Archives

မြန်မာ့အခြေအနေနှင့် တရုတ်မဟာဗျူဟာ

လင်းထင်

တရုတ်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ နဝတ/နအဖတစ်ခေတ်လုံး တရုတ်ရင်ခွင်ထဲရောက် နေတဲ့ ကလေးသူငယ်လိုဖြစ်နေခဲ့တယ်။ မြန်မာ့တပ်မတော်စစ်အစိုးရဟာ ကမ္ဘာကဘယ်လို မှလက်မခံနိုင်တဲ့ ရိုင်းရိုင်းစိုင်း စိုင်းကြမ်းကြမ်းတမ်းတမ်းနဲ့ တစ်လျှောက်လုံးနိုင်ငံကို အုပ်ချုပ်လာလိုက်တာ ဆင်းသွားတဲ့အထိ အာဏာရှင်ဥပဒေကြီးကို ချန် ထားရစ်ခဲ့သေးတယ်။ ပြည်သူတွေက ဘယ်သူမှလက်မခံပါဘူး။ လူထုဆန္ဒအရ မကြာမတင်မှာ ဝိုင်းဖျက်လို့ပျက်သွားစရာ ရှိပါတယ်။ စစ်အစိုးရက အနောက်နိုင်ငံတွေက အဆက်ဖြတ်တာကြောင့် တရုတ်နဲ့နီးစပ်ရတာဖြစ်ကြောင်းပြန်ပြီးအပြစ်ဖို့ လိုက်ပါသေးတယ်။ ပြောရင် စစ်အစိုးရကိုတစ်လျှောက်လုံး စစ်လက်နက်တွေပေး၊ ငွေကြေးအကူအညီတွေပေး၊ကုလ သမဂ္ဂ မှာ စစ်တပ်ဘက်ကရပ်တည် စတဲ့အကြောင်းများကြောင့် ပြည်သူတွေကတရုတ်ကို မျက်မုန်းကျိုးနေကြတာကြာပါပြီ။

 Read more

ပထမသက်တမ်းသို့ လည်ပြန်ငဲ့ကြည့်ခြင်း

လင်းထင်
၂ဝ၁ဝ ကနေစခဲ့တဲ့ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်ကိုလည်ပြန်ကြည့်ရင် ဘာတွေတွေ့ရမလဲလို့ တွေးဆကြည့် ပါတယ်။ ယခုသွားနေတဲ့ ဒုတိယအကြိမ်လွှတ်တော်ကိုလည်း တစ်ချက်စောင်းငဲ့ကြည့်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်နေတဲ့ နိုင်ငံရေးအခင်းအကျင်းဆိုတာလည်း အကြောင်းအကျိုးဆက်တရားကြောင့် သ

 Read more