Archives

မြန်မာ့နိုင်ငံရေး လူတန်းစားရပ်တည်မှုနဲ့ ယုံကြည်မှုပြဿနာ

မြန်မာ့ လွတ်လပ်ရေးသက်တမ်းနဲ့ ပြည်တွင်းစစ်သက်တမ်းဟာ အတူတူပဲလို့ ဆိုရပါတော့မယ်။ ၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ပါ။ ဒီကနေ့ဆိုရင် လွတ်လွပ်ရေးကြီးရခဲ့တာ  ၇၁နှစ် (၂၀၁၉-၁၉၄၈) ရှိပါပြီ။ ပြည်တွင်း စစ်က ၁၉၄၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှာစခဲ့ တော့ ပြည်တွင်းစစ်နဲ့ လွတ်လပ်ရေးက ၈၃ရက်ပဲကွာပါတယ်။ ““လွတ်လပ်ရေးဆို တာ ဘာမှန်းမသိခင်မှာ မြန်မာအမျိုးသား လူထုကြီးဟာ ပြည်တွင်းစစ်ဆိုတာကို တွေ့ ကြုံခဲ့ကြရတာဖြစ်ပါတယ်။ ပြည်တွင်းစစ် ကြီး လောင်မြိုက်နေခဲ့တာ နှစ် ၇၀ကျော်ပါ ပြီ။ ဒီကနေ့ဆိုရင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအကြောင်းကို ဘယ် သူကမှ ဘာမှမပြောကြတော့ပါဘူး။ စစ်ပွဲ ကလည်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အတွင်းလောက်မှာပဲ မပြောမဖြစ်တဲ့ ကိစ်္စ ဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ် သက်တဲ့ မပြောမဖြစ်တဲ့ အကြောင်းကိစ်္စများ ရှိမှသာ အစိုးရဘက်၊ သူပုန်ဘက်က တစ်ခု ခု ထွက်ပြောကြတာမျိုးလောက်ပဲ ရှိပါတော့ တယ်။ ထူးခြားချက်က ““သူပုန်ဘက်က ဗကပနဲ့ ဗကပရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ် ရှားမှုတွေ ထူးထူးခြားခြား လှုပ်ရှားနေတာ မျိုး မရှိသလောက်ပါပဲ။ ကချင်နဲ့ ရှမ်းပြည် နယ်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာတောင် ဗကပနဲ့ လူမျိုးစု A.S. လက်နက်ကိုင်တော် လှန်ရေးတွေရှိ,မရှိ အပြတ်ပြောဖို့ခက်ပါ တယ်။ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တစ်ခါတစ်ရံ ဗကပနဲ့ ရှမ်းလူမျိုးနွယ်စုတွေရဲ့ A.S. တွေ၊ လှုပ်ရှားမှုတွေ အခါအားလျော် စွာပေါ်တတ်လေ့ရှိပါတယ်။ ဗကပတွေ ကိုယ်စားပြုတဲ့ PDR/AS ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး A.S. ရှိ,မရှိဆိုတာ ဘယ်သူ ကမှ ကံသေကံမ မပြောနိုင်ပါ။ ပွဲပြီးမီးသေ မဟုတ်တာကတော့ သေချာပါတယ်။

 Read more

နိုင်ငံရေးသဘောတရားနဲ့ နိုင်ငံရေးလက်တွေ့တို့ရဲ့ သမူဟနဲ့ပဋိပက္ခ

အောင်​သာ(ပီသုံးလုံး)

မြန်​မာ့လူ့အဖွဲ့အစည်းများဟာ လစ်ဘရယ်​ဒီမိုက​ရေစီနိုင်​ငံကို နယ်​ချဲ့စနစ်​ကိုလိုနီစနစ်​များထံမှ ရရှိခဲ့တာပါ။ ၁၉၆ဝ ပြည့်နှစ်​မှာစခဲ့တဲ့ ‘အမျိုးဘာသာ၊ သာသနာကို​စောင့်​ရှောက်​ကြ’ဆိုတဲ့​ ကြွေး​ကြော်​သံဟာနိမ့်​ပေမဲ့ ကျယ်​ပြန့်​ တယ်​။ လူထုလက္ခဏာရှိတယ်​။ သမိုင်း​ခေတ်​အလိုက်​စုဖွဲ့မိခဲ့တဲ့ နိုင်​ငံ​ရေးအဖွဲ့အစည်းများဟာ (၁)ဝံသာနုအဖွဲ့ အစည်းများနဲ့ ဒိုင်​အာခီအုပ်​ချုပ်​​ရေးစနစ်​ဟာ ၁၉ဝ၆ မှ ၁၉၂၃ ခုနှစ်​အထိ ၁၇ နှစ်​ကြာပါတယ်။ လူဆိုတာကိုပဲအ​ခြေပြုခဲ့တာပါ။ အမျိုးဘာသာ၊သာသနာ ကို ပဲ​စောင့်​​ရှောက်​ကြဆိုတဲ့​ကြွေး​ကြော်​သံ​တွေဟာ နိမ့်​​ပေမဲ့ကျယ်​ပြန့်​ တယ်​။ ဒီ​ကြွေး​ကြော်​သံဟာ အမျိုးသားအစုအဖွဲ့ စုဖွဲ့နိုင်​ဖို့​ရှေးရှုတယ်​။ ‘ဒိုင်​အာခီ’အုပ်​ချုပ်​​ရေး ၁၉၂၃ ဟာ ဒီ​ကြွေး​ကြော်​သံကို အင်္ဂလိပ်​နယ်​ချဲ့အစိုးက တုံ့ပြန်​တာပါ။ ဒိုင်​အာခီအုပ်​ချုပ်​​ရေး ၁၉၂၃ ဟာ ဒီအုပ်​ချုပ်​​ရေးဥပ​ဒေကို တုံ့​ ပြန်​တာပါ။ Home rule မှာ ဒိုင်​အာခီအုပ်​ချုပ်​​ရေးစနစ်​ပြန်​ပွင့်လာတာပါ။ အမျိုးသား​ကြွေး​ကြော်​သံက Home rule သို့​ရှေးရှုထားတာပါ။ မြန်​မာမျိုးချစ်​များရဲ့ ပထမရုန်းကန်မှုက ဒိုင်​အာခီဆန့်​ကျင်​​ရေးပါ။ မြန်​မာ့မျိုးချစ်​များက ဒိုင်​အာခီ အုပ်​ချုပ်​​ရေးကိုဆန့်​ကျင်​ပြီး Home rule ​တောင်းတာပါ။ အင်္ဂလိပ်​က ‘တူ၊ သာ၊ သင်း ဂိုဏ်း’ ဦးဘတူ၊ ဆာဖိုး သာ၊ ဦးသင်းတို့လက်​ထဲ ဒိုင်​အာခီပေးလိုက်​တာပါ။ ဒီအစုဟာ မြန်​မာ့နိုင်​ငံ​ရေးမှာ ပထမဆုံးအင်္ဂလိပ်​နဲ့​ပေါင်း ပြီး အာဏာယူတဲ့ ပထမဆုံးအစုအဖြစ်​​ပေါ်ထွက်​လာတာပါပဲ။ အင်္ဂလိပ်​ဟာ ဗမာ့လွတ်​လပ်​​ရေးတိုက်​ပွဲရဲ့’ပထမဆုံးပွဲ’ မှာ UK က ‘တူ၊ သာ၊ သင်း’ ဂိုဏ်းကွဲဖြစ်​တဲ့ ဆာဖိုးသာဂိုဏ်းကို ၁၉၂၃ ဒိုင်​အာခီအုပ်​ချုပ်​​ရေး​ပေးလိုက်​ပါတယ်​။ ဒီဂိုဏ်းဟာ မြန်​မာ့ပထမလွတ်​လပ်​​ရေးကြိုးပမ်းမှုဖြစ်​စဉ်မှာ ထွက်​လာခဲ့တဲ့(ပထမဆုံး)နယ်​ချဲ့အလို​တော်​ရိ Compra dor ဂိုဏ်းပါ။ မြန်​မာ့ပထမလွတ်​လပ်ရေးကြိုးပမ်းမှုဖြစ်​စဉ်​မှာ အလို​တော်​ ၁ဝ ဂိုဏ်းထွက်​​ပေါ်လာပါတယ်​။

 Read more

၁၉၂၀ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး နှစ်တစ်ရာတိုင်ခဲ့ပြီ

အောင်သာ (ပီသုံးလုံး)

မြန်မာပဒေသရာဇ်ဘုရင်များလက်ထက် မြန်မာ့စီးပွားရေးစနစ်ဟာ ပဒေသရာဇ်စီးပွားရေးစနစ်သာဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားများလက်ထက် မြန်မာ့စီးပွားရေးစနစ်ဟာ အရင်းရှင်မြေရှင်စီးပွားရေးစနစ်သာဖြစ်ပါတယ်။ ပဒေသရာဇ် စီးပွားရေးစနစ်ဟာ စနစ်ဟောင်းဖြစ်ပြီး အရင်းရှင်စီးပွားရေးစနစ်ဟာ စနစ်သစ်စီးပွားရေးစနစ်ဖြစ်လာပါတယ်။

 Read more