၂၀၂၀ ရွေးကောက်ပွဲနှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ

ပုံစာ- ၂၀၁၅ အထွေထွေရွေးကောက်ပွဲ

Unicode Font

ရွေးကောက်ပွဲ မရှိရင် ဒီမိုကရေစီ မရှိဘူး လို့ ဆိုတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိတာတော့ မဟုတ်ဘူး။ အဲသည့်ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီနည်းကျသလဲဆိုတာကို ပြန်တိုင်းတာရမယ်။ အာဏာရှင်တစ်ပိုင်းတစ်စဖြစ်တဲ့နိုင်ငံတွေမှာ၊ အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးတာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အပြည့်အဝ မရှိဘူး။ အခြေခံအားဖြင့်တော့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် သလားဆိုတဲ့ စံနဲ့ တိုင်းတယ်။

ထပ်ချဲ့ရင်၊ ရွေးကောက်ပွဲ စံတွေကို ထပ်တွေ့နိုင်သေးတယ်။ ဥပမာအားဖြင့် – အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်ရှိ သလား၊ လူတစ်ယောက် မဲတစ်မဲဖြစ်သလား။ လျှို့ဝှက်မဲစနစ်ဖြစ်သလား။ ကိုယ်စားလှယ်ကို တိုက်ရိုက်ရွေးကောက် လို့ ရသလား။ စတဲ့အချက်တွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကြည့်ရင်၊ မြန်မာပြည်မှာ ဒီအခြေခံနှုန်းစံတွေ ရှိ တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့်အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ဒါကို ပစ်ထားလို့တော့ မရဘူး။ မဲစာရင်းတွေ မှန်မှန် ကန်ကန်နဲ့ ထုတ်ပြန်နိုင်ဖို့လည်း လိုတယ်။ လူတွေ မဲပေးချင်လောက်အောင် မျှော် လင့်ချက်ထားနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုးလည်း ရှိဖို့ လိုသေးတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာတော့၊ ရွေးကောက်ပွဲဆိုတာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အစိတ် အပိုင်းလို့ ပြောချင်ပါတယ်။ ရွေးကောက်ပွဲ တစ်ခုတည်းဟာ ဒီမိုကရေစီရှိခြင်း မရှိခြင်းကို အလုံးစုံ ကိုယ်စားပြုတာ တော့ မဟုတ်သေးဘူး။ အဲသည်လိုဖြစ်ရင်တော့၊ ရွေးကောက်ပွဲ ဒီမိုကရေစီအဆင့်ပဲ ရလိမ့်မယ်။ ရွေးကောက်ပွဲသာ ရှိပြီး တခြားသော ဒီမိုကရေစီ နှုန်းစံတွေ မရှိတဲ့ ပုံစံဖြစ်သွားမယ်။ Competitive Authoritarian လို့ခေါ်တဲ့ ယှဉ်ပြိုင်မှု ရှိတဲ့ အာဏာရှင်စနစ်သာဖြစ်မယ်။ ဒီမိုကရေစီ အစစ်မဟုတ်ဘူး။ ဒီတော့ ရွေးကောက်ပွဲ ဒီမိုကရေစီအဆင့်မှာပဲ ရပ်မ နေဖို့ လိုတယ်။ တစ်ဖက်မှာလည်း ယှဉ်ပြိုင်မှုရှိတဲ့ အာဏာရှင်စနစ်မျိုး မဖြစ်ဖို့လိုတယ်။

ကွက်ကြည့်လို့ မရ

ကျနော်တို့က ရွေးကောက်ပွဲဖြစ်စဉ်ကို ကြည့်ရင်၊ ရွေးကောက်ပွဲ ကျင်းပတဲ့ကာလကိုပဲ ကွက်ကြည့်လို့ မရဘူး။ ရွေး ကောက်ပွဲဖြစ်စဉ်ဆိုတာ စက်ဝိုင်းလို ဖြစ်စဉ်အနေနဲ့ ရှိတယ်။ ရွေးကောက်ပွဲ မတိုင်ခင်၊ ရွေးကောက်ပွဲကျင်းပနေဆဲ၊ ရွေးကောက်ပွဲ ကျင်းပ အပြီး၊ ရွေးကောက်ပွဲအလွန်ကာလတွေဆိုပြီး အပိုင်းတွေ ခွဲပြီး တစ်ဆင့်ချင်းစီ လုပ်ရမယ့် အရာတွေ ရှိတယ်။ မဲပေးပြီး ပြီးသွားတာ မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရဟာ ဘယ်လောက်ထိ ဒီမိုကရေစီကို အသက်ဝင်အောင် ကျင့်သုံးသလဲ။ ဒီမိုကရေစီကျင့်ထုံးတွေကို ဘယ်လောက်အထိ အုတ်မြစ်ချနိုင် သလဲ။ အစိုးရကိုယ်တိုင်က ဘယ်လောက်ထိ ဒီမိုကရေစီအပေါ်တိမ်းညွှတ်မှုရှိသလဲဆိုတာတွေ အကဲဖြတ်ဖို့ လိုသေး တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကို အဓိကယှဉ်ပြိုင်တာက နိုင်ငံရေးပါတီတွေ။ အစိုးရဖြစ်လာတဲ့ နိုင်ငံရေးပါတီ ဟာ ပါတီမူဝါဒအနေနဲ့ရော၊ ပါတီကျင့်ထုံးအနေနဲ့ပါ ဒီမိုကရေစီအပေါ် ဘယ် လောက်ယုံကြည်သက်ဝင်သလဲဆိုတာ ပါ ကြည့်ရမယ်။

ပုံမှန်ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲဟာ ၁၀ နှစ်သက်တမ်းရှိလာတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီးမှာ အရေးကြီးတဲ့ ခြေလှမ်း တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဆိုတာမှာ နောက်ထပ်နှုန်းစံတစ်ခုရှိသေးတယ်။ အဲဒါကတော့ ပုံမှန်ရွေးကောက်ပွဲ ကျင်းပရမယ်ဆိုတဲ့ကိစ္စ။ Regular Election ပေါ့။ သမိုင်းမှာ ပြန်ကြည့်ရင်၊ အစိုးရတစ်ရပ်ဟာ ရွေးကောက်ပွဲနဲ့တော့ တက်လာတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရကပဲ ရွေးကောက်ပွဲကို ဖျက်ပစ် တာ ရှိတယ်။ ဟစ်တလာဂျာမနီဟာ ဥပမာကောင်းပေါ့။ ဒီတော့ ကျနော်တို့ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ ငါးနှစ်တစ်ကြိမ် ကျင်းပရမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျင်းပဖြစ်အောင်ကို လုပ်ရမယ်။ ကမ္ဘာစစ်ဖြစ်နေတဲ့အချိန်က လွဲလို့ပေါ့။ အဲသည်လိုမှ မဟုတ်ရင် ဘယ်လိုအကြောင်းပြချက်မှ မပေး နဲ့။ ရွေးကောက်ပွဲ လုပ်ချိန်တန်ရင် တည်ဆဲ အာဏာရအစိုးရဟာ ရွေးကောက်ပွဲကို မဖြစ်မနေကို ကျင်းပပေး ရမယ်။ အဲဒါဟာ guarantee ဖြစ်တယ်။ အာမခံ ချက်ဖြစ်တယ်။ credit ဖြစ်တယ်။

ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီအစဉ်ဇယားအတိုင်း လည်တဲ့သဘောဖြစ်တယ်။ ဒါကို ဆက်လှည့် ရမယ်။ ပြည်သူကလည်း ရွေးကောက်ပွဲရဲ့တန်ဖိုးကို သိရမယ်။ နိုင်ငံရေးပါတီတွေကလည်း ပြည်သူတွေ အိမ်ထဲက အိမ်ပြင်ထွက် မဲပေးချင်စိတ်ရှိအောင် ကိုယ့်ဘက်က လောက်လောက်လားလား ရှိဖို့ လိုတယ်။ ပြည်သူဟာ သူနဲ့တန် တဲ့ အစိုးရကို ရတယ်ဆိုတဲ့စကားရှိတယ်။ တချို့ကလည်း ဒီလိုပြောတာ မကြိုက်ဘူး။ မကြိုက်ပေမယ့်၊ ဒါက စဉ်းစား ရမယ်။ “အကန်းကမ္ဘာမှာ တစ်ဖက်လပ်တွေ မင်းမူတာ မဆန်းဘူး” ဆိုတဲ့စကားလည်း ရှိတယ်။ ဒီတော့ ပြည်သူဟာ အ,လို့ မရဘူး။ လက်ရှိကျနော်တို့ မြန်မာပြည်သူတွေဟာ မ,အ ကြတော့ပါဘူး။ ဒါပေမယ့် ကာယကံမြောက် မ,အ ကြဖို့တော့ လိုနေသေးတယ်။ တော်တော်များများက အ,တော့ မ,အ ဘူး။ လက်တွေ့ မှာတော့ အလိမ်ခံနေကြသေး တာ တွေ့ရတယ်။ ဒါကို သတိထားဖို့တော့ လိုတယ်။

ပါတီစနစ် / ရွေးကောက်ပွဲစနစ်

မြန်မာပြည်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာကို ကြည့်မယ်ဆိုရင်၊ အဓိက ပတ်သက်တာ (၂) ခု။ ပါတီစနစ်နဲ့ ရွေးကောက်ပွဲစနစ်။ လူတော်တော်များများက ပါတီစနစ်နဲ့ ရွေးကောက်ပွဲကို ခွဲတောင် သိပ်မသိကြဘူး။ ရောနေကြ တယ်။ ဒါကလည်း နိုင်ငံရေးရေချိန်နဲ့ ဆိုင်တယ်။ ပါတီစနစ်နဲ့ ရွေးကောက်ပွဲဆိုတာ ပေါင်းပြီး ပြောရတာ မဟုတ်ဘူး။ ခွဲပြီး ပြောရမယ့်ကိစ္စ။ Political System လို့ ခေါ်တဲ့ပါတီစနစ်ဆိုတာကို မြန်မာ ပြည် ကျင့်သုံးတာက “ပါတီစုံစနစ်” ။ multiparty စနစ်ပေါ့။ ရွေးကောက်ပွဲစနစ်ကိုတော့ electoral system လို့ ခေါ်တယ်။ အဲသည်မှာ FPTP (First pass the post) လို့ခေါ်တဲ့ နိုင်သူအကုန်ယူစနစ်ကို ကျင့်သုံးတယ်။ ဒီစကားလုံးက မြင်းပွဲက လာတဲ့စကားလုံးဖြစ်တယ်။ နှာတစ်ဖျားသာတာနဲ့ အကုန်ယူကြေး၊ အကုန်စားကြေး ဆိုတဲ့သဘော။ ဒီတော့ ကိုယ်စားပြုမှုမှာ မျှတမှုတော့ နည်းတယ်။ အများစုကို အသားပေးပြီး အနည်းစုကို ဗဟို ပြုတာ မဟုတ်ဘူး။ ပီအာ (PR – Proportional Representative) လို့ခေါ်တဲ့ ရွေးကောက်ပွဲစနစ်ကတော့၊ ကိုယ်စားပြုမှု မျှတတဲ့သဘောရှိတယ်။

လစ်ဘရယ်ဒီမိုကရေစီမှာ၊ အများစုဆန္ဒကို ဦးစားပေးပြီး အနည်းစုရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်ပေးရ မယ်ဆိုတဲ့ စံရှိတယ်။ ကျနော်တို့ နိုင်ငံက နိုင်သူအကုန်ယူစနစ် (FPTP) ကို သုံးတာဖြစ်ပေမယ့်၊ အနည်းစုကိုယ်စားပြု မှုကိုလည်း အလေးထားစဉ်းစားဖို့ လိုတယ်။ မြန်မာပြည်မှာ လူမျိုးစုပါတီတွေ အများကြီးရှိတယ်။ ပြည်မမှာလည်း နိုင်ငံရေးပါတီငယ်တွေ အများကြီးရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာပြည်မှာ ဘယ်လောက် အတိုင်း အတာအထိ ပါတီစုံစနစ် ဖွံ့ဖြိုးသလဲဆို တဲ့ အဖြေကို ထုတ်ပေးနိုင်လိမ့်မယ်။

သမိုင်းကို ပြန်ကြည့်ရင် မြန်မာပြည်မှာ ဘယ်တုန်းကမှ ပါတီစုံစနစ် ကောင်းကောင်းဖြစ်ထွန်းခဲ့တယ်ဆိုတဲ့ သာဓက မတွေ့ရဘူး။ ပါလီမန်ဒီမိုကရေစီခေတ်က ပါတီစုံစနစ်ကို ကျင့် သုံးတာပဲ။

တကယ်လက်တွေ့မှာ ဖဆပလသာ ကြီးစိုးတဲ့ စနစ်ဖြစ်ခဲ့တယ်။ တခြားသော ပါတီတွေ ပါဝင်မှု အားမကောင်းခဲ့ဘူး။ ပြီးတော့ ပါလီမန်ဒီမိုကရေစီကို စစ်အာဏာသိမ်းမှုနဲ့ နိဂုံးချုပ်သွားတယ်။ မြန်မာပြည်မှာ ပါလီမန်နိဂုံးရဲ့ စစ်အာဏာ သိမ်းမှုကိုကြည့်ရင် ဗားရှင်းနှစ်မျိုးတောင် ထွက်တယ်။ အိမ်စောင့်အစိုးရ ဗားရှင်းနဲ့ တော်လှန်ရေးကောင်စီဗားရှင်း ဆိုပြီးတော့ ခွဲကြည့်နိုင်တယ်။ အိမ်စောင့်အစိုးရဗားရှင်း အာဏာသိမ်းမှုက စစ်တပ်အာဏာသိမ်းမှုကို တရားဝင် ဗားရှင်းဖြစ်အောင် လုပ်ထားတဲ့ ပုံစံ။ ၆၂ မတ်လ ၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုကတော့ တရားမဝင်တဲ့ ဗားရှင်း ပုံစံ။ ဒီတော့ စစ်အာဏာရှင်က လက်ပြောင်း အသွင်ပြောင်းပြီး အုပ်ချုပ်လာတာ နှစ်ပေါင်း ၅၀ နီးပါး။ နှစ်ပေါင်း ၅၀ ဆိုတာ ရာစုနှစ်တစ်ဝက်။ ဒီတော့ ရွေးကောက်ပွဲလည်း သေ။ ဒီမိုကရေစီဆိုတာလည်း မမြင်ရ။ ဒီတော့ ရွေးကောက်ပွဲနဲ့ အဆက်ပြတ်နေတဲ့ မြန်မာလူထုဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြန်လည်း အသားကျဖို့ လုပ်ရအုံး မယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ အလေ့အကျင့်နဲ့ မဲပေးတဲ့ဓလေ့ကို ပြန်လည် ထူထောင်တဲ့သဘော။ ဒီတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အရေးကြီးတယ်။

ပုံစာ- ၂၀၁၅ အထွေထွေရွေးကောက်ပွဲ

ပါတီစုံအသက်ဝင်ပါ့မလား

အခု ၂၀၂၀ အလွန် အခင်းအကျင်းမှာလည်း ဘယ်လောက်ထိ ပါတီစုံအသက်ဝင်မလဲဆိုတာက အဖြေဖြစ်တယ်။ ၂၀၂၀ အလွန်အခင်းအကျင်းက တစ်ပါတီကြီးစိုးတဲ့စနစ်ဖြစ်လာမလား။ ပါတီစုံစနစ်ဖြစ်လာမလား။ သမိုင်းမှာတော့ မြန်မာ့နိုင်ငံရေးဓလေ့ဟာ ပါတီစုံစနစ်ဖြစ်ထွန်းခဲ့တဲ့ အခြေအနေ ရှိကို မရှိခဲ့ဘူး။ လက်ရှိမှာတော့ ပါတီစုံစနစ် ဖြစ်ထွန်းလာမလားဆိုတာ စောင့်ကြည့်ဖို့ လိုတယ်။ မျှော်လက်ချက်အနေနဲ့ကတော့ များများစားစား မျှော်လင့်လို့ မရသေးဘူး။ မြန်မာပြည်ဟာ တစ်ပါတီကြီးစိုးတဲ့စနစ်ပဲ ဖြစ်နေလိမ့်အုံးမယ်။ ပါတီစုံစနစ်ဖြစ်ထွန်း အသက်ဝင်ဖို့ အလားအလာ နည်းနေတယ်။ ပါတီစုံစနစ်ဖြစ်ထွန်းဖို့ ဆိုတာလည်း ကျေးဇူးပြုထောက်ပံ့မှုတွေ အများကြီး လိုတဲ့သဘောရှိတယ်။ တစ်ခုတည်းနဲ့ မရဘူး။ တစ်ချက်တည်းနဲ့ မရဘူး။ multi factors သဘောဖြစ် တယ်။

ပါတီစုံစနစ်ဖြစ်ထွန်းဖို့အတွက်၊ နိုင်ငံရေးဓလေ့နဲ့လည်း ဆိုင်တယ်။ မြန်မာပြည်သူလူထုဟာ အုံလိုက်ကျင်းလိုက် သောင်ပြုကမ်းပြို မဲပေးတတ်တဲ့အလေ့ရှိတယ်။ ပါလီမန်ခေတ် ဖဆပလခေတ်ကိုလည်း ကြည့်လို့ရတယ်။ ၉၀ ရွေးကောက်ပွဲကိုလည်း ကြည့်လို့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ကြည့်လို့ရတယ်။ ဒီအခြင်းအရာတွေ ကို ကောက်ကြည့်ရင် မြန်မာ့နိုင်ငံရေးဓလေ့ဟာ သောင်ပြိုကမ်းပြို အုံလိုက်ကျင်းလိုက်မဲပေးတတ်တဲ့ဓလေ့ကို မဖြောက်နိုင်သေးဘူး။ ဒါဆိုရင် သေချာတယ်။ ပါတီစုံစနစ်ဖြစ်ထွန်းဖို့ မလွယ်နိုင်သေးဘူး။

နောက်တစ်ချက်က ရွေးကောက်ပွဲစနစ်။ ရွေးကောက်ပွဲစနစ်မှာ၊ နိုင်သူ အကုန်ယူ စနစ် (FPTP) ကို ကျင့်သုံးတာ ကြောင့်၊ ပါတီငယ် တွေ အခွင့်အရေးရဖို့ မသေချာဘူး။ FPTP နဲ့ multiparty ပေါင်းခြင်းရဲ့ ရလဒ်ဟာ one-party dominant system လို့ခေါ်တဲ့ တစ်ပါတီကြီးစိုးတဲ့စနစ်၊ ဒါမှ မဟုတ် နှစ်ပါတီကြီးစိုးတဲ့စနစ် (two-party dominant system) ပဲဖြစ်ထွန်းလို့ တကယ်ပါတီစုံစနစ်ဖြစ်ဖို့ မသေချာဘူး။ မရေရာဘူး။ မြန်မာပြည်ဟာ ပြည်မမှာ လက်ရှိ အာဏာရ ပါတီကိုပဲ အုံလိုက်ကျင်းလိုက်၊ သောင်ပြိုကမ်းပြို မဲပေးဖို့ အလားအလာရှိတယ်။ ပြည်နယ်တွေ မှာတော့ လူမျိုးစုပါတီတချို့ မဲယူနိုင်လိမ့်မယ်။ ဒါပေမယ့် ဒါကလည်း ပြည်နယ်တွေမှာ ရှိတဲ့ ဒေသခံပါတီတွေ၊ လူမျိုးစုပါတီ တွေရဲ့ အားကောင်းချက်နဲ့ ဆိုင်နေသေးတယ်။ ဒေသခံပါတီနဲ့ လူမျိုးစုပါတီတွေရဲ့ ကိုယ်ခံအား၊ သက်လုံနဲ့ စုဖွဲ့မှုကို ဆန်းစစ်ဖို့ လိုနေသေးတယ်။ ရှမ်းနဲ့ မွန်ဘက်က လွဲရင် တခြားသော လူမျိုးစုပါတီတွေ၊ ဒေသခံပါတီတွေမှာ ကိုယ်ခံ အား၊ သက်လုံ၊ စုဖွဲ့မှုနဲ့ စိုက်လိုက်မတ်မတ် ရှိမှုမှာ အားနည်းချက်တွေ အများကြီး တွေ့ရတယ်။ ဒီတော့ မြန်မာပြည် အတွက် ပါတီစုံစနစ် ဖြစ်ထွန်းဖို့ မရေရာဘူး။ မသေချာဘူး။

သွေးသစ်လောင်း

တစ်ဖက်မှာလည်း ရွေးကောက်ပွဲဟာ အပြောင်းအလဲသစ်ဖြစ်တယ်။ မျှော်လင့်ချက်အသစ်ဖြစ်တယ်။ motivation အသစ်ဖြစ်တယ်။ သွေးသစ်လောင်းခြင်း၊ သွေးဟောင်းလှယ်ခြင်းလို့လည်း ပြောလို့ ရတယ်။ ၂၀၂၀ အလွန်နိုင်ငံရေး သစ်က သိပ်စိတ်ဝင်စားစရာကောင်းတယ်။ လက်ရှိ သိပ်တက်ကြွပြီး၊ သိပ်ကြွတက်နေတဲ့ပါတီတွေရဲ့ ကိုယ်ခံအားနဲ့ စွဲမြဲမှု သက်လုံကိုလည်း မျက်ဝါးထင်ထက် ထပ်မြင်ရမယ်။ မြန်မာ့နိုင်ငံရေးဓလေ့ကိုလည်း အကဲဖြတ်လို့ ရမယ်။ တည်ဆဲအာဏာရပါတီရဲ့ လုပ်ရပ်နဲ့ စွမ်းဆောင်ချက်အသစ်တွေကိုလည်း ခြေစလက်စ ဘယ်လောက်ရှိသလဲ၊ ခြေဘယ်လောက် ပေါ်သလဲဆိုတာကို တိုင်းတာလို့ရမယ့် အခင်းအကျင်းဖြစ်လိမ့်မယ်။

နောက်ပြီးတော့ ရွေးကောက်ပွဲကိစ္စဆိုတာ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ quality of society ကို အဆင့်တစ်ဆင့်အနေနဲ့ ပြဌာန်းမယ့်ကိစ္စဖြစ်တယ်။

မင်းသေ့

 

Zawgyi Font

၂၀၂၀ ေ႐ြးေကာက္ပြဲႏွင့္ ပါတီစုံစနစ္ အသက္ဝင္ဖြယ္ရာ ရွိ / မရွိ

မင္းေသ့

ပုံစာ- ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲ

ေ႐ြးေကာက္ပြဲ မရွိရင္ ဒီမိုကေရစီ မရွိဘူး လို႔ ဆိုတယ္။ ဒါေပမယ့္ ေ႐ြးေကာက္ပြဲ ရွိတိုင္း ဒီမိုကေရစီ ရွိတာေတာ့ မဟုတ္ဘူး။ အဲသည့္ေ႐ြးေကာက္ပြဲဟာ ဘယ္ေလာက္ ဒီမိုကေရစီနည္းက်သလဲဆိုတာကို ျပန္တိုင္းတာရမယ္။ အာဏာရွင္တစ္ပိုင္းတစ္စ ျဖစ္တဲ့နိုင္ငံေတြမွာ၊ အစိုးရကို ေ႐ြးေကာက္ပြဲနဲ႕ ေ႐ြးတာပဲ။ ဒါေပမယ့္ ေ႐ြးေကာက္ပြဲဟာ ဒီမိုကေရစီ အျပည့္အဝ မရွိဘူး။ အေျခခံအားျဖင့္ေတာ့၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ သလားဆိုတဲ့ စံနဲ႕ တိုင္းတယ္။

ထပ္ခ်ဲ့ရင္၊ ေ႐ြးေကာက္ပြဲ စံေတြကို ထပ္ေတြ႕နိုင္ေသးတယ္။ ဥပမာအားျဖင့္ – အ႐ြယ္ေရာက္သူတိုင္း မဲေပးပိုင္ခြင့္ရွိသလား၊ လူတစ္ေယာက္ မဲတစ္မဲျဖစ္သလား။ လွ်ို႔ဝွက္မဲစနစ္ျဖစ္သလား။ ကိုယ္စားလွယ္ကို တိုက္ရိုက္ေ႐ြးေကာက္ လို႔ ရသလား။ စတဲ့အခ်က္ေတြ ျဖစ္ပါတယ္။ ေယဘုယ်အားျဖင့္ ၾကည့္ရင္၊ ျမန္မာျပည္မွာ ဒီအေျခခံႏႈန္းစံေတြ ရွိ တယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္အခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒါကို ပစ္ထားလို႔ေတာ့ မရဘူး။ မဲစာရင္းေတြ မွန္မွန္ ကန္ကန္နဲ႕ ထုတ္ျပန္နိုင္ဖို႔လည္း လိုတယ္။ လူေတြ မဲေပးခ်င္ေလာက္ေအာင္ ေမွ်ာ္ လင့္ခ်က္ထားနိုင္တဲ့ နိုင္ငံေရး အခင္းအက်င္းမ်ိဳးလည္း ရွိဖို႔ လိုေသးတယ္။

ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာေတာ့၊ ေ႐ြးေကာက္ပြဲဆိုတာ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ အစိတ္အပိုင္း လို႔ ေျပာခ်င္ပါတယ္။ ေ႐ြးေကာက္ပြဲ တစ္ခုတည္းဟာ ဒီမိုကေရစီရွိျခင္း မရွိျခင္းကို အလုံးစုံ ကိုယ္စားျပဳတာေတာ့ မဟုတ္ ေသးဘူး။ အဲသည္လိုျဖစ္ရင္ေတာ့၊ ေ႐ြးေကာက္ပြဲ ဒီမိုကေရစီအဆင့္ပဲ ရလိမ့္မယ္။ ေ႐ြးေကာက္ပြဲသာရွိၿပီး တျခားေသာ ဒီမိုကေရစီႏႈန္းစံေတြ မရွိတဲ့ ပုံစံျဖစ္သြားမယ္။ Competitive Authoritarian လို႔ေခၚတဲ့ ယွဥ္ၿပိဳင္မႈ ရွိတဲ့ အာဏာရွင္စနစ္ သာျဖစ္မယ္။ ဒီမိုကေရစီ အစစ္မဟုတ္ဘူး။ ဒီေတာ့ ေ႐ြးေကာက္ပြဲ ဒီမိုကေရစီအဆင့္မွာပဲ ရပ္မေနဖို႔ လိုတယ္။ တစ္ဖက္ မွာလည္း ယွဥ္ၿပိဳင္မႈရွိတဲ့ အာဏာရွင္စနစ္မ်ိဳး မျဖစ္ဖို႔လိုတယ္။

ကြက္ၾကည့္လို႔ မရ

က်ေနာ္တို႔က ေ႐ြးေကာက္ပြဲျဖစ္စဥ္ကို ၾကည့္ရင္၊ ေ႐ြးေကာက္ပြဲ က်င္းပတဲ့ကာလကိုပဲ ကြက္ၾကည့္လို႔ မရဘူး။ ေ႐ြးေကာက္ ပြဲျဖစ္စဥ္ဆိုတာ စက္ဝိုင္းလို ျဖစ္စဥ္အေနနဲ႕ ရွိတယ္။ ေ႐ြးေကာက္ပြဲ မတိုင္ခင္၊ ေ႐ြးေကာက္ပြဲက်င္းပေနဆဲ၊ ေ႐ြးေကာက္ပြဲ က်င္းပ အၿပီး၊ ေ႐ြးေကာက္ပြဲအလြန္ကာလေတြဆိုၿပီး အပိုင္းေတြ ခြဲၿပီး တစ္ဆင့္ခ်င္းစီ လုပ္ရမယ့္ အရာေတြရွိတယ္။ မဲေပးၿပီး ၿပီးသြားတာ မဟုတ္ဘူး။ ေ႐ြးေကာက္ပြဲနဲ႕ တက္လာတဲ့အစိုးရဟာ ဘယ္ေလာက္ထိ ဒီမိုကေရစီကို အသက္ဝင္ေအာင္ က်င့္သုံးသလဲ။ ဒီမိုကေရစီက်င့္ထုံးေတြကို ဘယ္ေလာက္အထိ အုတ္ျမစ္ခ်နိဳင္ သလဲ။ အစိုးရကိုယ္တိုင္က ဘယ္ေလာက္ထိ ဒီမိုကေရစီအေပၚတိမ္းၫႊတ္မႈရွိသလဲဆိုတာေတြ အကဲျဖတ္ဖို႔ လိုေသးတယ္။ ေနာက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲကို အဓိက ယွဥ္ၿပိဳင္တာ က နိုင္ငံေရးပါတီေတြ။ အစိုးရျဖစ္လာတဲ့ နိုင္ငံေရးပါတီ ဟာ ပါတီမူဝါဒအေနနဲ႕ေရာ၊ ပါတီက်င့္ထုံးအေနနဲ႕ပါ ဒီမိုကေရစီအေပၚ ဘယ္ေလာက္ယုံၾကည္သက္ဝင္သလဲဆိုတာ ပါ ၾကည့္ရမယ္။

 

ပုံမွန္ေ႐ြးေကာက္ပြဲ

၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ၁၀ ႏွစ္သက္တမ္းရွိလာတဲ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးခရီးမွာ အေရးႀကီးတဲ့ ေျခလွမ္း တစ္ခုျဖစ္ပါတယ္။ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ပြဲဆိုတာမွာ ေနာက္ထပ္ႏႈန္းစံတစ္ခုရွိေသးတယ္။ အဲဒါကေတာ့ ပုံမွန္ေ႐ြးေကာက္ပြဲ က်င္းပရမယ္ဆိုတဲ့ကိစၥ။ Regular Election ေပါ့။ သမိုင္းမွာ ျပန္ၾကည့္ရင္၊ အစိုးရတစ္ရပ္ဟာ ေ႐ြးေကာက္ပြဲနဲ႕ေတာ့ တက္လာတယ္။ ဒါေပမယ့္ ေ႐ြးေကာက္ပြဲနဲ႕ တက္လာတဲ့အစိုးရကပဲ ေ႐ြးေကာက္ပြဲကို ဖ်က္ပစ္တာ ရွိတယ္။ ဟစ္တလာဂ်ာမနီဟာ ဥပမာေကာင္းေပါ့။ ဒီေတာ့ က်ေနာ္တို႔ဟာ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္၊ ငါးႏွစ္တစ္ႀကိမ္ က်င္းပရမယ္ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ က်င္းပျဖစ္ေအာင္ကို လုပ္ရမယ္။ ကမာၻစစ္ျဖစ္ေနတဲ့အခ်ိန္က လြဲလို႔ေပါ့။ အဲသည္လိုမွ မဟုတ္ရင္ ဘယ္လိုအေၾကာင္းျပခ်က္မွ မေပး နဲ႕။ ေ႐ြးေကာက္ပြဲ လုပ္ခ်ိန္တန္ရင္ တည္ဆဲ အာဏာရအစိုးရဟာ ေ႐ြးေကာက္ပြဲကို မျဖစ္မေနကို က်င္းပေပး ရမယ္။ အဲဒါဟာ guarantee ျဖစ္တယ္။ အာမခံ ခ်က္ျဖစ္တယ္။ credit ျဖစ္တယ္။

ဒီေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဟာ ဒီမိုကေရစီအစဥ္ဇယားအတိုင္း လည္တဲ့သေဘာျဖစ္တယ္။ ဒါကို ဆက္လွည့္ ရမယ္။ ျပည္သူကလည္း ေ႐ြးေကာက္ပြဲရဲ႕တန္ဖိုးကို သိရမယ္။ နိုင္ငံေရးပါတီေတြကလည္း ျပည္သူေတြ အိမ္ထဲက အိမ္ျပင္ထြက္ မဲေပးခ်င္စိတ္ရွိေအာင္ ကိုယ့္ဘက္က ေလာက္ေလာက္လားလား ရွိဖို႔ လိုတယ္။ ျပည္သူဟာ သူနဲ႕တန္ တဲ့ အစိုးရကို ရတယ္ ဆိုတဲ့စကားရွိတယ္။ တခ်ိဳ႕ကလည္း ဒီလိုေျပာတာ မႀကိဳက္ဘူး။ မႀကိဳက္ေပမယ့္၊ ဒါက စဥ္းစား ရမယ္။ “အကန္းကမာၻမွာ တစ္ဖက္လပ္ေတြ မင္းမူတာ မဆန္းဘူး” ဆိုတဲ့စကားလည္း ရွိတယ္။ ဒီေတာ့ ျပည္သူဟာ အ,လို႔ မရဘူး။ လက္ရွိက်ေနာ္တို႔ ျမန္မာျပည္သူေတြဟာ မ,အ ၾကေတာ့ပါဘူး။ ဒါေပမယ့္ ကာယကံေျမာက္ မ,အ ၾကဖို႔ေတာ့ လိုေနေသးတယ္။ ေတာ္ေတာ္ မ်ားမ်ားက အ,ေတာ့ မ,အ ဘူး။ လက္ေတြ႕ မွာေတာ့ အလိမ္ခံေနၾကေသး တာ ေတြ႕ရတယ္။ ဒါကို သတိထားဖို႔ေတာ့ လိုတယ္။

 ပါတီစနစ္ / ေ႐ြးေကာက္ပြဲစနစ္

ျမန္မာျပည္ရဲ႕ ေ႐ြးေကာက္ပြဲနဲ႕ ပတ္သက္တာကို ၾကည့္မယ္ဆိုရင္၊ အဓိက ပတ္သက္တာ (၂) ခု။ ပါတီစနစ္နဲ႕ ေ႐ြးေကာက္ ပြဲစနစ္။ လူေတာ္ေတာ္မ်ားမ်ားက ပါတီစနစ္နဲ႕ ေ႐ြးေကာက္ပြဲကို ခြဲေတာင္ သိပ္မသိၾကဘူး။ ေရာေနၾကတယ္။ ဒါကလည္း နိုင္ငံေရးေရခ်ိန္နဲ႕ ဆိုင္တယ္။ ပါတီစနစ္နဲ႕ ေ႐ြးေကာက္ပြဲဆိုတာ ေပါင္းၿပီး ေျပာရတာ မဟုတ္ဘူး။ ခြဲၿပီး ေျပာရမယ့္ကိစၥ။ Political System လို႔ ေခၚတဲ့ပါတီစနစ္ဆိုတာကို ျမန္မာ ျပည္ က်င့္သုံးတာက “ပါတီစုံစနစ္” ။ multiparty စနစ္ေပါ့။ ေ႐ြး ေကာက္ပြဲစနစ္ကိုေတာ့ electoral system လို႔ ေခၚတယ္။ အဲသည္မွာ FPTP (First pass the post) လို႔ေခၚတဲ့ နိုင္သူ အကုန္ယူစနစ္ကို က်င့္သုံးတယ္။ ဒီစကားလုံးက ျမင္းပြဲက လာတဲ့စကားလုံးျဖစ္တယ္။ ႏွာတစ္ဖ်ားသာတာနဲ႕ အကုန္ယူ ေၾကး၊ အကုန္စားေၾကး ဆိုတဲ့သေဘာ။ ဒီေတာ့ ကိုယ္စားျပဳမႈမွာ မွ်တမႈေတာ့ နည္းတယ္။ အမ်ားစုကို အသားေပးၿပီး အနည္း စုကို ဗဟိုျပဳတာ မဟုတ္ဘူး။ ပီအာ (PR – Proportional Representative) လို႔ေခၚတဲ့ ေ႐ြးေကာက္ပြဲစနစ္ကေတာ့၊ ကိုယ္ စားျပဳမႈ မွ်တတဲ့သေဘာရွိတယ္။

လစ္ဘရယ္ဒီမိုကေရစီမွာ၊ အမ်ားစုဆႏၵကို ဦးစားေပးၿပီး အနည္းစုရဲ႕ အခြင့္အေရးေတြကိုလည္း ကာကြယ္ေပးရမယ္ဆိုတဲ့ စံရွိတယ္။ က်ေနာ္တို႔ နိုင္ငံက နိုင္သူအကုန္ယူစနစ္ (FPTP) ကို သုံးတာျဖစ္ေပမယ့္၊ အနည္းစုကိုယ္စားျပဳမႈကိုလည္း အေလး ထားစဥ္းစားဖို႔ လိုတယ္။ ျမန္မာျပည္မွာ လူမ်ိဳးစုပါတီေတြ အမ်ားႀကီးရွိတယ္။ ျပည္မမွာလည္း နိုင္ငံေရးပါတီငယ္ေတြ အမ်ား ႀကီးရွိတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္ဟာ ျမန္မာျပည္မွာ ဘယ္ေလာက္ အတိုင္းအတာအထိ ပါတီစုံစနစ္ ဖြံ႕ၿဖိဳးသလဲဆို တဲ့ အေျဖကို ထုတ္ေပးနိုင္လိမ့္မယ္။

သမိုင္းကို ျပန္ၾကည့္ရင္ ျမန္မာျပည္မွာ ဘယ္တုန္းကမွ ပါတီစုံစနစ္ ေကာင္းေကာင္းျဖစ္ထြန္းခဲ့တယ္ဆိုတဲ့ သာဓက မေတြ႕ရဘူး။ ပါလီမန္ဒီမိုကေရစီေခတ္က ပါတီစုံစနစ္ကို က်င့္ သုံးတာပဲ။

တကယ္လက္ေတြ႕မွာ ဖဆပလသာ ႀကီးစိုးတဲ့ စနစ္ျဖစ္ခဲ့တယ္။ တျခားေသာ ပါတီေတြ ပါဝင္မႈ အားမေကာင္းခဲ့ဘူး။ ၿပီးေတာ့ ပါလီမန္ဒီမိုကေရစီကို စစ္အာဏာသိမ္းမႈနဲ႕ နိဂုံးခ်ဳပ္သြားတယ္။ ျမန္မာျပည္မွာ ပါလီမန္နိဂုံးရဲ႕ စစ္အာဏာ သိမ္းမႈကိုၾကည့္ ရင္ ဗားရွင္းႏွစ္မ်ိဳးေတာင္ ထြက္တယ္။ အိမ္ေစာင့္အစိုးရ ဗားရွင္းနဲ႕ ေတာ္လွန္ေရးေကာင္စီဗားရွင္း ဆိုၿပီးေတာ့ ခြဲၾကည့္နိုင္ တယ္။ အိမ္ေစာင့္အစိုးရဗားရွင္း အာဏာသိမ္းမႈက စစ္တပ္အာဏာသိမ္းမႈကို တရားဝင္ ဗားရွင္းျဖစ္ေအာင္ လုပ္ထားတဲ့ ပုံစံ။ ၆၂ မတ္လ ၊ ေတာ္လွန္ေရးေကာင္စီ အာဏာသိမ္းမႈကေတာ့ တရားမဝင္တဲ့ ဗားရွင္း ပုံစံ။ ဒီေတာ့ စစ္အာဏာရွင္က လက္ ေျပာင္း အသြင္ေျပာင္းၿပီး အုပ္ခ်ဳပ္လာတာ ႏွစ္ေပါင္း ၅၀ နီးပါး။ ႏွစ္ေပါင္း ၅၀ ဆိုတာ ရာစုႏွစ္တစ္ဝက္။ ဒီေတာ့ ေ႐ြးေကာက္ ပြဲလည္း ေသ။ ဒီမိုကေရစီဆိုတာလည္း မျမင္ရ။ ဒီေတာ့ ေ႐ြးေကာက္ပြဲနဲ႕ အဆက္ျပတ္ေနတဲ့ ျမန္မာလူထုဟာ ေ႐ြးေကာက္ပြဲ နဲ႕ပတ္သက္ၿပီး ျပန္လည္း အသားက်ဖိဳ႕ လုပ္ရအုံး မယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ေ႐ြးေကာက္ပြဲ အေလ့အက်င့္နဲ႕ မဲေပးတဲ့ ဓေလ့ကို ျပန္လည္ ထူေထာင္တဲ့သေဘာ။ ဒီေတာ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး အတြက္ အေရးႀကီးတယ္။

ပုံစာ- ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲ

 

ပါတီစုံအသက္ဝင္ပါ့မလား

အခု ၂၀၂၀ အလြန္ အခင္းအက်င္းမွာလည္း ဘယ္ေလာက္ထိ ပါတီစုံအသက္ဝင္မလဲဆိုတာက အေျဖျဖစ္တယ္။ ၂၀၂၀ အလြန္အခင္းအက်င္းက တစ္ပါတီႀကီးစိုးတဲ့စနစ္ျဖစ္လာမလား။ ပါတီစုံစနစ္ျဖစ္လာမလား။ သမိုင္းမွာေတာ့ ျမန္မာ့နိုင္ငံ ေရးဓေလ့ဟာ ပါတီစုံစနစ္ျဖစ္ထြန္းခဲ့တဲ့ အေျခအေန ရွိကို မရွိခဲ့ဘူး။ လက္ရွိမွာေတာ့ ပါတီစုံစနစ္ ျဖစ္ထြန္းလာမလားဆိုတာ ေစာင့္ၾကည့္ဖို႔ လိုတယ္။ ေမွ်ာ္လက္ခ်က္အေနနဲ႕ကေတာ့ မ်ားမ်ားစားစား ေမွ်ာ္လင့္လို႔ မရေသးဘူး။ ျမန္မာျပည္ဟာ တစ္ပါတီႀကီးစိုးတဲ့စနစ္ပဲ ျဖစ္ေနလိမ့္အုံးမယ္။ ပါတီစုံစနစ္ျဖစ္ထြန္း အသက္ဝင္ဖို႔ အလားအလာ နည္းေနတယ္။ ပါတီစုံ စနစ္ျဖစ္ထြန္းဖို႔ ဆိုတာလည္း ေက်းဇူးျပဳေထာက္ပံ့မႈေတြ အမ်ားႀကီး လိုတဲ့သေဘာရွိတယ္။ တစ္ခုတည္းနဲ႕ မရဘူး။ တစ္ခ်က္တည္းနဲ႕ မရဘူး။ multi factors သေဘာျဖစ္ တယ္။

ပါတီစုံစနစ္ျဖစ္ထြန္းဖို႔အတြက္၊ နိုင္ငံေရးဓေလ့နဲ႕လည္း ဆိုင္တယ္။ ျမန္မာျပည္သူလူထုဟာ အုံလိုက္က်င္းလိုက္ ေသာင္ျပဳကမ္းၿပိဳ မဲေပးတတ္တဲ့အေလ့ရွိတယ္။ ပါလီမန္ေခတ္ ဖဆပလေခတ္ကိုလည္း ၾကည့္လို႔ရတယ္။ ၉၀ ေ႐ြးေကာက္ပြဲကိုလည္း ၾကည့္လို႔ရတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲကိုလည္း ၾကည့္လို႔ရတယ္။ ဒီအျခင္းအရာေတြ ကို ေကာက္ၾကည့္ရင္ ျမန္မာ့နိုင္ငံေရးဓေလ့ဟာ ေသာင္ၿပိဳကမ္းၿပိဳ အုံလိုက္က်င္းလိုက္မဲေပးတတ္တဲ့ဓေလ့ကို မေျဖာက္နိုင္ေသးဘူး။ ဒါဆိုရင္ ေသခ်ာတယ္။ ပါတီစုံစနစ္ျဖစ္ထြန္းဖို႔ မလြယ္နိုင္ေသးဘူး။

ေနာက္တစ္ခ်က္က ေ႐ြးေကာက္ပြဲစနစ္။ ေ႐ြးေကာက္ပြဲစနစ္မွာ၊ နိုင္သူ အကုန္ယူ စနစ္ (FPTP) ကို က်င့္သုံးတာ ေၾကာင့္၊ ပါတီငယ္ေတြ အခြင့္အေရးရဖို႔ မေသခ်ာဘူး။ FPTP နဲ႕ multiparty ေပါင္းျခင္းရဲ႕ ရလဒ္ဟာ one-party dominant system လို႔ေခၚတဲ့ တစ္ပါတီႀကီးစိုးတဲ့စနစ္၊ ဒါမွ မဟုတ္ ႏွစ္ပါတီႀကီးစိုးတဲ့စနစ္ (two-party dominant system) ပဲျဖစ္ထြန္းလို႔ တကယ္ပါတီစုံစနစ္ျဖစ္ဖို႔ မေသခ်ာဘူး။ မေရရာဘူး။ ျမန္မာျပည္ဟာ ျပည္မမွာ လက္ရွိ အာဏာရ ပါတီကိုပဲ အုံလိုက္က်င္း လိုက္၊ ေသာင္ၿပိဳကမ္းၿပိဳ မဲေပးဖို႔ အလားအလာရွိတယ္။ ျပည္နယ္ေတြ မွာေတာ့ လူမ်ိဳးစုပါတီတခ်ိဳ႕ မဲယူနိုင္လိမ့္မယ္။ ဒါေပမယ့္ ဒါကလည္း ျပည္နယ္ေတြမွာ ရွိတဲ့ ေဒသခံပါတီေတြ၊ လူမ်ိဳးစုပါတီ ေတြရဲ႕ အားေကာင္းခ်က္နဲ႕ ဆိုင္ေနေသးတယ္။ ေဒသခံပါတီနဲ႕ လူမ်ိဳးစုပါတီေတြရဲ႕ ကိုယ္ခံအား၊ သက္လုံနဲ႕ စုဖြဲ႕မႈကို ဆန္းစစ္ဖို႔ လိုေနေသးတယ္။ ရွမ္းနဲ႕ မြန္ဘက္က လြဲရင္ တျခားေသာ လူမ်ိဳးစုပါတီေတြ၊ ေဒသခံပါတီေတြမွာ ကိုယ္ခံ အား၊ သက္လုံ၊ စုဖြဲ႕မႈနဲ႕ စိုက္လိုက္မတ္မတ္ ရွိမႈမွာ အားနည္းခ်က္ေတြ အမ်ားႀကီး ေတြ႕ရတယ္။ ဒီေတာ့ ျမန္မာျပည္ အတြက္ ပါတီစုံစနစ္ ျဖစ္ထြန္းဖို႔ မေရရာဘူး။ မေသခ်ာဘူး။

 ေသြးသစ္ေလာင္း

တစ္ဖက္မွာလည္း ေ႐ြးေကာက္ပြဲဟာ အေျပာင္းအလဲသစ္ျဖစ္တယ္။ ေမွ်ာ္လင့္ခ်က္အသစ္ျဖစ္တယ္။ motivation အသစ္ ျဖစ္တယ္။ ေသြးသစ္ေလာင္းျခင္း၊ ေသြးေဟာင္းလွယ္ျခင္းလို႔လည္း ေျပာလို႔ ရတယ္။ ၂၀၂၀ အလြန္နိုင္ငံေရး သစ္က သိပ္ စိတ္ဝင္စားစရာေကာင္းတယ္။ လက္ရွိ သိပ္တက္ႂကြၿပီး၊ သိပ္ႂကြတက္ေနတဲ့ပါတီေတြရဲ႕ ကိုယ္ခံအားနဲ႕ စြဲၿမဲမႈ သက္လုံကို လည္း မ်က္ဝါးထင္ထက္ ထပ္ျမင္ရမယ္။ ျမန္မာ့နိုင္ငံေရးဓေလ့ကိုလည္း အကဲျဖတ္လို႔ ရမယ္။ တည္ဆဲအာဏာရပါတီရဲ႕ လုပ္ရပ္နဲ႕ စြမ္းေဆာင္ခ်က္အသစ္ေတြကိုလည္း ေျခစလက္စ ဘယ္ေလာက္ရွိသလဲ၊ ေျခဘယ္ေလာက္ ေပၚသလဲဆိုတာကို တိုင္းတာလို႔ရမယ့္ အခင္းအက်င္းျဖစ္လိမ့္မယ္။

ေနာက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲကိစၥဆိုတာ က်ေနာ္တို႔ ျမန္မာ့လူ႕အဖြဲ႕အစည္းရဲ႕ quality of society ကို အဆင့္တစ္ဆင့္ အေနနဲ႕ ျပ႒ာန္းမယ့္ကိစၥျဖစ္တယ္။

မင္းေသ့