CPPCC ၊ ကိုဗစ်၁၉နှင့် အမေရိကန်- တရုတ်အားပြိုင်မှု

PhotoCredit: worldfinance.com

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်၁၉)ဟာ ကမ္ဘာ့ကပ်ဆိုးကြီးအဖြစ်တရုတ်နိုင်ငံကစဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဝူဟန်မြို့မှာစဖြစ်ခဲ့တဲကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မြန်ရောဂါကိုတရုတ်နိုင်ငံမှာ၂၀၁၉ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အတည်ပြုပြီး ကမ္ဘာကိုကြေညာခဲ့ပါတယ်။ ကိုဗစ်-၁၉ဟာ တရုတ်နိုင်ငံကနေကမ္ဘာ့နိုင်ငံတွေဆီပြန့်ပွား သွားခဲ့ပါတယ်။ ကိုဗစ်-၁၉ကူးစက်မြန်ရောဂါပိုး စတွေ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ဗိုင်းရပ်စ်ရောဂါကူး စက်ခံရသူ ရှစ်သိန်းကျော် ရှိခဲ့ပြီးသေဆုံးသူပေါင်းသုံးသောင်းကျော်ရှိခဲ့ပါတယ်။ တရုတ်ပြည်ထက်ပိုပြီး ကိုဗစ်-၁၉ရဲ့ ဆိုးရွား တဲ့ဒဏ်ကိုခံနေရတာက အနောက်ဥရောပနိုင်ငံကြီးတွေဖြစ်တဲ့ အီတလီ၊ စပိန် ၊ပြင်သစ်နိုင်ငံတို့ဖြစ်သလို အမေရိကန် နိုင်ငံမှာတော့အဆိုးရွားဆုံးဖြစ်နေပါတယ်။ အခုဆိုရင်တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ငါးသန်း နီးပါး ရှိနေပြီးသေဆုံးသူသုံးသိန်းကျော်ရှိသွားပါပြီ။ အမေရိကန်နိုင်ငံမှာ ကူးစက်သူ ၁သန်းခွဲကျော်ရှိသွားပြီး ၊သေဆုံးသူ ကိုးသောင်းကျော်ပါပြီ။ လူတွေရဲ့အသက်ပေါင်း များစွာဆုံးရှုံးနေတဲ့အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့စီးပွားရေးတွေပါပျက်စီးဆုံးရှုံးနေပါတယ်။ ဒီစီးပွားရေးပျက်စီးဆုံးရှုံးမှုအများဆုံးကတော့အမေရိကန်ဖြစ်ပါလိမ့်မယ်။ အမေရိကန်ပြည် ထောင်စုမှာလုပ်ငန်းတွေပိတ်ထားခဲ့ရတဲ့အတွက် တစ်နေ့ကိုဒေါ်လာ၁၉ဘီလီယံလောက်ထိ ဆုံးရှုံးနစ်နာပါတယ်။

ကမ္ဘာ့စီးပွားရေးပြိုင်နေတဲ့ တရုတ်နိုင်ငံကို အမေရိကန်ကကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)နဲ့ အဓိက တိုက်ခိုက်ပါတော့တယ်။ ကမ္ဘာ့ကုလသမဂ္ဂကျန်းမာရေးအဖွဲ့(WHO)က တရုတ်နိုင်ငံ ဘက်ကနေကာကွယ်ပေးတယ်ဆိုပြီးတော့လည်း တိုက်ခိုက်ပါသေးတယ်။ (WHO)အနေနဲ့ လက်ရှိတရုတ်နိုင်ငံဘက်ကရပ်တည်ကာကွယ်ပေးနေ ရင်အမေရိကန်ပြည်ထောင်စုက ထည့်ဝင်ထားတဲ့ (WHO)ရံပုံငွေတွေကိုရပ်ဆိုင်းပစ်မယ်ဆိုပြီးလည်း အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်ကခြိမ်းခြောက်နေပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ကိုဗစ်ရောဂါကိုင်တွယ်မှုကိစ္စမှာ တရုတ်ပြည်မှားယွင်းခဲ့တယ်လို့လည်းစွပ်စွဲနေပါသေးတယ်။

အခုလိုအမေရိကန်အစိုးရဲ့တိုက်ခိုက်စွပ်စွဲချက်တွေဖြစ်ပေါ်နေတဲ့အချိန်မှာတရုတ်နိုင်ငံက၁၃ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက်(NPC)တတိယအကြိမ်စုံညီအစည်းအဝေးကိုမေလ၂၂ရက်နေ့မှာဘေ့ဂျင်းမှာကျင်း ပမည်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယ အကြိမ် စုံညီအစည်းအဝေးကို မေလ ၂၂ ရက်နေ့ဘေ့ဂျင်းတွင် ကျင်းပမှာဖြစ်ကြောင်း NPCအမြဲတမ်းကော်မတီ က ချမှတ်တဲ့ ဆုံးဖြတ်ချက်အရသိရပါတယ်။ရောဂါထိန်းချုပ်မှုဟာစီးပွားရေးနဲ့လူမှုဘဝတွေပုံမှန်အတိုင်း တဖြည်း ဖြည်း ပြန်လည်လည်ပတ်နိုင်ကြောင်းသေချာမှုရှိနေတာကြောင့် အခုနှစ် NPC အစည်းအဝေးဖွင့်လှစ်မယ့်နေ့ ကိုNPCအမြဲတမ်းကော်မတီရဲ့နှစ်လတကြိမ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံရဲ့အရေးအပါဆုံးနိုင်ငံရေးစည်းဝေးပွဲနှစ်ခုလို့ခေါ် တဲ့CPPCC ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ တတိယ နှစ် ပတ်လည်အစည်းအဝေး ကိုမေလနှောင်းပိုင်းမှာ ကျင်းပမှာဖြစ်ပြီး  အဲဒီလိုကျင်းပတာကြောင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကို အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းလည်း ပြသရာရောက်နေပါလိမ့်မယ်။

ကူးစက်ရောဂါရဲ့သက်ရောက်မှုကြောင့် အခုနှစ်မှာကျင်းပမယ့်အစည်းအဝေးကြီး နှစ်ခုကို အချိန်လျှော့ချ ကျင်းပဖွယ်ရှိကြောင်းလည်းသိရပါတယ်။ အစည်းအဝေးများတက်ရောက်ဖို့ စီစဉ်ထားတဲ့NPCကိုယ်စားလှယ်တွေနဲ့CPPCC အဖွဲ့ဝင်တွေကပြောဆိုကြတယ်ဆိုတာလည်း သိရပါတယ်။CPPCC ၏ ၁၃ ကြိမ်မြောက် အမျိုးသား ကော် မတီ တတိယနှစ်ပတ်လည် အစည်းအဝေးကိုဘေ့ဂျင်းတွင်မေလ၂၁ရက်နေ့မှာကျင်းပဖို့အဆိုပြုထားခဲ့ပါတယ်။ အဆိုပြုချက်ကိုCPPCCရဲ့ နိုင်ငံလုံးဆိုင်ရာကော်မတီဥက္ကဌများကောင်စီကမကြာသေးမီက ကျင်းပခဲ့တဲ့အစည်းအ ဝေးမှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးနှစ်ခုရဲ့ အချိန်အခါဟာကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို နိုင်ငံအဝှမ်းတိုက်ဖျက်ရာ မှာအောင်မြင်မှုကိုပြသရန်ဖြစ်တယ်လို့ယူဆကြောင်းNPCကိုယ်စားလှယ်နှဲ့တရုတ် လူမှုသိပ္ပံအကယ်ဒမီမှ သုတေသီ Zhou Hong ပြောပါတယ်။အရင်မူလက ကူးစက်ရောဂါကြောင့် အရေးပါတဲ့ အစည်းအဝေးနှစ်ခုကို ရွှေ့ဆိုင်းရမယ့်အခြေအနေဖြစ်ပေါ်ခဲ့သေးတယ်လို့ဆိုပါတယ်။ NPC အမြဲတမ်းကော်မတီ ဟာစုံညီအစည်းအဝေးကို မတ်လ ၅ ရက်နေ့မှာကျင်းပဖို့၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် NPC အမြဲတမ်းကော်မတီက အစည်း အဝေး ကိုဆိုင်းငံ့ထားဖို့ဖေဖေါ်ဝါရီလ၂၄ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံရဲ့ကူးစက်ရောဂါတားဆီးကာကွယ် ထိန်းချုပ်ရေးအားထုတ်မှုတွေမှာတရုတ်နိုင်ငံရဲ့ဆိုရှယ်လစ်စနစ်ကအဓိကအခန်းကနေပါဝင်ခဲ့တဲ့အားသာချက် တွေကြောင့် အောင်မြင်မှု ရခဲ့ခြင်းဖြစ်တယ်လို့လည်း သူ မှတ်ချက်ချခဲ့ပါသေးတယ်။

တရုတ်နိုင်ငံကကူးစက်ရောဂါအခြေအနေကိုနောက်ဆုံးစောင့်ကြည့်ဖို့လိုနေသေးတာကြောင့် အစည်း အဝေးအပေါ်သက်ရောက်မှုရှိနိုင်သေးပါတယ်။ အဲဒီ့အစည်းအဝေးတွေကိုတက်ရောက်မယ့်သူတွေက စင်းလုံး ငှားလေယာဉ်နဲ့သွားရောက်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘေ့ဂျင်းကိုရောက်တဲ့အခါ ၁၄ ရက် အသွား အလာ အနေအထိုင်ကန့်သတ်ခံရမယ်မခံရမယ်စတာတွေအပါအဝင် ၎င်းတို့ရဲ့ ပြည်နယ်များမှ ဘေ့ဂျင်းဖို့ သွားရောက်မယ့်အစီအစဉ် အသေးစိတ်ကို မသိရ သေးကြောင်း ပြောကြပါတယ်။ကိုဗစ်-၁၉ ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော ဝူဟန်က ကိုယ်စားလှယ်ဖြစ်သူကတော့အသေးစိတ်များကို ပိုမိုသိလိုပြီး ဘေ့ဂျင်းသို့မသွားမီ လုပ် ဆောင်ရန်လိုသော ဆေးဖက်ဆိုင်ရာလုပ်ငန်းအဆင့်ဆင့် ကိုသိလိုကြောင်း ပြောပါတယ်။

NPCအမြဲတမ်းကော်မတီအစည်းအဝေးနှစ်ခုရဲ့ရက်စွဲကိုကြေညာပြီးတဲ့နောက်နာရီအနည်းငယ်ကြာတဲ့ အခါ ဘေ့ဂျင်းက ၁၃ ရက်ဆက်တိုက်ပြည်ပမှကူးစက်သူနဲ့ပည်တွင်းတွင်ကူးစက်သူ လူနာသစ်မတွေ့တာကြောင့်  ကိုဗစ်-၁၉ကူးစက်ရောဂါ အန္တရာယ်အဆင့်ကို ထိပ်ဆုံးအဆင့်ကနေအဆင့် ၂ ကိုစတင်လျှော့ချလိုက်ကြောင်း ကြေ ညာလိုက်ပါ တယ်။ဘေ့ဂျင်းကိုပြည်တွင်းကနေရောက်လာသူတွေကတော့အစိမ်းရောင် ကျန်းမာရေး အမှတ် အသားကို ပြသနိုင်ပါက ဟိုတယ်တွင် မတည်းခိုမီ ညူကလီရစ်အက်စစ် အစီရင်ခံစာကို ပြသဖို့မလို တော့ကြောင်း ဘေ့ဂျင်းမြူနီစပါယ်အုပ်ချုပ်ရေးမှအရာရှိများက ဗုဒ္ဒဟူးနေ့ကကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ တရုတ်နိုင်ငံ အခြားအန္တရာယ်နည်းတဲ့ဒေသတွေကလာသူတွေအတွက် ၁၄ရက်သီးခြားခွဲထား နေထိုင် ရန် လိုအပ်ချက်ကိုလည်းရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် အဲဒီကန့်သတ်ချက် ဟာဟူဘေးပြည်နယ်ကလာမယ့်သူတွေနဲ့အခြားအလယ်အလတ်မြင့်မားတဲ့အန္တရာယ်ရှိဒေသတွေကဘေ့ဂျင်း မြို့တော်ကိုနေလာသူတွေအတွက် ဆက် လက်ရှိနေသေးမယ်လို့လည်းဆိုပါတယ်။

အရေးပါတဲ့အစည်းအဝေး နှစ်ခုကျင်းပတဲ့ရက်စွဲကို ကြေညာလိုက်တာကိုကြည့်ရင် မြို့တော်ဘေ့ဂျင်း မှာကူးစက်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြသနေတာကြောင့် ဘေ့ဂျင်းဒေသခံတွေအတွက် ယုံကြည်မှုကိုမြင့်မားစေပါတယ်။ အဲဒီအစည်းအဝေးနှစ်ခုပြီးရင်တရုတ်ပြည်သူတွေရဲ့ဘဝတွေဟာပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိကြမှာဖြစ်လိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ အစည်းအဝေးနှစ်ခုပြီး လျှင်နှာခေါင်းစည်းများပင် ဝတ်ဆင်ရန်မလိုတော့ဟု အချို့သော အင်တာနက်အသုံးပြု သူများက ခန့်မှန်းနေကြပါတယ်။

ပြောမယ်ဆိုရင်မေလ၂၂ရက်ဘေကျင်းမြို့တော်မှာကျင်းပမယ့်CPPCC ၏ ၁၃ ကြိမ်မြောက် အမျိုးသား ကော်မတီ တတိယနှစ်ပတ်လည်အစည်းအဝေးကြီးကို ကမ္ဘာ့နိုင်ငံတွေကစောင့်ကြည့်နေကြ ပါတယ်။ ဒီCPPCC ရဲ့၁၃ကြိမ်မြောက်အမျိုးသားကော်မတီ တတိယနှစ်ပတ်လည်အစည်းအဝေးကြီးဟာ ကမ္ဘာ့ကပ်ကြီးဖြစ်တဲ့ကိုရိုနာ ဗိုင်းရပ်စ်(ကိုဗစ်၁၉)ကို ဘယ်နည်းနဲ့ထိမ်းချုပ်နိုင်ခဲ့လည်းဆိုတာနဲ့ အမေရိကန်အစိုးရရဲ့စွပ်စွဲ တိုက်ခိုက်မှုတွေကို ချေဖျက်နိုင်မယ်လို့ယူဆနိုင်ပါတယ်။

မြတ်လှိုင်း