မြန်မာ့နိုင်ငံရေး ပြဿနာများအတွက် အဖြေမဟုတ်သော၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနိဒါန်း

ချစ်ဦးကိုကို
ယနေ့ခေတ် မဂ္ဂဇင်း ၊ စက်တင်ဘာလ ၂၀၁၇ ထုတ်မှ

ယနေ့မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကကျပြီး ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တလောကျင့်သုံးရင်းဖြင့် ဖွဲ့စည်းပုံပါ ပေးထားချက် အတိုင်း ပြင်ဆင်ချဲ့ထွင်ရင်း

ပိုမိုကောင်းမွန်သည့် နိုင်ငံရေးစနစ်ကို တည်ဆောက်ရေးဟု ပြောဆိုနေကြမှုများရှိပါသည်။ ထိုကိစ္စရပ်များသည် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးစကာလများက မှန်ကောင်းမှန်နိုင်သော်လည်း ထို့နောက်တွင် လက်တွေ့ ပေါ်ပေါက်လာသော အခြေအနေများနောက်တွင် မှန်ကန်မှုမရှိတော့ပါ။

ဤဆောင်းပါး၏ အဓိကရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာသက်သက်မဟုတ်။ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး ပြဿနာများမှာ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးခြင်းဖြင့် မပြေလည်နိုင်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် အရေး အတွက် ရေရှည်တွင် ပြေလည်စေမည့် ကိစ္စရပ်များလည်းမရှိ။ မြန်မာ့နိုင်ငံရေး၏ ပြဿနာ မှာ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းမဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ သာဖြစ်ပြီး ထိုအချက်ကို နိုင်ငံရေးဇာတ်ကောင်အားလုံးက သဘောပေါက်ကြပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ အားလုံးက စဉ်းစားလုပ်ဆောင်နေကြသည်ဆိုသည့် အချက်ကို မျက်စိမလျှမ်းကြစေရန် တင်ပြလိုခြင်းဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (သို့) နိုင်ငံရေးအပြောင်းအလဲအတွက် ကြမ်းခင်းဈေး
ယနေ့ မြန်မာနိုင်ငံတွင် တွေ့မြင်နေရသော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ အားလုံး သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သော ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ များမှတစ်ဆင့် အဆင့်ဆင့်ဖြစ်ထွန်းတိုးတက်ခဲ့သည့် နိုင်ငံရေးဖြစ်စဉ်ကြောင့်ဆိုလျှင် မှား မည်မထင်ပါ။ ၁၉၈၈ မှစ၍ အဓိကမြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော အဓိက နိုင်ငံရေးအင်အားစုကြီးများအကြား နိုင်ငံရေးအားပြိုင်မှုမှာ နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် အနိုင်အရှုံးမပေါ်ဘဲ အီလည်လိုက်နေသည့် အခြေအနေပင်။
ထိုစဉ်က အာဏာရယူထားသည့် တပ်မတော်အစိုးရသည် တိုင်းပြည်ကို မဖြစ် မနေ အပြောင်းအလဲတစ်ခုခုတော့ လုပ်ရမည်ဆိုသည်ကို သဘောပေါက်ခဲ့သည်။ (အပြောင်းအလဲ လုပ်ဖို့ လိုသည်ဟု ယူဆရသည့်အကြောင်းအရင်းသည် ဦးသန်းရွှေအနားယူရန်၊ တရုတ် နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရသည့် အနေအထားမှ ရုန်းထွက်ရန်၊ ကျပ်တည်း လာသည်နှင့်အမျှ လူထုအြုံ<ွကမှုများ တစ် ချိန်ချိန်တွင် ပေါ်ပေါက်လာမည့် အနေ အထားမှ ရှောင်လွှဲရန် စသည်ဖြင့် နိုင်ငံရေး ဂုရုများက သုံးသပ်ကြသည်)
ထိုသို့ဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြမ်းခင်းဈေးအဖြစ် (တစ်ဖက် သတ်ပေးဈေးဟုလည်းဆိုနိုင်) ထား၍ ရွေး ကောက်ပွဲ ပြုလုပ်ကြရန်၊ ထိုမှတစ်ဆင့် ပို၍ ဒီမိုကရေစီကျသော နိုင်ငံရေးအသွင်ကူး ပြောင်းမှုကို ဖန်တီးရန် နိုင်ငံရေး အင်အားစု များထံကမ်းလှမ်းခဲ့သည်။ တပ်မတော်က ကမ်းလှမ်းသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဗဟိုပြုသော လမ်းကြောင်းသည် လက်ထဲက ငှက်တစ်ကောင် (ခြုံပုတ်ထဲက ငှက်နှစ်ကောင်ထက် ပိုမိုတန်ဖိုးရှိ)ဟု နိုင်ငံ ရေးအင်အားစုအချို့က သဘောထားခဲ့ကြ သည်။ လတ်တလောတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြိုက်သည် မကြိုက်သည် အသာထား၊ ရွေးကောက်ပွဲဝင်မည်၊ ဤရွေး ကောက်ပွဲတွင်လည်း တပ်မတော်ကျော ထောက်နောက်ခံပြု ပါတီသာ အသာရမည်၊ ဗိုလ်ချုပ်ဟောင်းများက နိုင်ငံရေးမျက်နှာ စာသစ်တွင် မျက်နှာဖုံးအသစ်နှင့်ပွဲထွက်လာ မည်၊ ထိုအချက်တွေအားလုံးကို ကျန်နိုင်ငံ ရေး အင်အားစုများက သိရှိပြီး လက်ခံသည်၊ သို့သော် ထို ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲမှပင် နောင်တစ်ချိန်တွင် ဒီမို ကရေစီ အခွင့်အရေးများကို တဖြည်းဖြည်း ပိုမိုချဲ့ထွင်ယူမည်ဟု ဆုံးဖြတ်ကာ ရွေး ကောက်ပွဲ ဝင်ခဲ့ကြခြင်းဖြစ်သည်။ ဆိုရလျှင် ထိုစဉ်က ရွေးကောက်ပွဲဝင်ခဲ့ကြသော နိုင်ငံရေးအင်အားစုများသည် ၂ဝဝ၈ ဖွဲ့စည်းပုံကို ကြိုက်လွန်းလှချည်ရဲ့ ဟူ၍ မဟုတ်သလို တပ်မတော်အနေနှင့်လည်း တစ်ချိန်ချိန်တွင် သူတို့ ရေးဆွဲထားသော ဖွဲ့စည်းပုံကို ပြင်ကို ပြင်ဆင်ရမည်ဆိုသည် ကိုလည်း လက်ခံထားပြီးဖြစ်သည်။ ထို့ ကြောင့်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ခြင်းဆိုသည့် ပုဒ်ထီး ပုဒ်မများလည်း တပ်မတော်အကြိုက် ထည့်သွင်း ရေးသား ထားခဲ့သည်။
တစ်ဖန် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲများကို လက်မခံဘဲ ရွေး ကောက်ပွဲ မဝင်ခဲ့သော နိုင်ငံရေး အင်အား စုများလည်း ရှိခဲ့သည်။ ထိုအချိန်က ယင်း တို့၏ ဗျူဟာနှင့် ချဉ်းကပ်မှုကလည်း တစ်မျိုးတစ်ဘာသာ မှန်သည်။ ထိုမှန်းဆ ချက်ကို သုံးသပ်ကြည့်ရလျှင် ၂ဝ၁ဝ ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၂ တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကျမ်းကျိန်စာသားအချို့မှလွဲ၍ ဖွဲ့စည်းပုံ ပြင်ရန်မလိုခဲ့ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ကတည်းက ဝင်ခဲ့လျှင် တပ်မတော်က ပေး သလောက်သာရမည်။ ၂ဝ၁၂ မှ ဝင်ခဲ့သည့် အခါတွင် ထိုစဉ်က အတော်အတန် အရှိန် ရနေပြီဖြစ်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် သမ္မတ ဦးသိန်း စိန်အစိုးရမှာ နောက်ကြောင်းပြန်လှည့်၍ မရတော့ပေ။ နိုင်ငံရေးဖြစ်စဉ်၏ ဆောင် ကျဉ်းမှုဟု ဆိုရမည်။ ထိုသို့ ချည်ပြီးတုပ်ပြီး အနေအထား ဖြစ်နေသောအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဈေးတစ် မျိုးဖြင့် ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ၂ဝဝ၈ ဖွဲ့စည်းပုံဖြင့် ကြမ်း ခင်းဈေးစခဲ့သော တပ်မတော်၊ ထိုဈေးဖြင့် သင့်တော်သည်ဟု ယူဆခဲ့သော ရွေး ကောက်ပွဲဝင် နိုင်ငံရေးအင်အားစုများ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကျမှ နောက်ဈေးတစ်မျိုးဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်းဟူသော နိုင်ငံရေးဇာတ်ကောင်များ အားလုံးသည် စကတည်းကပင် ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေအတိုင်း စခန်းသွားကြ မည်ဟူသော ရည်ရွယ်ချက်မျိုးမရှိခဲ့ကြဟု သုံးသပ်လိုပါသည်။ စင်စစ်အားဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နှစ်ပေါင်း များစွာ မပြေမလည်ဖြစ်နေကြသော မြန်မာ့ နိုင်ငံရေးအင်အားစုများအကြား ဆက်လက် စခန်းသွားနိုင်ရန် တပ်မတော်ဘက်က တင် ခဲ့သော ကြမ်းခင်းဈေး (တပ်မတော်အတွက် နိုင်ငံရေးအာမခံချက်များစွာ တောင်းထား သော ကြမ်းခင်းဈေး)သာ ဖြစ်ပြီး ထို ကြမ်းခင်းဈေးကို အခြေခံ၍ နိုင်ငံရေး အင်အားစုများအကြား ထပ်မံဈေးညှိကြ မည့် ညှိဈေးကသာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အတွက် အဓိက ကျလာမည်ကို နိုင်ငံရေး အင်အားစုများအားလုံးက သဘောပေါက်ခဲ့ ကြသည်ဆိုသည့် အချက်ကို ဤ ဆောင်းပါး က ပြောလိုရင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေး၏ ပြဿနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိ သည့် ပြဿနာမဟုတ်ပါ။ အဓိက နိုင်ငံရေး အင်အားစုများအကြား နိုင်ငံရေးသဘော တူညီမှု မရရှိခြင်းဆိုသည့် ပြဿနာသာ ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးအင်အားစု များအကြား အကျေအလည်ဆွေးနွေးထား သည့် နိုင်ငံရေးသဘောတူညီချက် မရလျှင် သိကြားမင်းကိုယ်တိုင်ဆင်း၍ ရေးဆွဲပေး သော ဖွဲ့စည်းပုံအခြေခံဥပေဒ ဖြစ်စေကာမူ မြန်မာ့နိုင်ငံရေး ပြဿနာကား ပြေလည်လိမ့် မည်မဟုတ်ပေ။
ထပ်၍ ဆိုပါဦးမည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု ဆိုသည့် နိုင်ငံရေးအဆင့်ကို တက်လှမ်းနိုင် ရန်များစွာ လိုပါသေးသည်။ ယနေ့ပြောနေ သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန်သာ အဓိကဖြစ်ပြီး ဖွဲ့စည်းပုံဆိုသည့် ကိစ္စမှာ နောက်တစ်ဆင့်သာဖြစ်လေ သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ (သို့) နောက်ထပ် အရေးကြီး နိုင်ငံရေး အင်အားစု
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာအလုံး စုံသည် တပ်မတော်နှင့် ဒီမိုကရေစီအင်အား စုများအကြားသာမဟုတ်။ လွတ်လပ်ရေးရ ပြီးတည်းက ပေါ်ပေါက်ခဲ့သော ပြည်တွင်း စစ်နှင့်လည်း များစွာသက်ဆိုင်သည်။ တစ် ဖက်တွင် ဒီမိုကရေစီအရေး တောင်းဆိုမှု မြင့်မားစွာရှိနေသလို တစ်ဖက်တွင်လည်း တိုင်းရင်းသားများ၏ ရပိုင်ခွင့် တစ်နည်း ဖက်ဒရယ်အရေး တောင်းဆိုမှုကလည်းရှိနေ သည်။ ဖက်ဒရယ်ကိစ္စတွင် အာဏာခွဲဝေ ခြင်း၊ ဘဏ္ဍာအခွန်ငွေခွဲဝေခြင်း၊ တိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေးမှုများအားထိန်း သိမ်းစောင့်ရှောက်ပိုင်ခွင့်ရှိခြင်း စသည် ဖြင့် ကျယ်ပြန့်သည့် ကိစ္စများ ပါဝင်နေသည့် တိုင် မြန်မာနိုင်ငံတွင် ဖြစ်နေသည့် ပြဿနာ မှာ တိုင်းရင်းသားပြည်နယ်များအား တိုင်း ရင်းသားများ အုပ်ချုပ်ခွင့်မရ၊ ကိုယ့်ပြည်နယ် ကို ကိုယ့်လူမျိုးအုပ်ချုပ်ခွင့်ရပါမှ ကိုယ့်ယဉ် ကျေးမှုကို မြှင့်တင်နိုင်မည်ဟူသော အစွဲ အလမ်းက လတ်တလောပိုကြီးနေသည့် ကိစ္စလိုဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသား ဒေသများတွင်လည်း လွတ်လပ်သော ရွေး ကောက်ပွဲများ ဦးစွာကျင်းပနိုင်ရန်လိုသည်။ ထိုရွေးကောက်ခံများကတစ်ဆင့် မိမိ ပြည်နယ်အလိုက် လိုလားချက်များကို တောင်းဆိုနိုင်သည်။ ဖက်ဒရယ်အကြောင်း ပြောရလျှင်
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အနည်းဆုံး အစိုးရအလွှာနှစ်ရပ် ပေါ် ပေါက်ရပြီး ထိုအစိုးရနှစ်လွှာအကြား အာဏာခွဲဝေမှုသည် မည်သူက မည်သူ့ကို ပေးသည်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖြစ်ရခြင်း။
(၂) အစိုးရအလွှာအသီးသီးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိခြင်း။
(၃) ဗဟိုနှင့် ပြည်နယ်များအကြား အငြင်းပွားမှုပေါ်ပေါက်လာပါက ဘက်မ လိုက်သည့် ကြားဒိုင် (ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး (သို့) အဆုံးအဖြတ်ပေးမည့် အင်စတီကျူးရှင်း)ရှိခြင်း။
သို့ဖြစ်ရာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိလာပြီး ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ခံရန် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့်လည်း နိုင်ငံရေး ဈေးညှိရတော့သည်။ တိုင်းရင်းသားအင် အားစုများတွင်လည်း ရွေးကောက်ပွဲဝင်လို သောအင်အားစုနှင့် မဝင်လိုသော အင် အားစုရှိကြသည်သာဖြစ်သည်။ သူတို့လည်း ကြိုက်ဈေးနှင့် ဝင်သူက ဝင်၊ မဝင်သူက မဝင်၊ ပြည်မမှာလိုပင်ဖြစ်သည်။ သို့သော် ပြဿနာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည်။ လက်နက်ကိုင် အဖွဲ့အစည်းများက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို မယုံကြည်။ အကယ်၍ ယုံကြည် သည်ထားဦးတော့ လက်နက်ကိုင်ထားပြီး ရွေးကောက်ပွဲဝင်ရန်မှာ မဖြစ်နိုင်။ ထိုသို့ ခွင့်ပြုလိုက်လျှင်လည်း လက်နက်ကိုင်အဖွဲ့ အစည်းက ကျောထောက်နောက်ခံပြုသော တိုင်းရင်းသားပါတီတွေသာ အနိုင်ရနေ တော့မည်။ ဤသို့ဆိုလျှင် ဒီမိုကရေစီ မဆန်တော့။
သို့ဖြစ်ရာ အစိုးရ၏ ချဉ်းကပ်မှုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း ရွေးကောက်ပွဲဝင်ရန်။ သို့သော် ထိုသို့ရရိုးလား။ ပြည်တွင်းစစ်ပြဿနာသည် တစ်ဖက်တည်းက တစ်ဖက်သတ်ရေးဆွဲထား သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အားလုံးက ခေါင်းညိတ်လိုက်ပြီး ထိုအတိုင်း လိုက်ပါဆောင်ရွက်ကြမည်ဆိုလျှင်ဖြင့် လက်နက်ကိုင် ပဋိပက္ခများမှာ ယခုကဲ့သို့ နှစ်ပေါင်းကြာရှည်ရန် မရှိ။ ပြီးသွားတာ ကြာလှပြီဟု ဆိုရမည်။
တိုင်းရင်းသားတွေဘက်က ကြည့်လျှင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မဆိုထားနှင့် အများညီရေးဆွဲခဲ့သော ပင်လုံစာချုပ်ပင် လျှင် နိုင်ငံရေးအခြေအနေက တွန်းပို့လိုက် သည့်အခါ ပစ်ပယ်ခံလိုက်ရသည် မဟုတ်ပါ လော။ လွတ်လပ်ရေးအတွက် အခရာ ဖြစ် ခဲ့သော ပင်လုံစာချုပ်သည်ပင်လျှင် တကယ် တမ်း ဖြစ်လာလျှင် ဘာအာမခံချက်မျှ မပေးနိုင်ခဲ့သည့် သင်ခန်းစာရှိခဲ့ပြီးဖြစ်သော ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း မည်မျှ အတိုင်းအတာအထိ ယုံကြည်နိုင်ပါတော့ မည်နည်း။ သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်များကလည်း လက်နက်ဖြုတ်၊ ရွေး ကောက်ပွဲမဝင်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံ။
ထိုသို့ဆိုလျှင် အစိုးရနှင့် တပ်မတော်မှာ လုပ်စရာ တစ်ခုသာရှိတော့သည်။ ၂ဝဝ၈ ဖွဲ့ စည်းပုံအရ တိုင်းပြည်တွင် လက်နက်ကိုင် အဖွဲ့အစည်းဟူ၍ တပ်မတော်တစ်ခုတည်း သာရှိရမည်ဟု ဆိုထားလေရာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်မညီသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို အပြုတ်တိုက်မည်လော။
ထိုစဉ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရဖြစ်လာသော သမ္မတ ဦးသိန်းစိန်အစိုးရနှင့် တပ်မတော်ကလည်း ထိုအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင် ၍ အပြုတ်တိုက်ရေးလုပ်၍ မဖြစ်သည်ကို ကောင်းစွာ သဘောပေါက်ခဲ့ပါသည်။ တိုင်း ပြည်ကို ပိုမိုကောင်းမွန်သည့် အခြေအနေ တစ်ခုသို့ တွန်းတင်ရန် ကြိုးပမ်းသည့် ဖြစ် စဉ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်တစ်ခုခုကြောင့် ပြည်တွင်းစစ်မီး အရှိန် မြင့်သွားလျှင် ပေါ့စေလို၍ ကြောင်ရုပ်ထိုးမှ ဆေးအတွက်လေး ဖြစ်တော့မည်။
ဒီမိုကရေစီကိုသွားလျှင် လက်နက်ကိုင် ဖြေရှင်း၍ မရ၊ အကျေအလည် စေ့စပ်ဆွေး နွေးပြီး သဘောတူညီချက် ရယူမှသာရမည်။ သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးအင်အားစုများအကြား အဓိက ပြဿနာမှာ အကျေအလည်စေ့ စပ် ဆွေးနွေးရေးသာဖြစ်သည်ဟူသော ကိစ္စမှာ ရှင်းသည်ထက် ရှင်းလာသည်။
သို့ဖြစ်ရာ အစိုးရနှင့် တပ်မတော်တို့မှာ ထိုပြဿနာအရှုပ်အထွေးကို ဖြေရှင်းရန် အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ဖက်သတ် ကိုင်စွဲခြင်းမပြုတော့။ တပ်မတော်ကိုယ်တိုင်ကပင်လျှင် ¤င်းတို့ ကြမ်းခင်းဈေး ရယူထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ဖက်သတ်မကိုင်စွဲ။ ညှိဈေးတစ်ခုတော့ လုပ်ရမည်ဆိုသည်ကို သဘောပေါက်သည်။ ထိုသို့ဖြင့်ပင် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ်ပေါ်ပေါက်လာသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် ကနဦး ယုံကြည်မှု တည်ဆောက်ရန်မှာ အရေးကြီးသည်။ သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် ယုံကြည်မှု တည်ဆောက်ရေးဖြစ်စဉ်တွင် ဆက်လက်ပြီး လက်နက်ကိုင်ထားခွင့်ကို အစိုးရနှင့် တပ်မတော်က ပေးထားသည်။ ဤအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျော်သွားပြီဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုလျှင် တပ်မတော် တစ်ရပ်တည်းသာရှိရမည်မဟုတ်ပါလော၊ သို့သော် နိုင်ငံရေးဆိုသည်က လက်တွေ့ အလုပ်သာဖြစ်ရာ စာခံနေလျှင် ရှေ့ဆက် နိုင်တော့မည်မဟုတ်။ သို့ဖြင့် လက်တွေ့ကျ ရာကို ရွေးရင်းဖြင့် အစိုးရနှင့် တပ်မတော်မှာ အထက်ကဆိုခဲ့သလို ငြိမ်းချမ်းရေးတည် ဆောက်မှုကာလအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တည်ရှိ မှုကို အသိအမှတ်ပြုပေးလိုက်ရပြီဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထိုစဉ်တည်းက ပင် ဘေးရောက်သွားပြီဟုဆိုရမည်။
ဤတွင် ဥပမာတစ်ခုပေးလိုသည်။ ကြားထဲတွင် ၁၇ နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တည်မြဲခဲ့သော ကေအိုင်အေနှင့် အစိုးရတို့အကြား တိုက်ပွဲ များပြန်လည်ဖြစ်ပွားခဲ့သည်ကို သိကြပါ လိမ့်မည်။ ထို အပစ်ရပ် သဘောတူညီချက် မှာ ထိုစဉ်က နိုင်ငံရေးအာဏာ ယူထားခဲ့ သော တပ်မတော်အစိုးရအောက်တွင် ချုပ် ဆိုခြင်းဖြစ်၍ ဖွံ့ဖြိုးရေးနှင့် အပစ်ရပ်မှုသာ ပါသည်။ နိုင်ငံရေးသဘောတူညီချက်မပါ။ တကယ်တမ်း နိုင်ငံရေးအရ ဖြေရှင်းရသည့် အခါ နိုင်ငံရေးသဘောတူညီချက်တွေ ရယူ မထားသည့် ၁၇ နှစ်လောက်ခံခဲ့သည့် အပစ်ရပ်စာချုပ်လည်း ကျိုးပျက်သွားချေပြီ။ နှစ်ဖက်သဘောတူထားသည့် အပစ်ရပ်စာ ချုပ်သော်မျှ မခိုင်မာလျှင် တစ်ဖက်တည်းက ရေးထားသည့် ပြည်ထောင်စု တစ်ခုလုံးနှင့် ဆိုင်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လည်း ယုံကြည်ရန် မရှိပြီ။ သို့ဖြစ်ရာ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း လက်နက်စွန့်၊ ရွေးကောက်ပွဲဝင် ဆိုသည့်ကိစ္စကို ငြင်းဆိုသည်။ နိုင်ငံရေး သဘောတူညီချက်တွေရမှသာ လက်နက် စွန့်မည်ဟု ရပ်ခံသည်။
သို့ဖြစ်ရာ နိုင်ငံရေး သဘောတူညီချက် ကို လက်တွေ့ကျကျ ရယူရန်အတွက် ငြိမ်း ချမ်းရေးဆွေးနွေးရန် လိုလာသည့်အခါ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အတားအဆီးဖြစ်နေသည့် ကိစ္စများကို ကျော်ပြီး ဆွေးနွေးနိုင်ရန် ဖွဲ့စည်းပုံကို ဘေး ချထားလိုက်ရပြီ။ တစ်နည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်သွားမည်ဆို သည့် တပ်မတော်သည် လတ်တလောတွင် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ကို အသာထား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တည်ရှိမှုကို အသိအမှတ်ပြုလိုက်ပြီ။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တပ်မတော်
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယခင် တပ်မတော်အစိုးရက ဦးဆောင်ရေး ဆွဲခဲ့ခြင်းဖြစ်သည်ကို အများသိကြပြီးဖြစ် သည်။ ညောင်နှစ်ပင်ညီလာခံတွင် မည် သည့် ကိုယ်စားလှယ်များက မည်သို့ဆွေးနွေး ခဲ့ကြပါသည်ဟု ဆိုစေကာမူ အားလုံးမှာ ထိုစဉ်က နိုင်ငံရေးအာဏာကို ရယူထား သည့် တပ်မတော်၏ လိုလားချက်ကို အဓိ ကထားရေးဆွဲခဲ့ခြင်းသာဖြစ်သည်။
အခန်း (၁၅) ခန်းနှင့် ပုဒ်မ ၄၅၇ ခု ပါဝင်ရေးဆွဲထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေသည် ကမ္ဘာတစ်လွှားတွင် အ တော်ရှားရှားပါးပါး ထူထဲပြီး ပုဒ်မအများ ဆုံးဟုပင် ဆိုရပေလိမ့်မည်။ ကမ္ဘာ့ အရှည် ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဟု ဆိုထားသည့် အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပင် လျှင် မူလက ပုဒ်မ ၃၅၉ ခုရှိခဲ့ပြီး ယခုအခါ ဖြည့်စွက်ချက်များဖြင့် ၄၄၉ ခုသာရှိသေး သည်။ သို့သော် ဇယား ၂၅ ခု၊ အပိုင်း ၂၅ ပိုင်းနှင့် နောက်ဆက်တွဲ ၅ ခုဆိုသော ကိန်း ဂဏန်းအရ ကမ္ဘာ့အရှည်ဆုံး ဖွဲ့စည်းပုံအ ခြေခံဥပဒေအဖြစ် ဆက်လက်အောင်ပွဲခံ နေသေးခြင်း ဖြစ်သည်။
ဆိုရလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ လိုအပ်သည်ထက်ပင်စုံနေအောင် ရေးသားထားသော အချက်များပါသေး၏။ သို့သော် မလိုအပ်ဘဲ တမင်ရှည်ထားသော ပုဒ်မများလည်းပါသေး၏။ အထူးသဖြင့် ဗဟိုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အကြား လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း ဆိုသည့်ကိစ္စမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးမှုများက တစ်ဆင့် လာ ရမည်သာဖြစ်သည်။ (ယခုလည်း ထို လမ်း ကြောင်းအတိုင်းသာ သွားနေခြင်းဖြစ် သည်)။
နယ်နိမိတ်သတ်မှတ်ခြင်း၊ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း၊ ဒေသန္တရ အစိုးရသတ် မှတ်ခြင်းတို့မှာ အုပ်ချုပ်မှုပုံစံနှင့် နည်း ပညာဆိုင်ရာ (Governance and Technical) ကိစ္စသာဖြစ်သည်။ ထိုကိစ္စများသည် နိုင်ငံရေးအရ ထည့်သွင်းဆုံးဖြတ်ရသည်မှန် သော်လည်း သီအိုရီနှင့် စီမံခန့်ခွဲရေးရှု ထောင့်မှသာ အဓိက ဆောင်ရွက်ရသည်။ သို့မှသာ ထိရောက်ကောင်းမွန်သည့် အုပ် ချုပ်ရေးစနစ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ဖက်ဒရယ်၏ အနှစ်သာရမှာ နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သက်သက်သာမက အုပ်ချုပ်မှု စီမံခန့်ခွဲရေးကလည်း အရေး ပါသည့် ကိစ္စတခုဖြစ်သည်။ အဓိကမှာ အုပ်ချုပ်ရေးဆိုင်ရာ ထိရောက်မှုဖြစ်သည်။ထိရောက်မှုရှိစေရန်အတွက် လုပ်ရင်းကိုင်ရင်းဆွေးနွေးရင်းဖြင့် နည်းအသစ်တွေပေါ် လာသည့်အပေါ် မူတည်၍ ပြောင်းလဲ ဆောင်ရွက်ရတာတွေရှိနိုင်သည်။ ထို့ပြင် မြေပြင်အခြေအနေအရ လိုက်ပါဆောင်ရွက် ရတာတွေလည်းရှိနိုင်သည်။ တစ်ခါတစ်ရံ ဗဟိုက ယူထားသောကိစ္စကို ပြည်နယ်သို့ ပေးရမည်ရှိသလို ပြည်နယ်အနေနှင့်လည်း ရရှိထားသော လုပ်ပိုင်ခွင့်တစ်ခုကို တစ်ချိန် တွင် ဗဟိုသို့ ပြန်အပ်ခြင်းက အကျိုးများ မည်ဟု ယူဆကောင်း ယူဆနိုင်စရာဖြစ်လာ သည်။ သို့သော် ဖက်ဒရယ်တွင် အရေးကြီး သည့် စည်းမျဉ်းတစ်ခုမှာ အာဏာခွဲဝေရာ တွင် ဗဟိုက ပြည်နယ်ကို ဒီလောက်ယူဟု ပေး၍ မရသလို ပြည်နယ်ကလည်း ဗဟိုကို ဒါတွေယူဆိုပြီး ပေး၍မရ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာဖြစ်ရသည်။ ထို သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ခွဲဝေ ရန်ရှိသည့်အခါတွင် ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အားလုံး၏ သဘောတူညီချက် ဖြင့် ရေးဆွဲထားသည့် ဥပဒေလားဆိုသည်ကို စောကြောရန်ရှိလာသည်။
သို့ဖြစ်ရာ နိုင်ငံရေးအရရော အုပ်ချုပ်မှု စီမံခန့်ခွဲရေး ထိရောက်မှု အရရောပါ ကြည့် လျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြီးပြည့်စုံသည့် အခြေအနေတွင် မရှိသေး သဖြင့် နိုင်ငံရေးအင်အားစုအားလုံးက ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြော ဆိုနေကြခြင်းဖြစ်သည်။ တပ်မတော်ကိုယ်၌ ကပင် လုံးဝမပြင်ဟု ရပ်ခံခြင်း မရှိ။
စာရေးသူ၏ အတွေးအမြင်သက်သက် အရဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အကြောင်းအခြင်း (၃) ရပ်သာရှိသည်။
၁။ ဒို့တာဝန်အရေး (၃)ပါး။
၂။ ၁၉၈၈မှ ၂ဝ၁ဝ အထိ အုပ်ချုပ်ခဲ့ သော တပ်မတော်အစိုးရ တာဝန်ယူစဉ်က ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအား နောက်ကြောင်းပြန် အရေးယူခြင်း မပြု ရန်။
၃။ အနာဂတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် တွင် တပ်မတော်အား အရေးပါသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်စေရန် (ဤကိစ္စ ကျယ်ပြန့်ပါသည်၊ တပ်မတော်သား ၂၅ရာခိုင်နှုန်း သက်သက်ဟု မထင်မှတ်စေ လို၊ ထိုထက် ပို၍ ဆိုရလျှင် တပ်မတော်၏ အခန်းကဏ္ဍနှင့် အကျိုးစီးပွားကိစ္စဖြစ်သည်၊ အကျိုးစီးပွားဆို၍ အနုတ်လက္ခဏာဆောင် သော စကားလုံးဟုလည်း မထင်မှတ်စေလို။ နိုင်ငံရေးဇာတ်ကောင်တိုင်းတွင် အကျိုးစီး ပွားရှိကြသည်သာဖြစ်သည်။ ဤကားစကား ချပ်)
ဤ အဓိကအချက် (၃) ချက်ကို ပြည့် ပြည့်ဝဝ အာမခံချက်ပေးလျှင် တပ်မတော် အနေနှင့် ကျန်ကိစ္စများမှာ အပရိက အနေ ဖြင့်သာ စဉ်းစားဖွယ်ရှိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ဆိုင်ရာ နိုင်ငံ၏ နောက်ခံနိုင်ငံရေးသမိုင်းပုံရိပ် ထင်ဟပ် လျက်ရှိသည်။ တပ်မတော်က အဓိကကျ သော နေရာ (၃) နေရာကို ယူထားသည် ဆိုခြင်းမှာလည်း မြန်မာနိုင်ငံ၏ လွတ်လပ် ရေးလှုပ်ရှားကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေး ရပြီးနောက် ဖဆပလနှင့် ကွန်မြူနစ် အကွဲ အပြဲ၊ တစ်ဖန် ဖဆပလ အချင်းချင်း အကွဲ အပြဲများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများအပြင် တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေးများ စသည့် သမိုင်း နောက်ခံများကြောင့်ဟု တစ်နည်းဆိုနိုင် သည်။ ပြည်ထဲရေးရော၊ ထွေအုပ်ရော၊ ကာကွယ်ရေးရော တပ်မတော်အောက်တွင် ရောက်နေခြင်း၊ ရောက်မနေခြင်း ကိစ္စမှာ လည်း အတိတ်က ဖြစ်ခဲ့သော ဖြစ်ရပ်များကြောင့် နိုင်ငံရေး အာမခံချက် အနေနှင့် ယူထားခြင်းလည်း ဖြစ်နိုင်သည်။ ပြည်တွင်းစစ်ဖြစ်နေသော တိုင်းပြည်တွင် စစ်တပ်၏ အခန်းကဏ္ဍကြီးမားသည်မှာ လည်း ဓမ္မတာပင်ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တပ်မတော်အနေနှင့် နိုင်ငံရေးမှ ဆုတ်ခွာရန်ကိုလည်း တပ်မတော် ခေါင်းဆောင်များကိုယ်တိုင် တရားဝင် ပြောကြားခဲ့သည်များ ရှိပြီးလည်း ဖြစ်သည်။ တပ်မတော်သည် နိုင်ငံရေးဖြစ်စဉ်အား စိတ်ချယုံကြည်ပြီး ယင်းကိုယ်တိုင်လည်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်၏ အရေးပါသော နေရာတစ်ခုတွင် ထိုင်နေရပြီဟု ယုံကြည် သွားလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မည်သည့်အချက်ကိုမှ အပြင်းအထန် စောဒကတက်လိမ့်မည်မဟုတ်ဟု ထင် သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (သို့) နောက်ထပ် တံခါးအသစ်
သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် စပါပြီ ဆိုသည်နှင့်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘေးချထားလိုက် ရပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အာဏာရ အစိုးရ၏ မူဝါဒအတိုင်းသာဖြစ်ရာ ဦးသိန်း စိန်အစိုးရအနေနှင့်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သူ့နည်းသူ့ဟန်ဖြင့်ပင် ကြိုးပမ်း သည်။ ထိုသို့ ကြိုးပမ်းရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတားအဆီးဖြစ်နေနိုင် သည့် ကိစ္စများကို ကျော်လွှားရန်အတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသည်။ အများသိကြသည့်အတိုင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ် ငန်း ဗဟိုဌာန (Myanmar Peace Center- MPC) ပင်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သာ တိုင်း၍ လုပ်နေရလျှင် လွှတ်တော်ကို ပြေး တင်ပြလိုက်၊ သဘောမတူလိုက်၊ ဆွေးနွေး လိုက်၊ ပယ်ချလိုက်နှင့်ပင် ထိုစဉ်က ရရှိ ခဲ့သော ဖြစ်ထွန်း တိုးတက်မှုအတိုင်းအတာ ကို ရနိုင်တော့မည် မဟုတ်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ လုပ်ဆောင်နေရသည့်ကိစ္စများအတွက် လွှတ်တော်နှင့် ပွတ်တိုက်မှု မရှိအောင် ဝန်ကြီးဌာနအောက်မှ ကင်းလွတ်သော သီးခြားလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ထူထောင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ချီးမွမ်းမှုနည်းနည်း ဝေဖန်မှု များများကြားမှ အများမထင်မှတ်သော အဆင့်တစ်ဆင့်ကိုတော့ ရောက်ရှိအောင် ချီတက်နိုင်ခဲ့သည်သာဖြစ်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲ ရန်ပင် တောင်းဆိုသော ခေါင်းဆောင်တချို့ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ ရသည်။ ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေး လမ်းကြောင်းမှာ (၁) ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခြင်း၊ (၂) ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးခြင်း (၃) ပြည် ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးခြင်း ဆို သည့် အဆင့် (၃) ဆင့်ဖြစ်သည်။ သို့သော် ညှိရင်းနှိုင်းရင်းဖြင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းအားလုံးပါဝင်သော တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုရန် အကြောင်းဖန် လာသည်။
မူလက အပစ်အခတ်ရပ်စဲရေးအတွက် ရည်ရွယ်ခဲ့သော NCA သည် ယုံကြည်မှုနှင့် ကတိကဝတ် ပိုမိုခိုင်မာစေရန် နိုင်ငံရေး သဘောတူညီချက်များ ထည့်သွင်းရင်းဖြင့် နိုင်ငံရေးစာချုပ်တစ်ခုကဲ့သို့ ဖြစ်လာသည်။ ဃြဗ အကြောင်း အများသိကြပြီးဖြစ်၍ ဤနေရာတွင် အကျယ်မချဲ့လိုတော့။ အပစ် အခတ်ရပ်စဲရေးကို လက်မှတ်ရေး ထိုးပြီးပါ က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေးလိုလားချက်များကို ဆွေးနွေးညှိ နှိုင်း၍ သဘောတူညီချက်များကို ဥပဒေနှင့် အညီဖြစ်အောင် လွှတ်တော်တွင် အတည်ပြု ကြမည်။ လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ကြမည်ဟူ၍ပင်ဖြစ်သည်။
ထိုစဉ်က ငြိမ်းချမ်းရေးကို ဦးဆောင် ဆွေးနွေးနေသည့် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူကရေးသည်။ ထို့ကြောင့် လူကပြင်လျှင် ရမည်ဟု တရားဝင် ထုတ်ဖော်ပြောကြားခဲ့ ခြင်း မဟုတ်ပါလော။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တွင် နိုင်ငံရေးဆွေးနွေးမှုများသည် ဖွဲ့ စည်းပုံပြင်ဆင်ရန်သာမက အများ သဘော ပါသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပါ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေးမှာ လိုအပ်နေသည်ကလည်း အများညီသည့် နိုင်ငံရေးသဘောတူညီချက် တစ်ခုရရှိရေးပင်မဟုတ်ပါလော။ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးက အများ ညီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ် ပေါက်လာမည့် ပလက်ဖောင်းတစ်ခုဖြစ်လာ မည်လော။
နိုင်ငံရေးအပြောင်းအလဲ၊ ၂၁ ရာစုပင်လုံညီလာခံနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး
အများသိကြပြီးဖြစ်သည့်အတိုင်းပင်၊ ၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်အနိုင်ရ၍ အစိုးရအပြောင်း အလဲဖြစ်သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးမှာ လည်း အစိုးရသစ်၏ မူဝါဒအတိုင်းသွားရန် ဖြစ်လာသည်။ အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံအသစ်ပေါ် ပေါက်လာသည့်တိုင် အားလုံးပါဝင်သော နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရှာဖွေ ရန်ဆိုသည့် ဦးတည်ချက်ကိုမူ ဘေးဖယ် မထားခဲ့ပါ။ ၂၁ ရာစု ပင်လုံညီလာခံဟု ခေါ်သော ငြိမ်းချမ်းရေးညီလာခံသည် ယခင်စိုးရလက်ထက်ကကဲ့သို့ပင် အများ သဘောတူညီနိုင်မည့် နိုင်ငံရေး သဘော တူညီချက်များ ရှာဖွေကြရန်သာဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူလ ကြွေးကြော်သံဖြစ်သည့် အမျိုးသား ပြန် လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်လည်း ဖြစ် သည်။
ဤနေရာတွင် အလျဉ်းသင့်၍ဆိုရလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုသည် မှာ ဗမာများနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများကြား သက်သက်သာ မဟုတ်။ တပ်မတော်နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကြားက သင့်မြတ်ရေး မဟုတ် ဆိုသည့် အချက်ပင်ဖြစ်သည်။ ဤ ကိစ္စသည် အများသိကြပြီးဖြစ်သည့် အချက် လည်းဖြစ်သည်။ ပို၍ သိသာထင်ရှားလာ သည်မှာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီများ အကြား သဘောထားကွဲလွဲမှုများ သိသိသာ သာ ထင်ရှားလာသည့်အချက်ပင်ဖြစ်သည်။ ဆိုရလျှင် ၁၉၉ဝ ရွေးကောက်ပွဲကာလက မဟာမိတ်ဖြစ်ခဲ့ကြသော နိုင်ငံရေး အင်အားစုအချို့နှင့်ပင် ခပ်တန်းတန်း ဖြစ် လာသည်။ ၂ဝ၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပြည်နယ်အများစုတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ အတော်များများ အနိုင်ရခဲ့သည်။ သို့သော် လည်း ဝန်ကြီးချုပ်ခန့်ခြင်းကိစ္စအပါအဝင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် မျှော်မှန်းထားသလို ဖြစ်မလာသည့်အခါတွင် ဒေသခံ တိုင်းရင်းသားပါတီများ လူထုများ ထံက ဝေဖန်သံတွေထွက်လာသည်။ ထို အထဲတွင် မော်လမြိုင်ချောင်းဆုံတံတားလို ကိစ္စရပ်မျိုးက ပေါ်လာသည့်အခါ တိုင်းရင်း သားပြည်နယ်များ၏ တုံ့ပြန်မှုက တစ်မျိုး ဖြစ်လာသည်။
ရခိုင်ပြည်နယ်အရေးကိစ္စတွင် အများစု အနိုင်ရသည့်ပါတီက ဝန်ကြီးချုပ်နေရာမရ (ဤကိစ္စသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်သည့်တိုင် နိုင်ငံရေးသဘောထားကြီးမှု ကို ပြလိုက ပြနိုင်သည့်ကိစ္စ)၊ ကိုဖီအာနန် ကော်မရှင်ကိစ္စတွင် အများစုအနိုင်ရထား သည့် ရခိုင်အမျိုးသားပါတီကို မတိုင်ပင်၊ ထို့အပြင် အများပြည်သူကြားတွင် ရခိုင် တိုင်းရင်းသားများဘက်က အစိုးရက မရပ် တည်ဟု ခံစားရသည့်ကိစ္စ စသည်ဖြင့် သဘောကွဲလွဲကြသည်မှာလည်း အများအ ပြား။ ဆိုရလျှင် ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား သဘောထားကွဲလွဲမှုက သိသိသာသာကြီး ဖြစ်သည်။
တစ်ဖက်တွင်လည်း ပြိုင်ဘက် အင်အားကြီး ကြံ့ခိုင်ရေးပါတီနှင့် အခြား သော နိုင်ငံရေးပါတီများက လက်မှတ်ထိုး၍ ကာလုံခေါ်ရန် ဖိအားပေးသည့် ကိစ္စနှင့် လည်းကြုံရသည်။ (အမျိုးသားရေးကိစ္စကို ခေါင်းစဉ်တင်ကြသည်)
အရေးကြီးကိစ္စတစ်ရပ်မှာ အစိုးရတက် ကာစ ဆက်ဆံရေးကောင်းမွန်နေပါသည် ဆိုသော တပ်မတော်နှင့် အစိုးရအကြား တဖြည်းဖြည်းဝေးကွာလာသည်ဟု ယူဆ စရာများ ရှိလာခြင်းပင်ဖြစ်သည်။ ထိုကိစ္စ တွေက ဖုံးဖိစရာ ကိစ္စလည်းမဟုတ်ပေ။ အကျယ်မချဲ့တော့ပြီ။
ဤနေရာတွင် စာရေးသူတင်ပြလိုသည် မှာ ပါတီများ၏ အားပြိုင်မှု၊ နိုင်ငံရေး ကစားမှုတွေမဟုတ်။ တပ်မတော်နှင့် အစိုးရ အကြောင်းမဟုတ်။ လုံးဝထင်ရှားစေလို သည့်အချက်မှာ မြန်မာ့နိုင်ငံရေးအင်အား စု၏ အဓိက ကျောရိုးကြီးများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အခြားနိုင်ငံ ရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံ ရေးပါတီများအကြား သဘောထားကွဲလွဲ သည့်ကိစ္စများ လုံးဝ တည်ရှိနေသည်မှာ သေချာပြီဖြစ်သည်ဆိုသည့် အချက်ပင်။ တစ်နည်းအမျိုးသား ပြန်လည်သင့်မြတ်ရေး ကို ဖော်ဆောင်ရန် လိုအပ်နေသည်ဆိုသည့် အချက်ပင်။
နိဂုံး
ဤဆောင်းပါး၏ အဓိက ပြောလိုရင်း မှာ ယနေ့ အများသူငါ ပြောနေကြသလို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာ့နိုင်ငံရေး၏ လိုအပ်ချက်မဟုတ်။ ဤသည်ကို တပ်မတော်အပါအဝင် မြန်မာ့ နိုင်ငံရေးအင်အားစုအားလုံးက သဘော ပေါက်ကြသည်။ မြန်မာနိုင်ငံတွင် အဓိက လိုအပ်နေသည်မှာ အားလုံးပါနိုင်သော နိုင်ငံရေး စနစ်တစ်ရပ်သာဖြစ်သည်။ ထို နိုင်ငံရေးစနစ်ကို တည်ဆောက်ရန်မှာလည်း မြန်မာ့နိုင်ငံရေး ဇာတ်ကောင်အားလုံးက ဘယ်နေရာက ပါရမည်ဟု ကျေကျေနပ်နပ် လက်ခံနိုင်သော နိုင်ငံရေးသဘောတူညီ ချက် တစ်ရပ်သာဖြစ်သည်။ မြန်မာ့ နိုင်ငံ ရေးတွင် အင်အားစု တစ်စုကို ချန်ခဲ့မည် ဆိုပါက ထိုသို့ချန်ထားခံရသည့် နိုင်ငံရေး အင်အားစုက ရှိသည့်အားနှင့် တုံ့ပြန်သည် ဆိုပါက နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ အဆုံး တွင် တိုင်းပြည်၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေးပြိုကွဲတတ်သည်ကို လွတ်လပ်ရေးရပြီး ကတည်းက ယနေ့အထိ မြင်တွေ့နေရသည့် ဖြစ်ရပ်တွေက သက်သေခံလျက်ရှိသည်။
ဤအချက်ကိုလည်း မြန်မာ့နိုင်ငံရေး အင်အားစုအားလုံးက သဘောပေါက်ကြပါ သည်။ ပြီးခဲ့သည့် ကိစ္စတွေ ပြည်ဖုံးကားချ ရန်နှင့် နောင်အနာဂတ်တွင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို မည်သို့ ပုံဖော်ကြမည်ကို အားလုံး က ဝိုင်းဝန်း အဖြေရှာကြရန်လည်း အားလုံး က သဘောပေါက်ကြပါသည် (သဘော ပေါက်ကြသည်ဟုလည်း ထင်ပါသည်)။ ထို ကိစ္စတွေသည် ၂ဝဝ၈ ဖွဲ့စည်းပုံတွင် အဖြေ ရှာ၍ မရ၊ ထိုဖွဲ့စည်းပုံကို ကျင့်သုံးခြင်းဖြင့် မရနိုင်သည်ကိုလည်း အားလုံးက လက်ခံ ထားကြသည်။
ထို့ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘေးချ၍ ဃြဗ လမ်းကြောင်းဖြင့် သွားရန် ကြိုးပမ်းခဲ့ကြသလို ပင်လုံလမ်းဖြင့် သွားရန်လည်း ကြိုးပမ်းနေကြသည်သာဖြစ် ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးြေ<ွကးကြော်ချက်ဖြင့် အစိုးရဖြစ် လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည်ပင်လျှင် ယခုအခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို များစွာ မပြောတော့ ပါ။ ပြင်ဆင်ခြင်းထက် ပင်လုံညီလာခံမှတစ် ဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရန် ရည်ရွယ်ဟန်တူပါသည်။
စာရေးသူအနေနှင့် အချက်အနည်း ငယ်နှင့် နိဂုံးချုပ်လိုပါသည်။
၁။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့နိုင်ငံရေး ပြဿနာအားလုံးကို ပြေ လည်သွားစေနိုင်သည့် လက်စွဲကျမ်းမဟုတ် ပါ။ မြန်မာ့နိုင်ငံရေး၏ ပြဿနာအားလုံး သည်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲတွင် မရှိပါ။
၂။ မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေ သည် အမျိုးသားပြန်လည်သင့်မြတ်ရေးသာ ဖြစ်သည်။ ထိုအမျိုးသား ပြန်လည်သင့်မြတ် ရေးသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ တွင် မရှိဘဲ အားလုံးပါဝင်သော တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကသာ သွားနိုင် ပါသည်။
၃။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ကိစ္စအတွက် မည်သည့်အဖြေမှ မရှိပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုက ရေစီ မဆန်သည့် အချက်များစွာ ပါဝင်နေ သလို ငြိမ်းချမ်းရေးအတွက် အတားအဆီး ဖြစ်နေသည့် ကိစ္စများလည်းပါဝင်နေပါ သည်။ ထို့အပြင် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသော လူမျိုးစုများနေထိုင်ကြ သည့် ပြည်ထောင်စုအတွင်း လူမျိုးစုတိုင်းက မိမိတို့၏ သရုပ်လက္ခဏာနှင့် ရိုးရာယဉ် ကျေးမှု ဓလေ့ထုံးတမ်းများကို ကိုယ်တိုင်စီ ရင်နိုင်ပြီး မိမိတို့ပြည်နယ်အရေးကို စီမံခန့်ခွဲ ခွင့်ရှိသော အာဏာခွဲဝေမှုကို မိမိတို့ ရရှိ နေသည်ဟုယုံကြည်နိုင်သော အာဏာခွဲဝေ ပေးမှုလိုအပ်သည်။ ထို့ပြင်သယံဇာတနှင့် အုပ်ချုပ်မှုစနစ်သည်လည်း လက်တွေ့ကျ ပြီး ထိရောက် အကျိုးရှိသော စနစ်ဖြစ်ရန် လိုအပ်သည်။ ထိုအချက်များကို ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် ဖော်ဆောင်၍ မရနိုင်ပါ။ အားလုံးပါဝင်သောဆွေးနွေးမှု ဖြစ်စဉ် တစ်ရပ် (လက်ရှိ ၂၁ရာစု ပင်လုံ ညီလာခံ ကဲ့သို့သော) နိုင်ငံရေးဆွေးနွေးမှု မှသာရ နိုင်သည်။
၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်၊ အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ ကိုယ်တိုင်ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အလုပ်မဖြစ်သည့်ကိစ္စကို သဘောပေါက်ကြပြီးဖြစ်သည်။ ထေ့ငေါ့၍ ဆိုရလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မလိုအပ်သည့်အချိန်တွင် ချောင်ထိုးထား ပြီး နိုင်ငံရေးအင်အားစုများကြားတွင် အငြင်းပွားချင်သည့် အချိန်ကျမှ ဖုန်ခါ၍ စာအုပ်ဖွင့်ရွတ်ပြီး ငြင်းစရာ အဖြစ်လောက် သာ သဘောထားကြတော့သည်ကို တွေ့ရ သည်။
၅။ သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးပြဿနာ များ၏ အဖြေမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒမဟုတ်သလို၊ ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျင်သုံးရင်း၊ ပြင်ဆင်ရင်း၊ ချဲ့ ထွင်ယူရင်းဖြင့် ရနိုင်မည့်ကိစ္စလည်း မဟုတ် ပေ။ အဓိကလိုရင်းဖြစ်သည့် အမျိုးသားပြန် လည်သင့်မြတ်ရေးကတစ်ဆင့် အသစ်ပေါ် ပေါက်လာမည့် နိုင်ငံရေး သဘောတူညီချက် များဖြင့် ပေါ်ပေါက်လာမည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်မည့် ဖွဲ့ စည်းပုံအခြေခံဥပေဒ အသစ်တစ်ရပ်ပေါ် ပေါက်လာရေးသည်သာ အဖြေဖြစ်သည်။ ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာမှာ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြဿနာမဟုတ်ဘဲ အမျိုး သားပြန်လည်သင့်မြတ်ရေးပြဿနာသာ ဖြစ်ကြောင်းနှင့် နိုင်ငံရေးဆိုသည်မှာ စာမ ခံဘဲ လက်တွေ့ကျသည့် အလုပ်ကိုသာ ရွေးချယ်ရခြင်းဖြစ်ပြီး နိုင်ငံရေးဇာတ်ကောင် အားလုံးသည်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေထက်ကျော်လွန်သော နိုင်ငံရေး လက်တွေ့ကျမှုကို ရှေးရှုချီတက်နေကြခြင်း ဖြစ်ပါကြောင်း။

ချစ်ဦးကိုကို