နိုင်ငံရေးဆုံးဖြတ်ချက် လွဲမှားလျှင်

 

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူ ညီမျှရေးကို ဖော်ဆောင်ပေးရန်အတွက် ခိုင်မာသည့် နိုင်ငံရေးမူဝါဒ၊ ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းအစီအစဉ် တွေရှိပုံမရပါ။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင် တနေ့ထက်တနေ့ ကြီးထွားလာသည့် လက်နက်ကိုင်နိုင်ငံ ရေးပဋိပက္ခတွေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ကြီးသထက်ကြီး လာပါသည်။  အမျိုးသားဒီမိုကရေစီအစိုးရ၏ နိုင်ငံရေး သဘောထားကြီးမှုအားနည်းခြင်းနှင့် နိုင်ငံရေးဆုံးဖြတ် ချက်အလွဲများကြောင့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခတွေ ပိုများလာတယ်ဆိုသည့်အဆိုကို ထောက် ခံပေးနေတဲ့ ဖြစ်ရပ်များစွာလည်း ရှိနေပါသည်။

ဖြစ်စဉ် – ၁ ။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အတွက် မဲအများစုကို ရခိုင်အမျိုးသား ပါတီမှ အနိုင်ရရှိခဲ့ပါသည်။ ထိုရွေးကောက်ပွဲတွင် ရခိုင်ပြည် နယ်လွှတ်တော်အတွက် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၉ ဦး၊ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံ့ခိုင် ရေးပါတီမှ ၃ဦး အနိုင်ရရှိခဲ့ပါသည်။ ထို့အပြင် ရခိုင်အမျိုးသားပါတီမှပင် အမျိုးသားလွှတ်တော်အတွက် ၁ဝနေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၂နေရာနှင့် ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ၁နေရာတို့တွင်လည်း အနိုင်ရရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် အများဆုံး ရွေးကောက်ခံထားရသည့် ရခိုင်အမျိုးသားပါတီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲအပြီးတွင်ရခိုင်ပြည်နယ် အရေးကိစ္စများအားဆွေးနွေး ရန်ကြိုးစားခဲ့ပါသည်။ ၂ဝ၁၆ခုနှစ် ဖေဖော် ဝါရီ ၂၄ရက်နေ့ နေပြည်တော်တွင်  ဒေါ်ခင်စောဝေထံ ဦးဝင်းထိန်းမှတဆင့် ဖိတ်ကြားပြီး နှစ်ဘက်နိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။ ¤င်းဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ်တွင် အရေးတကြီးဖြေရှင်းရမယ့် ကိစ္စများအနက် ဘင်္ဂလီမူစလင်အရေးကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း တရုတ်ရင်းနှီးမြုပ်နှံများ များပြားလာမှုကိစ္စနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကိစ္စစသည့် အရေးကိစ္စသုံးခုသည် အဓိကလတ်တလောဖြေရှင်းဆောင်ရွက် မည့်ကိစ္စ များဖြစ်ကြောင်း၊၄င်းအရေးကိစ္စများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ဖို့မဖြစ်နိုင်ကြောင်းနှင့် ရခိုင်အမျိုးသားပါတီအနေဖြင့် ပူးပေါင်းဖြေရှင်းဆောင်ရွက် လိုကြောင်းဆွေး နွေးခဲ့ပါသည်။ သို့သော် ၄င်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် ၄င်းအရေးကိစ္စအားလုံးကို သိရှိကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်၎င်းအရေးကိစ္စများကိုအောင် မြင်စွာဖြေရှင်းနိုင်ကြောင်း ပြောဆိုခဲ့ကြောင်းကို ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှစောမှ ၂ဝ၁၉ခုနှစ် မတ်လ ၂၂ရက် တွင် ပြုလုပ်သည့် RFA နှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

ပြည်ထောင်စုအဆင့်တွင် မဲဆန္ဒအများဆုံးရသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရခိုင်အမျိုးသား ပါ တီ၏သဘောထားနှင့် ပူးပေါင်းဆောင်ရွက်လိုမှုကို လျစ်လျူရှုခဲ့ပြီး ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အား နည်းချက်ကို ယခင်အစိုးရနည်းတူ ပြန်လည်အသုံးချခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဝင်  ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ကာ ပြည်နယ်ဝန် ကြီးနေရာအများစုကိုလည်း အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့စိတ်ကြိုက်လူများဖြင့်သာ ဖွဲ့စည်းခန့်အပ်ခဲ့ပါသည်။ ထို့သို့လုပ်ဆောင်ခဲ့ခြင်းသည် NLD အစိုးရ၏ တိုင်းရင်းသားနိုင်ငံရေးပါတီများအပေါ်ထားသည့်သဘော ထားကို လှစ်ပြလိုက်သလိုဖြစ်လာပါသည်။ နောက်ဆက်တွဲအနေဖြင့်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်လွှတ် တော်ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီမှ  ပူးပေါင်းပါဝင်ခြင်းမရှိခဲ့သလို နိုင်ငံ ရေးပါတီအချင်းချင်းကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေခဲ့ပါသည်။ ထိုကိစ္စသည် အရပ်ဘက်နိုင်ငံရေး၏ အ နှစ်သာရဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးယဉ်ကျေးမှု (dialogue culture)ကို အရပ်ဘက်နိုင်ငံရေး ပါတီ အချင်းချင်းကြား တည်ဆောက်ဖို့ အားနည်းခြင်း၏ အစပထမ ဖြစ်လာခဲ့ပါသည်။

ဖြစ်စဉ် -၂ ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် လူမျိုးရေး-ဘာသာရေးပဋိပက္ခကို စုံစမ်းရန်အတွက် ကိုဖီအာနန်ဦး ဆောင်သည့် ရခိုင်ပြည်နယ်စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းသည့်အခါတွင်လည်း ရခိုင်အမျိုးသားပါတီမှ ပူး ပေါင်းဆောင်ရွက်မှုမရှိပဲ ကန့်ကွက်ခဲ့ပါသည်။  ကန့်ကွက်ခဲ့ရသည့် အကြောင်းအချက်များစွာ ရှိနိုင်သော်လည်း ၄င်းကော်မ ရှင်၏ဖွဲ့စည်းမှုတွင် ရခိုင်လူထု၏ ထောက်ခံမှု အများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီ၏ နိုင်ငံရေးအရ ပါဝင်နိုင်မှုနှင့် ကိုယ်စားပြု ဆောင်ရွက်နိုင်မှုကိုထည့်သွင်း မစဉ်းစားခဲ့သည့် အချက်လည်း အဓိက အချက်တချက်အနေဖြင့် ပါဝင်ခဲ့ပါသည်။   ၄င်းကော်မရှင်ကို ၂ဝ၁၆ခုနှစ် စက်တင်ဘာ လ ၅ရက်နေ့တွင် နိုင်ငံ ခြားသား ၃ဦး၊ နိုင်ငံသား ၆ဦး စုစုပေါင်း ၉ဦးဖြင့်ဖွဲ့စည်း ခဲ့ပါသည်။ နိုင်ငံသား ၆ဦးအနက် ဦးဝင်းမြ (မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ) နှင့် ဒေါ်ခင်စောတင့်  (ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ – ရန်ကုန်) ကဲ့သို့သော ရခိုင်လူမျိုးများပါဝင်ခဲ့သော်လည်း ထိုသူများသည် ရခိုင်အမျိုးသားများ အတွက် နိုင်ငံရေးအရ ကိုယ် စားပြုထားသူများ မဟုတ်ကြပါ။ ကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီ၏ အနှစ်သာရတခုဖြစ်သည့် ကိုယ်စားပြုမှု၊ ပါဝင်နိုင်မှုစသည့် အချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦး ဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် လျစ်လျူ ရှုခဲ့ပုံပေါ်ပါသည်။ အခြားအကြောင်းပြချက် များလည်း ရှိနေနိုင်သည်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် အရေးကိစ္စတခုကို ရခိုင်လူထု၏ နိုင်ငံရေးထောက်ခံမှု အများဆုံးဖြစ်သည့် ပါတီတစ်ခု၏ ကိုယ်စားပြုမှုကို လျစ် လျူရှုခဲ့ခြင်းသည် ဒီမိုကရေစီစနစ်၏ ကစားပွဲစည်းမျဉ်း  (Rule of the Game) ကို လျစ်လျူရှုမှုတခုပင် ဖြစ် တယ်လို့ ဆိုရမည်ဖြစ်ပါသည်။

 

ဖြစ်စဉ် – ၃ ။

၂ဝ၁၇ ခုနှစ်အတွင်း မောင်းတောဒေသအတွင်း စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သဖြင့် လုံခြုံရေး တိုးမြှင့်ချထားရေးအဆိုကို ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးစိုးရိမ်စရာမရှိဟု တုံ့ပြန်ရှင်းလင်းခဲ့ပြီး အဆိုအား အလေးထားဆောင်ရွက်ခြင်း မရှိခဲ့ပါ။  ထို့အတူ ၂ဝ၁၇ ခုနှစ်သြဂုတ်လတွင် မောင်တောဒေသ ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား ၈ ဦး အသတ် ခံရပြီးနောက် ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တို့မှ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် မောင်တောဒေသ လုံခြုံရေး ပိုမိုတိုးမြှင့် ပေးရန် အရေးကြီးအဆိုကိုအသီး သီးတင်ပြခဲ့သော်လည်း လွှတ်တော်နှစ်ရပ်စလုံးတွင် ချက်ချင်းဆွေးနွေးခွင့် မရခဲ့ပါ။  ထို့ကြောင့်လည်း ရခိုင်အမျိုးသားပါတီမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ ဆုံခွင့်တောင်းခဲ့ ပြီး သြဂုတ်လ ၉ရက်နေ့ တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး  သြဂုတ်လ ၁ဝ ရက်နေ့တွင် တပ်မတစ်ခုအား စေလွှတ်ခဲ့ သည်။ ထို့နောက်မှသာ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုကို လွှတ် တော်အသီးသီးတွင် ဆွေးနွေးခွင့်ရခဲ့ပါသည်။ ထိုအဆိုကို ပြည်သူ့လွှတ်တော်တွင် ပယ်ချခံခဲ့ရပါသည်။ သြဂုတ် လ ၂၅ ရက်နေ့ ARSA အကြမ်းဖက် အဖွဲ့၏ တိုက်ခိုက်မှု ခံခဲ့ရပြီးနောက်မှသာ အမျိုးသားလွှတ်တော်တွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တင်သွင်းသည့် အဆိုကို  ထောက်ခံအတည်ပြုခဲ့ကြခြင်းဖြစ် သည်။ အကယ်၍ ထိုတိုက်ခိုက်မှု မဖြစ်ပေါ်ခဲ့ပါက ပြည်သူ့လွှတ်တော်တွင် တွေ့ကြုံခဲ့ရသလို တွေ့ကြုံရမည်သာ ဖြစ်ပါသည်။ ထိုဖြစ်ရပ်ကို သုံးသပ်ကြည့်မည်ဆိုပါကလည်း နိုင်ငံရေး ပါတီအချင်းချင်းကြား နိုင်ငံရေးယုံကြည် ချက်၊ သဘောထားနှင့် အမြင်များကွဲလွဲမှုကို နိုင်ငံရေးဘောင်အတွင်းက အဖြေရှာခွင့်မပေးခြင်း၊ အဖြေရှာဖို့ မကြိုးစားကြသည့်အတွက် ပြည်နယ်အတွင်း နိုင်ငံရေးကိစ္စများအတွက် စစ်တပ်ကို အခန်းကဏ္ဍကြီးလာစေပြီး  စစ်ဘောင်ကျယ် လာရန်အတွက် လမ်းစဖြစ်လာခဲ့ပါသည်။

 

ဖြစ်စဉ် – ၄ ။

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့ ညဦးပိုင်းဖြစ်ပွားခဲ့သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျရှုံးသည့်နေ့ အထိမ်းအမှတ်ကို မြောက်ဦးနန်းတော်ရာကုန်းတွေ ပြုလုပ်ရန်အတွက် ဒေသခံများမှ တောင်းဆိုတင်ပြမှုကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ ခွင့်ပြုချက်မပေးမှု၊ ထိုအရေးကိစ္စကြောင့် ဆန္ဒပြ လူစုအား လက်နက်အင်အားသုံးကာ အကြမ်းဖက်ဖြေရှင်းခဲ့သည့်အတွက် ဒေသခံရခိုင်တိုင်းရင်းသား ၇ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများအရ ခွင့်ပြုပေးထားတဲ့ လွတ်လပ်စွာစုဝေးခွင့်၊ ထုတ်ဖော်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီနှင့်  နိုင်ငံသားအခွင့်အရေး များကို လျစ်လျူရှုပြီး တရားမဲ့ဖိနှိပ်ခြင်းများ၊ အနိုင်ကျင့်စော်ကား မှုများကျူးလွန်ခဲ့ခြင်းဟာလည်း ဒီမိုကရေစီ တန်ဖိုးများနှင့် formal politicsကို ပြည်သူလူထုတွေ၊ အထူးသဖြင့် ရခိုင်တိုင်းရင်းသားတွေကို အယုံအ ကြည်ကင်းမဲ့စေပါတယ်။ ထိုကဲ့သို့ကျူးလွန်ခဲ့တဲ့ နိုင်ငံရေးရာဇဝတ်မှုမျိုးတွင် ကျူးလွန်သူတွေကို ပြင်းထန်စွာ အ ရေးယူဆောင်ရွက်တာမျိုး၊ ထိခိုက်ခံစားရတဲ့ ပြည်သူလူထုကို တောင်းပန်တာမျိုး၊ ယုတ်စွအဆုံး ဝမ်းနည်း စကားတောင်မပြောဆိုပဲ အထေမဲ့မြင်ပြုတာတွေကို ဒေသခံပြည်သူလူထုကို အမျက်ထွက်စေပါတယ်။  ထို့အ ပြင် ယခင်ကဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်သူလူထု၏ထောက် ခံမှုအများဆုံးရရှိထားသည့် ရခိုင် အမျိုးသားပါတီသည် ပြည်နယ်၏ရေးရာများကို စီမံခန့်ခွဲအုပ်ချုပ်နိုင်သည့် အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့် မရရှိခြင်း၊ ပြည်နယ်၏ အရေးကြီးသည့် ကိစ္စများအတွက် လက်ရှိအာဏာရပါတီမှ နိုင်ငံရေးဆွေးနွေးဖက်အ ဖြစ်သဘောမထားပဲ လျစ်လျူရှုထားခံရခြင်း၊ ပြည်နယ်လွှတ်တော်တွင် အများစုဖြစ်သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့အပေါ်တွင် ထိန်းကျောင်းရန်အခွင့်အလမ်းမရှိခြင်း၊ ပြည်ထောင်စုအဆင့်တွင်လည်း ဒေသခံ များ၏ လိုအပ်ချက်နှင့် အသံများကို တင်ပြဆောင်ရွက်နိုင်ရန် အခွင့်အလမ်းနည်းပါးခြင်း စသည်တို့သည် ဒီမိုကရေစီအင်စတီးကျူးရှင်းများတည်ဆောက်စ နိုင်ငံရှိပြည်သူများ၊ အထူးသဖြင့် ဒီမိုကရေစီ အလေ့အထ ဖွံ့ဖြိုးမှုအားနည်းနေသေးသည့် အချိန်ရှိ ပြည်သူများအနေဖြင့် အရပ်ဖက် နိုင်ငံရေးသမားများနှင့် အရပ်ဖက် နိုင်ငံရေးဘောင်အပေါ် ယုံကြည်အားကိုးမှု ကျဆင်းလာသည်မှာမထူးဆန်းပေ။ ဒီမိုကရေစီ နိုင်ငံရေး အလေ့အ ထအပေါ်၊ နိုင်ငံရေး စနစ်အပေါ် ဒေသခံပြည်သူလူထု၏ လက်ခံယုံကြည်မှု၊ နားလည်မှုနှင့် ဒီမိုကရေစီနိုင် ငံရေး ရေချိန်မြှင့်တင်ပေးရန်အတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးမှ အားနည်းနေဆဲ အခြေအနေတွင်  အရပ်ဘက် နိုင်ငံရေးပေါ် ဒေသခံပြည်သူလူထုမှ အားကိုးမှုယုတ်လာလာပြီး ဒေသခံလူထုအတွင်း လက် နက်ကိုင်တိုက်ပွဲ လမ်းစဉ်အပေါ်တိမ်းညွှတ်မှုများ များပြားလာပါသည်။ ထိုကဲ့သို့ နိုင်ငံရေးအရဖိနှိပ်ခံရ၊ အနှိမ်ခံ ရသည့်အတွက်ကြောင့် ထွက်ပေါ်လာသည့်သည် လူထု၏ အမျက်ဒေါသများသည် နောက်ပိုင်းတွင် လက်နက် ကိုင်ပဋိပက္ခတွေ ပိုအားကောင်းလာစေဖို့အတွက် ရေခံမြေခံဖြစ်လာပါသည်။

 

ဖြစ်စဉ်- ၅ ။

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့် ရဲစခန်း (၄)ခုကို ရက္ခိုင့်တပ်မတော်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တာဝန်ကျရဲသား ၁၃ဦးကျဆုံးခဲ့ပြီး ၉ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ၁၃ဦးကိုဖမ်း ဆီးခေါ်ဆောင်သွားပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ထိုဖြစ်စဉ်နှင့် ပါတ် သတ်ပြီး ဇန်နဝါရီလ ၇ရက်နေ့မှာ နေပြည် တော်သမ္မတအိမ်တော်မှာ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အစည်းအဝေးထိုင်ပြီး ရက္ခိုင့်တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ်ကြေငြာခဲ့သလို AA ကို ချေမှုန်းတိုက်ခိုက်ဖို့အတွက် လိုအပ်မယ်ဆိုရင် ရဟတ်ယာဉ်တွေ၊ တပ်အင်းအား တွေ အသုံးပြုပြီး တိုက်ဖို့အတွက် သဘောတူခဲ့ပါတယ်။ အဲဒီသတင်းကို ဇန်နဝါရီလ ၁၈ရက်နေ့မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ထွန်းထွန်းညီက ထပ်မံအတည်ပြုပြောဆိုခဲ့ပါသည်။ ရက္ခိုင့်တပ်မတော်သည် သူတို့ရဲ့ ကိုယ် ပိုင်ပြဌာန်းခွင့်နှင့်အမျိုးသားတန်းတူညီမျှရေးစသည့် နိုင်ငံရေး ရည်မှန်းချက်ကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်နေ တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အားလုံးက လက်ခံထားသလို ၄င်းတို့အနေဖြင့်လည်း အရပ်သားများနှင့်က အရပ်ဘက် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ သတ်ဖြတ်တာမျိုးတွေ မရှိသေးပါ ဘူး။ နိုင်ငံရေး မကျေလည်ဖြစ်ကြောင့် ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတစ်ခုကို နိုင်ငံရေးအ ရဖြေရှင်းဖို့၊ အဖြေရှာနိုင်ဖို့ ကြိုးစားဆောင် ရွက်ရန်အားမထုတ်ပဲ ¤င်းတို့ကို အင်အား သုံးပြီးဖိနှိပ်ဖို့ ဖြိုခွဲဖို့ ကြိုးစားခဲ့ခြင်းဟာ တစ်ချိန်သောအခါက ဗိုလ်နေဝင်းရဲ့ ‘တုတ် တုတ်ချင်း၊ ဓါးဓါးချင်း’ ဆိုတဲ့ စကားကို ပြန် လည်အမှတ်ရစေပါသည်။

ဖြစ်စဉ်- ၆။

ရခိုင်မှာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခတွေကို လျော့ချဖို့နှင့် အရပ် ဖက်နိုင်ငံရေးနယ်ပယ် ပြန်လည်အား ကောင်းလာဖို့ဆိုသည့် ရည်ရွယ်ချက်များနှင့် ၂ဝ၁၉ခုနှစ် မတ်လ ၁၃ရက်နေ့မှာ ရခိုင် ပြည်နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော်မတီကို အဖွဲ့ဝင် ၁ဝဦးနဲ့ ဖွဲ့စည်းခဲ့ပါသည်။ အဲဒီကော်မတီမှာ ဦးအေးသာ အောင် (အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ) ကို ကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ပေးအပ်ပြီး ထင်ရှားသည့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်အများစုနဲ့ ဖွဲ့စည်းထားပါသည်။  သို့ပေသော်လည်း ကော်မတီဖွဲ့စည်းသည့် အခါတွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည့် လူတွေဖြစ်တဲ့ မြောက်ဦးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေတို့ကို ကြိုတင်မေးမြန်းဆွေးနွေးခြင်း၊ သဘောတူ ညီချက်ရယူခြင်းမရှိပဲ ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် ကော်မတီ၏ Mandate နဲ့ လုပ်ငန်းတာဝန်ကို ရှင်းရှင်း လင်း လင်းလည်းမရှိ၊ ပါဝင်သူအားလုံးနှင့် တိုင်ပင်ခြင်းမရှိပဲ လုပ်ဆောင်ခဲ့ခြင်းသည် နိုင်ငံရေးသမားများ၏ အခန်း ကဏ္ဍကို မလေးစားခြင်းဖြစ်နေပါတယ်။ ထို့သိုနိုင်ငံရေးအရ အဖြေရှာဖို့ ကြိုးစားသည့် ကိစ္စများတွင် တိုင်းရင်း သားနိုင်ငံရေးပါတီတွေများ၏ နိုင်ငံရေးအကဲဆတ်မှုကို အလေးထားဖို့ လိုပါသည်။

အထက်ပါ ကိစ္စရပ်များအပြင်ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် တစစများပြားလာ သည့် စစ်ဘေးရှောင်များအား အကူအညီပေးရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေများထဲမှ ကျပ်ငွေ ၃ဘီလီယံကို ကျခံသုံးစွဲပေးရန်အတွက် ပြည်နယ်လွှတ်တော်မှ ၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့ တွင်ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှ ဆုံးဖြတ်ထားသော်လည်း ၄င်းအတွက် ပြည်နယ် အစိုးရမှကျခံသုံးစွဲမှု မရှိသေးခြင်းသည်လည်း ဒေသခံပြည်သူလူထု၏ အစိုးရအပေါ်ယုံကြည်အားကိုးမှုကို ကျ ဆင်းစေပါသည်။ ထို့အတူ ၂ဝ၁၉ခုနှစ် မတ်လ ၁၈ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့တွင်း ပစ်ခတ်မှု တွင် အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ယူ တာဝန်ခံမှု အားနည်းခြင်း သည်လည်း အရပ်ဘက် နိုင်ငံရေးသမားများ အပေါ်လူထု၏ တိမ်းညွှတ်မှုကို အားနည်း စေပြီး ဒေသခံလူထုအား လက်နက်ကိုင် လမ်းစဉ်ကို ထောက်ခံမှု များသထက်များလာ စေပါသည်။

ဖရန်စစ် ဖူကူယားမား၏ ၂ဝ၁၈ ခုနှစ် ထုတ် Identity Politics ( ဝိသေသလက္ခဏာအခြေပြု နိုင်ငံရေး)  ဆို သည့်စာအုပ်တွင် Identity Politics ၏ ပင်မအကြောင်းအရင်းမှာ လူသား၏ စိတ်ဝိဥာဉ်ထဲမှာရှိသည့် Thymos (သိုင်းမို့စ့်)ကြောင့်ဖြစ်ကြောင်း အဓိကဆွေးနွေးထားပါသည်။ သိုင်းမို့စ်ဆိုသည်မှာ အသိအမှတ်ပြု ခံလိုစိတ် လို့အ ကြမ်းဖျင်းပြောလို့ရမည်ထင်၏။   သိုင်းမို့စ်တွင်  isothymia (အိုင်ဆိုသိုင်းမီးယားနဲ့) နဲ့ megalothymia ( မက်ဂလိုသိုင်းမီးယားစ်) ဆိုပြီး အုပ်စုကွဲ နှစ်ခုရှိပြီး  isothymia က အခြားသူတွေနဲ့ တန်းတူ အသိအမှတ်ပြုခံ လိုခြင် ဖြစ်ပြီး megalothymia ကတော့ အခြားသူများထက် ပိုမိုပြီး အသိအမှတ်ပြု ခံလိုခြင်း (recognized as superior) ဖြစ် ပါသည်။  အခုခေတ် လစ်ဘရယ်ဒီမိုကရေစီစနစ်သည် isothymia လို့ခေါ်သည့်တန်း တူအသိ အမှတ်ပြုပေးမှုကိုတောင် တချို့ခွဲခြားဖိနှိပ်ခံရတဲ့ သူတွေအပေါ် တန်းတူညီတူပေးအပ်ဖို့ ပျက်ကွက်နေခဲ့ပါ သည်။ ထို့ကြောင့်လည်း တန်းတူညီတူ အသိအမှတ်ပြုပေးဖို့အတွက် နေရာအနှံ့မှာ ပုံစံအမျိုးမျိုးနဲ့ တိုက်ပွဲဝင် နေခဲ့ကြပါသည်။  ထိုသဘောတရားကို တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးတန်းတူညီမျှမှု လှုပ်ရှားမှုကို ဖြေရှင်း တဲ့အခါတိုင်း နိုင်ငံရေး ဦးဆောင်သူများအနေ ဖြင့်ထည့်သွင်းစဉ်းစားဖို့ လိုပါသည်။

အကျဉ်းချုပ်ပြန်လည် ဆွေးနွေးရမည်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရလက် ထက်မှာ ဆုံးဖြတ်ခဲ့သည့် နိုင်ငံရေးဆုံးဖြတ်ချက်အလွဲများ၊  အားနည်းချက်များကြောင့် ရခိုင် ပြည်နယ်မှာဖြစ်ပွား သည့် လက်နက်ကိုင်ပဋိပက္ခတွေ များသထက် များလာတယ်လို့ ဆိုရမလို ဖြစ်နေပါသည်။  အခြားပြင်ပအခြေ အနေတွေဖြစ်တဲ့ ဒေသတွင်းအားပြိုင်မှုနဲ့ အင်အားကြီး နိုင်ငံအချို့ရဲ့ အင်အားချိန် ခွင်လျာတည်ဆောက်မှု၊ ဒေသတွင်း အရပ်ဖက်ထက် စစ်ဘက်ယဉ်ကျေးမှု ထွန်းကားဆဲ အခြေအနေတွေဟာလည်း ရက္ခိုင့်လက် နက်ကိုင် ပဋိပက္ခဖြစ်ပွားဖို့ အကြောင်းအချက်တွေလည်း ဖြစ်နေပါသည်။  သို့ပေမယ့်လည်း ဒီမိုကရေစီဖော် ဆောင်ဖို့ အာမခံချက်တွေနဲ့အတူ ပေါ်ထွက်လာတဲ့ အစိုးရလက်ထက်မှာ ဒီမိုကရေစီမဆန်တဲ့ နိုင်ငံရေးဆုံးဖြတ် ချက်တွေကြောင့် အခုဆို ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေများလာပြီး ဒေသခံတွေရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုဘဝပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာကတော့ အားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတော့တယ်။

 

မောင်ထွန်း

ကိုးကား

၁။ ဦးဦးလှစောနှင့် ရခိုင်ပြည်နယ် အရေး တွေ့ဆုံမေးမြန်းချက်၊ RFA ၊ မတ် လ၊ ၂ဝ၁၉။

၂။ မောင်မောင်စိုး၊ မြောက်ဦးစစ်တမ်း၊ ဒီဇင်ဘာလ၊၂ဝ၁၇။

၃။ Francis Fukuyama, Identity: The Demand for Dignity and the Politics of Resentment, September 11, 2018