ငြိမ်းချမ်းရေးအတွက် မေးခွန်းများ

 

ဗမာနိုင်ငံ၏ ပြည်တွင်းစစ်အစကို ၁၉၄၈၊ မတ်လ ၂၈ရက်ဟု သတ်မှတ်ထားခဲ့ကြသည်။ ပြည်တွင်းစစ်တွင် နိုင်ငံရေး အကြောင်းခံ ၂မျိုးဖြင့် လက်နက်ကိုင်တော်လှန်ရေး (တချို့က ခုခံစစ်ဟုသုံးသည်)များ ပေါ်လာခဲ့ကြောင်းတွေ့ရသည်။ ၀ါဒရေးရာနှင့် တန်းတူခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဖက်ဒရယ်ရေးရာ)များကြောင့် ဖြစ်သည်။ ၀ါဒရေးရာနှင့်ပတ်သက်သော ခုခံစစ် (တော်လှန်ရေး)များက ထိုအချိန်က အာဏာရ အစိုးရ၏ ဒီမိုကရေစီကျင့်စဉ်ချိုးဖောက်မှု ကြောင့် အတိုက်အခံပါတီကို  တောထဲ မောင်းချ (အတင်းလိုက်ဖမ်း)ရာမှ ပေါ်လာ ခဲ့သည်ဟု ပြော၍ရပြီး ဖက်ဒရယ်ရေးရာ ခုခံစစ်(တော်လှန်ရေး)များကတော့ အာဏာ =ရအစိုးရ၏ ပင်လုံကတိက၀တ်ကိုချိုးဖောက်မှု၊ ဥပေက်္ခာ ပြုမှုများကြောင့် ပေါ်လာခဲ့ရ သည်ဟု ယေဘုယျပြော၍ ရသည်။

ယခု ၂၀၂၀ မတ်လတွင် ပြည်တွင်းစစ် က နှစ်ပေါင်း ၇၂နှစ်ပြည့်ပါတော့မည်။ ပြည်တွင်းစစ်ကိုဖြစ်စေ၊ ပေါ်စေခဲ့သော သမိုင်းတရားခံများလည်း မရှိကြ၊ ကွယ်လွန် ခဲ့ကြသော်လည်း ပြည်တွင်းစစ်က ဆက်၍ ရှိနေတုန်း။ ၀ါဒရေးရာနှင့်ပတ်သက်သည့် စစ်ပွဲများက လတ်တလောကာလတွင် မရှိ တော့ဟု ပြော၍ရသော်လည်း ဖက်ဒရယ်ရေးရာနှင့် ပတ်သက်သည့် စစ်ပွဲများက ဆက်ပြီး ဖြစ်နေတုန်းရှိသေးသည်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်နေသည်ဟု ဆိုသော်လည်း ဆွေးနွေးပွဲများက ရပ်သွားလိုက်၊ ပြန်စ လိုက်နှင့် ရှေ့သို့မရောက်သည့် အခြေအနေ ကို တွေ့နေရသည်။ ပြီးတော့ အားလုံးပါဝင် သော နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းကို လည်း ယခုအချိန်အထိ မတွေ့ရ၊ မမြင်ရ သေးသော ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်း မှုဖြစ်စဉ်အဖြစ် မြင်နေရသေးသည်။

ဤအခြေအနေတွေ ဘာကြောင့်ဖြစ် နေရသလဲဆိုသည့်ကိစ်္စကို အကြောင်းရှာ၍ ဤဆောင်းပါးတွင် ဆွေးနွေးဖို့ မရည်ရွယ် သော်လည်း လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ခံဆွေးနွေး ညှိနှိုင်းနေကြသော ဘက်သုံးဖက်မှ တာဝန် ရှိကြသူများအပေါ်တွင် မေးစရာ မေးခွန်း များတော့ရှိသည်။ ထိုမေးခွန်းများက ပြည် တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအတွက် အတိုင်း အတာတစ်ခုအထိ အကျိုးရှိလိမ့်မည်ဟု ထင်သည်။ မေးစရာမေးခွန်းများက ရှုထောင့် ပေါင်းစုံ (ဘက်ပေါင်းစုံ)တွင် ရှိနိုင်သော်လည်း ကျွန်တော့်မေးခွန်းများကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေးအတွက် သဘောထား ဆိုင်ရာ ရှုထောင့်မှသာ ဖြစ်ကြောင်းကို ကြို တင်အသိပေးချင်ပါသည်။

မေးထားသည့် မေးခွန်းများနှင့် အကြောင်းပြချက်များက ဤသို့ဖြစ်ပါသည်။

၁။ ပြည်တွင်းစစ်သည် နိုင်ငံရေး ပြဿနာ၏ အဆက်ဖြစ်ကြောင်းကို လက်ခံ ထားနိုင်ပါပြီလား။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းခွင့်မရှိ (ဥပမာ-BCP)၊ ဖြေရှင်း ခွင့်မရ (ဥပမာ-တိုင်းရင်းသား တော်လှန် ရေး အဖွဲ့များ)၊ ဖြေရှင်း၍မရသောကြောင့် စစ်ပွဲများပေါ်ခဲ့ရခြင်းဖြစ်သည်။

ပြည်တွင်းစစ် အနှစ်၇၀၀န်းကျင်သို့ ရောက်လာသောအခါ တစ်ဖက်နှင့်တစ် ဖက် အပြုတ်မတိုက်နိုင်သော အခြေအနေ ကြောင့် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်း ရေးဘက်သို့ ဦးလှည့်လာသည်။

တကယ်ဖြေရှင်းနိုင်ကြပါ့မလား၊ တကယ်ဖြေရှင်းချင်ကြပါရဲ့လား ဟူသော မေးခွန်းကတော့ ငြိမ်းချမ်းရေးအတွက် စိတ် ၀င်စားသူအားလုံး၏ ရင်ထဲတွင်ရှိနေကြပြီး သိချင်နေကြသော မေးခွန်းလည်းဖြစ်သည်။

 

၂။ ဆွေးနွေးဖက်တွေ အားလုံးက ငြိမ်းချမ်းရေးအစစ်ကို တကယ်လိုချင်စိတ် ရှိနေကြပြီလား။

၁၉၄၈ ကတည်းကစဖြစ်ခဲ့သော ပြည်တွင်းစစ်မှသည် ယနေ့အချိန်အထိ ကြားကာလတစ်လျှောက်လုံးတွင် တစ်ဖွဲ့ ချင်းစီနှင့်ရော၊ အဖွဲ့ပေါင်းစုံနှင့်ပါ ဆွေးနွေး ပွဲများလုပ်ခဲ့သည့် အကြိမ်ပေါင်း အတော် များများရှိခဲ့သည်။ ထိုအထဲတွင် ၁၉၆၃၊ တော်လှန်ရေးကောင်စီ လက်ထက်တွင်လုပ် ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ သည် အတိတ်သမိုင်းတွင် အကြီးဆုံးပွဲဟု ပြော၍ရသည်။ သို့သော် မအောင်မြင်ခဲ့ပါ။ အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးမလိုချင် သောကြောင့် မရခဲ့ခြင်းဟုပင်ပြောရပါမည်။ ဤနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံ ရေးမျက်လှည့်ပြပွဲများ၊ ငြိမ်းချမ်းရေး မျက် လှည့်ပြပွဲများရှိခဲ့ဖူးကြောင်းကို သမိုင်းလေ့ လာဖူးသူတိုင်းသိကြသည်။

ထို့ကြောင့်လည်း ဤမေးခွန်းမျိုးပေါ် လာရခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးအစစ်ကို တကယ်ပဲ နှစ်နှစ်ကာကာ၊ စွဲစွဲလမ်းလမ်း လိုချင်စိတ်တွေက ထက်သန်ပြင်းပြနေကြ ပါပြီလားဟု။

 

၃။ ဆွေးနွေးဖက်များကြားတွင် အပြန် အလှန် ယုံကြည်မှု တည်ဆောက်နိုင်ကြပါ ပြီလား။

ရန်ဘက်ဖြစ်ခဲ့သူများကြားတွင် ယုံ ကြည်မှုတည်ဆောက်ရခြင်းသည် ခက်ခဲ မှန်း၊ အချိန်ယူရမှန်း၊ ကြာတတ်မှန်းသဘော ပေါက်ပါသည်။ သို့သော် ပြောသလိုလုပ်မည့် သူဟု၊ ပေးထားသောကတိကို စောင့်ထိန်း တတ်သူဟု အပြန်အလှန်အသိအမှတ်ပြုနိုင်၊ ယုံကြည်လာနိုင်ကြမှ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မှုများကို ရယူနိုင်တတ်လေ့ရှိပါ သည်။ ဤအတွက် ပုံမှန်တွေ့ဆုံဆွေးနွေး ခြင်း (Formal Dialogues)ရော၊ လိုအပ် လျှင် လိုအပ်သလိုကြားပေါက်တွေ့ဆုံဆွေး နွေးခြင်း (informal Dialogues) ပါ ပြုလုပ် ကြဖို့ လိုအပ်ပါသည်။

ဘက်နှစ်ဖက် (သုံးဖက်လည်းဖြစ်မည်) ကြားတွင် တွေ့ဆုံဆွေးနွေးချိန် အကြိမ် အရေအတွက်များလာလေလေ၊ ဆွေးနွေး ဖက် အချင်ချင်းကြားတွင် နားလည်မှုများ၊ ရင်းနှီးမှုများ မြင့်တက်လာလေလေ ဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုများပါ တိုး တက်တည်ဆောက်နိုင်လေလေ ဖြစ်လေ့ရှိ သည်ဟု ဆိုကြပါသည်။ ယုံကြည်မှုတွေ အပြန်အလှန် တည်ဆောက်ထားနိုင်မှ ငြိမ်းချမ်းရေးလမ်းက ဖြောင့်တန်းလိမ့်မည် ဟု ယူဆပါသည်။ ယုံကြည်မှ ချစ်ကြည်၊ ချစ်ကြည်မှ ငြိမ်းချမ်းမည်မဟုတ်လော။

 

၎။ စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးရေး ဖြစ်စဉ်ရှိနေပြီလား။

နှစ်၇၀ကျော် ပြည်တွင်းစစ်ကိုချုပ်ငြိမ်း ဖို့အတွက်ဆိုလျှင် စိတ်ကူးရမှ၊ ထူးခြားသော ကိစ်္စပေါ်လာမှ တွေ့ဆုံဆွေးနွေးခြင်းမျိုးကို ထလုပ်တာမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးရည် မှန်းချက်တိုးတက်အောင်၊ အဆင်ပြေချော မွေ့အောင်၊ ကောင်းသည့်ဘက်သို့ ပို၍ပို၍ ရောက်လာအောင် အဆင့်ဆင့်မြင့်တက်လာ ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process)ကို အချိန်ယူ၊ အချိန်ပေး၊ အာရုံ စူးစိုက်မှုရှိရှိဖြင့် (တစ်ချောင်းတည်းသော စိတ်ဖြင့်) လုပ်နေနိုင်ဖို့ လိုအပ်ပါသည်။

တာဝန်ခံဆောင်ရွက်နေသူသည် အမြော်အမြင်ရှိပြီး တာဝန်ခံနိုင်ရုံသာမက ဘဲ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ကြီးကို တိုးတက်သည်ထက် တိုးတက်အောင်၊ ရည် မှန်းချက်အတိုင်း နီးကပ်လာသည်ထက် နီး ကပ်အောင် နည်းလမ်းကောင်းများကို ရှာ ဖွေနိုင် စွမ်းရှိသူမျိုးတွေ ဖြစ်ဖို့လိုသည်။

ဤအခြေအနေမျိုး ရနိုင်ဖို့အတွက်ဆို လျှင် ငြိမ်းချမ်းရေးလုပ်ငန်းနှင့် ပတ်သက်ပြီး သီးခြားတာဝန်ယူ၊ တာဝန်ခံကာ လက်တွေ့ နယ်ပယ်ထဲတွင် အချိန်ပေးမြှုပ်နှံပြီး လုပ် ကိုင်နိုင်စွမ်းရှိသည့် သီးခြားယန်္တရားကောင်း ကောင်းရှိနေဖို့ လိုအပ်သည်။ ဤယန်္တရားမျိုး တွင် စိတ်ဝင်စားပြီး ကျွမ်းကျင်ကာ၊ လိုအပ် လျှင်လိုအပ်သလို လှုပ်ရှားသွားလာ၊ ညှိနှိုင်း ဆွေးနွေး နိုင်စွမ်းရှိသူများဖြင့် ဖွဲ့စည်းထား ခြင်းမျိုးဖြစ်သင့်သည်။ ဤယန်္တရားကို တချို့ နိုင်ငံများတွင်၊ တချို့လူများ၏ မှတ်ချက်တွင် “၀န်ကြီးဌာန”ဟု သတ်မှတ်ထားကြသည်။ ထိုဝန်ကြီးသည် အစိုးရအဖွဲ့ကို တာဝန်ယူ၊ တာဝန်ခံနိုင်စွမ်းရှိသူလည်း ဖြစ်ရပါလိမ့် မည်။

 

၅။ ဆွေးနွေးနေကြချိန်တွင် အလျှော့ အတင်းလုပ်ဖို့ စိတ်ကူးရှိကြရဲ့လား။

ပြည်တွင်းစစ် အစပိုင်းကာလသည် နိုင်ငံရေးမပြေလည်မှုကြောင့် ဖြစ်ခဲ့သော် လည်း စစ်ပွဲကာလရှည်ကြာသောအခါ နောက်ထပ်ပြဿနာသစ်များက တစ်ခုပြီး တစ်ခုပေါ်လာသည်။ ထိုပြဿနာသစ်များ ထဲတွင် လူမျိုးရေးအရ အမုန်းများ၊ အငြိုး အတေးများ၊ အာဃာများအပြင် စစ်ပွဲသက် တမ်းရှည်ကြီးထဲတွင် စစ်ဘေးဒုက်္ခသည် (IDP)ကိစ်္စ၊ စစ်ဘေးကြောင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသူများ (ရွာများ)၏ မြေယာပိုင် ဆိုင်မှုကိစ်္စ၊ အစိုးရစစ်တပ်များက တိုးချဲ့နေ ရာယူထားသော နယ်မြေကိစ်္စမျိုးအပါအ၀င် ဖြေရှင်းရမည့် ပြဿနာများက တဖြည်း ဖြည်း တိုးပွားများပြားလာခဲ့သည်။

ဤလိုကိစ်္စမျိုးတွေကို ဆွေးနွေးဖက် များကြားတွင် အလျှော့အတင်းလုပ်ကာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းရသည့်အခါ ဆွေး နွေးဖက်ကောင်းများဖြစ်ဖို့ လိုအပ်လာသည်။ မူကို အသေဆုပ်ကိုင်ထားသည့် အခြေအနေ မျိုးထက် မှန်ကန်မျှတပြီး ကိုယ်ချင်းစာ တရားထားတတ်သော ဆွေးနွေးဖက်ကောင်း တွေဖြစ်မှ ပြဿနာများကိုဖြေရှင်းနိုင်၊ ကျော်လွှားနိုင်ပါလိမ့်မည်။

ဆွေးနွေးကြရာ၌ NCA တွင် အခြေခံ မူအဖြစ် အားလုံးက သဘောတူလက်ခံထား ပြီးသားဖြစ်သော ဖက်ဒရယ်ကိစ်္စ (တန်းတူ ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်)ပေါ်တွင် ထပ်မံ ဈေးဆစ်တာမျိုး၊ အလျှော့ပေးခြင်းမျိုး ပြုလုပ်ဖို့ မလိုအပ်သော်လည်း တခြား ပြဿနာများတွင်တော့ ဖြစ်သင့်ဖြစ်ထိုက် သော တရားမျှတမှု အခြေခံပေါ်မှနေ၍ အလျှော့အတင်း (ညှိနှိုင်းမှု)ရှိဖို့တော့ လို အပ်သည်။

စစ်ပွဲသဘာဝတွင် သူပြုတ်ကိုယ်ပြုတ် (သူနိုင်ကိုယ်နိုင်)တိုက်ကြလေ့ရှိရာ ကိုယ့် ဘက်ခြမ်းမှ ၁၀၀ရာခိုင်နှုန်းအောင်စိတ် (အနိုင်ရယူလိုစိတ်)ဖြင့် တိုက်ခဲ့ကြလေ့ရှိ သော်လည်း စေ့စပ်ဆွေးနွေးရေးစားပွဲတွင် တော့ သူလည်း ၅၀၊ ကိုယ်လည်း ၅၀ရာခိုင် နှုန်း အခြေခံပေါ်တွင်ရပ်ပြီး ဆွေးနွေးညှိနှိုင်း ရင်း အဖြေရှာကြရသည့် သဘာဝရှိသည်။ ဤအခါတွင် တရားနည်းလမ်းကျသော ရလဒ်ထွက်လာဖို့အတွက် လိုအပ်သည့် အလျှော့အတင်းတွေက မဖြစ်မနေလုပ်ရ လေ့ရှိသည်။

 

၆။ လခစားနိုင်ငံရေးသမား စိတ်ဓာတ် ဖြင့် ငြိမ်းချမ်းရေးစကား(ဆွေးနွေး)ပြောနေ ကြတာလား။

လခစားဝန်ထမ်း၏ စိတ်သဘာဝနှင့် ပတ်သက်၍ ဒဂုန်တာရာက ဆောင်းပါး တစ်ပုဒ်တွင်ရေးဖူးသည်။ တစ်သက်လုံးမှာ သူ့အနေဖြင့် လခစားဝန်ထမ်းမလုပ်ခဲ့ဖူး သည့်အကြောင်းကိုပြောရင်း လခစားသည် သူ့အထက်ကလူ၊ ပိုင်ရှင်၊ လခပေးထားသူ က ခိုင်းတာကိုပဲလုပ်တတ်သည့်အကြောင်း နှင့် တီထွင်ချင်စိတ်၊ စွန့်စားလုပ်ကိုင်ဆောင် ရွက်ချင်သည့် စိတ်မျိုးမရှိကြောင်း၊ သူ့စိတ် ထဲတွင်ရှိသည့်အတိုင်း လုပ်ဖို့မ၀ံ့ရဲ(မလုပ်ရဲ) တတ်သည့်အကြောင်းကို ရေးခဲ့ဖူးသည်။ ခေတ်စကားနှင့် ပြောရလျှင် မလုပ်၊ မရှုပ်၊ မပြုတ် စိတ်သဘောထားမျိုး ရှိသူတွေဟု ပြော၍ရသည်။

ငြိမ်းချမ်းရေးအတွက်လုပ်ကြ၊ ပြောဆို ဆွေးနွေးကြရသူများသည် ခေါ်ရင်လာ၊ ခိုင်းတာလုပ်ပြီး အထက်ကညွှန်ကြားထား သည့်အတိုင်းမဟုတ်သော ဖြစ်သင့်ဖြစ် ထိုက်သည့် ကိစ်္စမျိုးကိုပင် မဆုံးဖြတ်ရဲသူ များ၊ တာဝန်မခံရဲသူများ မဖြစ်ဖို့ လိုအပ် သည်။ အမေမှာသည့် ဆန်တစ်ခွဲကို ဆန် တစ်အိတ်နှင့် မလဲရဲသူတွေ မဖြစ်ဖို့ လိုသည်။ ငြိမ်းချမ်းရေးအတွက် အကျိုးအမြတ်ရှိလာ မည့် အခြေအနေမျိုးတွင် တရားသေဆုပ် ကိုင်ပြီး မှာထားသည့်အတိုင်းမဟုတ်သောကြောင့် ဆန့်ကျင်ငြင်းဆန်မည့်သူမျိုးတွေ မဖြစ်ကြဖို့ လိုပါလိမ့်မည်။

 

၇။ မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေ မှာ ဘုံတူညီချက်ရှိလာကြပြီလား။

ဤမေးခွန်းကတော့ အချက် (၂)တွင် မေးထားသော ငြိမ်းချမ်းရေးလိုချင်စိတ်သက် သက်ကိုသာရည်ညွှန်းခြင်းမဟုတ်သလို NCA ပေါ်တွင် အခြေခံအားဖြင့် တူညီနေ ကြခြင်းကိုလည်း ဆိုလိုခြင်းမဟုတ်ပါ။

အဆင့်တစ်ခုတွင် စစ်ပွဲတွေရပ်ဆိုင်း (ချုပ်ငြိမ်း)သွားပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ ရောက်သွားချိန်တွင် တိုင်းပြည်နှင့် ပြည်သူလူထု၏ အနာဂတ်အတွက် ကြီးပွား ကောင်းစားရေး၊ ဘ၀အခြေအနေ တိုးတက် မြင့်မားလာစေရေးတို့၌ မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေချင်းမှာပါ တူညီသော အခြေအနေသို့ ရှိလာ၊ ရလာ၊ ရှိနေရနေကြ ပြီလားဟု ငြိမ်းချမ်းရေးဆွေးနွေးဖက် အား လုံးကို မေးကြည့်ခြင်းဖြစ်သည်။ ဤမေးခွန်း ကိုမေးဖို့ လိုအပ်သည်ဟု ယူဆ၍လည်း ဖြစ်သည်။

တချို့ လူပုဂ်္ဂိုလ်(သို့မဟုတ်) အဖွဲ့ အစည်းများသည် ဖြစ်နေသော စစ်ပွဲများကို ရပ်သွားချင်စိတ်တော့ရှိသည်။ (တကယ် ရပ်ချင်တာလား၊ အခြေအနေနှင့်အကြောင်း တစ်ခုခုကြောင့်လားဟု ထပ်မမေးတော့ပါ။)သို့သော် ဗိုလ်ကျစိုးမိုးချင်စိတ်၊ လွှမ်းမိုးထိန်း ချုပ်ထားချင်စိတ်ကိုတော့ မရပ်ချင်တာ၊ မရပ်နိုင်တာမျိုးတွေရှိနေကြ၊ တွေ့နေမြင် နေကြရသောကြောင့် ဤမေးခွန်းက ပေါ်လာ ရခြင်း ဖြစ်သည်။

၈။ လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်း သော လူမျိုးငယ်ဝါဒကို စစ်မှန်သည့် ပြည် ထောင်စုအတွက် ပြတ်ပြတ်သားသားနှင့် အပြီးတိုင် ဖယ်ရှားလိုချင်စိတ်တွေ ရှိနေကြ ပြီလား။

ဤတိုင်းပြည်တွင် သမိုင်းနှင့်ချီပြီး ဖြစ် နေခဲ့သော၊ ဖြစ်နေသေးသော သဘောထား နှင့် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများဖြစ်သည့် အတွက် ဤမေးခွန်းကိုမေးဖို့ လိုအပ်လာသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ကြဖို့ နိုင်ငံ ရေးအရ ဆွေးနွေးညှိနှိုင်းနေကြချိန်တွင် ဆွေးနွေးဖက်ခေါင်းဆောင်များရော၊ တစ် နိုင်ငံလုံးရှိ ပြည်သူလူထုပါ လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးငယ်ဝါဒကို ဖယ် ရှားနိုင်ကြဖို့ လိုအပ်သည်။ အထူးသဖြင့် လူမျိုးကြီးဝါဒီများဘက်က တန်းတူခွင့် အမြင် သဘောထားတွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး လက်တွေ့နယ်ပယ်များမှာပါ တကယ် ကျင့်သုံးနိုင်ပါမှ ကျဉ်းမြောင်းသော လူမျိုးငယ်ဝါဒကို ဖယ်ရှားရေးအတွက် အထောက်အပံ့ကောင်းများ ရရှိမည်။

“ခင်ဗျားမှာ လူမျိုးကြီးဝါဒအတွေး အခေါ်တွေရှိသလား”ဟု မေးလျှင် လူမျိုး ကြီးထဲပါ နေသူအများစုက ငြင်းဆန်ကြမည် မှာ သေချာသည်။ သို့သော်ပြည်ထောင်စု ဆိုင်ရာ သဘောထားတွင် ရှိရမည့်ကိစ်္စရပ် တစ်ခုချင်းအပေါ်မှာ ထိုသူက ဘယ်လိုရှု မြင်သလဲ၊ ဘယ်လို သဘောထားသလဲ ဆို တာကို သူ့တုံ့ပြန်မှုပေါ်မှာ အကဲခတ် ကြည့် မှသာ သူသည်လူမျိုးကြီးဝါဒရှိသူ၊ သူသည် ကျဉ်းမြောင်းသော လူမျိုးငယ်ဝါဒရှိသူ၊ သူသည် မျက်ကန်းမျိုးချစ်၊ သူသည် နွားလို တစ်ဘို့တည်းရှိသောလူစားမျိုးဟု မြင်ရ, သိရတာမျိုး ရှိတတ်သည်။

မတူကွဲပြားသော တိုင်းရင်းသားများ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုထဲ တွင် တိုင်းရင်းသားတိုင်းသည် တန်းတူခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးများ မရှိလျှင် ထိုတိုင်းပြည်ကို ပြည်ထောင်စုဟု သတ်မှတ်၍မရပါ။

၉။ ရှိနေသည့် NCA ကို အခြေခံပြီး ငြိမ်းချမ်းရေးရအောင် အကောင်အထည် ဖော်ဖို့ ဘက် သုံးဖက်စလုံးက သနိ္နဋ္ဌာန်ချပြီး သားတကယ်ရှိကြပြီးလား။

လက်ရှိကာလတွင် ညှိနှိုင်းဆွေးနွေးနေ ကြသော ငြိမ်းချမ်းရေးဖြစ်စဉ်သည် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ကို အခြေခံအဖြစ်ထားပြီး ညှိနှိုင်း ဆွေးနွေးရေးဖြစ်သည်။ အခြေခံအဖြစ် ကျင့်သုံးနေသော NCA သည်ပင်လျှင်ဆွေး နွေးကြသည့် စားပွဲဝိုင်းများတွင် တိုးဖြည့် သဘောတူရမည့် အချက်များ၊ ထပ်လောင်း ပြီး အပြန်အလှန် အာမခံချက်ယူရဦးမှာ တွေက ပေါ်လာ၊ တွေ့လာနိုင်ပါသေးသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့ရပ်ဆိုင်း သွားစေခဲ့သော အကြောင်းများတွင် တစ်ခု ဖြစ်သည့် “ခွဲမထွက်ရေး”ကိစ်္စသည် NCA အခန်း (၁)က တွင်ပါရှိပြီးသော သဘော တူညီချက်ဖြစ်သည့် “ဒို့တာဝန်အရေး (၃)ပါး”နှင့်ပင် ဖြေရှင်းပြီးသားဖြစ်နေပါသည်။

“တစ်ခုတည်းသော တပ်မတော်”ကိစ္စနှင့်ပတ်သက်၍ NCA အခန်း-(၁)(ဂ)တွင် “တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်း ပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင် ရာ ကိစ်္စရပ်များကို နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်”ဟု ဖော်ပြထားသည်။

ပြည်ထောင်စုတပ်မတော်ကို တိုင်းရင်း သားတပ်တွေနှင့် ဘယ်လိုပူးပေါင်းဖွဲ့စည်း ကြမလဲ။ High Command ဟုဆိုသော ဗဟို အမိန့်ပေးအဖွဲ့လိုနေရာမျိုးတွင် ဘယ်လို စုဖွဲ့ကြမလဲ။ ရေရှည်အတွက် တရားမျှတပြီး သမာသမတ် ကျသောပေါင်းစပ်စုစည်းမှုကို ဘယ်လိုလုပ်ကြမလဲ ဆိုသည်တွေက အချိန် ယူပြီး ညှိနှိုင်းကြရလိမ့်မည်ထင်သည်။ နိုင်ငံ ရေးအခြေခံသော ဆွေးနွေးသဘောတူညီချက်တွေမရသေးခင်၊ မပြီးပြတ်သေးခင် အလျင်စလို ဆွေးနွေးရမည့်ကိစ်္စမဟုတ်ဟု ယူဆသည်။

NCA စာချုပ် အခန်း(၇)၊ အထွေထွေ တွင်ပါရှိသော ပုဒ်မ ၂၇တွင် ဤသို့ဖော်ပြ ထားသည်။

““ဤစာချုပ်က လွှမ်းခြုံခြင်းမရှိသော ကိစ်္စရပ်များရှိလာပါက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အစိုးရ နှင့် သီးခြားစီ ဆွေးနွေး၍ စာချုပ်၏ မူများ နှင့်ဆန့်ကျင်ကွဲလွဲခြင်းမရှိစေဘဲ ညှိနှိုင်း ဆောင်ရွက်၍ သဘောတူညီမှုရယူနိုင် သည်။””

ဤပြဋ္ဌာန်းချက်ကလည်း တိုးဖြည့် သဘောတူရမည့်အချက်များနှင့် ဆက်စပ် အကျုံးဝင်နေလိမ့်မည်ထင်သည်။

ပြည်းတွင်းစစ်ချုပ်ငြိမ်းပြီး တိုင်းပြည် ငြိမ်းချမ်းရေးရလာဖို့၊ ခိုင်မာသော ငြိမ်းချမ်း ရေးဖြစ်လာဖို့အတွက် လက်ရှိဆွေးနွေးဖက် များအပြင် နိုင်ငံရေးဆွေးနွေးမှု စားပွဲဝိုင်းသို့ ရောက်မလာကြသေးသော အဖွဲ့များကိုပါ မဖြစ်မနေပါဝင်လာအောင် ကြိုးပမ်းရေး သည် ဘက် သုံးဖက်စလုံးတွင် တာဝန်ရှိပါ သည်။ သို့မှသာ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး”ဟူသော စကားလုံး၏ အသက်ဝင်မှုကို မြင်တွေ့ရပြီး အဓိပ်္ပာယ်ရှိ ပါလိမ့်မည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် ဘက် သုံးဖက်မှ ဆွေးနွေးဖက်ခေါင်းဆောင် များနှင့် အဖွဲ့အသီးသီးမှတာဝန်ရှိသူများက စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ သမာသမတ်ကျ သော အပေးအယူအလျှော့အတင်းများလုပ် ခြင်းဖြင့် ညှိနှိုင်းဆွေးနွေးကြရင်းမှာပင် ငြိမ်း ချမ်းရေးနှင့် တိုင်းပြည်အနာဂတ် ကောင်း စားရေးအတွက် သနိ္နဋ္ဌာန်တကယ်ခိုင်မာ နေကြသည့်အဆင့်(ကာလ)အထိ ရောက်နေ ကြပြီဆိုလျှင် ကျွန်တော်မေးခဲ့သည့် မေးခွန်း မျိုးတွေကို မေးဖို့လိုတော့မည် မထင်ပါ။

ယခုအခါ ပြည်တွင်းစစ်သက်တမ်း သည် ၇၂နှစ်ပြည့်တော့မည်ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးဖက်များထဲတွင် မိမိတို့တိုင်းပြည်အား “ကမ်္ဘာပေါ်တွင်အရှည် ကြာဆုံးသော ပြည်တွင်းစစ်ရှိနေသည့် တိုင်းပြည်””ဟု ဂုဏ်ယူဝင့်ကြွားတတ်ကြမည့် လူစားမျိုးတွေ မပါဝင်ကြပါစေကြောင်း မေတ်္တာရေလောင်းချင်ပါသည်။

၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီ၏ ကိုယ် စားလှယ်ရဲဘော်ဌေး ပြောခဲ့သော စကားက တော့ ယခုအထိမှန်ကန်နေတုန်းပင်။ ဤ စကားကိုဒေါက်တာစိန်မြင့်၏ စာအုပ် (စာ-၈၆)တွင် ဖတ်ရသည်။

“ဘယ်အစိုးရဘဲ တက်တက်၊ တကယ် သာ တန်းတူရည်တူစေ့စပ်ဆွေးနွေးလိုတဲ့ စိတ်ထားသာ ရိုးရိုးသားသားထားရှိကြပြီး အပေးအယူနဲ့ တရားမျှတစွာလုပ်ကြမယ်ဆို လျှင် ပြည်တွင်းငြိမ်းချမ်းရေးဟာ အောင်မြင် နိုင်တယ်လို့ ကျွန်တော်တို့စွဲမြဲစွာ ယုံကြည် ပါတယ်” …..တဲ့။

နောင်ကျော်

ကိုးကား

ဒေါက်တာစိန်မြင့်၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးဖြင့် ငြိမ်းချမ်းရေး (၁၉၆၃-၁၉၈၈)