၂၀၂၀ ဖြတ်ကျော်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်အားထားနေသည့် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး

 

၂၀၀၀ပြည့်နှစ်လောက်က ယနေ့ခေတ် ဂျာနယ်မှာရေးသားခဲ့တဲ့ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတစ်ပုဒ်ကိုပြန် အမှတ်ရနေပါတယ်။ အကြောင်းအရာကတော့ ကမ္ဘာကြီးရဲ့ စီးပွားရေးအရွေ့ကြီးဟာ အဲဒီအချိန်မှာ ဥရောပ၊ အမေရိက ဘက်ကနေအာရှကို ရွေ့လာပြီဆိုတဲ့အကြောင်း။ ဂျပန်နိုင်ငံကိုအဓိကလှည်းဝင်ရိုးဆုံမှတ်အဖြစ်ထားပြီး အနီးပတ်ဝန်းကျင် နိုင်ငံတွေကို လှည်းပုံ တောင်းအဖြစ် တင်စားခဲ့ပါတယ်။ နောက် နှစ်အစိတ်လောက်ကြာလာတဲ့အခါ လှည်းပုံတောင်းကြီး တစ်ခုလုံး တရုတ်ကို ၀င်ရိုးဆုံမှတ်ထားပြီး အရွေ့ကြီးတစ်ခုဖြစ် ပေါ်လာနိုင်ကြောင်းကို ရေးသားခဲ့ပါတယ်။ အခု တရုတ် အစိုးရရဲ့ ဦးဆောင်ဖော်ဆောင်နေတဲ့ ခေတ်သစ်ပိုးလမ်းမကြီးကတော့ လှည်းပုံတောင်းလောက်မက တင်စားရတော့မှာပါ။

အခု တရုတ်အစိုးရကဦးဆောင်တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကြီး (Belt and Road Initiative)ရဲ့ ဒုတိယအကြိမ် မြောက်ဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပပြီးခဲ့ပါတယ်။ ဒီခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း ဒုတိယ မြောက်ဖိုရမ်ကို မြန်မာ နိုင်ငံက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ အဲဒီလိုနိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သွားတာကို ပြည်သူတွေရော၊ မီဒီယာတွေကပါ မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ မျှော်နေခဲ့ကြပါသေးတယ်။ တရုတ်သမ်္မတရှီကျင့်ဖျင်နဲ့ ဒေါ်အောင်ဆန်းစု ကြည် တွေ့ဆုံတာကို မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ သဘောတူလိုက်ပြီ ဆိုတဲ့ သတင်းအတုတွေတောင် ထွက်လာ သေးတယ်။ ဒီသတင်းအတုတွေကလည်း ဒေါ်အောင်ဆန်းစု ကြည်ကို လော်ဘီလုပ်နေကြသူတွေ ဖြစ်ဖို့များသလို ဒေါ်အောင် ဆန်းစုကြည် တရုတ်ပြည်က ပြန်လာရင်မြစ် ဆုံစီမံကိန်း ပြဿနာအရေး ဘာထူးခြားမှုမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုရင် ပြည်သူတွေမကျေမနပ်ဖြစ်အောင်သွေးထိုးချင်တဲ့ လူတွေ ဖန်တီးထားတဲ့သတင်းလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံက ပြန်ရောက်နေခဲ့ပါပြီ။ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီး (Belt and Road Initiative) ရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်မှာ မြစ်ဆုံရေ ကာတာစီမံကိန်းကိစ္စကို ထည့်သွင်းမဆွေးနွေးခဲ့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာပြောသွားပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံသမ်္မတ ရှီကျင့်ဖျင်က မြန်မာအစိုးရအတွက် ယွမ်သန်း၁၀၀၀ကို ထောက်ပံ့ပေးမယ့် သဘောတူညီချက်ကိုရခဲ့ပါတယ်။

အခုအရေးကြီးတာက တရုတ်နိုင်ငံက ဦးဆောင်စည်းရုံးဖော်ဆောင်နေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကြီး (Belt and Road Initiative)ဟာ မြန်မာပြည်အတွက်အကျိုးရှိနိုင်မလားဆိုတာပါပဲ။ တရုတ်နိုင်ငံအနေနဲ့ အင်အားကြီးမားလာတဲ့ အပေါ်မှာ မူတည်ပြီး ဒေသအတွင်းမှာပိုပြီး ဖြန့်ကြက်နိုင်အောင် ကြိုးစားနေတဲ့အပြင် နိုင်ငံတကာမှာပါ သူ့အင်အားဖြန့်ကြက်နိုင်ဖို့ ကြိုးစားနေတာကို တွေ့နိုင်ပါလိမ့်မယ်။ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်ပြောတာကို ကြည့်မယ်ဆိုရင် “ခေတ်သစ်ပိုးလမ်းမ စီမံကိန်းထဲမှာပါ ၀င်မယ့်နိုင်ငံတွေ တစ်နေ့တခြားတိုးပွားလာနေပြီး လက်ရှိမှာအမေရိကန်ဒေါ်လာ ၆၄ဘီလီယံလောက် တန်ဖိုးရှိတဲ့ စာချုပ်တွေကို လက်မှတ်ထိုးနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ ဒီဖိုရမ်ကိုနိုင်ငံ၁၅၀ကျော်နဲ့ နိုင်ငံတကာ အဖွဲ့အစည်း ပေါင်း ၉၀ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံကဦးဆောင်လုပ်တဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီး (Belt and Road Initiative)ဟာ အောင်မြင်နေတယ် လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်း ကြီးအပေါ်မှာ အနောက်နိုင်ငံတွေက ဝေဖန်နေကြတဲ့ ဒီစီမံကိန်းတွေဟာ ကြွေးမြီ ထောင်ချောက်ထဲကို ကျဆင်းနိုင်တယ်လို့ ပြောဆိုမှုတွေ ကိုလည်း အလေးထားရမှာပါ။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ သြဇာကြီးမားလာအောင် တည်ဆောက်မှု ဖြစ်တယ်ဆိုပြီးတော့လည်း ဝေဖန်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံအပါအ၀င် ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်တဲ့ အိန်္ဒိယနိုင်ငံ ကပါ သံသယနဲ့ စောင့်ကြည့်နေခဲ့ပါတယ်။ စီမံကိန်းမှာပါဝင်နေတဲ့ နိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ချေးငွေတွေကို ရယူပြီး ကြွေးတင်ကာ ကျွန်ဖြစ်မယ့်အန်္တရာယ်ရှိနိုင်တယ်လို့တောင် ဝေဖန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ အခြေခံအဆောက်အအုံတွေ တိုးတက်လာနိုင်ပါတယ်။ အခုအခြေအနေကို လေ့လာကြည့်ရင် ဝေဖန်ခဲ့ကြတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေပါ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကြီး (Belt and Road Initiative) ထဲကိုပါဝင်လာကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို အခြေခံအဆောက်အအုံ လိုအပ်ချက်များနေတဲ့ တိုင်းပြည်ထက် အခြေခံအဆောက်အအုံ ပိုပြီးပြည့်စုံကြတဲ့ နိုင်ငံတွေကပါ အဲဒီခေတ်သစ်ပိုးလမ်းမစီမံကိန်းကြီး (Belt and Road Initiative) ကို လက်ခံဖို့ ပြင်ဆင်နေကြ တာတွေ့ရပါတယ်။ Bel tand Road မှာပါဝင်နေတဲ့ အာရှတိုက်၊ ဥရောပတိုက်၊ အိုရှင်းနားနဲ့ တောင်အမေရိကတိုက်တွေ အတွက် ဒီစီမံကိန်းကရရှိလာမယ့် တန်ဖိုးများပြားနေတာကြောင့် စီးပွားရေးနဲ့ လူမှုရေးတွေမှာတိုးတက်လာနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ တစ်ကမ္ဘာလုံးကလည်း သမ်္မတရှီကျင့်ဖျင်အကောင်အထည် ဖော်ဆောင်နေတဲ့ Bel tand Roadမှာ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာကို စိတ်ဝင်တစားကြည့်နေပြီဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ သမ်္မတရှီကျင့်ဖျင်က ပိုးလမ်းမ အတွက် ရန်ပုံငွေအမေရိကန်ဒေါ် လာဘီလီယံ ၄၀လျာထားတယ်လို့ ကြေညာပြီး ဒေသတွင်းနိုင်ငံတွေကို စတင်ကမ်းလှမ်း ခဲ့ပါတယ်။ အဲဒီအချိန်မှာ အခုလောက် အနောက်နိုင်ငံတွေက စိတ်မ၀င်စားသေးပါဘူး။

ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ၂၀၁၇ခုနှစ်ကကျင်းပခဲ့တဲ့ Bel tand Road နှီးနှောဖလှယ်ပွဲမှာ ကတည်းက မြန်မာပြည် က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ်္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ Bel tand Road နဲ့သက်ဆိုင်တဲ့ MoU ၅ခုကို လက် မှတ်ထိုး ခဲ့တာတွေ့ရပါတယ်။ အဲဒီ MoU ၅ခုကတော့ စီးပွားရေးနဲ့ နည်းပညာပူးပေါင်းရေး၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးပူး ပေါင်းမှု ဇုန်ထူထောင်ရေး၊ စီးပွားရေးဆိုင်ရာ ကုန်းတွင်းလမ်းကြောင်းနဲ့ ၂၁ရာစု ရေကြောင်းဆိုင်ရာ လမ်းမကြီးများထူထောင်ရေး မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ မြေငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံရှေးဟောင်း စေတီပုထိုးတွေ ထိန်းသိမ်းဆောင်ရွက်ရေးတွေအတွက် နှစ်နိုင်ငံသဘောတူချက်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ပညာရှင်တချို့အနေနဲ့ (Belt and Road Initiative) စီမံကိန်းဟာမြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့အကိုက်ညီဆုံး ဆောင် ရွက်ချက်တစ်ခုဖြစ်နိုင်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဘီအာရ်အိုင် စီမံကိန်းကို သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်းဟာ နိုင်ငံရဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့လဲ သုံးသပ်ပြပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပြီး၊ လူမှုစီးပွားဘ၀ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်တယ်လို့ လည်းဆိုပါတယ်။ ဒီမျှော်လင့်ချက်တွေကြောင့် ၂၀၁၇အတွင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံ Bel tand Road စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းထား ခဲ့ပါတယ်။ အခုတက်ရောက်ခဲ့တဲ့ အခုတရုတ် အစိုးရက ဦးဆောင်တဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီး (Beltand Road Initiative)ရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်မှာ “နှစ်နိုင်ငံ အကျိုးတူကိစ်္စတွေ အကောင်အထည်ဖော်ရာမှာ တရုတ်-မြန်မာစင်္ကြံနဲ့ ပတ်လမ်း အစီအစဉ်ကိုမြှင့်တင်ဖို့၊ ဆင်းရဲမွဲတေမှုတွေ လျှော့ချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နောက်တစ်ခုအနေနဲ့ပြောရရင် Belt and Road ခေတ်သစ်ပိုးလမ်းမကြီးစီမံ ကိန်းဟာ ကုန်းလမ်းကနေ ကုန်သွယ်မှုပြုလုပ်ဖို့အပြင် ရေလမ်းကြောင်း၊ လေလမ်းကြောင်းတွေကပါ ကုန်သွယ်မှုပြုလုပ်မှု တွေ ပါဝင်နေပါတယ်။ အဝေးပြေး လမ်းမကြီးတွေ၊ အမြန်လမ်းမကြီးတွေ ဆောက်လုပ်ဖို့ မြန်နှုန်းမြင့်ရထားလမ်းတွေ ဖောက်ပြီး အချိန်မရွေး, နေရာမရွေးကုန်စည်တွေ ပို့ဆောင်နိုင်ဖို့၊ ဆိပ်ကမ်းတွေတည် ဆောက်ဖို့၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက် လိုင်းတွေဖော်ဆောင်ဖို့၊ စီမံကိန်းအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ဆိုတဲ့ စီမံကိန်း တွေက မြန်မာနိုင်ငံအတွက် လိုအပ်ချက်တွေဖြည့်စွမ်းပေးနိုင်မယ်လို့ ယူဆထင်မြင်ချက်တွေလည်းရှိနေပါတယ်။ တရုတ်နိုင်ငံ က ဖော်ဆောင်နေတဲ့ Belt and Roadမှာ အာဆီယံ ၁၀နိုင်ငံနဲ့ ပူးပေါင်းပြီးကြီးမားတဲ့ ဈေးကွက်ကြီးဖော်ဆောင်နိုင်ဖို့ ကြိုး စားနေတာကို တွေ့ရပါတယ်။ အဲဒီ အာဆီယံ၁၀နိုင်ငံထဲမှာမှ အင်အားအနည်းဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကို အဓိကထားသလို အားထားနေတာကိုလည်း တွေ့နိုင်ပါတယ်။ တရုတ်နိုင်ငံကအပြန်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘောဒီးယားနိုင်ငံကို တိုက်ရိုက်သွားခဲ့တာကလည်း ထူးခြားနေ ပါတယ်။ အဲဒီခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၉၀၀၀၀ အကူအညီပေးခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော် ရဲ့အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ ကမေ်္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန် တို့ တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေးနဲ့ ပညာ ရေးဆိုင်ရာကိစ်္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီ Belt and Road မှာ အာဆီယံ ၁၀နိုင်ငံတွေ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးကို ရနိုင်ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံနဲ့ အိမ်နီးချင်းအင်အားကြီး အိန်္ဒိယနိုင်ငံကတော့ Belt and Road စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေအထား ကိုတွေ့ရပါတယ်။ ဒီဘီအာရ်အိုင် ဖိုရမ်ကို အိန်္ဒိယနိုင်ငံက မတက်ရောက်ခဲ့ပါဘူး။ တရုတ်နိုင်ငံနဲ့ အိန်္ဒိယနိုင်ငံဟာဒေသတွင်း ပြိုင်ဘက်တွေ ဖြစ်နေပါတယ်။ ဒီဖိုရမ်ကို အိန်္ဒိယနိုင်ငံက မတက်ရောက်တဲ့အတွက် Belt and Road Initiativeစီမံ ကိန်းတွေ ထဲက ဘင်္ဂလားဒေ့ရှ်, တရုတ်, အိန်္ဒိယ, မြန်မာ (BCIM) လေးနိုင်ငံစီးပွားရေးစင်္ကြံစီမံကိန်းကို တရုတ်နိုင်ငံက ဖြုတ်ချ ထား လိုက်တာ တွေ့ရပါတယ်။ BCIM စီမံကိန်းဟာ တရုတ်နိုင်ငံက ဦးဆောင်ဖော်ထုတ်နေတဲ့ Belt and Road Initiative စီမံကိန်း တွေထဲက အဓိကစီမံကိန်း ၆ခုမှာ တစ်ခုပါဝင်ပါတယ်။ မြန်မာနိုင်ငံက မန်္တလေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာကိုဖြတ်ပြီး တရုတ် အရှေ့ တောင်ဘက် ကူမင်း၊ အိန်္ဒိယ ကိုးလ်ကတ်္တားမြို့တွေကို ဆက်သွယ်ဖောက်လုပ်မယ့် စီးပွားရေး စင်္ကြံဖြစ်ပါ တယ်။ ဘာပဲဖြစ်ဖြစ်ဒီ Belt and Road Initiative စီမံကိန်းကြီးဟာ ဆက်လက်သွားနေမှာပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း ပါဝင်နေရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Belt and Road Initiative စီမံကိန်းတွေထဲမှာ ပါဝင်နိုင်ဖို့ လိုအပ်ချက်တွေ များစွာရှိနေပါတယ်။ ဒီလိုအပ်ချက်တွေကို အချိန်မီပြုပြင်နိုင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒီ Belt and Road Initiative စီမံကိန်းကြောင့် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးတွေအတွက် ပိုမိုတိုးတက်တဲ့ အကျိုးရှိလာနိုင်ပါတယ်။ နောက်မြန်မာ ပြည်သူတွေ ကန့်ကွက်နေကြတဲ့ မြစ်ဆုံရေကာတာ ပြဿနာကိုလည်း တဖြည်းဖြည်းနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ် ထင်ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြားမှာ အလွန်အရေးပါတဲ့နှစ်နိုင်ငံစီးပွားရေး စင်္ကြံစီမံကိန်းတွေကို ပူးပေါင်းပြီး ဆောက်ရွက်နေရမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကတော့ တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင် ဟွန်ဆန်အနိုင်ရအောင် အမြဲကူညီပေးခဲ့သလို၊ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို လည်း ကူညီမယ့်အလားအလာတွေကို တွေ့ရပါတယ်။ ဒီအလားအလာတွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်အားထားနေပါလိမ့်မယ်။ Belt and Road ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းမှာ ပါဝင်မယ့် နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေတိုးတက်ပြီး အကျိုးရှိနိုင်တယ်ဆိုပေမယ့် ဒေသခံလူထု အသိုင်းအ၀န်းရဲ့ ယုံကြည် ထောက်ခံမှု ရရှိဖို့လည်း လိုအပ်တယ်ဆိုပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာ တွေ့ရပါတယ်။

 

မြတ်လှိုင်း