Archives

ကိုဗစ်တိုက်ပွဲနဲ့ အမေရိကန် တရုတ်ဆက်ဆံရေး

တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ Cold War 2.0 လို့ ခေါ်တဲ့ စစ်အေးခေတ်ကို တကျော့ပြန် ဦးတည်နေပြီဆိုပြီး ဇူလိုင်လ နောက်ဆုံးပတ်အစမှာပဲ ဂျာမနီခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။ အင်အားကြီး နှစ်နိုင်ငံ သွင်းကုန်တွေ အပြန်အလှန် အခွန်စည်းကြပ်ရေး အငြင်းပွားမှုတွေကြား ကမ္ဘာ့ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ် ၂ နှစ်လောက်ကတည်း က အထိ နာနေခဲ့တာပါ။ အခုတခါ ထပ်ပြီး ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေကိစ္စ၊ အပြန်အလှန် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့၊ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကြောင့် ကိုဗစ်-19 ရောဂါတွေနဲ့ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ကမ္ဘာကုန်သွယ်ရေးကို ထပ်ပြီး ထိခိုက်မှာ နိုင်ငံတကာခေါင်းဆောင်တွေ စိုးရိမ်နေကြပါတယ်။ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပျက်ဆီးတာဟာ စီးပွားရေး ကိစ္စတခုတည်းတင်မဟုတ်ဘဲ ကမ္ဘာ့လုံခြုံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံမှုတွေအပေါ်မှာလည်း ထိခိုက်နိုင်တယ်ဆိုပြီး ဝေဖန်ထောက်ပြနေကြပါတယ်။

 Read more

အမေရိကန် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ အောင်မြင်ဖို့ နီးပြီလား

လူမည်းတွေရဲ့ အသက်တွေကိုလည်း တန်းတူအလေးထားဖို့ ကြွေးကြော်လှုပ်ရှားနေတဲ့ ဆန္ဒပြပွဲ တွေ နိုင်ငံတော် တော်များများ ပိုပြီးကျယ်လောင်လာတဲ့အချိန် အမေရိကန်ပြည်ထောင်စုမှာ တော့ ဒီလှုပ်ရှားမှုနဲ့အတူ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ တောင်းဆိုသံတွေပါ ဝါရှင်တန်နိုင်ငံ ရေးကို ရိုက်ခတ်လာခဲ့ပါတယ်။  အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲကို ပြုပြင်ပြောင်းလဲတော့ မယ်ဆိုရင် ဘယ်လို ပြောင်းလဲမလဲ၊ ဘယ်တော့ စမလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာ ပါတယ်။

 Read more

CPPCC ၊ ကိုဗစ်၁၉နှင့် အမေရိကန်- တရုတ်အားပြိုင်မှု

PhotoCredit: worldfinance.com

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်၁၉)ဟာ ကမ္ဘာ့ကပ်ဆိုးကြီးအဖြစ်တရုတ်နိုင်ငံကစဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဝူဟန်မြို့မှာစဖြစ်ခဲ့တဲကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မြန်ရောဂါကိုတရုတ်နိုင်ငံမှာ၂၀၁၉ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အတည်ပြုပြီး ကမ္ဘာကိုကြေညာခဲ့ပါတယ်။ ကိုဗစ်-၁၉ဟာ တရုတ်နိုင်ငံကနေကမ္ဘာ့နိုင်ငံတွေဆီပြန့်ပွား သွားခဲ့ပါတယ်။ ကိုဗစ်-၁၉ကူးစက်မြန်ရောဂါပိုး စတွေ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ဗိုင်းရပ်စ်ရောဂါကူး စက်ခံရသူ ရှစ်သိန်းကျော် ရှိခဲ့ပြီးသေဆုံးသူပေါင်းသုံးသောင်းကျော်ရှိခဲ့ပါတယ်။ တရုတ်ပြည်ထက်ပိုပြီး ကိုဗစ်-၁၉ရဲ့ ဆိုးရွား တဲ့ဒဏ်ကိုခံနေရတာက အနောက်ဥရောပနိုင်ငံကြီးတွေဖြစ်တဲ့ အီတလီ၊ စပိန် ၊ပြင်သစ်နိုင်ငံတို့ဖြစ်သလို အမေရိကန် နိုင်ငံမှာတော့အဆိုးရွားဆုံးဖြစ်နေပါတယ်။ အခုဆိုရင်တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ငါးသန်း နီးပါး ရှိနေပြီးသေဆုံးသူသုံးသိန်းကျော်ရှိသွားပါပြီ။ အမေရိကန်နိုင်ငံမှာ ကူးစက်သူ ၁သန်းခွဲကျော်ရှိသွားပြီး ၊သေဆုံးသူ ကိုးသောင်းကျော်ပါပြီ။ လူတွေရဲ့အသက်ပေါင်း များစွာဆုံးရှုံးနေတဲ့အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့စီးပွားရေးတွေပါပျက်စီးဆုံးရှုံးနေပါတယ်။ ဒီစီးပွားရေးပျက်စီးဆုံးရှုံးမှုအများဆုံးကတော့အမေရိကန်ဖြစ်ပါလိမ့်မယ်။ အမေရိကန်ပြည် ထောင်စုမှာလုပ်ငန်းတွေပိတ်ထားခဲ့ရတဲ့အတွက် တစ်နေ့ကိုဒေါ်လာ၁၉ဘီလီယံလောက်ထိ ဆုံးရှုံးနစ်နာပါတယ်။

 Read more

ကမ္ဘာကစောင့်ကြည့်နေတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)  အစည်းအဝေး

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ စုံညီအစည်း အဝေး

နှစ်စဉ်ကျင်းပနေကျ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယအကြိမ် စုံညီအစည်း အဝေးကို မေလ ၂၂ ရက် နေ့မှာ ကျင်းပသွားမှာဖြစ် ကြောင်း တရုတ်နိုင်ငံ အမျိုးသားလွှတ်တော်အမြဲတမ်း ကော်မတီကနေ တရားဝင်ထုတ်ဖော်ကြေညာခဲ့ပြီဖြစ်ပါတယ်။  အမှန်ကတော့ နိုင်ငံရဲ့ အမျိုးသားပြည်သူ့ ကွန်ဂရက်အစည်းအဝေးကို နှစ်စဉ်မတ်လအတွင်းမှာ ကျင်းပ နေကျဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလကုန် လောက်က တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားလာခဲ့တဲ့ အတွက် နှစ်စဉ်ကျင်းပနေကျ အမျိုးသားပြည်သူ့ကွန်ဂရက်ဆွေးနွေးပွဲ ကိုရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံရဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးကျင်းပဖို့ ရက်သတ်မှတ်လိုက်တာဟာ တရုတ်နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါကို အကောင်းဆုံး ထိန်းချုပ်နိုင်ပြီဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ် လာတာကိုလည်းတွေ့ကြရပါတယ်။

 Read more

ဒီမိုကရက်တစ် ပါတီ စကားစစ်ထိုးပွဲနဲ့ သမ္မတလောင်း မဏာမ ရွေးကောက်ပွဲများ

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နီဗားဒါးပြည်နယ် Lax Vegas မြို့မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြသူတွေထဲမှာ နယူးယောက်မြို့တော်ဝန်ဟောင်း ဘီလျံနာသူဌေးကြီး Michael Bloomberg ပထမဆုံးအကြိမ် ပါလာပါတယ်။ သူဟာ ဖေဖေါ်ဝါရီလအတွင်း ကျင်းပပြီးစီးသွားတဲ့ အိုအိုဝါ၊ နယူးဟမ်ရှိုင်းယားနဲ့ နီးဗားဒါး ပြည်နယ်တွေက ပါတီတွင်း ပဏာမရွေးကောက်ပွဲ သုံးပွဲစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။ ဒေါ်လာငွေ သန်း ၄၀၀ နီးပါး အကုန်အကျခံတဲ့ မဲဆွယ်ကြော်ငြာတွေနဲ့ လူမှုကွန်ယက်တွေ ရုပ်မြင်သံကြားတွေကနေ စည်းရုံးမဲဆွယ်နေခဲ့ပါတယ်။ စကားစစ်ထိုးပွဲမှာ Bloomberg ၀င်လာတဲ့အချိန်မှာပဲ အမေရိကန်ပြည်ထောင်စုဟာ ဘီလျံနာသူဌေးကြီးတွေလုပ်တဲ့ နိုင်ငံရေးကို ကို စိတ်ပျက်နေကြပါပြီဆိုပြီး လက်ရှိ သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ ထိုးနှက်ဝေဖန်သံကို ကြားရပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နံပတ် ၁၂ လို့ သတ်မှတ်ခံထားရတဲ့ Michael Bloomberg ဟာ ပါတီကိုယ်စားပြု သမ္မတလောင်း နေရာကို ငွေနဲ့ ၀ယ်နေတယ်ဆိုပြီး အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Bernie Sanders နဲ့ Amy Klobuchar တို့က ဝေဖန် ထိုးနှက်ကြပါတယ်။ သူဟာ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူတွေအပေါ် မလေးမစား ပြောခဲ့တဲ့သူ ဒီမိုကရက်တစ်ပါတီရဲ့ စံတန်ဖိုးတွေကို မသိတဲ့သူဆိုပြီး အထက်လွှတ်တော်အမတ် Elizabeth Warren က အရင်က ရီပတ်ဗလစ်ကန်ပါတီဝင် ဖြစ်ခဲ့ဖူးတဲ့ Bloomberg ကို ဝေဖန်တိုက်ခိုက်ပါတယ်။ Bloomberg မြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့တဲ့အချိန် ရာဇ၀တ်မှု တိုက်ဖျက်ရေးဆိုပြီး သူ ချမှတ်ခဲ့တဲ့ Stop-and-Frisk လို့ခေါ်တဲ့ သံသယရှိသူတွေကို ရှောင်တခင်စစ်ဆေးခွင့်က အသားအရောင်ခွဲခြားမှုနဲ့ လူနည်းစုတွေကို ပစ်မှတ်ထားချိုးနှိမ်တဲ့ မူဝါဒတခု ဖြစ်စေခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ခံထားရပါတယ်။ Bloomberg ကတော့ လက်ရှိ သမ္မတ Donald Trump ကို အဆိုးဆုံး သမ္မတလို့ သုံးနှုံးပြီး Trump ကို ဖြုတ်ချဖို့ သူ့ကိုယ်ပိုင်ငွေတွေကို သုံးပြီး ကြိုးပမ်းနေတာဖြစ်တဲ့အကြောင်း ပြန်ချေပပါတယ်။ နီဗားဒါးပြည်နယ်မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ၆ ဦးရဲ့ စကားစစ်ထိုးပွဲဟာ နိုင်ငံရေးမှာ အာရုံအစိုက်အခံရဆုံး စကားစစ်ထိုးပွဲ ဖြစ်ခဲ့ပါတယ်။ ရုပ်မြင်သံကြားကနေ ကြည့်တဲ့သူ သန်း ၂၀ လောက်အထိ ရှိမယ်လို့ Nielsen မီဒီယာ သုတေသန အဖွဲ့က ခန့်မှန်းပါတယ်။ နိုဝင်ဘာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ့်သူ ဘယ်သူဖြစ်လာမလဲ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဟာ အနိုင်ရနိုင်လောက်သူ ဖြစ်ရဲ့လားဆိုတာကို အများက အာရုံစိုက် စိတ်ဝင်စားနေကြတာပါ။

 Read more

၂၀၁၉ ခုနှစ်အတွင်း ဥရောပအတွက် စိန်ခေါ်ချက်ကြီး ၄ ရပ်

၂ဝ၁၉ ခုနှစ်အတွင်း ဝင်ရောက်လာတာ သုံးပုံတစ်ပုံ လောက်ရှိနေပါပြီ။ ဒါပေမယ့်ဥရောပအတွက်တော့ ဒီနှစ်ဟာ ပုံဖော်လုပ်ဆောင်စရာတွေ ပြည့်နှက်နေတဲ့ ပျာပန်းခပ်သလို အလုပ်များမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ နိုင်ငံရေးအကျပ်အတည်း၊ နှေးကွေးလေးလံနေတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးတွေနဲ့ တင်းမာနေတဲ့ ဆက်ဆံရေးတွေနဲ့အတူ လုံးထွေးနေရတဲ့အတွက် ဥရောပအတွက် ရေရှည်ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်စရာ ကိစ္စရပ်တွေကတော့ စာရင်းအပြည့်နဲ့ ဖြစ်နေပါပြီ။ ဥရောပခေါင်းဆောင်တွေအနေနဲ့ ဂျာမနီ နိုင်ငံရဲ့ မတည်မငြိမ်ဖြစ်နေဆဲ နိုင်ငံရေးညွန့်ပေါင်းဖွဲ့မှု၊ ဆက်လက်အောင်ပွဲခံနေဆဲဖြစ်တဲ့ ပေါ်ပြူလစ်ဇင်၊ အီတလီရဲ့ စီးပွားရေး ဘေးဒုက္ခကြီးတွေ၊ တရုတ်နဲ့ပတ်သက်တဲ့ စိုးရိမ်မကင်းဖြစ်ရမှုတွေအပြင် ဥရောပအပေါ် ရုရှားရဲ့ စိတ်ပျက်ဖွယ်ရာရပ်တည်မှုတွေအပါအဝင် ကိစ္စရပ်ပေါင်းများစွာကို ၂ဝ၁၉အတွင်း ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အောက်မှာဆွေးနွေးသွားမှာကတော့ ဒီနှစ်အတွင်း ဥရောပရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစီအစဉ်တွေကို ပုံဖော်ပေးသွားမယ့် ဦးတည်ချက်လမ်းကြောင်း (trend) ၄ခု ဖြစ်ပါတယ်။

 Read more

အမေရိကန်အစိုးရနှင့် အစိုးရလုပ်ငန်းများရပ်ဆိုင်းခြင်း

ထိုက်သူနိုင်

အမေရိကန်သမိုင်းမှာ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလောက် အမေရိကန် ဖက်ဒရယ်အစိုးရ ဝန်ထမ်းတွေ အလုပ်သွားရမှာလား၊ အလုပ်မသွားရဘူးလားဇဝေဇဝါဖြစ်ခဲ့တဲ့နေ့မရှိပါဘူး။ ဖေဖော်ဝါရီ ၈ ရက်၊ ကြာသပတေးနေ့ည၊ သန်းခေါင်မှာပဲအစိုးရအသုံးစရိတ်ကိုလွှတ်တော်ကအတည်ပြုမပေးတာကြောင့် အစိုးရ လုပ်ငန်းလုပ်ဆောင်တာတွေ ညသန်းခေါင်မှာရပ်ဆိုင်းသွားပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းတဲ့အတွက် မရှိ မဖြစ်မဟုတ်တဲ့ဝန်ထမ်းတွေ အလုပ်လာလုပ်ဖို့မလိုတော့ပါဘူး။ ဒါပေမဲ့ ၉ ရက်နေ့မနက်ရုံးတွေမဖွင့်ခင် မနက် စောစောမှာအထက်လွှတ်တော်က အသုံးစရိတ်ဥပဒေကိုညှိနှိုင်းပြီးအတည်ပြုလိုက်ပါတယ်။ ဒါကြောင့်အောက် လွှတ်တော်မှာမဲထပ်ခွဲလိုက်လို့အတည်ပြုနိုင်မယ်ဆိုရင် ရုံးတွေပြန်ဖွင့်မယ်။ အတည်မပြုနိုင်ရင်ရုံးတွေပိတ်မယ် ဆိုတော့ ဝန်ထမ်းတွေမနက်စောစောရုံးသွားရမလား၊ မသွားရဘူးလားမသေချာတော့ပါဘူး။ လွှတ်တော်မှာမဲခွဲ တဲ့သတင်းကိုပဲအိမ်ကနေစောင့်ကြည့်နေရပါတယ်။ နာရီပိုင်းအကြာမှာအောက်လွှတ်တော်က အစိုးရအသုံးစ ရိတ်ကိုထပ်ပြီး အတည်ပြုလိုက်ပါတယ်။ ဒါတောင် သမ္မတလက်မှတ်မထိုးမချင်း ဥပဒေအတည်မဖြစ်တဲ့အတွက် တချို့ဝန်ထမ်းတွေ သောကြာနေ့ရုံးမလာတော့ပါဘူး။ အစိုးရအသုံးစရိတ်ကို လွှတ်တော်ကချမပေးရင် လုပ်ငန်း တွေရပ်ဆိုင်းသွားတဲ့စနစ် အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးမှာထူးထူးခြားခြားရှိနေပါ တယ်။

 Read more

ပုတ်ရဟန်းမင်းကြီးနဲ့ နိုင်ငံရေး

ထိုက်သူနိုင်
၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလက မက္ကဆီကိုနိုင်ငံကနေ ပြန်ကြွလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို လေယာဉ်ပေါ်မှာ သတင်းထောက်တွေက အဲဒီအချိန် အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် နေတဲ့ Donald Trump ရဲ့ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုအကြား တံတိုင်းကာရေး အစီအစဉ်အပေါ် အမြင် သဘောထားကို မေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံအကြား တံတိုင်းကာပြီး တရားမဝင် ဝင်ရောက်လာတဲ့ လူ ၁၁သန်းကျော်ကို နေရပ်ပြန်ပို့မယ်လို့ အဲဒီအချိန် သမ္မတလောင်း

 Read more