သမဂ္ဂရှင်သန်ရေးနဲ့အဆောက်အုံ ဆောက်လုပ်ရေး ဘယ်လိုစဉ်းစားကြမလဲ

ထွန်းဇော်ဌေး
၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ ထုတ်မှ

ရည်ညွှန်း

မကြာမီကပဲ သမဂ္ဂရှင်သန်ဖွံ့ဖြိုးရေးနဲ့ကျောင်းသားသမဂ္ဂအဆောက်အုံဆိုင်ရာဆွေးနွေးပွဲကိုရောက်ခဲ့ တယ်။အငြင်းအခုန်တွေအားလုံးကြားမှာ အယူအဆတွေအမျိုးမျိုးရှိကြပါတယ်

။သမိုင်းကိုပြန်ပြောင်းကိုးကားရာ မှာလည်းအချက်တချို့တိမ်မြှုတ်ပျောက်ကွယ်မှေးမှိန်နေတာကိုလည်းတွေ့ရတယ်။သမိုင်းကိုခါးဖြတ်ယူလိုက်တဲ့အတွက် ကောက်ချက်တချို့မှားယွင်းသွားတာကိုလည်းတွေ့ရတယ်။ဒါကြောင့်ဒီတပတ်တော့ ကျောင်းသားသ မဂ္ဂနဲ့ပတ်သက်ပြီး တိမ်မြုတ်နေတဲ့သမိုင်းဆိုင်ရာအချက်အချို့ကိုပြောချင်တယ်။ဒါမှလည်းစဉ်းစားသုံးသပ်ရာမှာ အနီစပ်ဆုံးကောက်ချက်ကိုဆွဲယူနိုင်မယ်လို့ယူဆပါတယ်။

                              တကသ သမဂ္ဂနဲ့တကသဆောက်အုံ ဘယ်ဟာအရင်ပေါ်ခဲ့သလဲ

ပထမဆုံးပြောချင်တာက သမဂ္ဂအဆောက်အုံပေါ်ပြီးမှကျောင်းသားသမဂ္ဂဖြစ်ပေါ်လာတယ်ဆိုတဲ့သုံးသပ် ချက်ဟာမမှန်ကြောင်းဦးစွာပြောချင်တယ်။အများစုပြောဆိုကိုးကားနေကြတာက ၁၉၃၀မှာသမဂ္ဂအဆောက်အုံ ဆောက်ပြီးတယ်။၁၉၃၁မှာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီကော်မတီဖွဲ့စည်းပြီးစည်းမျဉ်းရေးဆွဲခဲ့ တယ်။ဒီကျမှ ကျောင်းသားသမဂ္ဂစတင်ပေါ်လာတယ်လို့ဆိုကြပါတယ်။ဒီအဆိုကိုကျနော်ငြင်းပါတယ်။ဒါတွေကို ရှင်းဖို့အတွက် ဧက၄၄၀ ကျော်ရှိတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးဂရန်ဖေါက်တာကစလို့ပြောချင်တယ်။

ဘုရင်ခံဆာဟာကုတ်ဘတ်တလာက၁၉၁၆ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးတည်ဆောက်ဖို့ မြေနေရာလိုက်ရှာတယ်။ပထမတော့ အရင်က တံတားလေးလို့ခေါ်ခဲ့တဲ့စတ္တဇဆေးရုံမြေနေရာတဝိုက်ကိုဂရန် ဖေါက်ဖို့ပါ။ဒါပေမယ့် မြေနေရာအကျယ်ဝန်းကိုသူစိတ်ကြိုက်မရတဲ့အတွက် ကမာရွတ်က ဧက၄၄၀ကျော်ရှိတဲ့မ ရမ်းခြံကိုပဲရွေးချယ်ပြီး ၁၉၁၆ခုနှစ်မှာဂရန်ဖေါက်ခဲ့တာပါ။ဆာဟာကုတ်ဘတ်တလာကသူတာဝန်ယူတုန်းတည် ဆောက်မယ့် တက္ကသိုလ်ကျောင်းတိုက်ကြီးဟာ အရှေ့တောင်အာရှမှာ အခန်းနားဆုံးဖြစ်စေရမယ်လို့ခံယူထား တယ်လို့ဆိုပါတယ်။ဒါပေမယ့်ရန်ကုန်တက္ကသိုလ်ကို မပြဋ္ဌာန်းမီမှာပထမကမ္ဘာစစ်ဖြစ်လာလို့ အားလုံးရပ်ဆိုင်း ထားရတယ်လို့သိရတယ်။

ပထမကမ္ဘာစစ်ပြီးမှ ရန်ကုန်တက္ကသိုလ်ဖွင့်ခွင့်ချပေးလိုက်တာပါ။ရန်ကုန်တက္ကသိုလ်မြေပုံကိုရေးဆွဲစဉ်က တည်းက ဘယ်နေရာမှာဘယ်အဆောင်အုံတည်မယ်ဆိုတဲ့ ပုံထုတ်စဉ်ကတည်းက ကျောင်းသားသမဂ္ဂအ ဆောက်အုံအတွက်မြေနေရာကို ရာထားပြီးဖြစ်တယ်။ဒါကြောင့်ရန်ကုန်တက္ကသိုလ်တည်ထောင်ဖို့လုံးပမ်းစဉ်က တည်းက ကျောင်းသားသမဂ္ဂဟာ ပါရှိပြီးဖြစ်တယ်။၁၉၂၀ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပုဒ်မ(၄-င)(Rangoon University Act )မှာ                                                                                                           (e) to found, erect, equip and maintain libraries, laboratories, museums and institutions subsidiary its purposes.                                                             စာကြည့်တိုက်များ၊ဓါတ်ခွဲစမ်းသပ်ခန်းများ၊ပြတိုက်များအပြင် တက္ကသိုလ်၏ကိစ္စများ အား အထောက်အပံ့ပြု သည့် အခြားအဖွဲ့အစည်းများကို တည်ထောင်ရန်၊ဆောက်လုပ်ရန်၊ထောက်ပံ့ထိန်း သိမ်းရန်။”လို့ပါရှိတယ်။ဒီအ ချက်ကို အခြေပြုပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်ခဲ့တာ။

၁၉၂၄ခုနှစ်ရန်ကုန်တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်နဲ့အတူကျောင်းသား/သူတို့ရဲ့လိုအပ်ချက်ကိုကူညီ ဆောင်ရွက်ပေးဖို့ဆိုပြီးကျောင်းသာကိုယ်စားလှယ်ကောင်စီ(Students Representative council )နဲ့ကျောင်း သားများစာပေနဲ့စကားရည်လုပွဲအသင်း(Literary and Debating Club)တို့ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ဒီလိုနဲ့ ၁၉၂၇ခုနှစ်ထဲရောက်တော့“စာပေနဲ့စကားရည်လုပွဲအသင်း”ကို Student Union အဖြစ်“မစ္စတာစလော့ ကိုယ် တိုင် အမည်ပြောင်းပေးလိုက်ပါတယ်။ဒီအကြောင်းကို ထွန်းရင်က“၁၉၂၇-၂၈ခုနှစ် ကျနော်မှတ်မိသမျှ”မှာ ဖေါ်ပြမှတ် တမ်းပြုထားတာက…

“၁၉၂၇ခုနှစ်တွင် ကျောင်းအုပ်ကြီး မစ္စတာစလော့၏စီမံပေးချက်အရ စာပေနှင့်စကားရည်လုပွဲအသင်းကို ကျောင်းသားသမဂ္ဂ(Student Union)အဖြစ်သို့တိုးချဲ့လုပ်ဆောင်စေပါသည်။ သမဂ္ဂဥက္ကဋ္ဌရွေးကောက်ပွဲကို ကျောင်းကြီးတွင်တနေ့ ကျင့်ပပြုလုပ်ပါသည်။ကျွှန်တော်မှတ်မိသ၍ ဦးစိုးညွန့်နှင့်မွန်ဖိုးချိုတို့ပြိုင်၍အရွေးခံကြပါ သည်။မဲပုန်းများကို ကျောင်းအုပ်ကြီးရုံးခန်း အဝတွင်ထားရှိပြီး တယောက်စီဝင်ရောက်မဲထည့်ကြရပါသည်။မွန် ဖိုးချိုမဲနိုင်၍ ပထမဆုံး ဥက္ကဋ္ဌဖြစ်ပါသည်။”လို့ရှင်းလင်းစွာမှတ်တမ်းပြု ထားပါတယ်။ဒါကြောင် ၁၉၂၇ ခုနှစ် က တည်းက ကျောင်းသားသမဂ္ဂရှိနေပြီဖြစ်ကြောင်း အခိုင်အမာယူဆနိုင်တယ်လို့ ဆိုရမှာပါ။

သမဂ္ဂအဆောက်အုံနဲ့ပတ်သက်ပြီး ကြည့်ပြန်တော့ “ဘုရင်ခံဆာဟာကုတ်ဘတ်တလာ”က ရန်ကုန်အရှေ့ ပိုင်းသူဋ္ဌေးကြီး ဦးညိုထံမှာ ၁၉၂၆ခုနှစ်ကတည်းက အလှုခံခဲ့တာလို့သိရတယ်။ဒါကဘာကိုဖေါ်ပြနေသလဲဆို တော့ ဥပဒေအရကို“ကျောင်းသားရှိရင် သမဂ္ဂလည်းရှိရမယ်”ဆိုတာကို ယဉ်ကျေးမှုမြင့်သူတွေကနားလည်ကြ တယ်ဆိုတဲ့အချက်ကိုဖေါ်ပြနေတာပဲ။အဆောက်အုံကိုတော့ ၁၉၂၇ ခု နှစ်မှာ “ဘုရင်ခံဆာဟာကုတ်ဘတ်တ လာ”ကိုယ်တိုင် ပန္နက်ရိုက်ပေးခဲ့တယ်လို့ဆိုပါတယ်။စတင်တည်ဆောက်ခဲ့တာကတော့၁၉၂၉ခုနှစ်မှပါ။ ၁၉၃၀ ခုနှစ်နွေရာသီကျောင်းမပိတ်မီ ဂျွှန်လထဲမှာပြီးသွားပါတယ်။ဒီကာလတွေတုန်းက“သမဂ္ဂကျောင်းတိုက်”လို့ခေါ်ခဲ့ ကြတယ်လို့ဆိကြပါတယ်။

သမဂ္ဂအသင်းတိုက်ကြီးပြီးသွားပေမယ့် သမဂ္ဂအဖွဲ့အစည်းကအဆင်သင့်မဖြစ်သေးဘူးလို့ဆိုကြပါတယ်။ဒါ ကြောင့် ၁၉၃၀ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့မှာ သူဋ္ဌေးကြီး“ချမ်းမာဖီး”ရဲ့သား“ချန်ချောခိုင်”လှုတဲ့ အားက စားရုံမှာ ကျောင်းသားတွေစုရုံးပြီးကျောင်းသားသမဂ္ဂဖွဲ့စည်းရေးအတွက်စုဝေးတိုင်ပင်ကြတယ်။အဲ့ဒီစည်းဝေးပွဲ ကပဲ တကသစည်းမျဉ်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းလိုက်ကြပါတယ်။စည်းမျဉ်းရေးဆွဲရေးကော်မတီက အစီ ရင်ခံစာကို ၂၄.၁၁.၃၀ရက်နေ့မှာ တင်သွင်းပြီးတက္ကသိုလ်အာဏာပိုင်တွေ၊ကျောင်သား/သူတွေရဲ့အကြံပေးချက် တွေကိုစုစည်းပြီး ၉.၁.၃၁ရက်နေ့မှာကျောင်းသားထုတရပ်လုံးကအတည်ပြုလိုက်လက်ခံလိုက်ပါတော့တယ်။

သမဂ္ဂစည်းမျဉ်းကိုအတည်ပြုပြီးတဲ့နောက်မှာတော့ အဲ့ဒီနေ့စည်းဝေပွဲမှာပဲ ကျောင်းသားသမဂ္ဂအမှုဆောင် (ယာယီ)ကိုဖွဲ့ စည်းလိုက်ကြပါတယ်။အဲ့ဒီယာယီအမှုဆောင်အဖွဲ့မှာကိုကျော်ခင်ကဥက္ကဋ္ဌ။မစ္စတာရာရှစ်ကအ တွင်းရေးမှုး။စသဖြင့်ပါဝင်ဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီလိုယာယီအမှုဆောင်အဖွဲ့၊ဖွဲ့ပြီးတဲ့နောက်မှာသမဂ္ဂအသင်း တိုက်ကြီး လွှဲပြောင်းရယူရေးလုပ်ငန်းစဉ်ကျန်ရှိနေပါသေးတယ်။အသင်းတိုက်လွှဲအပ်ရေးမှာ သမဂ္ဂယာယီအမှု ဆောင်အဖွဲ့နဲ့တက္ကသိုလ်အာဏာပိုင်တို့ သဘောတူညီမှုစာချုပ်၊ချုပ်ဆိုကြတဲ့အချက်အချို့ကို အစည်းဝေပွဲမှာရှိ တဲ့ ကျောင်းသာထုကသဘောမတူတဲ့အတွက် ထပ်မံဖြည့်စွက်ပြီးအမှုဆောင်အဖွဲ့ကို ညှိနှိုင်းဆွေးနွေးဖို့လွှဲအပ် လိုက်တယ်။အမှုဆောင်အဖွဲ့ရဲ့ထပ်မံညှိနှိုင်းတဲ့အချက်တွေကို၂၇.၂.၃၁ရက်နေ့အစည်းအဝေပွဲမှာတော့ကျောင်း သားထုက အတည်ပြုလက်ခံလိုက်ကြပါတယ်။

၂၈.၂.၃၁ရက်နေ့(၁၁)နာရီမှာတော့ တက္ကသိုလ်အာဏာပိုင်တွေနဲ့ သမဂ္ဂအမှုဆောင် (ယာယီ) တို့ နှစ်ဦးနှစ် ဘက်သဘောတူ လက်မှတ်ထိုးလိုက်ကြတယ်။လက်မှတ်ထိုးပြီးတာနဲ့ တပြိုင်တည်း တက္ကသိုလ်အာဏာပိုင်တို့  ဘက်က ပါမေက္ခဦးဖေမောင်တင်က ယာယီ ဥက္ကဋ္ဌကိုကျော်ခင်ထံကို ကျောင်းသားသမဂ္ဂအဆောက်အုံကိုလွှဲ ပြောင်းပေးလိုက်ပါတော့တယ်။ဒီအချိန်ကစပြီး ကျောင်းသားသမဂ္ဂအဆောက်အုံဟာ ကျောင်းသားပိုင်ဖြစ်လာခဲ့ သလို၊တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့အစည်ဟာလည်း၊သူ့စည်း၊သူ့ကမ်း၊သူ့ ဥပဒေနဲ့ မည်သည့်အာ ဏာပိုင်အဖွဲ့အစည်းကမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့ လွတ်လပ်သောကျောင်းသားအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာခဲ့ပါတော့တယ်။ဒီဥပဒေ၊ဒီစည်းမျဉ်းတွေနဲ့အတူ(၄)အကြာမှာတော့ တကသအမှုဆောင်ရွေး ကောက်ပွဲကျင့်ပပြီး ရွေးချယ်ခံဥက္ကဋ္ဌ ကိုထွန်းစိန်ဟာ ပထမဆုံးတကသဥက္ကဋ္ဌအဖြစ်ကိုရောက်ရှိလာခဲ့ပါတော့ တယ်။

ဒီနေရာမှာ“ကျောင်းသားသမဂ္ဂအဖွဲ့အစည်းနဲ့တကသအဆောက်အုံ ဘယ်ဟာကအရင်ဖြစ်ပေါ်လာသလဲ” ဆိုတဲ့အမေးအတွက် အဖြေရှာကြည့်ဖို့သင့်ပါပြီ။၁၉၂၆ခုနှစ်မှာ ဆာဟာကုတ်ဘတ်တလာက ဦးညိုထံကအ ဆောက်အုံအတွက်အလှုခံခဲ့တယ်။၁၉၂၇ခုနှစ်မှာပန္နက်ရိုက်တယ်။အဆောက်အုံအုတ်မြစ်တောင်မချရသေးဘူး။ ဒီနှစ်ထဲမှာပဲ စာပေနဲ့စကားရည်လုပွဲအသင်းကို ကျောင်းသားသမဂ္ဂ(Student Union)အဖြစ်စလော့ကပဲအသွင် ပြောင်းပေးခဲ့တယ်။မွန်ဖိုးချိုနဲ့ကိုစိုးညွန့်တို့ယှဉ်ပြိုင်အရွေးခံရာမှာ မွန်ဖိုးချိုကမဲအသာစီးရပြီး ၁၉၂၇ခုနှစ်မှာ သမဂ္ဂ ဥက္ကဋ္ဌဖြစ်လာခဲ့တယ်။၁၉၂၉ခုနှစ်ရောက်မှ တကသ အဆောက်အုံကိုစတင်ဆောက်တာပါ။သမဂ္ဂအဆောက်အုံ မဆောက်မီကတည်းကStudent Union ရှိနေပြီးပါပြီ။

အထင်သာဆုံးအချက်ကတော့ ၁၉၂၀ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြဋ္ဌာန်းစဉ်ကတည်းက ပုဒ်မ(၄-င)မှာ ပြဋ္ဌာန်းပါရှိပြီးဖြစ်တယ်။ဒါအပြင် ပုဟ်မ(၁၁)(၁။ည)မှာ တက္က သိုလ်ကောင်စီအဖွဲ့ဝင်လူကြီးစာရင်မှာ ကျောင်း သားသမဂ္ဂအဖွဲ့ဝင်ထည့်သွင်းဖို့အတွက်ရေးသား ဖေါ်ပြထား တာက“(j)one graduated elected by the members of the Rangoon University Students’ Union (ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် များကရွေးကောက်တင်မြှောက်လိုက်သော ဘွဲ့ရပုဂ္ဂိုလ်တဦး” လို့ ရေးသားပြဋ္ဌာန်းထားပါတယ်။တက္ကသိုလ် အက်ဥပဒေပြဋ္ဌာန်းထားကတည်းက ပြဋ္ဌာန်းချက်မှာပါရှိပြီးဖြစ်တာကို သတိပြုစေချင်တယ်။

ဒါဖြင့်၁၉၃၁ခုနှစ် တကသ စည်းမျဉ်းရေးဆွဲရေးအဖွဲ့တို့ယာယီတကသအမှုဆောင်အဖွဲ့ဟာ Student Union ကိုဆက်ခံသလားဆိုတာစဉ်းစားစရာပါ။သူ့အရင်၁၉၂၄ခုနှစ်ကပေါ်ခဲ့တဲ့ ကျောင်းသားကိုယ်စားလှယ် ကောင်စီကိုတော့ဆက်ခံခြင်းမရှိနိုင်ဘူး။သူကရွေးချယ်ပွဲနဲ့အမှုဆောင်ကိုရွေးချယ်တဲ့အဖွဲ့မဟုတ်ဘူး။ဒါပေမယ့် ၁၉၂၇ခုနှစ် Student Union ကရွေးကောက်ပွဲနဲ့ရွေးချယ်တင်မြှောက်ထားတာဖြစ်တယ်။တခုပြောစရာရှိတာက စည်းမျဉ်းစည်းကမ်းလောက်သာရှိပြီး ဥပဒေတရပ်အနေနဲ့ မရှိသေးတာကတော့ အမှန်ပါ။ဒါပေမယ့်ကျောင်းသား ထုဆန္ဒမဲနဲ့ရွေးချယ်တင်မြှောက်ခဲ့တဲ့Stydents Union ဥက္ကဋ္ဌကို အသိအမှတ်ပြုမယ်၊ပြီးတော့၁၉၂၀တက္ကသိုလ် အက်ဥပဒေမှာပါရှိပြီးဖြစ်တာကိုထောက်ချင့်မယ်ဆိုရင်တော့ အဆောက်အုံ မပေါ်မီကတည်းက ကျောင်းသား သမဂ္ဂဟာ အရင်ဖြစ်တည်နေခဲ့တယ်ဆိုတာကို လက်ခံကြရမှာပါ။

ဒီလိုမှမဟုတ်ပဲ တကသ ဥပဒေပေါ်ပြီးမှ ဖွဲ့စည်တဲ့သမဂ္ဂအအဖွဲ့အစည်းကိုသာအသိအမှတ်ပြုမယ်ဆိုရင် တော့ တကသ အဆောက်အုံက တကသထက်အရင်ပေါ်တယ်ဆိုတာကိုပဲ လက်ခံကြရမှာပါ။“သင်ဘယ်လို ရပ်တည်မလဲ”ဆိုတဲ့ အဆုံးအဖြတ်ကအဓိကကျနေပါတယ်။အလိုတော်ရိကျောင်းသားသမဂ္ဂလို့ပဲစွပ်စွဲချင်စွပ်စွဲ ပါစေ။၁၉၂၇ခုနှစ်က မဲပေးဆန္ဒပြုခဲ့ကြတဲ့ ကျောင်းသားတို့ဆန္ဒကို လေးစားတတ်သောစိတ်အနည်းငယ်ရှိရင်ဖြင့် မွန်ဖိုးချိုတို့ရဲ့Student Union ကိုအသိမှတ်ပြုခြင်းဖြင့် ကျောင်းသားသမဂ္ဂဟာ အဆောက်အုံထက်အရင်ဖြစ်ပေါ် လာတယ်ဆိုတဲ့ကောက်ချက်ဟာ ခိုင်မာသွားမှာဖြစ်တယ်။ဒါကပထမပြောချင်တဲ့အဆုံးအဖြတ်ပါ။

အဆောက်အုံထက်သမဂ္ဂကအရင်ဖြစ်ပေါ်လာတယ်ဆိုတာကိုလက်ခံပြီဆိုတာနဲ့ဒိနေ့ဗမာပြည်အခြေအနေ အရ ကျောင်းသားသမဂ္ဂပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရေးဟာ အလိုအပ်ဆုံးအချက်ဖြစ်လို့နေပြန်ပါတယ်။ “ဘာ လို့ လိုအပ်တယ်လို့ဆိုရသလဲ”ဆိုရင် အခုဖွဲ့စည်းနေကြတဲ့ ကျောင်းသားသမဂ္ဂအသီးသီးဟာ ကိုယ့်နည်းကိုယ့် ဟန် ကိုယ့်အခြေနေအရဖွဲ့စည်းခဲ့ကြရတဲ့အနေအထားပါ။၁၉၆၂ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတော်လှန်ရေး ကောင်စီအမည်တပ် အုပ်ချုပ်ခဲ့ချိန်က ၁၉၆၃ခုနှစ် အသင်းအဖွဲ့အားလုံးကိုဖျက်သိမ်းပြီး မတရားသင်းကျေညာခဲ့ ပါတယ်။အဲ့ဒီနောက် မဆလ တခေတ်လုံးလည်းအစိုးရအလိုကျ ကျောင်းကောင်စီကိုသာခွင့်ပြုခဲ့ပြီးကျောင်းသား သမဂ္ဂကိုခွင့်မပြုခဲ့ပါဘူး။

၁၉၈၈နောက်ပိုင်းမှာလည်းဗိုလ်ခင်ညွန့်ရဲ့ သတင်းစာရှင်းပွဲကတဆင့် တကသ တွေကို ပိတ်ပင်ခဲ့တာပါ။ တော်လှန်ရေးကောင်စီကာလကစပြီးဒီနေ့အထိအဲ့ဒီကျေညာချက်ကိုဖျက်သိမ်းကြောင်း တကသ ကိုတရားဝင် အသိအမှတ်ပြုကြောင်း တစုံတရာထုတ်ပြန်ချက်အခုထိမရှိသေးဘူး။ဥပဒေတရပ်အဖြစ်ရေးဆွဲပြဋ္ဌာန်းဖို့ဆိုရင် လည်း အချိန်ကာလတခုပေးရမှာပါ။ဒါဆိုရင်လည်းမလိုအပ်ပဲနှောင့်နှေးကြန့်ကြာသွားစေနိုင်ပါတယ်။ဒါကြောင့် ဥပဒေတရပ် မထုတ်ပြန်နိုင်မီကာလအတွင်းမှာ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီး ဋ္ဌာနအနေနဲ့ အမိန့်တစုံတရာ(သို့မဟုတ်)ကျောင်းအသီးသီးရှိပါမောက္ခချုပ်များနဲ့ကျောင်းအုပ်ကြီးများထံကို ညွှန်ကြားချက်ထုတ်ပြန်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

တစုံတရာညွှန်ကြားချက်မပါပဲ ကျောင်းအုပ်ချုပ်သူတွေပါမောက္ခချုပ်တွေရဲ့ခွင့်ပြုချက်၊သူတို့သဘောနဲ့လုပ် ဆောင်စေမှု ဟာ အခြေနေကိုရှုတ်ထွေးစေနိုင်ပါတယ်။ဒါကြောင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဋ္ဌာနရဲ့ညွှန် ကြားချက်ကို ထည့်သွင်းပြောဆိုနေရခြင်းဖြစ်တယ်။ကျောင်းသာများသမဂ္ဂအတွက်ခိုင်မာတဲ့ အထောက်အထား တခုနဲ့အာမခံတဲ့သဘောထားအရကိုလုပ်ဆောင်ပေးသင့်တယ်။ဒီအချက်ဟာ ဖွဲ့စည်းပုံကိုမထိခိုက်စေသလို အ ခြားဘယ်ဥပဒေနဲ့မှလည်း ပဋိပက္ခမဖြစ်စေပါဘူး။ဒါကြောင့်ဗိုလ်နေဝင်းရဲ့ ကျောင်းသားသမဂ္ဂကိုဖျက်သိမ်းတဲ့ ကျေညာချက်ကို ပယ်ဖျက်ခြင်းနဲ့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဋ္ဌာနရဲ့ညွှန်ကြားချက်တစုံတရာကို ထုတ်ပြန် ပေးရန်သင့်တယ်လို့ယူဆပါတယ်။

ဒီလိုထုတ်ပြန်ပေးရာမှာလည်း တနိုင်ငံလုံးဖွဲ့စည်းမှုကို မထိခိုက်စေတဲ့အချက်ပါရှိဖို့လိုအပ်ပါတယ်။ဖွဲ့စည်မှု ဆိုင်ရာဥပဒေတရပ်ပြဋ္ဌာန်းပြီဆိုတာနဲ့ပြဋ္ဌန်းဥပဒေဟာ ဖက်ဒရယ်ကိုဦးတည်ထားသလား၊ ယူနထရီကိုဦးတည် ထားသလား အော်တိုနိုမီလားဆိုတာ ရည်ညွှန်းချက်ရှိပြီးသားပါ။တကသ ဥပဒေကိုယ်နှိုက်က ဖက်ဒရယ်ဖြစ်ဖို့ လိုပါတယ်။ဒါနဲ့ပတ်သက်ပြီးအနည်းငယ်ရှင်းပြချင်ပါတယ်။၁၉၂၀ တကသ သဗိတ်ဘာလို့ဖြစ်လဲ….

         ၁၉၂၀ခုနှစ်“ရန်ကုန်တက္ကသိုလ်အက်ဥပဒေ”နဲ့“ဖက်ဒရယ်ပညာရေးသဗိတ်”အကြောင်း

၁၉၂၀ခုနှစ်မတိုင်မီ၁၉၁၈ခုနှစ်ကတည်းက“မြန်မာနိုင်ငံတက္ကသိုလ်ကောင်စီ”ကိုဖွဲ့စည်ခဲ့တယ်။ဒီကောင်စီ မှာ ပညာရေးဋ္ဌာနအကြီးကဲတွေ၊ ဋ္ဌာနဆိုင်လူကြီးတွေနဲ့ အိန္ဒိယတက္ကသိုလ်များက ကိုယ်စားလှယ်(၅)ဦးပါဝင် တယ်။ဒီကော်ဟာ မာလကတ္တားတက္ကသိုလ်ကော်မရှင်ရဲ့ အကြံပေးချက်ဖြစ်တဲ့ (၁)ကောလိပ်ကျောင်းခွဲမထားသော ဗဟိုတက္ကသိုလ်နဲ့ကျောင်းအိပ်ကျောင်းစားတက္ကသိုလ်ဖြစ်ရမယ်။          (၂)ပညာရေးကိစ္စများကို ပညာရေးအဖွဲ့များကသာ ကိုင်တွယ်ဖြေရှင်းရမယ်။                                              (၃)ပညာရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပါများကို ပူးပေါင်းဆက်သွယ်ဆောင်ရွက်နိုင်မှုရှိရမယ်။                           (၄)တက္ကသိုလ်ရေးရာများကို အစိုးရလက်အောက်တွင် သီးခြားကင်းလွတ်သော အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်နိုင်ခွင့်ရှိရမည်။တို့ဖြစ်တယ်။

ဒီအချက်တွေပေါ်အခြေခံပြီး တက္ကသိုလ်ဥပဒေကြမ်းကိုရေးဆွဲခဲ့တာ။၁၉၂၀ တကသ ဥပဒေကြမ်းကိုရေး ဆွဲခဲ့တာက မက်ဟန်းတားရဲ့ အကြံပြုချက်နဲ့ မဒရပ်ပြည်နယ်တက္ကသိုလ်မော်ကွန်းထိန်း“မစ္စတာဒရူဒဘာရီ”(Mr. f.Drewburry)ကရေးဆွဲခဲ့တာပါ။ဒီဥပဒေကြမ်းကို ၁၉၂၀ခုနှစ်ဂျူလိုင်(၁၂)ရက်နေ့ဘုရင်ခံရဲ့အတိုင်ပင်ခံကောင် စီ စည်းဝေးပွဲမှာတင်သွင်းခဲ့တယ်။အထူးသဖြင့် ဗမာမင်းတိုင်ပင်အမတ်တွေကန့်ကွက်တဲ့အထဲမှာ ကောလိပ် ကျောင်းခွဲများမထာပဲ တကျောင်းထဲသာရှိရမည်ဆိုတဲ့အချက်။ရန်ကုန်တက္ကသိုလ်အောက်မှာ ကောလိပ် တစ်  ကျောင်းတည်းသာရှိရမယ်။အဲံကေလိပ်ဟာလည်းရန်ကုန်မှာသာရှိရမယ်ဆိုတဲ့အချက်တွေပါပဲ။ဒီအချက်တွေကို ကန့်ကွက်ရာမှာ မင်းတိုင်ပင်တွေရဲ့ အကြောင်းညာချက်က ….

“ယခုအစိုးရမင်းများလုပ်ဆောင်နေကြသည့် ယူနီဘာစီတီ ဥပဒေမူကြမ်းတွင်ကောလိပ်ကျောင်းခွဲများမပါရှိပဲ တနေရာတည်းတွင်သာတည်ရှိသည့် ယူနီဘာစီတီ သိပံကျောင်းတော်ကြီးမျိုးသည် ယခုအခါသမယတွင် ဗမာနိုင်ငံနှင့် မသင့်လျော်သေးပါ။အရပ်ရပ်တွင် ကောလိပ်ကျောင်းများဖွင့်လှစ်ပြီး ယင်းကောလိပ်ကျောင်းများ ပါဝင်အောင်ဖွဲ့စည်းထားသည့် ယူနီဘာစီတီသိပံကျောင်းတော်ကြီးမျိုးသာလျှင် သင့်လျော်လျောက်ပတ်သည် ဟုထင်မြင်ယူဆမိပါကြောင်း”လို့တင်ပြခဲ့ကြပါတယ်။

ဒီအချက်တွေကိုကြည့်ရင် အင်္ဂလိပ်တို့ပေးတဲ့ပညာရေးဥပဒေဟာ Unitary တက္ကသိုလ်ဖွဲ့စည်းပုံသာဖြစ်နေ တာကိုတွေ့ရတယ်။ဗမာတွေတောင်းတာက“ဖက်ဒရယ်တက္ကသိုလ်ဖွဲ့စည်းပုံ”လို့ဆိုရမှာပါ။အဲ့ဒီခေတ်ကမင်းတိုင် ပင်အမတ်များဟာ ပညာရှိပီပီ ဖက်ဒရယ်တက္ကသိုလ်ဖွဲ့စည်းပုံလို့တိုက်ရိုက်မပြောပဲ အလိမ္မာစကားနဲ့တောင်းဆို ခဲ့ကြတာပါ။ဒါကိုတော့ ဆာရယ်ဂျီနယ်ကရက်ဒေါက်က သဘောပေါက်ခဲ့ပါတယ်။ဒါကြောင့်လည်း ၁၉၂၀သြဂတ် စ်လ(၁၂)နေ့ မင်းပွဲသဘင်ဆင်ယင်ကျင့်ပတဲ့ပွဲမှာ တက္ကသိုလ်ဥပဒေနဲ့ပတ်သက်ပြီးဖြေရှင်ချက်ပေတာက…

“ယခုကျွှန်ုပ်တို့ တည်ထောင်ပေသည့်တက္ကသိုလ်ကို ငြင်းပယ်ပြီး ဖက်ဒရယ်တက္ကသိုလ်တည်ထောင်ပေးရန် တောင်းဆိုနေကြသော ဗမာလူမျိုးများသည် နှစ်ပေါင်း( ၅၀)မျှ အတွေ့အကြုံရရှိလာပြီး ပညာအရည်အချင်းနှင့် ကုံလုံပြည့်စုံနေကြသည့် ကာလကတ္တားတက္ကသိုလ်ကောမရှင်၏ အကြံပေချက်များကို ပစ်ပယ်ရန်ကျွှနုပ်တို့အား တိုက်တွန်းနေကြခြင်းသာဖြစ်သည်။”လို့ဆိုခဲ့ပါတယ်။ဒါကိုကြည့်ခြင်းဖြင့် အင်္ဂလိပ်တို့ရေးဆွဲပေးခဲ့တဲ့ တက္ကသိုလ် အက်ဥပဒေဟာ Unitary သာဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ဗမာတွေက ဖက်ဒရယ်တက္ကသိုလ်ဥပဒေကို သာ အလိုရှိခဲ့ကြတာပါ။ဗမာတွေက အကြောင်းပြချက်တွေပေးပြီးဘယ်လိုပဲတောင်းဆိုခဲ့ပေမယ့် သူတို့ကတော့ ၁၉၂၀ သြဂတ်စ်လ(၂၈)ရက်နေ့မှာ ယူနီဘာစီတီအက်ဥပဒေကို ပညာမင်းကြီး မက်သရူးဟန်းတားကတင်သွင်း ပြီးအတည်ပြုလိုက်ပါတော့တယ်။

ဒီဥပဒေအရ ရန်ကုန်ယူနီဘာစီတီ တည်ဆောက်ရေးကော်မတီက ဂျပ်ဆင်ကောလိပ်ကိုပါဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ဒါကေမယ့်အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့က ဖျက်သိမ်းဖို့ကိုငြင်းဆိုခဲ့တယ်။ နောက်ဆုံးမှာတော့ ဗြိတိသျှပါလီမန်က ဂျပ်ဆင်ကောလိပ်နဲ့ပူးတွဲဖွဲ့စည်းခြင်းကိုလက်ခံလိုက်တယ်။ဒါပေမယ့် သင့်လျော်တဲ့အချိန်မှာ ရန်ကုန်ယူနီဘာစီတ်ီနဲ့ဂျပ်ဆင်ကောလိပ်တခုတည်းဖြစ်ဖို့ကို ဥပဒေဆက်လက်ထားရှိခဲ့ ပါတယ်။Unitary အဖြစ်ထည့်သွင်းရေးဆွဲထားတဲ့ တကျောင်းတည်းရှိရေးဥပဒေကိုတော့ပယ်ဖျက်ခြင်းမပြုခဲ့ကြ ပါဘူး။အဲ့ဒီအချက်ဟာလည်းပထမအကြိမ်ကျောင်းသားလှုပ်ရှားမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းရပ်တခုဖြစ်လာခဲ့ ပါတော့တယ်။

၁၉၂၀ခုနှစ် ယူနီဘာစီတီဘွိုင်းကောက်ခေါင်းဆောင်ဖြစ်တဲ့ ကိုဘဦးကသူ့ကိုယ်တွေ့သဗိတ်နဲ့ပတ်သက်ပြီး “အမျိုးသားအောင်ပွဲနေ့”ဆိုတဲ့ဆောင်းပါးမှာသဗိတ်မှောက်ရတဲ့အကြောင်းရင်းကိုဖေါ်ပြတာက“(၁)ဗမာပြည်တွင် ထိုတက္ကသိုလ်တခုတည်းသာရှိရမည်။ထိုတက္ကသိုလ်အောက်တွင်လည်းကောလိပါကျောင်း တကျောင်းတည်း သာရှိရမည်။ (၂)တကျောင်းတည်းသော ကောလိပ်သည်ရန်ကုန်မှာရှိရမည်။”ဆိုတဲ့အချက်တွေပါဝင်တယ်။ကျန်  အချက်တွေကတော့ ကျနော်စာတမ်းနဲ့မသက်ဆိုင်တဲ့အတွက်ချန်ခဲ့တယ်။ဒီနှစ်ချက်ဟာ ဂျပ်ဆင်ကောလိပ်ကိုအ ကာကွယ်ပေးတာလည်းပါတယ်။ယူနထရီကို အလျောမပေးလိုလည်းပါတယ်။ကျောင်းသားများကတော့ဒါတွေ ဟာဗမာတွေကိုတမင်သက်သက်ဖိနှိပ်တယ်လို့ယူဆကြတယ်။

ဒီဥပဒေအရဆိုရင် မန္တလေးမှာ ကောလိပ်ဖွင့်လို့မ ရနိုင်တော့ပါဘူး။ဒီလိုဥပဒေမျိုးကို ယူနထရီပညာရေး ဥပဒေလို့ခေါ်ကြပါတယ်။ဒီဥပဒေမျိုးက ဗမာတနိုင်ငံလုံးလွှမ်းခြုံတဲ့ အဖွဲ့အစည်းအသင်းပင်းမျိုးဖွဲ့စည်းကို အ နှောင့်အယှက်ပေးနိုင်ပါတယ်။ဒီလို ယူနထရီဆန်တဲ့ ရန်ကုန်ကျောင်းတိုင်ကြီးရဲ့အက်ဥပဒေဟာ ဗမာပြည်အခြေ နေနဲ့ကိုက်ညီမှုမရှိတဲ့အတွက် ကျောင်းသား များသဗိတ်မှောက်လိုက်ကြခြင်းပါပဲ။ဒါကြောင့် ပထအကြိမ်ရန်ကုန် တက္ကသိုလ်ကျောင်းသားသဗိတ်ဟာ“ပညာရေးဖက်ဒရယ်တိုက်ပွဲ”ဖြစ်တယ်လို့ဆိုပါမယ်။၁၉၂၄ခုနှစ်ပညာရေးဥပဒေပြင်ဆင်ချက်နဲ့ဖက်ဒရယ်ယူနီဘာစီတီဥပဒေဖြစ်လာခဲ့တယ်။ဒီပြင်ဆင်ချက်အရ(၁၉၂၅)ခုနှစ်ဂျွှန်လထဲမှာမန္တ လေးဥပစာကောလိပ်ကိုဖွင့်လှစ်လိုက်နိုင်ခဲံတယ်။။ဒါဟာလည်း ပထမကျောင်းသား သဗိတ် ရဲ့ အောင်မြင်မှု ရ လဒ်အဖြစ် “ရန်ကုန်တက္ကသိုလ်ဖက်ဒရယ်အက်ဥပဒေ” ပေါ်ထွက်လာခဲ့တာဖြစ်တယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ဗမာပြည်အင်္ဂလိပ်တို့ပြန်ဝင်လာတော့ရန်ကုန်တက္ကသိုလ်ထဲကိုကျောင်သားတွေ မတက်ရသေးဘူး။၁၉၄၇ခုနှစ်ရောက်ရန်ကုန်တက္ကသိုလ်ထဲပြန်ရောက်ကြတာပါ။၁၉၄၉ထဲမှာတက္ကသိုလ်အက်ဥပဒေဆိုင်ရာ ပြင်ဆင်ချက်လုပ်တော့ မြန်မာပြည်ရဲ့နိုင်ငံရေး၊စီးပွားရေးအခြေနေအရ ဖက်ဒရယ်တက္ကသိုလ်အက် ဥပဒေကနေ ယူနထရီအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ဒါပေမယ့် ကျောင်းသားသမဂ္ဂရဲ့နိုင်ငံလုံးဆိုင်ရာဖွဲ့စည်း မှုကိုတော့မထိခိုက်အောင်ပြဋ္ဌာန်းခဲ့တာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီး..

“၁၉၄၉ခုနှစ်ပြင်ဆင်ချက်သည် တက္ကသိုလ်ကိုအထူးပြောင်းလဲစေခဲံသည်။စစ်ကြိုခေတ်ကောလိပါများသည် မဟာဋ္ဌာနများဖြစ်လာကာ ကျောင်းအုပ်များနေရာတွင်မဟာဋ္ဌာနမှုးများခန့်ထားသည်။အပေါင်းပါကောလိပ်များ နှင့်ကောလိပ်အုပ်ချုပ်ရေးအဖွဲ့များကိုဖျက်သိမ်းလိုက်ပြီးကောင်စီသည်ယခင်ကအမှုဆောင်ကော်မတီသို့လွှဲအပ် ထားသောအုပ်ချုပ်ရေးအာဏာကို ပြန်လည်ရယူလိုက်သည်.”လိုအောင်ထွန်းရဲ့“မြန်မာနိုင်ငံ ကျောင်းသားလှုပ် ရှားမှုသမိုင်း”ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ဒီမှာပါတဲ့ “အပေါင်းပါကောလိပ်များ” ဆိုတာ ဖက်ဒရယ်အရပါ ဝင်ဖွဲ့စည်းတဲ့ကောလိပ်တွေကိုဆိုလိုတာပါ။

ဒီနေရာမှာပဲကျနော်စာတမ်းကိုနိဂုံးချုပ်ပါမယ်။အနှစ်ချုပ်အနေနဲ့ပြောချင်က                                                  (၁) (student Union)ဟာ၁၉၂၇ ခုနှစ်မှာပေါ်နေတယ်။ဥက္ကဋ္ဌ မွန်ဖိုးချိုဟာရွေးကောက်ပွဲနဲ့ရွေးချယ်ခန့်တာဝန် ပေးခံရသူဖြစ်တယ်။ဒါကိုသုံးသပ်ပြီး ကျောင်းသားသမဂ္ဂဟာ တကသ အဆောက်အုံထက်စောစီးစွာပေါ်ခဲ့တယ် လို့ယူဆပါတယ်။

(၂)တကသ အက်ဥပဒေ ၁၉၂၀-၂၄ ရဲ့ ပုဒ်မ(၄-င)အရတကသဖွဲ့စည်တာဖြစ်တယ်။ပုဒ်မ၁၁(၁.ည)အရ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဆိုတဲ့အဖွဲ့အစည်းကို အင်္ဂလိပ်တို့ကြိုတင်အသိမှတ်ပြုခဲ့တယ်။

(၃)“၁၉၆၃ခုနှစ် အသင်းအဖွဲ့ဖျက်သိမ်းခြင်းဥပဒေကို ပယ်ဖျက်ခြင်းအမိန့်ထုတ်ပေးခြင်း”ဖြင့်သော်လည်းကောင်း သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနမှ တက္ကသိုလ်ကောလိပ် ပါမောက္ခချုပ် သို့မဟုတ် ကျောင်းအုပ်ကြီးများထံသို့ “ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုသည်” ဆိုသောညွှန်ကြားချက်မျိုးထုတ်ပြန်ပေး  ရင်အဆင်ပြေမယ်လို့ယူဆတယ်။

(၄)ကျောင်းသားသမဂ္ဂအချင်းချင်း နိုင်ငံတဝှမ်းလွတ်လပ်စွာ ချိတ်ဆက်လုပ်ဆောင်ခွင့်နှင့်နိုင်ငံခြားအဖွဲ့အစည်း များနှင့်ချိတ်ဆက်ဆောင်ရွက်မှုကို အဟန့်အတားဖြစ်စေသောအချက်များ မပါရှိဖို့လိုပါတယ်။

(၅)ကျောင်းသားသမဂ္ဂအဆောက်အုံဆောက်လုပ်ပြီးချိန်မှာ အဆောက်အုံလွှဲပြောင်းလက်ခံရယူနိုင်ဖို့အတွက် ကျောင်းသားသမဂ္ဂရွေးကောက်ပွဲကို ဦးစွာပြင်ဆင်ပေးရန်လိုအပ်ပါတယ်။ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန်ဟာ အနည်းတနှစ်ကြာမြင့်နိုင်အတွက် အလျင်အမြန် ညွှန်ကြားချက်ထုတ်ပေးရန်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

 

လှကွန့်     ၁၉၂၀ခုနှစ် ပထမကျောင်းသားသဗိတ်                                                                      တင်နိုင်တိုး   မြန်မာနိုင်ငံကျောင်းသားသမဂ္ဂများသမိုင်း                                                                          တိုက်စိုး   ဂျူဗလီဟောမြင်ကွင်း                                                                                           နောင်ကျော်  လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း                                      ခေတ်ပြတိုက်စုဆည်းသော ၁၉၃၆-၃၈ကျောင်းသားသဗိတ်နှင့်…     ရန်ကုန်တက္ကသိုလ်နှစ်(၅၀)ပြည့်စာစောင်(၁-၂)

University of Rangoon Act 1920&24