
မြန်မာ့ လွတ်လပ်ရေးသက်တမ်းနဲ့ ပြည်တွင်းစစ်သက်တမ်းဟာ အတူတူပဲလို့ ဆိုရပါတော့မယ်။ ၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ပါ။ ဒီကနေ့ဆိုရင် လွတ်လွပ်ရေးကြီးရခဲ့တာ ၇၁နှစ် (၂၀၁၉-၁၉၄၈) ရှိပါပြီ။ ပြည်တွင်း စစ်က ၁၉၄၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှာစခဲ့ တော့ ပြည်တွင်းစစ်နဲ့ လွတ်လပ်ရေးက ၈၃ရက်ပဲကွာပါတယ်။ ““လွတ်လပ်ရေးဆို တာ ဘာမှန်းမသိခင်မှာ မြန်မာအမျိုးသား လူထုကြီးဟာ ပြည်တွင်းစစ်ဆိုတာကို တွေ့ ကြုံခဲ့ကြရတာဖြစ်ပါတယ်။ ပြည်တွင်းစစ် ကြီး လောင်မြိုက်နေခဲ့တာ နှစ် ၇၀ကျော်ပါ ပြီ။ ဒီကနေ့ဆိုရင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအကြောင်းကို ဘယ် သူကမှ ဘာမှမပြောကြတော့ပါဘူး။ စစ်ပွဲ ကလည်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အတွင်းလောက်မှာပဲ မပြောမဖြစ်တဲ့ ကိစ်္စ ဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ် သက်တဲ့ မပြောမဖြစ်တဲ့ အကြောင်းကိစ်္စများ ရှိမှသာ အစိုးရဘက်၊ သူပုန်ဘက်က တစ်ခု ခု ထွက်ပြောကြတာမျိုးလောက်ပဲ ရှိပါတော့ တယ်။ ထူးခြားချက်က ““သူပုန်ဘက်က ဗကပနဲ့ ဗကပရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ် ရှားမှုတွေ ထူးထူးခြားခြား လှုပ်ရှားနေတာ မျိုး မရှိသလောက်ပါပဲ။ ကချင်နဲ့ ရှမ်းပြည် နယ်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာတောင် ဗကပနဲ့ လူမျိုးစု A.S. လက်နက်ကိုင်တော် လှန်ရေးတွေရှိ,မရှိ အပြတ်ပြောဖို့ခက်ပါ တယ်။ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တစ်ခါတစ်ရံ ဗကပနဲ့ ရှမ်းလူမျိုးနွယ်စုတွေရဲ့ A.S. တွေ၊ လှုပ်ရှားမှုတွေ အခါအားလျော် စွာပေါ်တတ်လေ့ရှိပါတယ်။ ဗကပတွေ ကိုယ်စားပြုတဲ့ PDR/AS ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး A.S. ရှိ,မရှိဆိုတာ ဘယ်သူ ကမှ ကံသေကံမ မပြောနိုင်ပါ။ ပွဲပြီးမီးသေ မဟုတ်တာကတော့ သေချာပါတယ်။
Read more