နိုင်ငံရေးသဘောတရားနဲ့ နိုင်ငံရေးလက်တွေ့တို့ရဲ့ သမူဟနဲ့ပဋိပက္ခ

အောင်​သာ(ပီသုံးလုံး)

မြန်​မာ့လူ့အဖွဲ့အစည်းများဟာ လစ်ဘရယ်​ဒီမိုက​ရေစီနိုင်​ငံကို နယ်​ချဲ့စနစ်​ကိုလိုနီစနစ်​များထံမှ ရရှိခဲ့တာပါ။ ၁၉၆ဝ ပြည့်နှစ်​မှာစခဲ့တဲ့ ‘အမျိုးဘာသာ၊ သာသနာကို​စောင့်​ရှောက်​ကြ’ဆိုတဲ့​ ကြွေး​ကြော်​သံဟာနိမ့်​ပေမဲ့ ကျယ်​ပြန့်​ တယ်​။ လူထုလက္ခဏာရှိတယ်​။ သမိုင်း​ခေတ်​အလိုက်​စုဖွဲ့မိခဲ့တဲ့ နိုင်​ငံ​ရေးအဖွဲ့အစည်းများဟာ (၁)ဝံသာနုအဖွဲ့ အစည်းများနဲ့ ဒိုင်​အာခီအုပ်​ချုပ်​​ရေးစနစ်​ဟာ ၁၉ဝ၆ မှ ၁၉၂၃ ခုနှစ်​အထိ ၁၇ နှစ်​ကြာပါတယ်။ လူဆိုတာကိုပဲအ​ခြေပြုခဲ့တာပါ။ အမျိုးဘာသာ၊သာသနာ ကို ပဲ​စောင့်​​ရှောက်​ကြဆိုတဲ့​ကြွေး​ကြော်​သံ​တွေဟာ နိမ့်​​ပေမဲ့ကျယ်​ပြန့်​ တယ်​။ ဒီ​ကြွေး​ကြော်​သံဟာ အမျိုးသားအစုအဖွဲ့ စုဖွဲ့နိုင်​ဖို့​ရှေးရှုတယ်​။ ‘ဒိုင်​အာခီ’အုပ်​ချုပ်​​ရေး ၁၉၂၃ ဟာ ဒီ​ကြွေး​ကြော်​သံကို အင်္ဂလိပ်​နယ်​ချဲ့အစိုးက တုံ့ပြန်​တာပါ။ ဒိုင်​အာခီအုပ်​ချုပ်​​ရေး ၁၉၂၃ ဟာ ဒီအုပ်​ချုပ်​​ရေးဥပ​ဒေကို တုံ့​ ပြန်​တာပါ။ Home rule မှာ ဒိုင်​အာခီအုပ်​ချုပ်​​ရေးစနစ်​ပြန်​ပွင့်လာတာပါ။ အမျိုးသား​ကြွေး​ကြော်​သံက Home rule သို့​ရှေးရှုထားတာပါ။ မြန်​မာမျိုးချစ်​များရဲ့ ပထမရုန်းကန်မှုက ဒိုင်​အာခီဆန့်​ကျင်​​ရေးပါ။ မြန်​မာ့မျိုးချစ်​များက ဒိုင်​အာခီ အုပ်​ချုပ်​​ရေးကိုဆန့်​ကျင်​ပြီး Home rule ​တောင်းတာပါ။ အင်္ဂလိပ်​က ‘တူ၊ သာ၊ သင်း ဂိုဏ်း’ ဦးဘတူ၊ ဆာဖိုး သာ၊ ဦးသင်းတို့လက်​ထဲ ဒိုင်​အာခီပေးလိုက်​တာပါ။ ဒီအစုဟာ မြန်​မာ့နိုင်​ငံ​ရေးမှာ ပထမဆုံးအင်္ဂလိပ်​နဲ့​ပေါင်း ပြီး အာဏာယူတဲ့ ပထမဆုံးအစုအဖြစ်​​ပေါ်ထွက်​လာတာပါပဲ။ အင်္ဂလိပ်​ဟာ ဗမာ့လွတ်​လပ်​​ရေးတိုက်​ပွဲရဲ့’ပထမဆုံးပွဲ’ မှာ UK က ‘တူ၊ သာ၊ သင်း’ ဂိုဏ်းကွဲဖြစ်​တဲ့ ဆာဖိုးသာဂိုဏ်းကို ၁၉၂၃ ဒိုင်​အာခီအုပ်​ချုပ်​​ရေး​ပေးလိုက်​ပါတယ်​။ ဒီဂိုဏ်းဟာ မြန်​မာ့ပထမလွတ်​လပ်​​ရေးကြိုးပမ်းမှုဖြစ်​စဉ်မှာ ထွက်​လာခဲ့တဲ့(ပထမဆုံး)နယ်​ချဲ့အလို​တော်​ရိ Compra dor ဂိုဏ်းပါ။ မြန်​မာ့ပထမလွတ်​လပ်ရေးကြိုးပမ်းမှုဖြစ်​စဉ်​မှာ အလို​တော်​ ၁ဝ ဂိုဏ်းထွက်​​ပေါ်လာပါတယ်​။

၁၉၂ဝ ဒီဇင်​ဘာ ၅ ရက်​​နေ့မှာ ပထမ ရန်​ကုန်တက္ကသိုလ်​ ‘အမ​တေသပိတ်​ကော်​မတီ’ ဟာ ရန်ကုန်ကောလိပ်​နဲ့ ယုဒသန်ကော လိပ်​သပိတ်​​ခေါင်း​ဆောင်​ ​ကျောင်းသားကြီး၁၅ ဦးကို အမ​တေသပိတ်​​ကော်​မတီနဲ့​ပေါင်းပြီး၂၆ ဦးပါ ‘ယူနီ​ဗာစတီသပိတ်​​မှောက်​​ကောင်​စီ’ကို အားဖြည့်​ဖွဲ့စည်းခဲ့ကြတာဖြစ်​ပါတယ်။

၁၉၂ဝ ပထမ​ကျောင်းသားသပိတ်​ကြီးဟာ ဗြိတိသျှနေမဝင်​အင်​ပါယာကို ပထမဆုံး အန်တုခဲ့တဲ့ လူထုအုံကြွမှုကြီးဖြစ်​ပါ တယ်​။ ဒီသပိတ်​ကြီးကိုအ​ကြောင်းပြုပြီးက လေးများကိုစာသင်မပျက်​ဖို့ ဂျီစီဘီ​အေအဖွဲ့ ချုပ်​​ခေါင်းေ​ဆာင်​များ၊ ဆရာသခင်​ကိုယ်တော်​မှိုင်းနဲ့ ဒီးဒုတ်​ဦးဘချိုတို့​ခေါင်း​ဆောင်​ပြီး’အမျိုးသား​ကျောင်းများ’မြန်​မာနိုင်​ငံအနှံ့ထူ​ထောင်​ခဲ့ကြတယ်​။ ‘အမျိုးသား​ကျောင်းထွက်​ ဆိုတာဟာ’နိုင်​ငံ​ရေးမှာတန်း တစ်​တန်းဖြစ်​ရုံသာမက နယ်​ချဲ့ဆန့်​ကျင်​​ရေး၊ အမျိုးသား လွတ်​မြောက်​​ရေး၊ နိုင်​ငံ​ရေး မျိုးဆက်​​ခေါင်း​ဆောင်​တစ်ဆက်​လည်းဖြစ်​လာခဲ့တယ်​။

၁၉၂ဝ ဒီဇင်​ဘာ​ကျောင်းသားသပိတ်​ကြီးရဲ့ဂယက်​​ကြောင့်​ မြန်​မာမျိုးချစ်​ပညာ တတ်လူငယ်​တချို့ဟာ’သခင်​မျိုးဟေ့တို့​ဗ မာ’ လို့​ကြွေး​ကြော်​ခဲ့တဲ့ သခင်​လူငယ်​များက ​မေ၃ဝ၊ ၁၉၃ဝမှာ ‘တို့​ဗမာအစည်းအရုံးကြီး’ကိုထူ​ထောင်​ခဲ့ကြရုံသာမက’ National Call ‘အဖြစ်​ ‘တို့​ဗမာလှုံ့ဆော်​​ရေးသီချင်းကြီး’ကို​ရေးသား၊ ဓာတ်​ပြားသွင်း နိုင်​ငံအနှံ့လှုံ့ဆော်​ခဲ့ကြတယ်​။

၁၉၂၉မှာစတင်​ခဲ့တဲ့ ‘ကမ္ဘာ့စီးပွား​ရေး ပျက်​ကပ်​ကြီးဟာ’ တစ်​ကမ္ဘာလုံးကိုရိုက်ခတ်​ ဒုက္ခ​ပေးခဲ့တယ်​။ ဒီဒဏ်​ကိုမခံနိုင်​ကြ​တော့တဲ့ ​ဗမာဆင်းရဲသားလယ်​သမားထုကြီးဟာ ၂၂.၁၂.၁၉၃ဝ မှာ ဆရာစံလယ်​သမားအ ရေး​တော်​ပုံကြီးနဲ့ ခုခံခဲ့ကြ​တော့တယ်​။

တို့​ဗမာအစည်းအရုံးကြီးထူ​ထောင်​ပြီး ခုနစ်​လအကြာ၂၂.၁၂.၃ဝ မှာ ဆရာစံခေါင်း​ဆောင်​​တဲ့ ‘လယ်​သမားရဲ့ဗ.ှကြီး’ သာယာဝတီခရိုင်​ကစတင်​ခဲ့တယ်​။ ဆရာစံဟာ​ရွှေဘိုခရိုင်​၊ ဒီပဲယင်းမြို့နယ်​ သရက်​ကန်​ အ​ရှေ့ရွာဇာတိပါ။ သားသမီးငါး ယောက်​ထဲမှာအငယ်​ဆုံးပါ။ အိမ်​​ထောင်​ကျပြီး ​မော်​လမြိုင်​ဘက်​ဆင်းသွားပါတယ်​။ ဆရာစံဟာ ဘီလူး​ကျွန်း၊ ​ချောင်းဆုံ၊ ကမာမို့ရွာမှာ​ဆေးဆရာအဖြစ်နဲ့​နေပါတယ်​။ ဆရာစံဟာ လက္ခဏာ၊ ဇုကျမ်းနဲ့ဝိဇ္ဇာ သိပ္ပံအင်္ဂုတ္တရကျမ်း နှစ်​​စောင်​ကို​ရေးသား ပြုစုခဲ့တယ်​။ ဆရာစံ နာမည်​နှင့်​သင်္ကြန်​စာ​ရေးသားထုတ်​ဝေခဲ့တယ်​။ မြန်​မာ့​ဆေးဆရာ အဖြစ်​အသက်မွေး ခဲ့တယ်​။ အင်္ဂလိပ်​နယ်​ချဲ့သမားများ​ကြောင့် ဗမာ​တွေဒုက္ခ​ရောက်​​နေကြတာဖြစ်​တယ်​ဆိုတာကို သူသ​ဘော​ပေါက်​ပါတယ်​။ ဒါကြောင့် ကမာမို့ရွာ ဂျီစီဘီ​အေအဖွဲ့ထဲ ပါဝင်ခဲ့တယ်။ ​မော်​လမြိုင်​ဂျီစီဘီ​အေဥက္ကဋ္ဌအဖြစ်​ တာဝန်ယူစည်းရုံးလှုပ်​ရှားခဲ့တယ်​။ သူဟာ ဦးစိုးသိမ်း ဂျီစီဘီ​အေလူကြီးဖြစ်​လာပါတော့တယ်​။

ဆရာစံဟာ ဂျီစီဘီ​အေလူကြီးများ ရာထူး၊ အာဏာ၊ လစာရိက္ခာစားပြီး နယ်​ချဲ့ အင်္ဂလိပ်​များနဲ့ပလူးပလဲလုပ်ေ​နကြတာကို အထူး စိတ်ပျက်မိနေပါတယ်​။ ၁၉၂၈ .၂၉.၃ဝ ခုနှစ်​များအတွင်း ဖြစ်​​ပေါ်လာတဲ့ ကမ္ဘာ့စီးပွား​ရေးပျက်​ကပ်​ကြီးဟာ လယ်​သ မားထုကြီးများအတွက်​ ပိုမိုကျပ်​တည်းလာ​စေခဲ့တယ်​။

၁၉၂၉ ခုနှစ်​အတွင်းကျင်းပခဲ့တဲ့ ဂျီစီဘီ​အေ အဖွဲ့ချုပ်​​ခေါင်း​ဆောင်​များရဲ့ညီလာခံ အတွင်းမှာ ဆရာစံဟာ ဂျီစီဘီ​အေ အဖွဲ့ချုပ်​​ခေါင်း​ဆောင်​များရဲ့​ပျော့ညံ့မှု၊ နယ်​ချဲ့အစိုးရနှင့်​ ပလူးပလဲလုပ်​မှု၊ နယ်​ချဲ့များနဲ့​ကျေ​အေး​စေလိုမှု၊ ရာထူးအာဏာ လစာရိက္ခာမက်​​မောမှု ကိုယ်​ကျိုးကြည့်​မှုများ ကိုမြင်​​တွေ့ရတဲ့အခါ ဆရာစံက ဒီအပြုအမူ​တွေနဲ့ ‘ဗမာပြည်​ကြီးလွတ်​​မြောက်​မှာ မဟုတ်​ဘူးလို့’ တွေ့သိခံစားမိပြီး A.S လမ်းစဉ်​မှတစ်​ပါး နယ်​ချဲ့ကိုဆန့်​ကျင်​ဖို့ တ​ခြားလမ်း မရှိတော့ဘူးလို့ခံယူပြီး ၁၉၂၉ ခုနှစ်​မှစပြီး A.Sအတွက်​ အစစပြင်​ဆင်​မှု​လုပ်​တယ်​။ နယ်​ချဲ့ဆန့်​ ကျင်​​ရေးအတွက်​ A.Sလုပ်ဖို့ ယုံကြည်​အားကိုးရတဲ့သူများလျှို့ ဝှက်ပြီး စတင်​စု​ဆောင်းခဲ့တယ်​။ သာယာဝတီခရိုင်​ ရောက်​လာတဲ့အခါ သာယာဝတီမြို့နယ်​ အင်းရွာအနီးက မန်​ကျည်းကုန်း​ကျောင်း တိုက်​မှာခို​နေပြီး နယ်​ချဲ့ဆန့်​ကျင်​​ရေး A.S ဆင်​နွှဲဖို့ လူသူလက်နက်​ စတင်​စု​ဆောင်းခဲ့တယ်​။

၂၂.၁၂.၁၉၃ဝ ပြည့်​နှစ်​ ည​နေခင်း​ရောက်​တဲ့အခါ ဆရာစံဟာ သူ့တပ်​များကို​ရေတိုက်​ရွာထိပ်​မှာစုရုံး​စေခဲ့ပြီး ‘သာယာ ဝတီ​ထောင်​ဖွင့်​တိုက်​ပွဲ’ တိုက်​ဖို့ပြင်​ဆင်​စီမံပြီးလွှတ်​လိုက်​ပါတယ်​။  လမ်းခုလတ်​မှာ ဇိမ်​ဇာသူကြီးနဲ့​ တွေ့ဆုံတိုက်​ပွဲဖြစ်​ခဲ့ပြီး သူကြီး ကိုဖမ်းပြီး​ခေါင်းဖြတ်​သတ်​​ခဲ့တယ်​။ ဆရာစံဟာ ‘သာယာဝတီနယ်​အလံတောင်’မှာစခန်းချပြီး သုပဏ္ဏကဂဠုန်​ရာဇာ ဘွဲ့ခံပြီး လယ်​သမားသူပုန်​ကြီးအင်​အားကြီးလာ အောင်​စည်းရုံး​နေခဲ့တယ်​။ အင်္ဂလိပ်​နယ်​ချဲ့သမားများဟာ ‘ဆရာစံ​တောင်​သူလယ်​သမားအ​ရေး​တော်​ပုံကြီး’ကို နှစ်နှစ်​​ကျော်​​ကျော်​အချိန်​ယူနှိမ်​နင်းခဲ့ရပါတယ်​။ ဗမာပြည်​မှာရှိတဲ့တပ်​များနဲ့ နိုင်​​အောင်မ တိုက်နိုင်​လို့ အိန္ဒိယမှ ဒီဝိဇံတပ်​မ​ကြီး​ခေါ်ယူနှိမ်​နင်းခဲ့ရတယ်​။ တကယ်​​တော့ဆရာစံသူပုန်​တပ်​နဲ့ အင်္ဂလိပ်​နယ်​ချဲ့တပ်​များ တိုက်​ရတဲ့စစ်​ပွဲဟာ တကယ်​အချိုးမညီတဲ့ Assymertric; war စစ်​ပွဲပါ။ ဆရာစံကို ၂.၈ ၁၉၃၁ ခုနှစ်​မှာဖမ်းမိပြီး ရုံးတင်​စစ်​​ဆေးကာ ၂၈.၁၁.၃၁ ခုနှစ်​မှာကြိုး​ပေးသတ်​လိုက်​ပါတယ်​။ ဆရာစံသူပုန်​ကြီးကိုကြိုး​ပေးအ​ရေးယူခဲ့တာဒီ​နေ့ ဆိုရင်​ ၈၆ နှစ်​ရှိပါပြီ။ ဗမာအာဏာရ အစိုးရများဟာ အစိုးရအမျိုးမျိုး၊ ဖဆပလအစိုးရအမျိုးမျိုး၊ စစ်​အစိုးရအမျိုးမျိုးမှ ဒီက​နေ့ဒီချုပ်​အစိုးရအထိ အာဏာရအစိုးရအမျိုးမျိုးတို့ဟာ ဆရာစံသူပုန်​ကြီးနဲ့ပတ်သက်​လို့ပဲဖြစ်​ဖြစ်​ ဘယ်​လိုအမှတ်​တရပွဲမျိုးမှကျင်း ပဂုဏ်​ပြုတာ မကြားရ၊ မ​တွေ့ရပါဘူး။ (တကယ်​​တော့) ဆရာစံဟာမျိုးချစ်​လယ်​သမားသူပုန်​ကြီးပါ။ ဆရာစံအတွက်​ဘယ်​သူဘယ်​အဖွဲ့ အစည်းကပဲဖြစ်​ဖြစ်​ ဘယ်​လိုအထိမ်းအမှတ်​ပွဲမျိုးမှ ဘယ်​သူကမှကျင်းပ​ပေးခဲ့တာမျိုးမရှိ ခဲ့ပါဘူး။ ဒီလယ်​သမားသူပုန်​ကြီးအတွက်​ကြိုးဒဏ်​ကျသွားသူ ၃ဝ၂ ​ယောက်​၊ တစ်​သက်​တစ်​ကျွန်းကျခံရသူ ၈၈ဝ ရှိတယ်​လို့ မဆလ​ခေတ်​ သမိုင်းမှတ်​တမ်းတစ်​​စောင်​မှာ ဒီအပြစ်​ဒဏ်​ကျ လူစာရင်းကို​ဖော်​ပြ​ပေးထားပါတယ်​။

မြန်​မာ​ခေတ်​ပြိုင်​သမိုင်းအနီး​ ခေတ်​သမိုင်းမှာ ဒါမျိုးတွေရှိ​နေတာကိုကြည့်​တတ်ရင်​ မြင်​မှာပါ။ မဆလတပ်​ချုပ်​ရဲ့အမိန့်​ နဲ့ရန်​ကုန်​တက္ကသိုလ်​​ကျောင်းသားများကို ၆၂ ဇူလိုင်​ ၇ ရက်​​နေ့ည​နေမှာ မဆလတပ်​ချုပ်​ရဲ့ အမိန်​နဲ့ရန်​ကုန်​တက္ကသိုလ်​ပရ ဝဏ်​အတွင်း၊ တကသအ​ဆောက်​အဦးအတွင်းမှာ (၁)တက္ကသိုလ်​​ကျောင်းသား​တွေရာနဲ့ချီပြီး အသတ်​ခံခဲ့ရတယ်​။ (၂)မြန်မာ့​လွတ်​လပ်​​ရေးသမိုင်းဝင်​တကသအ​ဆောက်​အအုံကို မိုင်းကပ်​ပြီးဖြိုခွဲပစ်​လိုက်​တယ်​။ ဘယ်လို ကြီးကျယ်​ထင်​ရှားတဲ့ လူပုဂ္ဂိုလ်​မျိုးကမှ ဒီသမိုင်းဖြစ်​ရပ်​​တွေနဲ့ပတ်​သက်​ပြီး ဘယ်​​လောက်​၊ ဘယ်​လိုကြီးကျယ်​ပြီးတာဝန်​ရှိတဲ့ လူပုဂ္ဂိုလ်​၊ အဖွဲ့အစည်းမျိုးကမှ ဒီသမိုင်း လူပုဂ္ဂိုလ်​များရဲ့တာဝန်​ရှိမှုကို တစ်​စုံတစ်​ရာ​ပြောဖို့ တရားမဲ့မှုကိုတရားရှိဖို့၊ တာဝန်​ရှိမှု၊ ပျက်​ကွက်​မှုကိုတာဝန်​ရှိ​စေဖို့ တာဝန်​ယူဖို့ တစ်​စုံတစ်​ရာတည့်​မတ်​​ပေးမယ့်သူ မရှိပါဘူး။ လူမိုက်​တစ်​​ယောက်​တာဝန်​မဲ့မှုဟာ၊ လူ​ကောင်းတစ်​​ယောက်​တာဝန်​ရှိမှု​လောက်​ မကြီးကျယ်​ပါဘူး။ July မှာ​ကျောင်းသား​တွေကိုပစ်​သတ်​ဖို့၊ သမိုင်းဝင်​ တကသအ​ဆောက်​အအုံကိုဖြို ဖျက်​ဖို့ ဘယ်သူအမိန့်​​ပေးသလဲ။ အဲဒီ​နေ့က အသံလွှင့်ရုံ​​ VIP အခန်းမှာဘယ်​သူ​တွေရှိသလဲ။ ​ဗဟိုလုံခြုံရေးနဲ့ အုပ်​ချုပ်​မှု​ကော်​မတီဥက္ကဋ္ဌ​ ဗိုလ်​ကြီး​ကျော်​စိုး ပြန်​ကြား​ရေးဝန်​ကြီး​ဗိုလ်​မှူးကြီး​စောမြင့်​၊ ပညာရေး ဝန်​ကြီး​ဒေါက်​တာဗိုလ်​မှူးကြီးလှဟန်​၊ နိုင်​ငံ​တော်​​ကောင်​စီဝင်​ တွဲဖက်​အတွင်း​ရေးမှူး ဗိုလ်​မှူးကြီးသန်းစိန်  ​(ဗိုက်​ပူ)ပါ​မောက္ခချုပ်​ဦးကာ၊ ​ဒေါက်​တာကာတို့ရှိကြတယ်​ဆိုပါတယ်​။ ည​နေ၆ နာရီခွဲမှာ​ကျောင်းသားေ​တွကိုစတင်ပစ်​​ခတ်​တယ်​။ RGH​ ဆေးရုံအုပ်​ကြီးဦး​အောင်​သိမ်းရဲ့ ဇူလိုင်​ ၈ရက်​​နေ့ P.C မှာ ဆရာကြီးကည​နေမှာ​ဆေးရုံကို ၈၆​ယောက်​​ရောက်​ခဲ့တယ်​။ ​သေတယ်​ရှင်​တယ်​မ​ပြောပါဘူး။ ကိန်းဂဏန်း အမျိုး မျိုးထွက်​တယ်​။ ဒီက​နေ့ထိမ​သေချာ​သေးပါဘူး။ နိုင်ငံ့​ခေါင်း​ဆောင်လား၊ ဒီချုပ်​​ခေါင်း​ဆောင်​လား။ သူက ကျောင်းသားတွေ ကို​ပေးတဲ့ message တစ်​ခုမှာ ပြီးခဲ့တာ​တွေ ပြီးပါ​စေ​တော့တဲ့။ ဒါ 7th July ကို ရည်​ညွှန်းတာလို့ နားလည်​ပါတယ်​။ Let by gone. Be by gone ​ပေါ့။ ဒါဆိုရင်​ အာဇာနည်​နေ့ကို ဘယ်​လိုမှသ​ဘောမထားရ​တော့ ဘူးလို့ ​ပြောချင်​တာပါလား။ ကျယ်​ကျယ်​နက်​နက်​​လေး​တော့ စဉ်းစားကြည့်​ရင်​ ပို​ကောင်းမယ်​ထင်​ပါတယ်​။

လွတ်​လပ်​​ရေး​ခေတ်​ ဗမာပြည်​ပညာ​ရေးစနစ်​က ဘွဲ့ရပြီး​ကျောင်းသားများရဲ့ လူမှုဘဝကိုအာမခံချက်​မ​ပေးပါဘူး။ ​ကျောင်းပြီးရင်​ ဘွဲ့ရပြီးရင်​ ဘွဲ့ရ​ကျောင်း​သား​တွေရဲ့ ဘယ်လိုလူမှုဘဝမျိုးကိုမှ ရထားတဲ့ဘွဲ့က ဘာအာမခံချက်​မျိုးမှပေးမထား ပါဘူး။ ဘွဲ့ရ​ကျောင်းသားတိုင်းအလုပ်​မရနိုင်​ပါဘူး။ လူ့အဖွဲ့အစည်းတွင်းမှာ ပညာတက်​အလုပ်​လက်​မဲ့ပြဿနာဆိုတာ တဖြည်း ဖြည်း လူ့အဖွဲ့အစည်းရဲ့ လူမှု​ရေးစီးပွား​ရေးပြဿနာဖြစ်​လာပါတယ်​။ B.Ed အောင်​သိုက်​တို့၊ တက္ကသိုလ်​မြတ်​လေးတို့၊ တွံ​တေးသိန်းတန်​တို့ဆိုတာဟာ ဘွဲ့ရပြီးတဲ့အခါမှာ ဘာလုပ်​ရမယ်​ဆိုတဲ့ အာမခံချက်​ဘာမှမရှိတာ​ကြောင့်​ရုပ်​ရှင်​မင်းသား​တွေ၊ ပြဇာတ်​ဒါရိုက်​တာ​တွေ၊ ​ရှေ့​နေ​ပေါက်စ​လေး​တွေဖြစ်​လာကြတယ်​။ စာ​ရေးသူတို့ဘွဲ့ရပြီးတဲ့အခါ တတ်​ထားတဲ့ပညာနဲ့ဘဝကို ဘယ်​လို​နေရာချကြရမှာလဲဆိုတာဟာ ဘွဲ့ရပညာတတ်​များအတွက်​ အလုပ်​ကြီးတစ်​ခုဖြစ်​လာပါတယ်​။ လွတ်​လပ်​ပြီးအနှစ်​ ၂ဝ ဆိုတာဟာဘွဲ့ရပညာတတ်များရဲ့ ဘဝခရီးတစ်​​ထောက်​ နားခို​နေရာ​လေးများဖြစ်​လာပါတယ်​။ စာသင်​​ကျောင်းနဲ့ လူမှု ဘဝအနီးအ​ဝေးဟာ ကြာ​လေသဟဇာတမဖြစ်​​လေပါပဲ။ ပညာတတ်​များအတွက်​ ​ကျောင်းက​ပေးလိုက်​တဲ့ အတန်းပညာ​ရေး ဟာကျောင်းကြီးပြီးတာနဲ့ ဘဝလုံခြုံမှုကို အာမခံချက်​မ​ပေးနိုင်​တာ​ကြောင့်​ ၆ဝ ခုနှစ်​ဝန်းကျင်​​လောက်​မှာ ဘွဲ့ရပညာတတ်များ ပြဿနာဆိုတာဟာ ဖဆပလ အစိုးရအမျိုးမျိုးအတွက်​ ​ဖြေရှင်း​ပေးရမယ့် ပြဿနာဖြစ်​လာရုံသာမက ဓနရှင်​​ပေါက်​စပညာ တတ်​များဟာ သူတို့နဲ့နီးတဲ့ နိုင်​ငံ​ရေးကွင်းထဲ​ရောက်​လာကြပါတယ်​။ လွတ်​လပ်​ရေး​ခေတ်​ဦး ဖဆပလအစိုးရ လွတ်လပ်ရေး​ခေတ်လယ် နိုင်​ငံ​ရေးအလွဲများဟာ ဖဆပလနိုင်​ငံ​ရေးအလွဲများသို့​ ရှေးရှုလာ​စေတယ်​။

စစ်​တပ်​ကလည်း ‘အမျိုးသားနိုင်​ငံကို​စောင့်​​ရှောက်​ဖို့ထက်​’ ကိုယ်​အုပ်​ချုပ်​တဲ့ အ စိုးရမျိုးစုဖွဲ့ဖို့အာရုံကျလာကြပါတယ်​။ အာဏာသိမ်းပွဲဟာ သခင်​နုထံမှအာဏာကိုတပ်​က ခြိမ်း​ခြောက်​ပြီး အာဏာသိမ်းတာ​ကြောင့်​ သခင်နုကအခုအခံရှိ​ကြောင်း တည်မြဲ ဖဆပလဂိုဏ်းက အကဲခတ်​မိပါတယ်​။ ဒါ​ကြောင့်​  ၆ဝ ​ရွေး​ကောက်​ပွဲမှာ သခင်​နုအနိုင်​ရလာပြီးတဲ့အခါ (ဒီအတိုင်း ထားလို့မရနိုင်​တော့တာ​ကြောင့်​) တပ်​ချုပ်​က (အချိန်​ကျပြီ)လို့​ အကဲခတ်​မိပြီး ၆၂ မတ်​လ အာဏာသိမ်းပွဲကို အပြီးသတ်​လိုက်​တာပါ။

၄၈ ပြည်​တွင်းစစ်​​ကြောင့်​ မာ့က်​စ်​ဝါဒီများဟာ ​ဗကပ၊ အလံနီပြည်​သူ့ရဲ​ဘော်​များ အဖြစ်​ဂိုဏ်းကွဲပြီး A.S ဆင်​နွှဲလာကြ ပါတယ်​။ ကရင်​၊ မွန်​၊ ကယားစတဲ့ လူမျိုးစုများသာမက ၁၉၅၉ မှာ ရှမ်းမျိုးနွယ်​စုများကလည်း A.S ရဲ့ထူးခြားချက်​က မာ့က်စ်​ဝါဒကို ယုံကြည်​သူများအချင်းချင်းလည်း မညီညွတ်​ကြပါဘူး။ တစ်​ပါတီအတွင်းမှာကို ဂိုဏ်းကွဲမှုများရှိ​နေဖြစ်​​နေတယ်​။ အလားတူပါပဲ ဒီက​နေ့ (၂၁ရာစုပင်​လုံ)ဆိုတာအထိ လူမျိုးစုသူပုန်​အချင်းချင်း မညီညွတ်​ကြရုံသာမက သူပုန်​(မျိုးနွယ်​စုတစ်​ခုတည်း) အတွင်းမှာကို မညီညွတ်​ကြပါဘူး။ ​ဗမာပြည်​ A.S အင်​အားစု များအတွင်းမှာ C.P.B ပဲခူးရိုးမ၊ ကျူခုတ်​ပန်းဆိုင်း​ဒေသ အတွင်း ဂိုဏ်းကွဲမှုများကြောင့်​ အစဉ်​အလာရှိ ဥဿုံသြ​ဇာလည်း ကြီးတဲ့​ ဗကပလို​မာ့က်​စ်​ဝါဒပါတီကြီးအတွင်းမှာကို ပုံစံစုံ ဂိုဏ်းကွဲမှုကြီးများဖြစ်​ပြီးရှိရှိသမျှ သြဇာနဲ့အင်​အားပါ ​သေးကျုံ့သွားပြီး ​ဗမာပြည်​ကြီး ဘယ်​သူကဘယ်​လိုကယ်​တင်မှာလဲ ဆိုတဲ့ မဟာ​ဗျူဟာ​မေးခွန်းကို ​ဖြေမယ့်သူရှိမရှိဆိုတာဟာ သမိုင်းဆိုင်​ရာ​မေးခွန်းတစ်​ပုဒ်​ဖြစ်လာပါတယ်။ (ဒီလိုပါပဲ) ဗမာ ပြည်​ရှိ အာဏာရလစ်​ဘရယ်​ဓနရှင်​လူတန်းစားပါတီနဲ့ ဂိုဏ်းအစုအဖွဲ့အစည်းများအတွင်းမှာလည်း ၆၂ခုနှစ်​မတ်​လ ၂ ရက်​​နေ့ကစပြီး ဂိုဏ်းကွဲမှုများဖြစ်​လာပါတယ်​။ မဆလရဲ့​ကြွေး​ကြော်ပြီး အာဏာသိမ်းယူထားတဲ့ စစ်​​ဗျူရိုကရက်​လက်​ဝါးကြီးအုပ်​ (စစ်​)ဓနရှင်ကြီးအစု​ရော ၁၉၆၂ မှ ယခု ၂ဝ၁၇ အထိ ၅၅ နှစ်​တိုင်​တိုင်​အာဏာသိမ်းယူခဲ့တဲ့ စစ်​​ဗျူရိုကရက်​ လက်​ဝါးကြီးအုပ်​အရင်းရှင် လူတန်းစားလူမှုအစုက လူထု ၅၁ သန်းအတွက် ဘာမှမလုပ်​​ပေးဘဲ သူတို့ချမ်းသာကြွယ်​ဝဖို့ပဲလုပ်​ခဲ့ကြတယ်​။ နိုင်ငံ​ရေး၊ စီးပွား​ရေး၊ အမျိုးသားတန်းတူ​ရေးပြသာနာများကို ‘Democratic Reform’ လုပ်​​ပေးမှာလားဆိုတာကို လူမျိုးစုံလူထု တစ်​သန်းက​မေးခွန်းထုတ်​ခဲ့တာကိုမျက်​ကွယ်​ပြုပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဆန်​​ကောထဲမှာ အခိုင်​အမာ​နေရာ ယူထားခဲ့တာ ၁၉၆၂မှ ၂ဝ၁၇ ထိ ၅၅ နှစ်​ရှိပါပြီ။ ၂၁ ရာစုပင်​လုံညီလာခံက ၄၈ မှာ ဖြစ်​ခဲ့တဲ့ ပြည်​တွင်းစစ်​ပြဿနာကိုတကယ်​​ဖြေရှင်း​ပေးမှာလား။ စစ်​အာဏာရှင်စနစ်​ကိုဖယ်​ရှားပြီး တကယ်​စစ်​မှန်​တဲ့ လစ်ဘရယ်​ဒီမိုက​ရေစီကို​ နေရာချ​ပေးမှာလား ၂ဝဝ၈ ဖွဲ့စည်းပုံကို (ဟန်​​ဆောင်​)မဟုတ်ဘဲ တကယ်​ဖျက်​သိမ်း​ပေးမှာလား။ ဒီ​မေးခွန်းအတွက်​ စစ်​​ဗျူရိုကရက်​အရင်းရှင်​လူတန်းစားရဲ့အ​ဖြေက ‘No’  ပါ။ သမိုင်းဖြတ်​သန်းမှုအရ​ပြောရရင်​ ဗမာပြည်​လစ်​ဘရယ်​ဓနရှင်​လူတန်းစားဆိုတာာ ဗြိတိသျှနယ်ချဲ့ သမားများက သူတို့ အကျိုးစီးပွားအတွက်​နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးအရ ကိုယ်​စားပြု​ပေးမယ့် လစ်​ဘရယ်​ဓနရှင်​လူတန်းစား ဖြစ်​စဉ်​အရ Comprado Bourgeois လက်​​ဝေခံဓနရှင်​လူတန်းစား နိုင်​ငံ​ရေးအ​မွေခံများကို နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးအ​မွေခံများအဖြစ်​ ၁၉၂၃ ဒိုင်​အာခီအုပ်​ချုပ်​​ရေး၊ ခွဲ​ရေးတွဲ​ရေးနဲ့ ၁၉၃၅ခုနှစ်​၉၁ ဌာန အုပ်​ချုပ်ရေး ၁၉၄ဝ ဘုရင်​ခံအတိုင်​ပင်​ခံ​ကောင်​စီအုပ်​ချုပ်​​ရေး စနစ်​များအတွင်းမှာ ဗြိတိသျှအစိုးရနှင့်​ ပူး​ပေါင်း​ဆောင်​ရွက်​မယ့်​ ကွန်​ပရာဒိုဘူဇွာ လက်​​ဝေခံဓနရှင်​မျိုးဆက်​ တစ်​ဆက်​ကို​မွေးမြူ​ပေးပြီး သူတို့ထံကတစ်ဆင့်​ ဗြိတိသျှအကျိုးစီးပွားကို ပုံစံမျိုးစုံနှင့်​ စာချုပ်​မျိုးစုံကို နှစ်​ဦးနှစ်​ဖက်​လက်​မှတ်​ထိုးပြီး ၄၈လွတ်​လပ်​​ရေးကို မြန်​မာမျိုးချစ်​များထံမှ သခင်​နုကိုယ်​စားပြုတဲ့ ဖဆပလ အဖွဲ့ချုပ်​ထံအာဏာလွှဲခဲ့တာပါ။ ကြားဖြတ်​အစိုးရကလုပ်​ကြံခံရလို့ သခင်​နုထံ၄၈လွတ်​လပ်​​ရေးအာဏာလွှဲပြောင်း​ပေးခဲ့တာပါ။ ၁၉၄၉ ခုနှစ်​မှာ ရန်​ကုန်​အစိုးရမကျဖို့ ဗြိတိသျှဓနသဟာယ The British Common wealth အဖွဲ့ကြီးက ၁ဝ နှစ်​စာ စစ်​ပစ္စည်း မျိုးစုံကို အိန္ဒိယနှင့်​ပူးတွဲစီမံပြီး ​ထောက်​ပံ့​ပေးခဲ့တာ​အပြင်​ ​ဗမာသူပုန်​များအတွင်းမှာလည်း စည်းစည်းလုံးလုံးညီညီညွတ်​ညွတ်​မရှိတာ​ကြောင့်​လို့ UK/Indiah အစိုးရ များက မှတ်​ချက်​​ပေးခဲ့ကြပါတယ်​။

ရန်​ကုန်​အစိုးရ​ခေတ်​ကို​ကျော်​ပြီး ၂၅ နှစ်​အကြာ ၁၉၇၅ ခုနှစ်၊​မတ်​လ၁၅ ရက်​​နေ့မှာ ​ဗကပဥက္ကဋ္ဌ သခင်​ဇင်​နဲ့ သခင်​ချစ်​တို့ထပ်​မံ​ချေမှုန်းခံရတာ​ကြောင့်​​ ဗကပရဲ့ ၄၈-၄၉ခုနှစ်​များမှာစတင်​ပြီးထူ​ထောင်​ခဲ့တဲ့ ပဲခူးရိုးမအ​ခြေခံ​ဒေသဟာလည်း သခင်​ဇင်​၊  သခင်​ချစ်​တို့နဲ့အတူ PDR ပဲခူးရိုးမ ပြည်​သူ့ဒီမိုက​ရေစီ​တော်​လှန်​​ရေး အ​ခြေခံ​ဒေသပြိုကွဲပြီး​ ဗကပရဲ့ပြည်​မ ပြည်​သူ့ဒီမို က​ရေစီ​တော်​လှန်​​ရေးအ​ခြေခံ​ဒေသနဲ့အတူ ​ဗကပ ဥက္ကဋ္ဌသခင်​ဇင်​နဲ့ အတွင်း​ရေးမှူးသခင်​ချစ်​တို့ပါကျဆုံးပြီး​​ ဗျူဟာ​မြောက်​​ဒေသဖြစ်​တဲ့ ပဲခူးရိုးမအ​ခြေခံ​ဒေသပါဆုံးရှုံးခဲ့ရတယ်​။ လမ်းစဉ်​မှားရင်​ လူသာမက အလုပ်​(​တော်​လှန်​ရေး)ပါဆုံးရှုံးတတ် ကြောင်း ပဲခူးရိုးမကျဆုံးမှုမှာ​ တွေ့ရပါတယ်​။

          ဗမာပြည်​ကွန်​မြူနစ်​ပါတီရဲ့ ပဲခူးရိုးမ ပါတီနဲ့တပ်​ပါပြိုကွဲမှုဟာ အမျိုးသားတန်းတူ​ ရေးအတွက်​ A.S လုပ်​​နေကြတဲ့ရှမ်း၊ ချင်း၊ ကချင်​၊ ကရင်​၊ မွန်​စတဲ့တိုင်းရင်း သား အမျိုးသားများရဲ့ အမျိုးသားတန်းတူ​ရေး A.S ကို ပါရိုက်​ခတ်​ခဲ့ပါတယ်​။ ပဲခူးရိုးမကျပြီး တစ်​နှစ်​​ကျော်​ကာလအတွင်း ၁၉၇၆ခုနှစ်​မှာ အရှေ့ မြောက်​စစ်​​ဒေသကျူခုတ်​၊ ပန်းဆိုင်း​ဒေသအတွင်းမှာ သခင်​ဘသိန်းတင်​နဲ့ သခင်​​ဖေတင့်​တို့​ခေါင်း​ဆောင်​တဲ့ ​ဗကပ ​ ဗဟိုဌာနချုပ်​နဲ့ အရှေ့​မြောက်​စစ်​​ဒေသကို ပြန်​လည်​ထူ​ထောင်​လိုက်​ပြီဖြစ်​​ကြောင်း’ဗကပပြည်​သူ့အသံ’ က​ ရေဒီယိုမှ သတင်းများထုတ်​ပြန်​​ပေးခဲ့တယ်​။ ဒီသတင်းဟာစစ် အာဏာရှင်စနစ်​ ရဲ့ ဖိနှိပ်​မှုများကို ၁၉၆၂ခု နှစ်မှ ၁၉၇၆ ခုနှစ်​အထိ ၁၅နှစ်​နီးပါး ကုပ်​သွေးစုပ်​ ဖိနှိပ်​ခံ​နေရတဲ့လူမျိုးပေါင်းစုံ ရှမ်း၊ ချင်း၊ ကချင်​၊ ကရင်​၊ မွန်​၊ ပအိုဝ့်၊ ပ​လောင်​စတဲ့ လူမျိုးပေါင်းစုံဖိနှိပ်​ခံလူထုကြီးအတွက်​ အားတက်​ဝမ်းသာစရာ မင်္ဂလာသတင်းဖြစ်​ပါတယ်​။ ၁၉၄၈မှ၁၉၇၆ (၂၈)နှစ်​အတွင်း မှာ မာ့က်​စ်​ဝါဒီများနှင့်​ ရှမ်း ကရင်​၊ မွန်​၊ ကယား၊ ချင်း၊ ကချင်​၊ ရခိုင်​စတဲ့ လူမျိုးပေါင်းစုံတိုင်း ရင်းသား အမျိုးသားများရဲ့ ဗ.ှ များဖြစ်လာခဲ့တာဟာနှစ် ၃ဝ နီးပါးရှိခဲ့ ပါပြီ။ ၁၉၅၈ မှာအာဏာရဖဆပလအဖွဲ့ချုပ်​အတွင်း တည်​မြဲဖဆပလနဲ့ သန့်​ရှင်းဖ ဆပလဂိုဏ်းကွဲပါတယ်​။ သခင်​နု၊ သခင်​တင်​ကတစ်​ဂိုဏ်းဦးဗ​ဆွေ၊ ဦးကျော်​ငြိမ်းတို့ကတစ်​ဂိုဏ်း နှစ်​ဂိုဏ်းကွဲပါတယ်​။ သခင်​နု၊ သခင်​တင်​ဂိုဏ်း​ကို ပမညတက​ထောက်​ခံပါတယ်​။ တည်​မြဲဖဆပလဂိုဏ်းကို လူထုကမ​ထောက်​ခံပါဘူး။ နု၊ တင်​ဂိုဏ်းကို ငြိမ်းချမ်း​ရေး ဒီမို က​ရေစီ​ရေး​မျော်​လင့်​ချက်​​နဲ့ ပမညတက (သခင်​နု၊ သခင်​တင်​)ဂိုဏ်းကို​ထောက်​ခံပါတယ်​။ ၆ဝ ​ဖေဖော်​ဝါရီ​ရွေး​ကောက်​ပွဲမှာ သခင်​နု(ပထစ)ပါတီနိုင်​ခဲ့တယ်​။ အစိုးရဖွဲ့နိုင်​ခဲ့တယ်​။ ဖဆပလမူလအစုဟာ ၅၈ ဇွန်​လအတွင်းမှာ ဖဆပလ နှစ်​ခြမ်းကွဲတယ်​။ စစ်​တပ်​ကိုတစ်​နှစ်​အာဏာလွှဲရတယ်​။ ပမညတ က ကန့်​ကွက်​တယ်​။ စစ်​တပ်​က ကတိအတိုင်း ၆ဝ ​ဖေ​ဖော်​ဝါရီမှာ​ ရွေး​ကောက်​ပွဲကျင်းပ​ပေးခဲ့တယ်​။ ပြည်​​ထောင်​စုပါတီ သခင်​နုနိုင်တယ်​။ (ကကချုပ်​)က ကတိအတိုင်း အာဏာလွှဲ​ပေးခဲ့တယ်​။ ပထစအစိုးရကိုသူပုန်​များနဲ့ငြိမ်းချမ်း​ရေး၊ ဒီမိုကရေစီရေးအတွက် ပမညတက ထောက်ခံတယ်​။ ပြည်​တွင်းစစ်​ရပ်​စဲဖို့၊ သူပုန်​များနဲ့ ငြိမ်းချမ်း​ရေးဒိုင်​ယာ​လော့ခ်​လုပ်​ဖို့ ပမညတက ဖိအား​ပေးတယ်​။ တည်​မြဲ ဖဆပလနဲ့ တပ်​ချုပ်​ကမကြိုက်​ဘူး။ ဖိအားအမျိုးမျိုးအောက်​မှာ ပထစ သခင်​နုအစိုးရက သူပုန်​နဲ့အထူး သဖြင့်​(​ဗကပ)နဲ့ ဒိုင်​ယာ​လော့ခ်လုပ်​မှာကို တပ်​ချုပ်​ကလုံးဝလုံးဝကို မလိုလားပါဘူး။ အတိုက်​အခံ ပမညတ​ထောက်​ခံမှုနဲ့ သခင်​နုပထစအစိုးရက သူပုန်​နဲ့ဒိုင်​ယာ​လော့ခ်​လုပ်​မှာကို (တည်​မြဲဖဆပလ)နဲ့ တပ်​ချုပ်​က လုံးဝမလိုလားဘူး။ ဆရာကြီးသခင်ကိုယ် တော်မှိုင်းက သူပုန်​နဲ့ဒိုင်​ယာ​လော့ခ်​လုပ်​ဖို့ တိုက်​တွန်းတယ်​။ ပမညတကလည်းတိုက်​တွန်းတယ်​။ ဒီအပြုအမူ​တွေကို တပ်​ချုပ်​က မကြိုက်​ဘူး။ ဒါတွေ​ကြောင့်​ ၂.၃.၆၂ မှာ မဆလတပ်​ချုပ်​က အာဏာသိမ်းခဲ့တာ ဖြစ်​ပါတယ်​။

၁၉၄၈မှာအာဏာရယူခဲ့တဲ့ သခင်​နု​ခေါင်း​ဆောင်​တဲ့ ဖဆပလ အစိုးရက ​ဗကပ ကိုအပြတ်​ဖြုတ်​ချင်​တာ​ကြောင့်​ ၂၈.၃.၄၈ မှာ ​ဗကပ ကိုအလစ်​တိုက်​ပြီးမျိုးဖြုတ်​ဖို့ ကြံစည်​ခဲ့တာပါ။ ဒီက​နေ့ဆိုရင်​ ​ဗကပက သူ့အ​ကြောင်းနဲ့သူရပ်​​နေတယ်​။ ၄၈ မှာ အာဏာရခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်​ဆိုတာ ဒီက​နေ့ဘာဖြစ်​​နေ၊ ဘာဖြစ်​သွားပြီလဲ။ ​ဗကပ အလံစိုက်​ထူထားဆဲပါပဲ။ သခင်​နု သခင်​တင်​၊ ဦး​ဗ​ဆွေ၊ ဦး​ကျော်​ငြိမ်း၊​ဗိုလ်​ချုပ်​ကြီး​နေဝင်းတို့ဆိုတာဟာ ၁၉၄၈-၆၂အထိ တကယ့်​ကျား​တွေပါ။ မဆလ တပ်​ချုပ်​ကြီး က ၆၂ မတ်​လ အာဏာသိမ်းပွဲပြီး​တော့ ​ဗမာ့တပ်​မ​တော်​အတွင်းက တပ်​ချုပ်​ကြီးများဟာ ဖ​ယောင်းတိုင်​မီးများ လိုပါပဲ။ ဘယ်​သူမီးလာကူး​ပေး​မှာလဲဆိုတာကို​ စောင့်​ရင်း ခုအခါမှာ​ ဆေး​ပေးမီးယူလုပ်​​ပေးမယ့်သူ​တောင်​ရှိ၊ မရှိ မ​သေချာ​တော့ပါဘူး။ နိုင်​ငံရေးသံ​ဝေဂယူဖို့အ​ကောင်းဆုံး တပ်​မှူးကြီးများဟာ မဆလ​ခေတ်​ စစ်​ရုံးကြီးမှာ စစ်​မိန့်ပေးနိုင်​တဲ့ တပ်​မှူး ကြီးများပါ။ နိုင်​ငံ​ရေးသံ​ဝေဂယူကြမယ်​ဆိုရင်​လည်း ဖဆပလခတ်​၊ မဆလ​ခေတ၊်​(ယခု)ကြံ့ဖွံ့အစိုးရ​ခေတ်​၊ ဒီချုပ်​​ခေတ်​မှာပင်​ ဖဆပလ၊ မဆလ၊ နဝတ၊နအဖ၊ ကြံ့ဖွံ့တပ်​မှူးကြီးများဆိုတာဟာ ဘယ်​လိုအခန်းကဏ္ဍမျိုးမှာ တည်​ရှိခွင့်​ရ​နေသလဲဆိုတဲ့ မေးခွန်းကို သူတို့ကိုယ်​တိုင်​ဘယ်​လို​ဖြေရမှာလဲဆိုတာ ဘယ်​သူ့ကို​မေးရမှာလဲ မသေချာ​တော့ပါ။

၎၊ ၁၊ ၄၈မှာလွတ်​​လပ်​​ရေးအာဏာရ လာခဲ့ကြတဲ့ လစ်​ဘရယ်​ဓနရှင်​လူတန်း စားဟာ ၆၂ မတ်​လ ၂ ရက်​​နေ့အထိ အာဏာရ လစ်​ဘရယ်​ဓနရှင်​လူတန်းစားဟာ ၆၂ မတ်​လ၂ ရက်​​နေ့အထိ အာဏာရလစ်​ဘရယ်​ဓနရှင်​လူတန်းစားပါ။ ဒီလူတန်းစားဟာ အာဏာလက်​လွှတ်​ရမှာစိုးတာ​ကြောင့် ဗကပကိုဦးတည်​ထားတဲ့ပြည်​တွင်း စစ်​တိုက်​ခဲ့ကြတယ်​။ ပြည်​တွင်း စစ်​​ကြောင့်​ စစ်​တပ်​ဟာ အိမ်​တွင်းမင်းမဟာဂီရိနတ်​အုန်းသီးဖြစ်​လာတယ်​။ ပြည်​တွင်းစစ်​​ကြောင့်​ အာဏာရ ဓနရှင်​လူတန်း စားအတွင်း ဖဆပလ တည်​မြဲအစု၊ သန့်​ရှင်းဖဆပလအစု အဖြစ်​နှစ်ခြမ်းကွဲသွားခဲ့တယ်​။ လူထုနဲ့အတိုက်အခံဖြစ်​တဲ့သန့်​ရှင်း ဖဆပလက ၆ဝ ​ရွေး​ကောက်​ပွဲမှာ အနိုင်​ရပြီးအစိုးရဖွဲ့နိုင်​ခဲ့တယ်​။  လွှတ်​​တော်​ထဲမှာ သန့်​ရှင်းဖဆပလ တည်​မြဲ ဖဆပလ နှစ်ခြမ်းကွဲလာတယ်​။ ၁၉၅၈ ဇွန်​လမှာ ဖဆပလအဖွဲ့ချုပ်​အတွင်းသန့်​ရှင်း ဖဆပလ၊တည်​မြဲဖဆပလနှစ်​ခြမ်းကွဲသွားတယ်​။ ပမညတ(အတိုက်​အခံ)ကသန့်​ရှင်း ဖဆပလကို Pace and democracy အတွက်​​ထောက်​ခံခဲ့တယ်​။ ၁၉၆ဝ ဇွန်​လ​ရွေး​ကောက်​ပွဲပြီးတဲ့အခါ ပမညတအတိုက်​အခံ အမတ်​ ၄၇ ​ယောက်​​ရွေး​ကောက်​ခံရတယ်​။ သခင်​နု၊ပထစဟာ ပမညတအမတ်​များရဲ့​ထောက်​ခံမှုနဲ့အစိုးရဖွဲ့ခဲ့တယ်​။ ဒါကိုလည်းစစ်​တပ်​နဲ့တည်​မြဲဖဆပလက မကြိုက်​ပါဘူး။ ၁၉၆ဝ ဇွန်​လ​ရွေး​ကောက်​ပွဲမှာ ပထစပါတီ မူလသန့်​ရှင်းဖဆပလဟာ​ ၆ဝ ရွေး​ကောက်​ပွဲမှာအနိုင်​ရပါတယ်​။

၁၉၅၈ ဇွန်​လမှာ ဖဆပလအဖွဲ့ချုပ်​အတွင်း တည်​မြဲဖဆပလ၊ သန့်​ရှင်းဖဆပလ နှစ်​ခြမ်းကွဲသွားပါတယ်​။ ၁၉၆ဝ ​ရွေး​ကောက်​ပွဲမှာ ပထစ သခင်​နုပြည်​​ထောင်​စုပါတီကအနိုင်​ရပါတယ်​။ ပထစပါတီဟာ ပမညတလက်​ဝဲအတိုက်​အခံဖြစ်​တဲ့ပါတီ များရဲ့​ ထောက်​ခံမှုနဲ့ အစိုးရဖွဲ့နိုင်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေကို(ကကချုပ်​)အပါအဝင်​တည်​မြဲတပ်​မှူးကြီးများက မကြိုက်​ပါဘူး။ ဒီအချက်​ဟာ ၆၂ မတ်​လ ၂ ရက်​​နေ့မှာစစ်​တပ်​ကမဖြစ်​မ​နေအာဏာသိမ်းရတဲ့ ပဓာန ကျတဲ့အ​ကြောင်းရင်းပါပဲ။

 

ဘာ​ကြောင့်​ မတ်​လ ၂ ရက်​​နေ့ စစ်​အာဏာ သိမ်းပွဲဖြစ်​ရတာပါလဲ။

(၁)က။  ပြည်​​ထောင်​စုပါတီနဲ့ ပထစ အစိုးရဟာ ပမညတ လက်​ဝဲအင်​အားစုများနဲ့ပူး​ပေါင်းပြီး​ အစိုးရဖွဲ့ထားတာဖြစ်​ပါတယ်​။ ဒီအ​ခြေအ​နေကို မဆလတပ်​မှူးကြီးများက မကြိုက်​နှစ်​သက်​ကြပါဘူး။

(၂) က။ မဆလတပ်​ချုပ်​ကြီး တစ်​နှစ်​တာအုပ်​ချုပ်​ခဲ့တဲ့ကာလမှာ  ​တော်​လှန်​​ရေး အင်​အားစုအမျိုးမျိုး ဗဟိုနှင့်​ တိုင်း ရင်းသားအင်​အားစုများအပါအဝင်ေ​တာ်​လှန်​​ရေးအင်အား တစ်​​သောင်းခန့်​ လက်​နက်​ချ ခဲ့တယ်​လို့ဆိုပါတယ်​။ ​ဗကပ ​ဗဟိုမှ UG လုပ်​ငန်းတာဝန်​ခံ သခင်​တင်​မြ DB မြစ်​ဝကျွန်း​ပေါ် တိုင်းဥက္ကဋ္ဌသခင်​တင်​ကွန့်​၊ (မ)သုံးလုံးတိုင်းဥက္ကဋ္ဌ ​ဗိုလ်​ညွန့်​​မောင်​လိုလူများ အပါအဝင် အဲဒီကာလမှာ အင်အားတစ်သောင်းခန့် လက်နက်ချခဲ့တယ်လို့ဆိုပါတယ်။ ဒီကာလများမှာ ဆိုဗီယက် ပါတီ GS ခရူးရှပ်က လှုံ့ဆော်ခဲ့တဲ့ ကွန်ဂရက်အတွင်း ‘ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်း နိုင်ပြီဆိုတဲ့ CPSU(B) ရဲ့ အကြိမ်၂ဝမြောက် ကွန်ဂရက်လမ်းစဉ်ဆိုတာဟာ လက်တွေ့က လက်နက်အပ် တပ်ဖျက်၊ ဥပဒေတွင်းဝင် ဥပဒေအတွင်းမှာ ရှိတဲ့ လစ်ဘရယ်ဝါဒီများနဲ့ပေါင်း သူဌေးဖြစ်အောင်လုပ်ဆိုတဲ့ မဟာဗျူဟာ ‘ လူတန်းစား တိုက်ဖျက်ရေးလစ်ဘရယ်၊ဘူဇွာ၊ ဒီမိုကရက်များနဲ့ပေါင်းရေး ဥပဒေတွင်းဝင်ရေး၊ သူဌေး ဖြစ်အောင်လုပ်ရေးဆိုတဲ့ မဟာဗျူဟာကြောင့် CPU ဆိုဗီ ယက်ကွန်မြူနစ်ပါတီ(B) အပါအဝင်  အရှေ့ဥ ရောပဆိုရှယ်လစ်နိုင်ငံ များစုကြီးဟာ ၁၉၉ဝ ခုနှစ်မှာလစ်ဘရယ် ဘူဇွာဒီမိုကရက်တစ်နိုင်ငံများအဖြစ် တဖြည်းဖြည်း Transform အသွင်ပြောင်းသွား ခဲ့တယ်။ ၁၉၁၁ ခုနှစ်အတွင်းမှာ အရှေ့ ဥရောပတစ်ခွင်လုံး Socialism အသွင်ပြောင်းသွားခဲ့တယ်။ ၁၉၁၁ ခုနှစ် အတွင်းမှာ အရှေ့ဥရောပတစ်ခွင်လုံး Socialism မှ Capitalism သို့ ပြောင်းလဲသွားရပုံဟာ အလွန်ကြေကွဲ စရာ ကောင်းပါတယ်’လို့ အရှေ့ဥရောပတစ်နိုင်ငံရှိ ဗိုလ်ရှီဗစ်လူဟောင်းကြီးတစ်ဦးက လွမ်းလွမ်းဆွေးဆွေး ပြောရှာ ပါသတဲ့။ ဆိုရှယ်လစ်စနစ်မှ အရင်းရှင်စနစ်သို့ တဖြည်းဖြည်း လွှမ်းဖုံးသွားပုံဟာ အင်မတန်ပဉ္စလက် ဆန် လှတယ်။ ဆန်လွန်းလှပါတယ်လို့ ပြောခဲ့ကြပါသတဲ့။

မြန်မာနိုင်ငံအတွင်းကို အထူးသဖြင့် အင်္ဂလန်ပြန် UK ပြန် မြန်မာပညာတတ်များက မာ့က်စ်ဝါဒကို ထူးခြားတဲ့ မကြုံဖူး မကြားဖူးတဲ့ ဗဟုသုတတစ်ခုအဖြစ်မှတ်ယူပြီး ဗမာပြည်အပြန် လက်ဆောင်ပစ္စည်းတစ်မျိုးအဖြစ် ဝယ်လာကြပုံရပါတယ်တဲ့။ ဒါထက်နည်းနည်း အကျိုးသင့်အကြောင်းသင့် လေ့လာကြည့်တော့ နိုးကြားတဲ့အင်္ဂလိပ်စာ တတ်လူငယ်များက ၄.၁၁.၁၉၃၇ မှာ’နဂါးနီ ‘ စာအုပ်အသင်းကို ထူထောင်ကြပြီး မြန်မာအင်္ဂလိပ်စာတတ်များက ‘နဂါးနီ’ စာအုပ်အသင်းကြီးကို ထူထောင်ကြပြီး မာ့က်စ်ဝါဒကျမ်းများအပါအဝင် လွတ်လပ်ရေးကြီးကိုအကျိုးပြုမယ့် နိုင်ငံခြားထုတ်စာအုပ်ပေါင်း ၆၆အုပ် ဘာသာပြန်၊ တချို့ အဖွင့်ကျမ်းများရေးသားခဲ့ကြပါသတဲ့။ နဂါးနီစာအုပ်အသင်းကြီးဟာ အင်္ဂလန် Left book Club ကိုအတုယူပြီး ‘မာ့က်စ်ဝါဒ ဘာသာပြန်၊ တချို့အဖွင့်ကျမ်းများကို ထုတ်ဝေခဲ့ကြပါသတဲ့။ ထုတ်ဝေတဲ့ စာအုပ်မျိုးစုံ ၆၆အုပ်ရှိပြီး ဒီ ၆၆အုပ်ထဲမှ မာ့က်စ် ဝါဒဘာသာပြန်ကျမ်းများလည်းပါဝင်ခဲ့ပါသတဲ့။ နဂါးနီစာအုပ်အသင်းကြီးကို သခင်သန်းထွန်း၊ သခင်စိုးနဲ့ သခင်နုတို့က ဦးစီး ထူထောင်ခဲ့ကြပါတယ်တဲ့။ ၁၉၄၁ ခုနှစ်မှာ ကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံကို ကူးစက်လာတာကြောင့် စာအုပ်အသင်း ကြီးရဲ့ လုပ်ငန်းများရပ်​ဆိုင်းသွားခဲ့ရပါတယ်​။ စာအုပ်​မျိုးစုံ ၆၆ အုပ်​ထုတ်​​ဝေနိုင်​ခဲ့ပါသတဲ့။ ဒီ ၆၆ အုပ်​အတွင်းမှာ တချို့မာ့က်​စ်​ဝါဒကျမ်းများ တချို့မာ့က်​စ်​ဝါဒ အဖွင့်​ကျမ်းများ ထုတ်​​ဝေနိုင်​ခဲ့ပါသတဲ့။  နဂါးနီစာအုပ်​အသင်းကြီးရဲ့ ရည်​ရွယ်​ချက်​များကို လူထုကြီး သိရှိစိတ်​ဝင်​စား​အောင်​ ‘နဂါးနီ’ သမိုင်းဝင်​သီချင်းပါ​ရေးစပ်သီဆို၊ ဓာတ်​ပြားသွင်းပြီးနိုင်​ငံအနှံ့ ဖြန့်​ချိခဲ့ကြပါ သတဲ့။ စာအုပ်​များကို သခင်​နု၊ ဦးသိန်း​ဖေမြင့်၊ သခင်​​ဗဟိန်း၊ သခင်​ဘ​သောင်း၊ သခင်​စိုး၊ သခင်​လှ​ဖေ၊ ဦးဘချို၊ ဦးဘခိုင်​၊ ​ရွှေဥ​ဒေါင်း၊ အာဏာရှင်လှရွှေ၊ ဆရာ​ဇေယျ၊ ​ဒဂုန်​​ရွှေမျှား၊ ဒဂုန်​တာရာစတဲ့ အင်္ဂလိပ်​စာတတ်​ နိုးကြားတဲ့သခင်​လူငယ်​များက အင်္ဂလန်​မှာရှိတဲ့ The Left book Club စာအုပ်​အသင်းကြီးနဲ့ဆက်​သွယ်​ပြီး မြန်​မာ့လွတ်​လပ်​​ရေးအတွက်​ နိုးကြားတဲ့သခင်​လူငယ်​၊ မျိုး ချစ်​လူငယ်​မျိုးဆက်​တစ်​ဆက်​ကို နဂါးနီစာအုပ်​အသင်းကြီးက ​မွေးထုတ်​​ပေးနိုင်​ခဲ့တယ်​။ နဂါးနီစာအုပ်​အသင်းကြီးက ပထမ ဆုံးထုတ်​​ဝေခဲ့တဲ့စာအုပ်​ဟာ R Page Arnot ပြုစု​ရေးသားထုတ်​​ဝေခဲ့တဲ့ A Short History  the Russion Revolution ကျမ်းရင်း ကို သခင်​နုက ‘လူမွဲတို့၏ထွက်​ရပ်​လမ်း’စာအုပ် ကိုနှစ်ပိုင်းခွဲပြီးထုတ်​​ဝေခဲ့ပါတယ်​။ နဂါးနီစာအုပ်​အသင်းကြီးဟာ မြန်​မာနိုင်​ငံ လွတ်​လပ်​​ရေးအတွက် ​’အ​တွေးအ​ခေါ်’ အရ အကျိုးပြုမယ့်စာအုပ်​​ပေါင်း ၆၆ အုပ်​ကိုထုတ်​​ဝေ​ပေးခဲ့ပါတယ်​။

မြန်​မာ့လွတ်​လပ်​​ရေးအတွက်​ နိုးကြားတဲ့ ပထမမြန်​မာမျိုးချစ်​မျိုးဆက်​များဟာ တစ်​စုက​ ဖဆပလ​ခေါင်း​ဆောင်​များဖြစ်​လာခဲ့ပါတယ်​။ တစ်​စုကသခင်​သန်းထွန်းနဲ့ သခင်​ချစ်​တို့ကိုယ်​စားပြုတဲ့ ​ဗကပ​ခေါင်း​ဆောင်​များဖြစ်​လာခဲ့ပါတယ်​။ တစ်​စုက ဆရာကြီးသခင်​စိုးကိုယ်​စားပြုတဲ့ အလံနီကွန်​မြူနစ်​ပါတီ​ခေါင်း​ဆောင်​များဖြစ်​လာ ကြပါတယ်​။ တချို့က ​ဗမာ့တပ်​မ​တော်​ရဲ့​ခေါင်း​ဆောင်​များဖြစ်​လာကြပါတယ်​။ တချို့က သခင်​နုဖဆပလအစိုးရရဲ့ဝန်​ကြီး၊ ဝန်​​ကလေးများနဲ့ ဖဆပလစစ်ဘက်​ဆိုင်​ရာအ ကြီးအကဲများဖြစ်​လာခဲ့ကြပါတယ်​။ ဆိုရှယ်​လစ်​​တပ်​မှူးကြီးရာထူးရလာတဲ့​ ဗိုလ်​ချုပ်​ကြီး​ နေဝင်းဟာ ဖဆပလအစိုးရရဲ့စစ်​ဘက်​ဆိုင်​ရာ အကြီးအကဲများဖြစ်​လာခဲ့ကြပါတယ်​။ ဆိုရှယ်​လစ်​တပ်​မှူးကြီးရာထူးရလာတဲ့​ဗိုလ်​ချုပ်​ကြီး​နေဝင်းဟာ ဖဆပလ​အစိုးရရဲ့ တပ်​ချုပ်​၊ ၆၂ ​ရောက်​​တော့ ဦး​နေဝင်းဟာ မဆလပါတီဥက္ကဋ္ဌ၊ သမ္မတနဲ့(ကကချုပ်​)ဖြစ်​လာပါတယ်​။ ၁၉၆၂ မတ်​လ ၂ရက်​​နေ့စစ်​အာဏာသိမ်းပြီးတဲ့အခါ တပ်​ချုပ်​ကြီးဟာ (ကကချုပ်​) မဆလပါတီဥက္ကဋ္ဌကြီးနဲ့နိုင်​ငံ​တော်​သမ္မတကြီးလည်းဖြစ်​လာပါတယ်​။  သတိပြုဖို့ကောင်းတာက သမ္မတကြီး၊ မဆလပါတီ ဥက္ကဋ္ဌကြီး၊ တပ်​ချုပ်​ကြီး၊ ကက ချုပ်​ကြီးဟာ Higher Commond ‘စစ်​တပ်​အမိန့်​ပေးခွင့်​ အာဏာ’ကို သူ့လက်​ထဲမှာထားပြီး ကျန်​တဲ့ စစ်​အာဏာ၊ နိုင်​ငံ​ရေး အာဏာကို ဖွဲ့စည်းပုံနဲ့အညီ သူ့လက်​ထဲမှာသူ့ကိုယ်​စားလှယ်​ လူယုံတစ်​​ယောက်ယောက်လက်ထဲမှာထားပြီး ဖွဲ့စည်းပုံ အာဏာ၊ တပ်​အာဏာ၊ အစိုးရအာဏာနဲ့ စစ်​မိန့်​​ပေးခွင့်​အာဏာများအားလုံးကို အလစ်​အဟာမရှိ​အောင်​ ဥပ​ဒေကိုပြင်​၊ လူယုံကို​ရွေးထား ‘ကိုယ့်​ကိုယ်​ကိုယ်ယုံကြည်​ရတဲ့’ ယုံကြည်​မှုမျိုးထက်​ စိတ်​ချယုံကြည်​ရတဲ့ယုံကြည်​မှုမျိုး ​လောကမှာရှိပါ သလား။ ဖက်​ဆစ်​ဟစ်​တလာရဲ့ယုံကြည်​မှုက ‘ကိုယ့်​ကိုယ်​ကို​ယ်ပေါ်​ယုံကြည်​မှု’ ဆိုတာမျိုးကိုပင်​ စိတ်​မချတဲ့ယုံကြည်​ရမှုမျိုး ပါပဲ။ ‘ဟစ်​တလာက မိမိကိုယ်​ကိုယ်ယုံကြည်​မှုဆိုတာမျိုးကိုပင်​မယုံကြည်​ထိုက်​ဖူးလို့သ​ဘောထားတဲ့’ ‘ယုံကြည်​မှု’ဟာ ဟစ်​တလာရဲ့ ယုံကြည်​မှု ဒဿနဖြစ်​ပါတယ်​။