“ သတင်းသမားအများစု ကြုံရတတ်တာက အသရေဖျက်မှုလိုမျိုးတွေနဲ့ ဆက်နွှယ်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။ အသရေဖျက်မှု ရာဇသတ်ကြီး ပုဒ်မ၅၀၀အပြင် ဆက်သွယ်ရေးနည်းပညာအသုံးပြု အသရေဖျက်ရာရောက်လို့ ဆက်သွယ်ရေးဥပဒေတို့၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတို့နဲ့ တရားစွဲခံရနိုင်ပါတယ်။ ”
ဘောလုံးပွဲမှာ နောက်ခံလူခံစစ်မှူးတွေ မကြာခဏကြုံရတတ်တဲ့ပြဿနာက ပြစ်ဒဏ်ဘောပါ။ ဒီကြားထဲ ကံဆိုးရင် အဝါကတ်၊ အနီကတ်တွေထိတော့တာပေါ့။ အလားတူပဲ တိုက်စစ်မှူးတွေ လည်း လောကြီးပြီး ဂိုးသွင်းချင်ပြီဆိုရင် မကြာခဏကြုံရတတ်တာက လူကျွံဘောပါ။