္ဘာ့ရှေ့တန်းရောက်နိုင်ငံကြီး အဖြစ် ရပ်တည်လာခဲ့ပါတယ်။ ဒုတိယ အချက်က စစ်ကြီးပြီးတဲ့အခါမှာ နိုင်ငံတော် တော်များများနယ်ချဲ့စနစ် ကိုလိုနီစနစ် အောက်မှ လွတ်မြောက်လာကြပြီး တတိယ ကမ်္ဘာ့နိုင်ငံစုကြီးအဖြစ် စည်းရုံးစုဖွဲ့လာကြ တယ်။ ဒီတတိယနိုင်ငံစုကြီးဟာ ကမ်္ဘာ့ကုလ သမဂ်္ဂမှာ အသံတစ်သံဖြစ်လာပါတယ်။ အထူးသဖြင့် ဆိုဗီယက်၊ တရုတ်နဲ့လွတ်လပ် ရေးရလာခဲ့ကြတဲ့ ဗမာပြည်လို လွတ်လပ်စ နိုင်ငံစုကြီးဟာ ကမ်္ဘာ့ကုလသမဂ်္ဂမှာပစ်ပယ် မရတဲ့ ““နိုင်ငံရေးအသံတစ်သံဖြစ်လာခဲ့ ပါတယ်။ စစ်ပြီးခေတ်မှာ ဗမာပြည်အပါ အ၀င် နိုင်ငံအများအပြား လွတ်လပ်ရေးရ လာကြပြီး၊ ဒီအစုကြီးဟာ ဆိုဗီယက်ယူနီယံ ရဲ့ ကုလသမဂ်္ဂလှုပ်ရှားမှုများအတွင်းမှာ အရေးပါတဲ့ နိုင်ငံစုကြီး လွတ်လပ်စနိုင်ငံစု ကြီးအဖြစ်ရပ် တည်လာခဲ့ကြတယ်။ UN Platform  မှာ ဒီနိုင်ငံစုကြီးဟာ ဆိုဗီယက်၊ အရှေ့ဥရောပ ဆိုရှယ်လစ်စနစ် နိုင်ငံစုကြီး နဲ့ ညီညွတ်စည်းရုံးကြပြီး UN ကို နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေးစင်မြင့်ကြီး (Platform)အဖြစ် ပုံပြောင်းဖို့ ကြိုးစားလာ ကြတယ်။ UN ဟာ ပေါ်ထွက်လာ ကတည်း က နယ်ချဲ့ဂိုဏ်းရဲ့ အသုံးချခံ ပလက်ဖောင်း ဖြစ်နေရတဲ့အဖြစ်က နယ်ချဲ့ဆန့်ကျင်ရေး စင်မြင့်ဖြစ်ဖို့ ကြိုးစားလာကြပါတယ်။

”ကမ္ဘာ့ကုလသမဂ်္ဂကြီးဟာ အကြောင်း ပေါင်းစုံနဲ့ လိပ်- ကန်- သစ်နယ်ချဲ့ဂိုဏ်းရဲ့ အသုံးချခံအဖွဲ့အစည်းကြီး ဖြစ်နေရာက စစ် ကြီးပြီးတဲ့အခါ ကမ်္ဘာ့ကုလသမဂ်္ဂအဖွဲ့ ကြီးအတွင်း အာဏာရလာကြတဲ့ အရှေ့ ဥရောပ နိုင်ငံများဟာ ကမ်္ဘာ့ဆိုရှယ်လစ်စနစ် နိုင်ငံများဖြစ်လာကြတာကြောင့် ကမ်္ဘာ့ကုလ သမဂ်္ဂကြီးဟာ အရင်းရှင်စနစ်ဂိုဏ်းအလို ကျ စီမံခန့်ခွဲနေတဲ့ ကမ်္ဘာ့အဖွဲ့အစည်းကြီး အဖြစ်က နှိုင်းယှဉ်ချက်အရ …”

ကမ်္ဘာ့ကုလသမဂ်္ဂကြီးဟာ အကြောင်း ပေါင်းစုံနဲ့ လိပ်- ကန်- သစ်နယ်ချဲ့ဂိုဏ်းရဲ့ အသုံးချခံအဖွဲ့အစည်းကြီး ဖြစ်နေရာက စစ် ကြီးပြီးတဲ့အခါ ကမ်္ဘာ့ကုလသမဂ်္ဂအဖွဲ့ ကြီးအတွင်း အာဏာရလာကြတဲ့ အရှေ့ ဥရောပ နိုင်ငံများဟာ ကမ်္ဘာ့ဆိုရှယ်လစ်စနစ် နိုင်ငံများဖြစ်လာကြတာကြောင့် ကမ်္ဘာ့ကုလ သမဂ်္ဂကြီးဟာ အရင်းရှင်စနစ်ဂိုဏ်းအလို ကျ စီမံခန့်ခွဲနေတဲ့ ကမ်္ဘာ့အဖွဲ့အစည်းကြီး အဖြစ်က နှိုင်းယှဉ်ချက်အရဲJust, Free and Fair ဖြစ်တဲ့ ကမ်္ဘာ့အဖွဲ့အစည်းကြီးဖြစ် လာဖို့ အရှေ့ဥရောပဆိုရှယ်လစ်စနစ်ဂိုဏ်း နဲ့ အာရှ၊ အာဖရိက၊ လက်တင်အမေရိကကို ကိုယ်စားပြုတဲ့ တရုတ်၊ အိနိ္ဒယလို တတိယ လွတ်လပ်စနိုင်ငံများက မူ၅ချက်ကိုအခြေ ပြုတဲ့ နိုင်ငံချင်းဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားလာကြတယ်။ ဥရောပ နိုင်ငံတချို့ အာရှ၊ အာဖရိကတိုက်မှ တရုတ်၊ အင်ဒိုနီး ရှား၊ အိနိ္ဒယ၊ မက်ဆီကို၊ ဘရာဇီး၊ ကနေဒါ တို့လို လူဦးရေသန်းရာချီတဲ့ လွတ်လပ်စ နိုင်ငံကြီးများက တရားမျှတတဲ့ ကျိုးကြောင်း ဆီလျော်မှုရှိတဲ့ အပြန်အလှန် အသိအမှတ် ပြုတဲ့ လုံခြုံမှုရှိတဲ့ ကြားနေရေီးDiplomacy ကို ကိုယ်စားပြု ချမှတ်ခဲ့ကြတယ်။ ကမ်္ဘာ ပေါ်မှာ (၁)အရင်းရှင်စနစ်ကြီး၊ လတ်၊ ငယ် နိုင်စုကြီးများက တစ်ဂိုဏ်း၊ ဆိုဗီယက် ပြည်ထောင်စုကြီး ကိုယ်စားပြုတဲ့ ဆိုရှယ် လစ်စနစ်ဂိုဏ်းကြီးက တစ်ဂိုဏ်း၊ ဒီဂိုဏ်းထဲ မှာကို ဆိုဗီယက်ဂိုဏ်း- တရုတ်ဂိုဏ်းကွဲကြ ပါသေးတယ်။ ဒီကနေ့ခေတ်မှာတော့ ဘယ် နိုင်ငံရေးစနစ်အောက်မှာပဲဖြစ်ဖြစ်၊ ခေတ် မီရေးနဲ့ ကြွယ်ဝချမ်းသာရေးဟာ ပဓာနလို အပ်ချက်ပါပဲ။ ခေတ်မီရေးနဲ့ ကြွယ်ဝရေး ဟာ နိုင်ငံရဲ့ပဓာန လိုအပ်ချက်ပါ။ တစ်ခု မရှိရင် တစ်ခုလည်း မရှိနိုင်ပါ။ ကြွယ်ဝချမ်း သာရေးဟှာိုနသူသါပ ရှေ့မှာရှိပါတယ်။ အရင်းရှင်စနစ်နဲ့ ချမ်းသာကြွယ်ဝမှုဟာ ခေါင်းနဲ့ ပန်းပါပဲ။ တစ်ခုက တစ်ခုကို ကိုယ် စားပြုပါတယ်။ တရားမျှတမှုနဲ့ တန်းတူမှုရဲ့ ““တကယ့် တန်းတူမှုအကြောင်းကို အရင်း ရှင်စနစ်နယ်ထဲမှာ ပြောလို့မရနိုင်ပါ။ပုဂ်္ဂလိ က လူမှုဆက်ဆံရေးခွင်ထဲမှာ ““တန်းတူမှုနဲ့ တရားမျှတမှုအကြောင်းပြောတာဟာ ရိုး အရာကျပါတယ်။ ပုဂ်္ဂလိကပိုင် လူမှုစနစ် တည်တံ့နေသမျှ တရားမျှတမှုနဲ့ တန်းတူမှု အကြောင်း ပိုပြောတာဟာ ““ရိုး အရာကျပါ တယ်””လို့ မာ့က်စ်ဝါဒီများက မှတ်ချက်ပေး လာကြပါတယ်။

၁၉၃၉- ၁၉၄၅ ဒုတိယကမ်္ဘာစစ်ကြီးပြီး တဲ့အခါ စစ်မက်ဖက်ပြိုင်ခဲ့ကြတဲ့ နိုင်ငံ အုပ်စုကြီး ၂ခုလုံးဟာ ရှုံးသူရော၊ နိုင်သူပါ စစ်ပွဲက ထားချန်ရစ်ခဲ့တဲ့ စစ်ဘေးဒုက်္ခ ပေါင်းစုံကို ခါးစည်းခံခဲ့ကြရပါတယ်။ဒီအထဲ မှာ ဗမာပြည်လို ဆင်းရဲခေတ်နောက်ကျတဲ့ နိုင်ငံများဟာ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ လူမျိုးရေး၊ အမျိုးသားရေးပြဿနာ ပေါင်း စုံကို ရင်ဆိုင်ကြရပါတယ်။ ဗမာပြည်ဟာ စစ်ပြီးတော့ အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာ ကျန်ခဲ့ရလို့ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင် များက စစ်ပြီးခေတ်အမျိုးသားလွတ်လပ်ရေး တိုက်ပွဲဆင်နွှဲခဲ့ရပြီး ၄- ၁- ၄၈မှာအမျိုးသား လွတ်လပ်ရေးရရှိခဲ့တယ်။ သခင်နု၊ သခင် တင်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ တပ်ချုပ်ဗိုလ် ချုပ်ကြီးနေ၀င်းတို့ ခေါင်းဆောင်တဲ့ သခင် နုဖဆပလအစိုးရဟာ ၂၈-၃-၄၈ရက်နေ့ မှာ ဗကပဆန့်ကျင်ရေး ပြည်တွင်းစစ်ကို စတင် တိုက်ခိုက်ခဲ့တာကြောင့် ဗမာပြည် ဟာ ၄၈ ပြည်တွင်းစစ်ကို ၂၈-၃-၄၈မှ ဒီကနေ့အထိ တိုက်ခိုက်နေကြဆဲဖြစ်ပါ တယ်။ ပြည်တွင်းစစ်ဟာ ၄၈လွတ်လပ်ရေးနဲ့ ရွယ်တူပါပဲ။ စစ်ပွဲအတွင်းမှာ မာ့က်စ်ဝါဒီ အင်အားစုများ မရှိတော့ကြပေမယ့် ၄၈ ပြည်တွင်းစစ်ဟာ ဖြစ်ပွားနေဆဲပါပဲ။

၁၉၄၈ ပြည်တွင်းစစ်အတွင်းမှာ ၁၉၈၉၊ နိုဝင်ဘာ ၃၀ရက်နေ့ကစပြီး ဗကပ ကိုယ်စားပြုတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန် ရေးစစ်ပွဲဟာ ၁၉၈၉၊ နိုဝင်ဘာ ၃၀ရက်နေ့ ကစပြီး ပြိုကွဲသွားခဲ့ပါတယ်။ ဗကပဟာ အဲဒီနေ့ကစပြီး UG/P (မြေအောက်ပါတီ)အဖြစ် ပုံပြောင်း ရပ်တည်သွားခဲ့ပါတယ်။ ဗကပဟာ သခင်နု ဖဆပလအစိုးရက ၂၈- ၃-၄၈ မှာစခဲ့တဲ့ လက်နက်နဲ့အကြမ်းဖက်မှု ကို A.S နဲ့ ခုခံရင်း ၁၉၈၉၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ “၀” မျိုးနွယ်စုများ၊ ခွဲထွက်သွား ခဲ့ကြတာကြောင့် ပါတီကိုUG ပါတီအဖြစ် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး ပုံပြောင်း ရပ်တည်သွားခဲ့တာဟာ ဗကပရဲ့ PDR/A.S ၂၈- ၃- ၄၈ကနေ ၃၀-၁၁-၈၉အထိ နှစ်ပေါင်း ၄၁နှစ်ကျော်ပါပြီ။ ဗကပဟာ ဖဆပလ၊ မဆလ၊ ကြံ့ဖွံ့စစ်အုပ်စုများက ဆင်နွှဲတဲ့ ၄၈စစ်ပွဲကို ၄၁နှစ်ကျော်ကြာ ခုခံစစ်ဆင်နွှဲခဲ့တဲ့ မာ့က်စ် ၀ါဒပါတီကြီးဖြစ် ပါတယ်။

ဗကပပါတီဟာ သခင်နုဖဆပလ အစိုးရမှ မဆလကြံ့ဖွံ့၊ ဒီချုပ်အစိုးရအထိ လစ်ဘရယ်ဓနရှင် လူတန်းစားအစိုးရများမှ ကြံ့ဖွံ့၊ ဒီချုပ်အထိ ဓနရှင်လူတန်းစားအစိုးရ များက ကျင့်သုံးတဲ့ ပြည်တွင်းစစ်ပေါ်လစီကို ၁၉၄၈မှ ဒီကနေ့အထိ A.S နဲ့ ခုခံခဲ့တဲ့ သမိုင်းရှိတဲ့ မာ့က်စ်ဝါဒပါတီကြီးဖြစ်ပါ တယ်။ ဒါပေမယ့် ၁၉၈၉ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဗကပထဲကနေ ““၀””မျိုးနွယ်စုကြီး ခွဲထွက်သွားခဲ့ကြတာကြောင့် ဗကပရဲ့ ၄၈ PDR/A.S ပြိုကွဲသွားခဲ့ရတယ်။ ဗကပဟာ UGပါတီ၊ (မြေအောက်ပါတီ)အဖြစ်ပြောင်း လဲ ရပ်တည်သွားခဲ့ပါတယ်။ ဗ.ှ.အတွင်းမှာ ““၀””နဲ့ ကိုးကန့်မျိုးနွယ်စုများချည်း ကျန်ရစ် ပါတယ်။ ၁၉၄၈၊ မတ်လ ၂၈ရက်နေ့မှာ စတင်ခဲ့တဲ့ ဗကပရဲ့ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး (A.S)ဟာ ၁၉၈၉၊ နိုဝင်ဘာ လအတွင်းမှာ ““၀””မျိုးနွယ်စု ASF များ၊ ဗကပထဲကနေ ခွဲထွက်သွားခဲ့ကြတာကြောင့် ၂၈-၃-၄၈မှာစခဲ့တဲ့ ဗကပရဲ့ ၄၈ PDR/A.S.ပြိုကွဲသွားပြီး ဗကပဟာ ၈၉နိုဝင်ဘာ ကစပြီး UG ပါတီအဖြစ်ပုံပြောင်းရပ်တည်သွားပါတယ်။ ခုအခါမှာ ၁၉၄၈-၄၉၊ မတ်လ ၂၈ရက်နေ့မှာစခဲ့တဲ့ ဗကပရဲ့ PDR/A.S. ဟာ UG အဖြစ် ပုံသဏ္ဌာန်ပြောင်းသွား ပါတယ်။ ၁၉၄၈၊ မတ်လ ၂၈ရက်နေ့မှာ စခဲ့တဲ့ ဗကပရဲ့ PDR/A.S. ဟာ ခုအခါမှာ မြေအောက်လှုပ်ရှားမှု (U.G Work) ဖြစ် သွားပါပြီ။ ဗမာပြည် PDR ပြည်သူ့ဒီမိုက ရေစီတော်လှန်ရေးလှုပ်ရှားမှုဟာ U.Gအဖြစ် ပုံသဏ္ဌာန်ပြောင်းသွားပါပြီ။

၁၉၄၈၊ မတ်လ ၂၈ရက်နေ့မှာ သခင်နု ဖဆပလအစိုးရက ဗကပကိုအကြမ်းဖက် ဖြိုခွဲဖို့ ကြိုးစားလာတာကြောင့် ဗကပရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး (A.S)ဖြစ်ပေါ်လာခဲ့တယ်။ ၁၉၄၈- ၄၉ခုနှစ် အတွင်းမှာ ပြည်သူ့ရဲဘော်၊ အလံနီပါတီနဲ့ ကရင်၊ မွန်၊ ကယားမျိုးနွယ်စုများပါ A.S အတွင်း ပါဝင်လာခဲ့ကြပါတယ်။ ၁၉၄၉- ၅၀ခုနှစ်အတွင်းမှာ သခင်နုဖဆပလအစိုးရ ဟာ ““ရန်ကုန်အစိုးရ””ဖြစ်နေပါပြီ။ ဒါပေ မယ့် A.Sလုပ်နေကြတဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်နဲ့ ကရင်၊ မွန်၊ ကယားစတဲ့ A.Sအင်အားစုများအတွင်းညီညွတ်မှု မရှိ ကြဘဲ ဗိုလ်နေကြရုံသာက အင်္ဂလိပ်ဦစီးတဲ့ ဗြိတိသျှ ဓနသဟာယအဖွဲ့ချုပ်ကြီးကသခင် နုဖဆပလ အစိုးရကို ၁၀နှစ်စာ လက်နက်ခဲ ယမ်းမီးကျောက်နဲ့ စစ်ရေးအကူအညီမျိုးစုံ ပေးခဲ့တာကြောင့် သခင်နုဖဆပလအစိုးရ ဟာ ရန်ကုန်အစိုးရခေတ်ကို ကျော်လွန်နိုင် ခဲ့တယ်။ ဗမာပြည်လက်ဝဲဂိုဏ်းနိုင်ငံရေး အင်အားစုများဟာ ၁၉၄၉- ၅၀စုနှစ်ကာလ စစ်ရေး၊ နိုင်ငံရေးအခြေအနေမျိုးကို ၁၉၇၅၊ မတ်လ၊ ၁၅ရက်နေ့ ပဲခူးရိုးမ ဗကပဌာန ချုပ် ပြိုကွဲရသည်အထိ တစ်ကြိမ်မှ ပြန်မရ ခဲ့တော့ပါ။ အစားပြန်မရနိုင်တဲ့ စစ်ရေး၊ နိုင်ငံရေးအခြေဆိုတာ ဒီအခြေအနေမျိုးကို ဆိုလိုတာပါပဲ။

ဗကပဟာ ၁၉၄၈၊ မတ်လ ၂၈ရက်နေ့ မှ ၁၉၇၅ခုနှစ်၊ မတ်လ၊ ၁၅ရက်နေ့အထိ ပဲခူးရိုးမကို အခြေပြုပြီး ပြည်မမှာ “ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေး (A.S)ဆင်နွှဲခဲ့ပါ တယ်။ ပဲခူးရိုးမပါတီ PHQ ဟာ ပဲခူးရိုးမ အခြေခံဒေသကြီးအတွင်း (၁) ၄၈ A.S. လမ်းစဉ်၊ (၂) ၁၉၅၁ PCG ငြိမ်းချမ်းရေးနဲ့ ညွန့်ပေါင်းအစိုးရလမ်းစဉ်၊ (၃) ၅၂- ၂နှစ် အတွင်း စစ်နိုင်ရေးလမ်းစဉ်၊ (၄) ၅၅ပြည် တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်၊ (၅) ၆၄လမ်းစဉ်၊ (၆) ၆၇ စစ် အနိုင်တိုက်ရေး၊ အာဏာသိမ်းရေးလမ်းစဉ် စတဲ့ လမ်းစဉ်ခေတ်များရဲ့ အနှစ်ချုပ်က A.Sလမ်းလား၊ စစ်ရပ်ရေးလမ်းလားဆိုတာ ပါပဲ။ ၁၉၄၈၊ မတ်လ ၂၈ရက်နေ့ကနေ ၁၉၇၅၊ မတ်လ၊ ၁၅ရက်နေ့အထိ ၂၇နှစ် အတွင်းမှာ ရှိခဲ့,ဖြစ်ခဲ့တဲ့ CC/CBလူကြီး များအတွင်းမှာ ဖြစ်ခဲ့တဲ့ Line struggle များဟာ ပြည်တွင်းစစ်ရပ်စဲရေးလား၊ စစ် နိုင်အောင် တိုက်ရေးလားဆိုတာပဲ။ CC/CBတချို့က A.S. နိုင်အောင်တိုက်ချင် တယ်။ တချို့က အစိုးရနဲ့ အပေးအယူလုပ်၊ ပြည်တွင်းစစ်ရပ်ချင်တယ်။ ဒီပြဿနာဟာ ဗကပ၊ PB၊ CC များအတွင်း ၂၈-၃-၄၈ ပြည်တွင်းစစ်စကတည်းက ဒီကနေ့အထိ ရှိနေတဲ့ နိုင်ငံရေးပြဿနာ၊လမ်းစဉ်ပြဿနာ ပါ။ စစ်ရပ်ဖို့၊ အာဏာရ ဓနရှင် လူတန်းစား နဲ့ ဒိုင်ယာလော့ဂ်လုပ်ဖို့ ဗကပဌာနချုပ် (HQ)က တစ်သက်လုံးအော်လာတာပါ။ အာဏာရ ဖဆပလ၊ သခင်နုအစိုးရ၊မဆလ တပ်ချုပ်အစိုးရ၊ ဒီကနေ့ ဒီချုပ်အစိုးရအထိ အာဏာရလစ်ဘရယ်ဓနရှင် လူတန်းစား ခေါင်းဆောင်အစိုးရများ အားလုံးက လက် နက်အပ်၊ တပ်ဖျက်ဥပဒေတွင်းဝင်၊ ဥပဒေ တွင်းမှာပါတီထောင်၊ ရွေးကောက်ပွဲဝင်နိုင် ရင်၊ ပါတီစုံအစိုးရဖွဲ့ဆိုတဲ့ နိုင်ငံရေးထွက် ပေါက်ကိုပဲ ပေးထားခဲ့တာပါ။ ဒီ Lineကို အာဏာရလစ်ဘရယ် ဓနရှင်လူတန်းစားက ၄၈-၄၉ခုနှစ်၊ သခင်နုဖဆပလ၊ သန့်ရှင်း ဖဆပလ၊ သခင်နုပထစအစိုးရ၊ မဆလ အစိုးရများအထိ ဒီကနေ့ ဒီချုပ်အစိုးရ ခေတ်အထိ ဒီ Line လမ်းစဉ်ကို ဖွင့်ထား ပေးခဲ့တာပါ။ အကြမ်းဖက် ယန်္တရားဖြစ်တဲ့ စစ်တပ်က ဘယ်ဥပဒေ ဘယ်အုပ်ချုပ်ရေး ယန်္တရား၊ ဘယ်ဥပဒေရဲ့ အထိန်းအကွပ် အောက်မှာနေမှာပါလဲ။ နိုင်ငံတော်အာဏာ ရဲ့ သော့ချက် Key Questiion က ဒီနေရာမှာ ရှိတာပါ။ သေနတ်ကို ဘယ်သူကအုပ်ချုပ် မှာပါလဲ။ ဒီပြဿနာမှာ ဘယ်အစိုးရမျိုး ကမှ လစ်ဘရယ်မဖြစ်ကြပါဘူး။ လက်နက် ပြဿနာ၊ လက်နက်ကိုင်တပ် ပြဿနာမှာ ဘယ်လိုလစ်ဘရယ်ဓနရှင် လူတန်းစား အစိုးရမျိုးကမှ လျော့တိလျော့ရဲ သဘော မထားတတ်ကြပါဘူး။ ၁၉၅၈- ၅၉ခုနှစ် အတွင်း ပြည်သူ့ရဲဘော်များက သခင်နု သန့်ရှင်းဖဆပလအစိုးရ လက်ထက်မှာ လက်နက်နဲ့ ဒီမိုကရေစီလဲရေး ပေါ်လစီ ကျင့်သုံးပြီး လက်နက်အပ်၊တပ်ဖျက်ပြီး ဥပဒေတွင်းဝင်ခွင့်ပေးဖို့ ဖဆပလ၊ သန့်ရှင်း အစိုးရနဲ့ ပြည်သူ့ရဲဘော်များ ဒိုင်ယာလော့ဂ် လုပ်ကြရပါတယ်။ ဒီနေရာမှာ လက်နက်ချ ရေး၊ လက်နက်အပ်ရေးက The First Agenda ပထမအစီအစဉ်ပါ။ လက်နက်ချ၊ လက်နက်အပ်ကြရတဲ့ ပြည်သူ့ရဲဘော် တပ်မှူး တပ်သားများဟာ အခမ်းအနား ကျင်းပဆဲမှာ အကြီးအကျယ်ငိုကြွေးပြီး၊ မျက်ရည်ကြီး ပေါက်ကျကြပါတယ်။ ၁၉၅၉ ဆောင်းတွင်းမှာ ဒီအခမ်းအနားကို ဘို ကလေးမြို့နယ် ဘောလုံးကွင်းကြီးအတွင်း မှာ ““ပြည်သူ့ရဲ ဘော်တပ်များ၊ ဖဆပလ အစိုးရထံမှာ လက်နက်ချပွဲ ကျင်းပကြတာ ပါ။ လက်နက်ချတယ်ဆိုတာ ဂုဏ်မရှိပါ။ ရန်သူ့ ထံအညံ့ခံရတာပါ။ ပြည်သူ့ရဲဘော် တပ်မှူးတပ်သားများဟာ အကြီးအကျယ်ငို ကြွေးကြပါတယ်။

ဒီမှတ်တမ်းရေးသူဟာ နောင် ၁၀နှစ် အကြာ ၁၉၆၉- ၁၉၇၂ခုနှစ်အတွင်းမှာ စာရေးသူ၊ ဦးလေးဦးသောင်းရွှေ၊ ဘကြီး ဦးမာဉဏ်ကိုယ်စားပြုတဲ့ ဗကပ၊ မော်လ မြိုင်ကျွန်းမြို့နယ်၊ ငွေသောင်ယံဒေသ၊ ဗကပနယ်မြေစည်းရုံးရေး ပြောက်ကျား တပ်ဖွဲ့လေးဟာ မော်လမြိုင် ကျွန်းမြို့နယ်၊ ငွေသောင်ယံ၊ သုံးပါတီ (ဗကပ၊ အလံနီ၊ KNU) ဒေသစည်းရုံးရေးတပ်ဖွဲ့၊ ပြောက် ကျားအစုလေးဟာ မတတ်သာတဲ့ အဆုံးမှာ ရန်သူ့ရွှေလင်းယုန်၊ မိုးဟိန်းစစ်ကြောင်းမှူး နဲ့တွေ့ဆုံဆွေးနွေးပြီး လက်နက်စွန့်လိုက် ကြရပါတယ်။ အသက်ရှင်ခွင့်ရလိုက်ကြရ ပေမယ့် တော်လှန်ရေးသမားဘ၀ကိုအသက် ရှင်ခွင့်နဲ့ လဲလိုက်ကြရပါတော့တယ်။ ““လူ့ အသက်နဲ့ တော်လှန်ရေးသမားဘ၀ကို လဲ လှယ်ခဲ့ရတယ်””လို့ မှတ်တမ်းတင်ရပါတော့ မယ်။ ဘယ်လိုရှုထောင့်မျိုးနဲ့ ဝေဖန်တိုက် ခိုက်မှုမျိုးကိုပဲဖြစ်ဖြစ် နှိမ့်နှိမ့်ချချလက်ခံဖို့မှ တစ်ပါး တခြားထုချေစရာ ဘာဆိုဘာ အကြောင်းပြချက်မှ လုံးဝလုံးဝမရှိပါဘူးလို့ မှတ်တမ်းတင်ခဲ့ရမှာပါ။

အောင်သာပီသုံးလုံး