၁၉၂၀ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး နှစ်တစ်ရာတိုင်ခဲ့ပြီ

အောင်သာ (ပီသုံးလုံး)

မြန်မာပဒေသရာဇ်ဘုရင်များလက်ထက် မြန်မာ့စီးပွားရေးစနစ်ဟာ ပဒေသရာဇ်စီးပွားရေးစနစ်သာဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားများလက်ထက် မြန်မာ့စီးပွားရေးစနစ်ဟာ အရင်းရှင်မြေရှင်စီးပွားရေးစနစ်သာဖြစ်ပါတယ်။ ပဒေသရာဇ် စီးပွားရေးစနစ်ဟာ စနစ်ဟောင်းဖြစ်ပြီး အရင်းရှင်စီးပွားရေးစနစ်ဟာ စနစ်သစ်စီးပွားရေးစနစ်ဖြစ်လာပါတယ်။

အထက်ဗမာ နိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးတဲ့နောက် ဗမာဆင်းရဲသားလူထုများဟာ အရင်းရှင်စနစ်နယ်ချဲ့စနစ်အောက်သို့ ချက်ချင်း ရောက်သွားတာဖြစ်ပါတယ်။ ဗမာဆင်းရဲသားလူထုကြီးဟာ ပဒေသရာဇ်ဘုရင်အုပ်ချုပ်မှုအောက်ရှာဖွေထုတ်လုပ်မှုတန်ဖိုး များကို နယ်ချဲ့ကိုလိုနီစနစ်သို့ (ကုန်သွယ်မှုပုံစံ)လွှဲပြောင်းရောင်းချတဲ့ဘဝကျရောက်ခဲ့ရတယ်။ ပဒေသရာဇ်ဘုရင်ထံ အခွန် ဆယ်ဖို့ တစ်ဖို့ပေးဆက်ရတဲ့ဘဝမှ ကိုလိုနီစနစ်ခေတ် ပြဋ္ဌာန်းသတ်မှတ်ခွန်ကိုပေးဆက်ရတဲ့ ကိုလိုနီခေတ် အခွန်ထမ်းလူ တစ်မျိုးတဖြည်းဖြည်းဖြစ်လာခဲ့ကြတယ်။ ပဒေသရာဇ်ဘုရင်ခေတ်မှာ (၁)ဆယ်ဖို့တစ်ဖို့ အခွန်ထမ်း။ (၂)စစ်တိုက်ဖို့ အမည်စာ ရင်းပါရင် စစ်လိုက်တိုက်။ (၃)သမီးကညာ အချောအလှရှိလို့ ဘုရင်က တော်ကောက်လျှင်ဆက်သ။ ဒါဟာ ပဒေသရာဇ် ဘုရင်နဲ့ နိုင်ငံသားတစ်ယောက်ရဲ့ ဆက်ဆံရေးက ဒါပဲရှိပါတယ်။ နယ်ချဲ့စစ်ပွဲ သုံးပွဲရှုံးပြီးတဲ့ အခါ သိသိမသိသိ လူထုများရဲ့ နေ့စဉ်လူမှု ဘဝမှာ အခွန်၊ အခ၊ အတိုး၊ ဈေး၊ တရားရုံး၊ ပုလိပ်၊ ဥပဒေစတဲ့ အရင်းရှင်စနစ်သစ်များကို နယ်ချဲ့စနစ်၊ ကိုလိုနီ စနစ်၊ ဈေးကွက်စီး ပွားရေးစနစ်၊ ရုံး၊ ဂါတ်၊ ထောင်၊ ပုလိပ်၊ ဥပဒေစတဲ့ အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်စတဲ့ လူတန်းစား ဆက်ဆံရေး ပုံစံသစ်ထဲ တဖြည်းဖြည်းဝင်ရောက်ခဲ့ရတယ်။ အရင်း၊ အတိုး၊ အမြတ်၊ အခစတဲ့ အရင်းရှင်စနစ် လူမှုဆက် ဆံရေး တရားများကို နာခံလာရတယ်။ တစ်နေ့တာ ရှာဖွေလို့ရတဲ့ အခကြေးငွေဟာအရင်းရှင်စနစ်၊ နယ်ချဲ့စနစ်၊ ကိုလို နီခေတ် The Social Value လူမှုတန်ဖိုးကို ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်၊ အရင်းရှင်စနစ်၊ တစ်မျိုးမျိုးရဲ့ လူ့တန်ဖိုးဆိုတာကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတစ်ရပ်ရပ်နဲ့ ဈေးသတ်ထားတာပါ။ အဲဒါကို ၁၉၄၇၊ ၁၉၅၇၊ ၁၉၆၈ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေတစ်မျိုးမျိုးနဲ့ နိုင်ငံရေးဈေးသတ်ထားပါ။ အဲဒါကို နိုင်ငံရေးအရ ဒီမိုကရေစီလို့ ပညတ်ထားတာပါပဲ။ ဒီနိုင်ငံ ရေးတန်ဖိုးကို အများတကာက ဒီမိုကရေစီလို့ ပညတ်ထားတာပါ။ ဒီပညတ်ချက်မျိုးက ၁၉၄၇ ဖွဲ့စည်းပုံ၊ ၁၉၆၇ ဖွဲ့စည်းပုံ၊ အခု ၁၉၆၈ ဖွဲ့စည်းပုံများနဲ့ ပဋိညာဉ်ပြုထားတာပါ။ ၆၈ ဖွဲ့စည်းပုံဥပဒေဟာ ဒီမိုကရေစီဆိုတာကို ဘယ်လောက်ကိုယ်စား ပြုနိုင်မလဲ စောင့်ကြည့်ဖို့မှတစ်ပါး တခြားထွက်ပေါက်ပေးမထားပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေဟာ ဒီမိုကရေစီတဲ့လား။ ဘယ်သူကပြောပါသလဲ။
၁၉၂ဝ ပြည့်နှစ်က ပြည်မြို့မှာကျင်းပတဲ့ အဋ္ဌမအကြိမ်မြောက်၊ ဂျီစီဘီအေအဖွဲ့ချုပ်ကြီးရဲ့ ကွန်ဖရင့်မှာ ဝိုင်အမ်ဘီ အေမြန်မာ အသင်းချုပ်ကြီးဆိုတဲ့ အမည်သစ်တပ်လိုက် ပါတယ်။ ပြည်ညီလာခံကြီးမှစပြီး ဝိုင်အမ်ဘီအေဟာ ဘာသာရေးမှ နိုင်ငံရေးသို့ တဖြည်းဖြည်းရှေးရှုလာခဲ့ပါတယ်။ ဝိုင်အမ်ဘီအေကိုစတင်စုဖွဲ့ကြတဲ့သူများဟာ အင်္ဂလိပ်စာတတ်များနဲ့ ကုန် သည်ပွဲစားလူလတ်တန်းစားများက လွတ်လပ်မှုဆိုတာကို တဖြည်းဖြည်းကိုယ်စားပြုလာကြပါတယ်။ ၁၉၁၅၊ ၁၉၁၇၊ ၁၉၂ဝ ပြည့်နှစ်များမှာ အလုပ်သမားသပိတ်များ တစ်လုံးပြီးတစ်လုံးပေါ်ထွက်လာခဲ့တယ်။ အထူးသဖြင့် ၁၉၂၉ ခုနှစ်မှာ ပေါ်ထွက် လာတဲ့ ‘ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဟာ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ Labouraing People လုပ်သားလူထုများ ဟာသပိတ် လက်နက်ကို စိတ်ပိုင်းပိုင်းဖြတ်ဖြတ်နဲ့ ကိုင်စွဲလာကြတယ်။ ပြည်ကွန်ဖရင့်ကြီးကျင်းပပြီး တစ်နှစ်ခန့်အကြာမှာ ဂျီစီဘီအေ အသင်းခွဲ ပေါင်း ၂ဝဝဝ ကျော်ရှိရာမှ အဋ္ဌမကွန်ဖရင့် ကြီးအပြီးမှာ အသင်းခွဲပေါင်း ၈ဝဝဝကျော်အထိ ပေါ်ထွက်လာခဲ့တယ်။ နဝမအကြိမ် မန္တလေးကွန်ဖရင့် ၂၁၊ ၁ဝ၊ ၂၁ ခုနှစ်မှာ အသင်းခွဲပေါင်း တစ်သောင်းကျော်မှ ရဟန်းရှင်လူ ကိုယ်စားလှယ် တစ်သိန်းကျော်တက်ရောက်ခဲ့ပါတယ်။ YMBA အမျိုးသားရေးလှုပ်ရှားမှုကြီးနဲ့အတူ ရေနံမြေအလုပ်သမားကြီးများက ဆင်နွှဲ တဲ့ ရေနံမြေလုပ်သားသပိတ်များကလည်း ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။ အထူးသဖြင့် ရေနံမြေကို မဏ္ဍိုင်ပြုထားတဲ့ ရေနံမြေလုပ်သားသပိတ်များကလည်း တစ်လုံးပြီးတစ်လုံးဖြစ်ပေါ်နေခဲ့တယ်။ ဒီအခြေအနေမျိုးမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားထုကြီးရဲ့ ၁၉၂ဝ R.U. ကျောင်းသားထုကြီးရဲ့ ကျွန်ပညာကို သပိတ်မှောက်တဲ့ R.U. ကျောင်းသား သပိတ်ကြီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးများရဲ့ ၁၉၂ဝ ရန်ကုန်တက္ကသိုလ်သပိတ်ကြီး မပေါ်မီမှာ ၁/၁၉၁၅ ခုနှစ် BOC ကုမ္ပဏီ အမေရိကန်တွင်းတူးဗိုလ်များရဲ့ ပထမသပိတ် ၁၉၁၇ ခုနှစ် ရေနံချောင်း BOC စာရေးများရဲ့ သပိတ်နဲ့ ၁၉၂ဝ သန်လျင် BOC ရေနံချက်စက်ရုံ အလုပ်သမားများရဲ့ သပိတ်များဟာ ဗမာနိုင်ငံအလုပ်သမားလှုပ် ရှားမှုများဟာ ဗမာ့ လွတ်လပ်ရေး အထွေထွေလူထုလှုပ်ရှားမှုသမိုင်းရဲ့ အရုဏ်ဦးရှေ့ ပြေးရောင်ခြည်များဖြစ်လာပါတယ်။ ၁၉၂ဝ ပြည့်နှစ်အထိ အင်္ဂလိပ် UKနယ်ချဲ့သမားများက မြန်မာလူငယ် ကျောင်းသားများကို ကျွန်ပညာသင်ပေးဖို့လောက်သာ စဉ်းစားတာပါ။ တကယ့်အခြေအနေက ခေတ်နဲ့အညီလိုက်လျောတဲ့ အမြင့်ဆုံးပညာသင်ပေးရမယ့် ကျောင်းတောင်မရှိပါဘူး။ ရန်ကုန်မြို့ ပေါ်မှာ ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်သာရှိတာပါ။ ဒီကျောင်းများကလည်း တကယ်က ကာလကတ္တား ယူနီဗာစတီ ရဲ့ လက်အောက်ခံကောလိပ် ကျောင်းခွဲများသာဖြစ်ပါတယ်။ စာမေးပွဲများကိုလည်း ကာလကတ္တားယူနီဗာစတီက စီမံ ကျင်းပပေးတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကာလကတ္တားမှ မေးခွန်းထုတ်ပြီး ရန်ကုန်မှာဖြေရတယ်။ အထက် တန်းပညာဟာ မြေရှင်အရင်းရှင်လူတန်း စားသားသမီးများအတွက်သာ သီးခြားစီမံထားသလိုပါပဲ။ ဝိုင်အမ်ဘီအေက ဗမာပြည်အတွက် သီးခြားတက္ကသိုလ်ရှိရမယ်လို့ ကြွေးကြော် တောင်းဆိုထားတာကြာလှပါပြီ။ မြန်မာမျိုးချစ်များက အကြိမ် ကြိမ်တောင်းဆို တာကိုအကြောင်းပြုပြီး ပညာမင်းကြီး မစ္စတာမက်သရူးဟန်းတားဦးစီးတဲ့ ယူနီဗာ စတီအက်ဥပဒေရေးဆွဲရေး ကျွမ်းကျင်သည့် ကော်မတီတစ်ရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လမှာဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီမှာ ကျွမ်းကျင်ပညာရှင် ၃ဝနီး ပါးပါဝင်ပါတယ်။ ပညာရှင်မြန်မာ ခြောက်ဦးသာပါပါတယ်။ အများစုက ဗျူရိုကရက်အရာရှိကြီးများသာဖြစ်ပါတယ်။ မက်သရူး ဟန်းတားခေါင်းဆောင်တဲ့ ကော်မတီက ကောလိပ်တစ်ခုတည်းသာပါတဲ့ သိပ္ပံယူနီဗာစတီတည်ဆောက်ဖို့ အကြံပြုထားတဲ့ တက္ကသိုလ်ဥပဒေ တစ်ရပ်ကိုသာရေးဆွဲပြီး ၁၉၂ဝ စက်တင်ဘာမှာ ဥပဒေတင်သွင်းအတည်ပြုခဲ့တယ်။ ဥပဒေမှာ ဗမာနိုင်ငံ မှာ ယူနီဗာစတီတစ်ခုသာရှိရမည်။ ကောလိပ်တစ်ခုသာရှိရမယ်။ ရန်ကုန်မှာရှိရမယ်။ ကျောင်းသားများဟာ ကျောင်းအိပ် ကျောင်းစားများဖြစ်ရမယ်။ ကျောင်းစရိတ် အနည်းဆုံး တစ်လ ကျပ် ၆ဝဝ ကုန်ကျမယ်။ အဲဒီကာလမှာ လူတစ်ယောက်ရဲ့ လခဟာ ၃ဝရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်းရှိပါတယ်။ ဆင်းရဲသား သားသမီးများတက္ကသိုလ်မတက်နိုင်ပါ။ အဲဒီကာလမှာ မြို့ပိုင် တစ်ယောက်ရဲ့ လစာဟာ ကျပ် ၁၂ဝ သာရှိပါတယ်။ အလုပ်သမားတစ်ဦးရဲ့ အနိမ့်ဆုံးလစာမှာ ၁၂ကျပ်သာရှိပါတယ်။ ဆင်းရဲသား သားသမီးများဟာ ဘယ်နည်းနဲ့မှ တက္ကသိုလ်ပညာမသင်နိုင်ပါ။ အဲဒီစဉ်က လက်လုပ်လက်စား၊ နေ့စား အလုပ် သမားတစ်ဦးရဲ့ တစ်နေ့လုပ်ခ တစ်မတ် ၅ပဲ။ တစ်ကျပ်မှာ ၁၆ပဲရှိပါတယ်။ ဆင်းရဲမွဲတေမှုမြင့်မားတဲ့ဗမာပြည်မှာ ဆင်းရဲသား သားသမီးများဟာ ဒီကနေ့ခေတ်မျိုးမှာပင် ဘယ်လိုခေတ်ပညာတတ်ဖြစ်မှာပါလဲ။ ဥပဒေကြမ်းထွက်ကတည်းက မီဒီယာ အားလုံးက ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ ၂၈-၈-၁၉၂ဝ ပြည့်နှစ်မှာ ဒုတိယဘုရင်ခံ ဆာရီဂျင်နယ် ခရက်ဒေါက်က ၁၉၂ဝ ယူနီဗာစတီအက်ဥပဒေကိုအတည်ပြုပြဋ္ဌာန်းတဲ့အခါ မြန်မာအမျိုးသား လူထု တစ်ရပ်လုံး တစ်လော ကလုံးက ပုံသဏ္ဌာန်ပေါင်းစုံနဲ့ကန့်ကွက်ခဲ့ကြပါတယ်။
ဘုရင်ခံ ဆာရီဂျင်နယ်ခရက်ဒေါက်က ယူနီဗာစတီအက်ဥပဒေကို ၂၈-၈-၁၉၂ဝ မှာ အတည်ပြုကြောင်း ကြေညာ လိုက်ပါတယ်။ ၁-၁၂-၁၉၂ဝ မှာ ရန်ကုန်ယူနီဗာစတီ ကိုဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဗြိတိသျှ အစိုးရအနေနဲ့ မြန်မာအမျိုးသား လူထုကြီးတစ်ရပ်လုံးက ကန့်ကွက်နေတဲ့ကြားထဲက မပြင်ဆင်ဘဲ တက္ကသိုလ်အက် ဥပဒေကိုဇွတ်ပြဋ္ဌာန်းမယ်ဆိုပါက ကျောင်းသားနဲ့လူထုကြီးပေါင်းစည်းပြီး တက္ကသိုလ် အက်ဥပဒေအတည်မပြုဖို့ ရှေ့တစ် လှမ်းတိုးပြီး ကန့်ကွက်ဟန့်တားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ မြန်မာမျိုးချစ်ကျောင်းသားများ ဘာလုပ်လာကြမလဲ ဆိုတာကို တစ်မျိုးသားလုံးက နိုးနိုးကြားကြားနဲ့ စောင့်ကြည့်နေကြပါတယ်။ ဘုရင်ခံက ကျောင်းဖွင့်ရက်ကို ဒီဇင်ဘာ ၇ရက် နေ့ကို ရွှေ့လိုက်ပါတယ်။ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ဟာ သီပေါ အရှင်နှစ်ပါး ပါတော်မူတဲ့နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ နံနက် ၁၁ နာရီမှာ ကောလိပ် ကျောင်းသားကြီး ၁၁ယောက် အဲဒီနေ့ နံနက် ၁၁ နာရီအချိန်မှာ ရွှေတိဂုံ အနောက်တောင်ထောင့်၊ စနေထောင့်၊ ဗောဓိပင်ရှေ့မှာ လျှို့ဝှက်ဆွေးနွေးပွဲတစ်ရပ်ကို ရှစ်နာရီမျှကြာအောင်ပြု လုပ်ခဲ့ကြ တယ်။ ဘက်စုံပြည့်စုံစွာစဉ်းစားကြပြီးနောက် အမိမြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရေးအတွက် သပိတ်မှောက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီကိစ္စအောင်မြင်ဖို့ တစ်မျိုးသားလုံး သပိတ်ကြီးအတွင်း ပါဝင်လှုပ်ရှားလာကြဖို့ စည်းရုံး လှုံ့ဆော်ရ မယ်။ ဒီရည်ရွယ်ချက်အထ မြောက်ဖို့ ၄-၁၂-၂ဝ မှာ ဗဟန်းဦးအရိယ ကျောင်းတိုက်မှာ ကျောင်းသားထုတစ်ရပ် လုံးပါတဲ့ ကောလိပ်ကျောင်းသားကြီးများရဲ့ အထူးအစည်းအဝေးကြီးခေါ်ယူပြီး ရှင်းပြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီအစည်းအဝေး ကြီးသို့ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်မှ ကျောင်းသား ၄ဝဝ ကျော်ဟာဒီဇင်ဘာ ၄ ရက် ညနေ ၅နာရီမှာ ဗဟန်းဦး အရိယကျောင်းသို့တက်ရောက်လာကြပြီး အားလုံးညီညီညွတ်ညွတ်သပိတ်မှောက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ရက်နေ့ မြန်မာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့မှာ ၁၉၂ဝ ဒီဇင်ဘာမှာ အစိုးရရဲ့ ၁၉၂ဝ ယူနီ ဗာစတီအက်ဥပဒေကို အကြွင်းမရှိ လုံးဝသပိတ်မှောက်ကြောင်း ကြေညာလိုက်ပါတယ်။ ရှိရှိသမျှ ရန်ကုန်ရှိ အထက်တန်း ကျောင်းမှန်သမျှမှ ကျောင်းသားများကလည်း (အစ်ကို) R.U. ကျောင်းသားကြီးများနဲ့အတူ တစ်သွေး တစ်သားတည်း သပိတ်မှောက်ကြောင်း ကြေညာပြီး ၁၉၂ဝ University သပိတ်ထဲပါလာခဲ့ကြပါတယ်။
မူလ ၁၉၂ဝ သပိတ်ခေါင်းဆောင် ကျောင်းသားကြီး ၁၁ ဦးက သပိတ်စောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းပြီး ညီညီညွတ်ညွတ်အဆုံးတိုင် နောက်မဆုတ်တမ်းတိုက်ပွဲဝင်ကြဖို့ သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြတယ်။ အမတေသပိတ် ကော်မတီဟာ ဒီဇင်ဘာ ၅ရက်နေ့မှာ ကောလိပ်ကျောင်းသားကြီးများ အစည်းအဝေးက သပိတ်မှောက်ဖို့ ဆုံး ဖြတ်ပြီးနောက် နောက်ထပ် ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်မှ ‘သပိတ်ခေါင်းဆောင် ကျောင်းသားများကို ဖြည့်စွက်ရွေးချယ်စုပေါင်းပြီး ယူနီဗာစတီ သပိတ်မှောက်ကောင်စီ သို့မဟုတ် ၂၆ဦးပါ သပိတ်ခေါင်း ဆောင်များဟာ သမိုင်းဖြစ်စဉ်အရ All Burma Federation of The Student’s Union (ပထမ) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (အမှုဆောင်များ)အဖြစ် သဘောထားကြရမှာပါ။ R.U.S.U ရန်ကုန်တက္ကသိုလ်ကျောင်းများ သမဂ္ဂဟာ ပထမဖွဲ့စည်းပုံအရဆိုရင် ၁၉၃၁ ဇန်နဝါရီ ၃၁ရက်ပါ။ ဗကသများအဖွဲ့ချုပ် All Burma Federation of The Student’s Union ဟာ ၂၆-၂-၁၉၃၆ ပါ။ အကြောင်းတိုက်ဆိုင်တဲ့အခါ အသက်ရှိနေကြသေးတဲ့ ကျောင်းသားခေါင်း ဆောင်မျိုးဆက်များနဲ့ မေးမြန်းတွေ့ဆုံမှတ်တမ်းတင်ထားသင့်ပါတယ်။ မလွတ်လပ်ခင်က ARSU ရန်ကုန် ခရိုင် ကျောင်းသားသမဂ္ဂဆိုတာမရှိပါဘူး။ ၁၉၅၁ ခုနှစ်လောက်မှာ ရန်ကုန်အုပ်ချုပ်ရေးနယ်နိမိတ်ကျယ်လာ စာသင် ကျောင်းများ တိုးလာတာကြောင့် All Rangoon Student’s Union ကိုတိုးချဲ့ဖွဲ့စည်းခဲ့ကြတာပါ။ ခုအခါမှာ တစ်ဘာသာ ကို တက္ကသိုလ်တစ်ခုဖြစ်လာပါတယ်။ ရုတ်တရက်ကြည့်ရင် တိုးတက်မှုတစ်ခုလို့ ယူဆချင်စရာဖြစ်ပါတယ်။ ဒါဟာ ကြံ့ဖွံ့စစ်အုပ်စုရဲ့ မရိုးဖြောင့်တဲ့ စီမံချက်၊ မရိုးဖြောင့်တဲ့ကြံရွယ်ချက်ပါ။ ဒီကိစ္စ မှာ ဒီချုပ်အစိုးရသိလား မသိလား မပြောနိုင်ပါဘူး။ ဒီချုပ်ဥက္ကဋ္ဌကိုယ်တိုင် ကျောင်း သားသမဂ္ဂဆိုတာကို ဘယ်လောက်သိထားသလဲ မပြောနိုင် ပါဘူး။ အောက်စ်ဖို့မှာ ဗမာပြည်က ကျောင်းသားသမဂ္ဂမျိုး မရှိပါဘူး။ ကျောင်းသားသက်သာ ချောင်ချိရေး အသင်းမျိုးသာရှိတာပါ။ ဗမာပြည်က ကျောင်းသားသမဂ္ဂက၊ အင်္ဂလိပ်ခေတ်၊ ဖဆပလအစိုးရခေတ်၊ မဆလစစ် အစိုးရခေတ်များအားလုံးမှာ ဒီမိုကရေစီအခွင့် အရေးနဲ့ ကျောင်းသားအခွင့်အရေးများအတွက် သခင်နုဖဆပလ၊ မဆလစစ်အစိုးရများနဲ့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြရတာပါ။ သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ် ခင်မောင်လေး၊ ဗမာ ကကချုပ်များအားလုံးဟာ 7th July ကစပြီး ၇၄-၇၅-၇၆ မှ ရှစ်(လေး)လုံးအထိ လူထု အုံကြွမှုများကို ရန်လိုပါတယ်။ စစ်အာဏာရှင်များရဲ့ တကယ့်ပုံရိပ်က ဒီမိုကရေစီအင်အားစုများကို 7th July ရှစ်၎လုံး၊ ၇၄-၇၅-၇၆ အင်အားစုများရဲ့ အလုပ်များကိုလုပ်ခဲ့လဲ။ အားလုံးကို စစ်အုပ်စုက ဘာလုပ်ခဲ့သလဲ။ အလုပ်သမားသပိတ်၊ ရှစ်(လေး)လုံးလူသတ်ပွဲကြီးများကို ကြံ့ဖွံ့ပါတီနဲ့ အစိုးရက ကျူးလွန်ခဲ့တာကို ဒီချုပ်ဥက္ကဋ္ဌ မသိနိုင်စရာအကြောင်းမရှိပါဘူး။ သိနိုင်ပါတယ်။ ဖဆပလအစိုးရခေတ်က DSO ဆိုတာ သမဂ္ဂဆန့်ကျင်ရေး အစိုးရကျောင်းသားအဖွဲ့ပါ။ ရဲခေါင် ကျောင်းသားအင်အားစုဆိုတာဟာ သခင်နု၊ ဦးကျော်ငြိမ်း၊ တည်မြဲ ဖဆပလ အစိုးရက မေထွးထားတဲ့ ကျောင်းသားအစုပါ။ အခု နကသကျောင်းသားပါ။ ဒီချုပ်ကျောင်းသားပါ။ ဖဆပလ အမျိုးမျိုးခေတ်၊ စစ်အစိုးရ ခေတ်အမျိုးမျိုးမှာ လမ်းစဉ်လူငယ်တေဇလူငယ်၊ လူရည်ချွန် ကျောင်းသားဆိုတာများ မွေး၊ ရွေး၊ စံပြလုပ်သားဆိုတဲ့ မဆလ အမာခံမျိုးဆက်များမွေးပြီး မဆလတည်တံ့ရေးအတွက်ကြံဖန်ခဲ့တယ်။ ရှစ်(၄)လုံးမှာပွဲပြီးသွားပါတယ်။ အခု ဒီချုပ်လက်ထက်မှာ ဘာသာစုံလူတော်ကျောင်းသား (ဆိုတာများ မွေးပြီး) မျိုးဆက်သစ်ဆိုတာများ မွေးရွေးပြီး၊ ဟိုနိုင်ငံ၊ ဒီနိုင်ငံကို ပို့လွှတ်ခဲ့ပါတယ်။ အားလုံးစစ်တပ်နဲ့ပတ်သက်သူများ သူတို့ အာဏာရှိသူ ဥစ္စာရှိသူ အာဏာရပ်ဝန်းက ပတ်သက်ဆက်စပ်သူများကို ဟိုပို့ဒီပို့ ပို့ခဲ့ပါတယ်။ သခင်နု ခေတ်က DSO ရဲခေါင်၊ လမ်းစဉ်လူငယ်၊ ဘက်စုံထူးချွန်သူဆိုတဲ့ စီမံချက်များကို မဆလ ကြံ့ဖွံ့ခေတ်အဆက် ဆက်မှာလုပ်လာတာ။ ဒါပေမဲ့ ဖဆပလအမျိုးမျိုး၊ မဆလအမျိုးမျိုး၊ ပထစအမျိုးမျိုး၊ ကြံ့ဖွံ့အမျိုးမျိုးဆိုတာ မျိုးတွေလုပ်ခဲ့ လုပ်ဆဲပါပဲ။ တရားရှိရင် ကူသူများတယ်။ တရားမဲ့ရင် ကူသူရှားတယ်ဆိုတဲ့ ဆောင်ပုဒ်တစ်ခု သတိပြုမိပါတယ်။ အာဏာရှိသူတွေ၊ အာဏာမဲ့သွားတဲ့အခါ လောကပါလတရားကတော့ နေမြဲပါပဲ။
လွတ်လပ်ရေးခေတ်ဦး ဗမာပြည်မှာဖြစ်ဖြစ်၊ သခင်နု ဖဆပလအစိုးရဟာDSO/ The Democratic Students’ Organisation ဒါဟာ လွတ်လပ်ရေးခေတ်ဦး ဖဆပလ သခင်နု၊ ဦးကျော်ငြိမ်းတို့ခေတ်မှာ ကျောင်းသားများဘက်မှ တိုးတက်သော ကျောင်းသားများအင်အားစု ဖဆပလအစိုးရဘက်မှ ဦးကျော်ငြိမ်း စီမံခန့်ခွဲတဲ့ D.S.O. ကျောင်း သားအစုရှိတယ်။ ဖဆပလ ၅၈မှာ တည်မြဲ၊ သန့်ရှင်းကွဲကြပြန်တဲ့အခါ အစိုးရဘက်မှ ရဲခေါင်ကျောင်းသားများအစု၊ ကျောင်းသားများဘက်မှ ကျောင်းသားညီညွတ်ရေးတပ်ဦးဆိုတာဟာ ကျောင်းသားထုကို နောက်ဆုံး ကိုယ်စားပြု ခဲ့တာပါ။ ၁၉၆၃၊ နိုဝင်ဘာ ၁၄မှာ ပြည်တွင်းငြိမ်းချမ်းရေး Dialogue ပျက်ပြီးတဲ့အခါ ဥပဒေတွင်းမှာ ဖမ်းဆီးမှုကြီး အကြီးအကျယ်ဖြစ်လာတယ်။ လူထုလူတန်း စားအဖွဲ့အစည်းခေါင်းဆောင်များအနက် တချို့ L.A ဆင်းသွားကြ တယ်။ တချို့ထင်ရှားတဲ့ လူထုလူတန်းစား ခေါင်းဆောင်များ၊ တချို့ L.A ဆုတ်သွားကြပြီး တချို့ ကိုကိုးကျွန်းအပို့ ခံကြရပါတယ်။ ကိုကိုးကျွန်းပို့ရာမှာ ကျောင်းသား ၄၁ယောက်ပါတယ်။ ၁၉၆၃ နိုဝင်ဘာ ငြိမ်းချမ်းရေးပျက်ပြီးတဲ့ အခါ ဥပဒေတွင်းနိုင်ငံရေးဟာ ဓားမိုးအုပ်စိုးမှုအောက်ရောက်သွားပြီး ဒီမိုကရေစီမှောင်ကျသွားခဲ့တယ်။ လှုပ်ရှားမှု အားလုံးဟာ မြေအောက်လှုပ်ရှားမှု GU ဖြစ်သွားပါ တယ်။ ၁၉၆၃၊ နိုဝင်ဘာ ငြိမ်းချမ်းရေးပျက်ပြီးတဲ့အခါ ဥပဒေ တွင်း ဒီမိုကရေစီလှုပ် ရှားမှုအားလုံးဟာ အမှောင်ကြီးကျသွား ပါတယ်။
၁၉၆၃ နိုဝင်ဘာငြိမ်းချမ်းရေးပျက်ပြီးတဲ့အခါ ဥပဒေတွင်းနိုင်ငံရေးလှုပ်ရှားမှုဟာ အားလုံးအမှောင်ကြီးကျသွား ခဲ့ပါတယ်။ ဥပဒေတွင်းမာ့က်စ်ဝါဒီများအဖြစ် သဘောထားခဲ့တဲ့ ပမညတများ၊ မလညပများက ၁၉၆၃ နိုဝင်ဘာ ၁၄ ငြိမ်းချမ်းရေးဆွေးနွေး ပွဲပျက်ရတဲ့ကိစ္စကို ဥပဒေတွင်းလက်ဝဲများ Legal-Left များက ဗကပပါတီအပေါ် အကြီး အကျယ်အပြစ်တင်ကြတယ်။ ၆၃၊ နိုဝင်ဘာ Peace-Dialogue ပျက်ပြားရတဲ့ကိစ္စဟာ ဗကပကြောင့်ပဲဆိုတာကို ဥပဒေတွင်းမာ့က်စ်ဝါဒီများ ဝိဓူရသခင်ချစ်မောင် ကိုယ်စားပြုသူ ဥပဒေတွင်း မာ့က်စ်ဝါဒီများကလည်း သခင်သန်း ထွန်းနဲ့ ပီကင်းပြန် တချို့ကြောင့်ပဲလို့ ဗကပ PHQ ကိုရှုတ်ချပြစ်တင်ကြတယ်။ ပီကင်းပြန်များကလည်း (နှစ်)စုဖြစ် သွားတယ်။ ပါတီဥက္ကဋ္ဌနဲ့အတူ ရပ်သူမရပ်သူများ နှစ်စုကွဲသွားပါတယ်။ ဒီအခြေအနေကို အကဲခတ်မိတဲ့ မဆလစစ် ဌာနချုပ်ပါ CPB/PHQ ကို ဒီအကွေ့မှာ ကျ အောင် မထိုးနိုင်ရင် နောက်ဘယ်တော့မှ ကျအောင်ထိုးနိုင်မှာ မဟုတ် ဘူးလို့ ယူဆသူ များရှိကြတယ်။ ဗမာပြည်ကြီး အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့တာ ၁၉၄၈-၂ဝ၁၇ ဆိုတော့ ၆၉-၇ဝ ပြည့်နှစ်ထဲရောက်ပါပြီ။ ဒီကနေ့အထိ ဗမာပြည်ဟာ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ် ဖိနှိပ်မှုအောက်မှာနေခဲ့ရတာဟာ ၁၉၄၈-၂ဝ၁၇ ၆၉ နှစ်ထဲရောက်နေပါပြီ။ ဗမာ့လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွား လက္ခဏာဟာ ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်း လူ့အဖွဲ့အစည်းပါ ပဒေသရာဇ်မြေရှင်စနစ်ကို မဖျက်သိမ်းရ သေးတဲ့ခေတ်နောက်ကျတဲ့ ဗျူရိုကရက်အရင်းရှင်စနစ် လူ့အဖွဲ့အစည်းပါ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အရင်း ရှင်စနစ်က စစ်အာဏာရှင်စနစ်ကျင့်သုံးနေတဲ့ လူ့အဖွဲ့ အစည်းပါ။ ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလဆန်းထဲမှာ ဒီချုပ်အစိုးရက ရွေးကောက်ပွဲအနိုင်ရခဲ့ပေမဲ့ တိုင်းပြည်ကိုကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုခွင့်မရသေးပါဘူး။ ရွေး ကောက်ပွဲအနိုင်ရ ဒီချုပ်အစိုးရဟာ ကြံ့ဖွံ့ပါတီကြံ့ဖွံ့တပ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံပေါ်မှာ အာဏာခွဲဝေကြရဦး မှာပါ။ ကြံ့ဖွံ့တပ်က တစ်ကယ်အစစ်အမှန်အခြေခံပေါ်မှာ ဒီချုပ်ကိုအာဏာလွှဲရမှာပါ။ ကြံ့ဖွံ့တပ်က ဒီချုပ်ကို အာဏာမလွှဲဘဲ အာဏာကိုထိန်းချုပ်ထားတာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အညီ တပ်ချုပ်က ဒီချုပ်ကိုအာဏာ မလွှဲချင်လှပါဘူး။ ဘယ်လိုဖွဲ့စည်းပုံမျိုးနဲ့ အာဏာလွှဲလွှဲ တကယ်က အာဏာကိုစစ်တပ်နဲ့ ထိန်းချုပ်ထားတာပါ။ ဒါဟာ ပစ္စက္ခမြန်မာနိုင်ငံရေး ဘဝအတွင်း စစ်တပ်က တကယ်အာဏာ လွှဲမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်း ချက်များကို စစ်တပ်ကထိန်းချုပ်ထားစရာ မလိုပါဘူး။ ၂ဝဝ၈ဖွဲ့စည်းပုံနဲ့ စစ်တပ်ဟာ တကယ်က ခေါင်းနဲ့ ပန်းပါပဲ။ စစ်တပ်ဟာ ၆၂ ဇူလိုင် ၇ရက် ကျောင်းသားအရေး တော်ပုံလူသတ်ပွဲကြီးကို ဆင်ခြင်တရားမဲ့ စွာကျူးလွန်ခဲ့တယ်။ တက္ကသိုလ်ကျောင်းရာ ချီပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ အင်္ဂလိပ်ဗျူရိုကရက်အရာရှိတစ်ဦး အုတ်မြစ်ချပေးခဲ့တဲ့ တကသအဆောက်အအုံကြီးကို အဆင်ခြင် တုံတရားမဲ့စွာ ၈-၇-၆၂ နံနက် ၅နာရီမှ-၆နာရီအကြား မိုင်းကပ်ဖြိုခွဲ ပစ်ခဲ့တယ်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးတဲ့ အခါ မဆလစစ်တပ်က ကျောင်းသားခေါင်းဆောင်မျိုးဆက် များ စိုက်ထူခဲ့တဲ့ ဇူလိုင် ၇ရက်အထိမ်းအမှတ်ကျောက်တိုင်နဲ့ တကသအဆောက်အအုံဝါးတဲ (Shed) ကြီးကို ဖြိုချ ဖျက်ဆီးခဲ့တယ်။ ပီသုံးလုံးဥက္ကဋ္ဌ ဦးခင်မောင်မြင့်က စစ်အုပ်စုဟာ တကသအဆောက်အအုံကို သုံးကြိမ်ဖျက် ခဲ့တယ်လို့ ပြောကြားခဲ့တယ်။ ၂၉-၁၂-၁၉၂ဝ မှာ ဂျီစီအီအေအဖွဲ့ချုပ်ကြီးက E.C. အစည်းအဝေးကြီးတစ်ခု ကျင်းပပြီး ဗမာပြည်မှာ အမျိုးသားကျောင်းများ၊ ကောလိပ်များ ယူနီဗာ စတီများ၊ ကောလိပ်များဖွင့်လှစ်ဖို့ ဆုံးဖြတ် လိုက်ကြတယ်။ ဝိုင်အမ်ဘီအေအုပ်ချုပ်မှုအောက်မှာ ရှိသမျှစာသင်ကျောင်းများ အားလုံးကို အမျိုးသားကျောင်းများ အဖြစ် ပြောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ ၃ဝ-၁၂-၁၉၂ဝ မှာ အထက်အောက် ဗမာပြည်တစ်နံ တစ်လျားမှာရှိတဲ့ အထက်တန်းကျောင်းများ အားလုံးကလည်း ဗြိတိသျှကျောင်းမှန်သမျှ သပိတ်မှောက်ခဲ့ကြတဲ့အတွက် အစိုးရ ကျောင်းမှန်သမျှ သပိတ်မှောက်ရေးလှုပ်ရှားမှုဟာ ဗမာပြည်တစ်နံတစ်လျားရှိ အစိုးရ ကျောင်းမတက်ရေးလှုပ်ရှား မှုဟာ မြန်မာ အမျိုးသားလူထုကြီးရဲ့ ပြတ်သားတဲ့နယ်ချဲ့ ဆန့်ကျင်ရေး အဇ္ဈတ္တကိုထင်ဟပ်နေပါတယ်။
အင်္ဂလိပ်ကျောင်းမတက်ရေးလှုပ်ရှားမှုဟာ ကလေးများပညာသင်မပျက်ရေးအတွက် အမျိုးသားကောလိပ် ကြီးထူထောင်ရေးကို ရှေးရှုတဲ့ လူထုလှုပ်ရှားမှုကြီးပေါ် ပေါက်လာခဲ့ပါတယ်။ အမျိုးသားကောလိပ်ကြီးကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဒီးဒုတ်ဦးဘချိုတို့ ဦးစီးပြီးထူထောင်ခဲ့တယ်။ ဒီအမျိုးသားကောလိပ်ကြီးကို ၁၉၂ဝ ဇွန်လ မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီကာလက အမျိုးသားကျောင်းထွက်ဆိုတာဟာ နိုင်ငံရေးမှာ ‘တန်း’ တစ်တန်းဖြစ် လာခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ‘ဘွိုင်းကောက်ဋီကာကြီး သပိတ်ကြီး’ကို ဂုဏ်ပြုခဲ့တယ်။
မြန်မာမျိုးချစ်လူထုကြီးဟာ ၁၉၂၃ ဒိုင်အာခီအရေးတော်ပုံ သခင်လှုပ်ရှားမှုနဲ့ တို့ဗမာအစည်းအရုံးကြီး၊ ဆရာစံ တောင်သူ လယ်သမားအရေးတော်ပုံ၊ သခင်လှုပ်ရှားမှုနဲ့ တို့ဗမာအစည်းအရုံးကြီး ၁၃ဝဝ ပြည့်အရေးတော်ပုံ ဂျပန်တော်လှန်ရေးနဲ့ စစ်ပြီး ခေတ်လွတ်လပ်ရေးတိုက်ပွဲ အမျိုးသား နိုင်ငံရေးအင်အားစုများ ဂိုဏ်းကွဲခြင်း ၁၉၄၈၊ မတ်လ ၂၈ရက်နေ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး A.S. ဖြစ်ပေါ်လာခြင်း။ ဒီမိုကရေစီတော်လှန်ရေး အင်အား စုများအတွင်း ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ကရင်၊ မွန်၊ ကယား၊ A.S. တော်လှန်ရေး အင်အားစုများအတွင်း တပ်ပေါင်းစုထူထောင်လို့မရကြခြင်းမှာ ဗမာပြည် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအောင်ပွဲအတွက် ကြီးမားတဲ့ အဟန့်အတား အကန့်အသတ်များဖြစ်စေတယ်။ ရန်ကုန်အစိုးရခေတ်မှာ ဗကပ၊ ပြည်သူ့ရဲဘော်၊ အလံနီ၊ ကရင်၊ မွန်၊ ကယားတော်လှန်ရေး အင်အားစုများမစု စည်းနိုင်ခြင်းမှာ တော်လှန်ရေးအတွက် မဟာဗျူဟာအရေးနိမ့်မှုကို ရှေးရှုဖြစ်ပေါ်စေခဲ့တယ်။ ဝံသာနုအရေးတော်ပုံကြီး၊ ဆရာစံသူပုန်ကြီး၊ သခင်လှုပ်ရှားမှုနဲ့ ဆရာ စံတောင်သူလယ် သမားအရေးတော်ပုံ၊ ၁၃ဝဝ ပြည့်အရေးတော်ပုံ၊ ဂျပန်တော်လှန်ရေးနဲ့ စစ်ပြီးခေတ်လွတ်လပ်ရေးတိုက် ပွဲများ မြန်မာ့လူ့အဖွဲ့အစည်းဟာ ၁၉ ရာစု အကုန် ၂ဝရာစု ပထမ ၄၈ နှစ်(နှစ် ၅ဝ) အတွင်းမှာ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ် အခြာမှာ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဘဝကို ပြန်လည် ရယူနိုင်ခဲ့တယ်။ (၁၉ဝဝ-၁၉၄၈)။ ၁၉၄၈-၄၉ မှ ၁၉၈၈ နှစ် ၄ဝအကြာမှာ မြန်မာ့လူ့ အဖွဲ့အစည်းဟာ လစ်ဘရယ်ဒီမိုကရေစီ စနစ်လမ်း ကြောင်းပေါ် ပြန်တက်လာခဲ့တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲက ဒီမိုကရေစီအင်အားစုများလက်ထဲသို့ ဒီမိုကရေစီ အခွင့်အရေးများကို ပြန်လည်လွှဲအပ်လာခဲ့တယ်။ မြန်မာ့နိုင်ငံရေးဟာ ကြံ့ဖွံ့ဒီမိုကရေစီအင်အားစုများနဲ့ လစ်ဘရယ် ဒီမိုကရေစီကိုယ်စားလှယ်ဖြစ်တဲ့ ဒီချုပ်လက်ထဲ ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီပြန်ရောက်လာပါတယ်။ မြန်မာ့ဒီမိုကရေစီဟာ တစ်နေရာထဲမှာနေလို့မရဘဲ အကြောင်းကြောင်းများနဲ့ ဒီမိုကရေစီဟာ ဘယ်နေရာမှာ ကျောက်ချမလဲ။ ဒီချုပ်လက်ထက်မှာ ကျောက်ချမလား၊ လူမျိုးစုများက ဒီချုပ်နဲ့နေလို့ဖြစ်မှာလား။ (၂၁)ရာစုပင်လုံ Call က ဒီချုပ် Call လား၊ ကြံ့ဖွံ့ပါတီ Call လား။ (၂၁)ရာစုပင်လုံဆိုတာ ဒီချုပ် Call လား။ ဒီချုပ်နဲ့ လူမျိုးစု Call လား၊ ကြံ့ဖွံ့တပ်က ဘယ်သူနဲ့ ချိတ်မှာလဲ။ တပ်နဲ့ တပ်သြဇာရှိတဲ့ ဘယ်မျိုးနွယ်စုများနဲ့ ချိတ်မှာလဲ။ ‘ဝ’လား။ ချင်း၊ ကချင်လား။ ဒီချုပ်ဟာ ပြည်မသြဇာကြီးတဲ့ အစုလား။ (၂၁)ရာစုပင်လုံ Call ဟာ ပြည်မဒီချုပ်တစ်ခုတည်းတော့ မဖြစ်နိုင်ပါဘူး။ ပါဝါက ဒီချုပ်နဲ့ တပ်မှာရှိတာ။ တပ်က ဒီချုပ်နဲ့ တွဲမှာလား၊ ခွဲမှာလား။ တပ်ဒီချုပ်နဲ့ ရိုးဖြောင့်တဲ့ လူမျိုးစုနဲ့ သူ့တပ်များက ဘယ်သူနဲ့ Co-op လုပ်မှာလဲ (၂၁) ရာစုဖြစ်စဉ်များ၊ တကယ်ရွေ့လာရွှေ့လာမှာပဲ။ သြော် ‘ဝ’၊ ကိုးကန့်၊ ရှမ်းဆိုတာတွေက ဒီလိုပါလားလို့ သိလိုက်တွေ့လိုက်ရတဲ့ အချိန်မှာ ပေါ်လစီက ချိန်းသွားပြီ ဖြစ်မှာ ပါ။ တိုင်းရင်းသား မျိုးနွယ်စုများရဲ့ တကယ့်အတွင်းသဘော ကို ၆၅ ရာခိုင်နှုန်းလောက်သိတာဟာ ပြည်မကဆိုရင် ကြံ့ဖွံ့တပ်နဲ့ ဗကပပဲရှိပါတယ်။ (၂၁) ရာစုပင်လုံဟာ ထောင်ချောက်တစ်ခုလား။ တစ်ခုခု တကယ်ဖြစ်လာတဲ့ အခါ Strategic မဟာဗျူဟာ အရေးနိမ့်မှု Loss မဖြစ်ဖို့ သတိပြုနိုင်လေကောင်းလေပါပဲ။ ဒီအချက် ဒီပွိုင့်ကို အကောင်း ဆုံးဖမ်းနိုင်တဲ့သူအစုဟာ ဗကပနဲ့ စစ်တပ်ပါပဲ။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကြဆိုတဲ့ ကြွေးကြော် သံဟာနိမ့်ပေမဲ့ ဗမာတစ်မျိုးသားလုံးရဲ့ ရင်ကိုထိစေတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။ ဒီကြွေးကြော်သံဟာ ဝံသာနု အရေးတော်ပုံကြီးရဲ့ ချက်ကျတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။ ဒုတိယ ကြွေးကြော်သံက ၃ဝ-၅-၁၉၃ဝ ပြည့်နှစ်မှာ ဖွဲ့စည်းတဲ့ တို့ဗမာအစည်းအရုံးကြီးဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးကြီးက ပထမ ဆုံးထုတ်ပေးလိုက်တဲ့ ကြွေး ကြော်သံက ‘သခင်မျိုးဟေ့ တို့ဗမာ’ဆိုတဲ့ ကြွေးကြော်သံ ဖြစ်တယ်။ ဒို့ဟာသခင်တွေ၊ ကျွန်တွေမဟုတ်ဘူးဆို တဲ့ မြန်မာတို့ရဲ့ကျိုးနေတဲ့ အငုံ့စိတ်ကိုပြောင်းပြန်လှန်ထားတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။ သခင်အစ ဘသောင်းကလို့ ဆိုစမှတ်ပြုခဲ့ကြ ပါတယ်။ သခင်ဘသောင်း၊ သခင်လှဘော်၊ မြန်မာပြည်စာအုပ်အသင်းမှ သခင်သိမ်းမောင်၊ ဦးအုန်းခင် (ခြေလျင်)တို့ ပါဝင်ကြပါတယ်။ တို့ဗမာအစည်းအရုံးကြီးရဲ့ ချက်ကြတဲ့ကြွေးကြော်သံက ‘တို့ဟာ သခင် တွေ ကျွန်တွေမဟုတ်ဘူး’ဆိုတဲ့ လှုံ့ဆော်မှုဟာ ချက်ကျတဲ့ လှုံ့ဆော်မှုဖြစ်ပါတယ်။
တို့ဗမာအစည်းအရုံးရဲ့ ကြေညာချက်မှာ စီးပွားရှိခြင်းသည် အားတည်း။ စီးပွားသည် အကြီးဆုံးလက်နက် တည်း။ ဓနသည် တန်ခိုးမည်၏။ ဓနကိုရှာကြလော့လို့ လှုံ့ဆော်ခဲ့တယ်။ သခင်လူငယ်များဟာ ဓနရှင် အမျိုးသား ရေးဝါဒ တို့ဗမာအစည်းအရုံး ခေါင်းဆောင်များရဲ့ ရည်မှန်းချက်ဟာ တို့ဗမာဝါဒသာဖြစ်ပါတယ်။ တို့ဗမာဝါဒဆိုတာ ပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးပါပဲ။ ဝိုင်အမ်ဘီဆရာတင် မန္တလေးနဲ့တိုင်ပင်ကြပြီး တို့ဗမာသီချင်းကို ရေးစပ်ခဲ့ကြ တယ်။ ၁၉-၇-၁၉၃ဝ စနေနေ့ညမှာ သထုံဆောင် သဟာယနဲ့ စာဖတ်အသင်းခန်းမမှာ တို့ဗမာသီချင်းကို ပထမ ဆုံးသီဆိုတင်ဆက်ကြပါတယ်။ တို့ဗမာသီချင်းကို R.U. နှစ်လယ်မဂ္ဂဇင်းမှာထည့်သွင်းဖော်ပြခဲ့တယ်။ ၂ဝ-၇-၁၉၃ဝ ညနေ ၅နာရီမှာ ဦးစံထွန်းတန် ဆောင်းသစ်ကြီးမှာ လူထုကိုပထမဆုံးအကြိမ်သီဆိုတင်ဆက်ခဲ့ပါတယ်။ သီချင်းကို ဂီတစာဆို ဝိုင်အမ်ဘီ ဆရာတင်က အားမာန်အပြည့်နဲ့ သီဆိုတင်ဆက်ခဲ့တယ်။ သီချင်းစာသားကို တစ်ရွက်တစ်ပဲ နဲ့ရောင်းချရာ ခဏချင်းကုန်သွားပါတယ်။ တို့ဗမာအစည်းအရုံးကြီးအတွက် အကောင်းဆုံးဝါဒ ဖြန့်ချိရေး လက်နက် ကောင်းကြီးတစ်ခုဖြစ်လာပါတယ်။ ဒီသီချင်းကို ဝိုင်အမ်ဘီဆရာတင်ကရေးစပ်ခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းမှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။ တို့ဗမာသီချင်း တို့ဗမာအစည်းအရုံး အတွက်အကောင်းဆုံး ဝါဒဖြန့်ချိရေးလက်နက် ကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
၁၉၂ဝ ရန်ကုန်တက္ကသိုလ်သပိတ်ကြီး၊ သခင်မျိုးဟေ့ ‘တို့ဗမာ’လို့ ကြွေးကြော်မာန်တင်းထားတဲ့ ‘တို့ဗမာအစည်း အရုံးကြီး ဆရာစံတောင်သူလယ်သမား သူပုန်ကြီး၊ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်’ ဆိုတဲ့ သခင်ဗဟိန်းရဲ့တိုက်ပွဲခေါ်သံ ဆရာစံလယ်သမားသူပုန်ကြီး အမျိုး၊ ဘာသာ၊ သာသနာကိုစောင့် ရှောက်ဆို တဲ့ ဝံသာနုအရေးတော်ပုံရဲ့ နိုင်ငံရေးကြွေးကြော်သံ တို့ဟာသခင်တွေ၊ ကျွန်တွေမဟုတ်ဘူးဆိုတဲ့ တို့ဗမာအစည်း အရုံးရဲ့မာန်တင်းသံ ဒီကြွေးကြော်သံတွေဟာ မြန်မာနိုင်ငံကြီး ကျွန်ဘဝမှ လွတ်မြောက်ဖို့ ထွက်လာတဲ့ လူတန်းစား မာန်တင်းသံတွေကြွေးကြော်သံတွေဟာ ၁၉၃၈၊ ၁၃ဝဝပြည့်အရေးတော်ပုံကြီးကို အထွတ်တင်လိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဖဆပလအမျိုးသားတပ်ပေါင်းစုကြီးစုဖွဲ့ခြင်း ရဲဘော် (သုံး)ကျိပ်နဲ့ ဂျပန်တော်လှန်ရေး၊ စစ်ပြီးခေတ်လူထုတိုက် ပွဲများ ဂျပန်တော်လှန်ရေးနဲ့ စစ်ပြီးခေတ် လယ်ဝေး လယ် သမားသူပုန်ကြီး၊ ၄၆ စက် တင်ဘာအလုပ်သမားသပိတ်ကြီး၊ (ဗကပ မပါတော့တဲ့) ဖဆပလအဖွဲ့ချုပ်နဲ့ အင်္ဂလိပ် အစိုးရတို့အကြားက အာဏာနဲ့ ဥစ္စာဓနအပေးအယူများ၊ သဘောတူစာချုပ်များချုပ် ဆိုခြင်း ၄၈လွတ်လပ်ရေး အာဏာ အာဏာအတွက် နယ်ချဲ့အင်္ဂလိပ်အစိုးရနဲ့ ဖဆပလ အမျိုးသားကိုယ်စားလှယ်များ စာချုပ်ကြီး ခြောက်ခုနဲ့ လွတ်လပ်ရေးအာဏာကို အပေးအယူလုပ်ခဲ့ကြတယ်။ လွတ်လပ်ရေး အာဏာလွှဲပြောင်းရယူပြီး ၈၁ရက်အကြာမှာ ဒီကနေ့ အထိဖြစ်နေဆဲဖြစ်တဲ့ ပြည်တွင်းစစ် ကို သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ကိုယ်စားပြုတဲ့ စီမံခန့်ခွဲခွင့်ရတဲ့ ဗဆပလ အစိုးရက ၄၈ မတ်လ ၂၈ရက်နေ့မှာ ၄၈ မတ်လ ၂၈ ရက်နေ့မှာစခဲ့တဲ့ ပြည်တွင်းစစ် မီးအကြောင်း ပေါင်းစုံနဲ့ လောင်မြိုက်ခဲ့တာ ဒီကနေ့အထိပါပဲ။ ဒီချုပ်အစိုးရက (၂၁) ရာစုပင်လုံ ကြွေးကြော်ပြီး စစ်ရပ်ဖို့ ကြိုးစား နေပါတယ်။ (၂၁)ရာစုပင်လုံ Call ဟာ ဒီချုပ်လူ မျိုးစုံအမျိုးသားအင်အားစုများအကြား ဘယ်နည်းဘယ်ပုံနဲ့များ (၁)နိုင်ငံတော်အာဏာ ၂ဝဝ၈ ဖွဲ့စည်းပုံ၊ (၂)အမျိုးသားဥစ္စာဓန National Wealth တို့ကို ဘယ်ပုံဘယ်နည်းနဲ့ များခန့်ခွဲစီမံကြမှာပါလဲ။
၁၉၂ဝ မှာဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီးက တောင်းဆိုခဲ့တဲ့ အမျိုးသားအခွင့် အာဏာ အမျိုးသားလွတ်လပ်မှုနဲ့ တကယ့်အာဏာရှိမှု အမျိုးသား အာဏာကို (၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (၂)လူမျိုးစုံအမျိုးသားအင်အားစုများ၊ (၃)စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် နိုင်ငံ ရေးအင်အားစုများအကြား အာဏာ ခွဲဝေမှုကို ဘယ်ဖွဲ့စည်းပုံနဲ့စီမံခန့်ခွဲကြမှာပါလဲ။
၁၉၂ဝ ဒီဇင်ဘာကျောင်းသားသပိတ်ကြီးဟာ မြန်မာ့အမျိုးသားနိုးကြားတဲ့ မြန်မာမျိုးချစ်ရဲ့ ပထမဆုံး ပညာရေးလှုပ်ရှားမှုကြီးဖြစ်လာခဲ့တယ်။ ဒီလှုပ်ရှားမှုကြီးကြောင့် အမျိုးသားပညာသင်ကျောင်းများနဲ့ ခေတ်သစ် အမျိုးသားပညာရေး အယူအဆကို ပေါက်ဖွားစေခဲ့တယ်။ အမျိုးသားကျောင်းများထူထောင်ရေး အိုက်ဒီယိုလိုဂျီ ဟာနယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး အမျိုးသားကျောင်းများ ထူထောင်ရေးလှုပ်ရှားမှုဟာ နိုးကြားတဲ့ မြန်မာမျိုးချစ်များရဲ့ နယ်ချဲ့ဆန့်ကျင်ရေး National Cause ဖြစ်လာခဲ့ပါတယ်။ Home Rule ရရေးဟာ မြန်မာမျိုး ချစ်များရဲ့ နိုင်ငံရေးကြွေးကြော်သံဖြစ်လာခဲ့တယ်။ အင်္ဂလိပ်နယ်ချဲ့များက မြန်မာ့ Home Rule တောင်းဆိုချက်ကို နယ်ချဲ့များက ဒိုင်အာခီအုပ်ချုပ်ရေးနဲ့တိုက်ခဲ့တယ်။ တူသာသင်းဂိုဏ်းက ဗြိတိသျှပေးတဲ့ ဒိုင်အာခီအုပ်ချုပ်ရေး အတွင်း ဝင်သွားကြတယ်။ မြန်မာမျိုးချစ်များက တူသာသင်း လူရာမသွင်းလို့ စာချိုးခဲ့တယ်။ ဝံသာနု အရေးတော်ပုံ ၉၁ ဌာနအုပ်ချုပ်ရေး၊ ဘုရင် ခံအတိုင်ပင်ခံကောင်စီခေတ်စတဲ့ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားများအတွင်း ရာထူး အာဏာလစာရိက္ခာနဲ့ မြှူဆွယ်မှုကိုတောင့်မခံတဲ့သူများဟာ ယေဘုယျအားဖြင့် အင်္ဂလိပ်မွေးထားခဲ့တဲ့ လစ်ဘရယ် ဓနရှင်လူမှုအစုများဖြစ်ပါတယ်။ ဒီလူမှုအစုဟာ ၄၈ လွတ်လပ်ရေးအတွက် ရုန်းကန်ရတဲ့ ခေတ်အသီးသီးမှာ ဒိုင်အာခီ ၁၉၂၃ ခွဲရေး တွဲရေး ၉၁ဌာန လွတ်လပ်ရေးခေတ် ၁၉၄၆ -၄၇ ခုနှစ်များမှာ မြန်မာမျိုးချစ် တချို့ဟာ ရာထူးအာဏာလစာတို့နဲ့ မြှူဆွယ်ဖဲ့ထုတ်တဲ့အခါ တချို့ပါသွားခဲ့ကြတယ်။ ဒီကနေ့ ကျင်းပပြုလုပ်နေကြတဲ့ တချို့ ဒိုင်ယာလော့ခ်များမှာ ရထူး၊ အာဏာ၊ လစာငွေကြေးတို့နဲ့ လှုပ်/ နဲ့မှုကို မခံနိုင်တဲ့သူတချို့ဟာ အညံ့ခံတဲ့ လမ်း ကြောင်းပေါ်ကို ကိုယ်ကျိုးတစ်စုံတစ်ရာကြောင့် ‘အနှဲ့ခံရလို့’နဲ့ သွားတဲ့သူတွေအကြောင်း မကြားချင်အဆုံးပါပဲ။ ဒီကနေ့ခေတ်မှာ ငွေကြေးဥစ္စာအာဏာ ရာထူးတို့နဲ့ ဂိုဏ်းခွဲမှု ဂိုဏ်းမှုရာထူးအာဏာ သားသမီး ဟိုနားဒီနားသွား လိုမှုကစပေါက်ဈေးတွေနဲ့ပါ။ ဒီကနေ့ ဒီမိုကရေစီနိုင်ငံရေးဆိုတာဟာ ဘူဇွာနိုင်ငံရေးပါ။ လစ်ဘရယ်ဓနရှင်လူတန်း စားမှာ လူကိုလိုက်ပြီး ကြေးအမျိုးရှိတယ်ဆိုပါတယ်။ ဒီကနေ့နိုင်ငံရေးက ဒီမိုကရေစီနိုင်ငံရေးဖြစ်တာကြောင့် ကျင့်ဝတ်နိုင်ငံရေးလို့ ပြောဖို့ခက်ပါတယ်။ ဘူဇွာနိုင်ငံရေးဆိုတာ ကြေးနဲ့လုပ်ကြတာလို့ ပြောကြတာကိုကြားဖူးပါ တယ်။ ကြေးဆိုတာကလည်း နိုင်ငံရေးပေါ်လစီများနဲ့ ဆက်နေတာပါ။ ဒီမိုကရေစီဆိုတာကလည်း ကိစ္စလိုက်ပြီး ကြေးရှိတယ်ဆိုပါတယ်။
ဗမာပြည်လစ်ဘရယ် ဒီမိုကရေစီ ဗီဇကောင်းပါတယ်။ အင်္ဂလိပ်ထံကရတာပါ။ အင်္ဂလိပ်ထံကရတဲ့ ဒီမိုကရေစီက ၁၉၄၈၊ ဇန်နဝါရီ ၄ရက်ကစခဲ့တာပါ။ ဗမာက အင်္ဂလိပ်ကျွန်အဖြစ် ၁၈၂၄ နှစ်ကစရင် ၁၂၄နှစ်ရှိပါပြီ။ ဒါပေမဲ့ တကယ် ၁၉၆၂၊ မတ်လ ၂ရက်နေ့ကစပြီး ဗမာပြည်မှာ တကယ့် ဒီမိုကရေစီကွယ်လွန်ခဲ့တာ ၂-၃-၆၂ မှ ဒီကနေ့ဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီကွယ်လွန်ခဲ့တာ ၂ဝ၁၇-၁၉၆၂ ၅၅ နှစ်ရှိပြီ။ အခု ဗမာပြည်မှာ ကျင့်သုံး နေတဲ့ ဒီမိုကရေစီက အင်္ဂလန်ဗီဇပါတဲ့ ဒီမိုကရေစီပါ။ ၄-၁-၄၈မှာစခဲ့တဲ့ ဒီမိုကရေစီက ၂-၃-၆၂ မှာ ဒီမိုကရေစီ ကံကုန်ပါတယ်။ ဒီကနေ့တရားဝင်အတည်ပြုထားတဲ့ ဒီမိုကရေစီက တကယ့်ဒီမိုကရေစီမဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ၇၄ ဖွဲ့စည်းပုံ ဒီမိုကရေစီက ဒီမိုကရေစီအတုပါ။ ၄၇ ဖွဲ့စည်းပုံက အင်္ဂလန်ဗီဇပါ ဖွဲ့စည်းပုံ ပါ။ အခုပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံက ၇၄မှာပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံပါ။ ပါတီစုံအတုဖွဲ့စည်းပုံပါ။ အခုကျင့် သုံးတယ်လို့ဆိုနိုင်တဲ့ ဖွဲ့စည်းပုံက ၇၄ဖွဲ့စည်းပုံပါ။ ဒီချုပ်ကလဲ အကြောင်းပေါင်းစုံနဲ့ ၇၄ကိုကိုင်ထားတာ ပဲလို့ဆိုရ မှာပါ။
မြန်မာမျိုးချစ်နိုင်ငံရေး အင်အားစုများဟာ လစ်ဘရယ်နိုင်ငံရေးစနစ် Liberal Ideology ကို အင်္ဂလိပ်နယ် ချဲ့များထံမှရတာပါ။ အင်္ဂလိပ်က မြန်မာမျိုးချစ်များက ဆန့်ကျင်ခဲ့ကြတဲ့ ၁၉၂၃ ဒိုင်အာခီအုပ်ချုပ်ရေး ၁၉၃၅၊ ၉၁ဌာနအုပ်ချုပ်ရေး ၁၉၄၆ အောက်တိုဘာ ဘုရင်ခံအတိုင်ပင်ခံကောင်စီခေတ် အုပ်ချုပ်ရေး၊ ၁၉၄၇ ခု ဖွဲ့စည်းပုံ များနဲ့ လွတ်လပ်ရေးစာချုပ်ကြီး ခြောက်ခုကို အခြေပြုထားတဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ် ကျောထောက်နောက်ခံ များနဲ့ ဗမာကို လစ်ဘရယ်ဇာတ်သွင်းခဲ့တာပါ။ တစ်ပြိုင်နက်တည်းမှာ အင်္ဂလိပ်နယ်ချဲ့သမားများက မြန်မာ့လွတ် လပ်ရေးလှုပ်ရှားမှုကို (၁)၁၉၂၃ ဒိုင်အာခီအုပ်ချုပ်ရေး၊ (၂)၉၁ဌာနအုပ်ချုပ် ရေး၊ (၃) ၄၆ဘုရင်ခံအတိုင်ပင်ခံ ကောင်စီ အုပ်ချုပ်ရေး၊ (၄) ၄၇ ပထမဖွဲ့စည်းပုံအုပ် ချုပ်ရေးစနစ်များနဲ့ ဂိုဏ်းခွဲခဲ့တဲ့အတွက် ဒိုင်အာခီအုပ်ချုပ်ရေး ၁၉၂၃ ခွဲရေးတွဲရေး ၉၁ဌာနအုပ်ချုပ်ရေး၊ ၁၉၃၅ ၄၆ဘုရင်ခံ အတိုင်ပင်ခံကောင်စီခေတ် အုပ်ချုပ်ရေးစနစ်များနဲ့ ထိုးခွဲခဲ့တဲ့အတွက် လက်ဝေခံဓနရှင်များ Comprado Bourgeoisie များက ရာထူးအာဏာလစာရိက္ခာ၊ ဘွဲ့အမည် အရည်များရယူခဲ့တာကြောင့် မျိုးချစ်နိုင်ငံရေးအင်အားစုများအကြား ဂိုဏ်းကွဲခဲ့ရပါတယ်။ မျိုးချစ်လက်ယာဂိုဏ်းက ဗကပကို ၁၁-၁ဝ-၄၆မှာ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌသခင်အောင်ဆန်းက သူတစ်ဦးတည်းရဲ့ သဘောထားနဲ့ ဖဆပလ အဖွဲ့ချုပ်မှထုတ်ပစ်ခဲ့ပါတယ်။ ၄၇ ဇူလိုင် ၁၉မှာ ဖဆပလကြား ဖြတ်အစိုးရလုပ်ကြံခံရပြီး သခင်နုဝန်ကြီး ချုပ်ဖြစ်လာခဲ့တယ်။ ၁၉၄၈၊ မတ်လ ၂၈ ပြည်တွင်းစစ်ဟာ သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ (ကကချုပ်) ဗိုလ်ချုပ်ကြီးနေဝင်းတို့ ၄ဦးရဲ့ အဆုံးအဖြတ်နဲ့ ၄၈ပြည်တွင်းစစ်ဖြစ်ခဲ့တာလို့ မှတ်တမ်းများမှာဖော်ပြထားပါတယ်။ ၁၉၄၈-၅၈ ဖဆပလအစိုးရ ၅၈ ဇွန်၊ သခင်နု၊ ဖဆပလသန့်ရှင်းအစိုးရ ပထစ သခင်နုအစိုးရ၊ ဗိုလ်နေဝင်းအိမ်စောင့် အစိုးရ၊ ၆၂ မဆလစစ်အစိုးရ၊ ၈၉ ဗိုလ်စော မောင်စစ်အစိုးရ၊ ဗိုလ်သန်းရွှေ၊ နအဖ အစိုးရ၊ ဗိုလ်သိန်းစိန်ကြံ့ဖွံ့ အစိုးရစတဲ့ အရပ်သားစစ်ဗိုလ်ချုပ် အစိုးရအားလုံးဟာ ပြည်တွင်းစစ်နဲ့ပတ်သက်ရင် (၁)အပြုတ်တိုက်ရေး၊ (၂) ပုံသဏ္ဌာန်မျိုးစုံနဲ့လက်နက်ချရေး၊ အညံ့ခံရေး၊ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရေးပါပဲ။ ဒီကနေ့ ဒီချုပ်အစိုးရက ကော (၂၁)ရာစုပင်လုံ ကြွေးကြော်ထားပေမဲ့ မြောက်ပိုင်းမဟာမိတ် လူမျိုးစုံတော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့နဲ့ဖြစ်နေတဲ့ စစ်ပွဲကလည်း ဆက်ဖြစ်နေဆဲပါပဲ။ တပ်ကလည်း သူ့သဘောနဲ့သူပဲဆိုရင် တပ်နဲ့ ဒီချုပ်အစိုးရအကြားဆက်ဆံ ရေးကဘာလဲ။ ဘုရားကားအောက် မျောက်ကားအထက်လား။
လွတ်လပ်ရေးတိုက်ပွဲ ၄၂နှစ်အတွင်းမှာ ကျောင်းသားများဟာ ၁၉၂ဝ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ်ကြီးကို ဆင်နွှဲခဲ့ကြတယ်။ ပထမဆုံး ဒီသပိတ်ကြီးဟာ ဝံသာနုအရေးတော်ပုံကြီး နဲ့ ဆက်စပ်ပေါင်းစည်းပြီး၊ ပထမမြန်မာ့တပ်ပေါင်းစုကြီးဖြစ်တဲ့ GCBA အဖွဲ့ချုပ်ကြီးကိုပေါ်ထွန်းလာစေခဲ့တယ်။ ၁၉၃ဝ မေလအတွင်းမှာ တို့ဗမာအစည်း အရုံးကြီးကို သခင်ဘွဲ့ခံတက္ကသိုလ်ပညာ တတ်များက ဖွဲ့စည်းခဲ့တယ်။ တို့ဟာ သခင်တွေ၊ ကျွန်တွေမဟုတ်ဘူး။ သခင်မျိုးဟေ့ တို့ဗမာဆိုတဲ့ ကြွေးကြော်သံဟာ မြန်မာမျိုး ချစ်စိတ်ကို ဦးမော့လာစေခဲ့တယ်။ တို့ဗမာသီချင်းဟာ အဲဒီကာလက ကျိုးနေတဲ့ မြန်မာ့မျိုးချစ်စိတ်ကို တံခွန်ထူပေးခဲ့တယ်။ သခင်နုဟာ တက္ကသိုလ်အာဏာပိုင်များထိခိုက်စေတဲ့ ဟောပြောမှုများပြုမှု၊ တကသ အမှုဆောင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာကိုအောင်ဆန်းက သူတာဝန်ခံထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာပါတဲ့ ငရဲခွေးကြီးလွတ်နေပြီဆိုတဲ့ ဆောင်းပါးဟာ တက္ကသိုလ်အာဏာ ပိုင်အရာရှိကြီးတစ်ဦး ကိုသရော်တဲ့စာဖြစ်တာကြောင့် ရေးသူကိုဖော်ထုတ်ပေး ဖို့ တောင်းဆိုတာကို ငြင်းဆန်ခဲ့ကြတာကြောင့် တကသဥက္ကဋ္ဌဖြစ်တဲ့ သခင်နုနဲ့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ပစ်လိုက်တဲ့အတွက် ၁၉၃၆ ဒုတိယကျောင်းသားသပိတ်ကြီး ပေါ်ပေါက် ခဲ့ရပါတယ်။ ၁၅-၂-၁၉၃၆ နေ့တွင် ကျောင်းသား ၇ဝဝကျော်ပါ ကျောင်းသားများစုစည်းပြီး သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အထက်တန်းကျောင်းသားများပါဝင်ခဲ့ကြတယ်။ သပိတ် စခန်းကို ရွှေတိဂုံကုန်းတော် ပေါ်မှာ ဖွင့်လိုက်ကြတယ်။ တို့ဗမာအစည်းအရုံး ဌာနချုပ်နဲ့ ရန်ကုန်မှာရှိတဲ့ တို့ဗမာ အစည်းအရုံးများက ဗဟိုကျောင်းသား သပိတ်စောင့်ရှောက်ရေးကော်မတီဖွဲ့ပြီး စောင့်ရှောက်ခဲ့ကြပါတယ်။ နယ် မြို့နယ် ၂၆မြို့နယ်၊ ကျောင်းပေါင်း ၄၅ကျောင်းမှ ကျောင်းသားများရာထောင်ချီပြီး သပိတ်ထဲပါခဲ့ကြပါတယ်။ ကျောင်းသားများက အချက် ၁ဝ ချက်ပါ တောင်းဆိုချက်များ မရရင်ဆက်ပြီး သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားကြ တယ်ဆိုပါတယ်။ ဒီသပိတ်ကြီးရဲ့ နိုးကြားမှုနဲ့ The All Burma Students’ Union ကို စုဖွဲ့နိုင်ခဲ့ကြပါတယ်။ (၁၅-၂-၃၆)။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ The All Burma Federation of Students’ Union ‘ဗမာတစ်နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ၁၅-၂-၃၆ မှာ ပြန်လည်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ဒီ ၁၉၅၁ နှစ်ထဲမှာ ARUS All Rangoon Students’ Union ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂကိုပါ ဖွဲ့စည်းခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်အတွင်းမှာလည်း ကျောင်းသားများဘက်မှ တိုးတက်သော ကျောင်းသားများအင်အားစု The Rangoon University Students’ Progresive Force ဆိုတာရှိလာပါတယ်။ တိုးတက်သော ကျောင်းသားများ အင်အားစုလို့ သုံးနှုန်းပါတယ်။ အများကြားမှာ တိုးတက်လို့ခေါ်ပါတယ်။ တစ်ပြိုင်နက်ထဲမှာ ဖဆပလအစိုးရက ရည်ရွယ်ချက်ရှိရှိ ကျောထောက်နောက်ခံပြုပြီး ဖွဲ့စည်းပေးထားတဲ့ The Democratic Students’ Oraganisation ‘D.S.O.’ ဆိုတဲ့ ကျောင်းသားအင်အားစုလည်းရှိလာပါတယ်။ ဝန်ကြီး ဝန်ကလေးများနဲ့ အစိုးရ အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ကျောင်းသားများကို ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်း၊ တည်မြဲဖဆပလရဲ့ ခေါင်းဆောင်ကစုဖွဲ့ထား တာပါ။ လက်ဝဲဂိုဏ်းကျောင်းသားဆိုသူများကို တက္ကသိုလ်ကမောင်းထုတ်ဖို့ပါတဲ့။ ၁၉၅၃ တကသရွေးကောက်ပွဲ မှာ DSO များက မဲရုံအာဏာပိုင်များနဲ့ ပေါင်းပြီးမဲခိုးလို့ တကသရွေးကောက်ပွဲပျက်သွားပါတယ်။ ၁၉၅၃ အောက်တိုဘာ ကျောင်းတစ်လပိတ်ရက်ကို စာသင်ချိန်နည်းလို့ဆိုပြီး ဖဆပလအစိုးရက ၁၅ရက်ပဲ ကျောင်းပိတ် ဖို့လုပ်လာတာကြောင့် အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး ကျောင်းသားသပိတ်ကြီးဖြစ်ခဲ့တယ်။ အင်းဝ ဆောင်သပိတ်စခန်းကို ဦးကျော်ငြိမ်း၊ ဒုဝန်ကြီး၊ မစ္စတာရာရှစ်၊ တကသဥက္ကဋ္ဌဟောင်းကိုယ်တိုင်ပါပြီး အင်းဝ ဆောင်သပိတ်စခန်းကို မျက်ရည်ယိုဗုံး၊ အားပြင်းတဲ့မီးသတ်ပိုက်များနဲ့ပက်ပြီး ဖြိုခွဲချေမှုန်းခဲ့တယ်။ ကျောင်း သားများ ရာချီပြီး အဆောင်မှထုတ်၊ ကျောင်းမှ နှစ်အကန့်အသတ်အမျိုးမျိုးနဲ့ ကျောင်းသားများမှ ထုတ်ပယ်ခဲ့ တယ်။ အဆောင်နေခွင့်မပေးဘဲထားခဲ့တယ်။ အင်္ဂလိပ်ခေတ်ကပေးတဲ့ ကျောင်းသားအခွင့်အရေးကို သခင်နု ဖဆပလအစိုးရက ကန့်သတ်ခဲ့တယ်။ ကျောင်းသားများရာချီပြီး အဆောင်နေခွင့် ကျောင်းနေခွင့်ပိတ်ဆို့ခံခဲ့ကြရ ပါတယ်။
သခင်နုဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလများအတွင်းမှာ ၁၉၅၆ သတ္တမတန်းစာမေးပွဲမှာ ဘာသာစုံမေး ခွန်းပေါက်ကြားမှုကို အကြောင်းပြုပြီးဖြစ်တဲ့ ဆန္ဒပြပွဲမှာ ကျောင်းသားရဲဘော်ဟယ်ရီတန် အသက်ပေးခဲ့ရတယ်။ ၁၉၅၆ အောက်တိုဘာထဲမှာ သခင်နုဖဆပလအစိုးရက ကျောင်းသားသမဂ္ဂများ ကျောင်းပရိဝုဏ်ထဲမှာ မရှိရလို့ သခင်နု ဖဆပလအစိုးရက ဖိနှိပ်လာတဲ့အတွက် တစ်ပြည်လုံးရှိ ကျောင်းသားများက သမဂ္ဂပိတ်ပင်မှုဆန့် ကျင်ရေး တိုက်ပွဲဆင်ခဲ့လို့ မြို့နယ်နဲ့ ခရိုင် သမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များ ရာချီပြီး ကျောင်းထုတ်ခံခဲ့ကြရတယ်။
၁၉၆ဝ-၆၁ မှာ တန်းခွဲတန်းချတိုက်ပွဲ များဖြစ်ပေါ်လာခဲ့တယ်။ ၁၉၆ဝ-၆၁ မှာ ၁ဝတန်းမအောင်သူ ၉တန်း ဆင်းရမယ်ဆိုတာကြောင့် ထိုင်နေရင်း တစ်တန်းကျ တစ်တန်းအချခံရတာကြောင့် အထက်တန်းကျောင်းသားများ က ဆင်နွှဲတဲ့ ‘တန်းခွဲတန်းချ ဖျက်သိမ်းရေးတိုက်ပွဲများ’ ဆင်ခဲ့ကြတယ်။
၁၉၅၉ သြဂုတ်လအတွင်းမှာ ကျောင်းသားများရဲ့ ပထမအကြိမ်ကျောင်းသားများရဲ့ ပညာရေးနှီးနှောဖ လှယ်ပွဲကြီး ကျင်းပခဲ့တယ်။ စာတမ်းပေါင်း ၁၇စောင်တင်သွင်း ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးချုပ်သခင်နုက တည်ခင်း တဲ့ ညစာစားပွဲမှာ နှီးနှောဖလှယ်ပွဲမှာ တင်သွင်းတဲ့ စာတမ်းများကို ဝန်ကြီးချုပ်သခင်နုထံပေးအပ်ခဲ့ပါတယ်။ ပညာ ရေးဟာ Popular အများအတွက်ဖြစ်ရမယ်။ 1. National အမျိုးသားလက္ခဏာရှိရမယ်။ 2. Scientific သိပ္ပံနည်း ကျရမယ်။ 3.Popular ဖြစ်ရမယ် အများတောင်းဆိုတာရှိရမယ်။ Freedom ရှိရမယ်။ ပညာရေးလွတ်လပ်ခွင့်ရှိရ မယ်။ စစ်တမ်းဖိုင်တွဲကို ဝန်းကြီးချုပ်သခင်နုထံလွှဲ အပ်ခဲ့တယ်။
၁၉၂၃ -၅၄ ခုနှစ်မှာ ဗကသများအဖွဲ့ချုပ်ရဲ့ တတိယအကြိမ်ညီလာခံ ကုက္ကိုင်း ကဝေဠုဝန်ဘုန်းကြီး ကျောင်းမှာ ကျင်းပခဲ့တယ်။ ညီလာခံက အစ်ကိုကျောင်းသားသမဂ္ဂကြီးများက ဆင်နွှဲတဲ့ အောက်တိုဘာ ကျောင်း တစ်လပိတ်ရေး တရားမျှတတဲ့ တောင်းဆိုချက်ကိုထောက်ခံခဲ့ကြတယ်။ ကျောင်းသားများကို ဖမ်းဆီးတာ ကျောင်းမှ ထုတ်တာကိုကန့်ကွက်ခဲ့ကြပါတယ်။ ၁၉၅၆ ခုနှစ်မှာ ဗကသများအဖွဲ့ချုပ် စတုတ္ထကွန်ဂရက်ကို တကသ မှာကျင်းပခဲ့ပါတယ်။ ဒီညီလာခံကြီး ဆရာကြီးသခင်ကိုယ်တော် မှိုင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော၊ ရှေ့နေကြီး ဦးထွန်းတင်၊ ဆရာဝန်ကြီးဒေါက်တာဆင်ဖိုးနဲ့ မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီးများပါဝင်ကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ကြီးက IPCT က ပြည်တွင်းစစ်ပွဲကို သူမနာကိုယ်မနာတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ ပန်ကြားမေတ္တာ ရပ်ခံခဲ့ကြတာကိုထောက်ခံခဲ့ကြပါတယ်။ ၁၉၆၃၊ ဇွန်လအတွင်း မဆလတပ်ချုပ်နဲ့ တော်လှန်ရေးအင်အားစုများ တွေ့ဆုံကြရာမှာလည်း တရားမျှတတဲ့ တောင်းဆိုချက်များမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့များကို တစ်နေရာ တည်းမှာ စုပေးရမယ်ဆိုတာမျိုး တောင်းဆိုခဲ့တာကြောင့် ၁၄-၁၁-၆၃ ဆွေးနွေးပွဲပျက်သွားပါ တယ်။ အဲဒီနေ့က ဆူးလေဘုရား မြို့ တော်ခန်းမ၊ ဗန္ဓုလပန်းခြံ သုံးပွင့်ဆိုင်နေရာ မှာ လူထု သုံးသိန်းကျော်ပါတဲ့ ငြိမ်းချမ်းရေး ခြောက် ခရိုင်လူထုဆန္ဒပြပွဲကြီးဆန္ဒပြ ကျင်းပနေတာပါ။
၁၉၆၃ နိုဝင်ဘာ ၁၄ မှာ မဆလစစ် အစိုးရနဲ့ ဗကပအပါအဝင် တော်လှန်ရေး အင်အားစုများနဲ့ မဆလစစ် အစိုးရတို့ ၆၃ ဇွန်-ဇူလိုင်လဆန်းရက်များအတွင်းမှာ ကျင်းပခဲ့ကြတဲ့ ၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဒိုင်ယာလော့ဂ် များပျက်ပြားသွားခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ အဲဒီနိုဝင်ဘာ ၁၄ ငြိမ်းချမ်းရေး ဒိုင်ယာလော့ဂ်ပျက်ပြားသွား ရတဲ့နေ့ ညဥ့်ဦး ၆နာရီကစပြီး မြန်မာတစ်နိုင်ငံလုံးဟာ Reign of terror အကြမ်းဖက်ဖိနှိပ်တဲ့ နိုင်ငံရေးအာဝါသ တစ်ခုအောက်ကို ကျရောက်သွားခဲ့ရပါတော့တယ်။ အဲဒီ နိုဝင်ဘာ ၁၄ရက်နေ့ ညတစ်ညလုံးမှာ ရန်ကုန်မှာစပြီး နိုင်ငံအနှံ့ရှိရှိသမျှ လူထုလူတန်းစားအဖွဲ့အစည်းများမှ နိုးကြားတဲ့ နိုင်ငံရေးအင်အားစု အနည်းဆုံးလူ ၃ဝဝဝ လောက်ကို တစ်ပြည်လုံးမှာ ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။ ဒီဖမ်းဆီးမှုကြီးအတွင်းမှာ အထူးသဖြင့် ပမညတနဲ့ လက်ဝဲ နွယ်တဲ့ နိုင်ငံရေးသမားများ၊ လူငယ်ကျောင်းသားများ၊ စာရေးဆရာ၊ ကဗျာဆရာများအားလုံးကို အဲဒီ ၁၄၊ ၁၁ ညမှစပြီး တစ်ပြည်လုံးတစ်နိုင်ငံလုံးမှာ နိုးကြားတက်ကြွတဲ့ လူ ၃ဝဝဝ အနည်းဆုံးအဖမ်းခံကြရတယ်လို့ ပြည်တွင်း၊ ပြည်ပမီဒီယာများက သတင်း များဖော်ပြခဲ့ကြပါတယ်။ ၆၂-မတ်လ အာဏာသိမ်းပွဲနဲ့ မဆလလမ်းစဉ်ကို ထောက်ခံ၊ ဇူလိုင် ၇ရက် ကျောင်းသားသတ် ဖြတ်မှုကြီးကို ကျူးလွန်ခဲ့တဲ့ မဆလစစ် အစိုးရကို ထောက်ခံခဲ့တဲ့ ဝိဓူရသခင်ချစ် မောင်၊ ဦးဘငြိမ် (ငြိမ်းမဟုတ်) ဦးအောင် ဘန်း၊ ဦးသိန်းဖေမြင့်၊ ပြည်သူ့ရဲဘော် အဖြူ/အဝါများ၊ မလညပများစတဲ့ ဥပဒေတွင်း မာ့က်စ်ဝါဒီများ၊ Legal Marxists ဟာ ၆၂ မဆလအာဏာသိမ်းပွဲနဲ့ ဇူလိုင် ၇ရက်ကျောင်းသား သတ်ဖြတ်မှုကြီးကို ထောက်ခံခဲ့တယ်။ ပမညတ၊ မလညပများ အားလုံးက ဗကပကြောင့် Peace Talks ပျက်ပြား ရတာဖြစ်တယ်လို့ သဘောထားထုတ်ပြန်ခဲ့တယ်။ ဇူလိုင် ၇ရက်ကျောင်းသား အရေးတော်ပုံဟာ ဆိုရှယ်လစ်စနစ် ကိုဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုဖြစ်တယ်လို့ သဘောထားထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် တပ်ချုပ်ကြီးက မလညပ၊ ပမညတစတဲ့ ဥပဒေတွင်း မာ့က်စ်ဝါဒီကြီးများကို ငွေသုံးသောင်း၊ ဂျပန်ကားလေးဘီးတစ်စီး၊ ကပစ ထုတ် T.V. တစ်လုံး၊ တစ်လကိုအနည်းဆုံး ငွေ ၃ဝဝဝ ဝင်တဲ့ကုန်ဝယ်စာအုပ် နိုင်ငံဂုဏ်ရည်လက်မှတ်တစ်ခု ချီးမြှင့်ခဲ့တယ်။ ဇူလိုင် ၇ရက်သတ်ဖြတ်မှု တကသကို မိုင်းခွဲမှုစတဲ့ ဖက်ဆစ်အပြုအမူများအတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်ကျော်ဇော၊ ဦးထွန်းတင်စတဲ့ လူကြီးများက ဇူလိုင်သတ်ဖြတ်မှုတကသ အဆောက် အအုံအဟောင်းနဲ့ အသစ်တို့ကိုပါဖြိုဖျက်မှုစတဲ့ ဖောက်ပြန်တဲ့အပြုအမူများအတွက် ဗကသများအဖွဲ့ချုပ်၊ တကသ၊ တပ်ဦး၊ ကျောင်းသားအခွင့် အရေးကာကွယ်မှုကော်မတီ၊ သဟာယနဲ့ စာဖတ်အသင်းများအဖွဲ့ချုပ်၊ R.U. အနုပညာအသင်းကြီးက မဆလစစ်အစိုးရရဲ့ ဖက်ဆစ်အပြုအမူများအတွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်ခဲ့တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဥက္ကဋ္ဌလုပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဗိုလ်ချုပ်ကျော်ဇော ဥက္ကဋ္ဌလုပ်တဲ့ တရုတ်ဖြူကျူးကျော်မှုဆန့်ကျင်ရေးကော်မတီ ပြည်တွင်းငြိမ်းချမ်းရေး ဂေါပကဆရာတော်ကြီးများ အဖွဲ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းဥက္ကဋ္ဌလုပ်တဲ့ I.P.C. ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က လူမျိုးနဲ့ တိုင်းပြည် ရဲ့မျက်နှာကိုကြည့်ပြီး သူမနာကိုယ်မသာတဲ့နည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရယူကြဖို့ ဆရာကြီးနဲ့အဖွဲ့က အားလုံး ကိုမေတ္တာရပ်ခံခဲ့ပါတယ်။ ၁၉၆၁၊ နိုဝင်ဘာ ၁၄ရက်နေ့မှာ သိန်းချီတဲ့ ခြောက်ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြလူထုဟာ ညနေ ၄နာရီမှာ မြို့တော်ခန်းမ၊ ဆူးလေစေတီတော်၊ မဟာဗန္ဓုလပန်းခြံနဲ့ လွတ်လပ်ရေး ကျောက်တိုင်ဧရိယာ အတွင်းမှာ ပဲခူး၊ ပြည်၊ သာယာဝတီ၊ မှော်ဘီ၊ ဧရာဝတီ၊ မအူပင်၊ ဟံသာဝတီစတဲ့ ခရိုင်များမှ သိန်းချီတဲ့ လူထုဟာ ဆူးလေစေတီတော်ရဲ့ ပရိဝုဏ်အတွင်း သိန်းချီတဲ့ ခြောက်ခရိုင်လူထုဟာ သူတို့ရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ချွေးသံတ ရွှဲရွှဲနဲ့ဆန္ဒထုတ်ဖော်ပွဲတက်ခဲ့ကြတာဖြစ်ပါတယ်။
၁၄-၁၁-၆၃ ရက်နေ့ ဒီဘိတ်မှာ မဆလတပ်ချုပ်ကြီးက ကျုပ်က အေးအေးဆေးဆေး ခင်ဗျားတို့နဲ့စကားစမြည် ပြောကြပြီး စစ်ရပ်ဖို့မျှော်လင့်တာ။ ခုတော့ ခင်ဗျားတို့က ကျုပ်တို့ကို လူထုနဲ့ဆိုင်ပေးတာပေါ့။ ကောင်းပါတယ်။ ကျုပ်ဆွေးနွေးပွဲရပ်လိုက်ပြီ’လို့ပြောပြီး တပ်ချုပ်ကြီးက ဒိုင်ယာလော့ အခန်းထဲက ထွက်သွားပါတယ်တဲ့။ ပုံပြင် လေးက ဒါပါပဲ။ ၁၉၄၈ ကစခဲ့တဲ့ ပြည်တွင်းစစ်ဟာ အခု (၂၁)ရာစု ပင်လုံနဲ့တွေ့ကြရပြန်ပါပြီ။ ပုံပြင်လေးက ဘယ်နည်းဘယ်ပုံနဲ့များ ရွှေဖလားနှုတ်ခမ်းသပ်ရမှာပါလဲ။ ၁၉၂ဝ ရန်ကုန်တက္ကသိုလ်သပိတ်ကြီး နှစ်တစ်ရာ (၉၇နှစ်) နီးလာပါပြီ။ အတွေ့အကြုံတွေကို ထားစရာနေရာတစ်ခုခုတော့ ရှိကောင်းပါရဲ့လို့ ဆိုရပါတော့မယ်။

အောင်သာပီသုံးလုံး